Channel Myanmar

Hellraiser Franchise

Hellraiser: Hellworld (2005)
Hellraiser: Hellworld (2005) Hellraiser: Hellworld (2005)ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Hellraiser: Hellworld (2005)

2005
Hellraiser: Deader (2005)
Hellraiser: Deader (2005) Hellraiser: Deader (2005)Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded ...
movie

Hellraiser: Deader (2005)

2005
Hellraiser: Hellseeker (2002)
Hellraiser: Hellseeker (2002) Hellraiser: Hellseeker (2002)Hellraiser Franchise ရဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Hellseeker က ငါးကားမြောက် Inferno နဲ့ ခပ်ဆင်ဆင်တော့တူနေပါတယ်။ ဒီဇာတ်ကားမှာတော့ ပထမဆုံး ဇာတ်ကား Hellraiser (1987) က အဓိကဇာတ်ကောင် ခရစ္စတီ ပြန်ပါလာပါတယ်။ ဒါရိုက်တာက နာမည်ကျော် စီးရီးဖြစ်တဲ့ Supernatural ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Rick Bota ပါ။Inferno မှာ ပြောမထားတဲ့ ဆီနိုဘိုက်တွေရဲ့ သဘောသဘာဝတွေကို ဒီမှာ ပြန်ဖြည့်ထည့်ထားထားသလိုပါပဲ။ ဒီဇာတ်ကားမှာလည်း Body Horror ကို ဦးစားပေးမထားဘဲ ဇာတ်လမ်းကို အဓိကထားပြီး တင်ဆက်သွားပါတယ်။ အဓိကဇာတ်ဆောင်က ထင်ယောင်ထင်မှားဖြစ်တာတွေ များနေတော့ ဇာတ်လမ်းက နည်းနည်းတော့ လည်သွားနိုင်ပါတယ်။ Inferno မှာ ပြထားတဲ့ ငရဲဆိုတာကို ပိုပြီး ထင်ရှားသွားအောင် အရောင်တင်ပေးလိုက်သလိုဆိုတော့... တော်တော်လေးလှတဲ့ ဇာတ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Hellraiser: Hellseeker (2002)

2002
Hellraiser: Inferno (2000) 5.4
Hellraiser: Inferno (2000) Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie

Hellraiser: Inferno (2000)

2000
Hellraiser: Bloodline (1996) 5.1
Hellraiser: Bloodline (1996) Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

Hellraiser: Bloodline (1996)

1996
Hellraiser III: Hell on Earth (1992) 5.5
Hellraiser III: Hell on Earth (1992) Hellraiser III: Hell on Earth (1992)Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: ...
movie

Hellraiser III: Hell on Earth (1992)

1992
Hellbound: Hellraiser II (1988) 6.4
Hellbound: Hellraiser II (1988) Hellbound: Hellraiser II (1988)~ IMDb - 6.4/10, RT - 53%, Meta - 41% ~Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲ အများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horror ဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ Tony Randel က လက်စွမ်းပြထားပါတယ်။ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ...
movie

Hellbound: Hellraiser II (1988)

1988
Hellraiser (1987) 6.9
Hellraiser (1987) Hellraiser (1987)~ IMDb - 6.9/10, RT - 70%, Meta - 56% ~Hellraiser Franchise ကြီးရဲ့ မူလဘူထ ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ အကျော်ကြားဆုံး Horror Icon တွေထဲက တစ်ယောက်ဖြစ်တဲ့ Pinhead ဆိုတဲ့ ခေါင်းမှာ အပ်တွေစိုက်ထားတဲ့လူကြီးကို ပိတ်ကားပေါ်မှာ စတွေ့ရတဲ့ဇာတ်ကားဖြစ်ပြီး ဘတ်ဂျက် တစ်သန်းလောက်ပဲရင်းထားပေမဲ့ အမြတ်ငွေ အဆ ၂၀ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။The Hellbound Heart ဆိုတဲ့ Horror ဝတ္ထုတိုကို ရုပ်ရှင်အနေနဲ့ စာရေးသူ Clive Baker က ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာပါ။ ဒီပထမဆုံး ဇာတ်ကားကတော့ နောက်လာမယ့် ဇာတ်လမ်းတွေရဲ့ မိတ်ဆက်လို့ပြောရမလားပဲ ပဟေဠိသေတ္တာနဲ့ အဲဒီသေတ္တာက ဘာတွေလုပ်လို့ရတယ်ဆိုတာကို အနည်းအကျဉ်းမိတ်ဆက်တယ်။ဆီနိုဘိုက် (Cenobites) တွေနဲ့မိတ်ဆက်ပေးတယ်။ ဘာကောင်တွေ ...
movie

Hellraiser (1987)

1987