Channel Myanmar

New releases (2025)

Content at random


Movies

SEE ALL
Schumacher (2021) 7.4
Schumacher (2021) Schumacher (2021) ============== IMDb Rating - 7.4/10" Michael Schumacher " ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver's Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။Ferrari နဲ့အတူတူ ...
movie

Schumacher (2021)

2021
The Marsh King’s Daughter (2023)
The Marsh King’s Daughter (2023)  နာမည်ကြီး ပြန်ပေးသမား လူသတ်သမားရဲ့ သမီးဖြစ်သူအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ အဓိကမင်းသမီးအဖြစ် စတားဝေါရ်မင်းသမီး ဒေစီရစ်ဒလီက ပါဝင်ထားပါတယ်။ Divergent, Illusionist တို့လို နာမည်ကျော်ကားတွေရဲ့ ဒါရိုက်တာ Neil Burger ကပဲ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းဟယ်လင်နာဟာ အဖေဖြစ်သူ မုဆိုး ဂျေကော့ နဲ့အတူ ကလေးဘဝထဲက မုဆိုးပညာတွေ သင်ပြီးတောထဲမှာပဲ မိသားစုသုံးယောက် နေလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အမေက သူ့ကိုခေါ်ပြီးထွက်ပြေးလာတော့မှ သူ့အဖေဟာ သူ့အမေကို အတင်းဖမ်းဆီးပေါင်းသင်းထားတာသိလိုက်ရပါတော့တယ်။ သူတို့သားအမိနောက်ကိုလိုက်လာရင်း ဂျေကော့ အဖမ်းခံလိုက်ရပြီး ထောင်နန်းစံသွားတဲ့အခါ ဟယ်လင်နာလည်း ဘဝသစ်စခဲ့ပြီး သမီးတစ်ယောက် ယောကျ်ားတစ်ယောက်နဲ့တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့အဖေ ထောင်ထဲကနေထွက်ပြေးလွတ်မြောက်သွားကြောင်း ကြားလိုက်ရတဲ့အခါ အတိတ်က အရိပ်တွေကို ရင်ဆိုင်ပြီးဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။ File size…(1.7 GB)/(973 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Thriller, Drama Subtitle….Myanmar ...
movie

The Marsh King’s Daughter (2023)

Grow Up, Tony Phillips (2013) 6.5
Grow Up, Tony Phillips (2013) Grow Up, Tony Phillips (2013) ====================== IMDb Rating - 6.5/10Grow Up Tony Phillips ဆိုတဲ့ Comedy, Drama ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ဟောလို ဝင်းကို သဘောကျတဲ့ တိုနီက ၁၈ နှစ်သားအရွယ်ရောက်တာတောင် ဟောလိုဝင်း ဝတ်စုံဝတ် Trick or Treat ဆော့ပြီး ချိုချဉ်လိုက်တောင်း ချင်နေတုန်းပေါ့။ အရပ်စကားနဲ့ဆို နည်းနည်း ကလေးစိတ်မကုန်သေးတာ ပေါ့ဗျာ။ ကျွန်တော်တို့တောင် နည်းနည်းအသက်လေးရလာရင် သီတင်း ကျွတ်လို ရာသီမှာတောင် ရပ်ကွက်ထဲအိမ်စေ့ပတ်ပြီး လိုက်ကန်တော့ဖို့ ရှက်စပြုလာပြီမလား။တိုနီကတော့ သူမြတ်နိုးရတဲ့ ပျော်ပွဲရွှင်ပွဲလေးကို အရွယ်ရောက်လာပေမဲ့ ဆက်ဆင်နွှဲဖို့ကြိူးစားနေတုန်းပါ။ ဒီတော့ အပေါင်းအသင်းတွေက ငကြောင် ကောင် ဘာညာနဲ့လှောင်တာခံရတာပေါ့။ တိုနီတစ်ယောက် သူမြတ်နိုးရတဲ့ ဟောလိုဝင်းကို စွန့်လွှတ်ပြီး တခြားသူတွေလို ကလပ်တက်ပါတီတက်ပဲ လုပ်မှာလား၊ ဆက်လက်ဆုပ်ကိုင်ထားပြီး သူ့ရဲ့ယုံကြည်မှုနဲ့ပဲ တခြားသူတွေရဲ့ အမြင်ကို ပြောင်းလဲပစ်လိုက်မလားဆိုတာရယ် တိုနီရဲ့ ဘဝလေးရယ်ကို ဆက် လက်ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(2.13 GB) ...
movie

