Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adventure
5.1
I Hate Summer (2024) Odio el verano
Odio el verano (2024)မိသားစုတစ်စု အားလပ်ရက်မှာ အပျင်းပြေဇိမ်ခံကျွန်းတစ်ခုကို ခရီးထွက်ကြရင်းနဲ့ဖြစ်ပေါ်လာတဲ့အလွဲများကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အလွန်ဆို တစ်ယောက် မိသားစုကိုပျော်စေချင်တဲ့စိတ်နဲ့ စပရိုက်ဖြစ်အောင်ဆိုပြီး ကျွန်းတစ်ခုပေါ်ကို အားလပ်ရက်ခရီးသွားကြမယ်ဆိုပြီးခေါ်ချလာခဲ့ပါတယ်။တစ်ဖက်မှာလည်း ပါကိုတို့ မိသားစုဟာ အားလပ်ရက်အပျော်ခရီးအတွက် အဲ့ဒီကျွန်းပေါ်ကိုပဲ ခရီးထွက်လာခဲ့ကြပါတယ်။နောက်တစ်ဖက်မှာလည်း ပါကိုတို့မိသားစုဟာလည်း အဲ့ဒီကျွန်းပေါ်ကိုပဲ ခရီးနှင်လာခဲ့ကြပြန်ပါတယ်။ကျွန်းပေါ်မှာအနားယူဖို့အတွက် ဇိမ်ခံအိမ်တစ်လုံးကိုငှားယူခဲ့ပေမယ့်လည်း အေဂျင်စီရဲ့ပေါ့ဆမှုကြောင့် အလွှာမတူတဲ့မိသားစု သုံးစုအတူတူနေရဖို့ဖြစ်လာပါတော့တယ်။စပိန်နိုင်ငံရဲ့သဘာဝအလှများနဲ့အတူတူ မိသားစုသုံးစုရဲ့အလွဲပေါင်းများစွာကိုဟာသနှော၍ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (893 MB) Quality…. Blu-Ray 720p Format…. mp4 Genre…. Adventure Duration…. 01:43:43 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone
movie
I Hate Summer (2024) Odio el verano
2024
7.6
The Jungle Book (1967)
၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Disney ရဲ့ ကာတွန်းရုပ်ရှင် "The Jungle Book" ဟာRudyard Kipling ရဲ့ နာမည်ကျော် ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ကလေးဘဝရဲ့ အမှတ်တရတွေကို ပြန်လည် ဆန်းစစ်စေနိုင်တဲ့၊ နှစ်ပေါင်းများစွာကြာသည်အထိ လူကြိုက်များနေဆဲ ကာတွန်းကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းက တောထဲမှာ ဝံပုလွေတွေ မွေးစားထားတဲ့ မိုဂ္ဂလီဆိုတဲ့ ကလေးလေးအကြောင်းပါ။မိုဂ္ဂလီဟာ တောထဲမှာ တိရစ္ဆာန်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေထိုင်ရင်း ကြီးပြင်းလာပါတယ်။ဒါပေမဲ့ ကြောက်မက်ဖွယ် ကျားကြီး ရှဲရားခန်း (Shere Khan) က မိုဂ္ဂလီကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အခါမိုဂ္ဂလီဟာ လူ့လောကကို ပြန်သွားဖို့ ဆုံးဖြတ်ရပါတော့တယ်။လမ်းခရီးမှာ သူ့ရဲ့ သူငယ်ချင်းဝက်ဝံကြီး ဘာလူ (Baloo) နဲ့ကျားသစ်ကြီး ဘက်ဂီရား (Bagheera) တို့က ကူညီပေးကြပါတယ်။ဒီဇာတ်လမ်းလေးက အူတက်အောင်ရယ်ရတဲ့အလွဲလေးတွေပါတဲ့အတွက် မိသားစု ကလေးတွေနဲ့အတူတူကြည့်ရှုရင်း ပျော်ရွှင်စရာလေးတွေဖန်တီးနိုင်တဲ့ ...
