Channel Myanmar
New releases (2025)
Content at random
Movies
SEE ALL
West Side Story (1961) 7.6
West Side Story (1961) West Side Story 1961Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်းသိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက်ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးကတစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးကပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကိုခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်းအများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။  File size…    ...
movie
West Side Story (1961)
Kutsal Damacana 5: Zombi! (2025)
Kutsal Damacana 5: Zombi! (2025) Kutsal Damacana 5: Zombi (2025) (ကာသလွန်ရေဘူး ၅ ဇွန်ဘီ)ဇာတ်လမ်းအကျဉ်းကွတ်စတယ် ဒါမာကာနာဟာ ပဋိပက္ခဇာတ်ကားအသစ်ဖြစ်ပြီး ဇွန်ဘီ ဇာတ်လမ်းနဲ့ ပျော်ရွှင်ဖွယ် ကောလာဟလများ ပါဝင်ပါတယ်။နာမည်ကြီး မင်းသမီ၊ ဇာတ်ဆောင်တွေနဲ့ရိုက်ကူးထားတာပြီး ဟာသနဲ့ စွန့်စားမှုတွေ ပေါင်းစပ်ထားပါတယ်။ဟာသနှင့် ကြောက်ရွံမှုကို ပေါင်းစပ်ထားတာကြောင့် လူကြိုက်လည်းအတော်လေးကိုမှ များပါတယ်။ဇာတ်လမ်းမှာ ဇွမ်ဘီတွေက ကြီးပြင်းလာပြီး ပန်းခြံမြိုလေးတစ်ခုမှာ ဖျက်ဆီးနေကြပါတယ်။ ဇာတ်ဆောင်နဲ့ သူ့သူငယ်ချင်းတွေ ကြိုးစားကာ ကာကွယ်ကြရရင်း ဟာသအပြည့်နဲ့ စွန့်စားမှုတွေကြောင့် ကြောက်စရာမကောင်းပဲဟာ,သနဲ့ရယ်စရာတွေအလွန်ပဲပါဝင်နေပါတယ်။လက်ရှိ လူကြိုက်များတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေဖိုအတွက်ကြည့်ဖို သင့်တော်ပါတယ်။ကြောက်စရာနည်းပြီး ဟာသကြိုက်တတ်တဲ့ သူတွေအကြိုက်ဖြစ်လို ကြည့်ကြည့်ဖိုကိုတိုက်တွန်းချင်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian, Cym, Yunni, V, Honey တိုမှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ File size…1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hard ...
movie
Kutsal Damacana 5: Zombi! (2025)
200 Pounds Beauty (2006) 6.7
200 Pounds Beauty (2006) 200 Pounds Beauty (2006)**************************IMDb... 6.7 "မာရီယာ~~~" ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားလေးကို ပြန်အမှတ်ရသွားစေတဲ့အထိဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီ 200 Pounds Beauty ဆိုတဲ့ ဇာတ်ကားလေးကို quality၊ ဘာသာပြန် အလန်းဖြင့်ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဇာတ်လမ်းလေးကတော့ အကုန်သိပြီးကြတဲ့အတိုင်း သီချင်းဆိုတဲ့နေရာမှာ တော်ပေမဲ့လည်း ရုပ်ဆိုးပြီးဝတဲ့အတွက် ကန့်လန့်ကာနောက်ကနေ သူများအတွက် သီချင်းဆိုပေး‌နေရတဲ့ အဆိုတော်မလေး ဟန်နာ။သူသဘောကျရတဲ့သူကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ပရိုဂျူဆာ ဆန်းဂျွန်းဆိုသူပေါ့။ဒါပေမဲ့ တစ်ရက် သူသဘောကျရတဲ့သူက သူ့နောက်ကွယ်မှာ သူ့ကိုအသုံးချပြီး မကောင်းပြောတာကြားလိုက်ရတဲ့အခါမှာတော့ ဟန်နာတစ်ယောက် တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ခွဲစိတ်ပြုပြင်ပြီး အရမ်းလှသွားတဲ့ ဟန်နာတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်သွားမလား...ဆန်းဂျွန်းနဲ့ရော ဘယ်လိုဖြစ်သွားမလဲဆိုတာအပြင် အဖေတစ်ခု သမီးတစ်ခုဖြစ်တဲ့ ဟန်နာနဲ့သူ့အဖေရဲ့ အကြောင်းကလည်း ရင်ထဲထိစေမှာဖြစ်တဲ့အတွက် ကြည့်ပြီးတဲ့သူရောမကြည့်ရသေးတဲ့သူတွေပါ ကြည့်ရှုကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်နော်။ File Size : 2.18GB/ 1.06GB Quality ...
movie
200 Pounds Beauty (2006)
Bring Her Back (2025) 7.5
Bring Her Back (2025) Bring Her Back 2025 =============== A24 ရဲ့ကားဆိုတော့ အထူးတလည် ညွှန်းစရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းအန်ဒီနဲ့ ပိုက်ပါဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး ကင်ဆာဖြစ်လို့ဓာတ်ကင်နေရတဲ့ အဖေဖြစ်သူနဲ့အတူ နေထိုင်ကျော်ဖြတ်နေရပါတယ်။ပိုဆိုးတာက ပိုက်ပါက အမြင်အာရုံချို့ယွင်းနေပြီး အလင်းရောင်နဲ့အရိပ်အယောင်လောက်ပဲ မြင်ရတဲ့အတွက် အစ်ကိုဖြစ်သူ အန်ဒီကအဖေ့ကိုရော ညီမလေးကိုပါ အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်နေရသူပါ။တစ်နေ့မှာတော့ သူတို့အဖေဟာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပြီးတော့ အန်ဒီက အသက် ၁၈ နှစ်ပြည့်ဖို့ သုံးလလိုသေးတဲ့အတွက်သူ့ညီမဖြစ်သူကို အုပ်ထိန်းဖို့ အသက်မပြည့်သေးတာကြောင့် ခွဲနေရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အန်ဒီက ၁၈ နှစ်ပြည့်ပြီး အုပ်ထိန်းခွင့်မလျှောက်နိုင်ခင် သုံးလအတွင်းမှာပိုက်ပါကို ခေါ်ယူမွေးစားပေးမဲ့ လော်ရာဆိုတဲ့အမျိုးသမီးကြီးဆီမှာ လိုက်နေရဖို့ ခွင့်တောင်းခဲ့ပါတယ်။လော်ရာဆိုတဲ့အမျိုးသမီးက ခွင့်ပြုတဲ့အတွက် သူတို့ဟာ လော်ရာအိမ်မှာ လိုက်နေရဖို့ ဖြစ်လာခဲ့ပါတယ်။လော်ရာရဲ့ သမီးဖြစ်သူကလည်း ပိုက်ပါလိုပဲ မျက်စိမမြင်တဲ့အတွက် ရေနစ်ပြီး သေဆုံးသွားခဲ့တာပါ။သူတို့ လော်ရာ့အိမ်ကို ရောက်တဲ့အခါ သူတို့မောင်နှမအပြင် နောက်ထပ်ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုလည်းလော်ရာက မွေးစားထားတဲ့အပြင် လော်ရာ့အိမ်အပြင်ဖက်မှာ အဖြူရောင်အမှုန့်တွေနဲ့ စည်းတားထားပါသေးတယ်။ဒီတော့ ...
movie
Bring Her Back (2025)
Tornado (2025) 6.2
Tornado (2025) ဆာမူရိုင်း ဖူဂျင်နဲ့ သမီးဖြစ်သူ တိုနေတိုးဟာ အင်္ဂလန်ပြည်တလျှောက် လှည်ကလေးတစ်စီးနဲ့ ဂျပန်ရိုးရာဆာမူရိုင်း ရုပ်သေးပြဇာတ်ကို လှည့်လည်ဖျော်ဖြေရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ သားအဖတွေဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ ရုပ်သေးပြဇာတ်ဖျော်ဖြေနေရင်း ရာဇဝတ်သားသုံးယောက်က လမ်းကြုံတဲ့အတွက် သူတို့ဓားပြတိုက်လာတဲ့ရွှေထုပ်ကိုခဏချပြီးပြဇာတ်ကို ဝင်ကြည့်နေခဲ့ပါတယ်။ပြဇာတ်မှာ ဈာန်ဝင်ပြီး မျောသွားတဲ့ဓားပြသုံးယောက်ဟာ သတိလည်းဝင်လာရော ရွှေထုပ်ကြီးက မရှိတော့ပါဘူး။အဲအချိန်မှာ တိုနေတိုးက ရွှေထုပ်ခိုးသွားတဲ့ကောင်လေးကို ဓားပြလက်ချက်နဲ့သေမှာစိုးလို့ ကူဖွက်ပေးခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဓားပြသုံးယောက်က ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ ရှူးဂါမန်းနဲ့ လစ်တဲရှူးဂါးတို့ သားအဖ ဦးဆောင်တဲ့ဓားပြအုပ်စုရဲ့ အဖွဲ့ဝင်တွေ ဖြစ်လို့နေပါတယ်။ဓားခုတ်ရာလက်ဝင်ရှိုမိတဲ့ တိုနေးတိုးကြောင့် သူမရဲ့အဖေဟာ ဓားပြအုပ်စုရဲ့လက်ချက်နဲ့ သေရတဲ့အတွက် သူမဟာ အဲဓားပြအုပ်စုကိုဘယ်လိုလက်စားလိုက်ချေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။File Size… (1.74 GB) / ( 849 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….. Action , Drama ...
