Channel Myanmar

New releases (2024)

Content at random


TV Series

The Boys Season (1+2+3+4) 8.4
The Boys Season (1+2+3+4) The Boys(2020) Season (1+2+3+4 Ongoing)******************************ဒီစီးရီးက 2019 မှာ စထွက်ခဲ့ပြီး Season တစ်ခုမှာ အပိုင်း ၈ ပိုင်းရှိပါတယ်...CM အနေနဲ့ ထွက်ရှိသမျှတွေကို ဘာသာပြန်တင်ဆက်ခဲ့ပြီးပါပြီ.... ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး...စူပါ ပါဝါရှိပြီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်... ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်... ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး ...ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့....SE1 ထဲက ရှယ်ကြမ်းသလို နောက်ပိုင်းမှာလည်းပိုတောင်ကြမ်းလာပါတယ်...ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်...ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်...အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီး နင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး....ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီး ကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် ...
8.4
TMDb: 8.4/10 1133 votes
tv

The Boys Season (1+2+3+4)

2019
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Sweet Tooth Season 3 7.837
Sweet Tooth Season 3 [ဇာတ်ကြောင်းနားလည်ဖို့ ရှေ့စီစန်တွေကို ကြည့်ဖို့ လိုအပ်ပါတယ်]အားလုံးချစ်တဲ့ သမင်တစ်ပိုင်းလူတစ်ပိုင်း ဆွိတုလေး ပြန်လာပါပြီ CM ပရိသတ်ကြီးရေ။စီစန်သရီးမှာတော့ ... The Sick ဆိုတဲ့ ‌ကူးစက်ရောဂါကြီးကြောင့် လူသားမျိုးနွယ်တစ်ခုလုံး မျိုးသုဉ်းဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ Sick အတွက် ဖြေဆေးကို ရှာဖို့ အဖွဲ့ပေါင်းစုံကလည်း ပထမဆုံး hybrid ဖြစ်တဲ့ ဆွိတုလေးကို အသည်းအသန် လိုက်ရှာ ဖမ်းဆီးဖို့ ပြင်ဆင်နေကြပါပြီ။ဆွိတုလေးဟာလည်း ဖြေဆေးရှာပေးနိုင်မယ်လို့ ယုံကြည်တဲ့ သူ့အမေရှိရာ အလက်စကာကို ခရီးဆက်ဖို့ ကြိုးစားလို့နေပါတယ်။ ဒီတော့ ဒီအန္တရာယ်တွေကြားကနေ ဆွိတုလေး လွတ်မြောက်သွားမလား။ လူသားတွေနဲ့ မျိုးစပ်တွေကြား ဘယ်လို သဘောထားတွေ ကွဲလွဲပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူအားပေးကြပါဦး။File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7.837
TMDb: 7.837/10 1349 votes
tv

Sweet Tooth Season 3

2024
My Sweet Mobster (2024)
My Sweet Mobster (2024) My Sweet Mobster (2024) ************************* အပိုင်းသစ် (၂)နှလုံးသားပိန်းကြာရွက်ပေါ် ရေအတင်မခံ အသည်းမာတဲ့ ကိုလူကြမ်းကြီးနဲ့ပေါ့ပါးပျော်ရွှင်စွာနေတတ်ကာ ကြင်နာတတ်တဲ့ Youtuber မလေးတို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဇာလမ်းမှာပါဝင်တဲ့ Cast တွေကတော့....ဆောဂျီဟွမ်အဖြစ် “Home Town” “Night in Paradise” တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Uhn Tae Gooဂိုအွန်းဟာအဖြစ် “Work Later, Drink Now” မှာ ယောဂဆရာမနေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Han Sun Hwaဂျန်ဟျွန်းအူ အဖြစ် “Longing for You” “Dali And Cocky Prince” ထဲက Second Lead ဖြစ်တဲ့ Kwon Yul တို့အပြင်Cheer Up ထဲက Main Lead Kim Hyun Jin လည်း ပါဝင်ထားပါသေးတယ်နော်ဇာတ်လမ်းအကျဉ်း ---------------- ဆောဂျီဟွမ်ဟာ အတိတ်တုန်းက လူမိုက်ဂန်းစတားကြီးဖြစ်ခဲ့ပေမဲ့လည်းလက်ရှိမှာ ...