movie
The Jungle Book (1967)
7.2
The Brave Little Toaster (1987)
ဒီဇာတ်လမ်းက ၁၉၈၇နှစ်ကထွက်ရှိခဲ့တဲ့ Animationကားဖြစ်ပြီးဇာတ်လမ်းပုံစံထူးခြားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်ဒီဇာတ်လမ်းက ပေါင်မုန့်မီးကင်စက်၊ရေဒီယို၊ဖုန်စုပ်စက်၊မီးအိမ်နဲ့ စောင်ကလေးတစ်ထည်တို့ကို အခြေခံထားတာဖြစ်ပါတယ်။သခင်ဖြစ်သူ ငယ်ငယ်ကတည်းက အတူတူရှိလာတဲ့ အဲဒီအိမ်သုံးပစ္စည်းတွေဟာသခင်မရှိတော့တဲ့အချိန် တစ်နေ့ သခင်ပြန်လာနိုးနဲ့ အိမ်ဟောင်းလေးမှာပဲစောင့်မျှော်နေခဲ့ကြတာပါ။ဒါပေမဲ့ အဲဒီအိမ်ဟောင်းလေးအရောင်းစာရင်းတင်ခံလိုက်ရပြီး သခင်ပြန်မလာနိုင်တာသေချာသွားတဲ့နောက်သူတို့ကိုယ်တိုင် သခင်နောက်ကိုလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီလိုနဲ့ပဲအသက်ဝင်နေတဲ့ အိမ်သုံးပစ္စည်းကလေးတွေရဲ့ နယ်အိမ်ကလေးကနေမြို့ပြကြီးဆီသွားတဲ့ ခရီးကြမ်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ စွန့်စားမှုတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမှာ ဖြစ်ပါတယ်။File size… 2.65 GB / 1.36 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Animation / Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Thaung Htike Zaw
movie
The Brave Little Toaster (1987)
Montauk (2025)
ဒါကတော့ မြို့လေးတစ်မြို့က အတူတူကြီးလာတဲ့သူငယ်ချင်းအုပ်စုလိုက်ဟာ သူတို့ဉာဏ်မမှီတဲ့ကိစ္စအကြီးကြီးတွေကို ဖြေရှင်းဖို့လုပ်ရင်း ပျားအုံကိုမှတုတ်နဲ့သွားထိုးမိသလိုဖြစ်တဲ့ လူငယ်ကားလေးပါပဲ ။ ဒီထဲမှာ ပထ်ထ်ဆိုတဲ့ကောင်မလေးနဲ့ သူ့အပေါင်းအပါတို့တစ်သိုက်က သူငယ်ချင်းဖြစ်သူရဲ့ ဘဏ်ကသိမ်းခံရတော့မဲ့ ဘားကိုကယ်ဆယ်နိုင်ဖို့အတွက် ကျန်ရာမရတော့တဲ့အဆုံး လွန်ခဲ့တဲ့နှစ်ရာကျော်က ကြိုးပေးသတ်ခံလိုက်ရတဲ့ ပင်လယ်ဓားပြကြီးရဲ့ ပျောက်ဆုံးနေတဲ့ ကျွန်းပေါ်ကရတနာသိုက်ကိုရှာပုံတော်ဖွင့်ကြမှာပါ ။ကြားရရင် နည်းနည်းရူးချင်စရာပေမဲ့ လူတိုင်းငယ်ဘ၀မှာ ဘာလုပ်လုပ်မှန်တဲ့အယူလက်စွဲပြီး စွန့်စားခန်းတစ်ခုကိုတော့ အမြဲထွက်ခဲ့ကြမှာပဲ ။ ဒီအုပ်စုကလဲ ကျွန်းပေါ်ရောက်သွားတဲ့အခါ နက်နဲတဲ့သမိုင်းကြောင်းရှိနေတဲ့ ထိုနေရာကြီးမှာ ဘယ်လိုတွေကြုံတွေ့လာရမလဲ ။ ဘယ်လိုလျှို့ဝှက်ချက်တွေကရော အဲ့နေရာမှာကိန်းအောင်းနေမလဲ ။ ဒီတစ်သက်ဖြုန်းမကုန်မဲ့ ရတနာဆိုတာကရော ပုံပြင်ပဲလား တကယ်ရှိတာလားဆိုတာတွေကို ကြည့်ရှု့သွားရမှာပါနော် ။File size…(1.6 GB)/(902 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Adventure, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Serenity
