Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Melodrama
Made in China (2014)
Made in China (2014) ********************၂၀၁၄ ခုနှစ်က ထွက်ထားခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့ Park Ki Woong ကိုတရုတ်လူမျိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်...Action, Romance, Melodrama လေးဖြစ်လို့ ဖိုက်တင်ပလေးတာတွေလည်း ကြည့်ရမှာပါ...ဇာတ်လမ်းအကျဉ်း -------------'ချန်း' ဟာ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ ငါးရှဉ့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ပါတယ်...တစ်ရက်မှာတော့ ကိုရီးယားနိုင်ငံဆီ တင်ပို့လိုက်တဲ့ သူ့မွေးမြူရေးခြံကငါးရှဉ့်တွေမှာ ပြဒါးဓာတ်ပါဝင်မှုကြောင့်ဈေးကွက်တင်ရောင်းချဖို့ အရည်အသွေးမမီဘူးဆိုပြီးတော့ ပယ်ချခံလိုက်ရပါတယ်...ဒါပေမဲ့ ပယ်ချခံရတဲ့ ငါးရှဉ့်တွေလည်း သူ့ဆီပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ပါတယ်...ဒါကြောင့် ချန်းတစ်ယောက် သူ့ရဲ့ ငါးရှဉ့်တွေဟာ အရည်အသွေးမီကြောင်းပြမယ် ပြန်စစ်ဆေးပေးဖို့တောင်းဆိုမယ်ဆိုပြီးကိုရီးယားနိုင်ငံထဲကို ငါးရှဉ့် ၃ ကောင်ထည့်ထားတဲ့ သေတ္တာလေးတစ်လုံးနဲ့ ခိုးဝင်လာခဲ့ပါတယ်...ကိုရီးယားစကားလည်း တစ်လုံးမှနားမလည် တရားမဝင် ဝင်ရောက်လာသူလည်းဖြစ်တဲ့ 'ချန်း' တစ်ယောက်...ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ။ သူလုပ်ချင်တဲ့အရာတွေကိုရော အောင်အောင်မြင်မြင်နဲ့လုပ်နိုင်ပါ့မလား...ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပါရှင်...File Size : 1.27GB / 574MB Quality : WEB-DL 1080p / ...
movie
Made in China (2014)
6.3
Herb (2007)
Herb (2007) *************2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awards အပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါ ရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok , ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလို စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကို ခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲက မင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက် သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း ...
movie
Herb (2007)
7.0
My Son (2007)
My Son (2007)*******************ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီး Cha Seung Wonရဲ့ best actorဆုရခဲ့တဲ့movieတွေထဲကတစ်ကားဖြစ်တဲ့ ရယ်လည်းရယ်ရ ငိုလည်းငိုရတဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ် ..အီဂန်ရှစ်(Cha Seung Won)ဟာ လူသတ်မှုနဲ့ လုယက်မှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရတဲ့ အကျဉ်းသားဖြစ်ပါတယ် .. ထောင်မကျခင်တုန်းက သူ့မှာ အမေနဲ့၃နှစ်အရွယ်သားလေးတစ်ယောက်ကျန်ခဲ့ပါတယ် ..တစ်နေ့မှာတော့ ထောင်ကျတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ အီဂန်ရှစ်ဟာ စံပြအကျဉ်းသားတစ်ဦးဖြစ်တာကြောင့်မိသားစုဆီကို အလည်သွားဖို့ အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ရက် ရပါတော့တယ် ..ဒါကြောင့် သူအိမ်ပြန်လာတဲ့အခါ ၁၅ နှစ်လုံးလုံး တစ်ခါမှမတွေ့ခဲ့ရတဲ့ သားဖြစ်သူနဲ့ အမေက ဘယ်လိုတုံ့ပြန်မလဲသူကရော အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ ရက်ကို မိသားစုနဲ့ ဘယ်လိုဖြတ်သန်းခဲ့မလဲ ..မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမို့လို့ ရှုစားကြည့်လိုက်ပါဦးနော် .. (အညွှန်းကို Toe Toe Aung မှ ရေးသားထားပါတယ်) File size…2.47GB / 783MB Quality… WEB-DL ...