My Sweet Mobster (2024)

2024
The Tale of Rose (2024)
The Tale of Rose (2024) အားလုံးစောင့်မျှော်နေကြတဲ့ နာမည်ကြီးမင်းသမီး Liu Yi Fei နဲ့ နာမည်ကြီး မင်းသား ၅ ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ The Tale of Rose ဇာတ်လမ်းတွဲကိုတော့ ဒီနေ့ကစပြီး ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်မူရင်းဝတ္ထုကိုရေးတဲ့ စာရေးဆရာမက မကြာသေးခင်ကမှ ပြီးသွားတဲ့ Xu kai နဲ့ Yang Zi သရုပ်ဆောင်ထားတဲ့ Best Choice Ever ကို ရေးခဲ့တဲ့ စာရေးဆရာမ Yi Shu မို့ ဒီတစ်ခါလည်း အမျိုးသမီး ဇာတ်ကောင်တွေကို အသားပေးပြီးရေးတတ်တဲ့ ဆရာမရဲ့ လက်ရာကောင်းတစ်ပုဒ်ကို ကြည့်ရှုရဦးမှာပါဇာတ်လမ်းအညွှန်းပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့တဲ့ ဟွမ်ယိမေ (Liu Yi Fei) ဟာ မိသားစုရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာကြီးပြင်းလာရသလို ငယ်စဥ်ကတည်းကစပြီး သူ့ရဲ့ အနုပညာပါရမီတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်အဲဒီနောက်မှာတော့ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်လာတဲ့ ဟွမ်ယိမေဟာ ထူးချွန်တဲ့အရည်အချင်းတွေကြောင့် နေရာပေးခံခဲ့ရသလို မကြာခင်မှာ လုပ်ဖော်ကိုင်ဖက် ကျွမ့်ကော်တုန်း (Peng Guanying) နဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပေမဲ့ သူ့တို့ရဲ့ ...

The Tale of Rose (2024)

2024
The Double ( 2024 )
The Double ( 2024 ) ဒီ‌ဇာတ်ကားလေးကတော့ စာရေးဆရာမ ချန်းရှန်းချာခဲ့ရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့တိအိမ်တော်မှသမီးကိုလက်ထပ်ခြင်းဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ကလည်း ရွှယ်လီ / ရွှယ်ဖန်းဖေးအနေနဲ့ မင်းသမီးဝူကျင်းယန် ၊ရှောင်းဟန်အနေနဲ့ ဝမ်ရှင်ယွဲ့တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့တိုင်းပြည်မှာ အုံကြွမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးဆုံးရှုံးခဲ့ရတဲ့နယ်မြေတရားသူကြီးမင်းရဲ့သမီးဖြစ်သူ ရွှယ်‌ဖန်းဖေးအကြောင်းကိုဇာတ်အိမ်တည်ထားပါတယ် ။ရွှယ်ဖန်းဖေးကို အတွင်းရေးအမတ်ကြီးရဲ့ သမီးဖြစ်သူ ကျန်းလီက ကယ်ထားခဲ့ပြီးအရှုပ်ထွေးတွေကြားထဲမှာ မိန်းကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အားကိုးပြီးတော့ ကျန်းနွီခန်းမမှာ သီလရှင်အဖြစ်နေထိုင်ခဲ့ကြပါတယ် ။တစ်နေ့မှာတော့ ကျန်းလီက နာမကျန်းဖြစ်ကာသေဆုံးသွားခဲ့ပြီး ဖန်း‌ဖေးတစ်ယောက်ကျန်းလီအဖြစ်နဲ့ နန်းမြို့တော် အတွင်းရေးအမတ်ကြီးအိမ်ကို သူပိုင်ဆိုင်တာမှန်သမျှပြန်ယူဖို့ပြန်လာခဲ့ပါတော့တယ် ။သူ့ရဲ့ နန်းမြို့တော်အပြန်ခရီးလမ်းက ဘယ်လိုကြမ်းတမ်းမှုတွေရှိနေမလဲမြို့စားမင်း ရှောင်းဟန်ရဲ့ အကူအညီနဲ့အတူ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီးတော့ဖခင်ဖြစ်သူရဲ့ တရားအကျဉ်းချခံထားရမှုကို ပြန်လည်ဖော်ထုတ်မလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရမှာဖြစ်လို့ အဆုံးထိလိုက်ပါကြည့်ရှုဖို့တိုက်တွန်းပါ‌ရစေ==================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres : Drama, Romance Runtime : 45 min Subtitle : Myanmar Subtitle ...

