Channel Myanmar

2021

Power Book III: Raising Kanan (2025) Season 4 8.3
Power Book III: Raising Kanan (2025) Season 4 Power Book III: Raising Kanan Season 4 (2025) IMDb - 7.7/10Courtney A. Kempရဲ့ Powerစီးရီးတွဲတွေထဲက အမေရိကန်ရပ်ပါ 50 Centရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Kananရဲ့ ငယ်ဘ၀ဇာတ်ကြောင်းပေါ့။ ထုံးစံအတိုင်း ရာဇဝတ်မှု၊ မိသားစု၊ အာဏာနဲ့ သစ္စာစောင့်သိမှုတွေကိုဗဟိုပြုထားတဲ့ ပါဝါစီးရီးတွဲတွေရဲ့အနှစ်သာရကို ခံစားရမှာပါပဲ။ပညာရေးမှာထူးချွန်တဲ့ ကေနန်တစ်ယောက် မိခင်ဖြစ်သူရဲ့ မူးယစ်ဆေးလောကထဲကို တဖြည်းဖြည်းရောက်ရှိလာခဲ့တယ်။ ပြိုင်ဘက်ဂိုဏ်းတွေနဲ့ ယှဉ်ပြိုင်ရတာတွေ၊ မိသားစုပြဿနာတွေရယ် နောင်တရစရာလုပ်ရပ်တွေရယ်နဲ့ ကေနန်တစ်ယောက် ရုန်းထွက်လို့မရဖြစ်လာခဲ့ရော။မိခင်ဖြစ်သူနဲ့ ခွာပြဲပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုထူထောင်ဖို့၊ တရားဥပဒေနဲ့ ရင်ဆိုင်ဖို့တွေရယ်နဲ့ ရင့်ကျက်လာတဲ့ ကေနန်ရဲ့ မူးယစ်ဆေးနယ်ပယ်ကြီးထဲမှာ ကြီးစိုးကျင်လည်ပုံကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်။)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB DLDuration –60 minute (@Episode)Total Episodes:10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, CrimeTranslator – VEncoder – YK  Episode ...
8.3
TMDb: 8.3/10 168 votes
tv

Power Book III: Raising Kanan (2025) Season 4

2021
The Nevers Season 1 (1-6) 2021 8.5
The Nevers Season 1 (1-6) 2021 သိပ္ပံစိတ်ကူးယဉ် အက်ရှင် စီးရီးတိုလေးတစ်ခု တင်ပေးချင်ပါတယ်။အပိုင်း (၆) ပိုင်းပဲ ပါပါတယ်။ IMDb 7.6 အထိ ရထားပါတယ်။ထုတ်လုပ်သူ၊ ဇာတ်ညွှန်းဆရာကတော့ Joss Whedon ပဲ ဖြစ်ပါတယ်။Joss ဆိုလို့ နှာခေါင်း ရှုံ့မသွားပါနဲ့ဦး။Justice League မှာ ပရိသတ်တွေ မကြိုက်ခဲ့ပေမယ့်သူ့လက်ရာ Avengers ရယ် Age of Ultron ကို ကြိုက်ခဲ့ကြတာ သတိရဦးမှာပါ။ဒါ့အပြင် စူပါဟီးရိုးဖန်တိုင်းကြိုက်တဲ့ Agents of Shield စီးရီးကလည်း သူ့လက်ရာပါပဲ။ဒီလောက်ဆို ဒီဘဲကြီးက Sci-fi action တွေမှာ စိတ်ချရတယ်ဆိုတာ သိမှာပါ။ဇာတ်လမ်းအကျဉ်းက ဒီလိုပါ...ဝိတိုရိယခေတ်လို့ ခေါ်တဲ့ 1837 နဲ့ 1901 ခုနှစ်ကြားကလန်ဒန်မြို့မှာ အခြေတည်ထားပါတယ်။မြို့ပေါ်ကနေ ထူးဆန်းတဲ့ အရာကြီးတစ်ခု ဖြတ်ပျံသွားပြီးအဲဒီအရာပေါ်ကနေ ကျလာတဲ့ မီးပွားလို အရာလေးတွေဟာလူပေါင်းများစွာကို ထိတွေ့မိခဲ့ပါတယ်။အဲဒီထဲက အချို့အမျိုးသမီးတွေဟာ စွမ်းအင်ကိုယ်စီ ထူးထူးဆန်းဆန်းရလာခဲ့တာပါပဲ။ဒီလိုစွမ်းအားတွေရှိနေတဲ့ ...
8.5
TMDb: 8.5/10 296 votes
tv