movie
Tornado (2025)
Ballerina (2025) From the World of John Wick: Ballerina 7.3
Ballerina (2025) From the World of John Wick: Ballerina  From the World of John Wick: Ballerina (2025)IMDb Rating (7.3) / Rotten Tomatoes (76%)ဂျွန်ဝစ်ရုပ်ရှင်တွေက ခွဲထွက်လာတဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာကတော့ Underworld ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Len Wiseman ဖြစ်ပါတယ်။ မင်းသမီး အန်နာဒဲအာမက်စ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကာလကတော့ John Wick 4 မတိုင်မီ အချိန်ပဲ ဖြစ်ပါတယ်။ အရင်ဂျွန်ဝစ်ကားတွေနဲ့တန်းတူ အသားကုန်ကျုံးတဲ့ကားမို့ သေချာပေါက် ကြည့်ရမှာပါပဲ။ဇာတ်လမ်းအကျဉ်း..အိဗ်ဟာ ကလေးဘဝမှာ သူ့ရဲ့အဖေ လုပ်ကြံခံရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်း ရူစကားရိုးမားထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ကြီးပြင်းလာပြီး လေ့ကျင့်ရင်းနဲ့ အရမ်းလှလာပါတယ်။ ဒီလိုနဲ့ ကြေးစားကန်ထရိုက်တွေလုပ်ရင်း အရမ်းလှနေပါတယ်။ တစ်နေ့မှာတော့ သူ့အဖေကို လာလုပ်ကြံသွားတဲ့ ဂိုဏ်းကို ခြေရာခံမိပြီး အရမ်းလှ အရမ်းချဖို့ပြင်ပါတော့တယ်။ အဲဒီမှာပဲ အင်အားအပြည့်နဲ့ ဂိုဏ်းကြီးတစ်ခုကို လက်စားချေဖို့ အရမ်းလှပါတော့တယ်။ အဆုံးထိ ဘယ်လိုလှသွားမလဲဆိုတော့တော့ ရုပ်ရှင်ထဲမှာသာ ဆက်ကြည့်လိုက်ပါတော့။ဧည့်သည်သရုပ်ဆောင်အဖြစ် ...
movie
Ballerina (2025) From the World of John Wick: Ballerina
2025
4K HEVC
Thunderbolts* (2025) 7.7
Thunderbolts* (2025) Thunderbolts* (2025)IMDb Rating (7.7) / Rotten Tomatoes (88 %)(4K  WEB-DL  ကြည်တောက် Update )ဒါရိုက်တာ Jake Schreier ဖြစ်ပြီး Beef စီးရီးတို့ Paper Town, Skeleton Crew တို့ရဲ့ ဖန်တီးရှင်ပီပီ ဒရာမာရော ဟာသရော အက်ရှင်ရော ကောင်းကောင်းပိုင်ပိုင်နိုင်နိုင်ရိုက်ကူးထားပါတယ်။ မင်းသားမင်းသမီးတွေကလည်း လူဟောင်းတွေချည်းပဲမို့ ဇာတ်ကောင်အသားကျပြီးသားဖြစ်ပြီး ကွက်တိသရုပ်ဆောင်နိုင်ကြပါတယ်။ ဘော့ နေရာမှာသရုပ်ဆောင်တဲ့ Lewis Pullman ကလည်း Top Gun မှာကတည်းက ဘော့နေရာမှာ ပါထားတဲ့သူဖြစ်ပြီး ဒီကားမှာလည်း အလားအလာအများကြီး ပြသွားပါပြီ။အညွှန်းမာဗယ်ရုပ်ရှင်ရဲ့ ၃၆ ကားမြောက် ရုပ်ရှင်ဖြစ်ပြီး အဆင့်-၅ ရုပ်ရှင်တွေရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ မာဗယ်ရုပ်ရှင်တွေထဲမှာ ကောင်းတယ်လို့ ပြောရတဲ့ အဆင့်ထဲကိုတော့ ရောက်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ Winter Soldier တို့ ...
movie
Thunderbolts* (2025)
4K HEVC
Kannappa (2025) 4.1
Kannappa (2025) Kannappa (2025) IMDb - 4/10WEB DL HDTC ဗားရှင်းဖြင့်တင်ဆက်ထားပါသောကြောင့်ကြော်ညာများပါဝင်ခြင်းကို သတိပြုပါ။ဘာဟုဘာလီသရုပ်ဆောင် တလေဂူးမင်းသားကြီး ပရာဘာ့စ်ရဲ့ ရုံတင်ကားသစ်ကြီး HDTCဗားရှင်း ထွက်လာတာမို တင်ဆက်ပေးလိုက်ပါတယ်။အရှေးကူးမားလည်း ပါဝင်အားဖြည့်ပေးထားပြီး တက်သစ်စမင်းသမီးချောလေး ပရီတီးမူခွန်ဒန်ရဲ့ အကအလှတွေကိုပါရှုစားကြရမှာပါ။(*ဘာသာရေးကားဖြစ်တာမို အခေါ်အဝေါ်တွေ အမည်တွေလွဲမှားခဲ့ပါက ကျွန်တော်တို Bollywood Teamကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်။*)ရွာမှာဖြစ်နေတဲ့ ကပ်ဘေးကြီးအဆုံးသတ်စေဖို ဘုရားနာမည်တပ်ပြီး ရွာရဲ့နတ်ဆရာမက သီနာဒူရဲ့သူငယ်ချင်းဖြစ်သူကိုယဇ်ပူဇော်လိုက်ပါတယ်။အဲဒီကစလို သီနာဒူတစ်ယောက် ဘုရားဆိုတာကို ကျောက်တုံးကြီးတစ်တုံးကလွဲရင် ဘာမှကောင်းကျိုးမပေးတဲ့အရာဆိုပြီးအမုန်းတရားကြီးထွားခဲ့ပါတယ်။အရာအားလုံးကို မြင်တော်မူတဲ့ အရှင်သိဝက သီနာဒူ ကလေးဘ၀ကတည်းက စောင့်ကြည့်နေပြီး တစ်နေ့ကျရင် သူ့ကိုကိုးကွယ်ယုံကြည်တဲ့သူဖြစ်လာမယ်ဆိုတာ သိနေခဲ့တာပေါ့။မုဆိုးတစ်ယောက်ဖြစ်လာတဲ့သီနာဒူ ဘုရားပေါ်သက်ဝင်ယုံကြည်လာပုံနဲ့ စရီကာလာဟာသ်စတီဗိမာန်တော်ကြီး တည်ဆောက်ကိုးကွယ်လာပုံကိုမြင်တွေ့ရမဲ့ စိတ်ဝင်စားစရာ သမိုင်းဝင်ဘာသာရေးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.6 GB / 1.8 GB Quality… HDTC 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Kannappa (2025)
Swede Caroline (2024) 5.5
Swede Caroline (2024)  ရှပ်တွန်မောလက်ပြိုင်ပွဲဆိုတာက ကမ္ဘာ့စံချိန်တင် အကြီးဆုံး အလေးဆုံး အရှည်ဆုံးစတဲ့အသီးအနှံတွေပြိုင်ကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့အပြင်ဒီလိုအသီးအနှံစိုက်ပျိုးတာကိုရူးသွပ်တဲ့သူတွေအတွက် အိမ်မက်တစ်ခုလို့တောင်ဆိုလို့ရတယ်။၂၀၁၇ ပြိုင်ပွဲမှာ မထင်ထားတဲ့သူ ကာရိုလိုင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ယောကျ်ားတွေနဲ့ရင်ဘောင်တန်းပြီးပြိုင်နိုင်လောက်တဲ့အထိ အရည်းအချင်းရှိတဲ့သူဖြစ်ကြောင်းကိုထုတ်ပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် အကဲဖြတ်ဒိုင်တွေဟာ ကာရိုလိုင်းရဲ့ ပြိုင်ပွဲဝင်ကျောက်ဖရုံသီးကို အက်ကွဲကြောင်းပါတယ်ဆိုတဲ့ပြစ်ချက်လေးတစ်ခုနဲ့ပြိုင်ပွဲကနေထုတ်ပစ်ခဲ့ပါတယ်။တစ်ချို့က အမျိုးသမီးဖြစ်နေလို့ထုတ်ပစ်တာဆိုကြတယ်။ကာရိုလိုင်းရဲ့အိမ်နီးချင်းမိတ်ဆွေပေါလ်ကတော့ မကျေနပ်ကြောင်းဖော်ထုတ်ခဲ့ပေမယ့် သူတို့လည်းမတတ်နိုင်ဘဲပြိုင်ပွဲကနေ အောင့်သက်သက်နဲ့ထွက်လာခဲ့ရတယ်။ဒီအခြေအနေကို အစအဆုံးမြင်လိုက်ရတဲ့ ရုပ်ရှင်ဒါရိုက်တာပိုးဝင်နေတဲ့ ကတ်စီဟာ ကာရိုလိုင်းတို့ကို စိတ်ဝင်စားသွားပြီး ၂၀၁၈ ပြိုင်ပွဲအတွက် ကာရိုလိုင်းရဲ့တစ်နှစ်တာလုံးပြိုင်ပွဲအတွက်ပြင်ဆင်ပုံတွေကို မှတ်တမ်းရိုက်ကူးမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size… (1.93 GB) / ( 639 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie
Swede Caroline (2024)
Azooma (2012) 6.4
Azooma (2012) Azooma (2012)**************ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် 2012 ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှုခင်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့မစိမ်းတဲ့ Our unwritten Seoulမှ မင်းသမီးကြီး Jang Young Nam, movieတို့ရဲ့ဆရာကြီး Ma Dong Seok တို့အပြင် Vincenzoမှ Hwang Tae gwangနဲ့ Light Shop မှ Bae Seong Woo တို့ ပါဝင်ပါတယ် ..Yoon Yeong Nam(Jang Young Nam)ဟာ ယောကျ်ားနဲ့ကွာရှင်းထားပြီး ဆယ်နှစ်အရွယ်သမီးလေးနဲ့အတူ ကြိုးစားနေထိုင်နေသူပါ...တစ်နေ့မှာတော့ အလုပ်များပြီး သမီးဖြစ်သူကျောင်းဆင်းချိန်ကို ကြိုဖို့အတွက် နောက်ကျသွားခဲ့တာကြောင့် ကံဆိုးမှုကြီးစတင်ခဲ့ပါတော့တယ်..သမီးဖြစ်သူကို သူစိမ်းတစ်ဦးက အမေ့ဆီကိုပို့ပေးမယ်ဆိုပြီး ညာခေါ်သွားကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခြင်း ခံလိုက်ရပါတယ်..သမီးဖြစ်သူ မတရားကျင့်ခံရတာထက် မိမိနာမည်ကျမှာကိုပဲ စိတ်ပူနေတဲ့ သွားဆရာဝန်ယောကျ်ားခံစားချက်ကို နားလည်ပါတယ်လို့တဖွဖွပြောပြီး အမှုကိုသေချာမစုံစမ်းပေးတဲ့ တာဝန်ခံစုံထောက်သက်ငယ်မုဒိမ်းမှုအတွက် တရားမျှတမှု မရှိတဲ့ ဥပဒေကြားမှာ Yeong Nam တစ်ယောက် တရားခံကို ဖမ်းဆီးပြီးအပြစ်ပေးနိုင်ပါ့မလားဆိုတာကို ဒေါသတလိပ်လိပ်ထွက်ရင်း လောင်မြိုက်စွာနဲ့ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ...
movie
Azooma (2012)
Terror Firma (2024) 5.5
Terror Firma (2024)  ပိတ်ရက်မှာ မိုးအေးအေးနဲ့ လမ်းမထွက်ဘဲ အပျင်းပြေ ကြည့်နိုင်ဖို့ Science Fiction Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်းကို အစိုးရအာဏာပိုင်တွေက ဘာကြောင့်ဆိုတာ အကြောင်းရင်းမပြောဘဲ နေအိမ်တွင်းမှာပဲ နေထိုင်ဖို့ လော့ဒေါင်းချဖို့ ပြင်ဆင်နေပါတယ်။လိုလာဆိုတဲ့ ကောင်မလေးက လော့ဒေါင်းမချခင် သူမရဲ့ အစ်ကို ဖြစ်သူ နေထိုင်တဲ့ အိမ်ကို အထုပ်အပိုးတွေနဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုမှာ သူ့အစ်ကိုနဲ့အတူအခြားအခန်းဖော် ကေ့ချ်ဆိုတဲ့ အူကြောင်ကြောင် တစ်ယောက်လည်း အတူရှိနေတာပါ။နေအိမ်ပြင်ပ ထွက်ခွင့်မပေးဘဲ တစ်ပတ်တစ်ခါ ရိက္ခာလာချသွားတဲ့ အထုပ်ကြီးထဲမှာ မျိုးစေ့တစ်ထုပ် ထူးဆန်းစွာနဲ့ ပါလာခဲ့ပါတယ်။ လိုလာဟာ အဲဒီမျိုးစေ့တွေကိုခြံထဲက မြေကွက်လပ်မှာ စိုက်လိုက်ပြီး နောက်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူမပျိုးစေ့ထည့်ခဲ့တဲ့ မြေဟာ အပေါက်ကြီး ဖြစ်နေပြီး အဲဒီအထဲမှာ စေးကပ်ကပ် မွှေးပျံ့တဲ့ အရည်တစ်မျိုး ရှိနေပါတယ်။အဲဒီအရည်တွေကို သူတို့သုံးယောက် စမ်းသပ်သောက်ကြည့်လိုက်တဲ့ အခါမှာတော့…..။File ...
movie
Terror Firma (2024)
A Bloody Aria (2006) 6.4
A Bloody Aria (2006) A Bloody Aria (2006) **********************Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ ...
movie
A Bloody Aria (2006)
Beasts Clawing at Straws (2020) 7.1
Beasts Clawing at Straws (2020) Beasts Clawing at Straws (2020)********************************ဒီတစ်ခါမှာတော့ နာမည်ကြီး မင်းသားမင်းသမီးတွေ ရှယ်ကို ပါဝင်ထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Mystery, Thriller မှုခင်းကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား Jung Woo Sung, မင်းသမီးကြီး Jeon Do Yeon, Light Shop ကားထဲက မင်းသား Bae Sung Woo, အမေခန်းတွေရိုက်နေကျ ဝါရင့်မင်းသမီးကြီး Youn Yuh Jung, Nine puzzles ကားထဲက စုံထောက်မင်းသား Jeon Man Sik တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း *************ဆိပ်ကမ်းအရာရှိတစ်ယောက်ဖြစ်တဲ့ ဂန်ထယ်ယောင်း (Jung Woo Sung) ဟာ ချစ်သူဖြစ်သူ ချေးယူထွက်ပြေးသွားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အတွက် အလုပ်ပင်ပင်ပန်းပန်းလုပ်နေရသူပါ...ဂင်ဂျုံမန် (Bae Sung Woo) ကတော့ နေမကောင်းဖြစ်နေတဲ့ အမေနဲ့ သမီးဖြစ်သူကျောင်းစရိတ် အတွက် ချွေးထုတ်ခန်းမှာ အလုပ်လုပ်ပြီး ...
movie
Beasts Clawing at Straws (2020)
Lucky Louie (2024) 6.7
Lucky Louie (2024) ဒီဇာတ်ကားမှာ အငြိမ်းစားရဲအရာရှိ ဝီလ်ဘတ်မိုဆာဟာ နှစ် ၅၀ ကြာ မဖြေရှင်းနိုင်ခဲ့တဲ့ 'ဒေါ်နယ်ဒပ်ခ် ဓားပြမှု' လို့ နာမည်ကြီးတဲ့ ဘဏ်ဓားပြမှုကို စွဲလမ်းနေသူပါ။တစ်နေ့မှာ မမျှော်လင့်ဘဲ မှုခင်းစိတ်ပညာကျောင်းသူ အဲလက်စ်နဲ့ သူဖမ်းခဲ့ဖူးတဲ့ ဘုရားကျောင်းက သူငယ်ချင်း လူဆိုးဟောင်းလေးယောက်(တို့နဲ့အတူ ဒီအမှုကို ပြန်လည်ပြသရင်း ဖြေရှင်းဖို့ ကြိုးစားပါတယ်။ ဒီဇာတ်လမ်းဟာ ရယ်မောဖွယ် အလွဲအချော်တွေ၊ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းရဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းထားတယ်။ဘာသာရေးယုံကြည်မှုကို နူးညံ့စွာ ထည့်သွင်းထားပြီး မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.41 GB) / ( 805 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT
movie
Lucky Louie (2024)
Riddick (2013) 6.4
movie
Riddick (2013)
2013
The Chronicles of Riddick (2004) 6.7
movie
2004
Pitch Black: Riddick (2000) 7.1
movie
2000
The Ritual (2025) 4.6
The Ritual (2025)  The Ritual (2025)Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းအဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC ...