movie
Montauk (2025)
4.7
Return to Wickensburg (2024)
Return to Wickensburg (2024)မစ္စတာဟက်ဆန်မိုက်စတာလို့ခေါ်တဲ့ ရာဇဝတ်သားတစ်ယောက်ဟာ နှစ်ပေါင်းများစွာထောင်နန်းစံရပြီးအချိန်မှာ သူ့တပည့်တွေလာကူပေးလို့ ထောင်ဖောက်ပြေးလာပါတယ်။အဲဒီနောက်မှာ သူ့ရဲ့တစ်ချိန်ကတုန်းက ကမ္ဘာကြီးကို ဖျက်ဆီးမယ့်အကြံကို ပြန်စဖို့ကြိုးစားလာပါတယ်။တစ်ချိန်တည်းမှာ ဇာတ်လမ်းရဲ့ မင်းသားဖြစ်တဲ့ အဲလိယက်ဆိုတဲ့သူဟာလည်း စက္ခုအာရုံရနေတဲ့ကောင်လေးပါ။တစ်ခါတစ်လေ အိမ်မက်ထဲမှာ အမြင်တွေရပြီး သူမြင်တဲ့ဟာတွေကလည်း တကယ်လက်တွေ့မှာဖြစ်လာပါတယ်။တစ်နေ့မှာတော့ အဲလိယက်ဟာ ရှေးဟောင်းဓာတ်လုံးတစ်လုံးအကြောင်းကိုသိသွားပါတယ်။ ဒါပေမဲ့လည်း အဲဒီဓာတ်လုံးရဲ့ အရင်းအမြစ်ကိုမသိတဲ့အတွက် သူ့ကောင်မလေးနဲ့အတူ နောက်ခံအချက်အလက်တွေလိုက်ရှာနေတာပါ။တစ်ချိန်တုန်းက သူ့အဖေဟာ ဟက်ဆန်မိုက်စတာဆိုတဲ့သူရဲ့ ရန်ကြောင့် သေသွားခဲ့ရတာတစ်ကြောင်း၊ သူအိမက်ရတဲ့ ဓာတ်လုံးကလည်း အဖျက်စွမ်းအားအရမ်းကြီးနေတာကတစ်ကြောင်းသိသွားရတဲ့ အခါမှာမစ္စတာ မိုက်စတာတစ်ယောက် သူတို့နေတဲ့မြို့ကို ဝစ်ကန်စ်ဘာ့ဂ်ဆိုတဲ့ မြို့ကို ဖျက်ဆီးဖို့ လုပ်နေမှန်း သဘောပေါက်သွားပါတယ်။ဒီဖြစ်ရပ်ကြီးကို အဲလိယက်နဲ့ သူကောင်မလေးတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို super hero ကား ဆန်ဆန် ဒီ မိသားစု ဇာတ်လမ်းလေးမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.8 GB) / (910 ...
movie
Return to Wickensburg (2024)
2024
Spermageddon (2025)
“Spermageddon” က နော်ဝေရဲ့ အရွယ်ရောက်သူတွေအတွက် ကာတွန်းဟာသနဲ့ ဂီတရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Tommy Wirkola နဲ့ Rasmus A. Sivertsen တို့ ရိုက်ထားတယ်။ သရုပ်ဆောင်တွေထဲမှာ Aksel Hennie (Simen), Mathilde Storm (Cumilla), Christian Mikkelsen (Jens), Nasrin Khusrawi (Lisa) တို့ ပါဝင်တယ်။ဇာတ်လမ်းက နှစ်ပိုင်းပါ။ တစ်ပိုင်းက ဆယ်ကျော်သက် Jens နဲ့ Lisa တို့ရဲ့ ပထမဆုံး လိင်ဆက်ဆံမှုအကြောင်းဖြစ်ပြီး နောက်တစ်ပိုင်းက Jens ရဲ့ သုက်ကောင် Simen နဲ့ သူ့သူငယ်ချင်းတွေ ဥဆီ ရောက်ဖို့ စွန့်စားခန်းကို ပြထားတယ်။ ဒီရုပ်ရှင်က “Sausage Party” နဲ့ “South Park” လို ရိုင်းစိုင်းတဲ့ ဟာသတွေနဲ့ ပြည့်နှက်နေပြီး ...