The Double ( 2024 )

2024
The Acolyte (2024) 5.9
The Acolyte (2024)  ဒစ္စနေးကနေ ထုတ်လုပ်တဲ့ စတားဝေါ ဇာတ်လမ်းတွဲအသစ်လာပါပြီ။ဒီဇာတ်လမ်းကတော့ The High Republic ဆိုတဲ့ ဂျဒိုင်းတွေ ဘုန်းမီးနေလ တောက်ပနေတဲ့ ပြည်ထောင်စုခေတ်ကို အခြေတည်ထားတာပါ။ Skywalker Saga ဆိုတဲ့ ပင်မ စတားဝေါ ရုပ်ရှင်တွေ မစခင် နှစ် ၅၀-၁၀၀ လောက်က ခေတ်ပဲဖြစ်ပါတယ်။ အက်ရှင်အသားပေးဖြစ်ပြီး ရိုက်ချက်နဲ့ဇာတ်လမ်းတွေ စိတ်ဝင်စားဖို့ကောင်းပါတယ်။မာစတာယိုးဒါးကတော့ Skywalker Saga မှာ အသက် ၉၀၀ ကျော်နေပြီမို့ The High Republic ခေတ်မှာလည်း ရှိနေတာ သေချာပါတယ်။ ဘယ်လိုပုံနဲ့ပါလာမလဲတော့မသိသေးပါဘူး။ဇာတ်လမ်းအကျဉ်းဂျဒိုင်းအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး စက်ပြင်ဆရာလုပ်နေတဲ့ အိုရှာဆိုတဲ့မိန်းကလေးဟာ တစ်နေ့မှာ မာစတာ အင်ဒါရာကို လုပ်ကြံမှုနဲ့အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ သူလုပ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ သေသွားပြီးထင်တဲ့ အမွှာအစ်မက လုပ်တာဖြစ်နေပါတယ်။ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်က အကြံကြီးတွေကို ဘယ်လိုဆက်ဖြေရှင်းကြမလဲ ကြည့်ရမှာပါ။စီစန် ၁ မှာတော့ အပိုင်း ...
5.9
TMDb: 5.9/10 10 votes
tv

The Acolyte (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် (၅ရ)  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 MBQuality –WEB-DL ...