The Nevers Season 1 (1-6) 2021

2021
SurrealEstate (2021) Season 01 + 02 + 03 7.1
SurrealEstate (2021) Season 01 + 02 + 03 SurrealEstate (2021 - Present) S01 Complete ~ IMDb - 7.1/10, Rotten Tomatoes - 79% ~ 2021 မှာ စထုတ်လွှင့်ခဲ့ပြီး ဒီနှစ်မှာလည်း Season 2 ပြသနေဆဲ ဇာတ်လမ်းတွဲကောင်းပါပဲ။ ကောင်းတယ်ဆိုတာက ခင်ဗျား ဘယ်လိုအမျိုးအစားနဲ့ ယှဉ်လဲအပေါ်မူတည်ပါတယ်။ Sherlock တို့၊ Breaking Bad တို့လို တကယ့်ပါဖက်ရှင်နစ်ဖြစ်နေတဲ့ စီးရီးတွေနဲ့ ယှဉ်ရင်တော့ကောင်းတယ်ပြောဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ Supernatural တို့လို စီးရီးတွေနဲ့ ယှဉ်ရင်တော့ ကောင်းတယ်ပြောရပါမယ်။ Supernaturalကို ထည့်ပြောရတဲ့အကြောင်းရင်းကလည်း ဒီစီးရီးက Supernaturalဆန်နေလို့ပါပဲ။ သရဲလိုက်ရှာ သရဲဇစ်မြစ်ရှာ သရဲသတ် ဒါတွေပေါ့။ သရဲသတ်တယ်ဆိုတာထက် သရဲရဲ့မပြီးသတ်သေးတဲ့ကိစ္စတွေကို ရှင်းပေးပြီး နောက်ဘဝကူးနိုင်အောင် ကူညီပေးတယ်လို့ပါပြောရမလားပဲ။ ဒါပေမဲ့ မတူတာက သူက ပလိန်းကြီး လိုက်ရှာလိုက်ဖမ်း လိုက်သတ်နေတာတော့မဟုတ်ဘူး။ မင်းသားအလုပ်က အိမ်ပွဲစား။ အိမ်ပွဲစားဆိုပေမဲ့ ...
7.1
TMDb: 7.1/10 52 votes
tv

SurrealEstate (2021) Season 01 + 02 + 03

2021
The Wheel of Time (2021-2025) 9.7
The Wheel of Time (2021-2025) The Wheel of Time (2021-2025)Season 01/02/03 (complete)IMDb Rating (7.2) / Rotten Tomatoes (87%) အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။ ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်းစွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာအမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကိုအိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာမျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက်အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းကကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီးဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့ဒရက်ဂွန်ကပဲ ...
9.7
TMDb: 9.7/10 10 votes
tv

The Wheel of Time (2021-2025)

2021
Ghosts Season 1 (2021) +2 (2022) + 3 (2024) 7.9
Ghosts Season 1 (2021) +2 (2022) + 3 (2024) IMDb 7.3ဒီတစ်ခါတော့ ခြောက်လိုက်ရအောင်ပါ CM ပရိသတ်ကြီးတို့ 2021 Oct တုန်းကမှ ပူပူနွေးနွေး ထွက်ရှိထားပြီး နာမည်တူ British series ကနေ adaptation ယူထားတဲ့ sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။တစ်ခါက သရဲ ၈ ကောင် ရှိသဗျာ။ ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုးနဲ့ အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ သရဲ ၈ ကောင်ပါ။ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ် သူတို့ကတော့ မပြောင်းလဲပေါ့။တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူ ဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့ လင်မယား ရောက်ရှိပါတယ် ...ဒါကို အလိုမရှိတဲ့ သရဲ ၈ ကောင်ဟာ နည်းအမျိုးမျိုးနဲ့ သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ ကြိုးစားကြတော့မှာပဲ ...
7.9
TMDb: 7.9/10 11 votes
tv

Ghosts Season 1 (2021) +2 (2022) + 3 (2024)

2021
FBI: International (2021)
FBI: International (2021) IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိကထားထားတာပါ။Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေးစုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲတရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ...FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှုအောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBIစီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File size…(663 MB)/(384 MB) Quality….HEVC 1080p / 720p Format…mp4 Duration….00:52:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet/ SWM Translated by ...