Grow Up, Tony Phillips (2013)

2013
All I Want for Christmas: The Magic Time Machine (2022) 5.7
All I Want for Christmas: The Magic Time Machine (2022) All I Want for Christmas: The Magic Time Machine (2022) ========================================လူစီယာက ခရစ္စမတ်ကျောင်းတော်မှာ စာသင်နေတဲ့ကျောင်းသူလေးပါ။ တစ်နေ့မှာ သူတို့ကျောင်းအုပ်ကြီးက သူ ဆန်တာကလော့စ်ဖြစ်ခဲ့တဲ့ အချိန် တုန်းက စိတ်ဒဏ်ရာကို သတိရသွားပြီး ခရစ္စမတ်ကို ဖျက်သိမ်းလိုက်ဖို့ အမိန့်ချလိုက်ပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်လိုမျိုး ကျောင်းအုပ်ကြီး စကားကပဲ အတည်ဖြစ်နေတဲ့အချိန်မှာ လူစီယာက ခရစ္စမတ်ဖြစ်မြောက် ရေးအတွက် ကြိုးစားပါတော့တယ်။ကလေးတွေကိုဆို အရာမသွင်းချင်တဲ့ လူကြီးတွေ ဆပ်ကပ်အဖွဲ့တွေ အချိန် ခရီးသွားစက်တွေနဲ့ လူစီယာတစ်ယောက် ခရစ္စမတ်ကို ဘယ်လိုကယ်တင် မလဲ။ ကျောင်းအုပ်ကြီးရဲ့ စိတ်ဒဏ်ရာကရော ဘာများလဲဆိုတာ ဒီဇင်ဘာလမှာ ခရစ္စမတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.3 GB) / (518 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......EL Encoder..........SWM
movie

All I Want for Christmas: The Magic Time Machine (2022)

2022
Di Bawah Umur (2020) 5.5
Di Bawah Umur (2020) Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Di Bawah Umur (2020)

2020
Genie (2023) 5.9
Genie (2023) Genie (2023) ========== IMDb Rating - 6.0/10Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာ ရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင် ရိုက်ကူးထားတာပါ။လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ် ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီး ပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင် ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 GB) / (710 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Thy Santa Encoder..........Zin Phyo Aung
movie

Genie (2023)

2023
B&B Merry (2022) 6.2
B&B Merry (2022)  ခရစ္စမတ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ B&B Merry ဆိုတဲ့ Comedy/Romance ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်အိမ်လေးကတော့ ထရေစီဝိုက်စ် ဆိုတဲ့ နာမည်ကြီးခရီးသွားဘလော့ဂ်ဂါလေးနဲ့ B&B ဆိုတဲ့မိသားစုတည်းခိုခန်းလေးကို မနည်းကျားကန်နေရတဲ့ ဂရေဟမ် ဆိုတဲ့ ဓာတ်ပုံဝါသနာရှင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော်မိဘတွေရဲ့အမွေအနှစ်ဖြစ်တဲ့ မိသားစုတည်းခိုခန်းလေးကို ခရစ္စမတ်မှာ ပရိုမိုးရှင်းလုပ်ဖို့ ထရေစီ ကိုဖိတ်ခေါ်ခဲ့ပြီးတော့ ထရေစီ ရဲ့ နောက်ထပ် ရီဗျူးလုပ်စရာဟော်တယ်နဲ့ကလည်း B&B နဲ့ပြိင်ဖက်တွေဆိုတော့ ဘယ်လိုအရှုပ်တွေဖြစ်ပြီး ခရစ္စမတ်မှာ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို ဖန်တီးကြမလဲဆိုတာကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

B&B Merry (2022)

Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Me and Mr. Christmas (2023) 5.9
Me and Mr. Christmas (2023) Me and Mr. Christmas (2023) ===================== IMDb rating - 5.9/10ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ် သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romance ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်း - Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင် အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင် ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင် ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်း ချင်တာက သူ့ရဲ့ဆန္ဒပါ။အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ် ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ် စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအ ချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့ သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လို တွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.2 GB) / (839 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......June Encoder..........SWM
movie

Me and Mr. Christmas (2023)

2023
Divorce Bait (2022) 4.4
Divorce Bait (2022) Divorce Bait (2022) ==============ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို trust issues ‌ခေါ် လူတွေကိုမယုံကြည်တဲ့ ကိစ္စတွေက ဖြစ်တတ်ပါတယ် အဲ့ထဲမှာ အလက်စစ်ဆိုတဲ့ သာယာတဲ့အိမ် ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်း အပါအဝင် ပေါ့လေ။အလက်စစ်က ယောင်္ကျားဖြစ်သူအပေါ် ယုံကြည်မရှိ သင်္ကာမကင်းဖြစ်နေတဲ့ အတွက် ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဖေ့စ်ဘုတ်ပို့စ်အတုတင်လိုက်ရာကနေ ဇာတ်အိမ်စတည်ထားပါတယ်။ အကြောင်းအရင်းကတော့ သူ့ယောင်္ကျားဖြစ်သူ ကို ဘယ်မိန်းမက လာရှုပ်မလဲသိချင်တဲ့အတွက်ကြောင့်ပါပဲ။ ‌ဒါကြောင့် သူ့ယော င်္ကျားဖြစ်သူ တစ်ယောက် ဘယ်လိုတွေကျော်ဖြတ်မလဲ ဘယ်မိန်းမတွေက လာ ရှုပ်မလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.98 GB) / (770 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Khant Sett Naing Encoder..........SWM
movie

Divorce Bait (2022)

2022
Concerned Citizen (2023) 6.0
Concerned Citizen (2023) Concerned Citizens (2023) ===================အစ္စရေးစကားပြော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေဆိုတာ LGBT လိင်တူစုံတွဲကို ပိတ်ပင် တားမြစ်ထားတာလူအများသိပါပဲ။ ဒါပေမယ့် အစ္စရေးနိုင်ရဲ့ ဆီနိုင်ရပ်ကွက် ထဲကိုပြောင်းလာတဲ့ Gay Couple ဟာ ဘဝတစ်ခုကိုစတင်ဖို့ ကြိုးစားပါ တယ်။ နောက်ပိုင်းမှာ အငှားကိုယ်ဝန်နဲ့ ကလေးယူဖို့ စီစဉ်လာကြတယ်။တစ်နေ့မှာ ဘန်က သူစိုက်ထားတဲ့ သစ်ပင်ကို လူမည်းလူငယ် ၂ ယောက် ဖျက်စီးနေတာကို တွေ့ပြီး ရဲတိုင်လိုက်ရာကနေ police brutality ဆိုတဲ့ ရဲအင်အားအကြမ်းဖက်မှုဖြစ်ပြီး တရားခံသေဆုံးသွားပါတယ်။ ဒီအတွက် ဘန်ဟာ အပြစ်ရှိစိတ်တွေဝင်ပြီး ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေကြုံလာ ရပါတယ်။ အားလုံးက ဝိုင်းကျဉ်နေကြတဲ့ ဒီပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက် ဘယ်လိုမျိုး survive လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမယ့် ကားကောင်း လေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.0 GB) / (375 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thiha Yan Naing Encoder..........SWM
movie

Concerned Citizen (2023)