movie
The Ritual (2025)
2025
Suppressed (Aka) Němá tajemství (2024) 7.1
Suppressed (Aka) Němá tajemství (2024)  Suppressed (Aka) Němá tajemství (2024)တိကုဆရာဝန်တစ်ယောက် မြင်းကန်တဲ့ဒဏ်ရာနဲ့ စကားပြောနိုင်စွမ်းရော အသိဉာဏ်ရော ဆုံးရှုံးသွားခဲ့တယ်။ဇနီးဖြစ်သူနဲ့ အမေဖြစ်သူတို့က အဆင်မပြေကြပေမဲ့ ညှိရင်းနှိုင်းရင်း လူနာဖြစ်သူ အဆင်ပြေဖို့နည်းလမ်းတွေရှာခဲ့ကြတာပေါ့။နောက်ထပ်ပေါ်လာတာက မြင်းပိုင်ရှင်ဖြစ်သူ သားမိနှစ်ယောက်၊ သူ့မြင်းကြောင့်ဖြစ်ရတာဆိုပြီး တာဝန်ယူမှုတာဝန်ခံမှုတွေလုပ်ရင်း လူနာကို ကူညီစောင့်ရှောက်ပေးခဲ့တယ်။လူနာ ရုတ်တရက်သေသွားချိန်မှာတော့ တရားခံဘယ်သူလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.3 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery Duration…. 01:42:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo
movie
Suppressed (Aka) Němá tajemství (2024)
2024
Kull: The Legacy of the Raisingghs (2025) 6
Kull: The Legacy of the Raisingghs (2025) The Legacy of the Raisingghs (2025)"ရိုင်ဇင်းအရှုပ်တော်ပုံ" ===============================================အိန္ဒိယနိုင်ငံထဲက ရာဂျက်စတန်ပြည်နယ်ရဲ့ တော်ဝင်မိသားစုမျိုးဆက်အကြောင်းကို အခြေခံထားတဲ့ ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။တော်ဝင်မိသားစုအကြောင်းဆိုပေမဲ့ ဒီဇာတ်လမ်းတွဲမှာ တော်ဝင်မိသားစုတွေရဲ့ အဆင့်အတန်းမြင့်ပုံတွေ၊ ရိုးရာတွေယဉ်ကျေးမှုတွေကို အဓိကပြမထားဘဲ အပြင်မှာ မြင်ရနေကျမိသားစုတွေလိုမျိုး လက်တွေ့ကျကျ ချဉ်းကပ်ပြထားပါတယ်။အခုအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားတဲ့ ရာဂျက်စတန်နိုငံကို ရိုင်ဇင်းမျိုးနွယ်တွေက သက်ဦးဆံပိုင်စနစ်နဲ့ နောက်ဆုံးအုပ်ချုပ်ခဲ့ပါတယ်။ဒီနေ့ခေတ်အိန္ဒိယမှာတော့ သက်ဦးဆံပိုင်စနစ်မရှိတော့ပေမဲ့ ရိုင်ဇင်းမိသားစုဟာ တော်ဝင်မျိုးနွယ်တွေဖြစ်တဲ့အလျောက် နန်းတော်ကြီးနဲ့ တခမ်းတနား ချမ်းချမ်းသာသာနေနိုင်ဆဲပါပဲ။သူတို့ဟာ နန်းတော်ကြီးနဲ့နေရပေမဲ့ တကယ်တမ်းမှာတော့ ဒေဝါလီခံရမလိုဖြစ်နေတဲ့အတွက် နန်းတော်ကို ရောင်းဖို့ကြံနေရပြီး ဘုရင်ကြီးရိုင်ဇင်းကလည်း နောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်ပါတယ်။အဲဒီလိုဘုရင်ကြီးရဲ့နောက်ဆုံးအချိန်မှာ တစ်နေရာစီရောက်နေတဲ့ သားသမီးသုံးယောက် ပြန်ရောက်လာပြီး အဖေဖြစ်သူကိုတော့ စိတ်မပူဘဲ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကာ အမွေလုဖို့ကြိုးစားကြပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်ကြရမှာပါ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိသတ်တွေကို တစ်ပိုင်းချင်းဆွဲခေါ်သွားမှာမလို့ ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။File Size –700 MB (Appx;)@EpisodeQuality – ...
6
TMDb: 6/10 1 votes
tv
Kull: The Legacy of the Raisingghs (2025)
2025
Catch Your Luck (2025) 6.8
Catch Your Luck (2025) Catch Your Luck (2025)**********************အပိုင်းသစ် (၅၄)Channel Myanmar ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ မိသားစုဇာတ်လမ်းတွဲရှည်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေအနေနဲ့ကတော့ Son Chang-Min ၊ Sun Woo Jae Duk၊ Park Sang Myun ၊ Oh Young-Sil စတဲ့ဝါရင့်သရုပ်ဆောင်ကြီးတွေအပြင် Yeon Jae-Hyeong ၊ Lee So-Won တို့လိုလူငယ်သရုပ်ဆောင်လေးတွေပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း ~ **************** ဟန်မူချော (ခေါ်) K-Scrooge ဟာ ဒယ်ဝန်းအဆောက်အဦပိုင်ရှင်ဖြစ်ပြီး ငွေသည်သာ အရာရာလို့သတ်မှတ်ထားသူပါ။ မိသားစုထက် ငွေရှာရတာကိုပိုကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး ငွေကို ဒီထက်မကပို ရချင်ဇောနဲ့ ရှာရာကနေ တစ်နေ့မှာတော့ အလိမ်ခံလိုက်ရပါတော့တယ်...ဂင်ဒယ်ရှစ်ကတော့ ကျောင်းတုန်းက ဟန်မူချောနဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဟန်မူချောရဲ့အိမ်ငှားတစ်ယောက်သာ ဖြစ်နေပါတော့တယ်။ ဒယ်ဝန်းအဆောက်အအုံ ပထမထပ်မှာ မိန်းမဖြစ်သူနဲ့အတူ ကြက်ကြော်ဆိုင်ဖွင့်ထားပြီး ငွေမရှိပေမဲ့ မိသားစုအပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူပါ။အီဒင်းအိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်ဖြစ်တဲ့ ချွဲဂယူထယ်ကတော့ ဟန်မူချော ,ဂင်ဒယ်ရှစ်တို့နဲ့ သူငယ်ချင်းဖြစ်ပြီး VIP ဖောက်သည်ဖြစ်တဲ့ ဟန်မူချောအပေါ် ...
6.8
TMDb: 6.8/10 258 votes
tv
Catch Your Luck (2025)
2025
Queen’s House (2025) 8.9
Queen’s House (2025) Queen's House (2025)**********************အပိုင်းသစ် (၄၇) လက်စားချေရင်း လောင်မြိုက်ရတဲ့ ဇာတ်လမ်းရှည်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်Seo Joon Young, Ham Eun Jung, Park Yoon Jae., Lee ga Ryeong တို့ အဓိကပါဝင်ထားတဲ့ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -YL လုပ်ငန်းစု ဒီဇိုင်းအဖွဲ့မှာ အငယ်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂန်ဂျယ်အင်း (Ham Eun Jung) ဟာYL လုပ်ငန်းစုရဲ့ ဒါရိုက်တာအဖြစ် လုပ်ကိုင်နေတဲ့ ဟွမ်ဂီချန်း (Hwang Gi Chan) နဲ့ အိမ်ထောင်ပြုပြီးသာယာတဲ့ မိသားစုဘဝလေး တည်ထောင်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကုန်ဆုံးနေသူတစ်ဦးပါ။ဂန်ဂျယ်အင်းဟာ ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာပြီး လိုလေသေးမရှိအောင် ပြည့်စုံနေတဲ့သူမရဲ့ဘဝကို အားလုံးက အားကျနေရသော်လည်း ရည်မှန်းချက်ကြီးမားလွန်းတဲ့ ခင်ပွန်းဖြစ်သူဟွမ်ဂီချန်းနဲ့မတူဘဲ သာမန်ရိုးရှင်းတဲ့ဘဝကို လိုလားနေသူတစ်ဦးဖြစ်ပေမဲ့လည်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုက အများက အားကျနေရတဲ့ သူမရဲ့ ...