FBI: International (2021)

2021
Dalgliesh (2021-2024) complete 6.42
Dalgliesh (2021-2024) complete   Dalgliesh (2021-2024)IMDb Rating (7.6) / Rotten Tomatoes (71%) ဒီစီးရီးဟာ P.D. James ရဲ့ ကျော်ကြားသော Adam Dalgliesh စာအုပ်ကို ပြန်ရိုက်ထားခြင်းဖြစ်ပြီး မင်သားကြီး Bertie Carvel က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်း၁၉၇၀ ခုနှစ်ကို ဇာတ်အိမ်တည်ထားပြီး တစ်ပိုင်းနှင့်တစ်ပိုင်း မတူညီတဲ့အမှုပေါင်းများစွာကို စိတ်ဝင်စားဖွယ် စုံစမ်းစစ်ဆေးဖော်ထုတ်မှာကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတို့ ကြည့်ရှုသင့်သည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(600 MB) / (300 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….00:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice, Senju===============================Season 01 (complete) Episode 1 720p  -  Yoteshin / Gdot ...
6.42
TMDb: 6.42/10 44 votes
tv

Dalgliesh (2021-2024) complete

2021
Marvel Studios Assembled (2021) Season 1 7.2
Marvel Studios Assembled (2021) Season 1  IMDb : 7.9 Rotten Tomatoes : 92% Genre : Documentaryဒီဇာတ်လမ်းတွဲလေးကတော့ Marvel ပရိသတ်တိုင်း ကြည့်သင့်တယ်လို့ထင်ပါတယ်။ Marvel ပရိသတ်တင်မဟုတ်ပဲ ရုပ်ရှင်ကိုလေ့လာနေတဲ့လူတွေလည်းကြည့်သင့်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Disney Plus မှာ လွှင့်ခဲ့တဲ့ Marvel Series တွေရဲ့နောက်ကွယ်က ဇာတ်လမ်းတွဲဖြစ်တည်လာပုံ၊ ဘယ်လိုမျိုးရိုက်ကူးခဲ့ရတယ်၊ နောက်ကွယ်ကအကြောင်းအရာတွေ၊ ဖန်တီးခဲ့ပုံ စသဖြင့် အလုံးစုံပြန်ချပြမှာဖြစ်ပါတယ်။Marvel Phase 4 စစချင်း WandaVision Series ကိုစတင်မိတ်ဆက်ခဲ့ပြီး သူ့နောက်မှာတော့ တခြားဇာတ်လမ်းတွဲနဲ့ Series တွေကပ်ပါလာခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲတွေကိုမှ ဒီ Series မှာ ပြန်ပြီးတော့ဖန်တီးခဲ့ရပုံ အစရှိသဖြင့် ပြန်ပြောင်းပြောပြမှာဖြစ်လို့ လက်လွှတ်မခံပဲကြည့်သင့်ပါတယ်။ File size…(1 GB)/(470 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:58:00 Genre... Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by ...
7.2
TMDb: 7.2/10 205 votes
tv

Marvel Studios Assembled (2021) Season 1

2021
The Sex Lives of College Girls Season 3 7.2
The Sex Lives of College Girls Season 3 The Sex Lives of College Girls [Season 3]Rating ကောင်းကောင်းနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ ပရမ်းပတာတွေ ဂယက်တွေကို တဝကြီး ပေးစွမ်းမဲ့ စီးရီးက စီစန် 3 ထပ်မံထွက်ရှိလာပါပြီဒီစီစန်မှာတော့ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ သူငယ်ချင်းမ လေးယောက်ဟာ ဒုတိယနှစ်ကျောင်းသူကြီးတွေ ဖြစ်သွားပါပြီ။ ရှေ့စီစန်မှာ ဘဲကိစ္စအရှုပ်အပွေတွေကြောင့် အုပ်စုကွဲမလိုကလည်း ဖြစ်နေသေးတာပါ။ကိုယ်စီပြဿနာတွေနဲ့ သူတို့လေးယောက် ဒီစီစန်မှာရော ဘယ်လိုတွေ ဂယက်ရိုက်ကြဦးမလဲဆိုတာ တစ်ပတ်ကိုတစ်ပိုင်း စောင့်ကြည့်ပေးသွားပါဦး။ File Size – 900 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –37 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Jae JaeEncoder – YK   Episode 1 - Yoteshin ...
7.2
TMDb: 7.2/10 307 votes
tv