2023
Working Boys 2: Choose Your Papa (2023)
Working Boys 2: Choose Your Papa (2023) Working Boys 2 : Meet Your Papa (2023)အလုပ်တက်နေရတဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဖွင့်ရက်မှာ ပင်ပန်းသမျှဖြေဖျောက်နိုင်မယ့် အခွီတစ်လိုင်းကားလေးဖြစ်တဲ့ Working Boys 2ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဖိလစ်ပိုင်ဆိုပေမဲ့ ဒရာမာတွေလျှော့ထားပြီး ဟာသဘက်ကိုပိုထားတာဆိုတော့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလည်း အဆင်ပြေပါကြောင်း။ပျင်းတာမှ ပျင်းပါတယ်ဆိုတဲ့သူကပါ အဘခေါ်ရလောက်အောင် သွားတိုက်ဖို့တောင်ပျင်းနေလို့ အမြဲခံတွင်းအနံ့ဆိုးနေတဲ့ ဘုရားစူးညစ်ပတ်အိုးလေး ဒရာမာကင်းဘီဘွိုင်း ရင်သားကြီးနေတဲ့အစ်ကိုကို ဆေးကုပေးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ရရာအလုပ်ကို အရလုပ်မယ့် အလုပ်သရဲလေး မက်ကွိုင်း အစ်ကိုအိမ်မှာ အလုပ်မလုပ် ခိုကပ်စားသောက်ရေသာခိုအချောင်လိုက်နေလို့ မရီးဖြစ်သူရဲ့အမြဲဆဲဆိုခံနေရတဲ့ အချောင်နေအချောင်စား ရွိုင် အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားကို ပြန်လုပ်ကျွေးချင်လို့ အလုပ်ရှာချင်တဲ့ မြေးလိမ္မာလေး မက်စ် ချမ်းသာပေမဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာမားဘွိုင်းလေးဖြစ်တဲ့ ဘီဂျေ ဒီလူလေးယောက် အလုပ်ရှာရင်းနဲ့ ဆန္ဒပြပွဲမှာ ရုန့်ရင်းဆန်ခတ်မှုထဲပါသွားပြီး အချုပ်ခန်းထဲမှာ ဖူးစာဆုံကြတဲ့အခါ... စခန်းကအရာရှိကြီးကို ဟင်းလာပို့တဲ့ သူတို့အားလုံးနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဦးလေးပါပီတို့လင်မယားနဲ့ တွေ့ရပြီးတော့ ဦးလေးကောင်းမှုနဲ့ အချုပ်ကလွတ်ပြီး သဘောကောင်းတဲ့ဦးလေးအိမ်မှာ ဦးလေးရဲ့မွေးစားသားဖြစ်တဲ့ အားလုံးက ဇွတ်ကျားလေး လို့ထင်နေတဲ့ နီကီနဲ့အတူနေရဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ထူးဆန်းတဲ့အကျင့်စရိုက်ကိုယ်စီနဲ့ ...
movie

Working Boys 2: Choose Your Papa (2023)

2023
Jigarthanda DoubleX (2023) 8.4
Jigarthanda DoubleX (2023) Jigarthanda DoubleX (2023) IMDb-8.4/10တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size....2.57GB / 1.74GB Quality…1080p WEB DL /720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Jigarthanda DoubleX (2023)

2023
100 Days of Sunshine (2018)
100 Days of Sunshine (2018) အန်ဒွန်း က နာမည်ကြီး ဘလော့ဂါ တစ်ယောက် ဖြစ်ပြီးတော့ သူ့မင်္ဂလာဆောင်ကို အကောင်းဆုံး ဖြစ်‌‌အောင် စီစဉ်ပြီးတော့ သူ့အမေနဲ့ ဖန်တွေကို ပျော်စေချင်တာပါ။နက်မင်ကတော့ အလုပ်မရှိ အကိုင်မရှိ ဂိမ်းကစားနေတဲ့လူ ဖြစ်ပြီးတော့ သူ့ညီလေးဆီမှာ ခိုကပ်စားသောက်နေရတာပါ။တစ်နေ့တော့ အန်ဒွန်းဆီမှာ ဦးနှောက်ကင်ဆာ ဖြစ်ပြီး နက်မင်ဆီမှာတော့ ကျောရိုးကင်ဆာ ဖြစ်လာခဲ့ပါတယ်။ တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာကတော့ သူတို့နှစ်ဗဘာက်ကို တစ်ဆေးရုံတည်းမှာ ဆုံဆည်းစေခဲ့ပါတယ်။ဒီရောဂါကြောင့် စေ့စပ်ပွဲ ပျက်သွားတဲ့ အန်ဒွန်း က သူ့ညီလေးကို ဆိုင်ဖွင့်ပေးချင်တဲ့ နက်မင် ကို ဟန်ဆောင်လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာတော့ ရောဂါသည် နှစ်ယောက်ရဲ့ ရက် ၁၀၀ မကျော်တဲ့ နောက်ဆုံးချိန်မှာ ဘယ်လိုအခိုက်အတန့်လေးတွေ ဖြစ်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.6GB | 619MB Format… mp4 Duration…. 1h 39min Subtitle…. ...
movie