8.9
TMDb: 8.9/10 298 votes
tv
Queen’s House (2025)
2025
(18+) Utha Patak (2024)
(18+) Utha Patak (2024) Utha Patak 2024 ********************** ကဲ အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ Utha Patak ဆိုတဲ့ ဆယ့်ရှစ်ယောက်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကားကိုတော့Ulluက တင်ဆက်ပေးထားတာဖြစ်ပြီး ဇာတ်လမ်းတပိုင်းကို Story တစ်ခုစီအနေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်း သဘောကို အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်တော့ Utha Patak ဆိုတဲ့ စာအုပ်တစ်အုပ် ရှိပါသတဲ့။ မြန်မာလို ပြောရရင်တော့ "မူစကူဒူး"ပေါ့။အဲဒီ မူစကူဒူးစာအုပ်ကို ကောက်ရတဲ့ သူတိုင်းဟာ သူတို့ရဲ့ လက်တွေ့ဘဝမှာ မခံစားနိုင်တဲ့ မခံစားခဲ့ရတဲ့ ဘဝမျိုးကို ရေးထားတဲ့အတွက် စာအုပ်ကို ဖတ်ပြီးရင်စာအုပ်ထဲဝင်ရောက် ရှင်သန်မိသလို စွဲလမ်းမိသွားကြတာပေါ့။ဘယ်လိုလူတွေက စာအုပ်ကောက်ရပြီး ဘယ်သူတွေနဲ့ဘယ်လိုဒူးကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲကိုယ်တိုင်ဝင်ရောက်ခံစားရင်း အားပေးကြပါဦးလို့ ...ဘာသာပျံသူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။File Size – 400 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 25minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
(18+) Utha Patak (2024)
2024
Hunter with a Scalpel (2025) 8.8
Hunter with a Scalpel (2025) Hunter with a Scalpel (2025) *****************************အပိုင်းသစ် (၁၁)ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာတော့ "Dear Hyeri, The Secret Romantic Guesthouse"စတဲ့ ဇာတ်ကားတွေမှ မင်းသား Kang Hoon, "Perfect Family, Mouse"စတဲ့ ဇာတ်ကားတွေမှ မင်းသမီး Park Ju Hyun နဲ့ မင်းသားကြီး Park Yong Woo တို့က အဓိကပါဝင်ထားပါတယ် ..ဇာတ်လမ်းကတော့ **************ဆောဆယ်ဟျွန်း (Park Ju Hyun)ဟာ သူမရဲ့ထူးခြားတဲ့ အလောင်းခွဲစိတ်စွမ်းရည်နဲ့ အမှုသေတွေကို ဖြေရှင်းနိုင်တာကြောင့် လူသိများပြီး ထက်မြက်တဲ့ မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒပညာရှင်ဖြစ်ပေမဲ့..လူမှုဆက်ဆံရေးမှာတော့ အေးတိအေးစက်နိုင်သူပဲဖြစ်ပါတယ်။တစ်နေ့မှာ သူမဟာ အလောင်းတစ်ခုကို ခွဲစိတ်စစ်ဆေးနေစဉ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ က သေဆုံးသွားပြီလို့ထင်ထားတဲ့ ကွင်းဆက်လူသတ်သမားဖြစ်တဲ့ သူမအဖေ ယွန်းဂျိုဂယွန်း (Park Yong Woo)ရဲ့ လူသတ်တဲ့နည်းလမ်း လက္ခဏာတွေကို အဲဒီအလောင်းမှာ တွေ့လိုက်ရပါတယ်။ဒါကြောင့် ရဲတွေထက်အရင် သူမအဖေကို ရှာဖွေနိုင်ဖို့ ကြိုးစားပါတော့တယ်..ဂျောင်ဂျောင်ဟျွန်း(Kang ...
8.8
TMDb: 8.8/10 592 votes
tv
Hunter with a Scalpel (2025)
2025
A Woman Who Swallowed the Sun (2025) 7.8
A Woman Who Swallowed the Sun (2025) A Woman Who Swallowed the Sun (2025) ***********************************အပိုင်းသစ် (၁၇)မိသားစုကိုရီးယားဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတဲ့အတွက် ဒီတစ်ခါမှာတော့ a woman who swallowed the Sun ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးကို channel myanmar ကတင်ဆက်ပေးလိုက်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ဘဲ့ဆောဟီး(Jang Shin-Young)ကတော့ သမီးဖြစ်သူကို တစ်ယောက်တည်း တောက်တောက်ပပနဲ့ ကောင်းကောင်းမွန်မွန် ပျိုးထောင်နေတဲ့ single mother တစ်ယောက်ပါ ..စားသောက်ဆိုင်ငယ်လေးကို လည်ပတ်ရင်း သာမန်ဘဝမှာရှင်သန်နေပေမဲ့ သမီးဖြစ်သူနဲ့ ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ် ..ဒါပေမဲ့တစ်ရက်မှာ သမီးဖြစ်သူက ပြစ်မှုတစ်ခုရဲ့ နစ်နာသူဖြစ်လာခဲ့ပြီးနောက်မှာတော့ ဘဲ့ဆောဟီးရဲ့ဘဝက ရုတ်တရက်ပဲ ပြောင်းလဲသွားခဲ့တယ် ..အေးအေးဆေးဆေးရှင်သန်လာခဲ့တဲ့ ဘဝကနေ သမီးဖြစ်သူကို နစ်နာအောင်လုပ်ခဲ့တဲ့သူတွေကို လက်စားချေဖို့ ကြိုးပမ်းမှုတွေ စတင်လာခဲ့တယ် ..စိတ်ဓာတ်သန်မာတဲ့ single mother တစ်ယောက်ဖြစ်တဲ့ ဘဲ့ဆောဟီးအကြောင်းကို ဘယ်လိုတွေပုံဖော်ထားမလဲဆိုတာကို တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ပတ်ကို ၅ ပိုင်း တင်ဆက်သွားပေးမှာဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော် .. ။ (အညွှန်းကို Vanessa မှ ...
7.8
TMDb: 7.8/10 481 votes
tv
A Woman Who Swallowed the Sun (2025)
2025
Head Over Heels (2025) 9
Head Over Heels (2025) Head Over Heels (2025)***********************အပိုင်းသစ် (၄) The Trauma Code: Heores on Call, The Tale of Lady Ok, Mercy for None တို့မှာပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ထဲကိုရောက်လာခဲ့တဲ့ ကိုလူချောလေး “Choo Yeong Woo” နဲ့Hospital Playlist, The Matchmakers, All of Us Are Dead စတဲ့ နာမည်ကြီးကားတွေရဲ့အလှပဂေးလေး “Cho Yi Hyun” တို့ရဲ့ Fantsy-Romance ကားသစ်လေးရပါပြီ။အထက်တန်းကျောင်းသူလေး “ဘတ်ဆောင်းအာ” က အများအမြင်မှာတော့ သာမန်အထက်တန်းကျောင်းသူလေးဆိုပေမဲ့ ညဘက်တွေမှာ နတ်ဆရာမအဖြစ်လုပ်ကိုင်လျက်ရှိတဲ့ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်လေးပါ။ “ဆောင်းအာ” က သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက်ညဘက်အလုပ်လုပ်တဲ့အခါ မျက်နှာရဲ့ တချို့တစ်ဝက်ကို ဖုံးကွယ်ထားလေ့ရှိတယ်။“နတ်သမီးလေး ချွန်းဂျီ” လို့ နာမည်ကြီးပြီး အနာဂတ်အကြောင်း, ကံကြမ္မာအကြောင်း,ကျန်းမာရေးနဲ့ တခြားကိစ္စတွေကို ...
9
TMDb: 9/10 109 votes
tv
Head Over Heels (2025)
2025
Summer Pockets (2025) 7
Summer Pockets (2025) Summer Pockets (2025)IMDB - 6.8/10, MyAnimeList - 7.3/10ဒီစီးရီးလေးကတော့ Anime ကိုမှ ရိုမန့်ဆန်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့သူတွေအတွက်သဘောကျစေမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နွေရာသီအားလပ်ရက်မှာTorishirojima ကျွန်းကို Hairi ဆိုတဲ့ကောင်လေး သွားရောက်နေတာကနေ အစပျိုးထားပါတယ်။Hairi ဟာ သူ့ကိုယ်သူ ဒဏ်ရာရနေတဲ့ငှက်ကလေးတစ်ကောင်လို့ ခံစားနေရတာပါ။သူကသူ့အဖွားဆုံးပါးသွားတာ‌ကြောင့် ကျန်ရှိခဲ့တဲ့ပစ္စည်းတွေကို စီမံရာမှာ ကူညီပေးဖို့အတွက်သူ့အဒေါ် Kyouko ဆီ သွားတာပါ။ အဲဒီမှာ သူ့အဒေါ်နဲ့အတူတူ နေနေတဲ့ Umi ဆိုတဲ့ကောင်မလေးတစ်ယောက်လည်း ရှိနေပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကျွန်းပေါ်မှာလျှောက်ပတ်ကြည့်ရင်း လူငယ်အဖွဲ့အစည်းဆိုတဲ့ အဖွဲ့တစ်ခုနဲ့ပေါင်းမိသွားပါတယ်။Hairi တစ်ယောက်လည်း ဒီကျွန်းကိုရောက်လာပြီးနောက်ပိုင်း ကလေးဘဝကပျော်စရာအမှတ်တရတွေကို ပြန်လည်သတိရလာပြီး ကျွန်းလေးကို နှစ်သက်လာပါတယ်။ ဒီလိုနဲ့မပြန်သေးပဲ ဆက်နေရင်း နွေပိတ်ရက်အားလပ်ရက်ဆိုတာကို မေ့လျောနေတဲ့ ကောင်မလေးရယ်ကျွန်းပေါ်က ဒဏ္ဍာရီပုံပြင်တွေကို ရှာဖွေနေတဲ့ကောင်မလေးရယ် ပင်လယ်ဓားပြသင်္ဘောတစ်စီးကိုလိုက်ရှာနေတဲ့ အထက်တန်းစားကောင်မလေးတစ်ယောက်ရယ် ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေနေတဲ့ကောင်မလေးရယ် စသဖြင့် ဒီကောင်မလေး ...