movie
Spermageddon (2025)
6.4
Secret Delivery (2025)
၁၉၄၅ ခုနှစ် ဂျာမန်သိမ်းပိုက်မှု ပြီးဆုံးခါနီး ချက်ကိုစလိုဗက်ကီးယားရဲ့ နှင်းဖုံးနေတဲ့ ကရာကိုနိုရှီ တောင်တန်းမှာ ကလေးတစ်စုဟာ လျှို့ဝှက်စာပို့ဂိမ်း ‘တီချာပို့စတာ’ကို အန္တရာယ်တွေကြားထဲ စွန့်စားပြီး ကစားကြမှာပါ။သူတို့ကစားမယ့်ဂိမ်းမှာ ပါဝင်နေတဲ့သူက ပြင်သစ်ပိုင်းလော့စ်တစ်ယောက်ပါပဲ။အဲဒီအချိန်က ဂျာမန်တွေက ရန်သူကို ဖွက်ထားပေးတဲ့ဘယ်သူ့ကိုမဆို အပြတ်ရှင်းပစ်ကြပါတယ်။ဒီဇာတ်လမ်းဟာ Jiří Stránský ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကို အခြေခံထားပြီး ဒါရိုက်တာ Ján Sebechlebský ("The Good Soldier Švejk") ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။IMDb မှာ 6.4/10 အထိရထားပြီး ဒီပို့ဆောင်ရေးကို ကလေးတစ်သိုက် ဘယ်လိုတွေကစားကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်... File Size… (1.21 GB) / (746 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard ...
movie
Secret Delivery (2025)
5.9
The Unholy Trinity (2025)
The Unholy Trinity (2025)IMDb Rating (5.9) / Rotten Tomatoes (32%) မာတာဖာတာ မင်းသားကြီး Samuel L. Jackson နဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်ရုပ်ရှင်အသစ်ပါ။ခေတ်ဟောင်းကားတွေ စတိုင်အတိုင်း လောဘသားတွေ လူမိုက်တွေ ရဲမှူးတွေနဲ့ အပစ်အခတ် ဇာတ်လမ်းမျိုးကို တင်ဆက်ထားတာပါ။ အေးအေးဆေးဆေး ကြည့်ရင်း နောက်ဆုံးမှာ အဖြေပေါ်လာမဲ့ ကားမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းလူနှစ်ယောက်ကို လုပ်ကြံမှုနဲ့ ကြိုးပေးခံရတော့မဲ့ အိုင်းဆက်ဘရော့ဝေး ဟာ သူ့ရဲ့သား ဟင်နရီဘရော့ဝေးကို သူမသေခင်မှာ သူဟာ ချောက်တွန်းခံရတာဖြစ်ကြောင်း ပြောပြခဲ့ပြီး ချောက်တွန်းခဲ့တဲ့ ရဲမှူးကို ကလဲ့စားချေပေးဖို့ မှာခဲ့ပါတယ်။သူ့အဖေအတွက် ကလဲ့စားချေဖို့ လာတဲ့ ဟင်နရီဟာ ထရစ်နတီမြို့ထဲမှာ အခြား လူသတ်မှုတွေ တရားခံပြေးတွေနဲ့ ကြားညပ်ပြီး ပြဿနာတွေ တက်လာပါတော့တယ်။နောက်မှာတော့ သူ့အဖေရဲ့အမှုဟာပျောက်ဆုံးနေတဲ့ ခိုးရာပါ ရွှေချောင်းတွေနဲ့ ပတ်သတ်နေတာကို ...