The Sex Lives of College Girls Season 3

2021
NCIS: Hawai’i (2021) Season 1+2+3 Complete 7.862
NCIS: Hawai’i (2021) Season 1+2+3 Complete NCIS Hawai’i (2021) IMDb 6.8/10ဒီတစ်ခေါက်စီးရီးလေးကတော့ 2021 ခုနှစ်ကထွက်ရှိထားတဲ့ crime action အမျိုးအစား စီးရီးဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး season 3ခုထွက်ရှိမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းNCIS လို့ခေါ်တဲ့ ရေကြောင်းရာဇဝတ် စုံစမ်းထောက်လှမ်းရေးက အထူးအေးဂျင့်အဖွဲ့ကို ဂျိန်းတန်းနန့်က ဦးဆောင်ပြီး ရာဇဝတ်မှုတွေကို စိတ်ဝင်စားဖွယ် ဝိုင်းဝန်းဖြေရှင်း ထောက်လှမ်းကြတဲ့ စီးရီးပဲဖြစ်ပါတယ်။ဂျန်းတန်းနန့်ဆိုတဲ့ ခေါင်းဆောင်အမျိုးသမီးဟာ အမှန်တရားအတွက် လုပ်သင့်လိုက်ထိုက်တာ အားလုံးလုပ်တတ်သူဖြစ်ပြီး လက်အောက်ငယ်သားတွေအပေါ်လည်း အတော်လေးကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ပါ၊ ကလေး၂ယောက်မိခင်ဖြစ်ပြီး လုပ်ငန်းပေါ်မှာရော မိသားစုအပေါ်ပါ တာဝန်ကျေအောင် ကြိုးစားနေတဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။သူတို့ရဲ့ NCIS အဖွဲ့သားတွေက Hawaii ကျွန်းပေါ်မှာ ကြုံတွေ့လာမယ့် အမှုအခင်းတွေကို ဘယ်လိုစိတ်ဝင်စားဖွယ် အတူဖြေရှင်းကြမလဲဆိုတာ ရင်ခုန်ရင်းကြည့်ရှုနိုင်မယ့် စီးရီးလေးပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်။)File Size – 850 MB(Appx;)@EpisodeQuality – 1080p WEB DLDuration –45 minute (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime~DramaTranslator – CM TeamEncoder – YK  Season 1 Episode ...
7.862
TMDb: 7.862/10 282 votes
tv

NCIS: Hawai’i (2021) Season 1+2+3 Complete

2021
Squid Game (2021) Season-1 7.8
Squid Game (2021) Season-1 Squid Game (2021) 4K in CM AppSquid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့် Survival Game ပဲ ဖြစ်ပါတယ်။ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။ သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့ သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့ လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့ နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။ သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ ...
7.8
TMDb: 7.8/10 13974 votes
tv