7
TMDb: 7/10 5 votes
tv
Summer Pockets (2025)
2025
DEMON LORD 2099 (2024) 8
DEMON LORD 2099 (2024) Demon Lord 2099 (2024) ------------------------------ IMDb-6.9/10, Myanimelist-7.5/10ဒီ Anime ကတော့ Light Novel ကနေ Anime ပြန်ရိုက်ထားတာပါ။ Plot ကတော့လွန်ခဲ့တဲ့ ဟိုးခုနှစ်တွေတုန်းက Velto ဆိုတဲ့ နတ်ဆိုးဘုရင်အုပ်ချုပ်တဲ့ မသေမျိုးတွေနဲ့သူရဲကောင်း Garm တို့သေမျိုးတွေအုပ်စုဟာ စစ်မက်ဖြစ်ကြရင်း ‌မသေမျိုးတွေကျရှုံးသွားပြီးVelto လည်း အနှစ် ၅၀၀ တိုင် အိပ်စက်သွားရပါတယ်။ သူပြန်နိုးထလာတဲ့အချိန်မှာကမ္ဘာကြီးက သူအုပ်ချုပ်ခဲ့စဉ်ကလိုမဟုတ်ဘဲ လူတွေနေတဲ့ကမ္ဘာနဲ့ မသေမျိူးတွေနေတဲ့ကမ္ဘာပေါင်းစပ်သွားပြီး ခေတ်လွန်ကမ္ဘာဖြစ်နေပါတယ်။ ၂၀၉၉ ခုနှစ်ကိုရောက်နေပြီးလူတွေက မှော်ပညာနဲ့ စက်ပစ္စည်းတွေကို တွင်ကျယ်စွာပေါင်းစပ်အသုံးပြုလာကြတယ်။ကမ္ဘာကြီးကို သိမ်းပိုက်မယ်လို့ကြွေးကြော်နေတဲ့ Velto တစ်ယောက် သူ့ရဲ့ယခင်ကလက်အောက်ခံ အမတ်ခြောက်ယောက်လည်း အကွဲကွဲအပြဲပြဲနဲ့ သေတဲ့သူကသေသစ္စာဖောက်တဲ့သူကဖောက်၊ အစွမ်း‌တွေလဲပျောက်၊ အလုပ်လဲမရှိနဲ့ ဒီကမ္ဘာကြီးနဲ့အံဝင်ခွင်ကျဖြစ်ဖို့ကြိုးစားရပါတော့တယ်။ ဒီလိုနဲ့ နတ်ဆိုးဘုရင်လည်း ဘေးနားကလူမြောက်ပေးတာနဲ့ Streamer ဖြစ်သွားလေသတည်း။ သူ့ကိုသစ္စာဖောက်သွားတဲ့မသေမျိူးMarcusu က‌တော့ စက်ဆုပ်တဲ့အကြံဖြစ်တဲ့ မသေမျိူးတွေကိုလောင်စာအဖြစ်သုံးမယ့်ပရောဂျက်ကြီးကို Velto တစ်ယောက်တားဆီးနိုင်မလား။ ပျောက်ဆုံးနေတဲ့စွမ်းအင်တွေကိုပြန်ယူနိုင်ပြီး ...
8
TMDb: 8/10 26 votes
tv
DEMON LORD 2099 (2024)
2024
My Hero Academia: Vigilantes (2025) 8
My Hero Academia: Vigilantes (2025)  IMDb Rating (8.2) My Hero Academia ရဲ့ Spin-off ဖြစ်တဲ့ Vigilante စီးရီးကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ MHA ပင်မဇာတ်လမ်းကြီး မဖြစ်ခင်အချိန်ကာလကို ဦးတည်ထားတာပါ။ အဲဒါကြောင့် သူတို့ကလွဲပြီး ကျန်တဲ့ All Might တို့ ဘာတို့ Pro Hero ကြီးတွေတော့ ပြန်ပါကြပါသေးတယ်။ အကယ်၍ MHA ကို မကြည့်ဘူးတဲ့ လူတွေအတွက်လည်း ကြည့်ရတာ အဆင်ပြေအောင် တစ်ချက်လောက် ရှင်းပြပါ့မယ်။ဇာတ်လမ်းတည်ထားတဲ့ကမ္ဘာကြီးမှာ လူသားတွေ ၈၀ ရာခိုင်နှုန်းလောက်က Quirk လို့ခေါ်တဲ့ ထူးဆန်းတဲ့အစွမ်းကိုယ်စီ ရှိနေကြပါပြီ။ အသုံးကျတာရှိသလို အသုံးမကျတဲ့အစွမ်းလည်း ရှိတာပေါ့။ ဒီတော့ အစွမ်းထက်တဲ့လူတွေကတော့ Hero ဆိုပြီး လိုင်စင်ယူပြီး လူထုအတွက် အကျိုးပြုသလို တချို့ကျတော့လည်း Villain ဖြစ်သွားကြတာပေါ့လေ။ဒီကားထဲမှာတော့ MC ရဲ့အစွမ်းက သောက်တလွဲပါ ...
8
TMDb: 8/10 1 votes
tv
My Hero Academia: Vigilantes (2025)
2025
Pho Cha Mae Yu Nai (aka) Dad, Where’s Mum? (2025) Season 1
Pho Cha Mae Yu Nai (aka) Dad, Where’s Mum? (2025) Season 1 "လွမ်းရပါသော မေမေ" ============== ဒီကားလေးကတော့ မိသားစုတစ်စုအပေါ်အခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အိမ်မက်တွေ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တဲ့ မိသားစုလေးတစ်စုဟာ တစ်နေ့မှာ ကံကြမ္မာဆိုးနဲ့ကြုံခဲ့ရပြီး တကွဲတပြားဖြစ်ခဲ့ရပါတယ်။သားလေးဖြစ်သူကို ဖခင်ဖြစ်သူကစောင့်ရှောက်ခဲ့ရပြီး ဖခင်ဖြစ်သူဟာလည်း မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သားငယ်ဖြစ်သူ အသက် ၉နှစ် အရွယ်ရောက်လာချိန်မှာ မိခင်အကြောင်း မေးခွန်းထုတ်လာခဲ့ပါတယ်။ သားဖြစ်သူက မိခင်ကိုအမြဲတမ်း သတိရလွမ်းဆွတ်ပြီး နေ့တိုင်းမေးနေတာကို မကြည့်ရက်တော့တဲ့အတွက် မျက်မမြင်ဖခင်ဟာ မိသားစုပြန်စုံစည်းနိုင်ဖို့မျှော်လင့်ရင်း သူ့သားငယ်နဲ့အတူ ဇနီးဖြစ်သူကိုလိုက်ရှာဖို့ စွန့်စားခဲ့ပါတယ်။မျက်မမြင်ဖခင် နဲ့ ၉နှစ်အရွယ်သားငယ်လေးတိုနှစ်ယောက် ဇနီး/မိခင် ကိုလိုက်ရှာရင်း အခက်အခဲတွေဘယ်လိုတောင့်ခံပြီး ဘယ်လိုကျော်ဖြတ်ကြတယ် ဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့....... File size…(1.1 GB)/(531 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:41:38 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by CM Team  Season 1  Episode 01 720p  -  Telegram/Yoteshin /gdtotEpisode 01 1080p  -  Yoteshin ...
Pho Cha Mae Yu Nai (aka) Dad, Where’s Mum? (2025) Season 1
Salon De Holmes (2025) 8.7
Salon De Holmes (2025) Salon de Holmes (2025)***********************အပိုင်းသစ် ‌(5)ကျွန်တော်တို့  CM ကနေ ယခုတစ်ခေါက်တော့ တခြားရုပ်ရှင်တွေနဲ့ မတူဘဲနည်းနည်းလေးကွဲပြားမဲ့ ဟာသဆန်ဆန် Action Mystery အမျိုးအစားလေးဖြစ်တဲ့Salon De Holmes ကိုတင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Sweet Home ထဲက မင်းသမီး Lee Si Young,Lovely Runner ကားထဲက  မင်းသမီးကြီး Jung Young Joo,The First Night with the Duke ကားထဲက မင်းသမီးကြီး Nam Gi Ae,Sistar အဖွဲ့ဝင် Kim Da Son တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း****************ဂွမ်ဆွန်း ဂျူဂုံးတိုက်ခန်းရဲ့ နေထိုင်သူခေါင်းဆောင် ဂုံးမီရီ (Lee Si Young) ဟာ သူမရဲ့ကျွမ်းကျင်လှတဲ့အရည်အချင်းနဲ့ အသေးစိတ်ကိုကအစ မှတ်မိနေတတ်သူပါ။တခြားသူတွေဆီကနေ လျစ်လျူရှုခံရ အိမ်အလုပ်တွေနဲ့ အပတ်မလည်သူတွေ ...