movie
My Son (2007)
6.3
Daddy Long Legs (2005)
Daddy Long Legs (2005)************************ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကို ဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော် ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့ Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီး နွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ------------------ Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်း ပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိ သူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။ Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့...ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် ...
movie
Daddy Long Legs (2005)
7.4
Canola (2016)
Canola (2016)***************IMDb... 7.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မြေးအဘွားသံယောဇဥ်ကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီးကြီး Youn Yuh-jung နဲ့ Kim Go-eun တို့ အဓိကပါဝင်ထားတဲ့ ကားမို့ ကြည့်ကို ကြည့်ရမဲ့ဇာတ်လမ်းလေးဆိုတာတော့ အသေအချာပါပဲ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ဂျယ်ဂျူကျွန်းမှာ ရေငုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘွားဂယ်ချွန်းဟာ မိဘတွေမရှိတော့တဲ့ သူ့မြေးမလေးဟယ်ဂျီကို တုန်နေအောင်ချစ်ရှာပါတယ်။ တစ်ကောင်ကြွက်ကလေးမို့ မရှိရှိတာ အကုန်ဖြည့်ဆည်းပေးရင်း တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ ဟယ်ဂျီတစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ သိပ်ချစ်ရတဲ့ မြေးမလေးဟယ်ဂျီပြန်အလာကို နှစ်ပေါင်း၂၀ကျော်ကြာအောင် အထီးကျန်စွာ စောင့်ဆိုင်းရင်း ဟယ်ဂျီပြန်ရောက်လာတဲ့အချိန်မှာတော့ အဘွားဂယ်ချွန်းရဲ့ဘဝဟာ အရင်လိုပြန်လည်စိုပြေလာခဲ့တာပေါ့။ ဒါပေမဲ့ ဟယ်ဂျီအဖြစ်ရောက်လာတဲ့ ကလေးမဟာ အဘွားဂယ်ချွန်းမျှော်နေခဲ့တဲ့ မြေးမလေး မဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဘွားရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ဒါဆို ဟယ်ဂျီအဖြစ်ဟန်ဆောင်ပြီးရောက်လာတဲ့ ကလေးမက ဘယ်သူဖြစ်မလဲ.. ဘာလို့ဟန်ဆောင်ပြီးရောက်လာရတာလဲ... မြေးအတုနဲ့ အဘွားဂယ်ချွန်းကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ရင်သပ်လှိုက်မောဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ရိုက်ကူးပုံရှုခင်းတွေကအစ အင်မတန်လှတာမို့ ကြည့်မိလို့ နောင်တမရမယ့်ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးချင်ပါတယ်နော်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size… 2.00GB/ 830MB Quality…WEB-DL 1080p ...
movie
Canola (2016)
7.5
Secret Sunshine (2007)
Secret Sunshine (2007)*************************နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, ...