Squid Game (2021) Season-1

2021
Superman & Lois Season 1+2+3 (2021-2022) 8.3
Superman & Lois Season 1+2+3 (2021-2022) မထင်မှတ်ထားပဲ ဇာတ်လမ်းကောင်းကောင်းနဲ့ CGI တွေရိုက်ချက်တွေကောင်းကောင်းနဲ့ထွက်လာခဲ့တဲ့ စူပါမန်းစီးရီးဟာ season 3 ဆက်ထွက်လို့လာပါပြီ။အက်ရှင်တွေဟာလည်းပိုပိုမိုက်လာပါတယ်။ DCEU စူပါမန်းရဲ့အရသာကို လွမ်းနေသူတွေအဖို့တော့ တကယ်ကိုကျေနပ်အားရစေမှာပါ။စူပါမန်းဟာ ပျက်စီးသွားတဲ့ fortress of solitude အစား နေရာအသစ်မှာ fortress အသစ်ဆောက်လိုက်ပြီး ဒီတစ်ခါတော့ သူတစ်ယောက်တည်းအတွက်မဟုတ်ပဲ တစ်မိသားစုလုံးအတွက်ဖြစ်ပါတယ်။သူ့အစွမ်းတွေအမွေရထားတဲ့သားဂျော်ဒန်ကို အပျံျံနဲ့ အတိုက်ုက်အခိုက်တွေလေ့ကျင့်ပေးနေပြီမို့ ဒီseasonမှာ ဂျော်ဒန်ကို စူပါမန်းရဲ့ရော်ဘင်အနေနဲ့မြင်ရဖို့ မျှော်လင့့်လို့ရပါတယ်။comic ထဲက သံဝတ်စုံနဲ့စူပါမန်း steel ကိုကိုယ်စားပြုတဲ့ ဂျွန်ဟင်နရီီအိုင်းယွန်းဟာ လက်ရှိကမ္ဘာကသူ့ရဲ့ပုံတူကိုသတ်ခဲ့တဲ့တရားခံကို စုံစမ်းနေပါတယ်။လူးဝစ်လိန်းကလည်း ကလေးနောက်တစ်ယောက်ရှိနေပြီလို့ထင်ရတဲ့ လက္ခဏာတွေတွေ့နေပါတယ်။စမောဗီးလ်မြို့မှာ စူပါမန်းနဲ့လူးဝစ်တို့ရဲ့ မိသားစုကိစ္စတွေကိုလည်း Smallville စီးရီးက vibe နဲ့ မြင်တွေ့ရဦးမှာပါ။comic တွေထဲမှာ စူပါမန်းမရင်ဆိုင်ဖူးသေးတဲ့Green arrow နဲ့ Batman တို့ရဲ့ villain တစ်ယောက်လည်း ပါလာမယ့်အပြင် လက်စ်လူသာလည်း ပါလာမှာဖြစ်တဲ့အတွက် ဇာတ်ကောင်စုံစုံလင်လင်တွေ့ရမယ့်ဒီseason ကို ရူစားကြပါတော့....File size…800 ...
8.3
TMDb: 8.3/10 964 votes
tv

Superman & Lois Season 1+2+3 (2021-2022)

2021
Whitstable Pearl Season 1+2+3 6.6
Whitstable Pearl Season 1+2+3 Whistable Pearl Season 1 IMDB – 7.1/10အင်္ဂလန်ရဲ့ ပင်လယ်ကမ်းစပ်ဘေးက နယ်မြို့လေးပေါ် အခြေခံပြီး အေးအေးဆေးဆေးနဲ့ စီးမြောခံစားနိုင်မယ့် စုံထောက်ဒရမ်မာ စီးရီးလေးတစ်ခု ဖြစ်ပါတယ်။ဒေသခံ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ပါးရ်နိုလန်က ငယ်စဉ်ဘဝတုန်းက ရဲသားတစ်ဦး ဖြစ်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာ စားသောက်ဆိုင်က တစ်ဖက် အလွတ်စုံထောက်လို သဘောမျိုးကလည်း တစ်ဖက် လုပ်ကိုင်နေသူတစ်ယောက်ပါ။အဲဒီအချိန်မှာပဲ သူတို့ မြိုကလေးမှာ သူချစ်ခင်ရတဲ့ မိတ်ဆွေတစ်ဦး သေဆုံးခဲ့ပါတော့တယ်။ စုံစမ်းကြတဲ့ ရဲတွေကလည်း မတော်မဆသေတာပဲဆိုပြီး အမှုပိတ်ချင်ကြတဲ့အချိန် စုံထောက်သွေးပါတဲ့ ပါးရ်နိုလန်တစ်ယောက် လန်ဒန်မြို့ကနေ တာဝန်ကျလာတဲ့ စိတ်ဖိစီးမှု ဝေဒနာတွေနဲ့ Introvert စုံထောက်ဖြစ်တဲ့ မိုက်ခ်နဲ့ ပူးပေါင်းမိပြီး ဒီအမှုအပြင် ဒီမြို့လေးရဲ့ တခြားအမှုတွေကိုပါ နှစ်ယောက်သား ဘယ်လို ဖြေရှင်းသွားကြမလဲ၊ နှစ်ယောက်လုံးက ကိုယ်စီမိသားစုဘဝ လက်တွေ့ဘဝမှာ ဘယ်လိုအဆင်ပြေအောင် နေထိုင်သွားကြမလဲ စသဖြင့် ဒရမ်မာလေးတွေ စုံထောက်ဆန်ဆန် အမှုလိုက်တာတွေကို ပုံဖော်ထားတဲ့ အင်္ဂလိပ် စီးရီးလေးတစ်ခုပဲ ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)File Size –800MB (Appx;)@EpisodeQuality – 1080p WEB DLDuration –48minute (@Episode)Total Episodes:6Eps ...
6.6
TMDb: 6.6/10 32 votes
tv