8.7
TMDb: 8.7/10 130 votes
tv
Salon De Holmes (2025)
2025
9 Years of You (2025) Season 1
9 Years of You (2025) Season 1 "၉နှစ်၉မိုး" (၂၀၂၅) ****************Friends to loversလေးတွေ ကြိုက်တဲ့သူတွေအတွက် ဒီ''၉နှစ်၉မိုး'' ဇာတ်ကားလေးမှာ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းနှစ်ယောက် ဒေါင်နဲ့ ရန်တို့က တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိပေမယ့် ကိုယ့်နှလုံးသားကိုယ်တော့ မသိခဲ့ကြပါဘူးဒေါင်က ရည်းစားနဲ့လမ်းခွဲချိန် တည့်တိုးမပြောတတ်သူမို့လို့ ရန်ကပဲ အမြဲလိုက်ကူညီပေးခဲ့ရပါတယ် ဘဝရဲ့ပြသာနာတွေ လောကဓံတွေ ကြုံလာရချိန်မှာလည်း တစ်ယောက်အနားတစ်ယောက်ရှိနေပေးရင်း သူငယ်ချင်းလေးပါပဲကနေ သူငယ်ချင်းထက်ပိုလာခဲ့ကြတော့ သူတိုနှစ်ဦးရဲ့ ၉နှစ်တာ အချစ်ဇာတ်လမ်းလေးက happy endingလေး ဖြစ်သွားမလား.........သူငယ်ချင်းကိုမဆုံးရှုးချင်ရင် ရည်းစားမဖြစ်ကြသင့်ဘူးဆိုတဲ့ စကားရှိပေမယ့် ဒီ၉နှစ်တာ သံယောဇဉ်ကြီးကရော ရပ်တန့်သွားနိုင်မလားဆိုတာ ''၉နှစ်၉မိုး''ဇာတ်လမ်းလေးမှာ ကြည့်လိုက်ကြရအောင်........ File size…(1.1 GB)/(598 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:56:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lei Wuttyi Tun & Dao Season 1 Episode 01 720p  -  Telegram/Yoteshin ...
9 Years of You (2025) Season 1
2025
Reset (2025)
Reset (2025) ဘဝတစ်ကျော့ပြန် (၂၀၂၅)My Ambulance ဇာတ်ကားထဲမှာ အရံနေရာကနေ သရုပ်ဆောင်ကတည်းက ကြိုက်ခဲ့ရပြီး Fourever You ဇာတ်လမ်းထဲမှာလည်း ဆရာဝန်လေးနေရာနဲ့ အားလုံးရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသားလေး Pond Ponlawit Ketprapakorn နဲ့ ညှို့အားကောင်းတဲ့ မျက်ဝန်းပိုင်ရှင် Peterpan Tadsapon Wiwitawan တို့ရဲ့ BL စီးရီးလေး ထွက်ရှိလို့လာပါပြီ။အာမင်လို့ခေါ်တဲ့ သရုပ်ဆောင်မင်းသားဟာ အနုပညာအလုပ်ကို အရမ်းဝါသနာပါတဲ့အတွက် အရံပဲလုပ်ရလုပ်ရ သရုပ်ဆောင်ချင်တဲ့ဆိုတဲ့ စိတ်လေးတစ်ခုနဲ့ ကြိုးစားလာခဲ့တာ နောက်ဆုံးမှာ အောင်မြင်တယ်ဆိုတဲ့ အနေအထားတစ်ခုကိုရောက်လို့လာခဲ့ပါတော့တယ်။ သူလိုချင်တဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်တော့မယ်ဆိုတဲ့အချိန်မှာမှ အာမင်တစ်ယောက် ကွယ်လွန်အနိစ္စရောက်ခဲ့ရပါတယ်။ဒါပေမဲ့လည်း ဒီဇာတ်လမ်း ဒီမှာတင် အဆုံးမသတ်သေးဘဲ အာမင်တစ်ယောက် မအောင်မြင်ခင်အချိန်က အတိတ်ဘဝကို ပြန်လည်ရောက်ရှိကာ တီဒီလို့ခေါ်တဲ့ သူ့ပရိသတ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ အာမင်တစ်ယောက် သူ့ပရိသတ်ဖြစ်တဲ့ တီဒီ့အကူအညီနဲ့အတူ အရင်ကထက် ပိုပြီးကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ ကြိုးစားသွားမလဲ ....... အရင်က လုပ်ခဲ့မိတဲ့ အမှားတွေကို ပြုပြင်ရင်း ဘယ်လိုပုံစံနဲ့ လမ်းမှန်ပေါ်ရောက်အောင်လုပ်မလဲ ..... သူသေဆုံးခဲ့ရတဲ့ ...
Reset (2025)
2025
I Promise I Will Come Back (2025) 5
I Promise I Will Come Back (2025) ကတိသစ္စာဖြင့်နှောင်ဖွဲသော (၂၀၂၅)Mix language ထိုင်းblလေးတွေ အတော်လေးခေတ်စားလာတဲ့နောက်မှာ Wetvကနေ အသစ်ထွက်ရှိလာတဲ့ bl ဇာတ်ကားသစ်လေးကို CMပရိသတ်တို့အတွက် အခုပဲတင်ဆက်ပေးလိုက်ပါပြီ။ဒီတစ်ခါမှာတော့ ထိုင်ဝမ်သားဓာတ်ဆရာလေးနဲ့ ထိုင်းမြောက်ပိုင်းက ဧည့်လမ်းညွှန်ကောင်လေးတို့ရဲ့ ကလိကလိ chemistry ကို ရှုစားရမှာပါ။ထိုင်ဝမ်နိုင်ငံသား ဓာတ်ပုံဆရာလေး ဗစ်တာတစ်ယောက် နယ်လှည့်ဓာတ်ပုံရိုက်ရင်းနဲ့ ထိုင်းမြောက်ပိုင်းကို ရောက်လာတော့တာပေါ့။ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့်နဲ့ ဧည့်လမ်းညွှန်လေး တုန်တရယ်တစ်ယောက် ဗစ်တာကို မြို့တစ်ခွင် လိုက်ပြဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ လှည့်လည်ကြည့်ရှုကြရင်း ကမ္ဘာပတ်ဖို့ အင်္ဂလိပ်လိုကျွမ်းချင်တဲ့တုန်တရယ်နဲ့ ထိုင်းစကားကိုစူးစမ်းချင်တဲ့ ဗစ်တာတို့ကြား ရင်းနှီးမှုတွေပိုလာတဲ့အခါ...တစ်ဖက်က တုန်တရယ်နံဘေးမှာ သူငယ်ချင်းလို အစ်ကိုကြီးတစ်ယောက်လို အမြဲရှိနေတဲ့ အစ်ကိုနန်ကရိုင်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုဖြစ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Kim, CharOu, KHHZ, Dao, Chariya တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama Quality…. 1080p WEB-DL | 720p ...
5
TMDb: 5/10 3 votes
tv
I Promise I Will Come Back (2025)
2025
Debt of Love Honor (2025) Season 1
Debt of Love Honor (2025) Season 1 "ဂုဏ်သိက္ခာ နဲ့ ချစ်မေတ္တာ"(၂၀၂၅)နိရာအွန်ဆိုတဲ့ ပြောင်းဖူးခင်းပိုင်ရှင်က သူ့အစ်ကိုရဲ့အကြွေးတွေကြောင့် အိမ်ယာဆုံးရှုးရဆဲဆဲဖြစ်လိုနေပါတယ်ဒါကြောင့် အကြွေးချေဖိုအတွက် အိတ်က ဖွပ် ဆိုသူနဲ့လက်ထပ်ဖို ဖြစ်လာပါတော့တယ် အိတ်ကလည်း သူ့မှာ ချစ်သူရှိတဲ့အပြင် အွန်ကလည်း အိတ်ရဲ့အစ်ကိုနဲ့ချစ်သူတွေပါဒါပေမယ့် အွန်ရဲ့ချစ်သူက ညီဖြစ်သူနဲ့လက်ထပ်လိုက်ဖို ပြောလာရမှာတော့ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ ဒီနှစ်ဦးရဲ့အချစ်မပါတဲ့အိမ်ထောင်ရေးက ဘယ်လိုတွေအခက်အခဲကြုံရဦးမလဲဆိုတာကိုတော့ "ဂုဏ်သိက္ခာနဲ့ချစ်မေတ္တာ" ဇာတ်လမ်းထဲမှာ ကြည့်ရှူရအောင်ပါFile size…(980 Mb)/(420 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:44:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Lei Wutyi Tun Season 1 Episode 01 720p  -  Telegram/Yoteshin /gdtotEpisode 01 1080p  -  Yoteshin /gdtot Episode 02 720p  -  Telegram/Yoteshin /gdtotEpisode 02 1080p  -  ...