movie
Secret Sunshine (2007)
6.1
The Romance (2006)
The Romance (2006)**********************ဝမ်းနည်းဖို့ကောင်းပြီး တစ်ရှုးဆောင်ရတဲ့ အချစ်ကားတွေမှ ကြည့်ချင်တယ်ဆိုတဲ့CM ပရိသတ်ကြီးတွေအတွက် Jo Jae Hyum နဲ့ Kim Jee Soo တို့ သရုပ်ဆောင်ကြီးတွေပါဝင်ထားတဲ့ The Romance ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း-ယွန်းဟီးကတော့ ခင်ပွန်းသည်ရဲ့ သူ့အပေါ်ကို အလွန်အမင်း စွဲလမ်းမှုတွေ ရူးသွပ်တဲ့မှားယွင်းတဲ့ ချစ်ပုံချစ်နည်းတွေကြောင့် အမြဲတမ်း အသက်ရှူကျပ်နေရသူပေါ့။အဲဒါအပြင် ခင်ပွန်းသည် ဖြစ်တဲ့ လွှတ်တော်အမတ်က သူ့အပေါ်မှာအမြဲတမ်း နိုင်ထက်စီးနင်း အကြမ်းဖက်လေ့ရှိတာကြောင့် မွန်းကြပ်ပြီးတစ်နေ့မှာ သတ်သေဖို့ ကြိုးစားခဲ့ရာ တစ်စုံတစ်ယောက်ရဲ့ ကယ်တင်မှုကြောင့် မအောင်မြင်ခဲ့ပေ။တစ်ဖက်မှာလည်း ဟျောင်းဂျွန်းက အသက်ရှူနေရုံကလွဲပြီး ဘ၀ကြီးကို အဓိပ္ပာယ်မဲ့စွာဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပြီး တစ်ရက် အမှတ်မထင် ဟျောင်းဂျွန်းနဲ့ ယွန်းဟီးတွေ့ဆုံကာ တစ်ယောက်ဘဝကို တစ်ယောက် စာနာရင်း ချစ်ကြိုးသွယ်မိသွားပါတော့တယ်။နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်လက်ထဲကနေ ထွက်ပြေးချင်နေတဲ့ ယွန်ဟီး..ဟျောင်းဂျွန်းနဲ့တွေ့မှ ချစ်ခြင်းမေတ္တာ အမှန်ကို သိရှိခဲ့ရတဲ့ ...
movie
The Romance (2006)
7.2
A Millionaire’s First Love (2006)
A Millionaire's First Love (2006)**********************************ဒီကားလေးကတော့ Crash Landing On You ထဲကမင်းသားကြီး Hyun Bin နဲ့ Ghost ထဲကမင်းသမီး Lee Yeon Hee တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီးဒါရိုက်တာ Kim Tae Kyun ရိုက်ကူးပြသထားတဲ့ Romance, Comedy ကားလေးဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ဆိုးလ်မြို့သားလေး ဂန်ဂျယ်ဂယောင်းက သူ့အဘိုးဖြစ်သူ ဆုံးပါးပြီးနောက် သူအမွေဆက်ခံရဖို့အတွက် အဘိုးဖြစ်သူရဲ့ သေတမ်းစာထဲကအတိုင်း ဘိုရမ်အထက်တန်းကျောင်းကို ကျောင်းပြောင်းလာခဲ့ရာက ..မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မွေးရာပါရောဂါသည် ချွဲအွန်းဟွမ်နဲ့ တွေ့ပြီးနောက် သူ့ဘဝရဲ့တန်ဖိုးထားရတဲ့အရာကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ချိုချိုအေးအေးလေး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ..(ဇာတ်လမ်းအညွှန်းကို Lucienမှရေးသားထားပါတယ်)File size…1.88GB / 795MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 52 min. Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet
movie
A Millionaire’s First Love (2006)
6.7
Couples (2011)