Whitstable Pearl Season 1+2+3

2021
Arcane(2021) 9.7
Arcane(2021) နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကိုပရိသတ်တော်တော်များများ သိကြမှာပါ... ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်...ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ...ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်...အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်...ဒါကတော့ အခုတင်ဆက်ပေးမယ့် 'Arcane' ဆိုတဲ့ စီးရီးပါ... LOL အခြေတည်ရာကမ္ဘာကတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်... ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ...ဒီ universe ကြီးကို ...
9.7
TMDb: 9.7/10 6 votes
tv

Arcane(2021)

2021
Happy End (2021) Complete 6.577
Happy End (2021) Complete Happy End (2021) စီးရီးဟာ ရုရှား Adult ပညာပေးစီးရီးတစ်ခုဖြစ်ပြီး အပိုင်း (၈) ပိုင်းထုတ်လွှင့်ခဲ့ပါတယ်။ ရုရှားဆိုတဲ့အတိုင်း အဖော်အချွတ်တွေကို လိုအပ်သလိုအသုံးပြုထားတာကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့စီးရီးလဲဖြစ်ပါတယ်။တွေ့ကရာယောက်ျားနဲ့ပလူး၊ ငွေပေးရင် ငါ့ရဲ့ တစ်ညတာလင်လို့သက်မှတ်ကြသူ ပြည့်တန်ဆာတွေရဲ့နှလုံးသားက အခေါင်းပေါက်သက်သက်ပဲလား။ အသွေးအသားဈေးကွက်ကို ဖော်ထုတ်အမြတ်ယူ၊ မိန်းမလှလေးတွေ အပျိုရည်ပျက်မှ ထမင်းစားရတဲ့သူဌေးမင်းကြီးကို လူကြီးလူကောင်းလို့ပြောကြတဲ့ လူကုံတံအသိုင်းအဝန်းဆိုတာလည်းရှိရဲ့။မိန်းမတစ်ယောက်ဟာ သူ့မိန်းမလိင်အင်္ဂါဇာတ်နဲ့ ငွေကြေးယူ အသက်မွေးခြင်းက လူ့အသိုင်းအဝန်းမှာ ရှက်ဖွယ်လိလိ အော့နှလုံးနာစရာဖြစ်ပေမဲ့လို့ အချိန်တန် သူ့ပေါင်ကြားထဲဝင် အာသာနဲ့တဏှာကိုဖြေဖျောက်ကြတဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျားတွေဟာလည်း ရှက်စရာလို့ တွေးကြသူတွေ နည်းပါးလှပါတယ်။တစ်ချိန်က ရုရှားတို့ပြည်မှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရှိသတဲ့။ သူက webcam လို့ခေါ်တဲ့ ကင်မရာရှေ့မှာ လူလုံးပြ၊ ငွေကြေးနဲ့ ပြန်လှန်လဲလှယ်လို့ရတဲ့ တိုကင်လေးတွေများများပေးတဲ့သူရှိရင် သူ့အကြိုက်လိုက်ပြီး ဖော်ပြ၊ ပွတ်ပြ၊ ကုန်းပြရတဲ့သူလေး။ ကင်မရာမင်းသမီးလေးပေါ့။ဒီတော့ မိန်းမလှလေးတွေကို ပိုက်ဆံပေးပြီး ကိုယ်ခိုင်းတာလုပ်ပြနေတာကို တီဗီကနေ ကြည့်ရတာသဘောကျတဲ့၊ အတွေ့ထက် အငွေ့ကို ပိုသဘောကျတဲ့ လူကြီးမင်းတွေရှိနေသရွေ့တော့ ကင်မရာမင်းသမီးလေးတွေဟာ ဝင်ငွေကောင်းတယ်။ တကယ်ကြီး လိင်ဆက်ဆံစရာမလိုဘဲ ပိုက်ဆံရတဲ့သူလေးတွေ။ ...
6.577
TMDb: 6.577/10 26 votes
tv

Happy End (2021) Complete

2021
Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024) 10
Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024)  ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ် လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။ မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ ကြည့်ကြည့်လိုက်ပါ။ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာ ထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ် ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီး မြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ် မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာ ထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီး ဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေ အာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဥပဒေကို လိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်. တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လို အကူညီတောင်းတာကို လုပ်ပေးရင်းနဲ့ ...
10
TMDb: 10/10 2 votes
tv

Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024)

2021
Marvel’s Hit-Monkey (2021) S1 + S2 8.4
Marvel’s Hit-Monkey (2021) S1 + S2 Marvel's Hit-Monkey (2021)====================IMDb Rating - 8.4/10Hulu ကနေ မာဗယ်ကာတွန်းတစ်ခုကို တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ခေါင်းစဉ်အတိုင်းပါပဲ။ မျောက်လူသတ်သမားပါ။ဆရာမျောက်ဟာ အစတုန်းကတော့ တောအုပ်ကြီးထဲက မျောက်အုပ်ထဲက ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်သက်သက်ပါပဲ။ဒါပေမဲ့ သူတို့ဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို ကယ်တင်လိုက်မိပြီးနောက်မှာသူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ ရလာပါတယ်။ လူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့်သူ့ရဲ့ ဆွေမျိုးမျောက်တွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီတာဝန်ကိုခိုင်းလိုက်တဲ့လူတွေကို ရေဆုံးမြေဆုံးကလဲ့စားချေဖို့ သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတော့တယ်။ မာဗယ်ကာတွန်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့အထာကျကျ ရိုက်ကူးထားတာမို့ အတော်လေးကြည့်လို့ကောင်းမှာ သေချာပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူကတော့  CM Team မှဖြစ်ပါတယ်။)  Season 2 File size…(367 MB)/(211 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:27:00 Genre...Action, Adventure, Animation  Subtitle….Myanmar Subtitle ...
8.4
TMDb: 8.4/10 1200 votes
tv

Marvel’s Hit-Monkey (2021) S1 + S2

2021
Resident Alien (2021)S1 + S2+S3 8.1
Resident Alien (2021)S1 + S2+S3   ဂြိုလ်သားကား ဆို အပစ်အခတ် အထိုးအကြိတ်တွေချည်း ကြည့်ရတာ ငြီးငွေ့နေသူများအတွက် ဆန်းသစ်တဲ့ ဂြိုလ်သားကား ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်လိုက်ပါတယ် ဟယ်ရီဆိုတာကတော့ တခြားဂြိုလ်ကနေ ကမ္ဘာပေါ်ကို စစ်ဆင်ရေးတစ်ခုကြောင့်ရောက်လာခဲ့တဲ့ ဂြိုလ်သားတစ်ကောင်ပါ သူ့ရဲ့ စစ်ဆင်ရေးကတော့ ရိုးရှင်းပါတယ်သူတို့ဆီက ကိရိယာလေးတစ်ခုကို ကမ္ဘာမြေပေါ်ပစ်ချခဲ့ပြီး သူ့ဂြိုလ်သူပြန်ရုံပါပဲ ကံမကောင်းတာက သူ့ယာဉ်ပျံကြီးက ကမ္ဘာပေါ်မှာပျက်ကျသွားပြီး သူ့ရဲ့ ကိရိယာလေးပျောက်သွားတာပါပဲ အဲဒီလိုနဲ့ သူက သူ့ရဲ့ကိရိယာလေးရှာတွေ့ဖို့အတွက် လူတွေကြားမှာလိုက်လျောညီထွေနေရင်းနဲ့ ဆရာဝန် အဖြစ်ဟန်ဆောင်နေခဲ့တာပါ ပင်ကိုယ်စရိုက်မဟုတ်တဲ့အတွက် အလွဲလွဲအချော်ချော်ဖြစ်တာတွေ လူတွေရဲ့ အတွေးအခေါ်တွေနဲ့ မတူတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတဲ့အတွက် ကြည့်နေရင်းနဲ့ တခွီခွီရယ်ရမဲ့ ဂြိုလ်သားကားလေးတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ File size…800Mb/ 400 Mb Quality….Webrip 1080p/ 720p Format…mp4 Duration….50 Min Genre...Sci-fic,Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldSeason 01 Episode 1 VIP  /  ...
8.1
TMDb: 8.1/10 430 votes
tv

Resident Alien (2021)S1 + S2+S3

2021
Professor T (2021) 7.667
Professor T (2021)  လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ ...
7.667
TMDb: 7.667/10 36 votes
tv

Professor T (2021)

2021