Su ji And U ri (2024)

2024
The Brave Yong Soo Jung (2024) 10
The Brave Yong Soo Jung (2024) The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၂၈)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb: 10/10 1 votes
tv

The Brave Yong Soo Jung (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၁၀၂) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
Dark Matter (2024) 7.866
Dark Matter (2024) Dark Matter (2024) Genre- Drama, Sci-fi, Thriller IMDB – 7.4/10Foundation, Invasion, See, Monarch နဲ့ Severance တို့လို Sci-fi စီးရီးကောင်းတွေချည်း ထုတ်လုပ်ပေးခဲ့တဲ့ Apple Tv ကနေ နောက်ထပ် Sci-fi, Thriller စီးရီးကောင်းတစ်ခု အသစ်ထွက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက စာရေးဆရာ Blake Crouch ရေးသားပြီး အောင်မြင်ခဲ့တဲ့ Dark Matter စာအုပ်ကို ဒီနာမည်အတိုင်း ပြန်လည်ပုံဖော်ထားတာ ဖြစ်တဲ့အပြင် စာရေးဆရာကိုယ်တိုင် ဒီ စီးရီးအတွက် ပြန်လည်ရေးသားပေးခဲ့တာလည်း ဖြစ်ပါသေးတယ်။သရုပ်ဆောင်တွေမှာဆိုလည်း နာမည်ကြီးမင်းသား Joel Edgerton နဲ့ ၉၀ ကာလမှာ အရမ်းကိုလှပခဲ့ပြီး အခုထိတောင် Trend ဖြစ်နေသေးတဲ့ ချောမောလှပနေသေးတဲ့ အန်တီ Jennifer Connelly တို့ ဖြစ်နေလို့ မကောင်းမှာတော့ စိတ်မပူရပါဘူး ဒါ့အပြင် နှစ်ယောက်လုံး သရုပ်ဆောင်ချက်တွေကလည်း Chemistry မိလွန်းပါတယ်။ နောက်ပြီး ...
7.866
TMDb: 7.866/10 41 votes
tv

Dark Matter (2024)

2024
Panchayat (2020-2023) 7.9
Panchayat (2020-2023) Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb: 7.9/10 73 votes
tv

Panchayat (2020-2023)

2020
Uncle Samsik (2024)
Uncle Samsik (2024) Uncle Samsik (2024) ****************************** အပိုင်းသစ် (၁၂+၁၃) Parasite, Taxi Driver, Cobweb အစရှိတဲ့ နာမည်ကြီး ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Veteran Actor Song Kang Hoနဲ့ Byung Yo Han‌တို့ အဓိက ပါဝင်ထားတဲ့ အမိုက်စား စီးရီးသစ် ထွက်ရှိလို့လာပါပြီ။1960 ခုနှစ် အစောပိုင်း ခေတ်ပျက်နေတဲ့ ကာလကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်တယ်။အန်ကယ်ဆန်းရှစ်ကတော့ ခေတ်မကောင်းတဲ့ကာလမှာတောင် ထမင်း၃နပ် မငတ်ပါဘူးတဲ့။ဒီလို ထမင်းမငတ်ရခြင်း အကြောင်းအရင်းကလည်း သူရဲ့ ကိုယ်ပိုင် နည်းလမ်းရှိလို့ပါပဲ။ဂင်ဆန်းလို့ခေါ်တဲ့ အထက်တန်းလွှာ သူဌေးသားလေးဟာ Albright ပညာတော်သင် ကျောင်းသားအဖြစ်နဲ့ စီးပွားရေးပညာကို ဆည်းပူးခဲ့သူပေါ့။သူ့ရည်ရွယ်ချက်ကတော့ တောင်ကိုရီးယားနိုင်ငံတော်ကြီးကို စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ‌တော်ကြီး ဖြစ်အောင် တည်ဆောက်ဖို့ပါတဲ့။ခေတ်ပျက်‌နေတဲ့ကာလ ဖြစ်နေတာ‌ကြောင့် ဂင်ဆန်းရဲ့ ဆန္ဒဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားရှာတယ်။ဒါပေမဲ့ အန်ကယ်ဆန်းရှစ်က ဂင်ဆန်းရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တယ်။တကယ်တမ်းတော့ အန်ကယ်ဆန်းရှစ်ကလည်း ဂင်ဆန်းနဲ့ ပူးပေါင်းရတဲ့ အကြောင်းအရင်း ရှိ‌နေတာပေါ့။ခေတ်ပျက်နေတဲ့ ...