Couples (2011)*****************ဒီတစ်ခါမှာတော့ Lee Si Young၊ Lee Yoon Ji၊ Ki Joo Hyuk၊ Oh Jung Se နဲ့Gong Hyun Jin တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီးအပန်းပြေစေမဲ့ Rom-com movie လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။-ဇာတ်လမ်းအကျဉ်း-ချစ်ရသူအတွက် ချေးငွေပါထုတ်ပြီး အိမ်ဝယ်ပေး လိုချင်တာဖြည့်ဆည်းပေးခဲ့တဲ့ယူဆော့တစ်ယောက် သူပြန်ရလိုက်တာကတော့ သူ့ချစ်သူဆီကမက်ဆေ့လေးတစ်စောင်နဲ့ ပျောက်ချင်းမလှ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ပျောက်သွားတဲ့ချစ်သူကို သူငယ်ချင်းဖြစ်သူ ဘို့နမ်ရဲ့ အကူအညီနဲ့ လိုက်ရှာနေတုန်းပဟေဠိဆန်တဲ့ ရဲမေလေး အယ်ယွန်းနဲ့ အမှတ်မထင် သိကျွမ်းပြီး ယူဆော့လည်းအယ်ယွန်းအပေါ် စိတ်ဝင်စားမှုဖြစ်လာတဲ့အခါမှာတော့ သူ့ကိုထားသွားတဲ့ချစ်သူဟောင်း နာရီပြန်ပေါ်လာသလို နာရီဟာလည်း သူထင်သလို ဖြူစင်တဲ့ကောင်မလေးမဟုတ်ဘဲ သိုက်တူးသမလေး ဖြစ်နေတဲ့အခါ...နာရီ သူ့ဆီကိုပြန်လာရတဲ့အကြောင်းကလည်း သိုက်တူးရင်း လူမိုက်ဂိုဏ်းခေါင်းဆောင်နဲ့မှားယွင်းပတ်သက်မိတာ ဖြစ်နေတဲ့အခါမှာတော့.. သူတို့ ၅ယောက် ဘယ်လိုဖြစ်ကြမလဲ..ဘယ်ကစပြီး သူတို့ရဲ့ ရေစက်တွေက မှားယွင်းနေတာလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးပါဦးနော်။ File ...
movie
Couples (2011)
Re-LOVE (2022)
Re-Love (2022) **************ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ ...The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်...Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို...အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့...Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့...အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း ---------------ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ...သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို....သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ...
movie
Re-LOVE (2022)
The Daechi Scandal (2024)
The Daechi Scandal (2024)**************************ဒီတစ်ခေါက်မှာတော့ Wonder Girls အဖွဲ့ဝင်ဟောင်း Ahn So-Hee နဲ့Military Prosecutor Doberman ထဲမှ မင်းသား Park Sang-Nam တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆင်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဂင်ယွန်းအင် (Ahn So-Hee) ကတော့ ဒယ်ချီဒုံက ယွန်းချောဆူသင်တန်းကျောင်းမှာအလုပ်လုပ်နေတဲ့ ဘာသာဗေဒနည်းပြဆရာမလေးပါ။အလယ်တန်းနှစ်ဝက်စာမေးပွဲတွေအပြီးမှာ အလယ်တန်း ဘာသာဗေဒဆရာလေးဘဲ့ဂီဟိန်းက ယွန်းအင်ရဲ့ အိမ်ကို လာတွေ့ခဲ့ပါတယ်။ဂီဟိန်းကတော့ တခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်က ယွန်းအင်နဲ့တက္ကသိုလ်တစ်ကျောင်းတည်း တစ်မေဂျာတည်းမှာတက်ခဲ့တဲ့ကျောင်းနေဖက်ဖြစ်သလို ယွန်းအင်ရဲ့ရည်းစားဟောင်းတစ်ယောက်ပါ။သင်တန်းကျောင်းက ဘာသာဗေဒနည်းပြဆရာမလေးနဲ့ ကျောင်းဆရာလေးတို့တွေ့ဆုံနေကြတဲ့ပုံတွေ ပျံ့နှံ့သွားပြီး မေးခွန်းပေါက်ကြားပါတယ်ဆိုတဲ့သံသယဝင်မှုတွေ စဖြစ်လာတဲ့အခါမှာတော့...အဲဒီသံသယတွေ ပျောက်သွားအောင် ဘယ်လိုဖြေရှင်းကြမလဲယွန်းအင်နဲ့ ၁၀ နှစ်ကြာမှ ပြန်တွေ့တဲ့ ရည်းစားဟောင်း ဂီဟိန်းတို့ကြားမှာဘယ်လိုမျိုး ဇာတ်လမ်းလေးတွေ ပြန်စတင်လာမလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File ...
movie
The Daechi Scandal (2024)