100 Days of Sunshine (2018)

Alison’s Choice (2015) 4.9
Alison’s Choice (2015) Alison's Choice (2015) ================18 နှစ်ကောင်မလေး အယ်လီဆင်က သူ့ချစ်သူနဲ့ ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကိုရောက်လာခဲ့တယ်။ ပထမဆုံး အကြိမ်မို့ စိုးရိမ်နေချိန် ယောက်ျားကြီးတစ်ယောက် သူ့ရှေ့ရုတ် တရက် ပေါ်လာတယ်။ ဝတ်စုံနဲ့ ကြမ်းသုတ်ဝတ်ကြောင့် သန့်ရှင်း ရေးသမားလို့ထင်ထားတဲ့ အယ်လီဆင်က အဲဒီလူကြီးကို သူများ တွေမမြင်ရမှန်းသိမှ လန့်သွားရတယ်။နောက်တော့ အယ်လီဆင်နဲ့ အဲဒီလူကြီး စကားတွေပြောကြရင်း အဲဒီလူက တံခါးစောင့်မဟုတ်ဘဲ ဘုရားသခင်ဆိုတာ သိလိုက်ရ ပါ​​တော့တယ်။ ဒီလိုနဲ့ အယ်လီဆင် စိတ်တွေဇဝေဇဝါဖြစ်ပြီး ဘာ ကိုရွေးချယ်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင် စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Alison’s Choice (2015)

2015
[18+] The Last Resort (2023) 5.3
[18+] The Last Resort (2023) The Last Resort (2023)ပရိသတ်အခိုင်အမာရှိပြီးသား Vivamax တို့ AQ Prime တို့လို Streaming လောကထဲကိုတိုးဝင်လာတဲ့ Platform အသစ် Goblin Films ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ ကားနာမည်က The Last Resort ပါ။ဇာတ်ကားထဲမှာတော့ အလုပ်ကိုဦးစားပေးလွန်းပြီး ခင်ပွန်းကို၊ အိမ်ထောင်ရေးကိုအချိန်မပေးနိုင်တဲ့အိမ်ရှင်မ၊ အဲဒါကို အကြောင်းပြပြီး ခင်ပွန်းဖြစ်သူဖောက်ပြန်တဲ့အထိဖြစ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက် သူတို့အိမ်ထောင်ရေးကိုပြန်အဖတ်ဆည်ဖို့ ကုထုံးပညာရှင်နဲ့တိုင်ပင်၊ အချစ်တွေကိုပြန်နွှေးဖို့ အပန်းဖြေခရီးထွက်ကြပါတယ်။သူတို့သွားတဲ့ Resort နာမည်က The Last Resort လို့ခေါ်ပါတယ်။ သူတို့မတိုင်ခင် အပန်းဖြေသွားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့မှာလည်း ကောင်မလေးတစ်ယောက်အမူးလွန်အိပ်ပျော်နေချိန် ညဘက်မှာ ကာမဘီလူးစီးခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ဖူးပါတယ်။ အချစ်တွေကိုပြန်ဖာထေးဖို့ခရီးထွက်လာတဲ့ သူတို့ဇနီးမောင်နှံရော ဘာတွေကြုံကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။Vivamax လို Mainstream လိုင်းထက် Indie ဘက်ကိုနွယ်ပုံရပြီး သရုပ်ဆောင်တွေကလည်း Indie ကားဘက်ကလူတွေပါ။ Vivamax ထက်အပြတွေ ပိုမိုကြမ်းတမ်းပါတယ်။ ခုတော့ ...
movie

[18+] The Last Resort (2023)