Uncle Samsik (2024)

2024
High School Return of a Gangster (2024)
High School Return of a Gangster (2024) High School Return of a Gangster (2024)***************************************အပိုင်းသစ် (၅+၆) ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီးဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့Golden Child အဖွဲ့မှ Bong Jae-Hyun တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin  ကcameo ဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း-အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က အ‌ဆောက်အအုံပေါ်ကနေခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေKim Deuk Pal ရဲ့ဝိဉာဉ်ဟာ ...

High School Return of a Gangster (2024)

2024
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021) 7.7
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)    ကလေးဘဝမှာဖြစ်ဖြစ် လူကြီးဖြစ်မှဖြစ်ဖြစ် ရုပ်ရှင်ချစ်သူအတော်များများ ချက်ကီဆိုတဲ့ အရုပ်ကိုမသိတဲ့သူ ရှားပါလိမ့်မယ်။အသက်ဝင်နေပြီး ဒေါသကြီးတဲ့ ရက်စက်တဲ့ လူသတ်အရုပ်လေးအဖြစ် သိကြမှာပါ။ ချက်ကီမှာ နောက်ကြောင်းရာဇဝင်တွေ တစ်ကားနဲ့တစ်ကား ကွဲပြားနေပါသေးတယ်။ဒီစီးရီးမှာလည်း ချက်ကီရဲ့ နောက်ကြောင်းရာဇဝင်ကို ပဟေဠိဆန်ဆန်လေးနဲ့ ကြောက်စရာကောင်းအောင် ပြသထားပါပြီ။ဇာတ်လမ်းကလည်း ဆန်းသစ်တာမို့ လျို့ဝှက်ဆန်းကြယ်၊ ကြောက်စရာ အမျိုးအစားကြိုက်သူတွေအတွက်တော့ အကြည့်သင့်ဆုံးစီးရီးပါပဲ။ Rating လည်း 7.7 ဆိုတော့ ပေါကားမဟုတ်တာတော့ သေချာပါတယ်။ File size…(620 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:50:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson Season 3 Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamwish Episode 1 1080p  - ...
7.7
TMDb: 7.7/10 9 votes
tv

Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)

2021
One Cent Thief ( 2022 ) 4.8
One Cent Thief ( 2022 ) ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေ အကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့ ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီး အီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။ကောလိပ်ကျောင်းသားဘ၀မှာကတည်းက ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန် ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင် ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက် သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။ ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့ ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက် ပိုက်ဆံလိုလာခဲ့ပါတယ်။ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။ အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)Quality : WEB-DL 1080p Total Episodes : 8 Format : mp4 Genres : Action & Adventure , Crime Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Bollywood Team Encoded by LK Episode 1 (1080p) ...
4.8
TMDb: 4.8/10 4 votes
tv

One Cent Thief ( 2022 )