Debt of Love Honor (2025) Season 1
Thank You, Next (2024) 8
Thank You, Next (2024)   လေလာ ဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး သူ့ဦးလေးတည်ထောင်ထားတဲ့ Firm မှာအလုပ်လုပ်ပါတယ်။ မကြာသေးခင်ကမှ ရည်းစားနဲ့ပြတ်စဲထားပြီး အဲ့ဒီရည်းစားကိုဖြတ်ပြီးပြီးချင်း စိတ်ပြေလက်ပျောက်ထွက်ခဲ့တဲ့ အပန်းဖြေခရီးမှာ စားဖိုမှူးလူချောတစ်ယောက်နဲ့တွဲခုတ်ဖြစ်ခဲ့ပါသေးတယ်။ပြန်ရောက်ရောက်ချင်း သူကိုင်ရတဲ့အမှုက နာမည်ကျော်လူငယ်သန်းကြွယ်သူဌေးတစ်ဦးရဲ့ဇနီးနဲ့ကွာရှင်းပြတ်စဲမှုဖြစ်ပါတယ်။ အဲ့ဒီအမှုမှာသူက ဇနီးသည်ဘက်ကဆိုပေမယ့် တစ်ဖြည်းဖြည်းအမှုထဲမှာပါဝင်ပတ်သက်သူတွေနဲ့ ရင်းနှီးလာအကြောင်းသိလာချိန်မှာ သန်းကြွယ်သူဌေးလူချောနဲ့ သူဟာ ဘုဘောက်ကျရာကနေ ပြေလည်လာသလို၊ အချင်းချင်းနားလည်စပြုလာပါတယ်။တချိန်တည်းမှာပဲ ပြတ်စဲခဲ့တဲ့ ရည်းစားဟောင်းက ဇွဲမလျှော့သေးပဲအမြဲတမ်းအနားမှာရှိနေတဲ့အခါ လူချောသုံးယောက် လေလာတစ်ယောက် ဇာတ်လမ်းစတင်ပါတော့တယ်။ ဇာတ်လမ်းကို non linear ပုံစံနဲ့သွားထားပြီး ဇာတ်ရဲ့အဖွင့်ဟာ ဇာတ်သိမ်းဖြစ်နေတာကိုတွေ့ကြရပါလိမ့်မယ်။ အဲ့ဒါကိုဇာတ်ထဲမှာဖြည်းဖြည်းချင်း ဖြည်ချသွားတာပါ။ ဇာတ်ကိုလည်း လူ့မလိုင်အထက်တန်းလွှာတွေထဲမှာပဲ ဖွဲ့စည်းထားပြီး ပျော်စရာ အားကျစရာ သွားရည်ယိုစရာ လူနေမှုဘ၀တွေ ရှုခင်းလှလှတွေ အမိုက်စားဝတ်စုံတွေ မင်းသားမင်းသမီး ချောချောလှလှတွေကိုတစ်၀ကြီးငေးရမှာဖြစ်တဲ့အတွက် စိတ်ကူးယဉ်လို့လည်းကောင်းမှာပါ။ရှုစားကြည့်ကြပါ။ File size…(850 Mb)/(470 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….0o:45:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
8
TMDb: 8/10 17 votes
tv
Thank You, Next (2024)
2024
Hide & Sis (2025)
Hide & Sis (2025) လျှို့ဝှက်သော ညီအစ်မများ (၂၀၂၅)ကဲ အကုန်လုံးစောင့်မျှော်နေကြတဲ့ စောင့်ရကျိုးနပ်မယ့် Mystery, thriller , Drama အချိုးကျကျနဲ့ မင်းသား၊မင်းသမီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ခုကို GMM ကနေ ဒီနေ့မှ စတင်ပြီး ပြသတော့မှာပဲ ဖြစ်ပါတယ်။ညီအစ်မ လေးယောက်ရှိပေမယ့် အဖေ့အချစ်ဆုံး အဖေ့ အမွေအများဆုံးရထားတဲ့ အငယ်ဆုံး သမီးလေး အပန်းဖြေအိမ်ရဲ့ အမြင့်ဆုံးထပ်ကနေ ပြုတ်ကျပြီး ခန္ဓာကိုယ်က ချက်ချင်း ပျောက်သွားသောအခါ..အဲဒီညက အတူတူရှိနေခဲ့တဲ့ သူ့အစ်မ သုံးယောက်ကို သံသယဝင်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့အခါမှာဝောာ့ ..နောက်ဆုံး သူတို့သုံးယောက်ပဲ အချင်းချင်းယုံကြည်ဖို့ ကြိုးစားကြပြီး ငယ်ငယ်တုန်းက နေတဲ့အိမ်ကို ပြောင်း သူတို့ညီမ ပျောက်ဆုံးမှု နောက်ကွယ်က အကြောင်းအရာကို ရှာဖွေကြတဲ့အခါ..တူတူပုန်းတမ်းဆော့နေတဲ့ ညီမငယ်လေးကို ရှာတွေ့သွားမလား ? ဘာလို့ ညီမလေးက အကွက်ကျကျ စီစဉ်ပြီး သူတို့လက်ထဲ‌ကနေ ပြေးနေရတာလဲဆိုတာတွေကို ပဟေဠိပေါင်းများစွာနဲ့ ကြည့်ရှုသွားကြရမှာပါ။အညွှန်းကိုတော့ Firefly က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
Hide & Sis (2025)
2025
Created in China (2025)
Created in China (2025) 1990 ခုနှစ်ကုန်ခါနီး ဂျာမဏီမှာ ပညာသင်နေတဲ့ Liu Jun ဟာ သူ့ရဲ့မွေးရပ်မြေတုံးဟိုင်ကို ပြန်ရောက်လာခဲ့တယ်။ အချိန်ရေစီးကြောင်းအရ သူက ဖခင်ဖြစ်သူရဲ့စက်ပစ္စည်းစက်ရုံကို ခေတ်မီနည်းပညာနဲ့ တစ်ဖန်ဆန်းသစ်ဖို့ ဆုံးဖြတ်ခဲ့လေတယ်ပုဂ္ဂလိကပိုင်ဖြစ်နေတော့ လျို့ကျွင့်တစ်ယောက် ရင်းနှီးငွေ၊ အဆက်အသွယ်နဲ့နည်းပညာတွေ ရရှိဖို့ ရုန်းကန်ကြိုးစားခဲ့ရပမယ့် သူငယ်ချင်းဖြစ်သူ ချန်းဟုန်မင်ကအဲဒီခေတ်အခါက သွင်းကုန်နဲ့ အိမ်ခြံမြေလုပ်ငန်းမှာ အောင်မြင်နေလေတော့အချင်းချင်း ဖေးမနိုင်ခဲ့ကြတယ်၊ နည်းပညာကြောင့် ယန်ရွှင်နဲ့ ရင်းနှီးခဲ့သလိုကတောက်ကဆဖြစ်ခဲ့ရတယ်။ ကံကောင်းစွာနဲ့ တုံးဟိုင်ကုမ္ပဏီက စုန့်ယွင်ဟွေ့ကလျို့ကျွင့်ကို မျက်သာပေးခဲ့ပြီး ထန်ဖေးနည်းပညာပြန်လည်ထူ ထောင်ဖို့ ကျောထောက်နောက်ခံဖြစ်ပေးခဲ့တယ်ထူးချွန်တဲ့ အရည်အချင်းတွေနဲ့ လျို့ကျွင့်ဟာ နည်းပညာအခက်အခဲများကို ဖောက်ထွက်ရင်းပြည်တွင်းပတ်ဝန်းကျင်မှာ ရှင်သန်လာနိုင်ခဲ့တယ်။ ထန်ဖေးစက်ရုံကို ပြောင်းလဲဖို့ကြိုးစားရင်းနဲ့သူ့တန်းဖိုးသူသိလာလေတော့ သူ့စက်ရုံက တရုတ်စက်မှုလောကမှာ ထောက်တိုင်တစ်ခုဖြစ်လာလေတယ်ဒီကားမှာတော့ လျို့ကျွင့်အဖြစ် Zhang Xin Cheng နဲ့အတူ ချွေ့ပင်းပင်းအဖြစ် Song Zu'er တို့ကပါဝင်ထားတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်===================================Quality : WEB-DL 1080p , ...
Created in China (2025)
2025
Genres
Archives