2023
Green Night (2023) 5.9
Green Night (2023) Green Night (2023)ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ Fan Bing Bing နဲ့ Lee Joo Young တို့အဓိက cast အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ကိုရီးယားလေဆိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ တရုတ်အမျိုးသမီး ကျင်းရှားဟာ လေဆိပ်မှာ မူမမှန်တဲ့ မိန်းကလေးတစ်ယောက်ကို သံသယဝင်တာကနေ နောက်ဆက်တွဲတွေအများကြီးကြုံတွေ့လိုက်ရပါတော့တယ်ပိုက်ဆံအရမ်းလိုနေတဲ့ ကျင်းရှားဟာ အဲဒီမိန်းကလေးနဲ့ ပတ်သက်မိပြီး ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိတဲ့အခါမှာ အမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်သိမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်...ထူးခြားတာလေးတစ်ခုကတော့ အမျိုးသမီးနှစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ သာမန်ပတ်သက်မှုမျိုးထက် အဆင့်ကျော်တဲ့ ဇာတ်ကွက်တွေကို ပြသွားတဲ့အတွက် ရင်တလှပ်လှပ်နဲ့ ရှုစားရမှာဖြစ်ပါတယ်.. အများကြီးမပြောတော့ဘူး Fan Bing Bing တို့ ကိုရီးယားမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဆိုတော့ အမိုက်စားဖြစ်မှာ အသေအချာပါပဲ ကြည့်လိုက်ကြပါဦးနော်အညွှန်း န့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 586MB Format… mp4 Duration…. 1h ...
movie

Green Night (2023)

2023
Cyberbunker: The Criminal Underworld (2023) 6.5
Cyberbunker: The Criminal Underworld (2023) ဒီ Documentaryဟာ အင်တာနက်​ခေတ်ဦးကာလက​​နေ စလို့ဒီဘက်​​​ခေတ်အထိ နည်းပညာရပ်ဝန်းမှာ အ​တော်လူသိများတဲ့Cyberbunkerလို့​ ခေါ်တဲ့ Server hostတစ်ခုအ​ကြောင်းပါ။သူတို့ရဲ့serverကို သုံးစွဲသူ​တွေ အ​တော်​လေးများခဲ့သလို အဲဒီဆာဗာ​တွေကို သုံးစွဲတဲ့ရည်ရွယ်ချက်​တွေကလည်း မျိုးစုံပါပဲ။ ဒီHosting serviceကို တည်​ထောင်ခဲ့သူက နယ်သာလန်သားဟာမန်းဇန့်တ် ဖြစ်ပြီး သူတို့ရဲ့ ရုံးချုပ်ကြီးကို ဂျာမဏီနိုင်ငံမှာရှိတဲ့ ထရာဘန်ထရာဘာ့ခ်မြို့​လေးက World War2လက်ကျန်ဘန်ကာ​ကြီးတစ်ခုထဲမှာ ဖွင့်ထားတာဖြစ်လို့ Cyber- Bunkerရယ်လို့ခေါ်တာပါ။ သူတို့ရဲ့ဆာဗာ​တွေကို လွတ်လွတ်လပ်လပ်သုံးခွင့်​​ပေးထားတယ်ဆို​ပေမယ့် လွပ်လပ်မှုရဲ့​ နောက်ကွယ်မှာကပ်ပါလာတဲ့ ဒုစရိုက်မှု​ မှောင်ခိုလုပ်​ငန်းတွေ ရှိ​နေတာကို ရိပ်စားမိတဲ့ အာဏာပိုင်​တွေကအဲဒီဆာဗာ​တွေနဲ့ ဒေတာ​တွေကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားရင်းCyberbunkerရဲ့​နောက်ကွယ်က လျှို့ဝှက်ချက်​တွေကို ​ဖော်ထုတ်မိသွားပါ​​တော့တယ်။ File size…  1.4 GB /  629 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Cyberbunker: The Criminal Underworld (2023)

2023
Fight Club (1999) 8.8
Fight Club (1999) ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ်  တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie

Fight Club (1999)

1999
4K HEVC
The Archies (2023)
The Archies (2023) The Archies (2023) "အိပ်မက်မြို့လေးက လူငယ်ဘဝ"Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော teen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့ သမီး‌ချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီး အသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့ မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။"အာချီ" ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ "The Archies" ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့ စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖော်ပြထားတာပါရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ် မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park ...
movie

The Archies (2023)

2023
No content available

Genres

Archives