2022
Kissed by the Rain (2024)
Kissed by the Rain (2024) မိုးဆွတ်အနမ်း (၂၀၂၄)ဆယ်စုနှစ်တစ်ခုအကြာမှာ main CPအနေနဲ့ ပြန်လည်ဆုံတွေ့ကြမယ့် ဒိတ်ဒိတ်ကြဲcastနှစ်ယောက်ဖြစ်တဲ့ Marioနဲ့ Taewတို့ရဲ့ romance dramaအသစ်လေးဖြစ်တဲ့ Kissed by the Rainပထမနှစ်ကြိမ် တွေ့ဆုံမှုမှာလည်း အတော်လေးchemistry မိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဒီကားလေးထဲမှာတော့ ထရော်မာတွေကြားက မမနဲ့မောင်လေးရဲ့အချစ်ကို ရှုစားရမှာပါ။မာဝင်းရဲ့အဖေက အရက်သမားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်ရိုက်နှက်တတ်သူပေမဲ့ အမေဖြစ်တဲ့မလိုင်ကတော့ ဒီကနေအခြေအနေကနေ ရုန်းမထွက်ဘဲ အံကြိတ်ရင်းဆက်နေချင်သူပေါ့။ ဆယ်ကျော်သက်အရွယ် သိတတ်နားလည်နေတဲ့မာဝင်းက‌တော့ ဒီအခြေအနေကနေ ရုန်းထွက်ချင်ပြီးတော့ ကန်ယာမစ် အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းကို ဆက်သွယ်အကူအညီတောင်းပါတော့တယ်။ အဲဒီမှာပဲ လူမှုဖူလုံရေးဝန်ထမ်း ပလိုင်ဖွန်နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။မာဝင်းတစ်ယောက်ကြိုးစားပေမဲ့ အမေဖြစ်သူက လမ်းဆုံးကိုရွေးသွားတဲ့အပြင် တစ်ယောက်တည်းသောအားကိုးရာဖြစ်တဲ့ ဖွန်ကပါ သူ့ဘဝကနေထွက်သွားဖို့ကိုပဲ ရွေးခဲ့ချိန်မှာတော့....... သူတို့နှစ်ယောက် ပြန်လည်ဆုံဆည်းဖို့ဖြစ်လာချိန်မှာ အတိတ်ရဲ့အရိပ်ဆိုးအောက်က ရုန်းထွက်နိုင်မလားဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | ...

Kissed by the Rain (2024)

2024
Love Sea (2024) 9
Love Sea (2024) Love Sea (2024)Love in the air ထဲက side CPအနေနဲ့ ပါဝင်ခဲ့တဲ့ Fort- Peat ကို main role တင်ပြီးရိုက်ကူးထားတဲ့ GMM ရဲ့လက်ရာသစ်တစ်ခုဖြစ်တဲ့ Love sea the seriesတလောကလုံးမှာ မင်းပဲရှိတော့ရင်တောင် လူပျိုဘဝနဲ့အရိုးထုတ်မယ်ဆိုတဲ့ Main leadနှစ်‌ယောက်ရဲ့ ‌ကြောင်နဲ့ကြွက်လိုအချစ်ကို သဘောကျသူတွေအတွက်တော့ စိတ်ဝင်စားစရာ BLတစ်ကားဖြစ်လာမှာပါ။အချစ်မှာဂုရုလို့ တင်စားရမယ့် အချစ်ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့တွန်ရက်တစ်ယောက် နောက်ဆုံးအချစ်ဝတ္ထုအတွက် ထူးခြားတဲ့ vibeလေးရအောင် ခရီးထွက်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ကိုစောင့်ကြိုနေသူတွေကတော့ ဘုနဲ့ဘောက်ပြောတတ်တဲ့ စိတ်တိုချင်စရာတောင်ပိုင်းသားလေး မဟာစမုပေါ့။ ဒါပေမဲ့ ကံကြမ္မာဇာတ်ဆရာရဲ့ကျီစားမှုအောက်မှာ သူတို့ရဲ့ပတ်သက်မှုက အိပ်ရာပေါ်အထိ အဆင့်တက်သွားချိန်မှာတော့...ဝတ္ထု‌ဇာတ်ကောင်တွေရဲ့အချစ်ရေးကိုတော့ ပြောင်မြောက်အောင်ဖန်တီးနိုင်တဲ့ တွန်ရက်တစ်ယောက် ကိုယ့်ရဲ့အချစ်ရေးကိုရော ဝတ္ထုလိုအဆင်ချောအောင် ဖန်တီးနိုင်မလားဆိုတာ ကြည့်ရှုခံစားရင်း Side CP gl တစ်တွဲကို အပတ်စဉ် အတူငမ်းရင်း ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, ...
9
TMDb: 9/10 1 votes
tv

Love Sea (2024)

2024

Genres

Archives