movie
The Unholy Trinity (2025)
2025
5.5
Legionnaire (1998)
Legionnaire (1998)IMDb Rating (5.5) / Rotten Tomatoes (29%) အက်ရှင်မင်းသား Van Damme အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဒရမ်မာကားဖြစ်တဲ့ Légionnaire ဟာဆိုရင် ၁၉၂၀ ပြည့်နှစ်လောက်က မြောက်အာဖရိကမှာရှိတဲ့ ပြင်သစ်နိုင်ငံခြားတပ်ရင်းရဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို အဓိကထားထားတဲ့ သမိုင်းနောက်ခံစစ်ကားဖြစ်ပါတယ်။နေရာအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် Légion လို့ခေါ်တဲ့ နိုင်ငံခြားတပ်ရင်းထဲရောက်လာကြသူတွေအနေနဲ့ နောက်ခံဇာတ်လမ်းတွေမတူညီကြပါဘူး။ သို့ပေမယ့် ဒီနေရာကိုရောက်လာချိန်မှာတော့ ညီအစ်ကိုတွေလို့ခံယူပြီး သစ္စာစောင့်သိသူတွေဖြစ်လာကြပါတယ်။ဒီဇာတ်ကားဟာဆိုရင် အက်ရှင်ကားဆိုပေမယ့် ဂုဏ်သိက္ခာ၊ သစ္စာဖောက်မှု၊ ရှင်သန်ရေးနဲ့ မိတ်ဆွေတွေကြားက သံယောဇဉ်တွေကို မီးမောင်းထိုးပြထားပါတယ်။ Van Damme ရဲ့ ပုံမှန်အက်ရှင်ကားတွေနဲ့မတူညီဘဲ ကွဲထွက်နေတဲ့ဇာတ်ကားတစ်ကားဆိုရင်လည်းမမှားပါဘူး။ဒီတော့ ပြင်သစ်နိုင်ငံခြားတပ်ရင်းတပ်သား(Légionnaire) တွေရဲ့ဘဝတွေက ဘယ်လိုမျိုးရှိတာလဲ။ မော်ရိုကိုမှာရှိတဲ့ Rif လူမျိုးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားကြမှာလဲ....ဒါတွေအပြင် လူတွေကြားထဲကသံယောဇဉ် အစရှိတာတွေကို သေချာလေးခံစားချင်ရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(1.9 GB) / ...
movie
Legionnaire (1998)
1998
7.3
Frozen: The Hit Broadway Musical (2025)
Frozen: The Hit Broadway Musical (2025)IMDb Rating (7.3) / Rotten Tomatoes (80%) Frozen ကာတွန်းကြိုက်သူတွေအတွက် Live Action မလာခင်မှာ "Frozen: The Hit Broadway"ဆိုတဲ့ musical ပြဇာတ်လေးကိုအရင်ကြည့်ရှုခံစားလိုက်ကြပါ။Disney ရဲ့ official production ဖြစ်တာကြောင့် စတိတ်စင်ပေါ်မှာ ကပြတင်ဆက်ထားတာဖြစ်ပေမဲ့ တော်တော်အသက်ဝင်ပြီး မူရင်းအရသာမပျောက်ပဲကြည့်ရမှာပါ။သရုပ်ဆောင်တွေအနေနဲ့ Samantha Barks, Laura Dawkes တို့က Elsa နဲ့ Anna အဖြစ်ပါဝင်ထားပါတယ်။ကာတွန်းထဲမှာပါခဲ့တဲ့သီချင်းတွေအပြင် နောက်ထပ်သီချင်းအသစ်တွေလည်းပါဝင်ပါသေးတယ်။Frozen ရဲ့အငွေ့အသက်တွေကို ပြန်လည်ခံစားရမယ့်ပြဇာတ်လေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (6.8 GB) / (2.7 GB) / (1.5 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / ...
movie
Frozen: The Hit Broadway Musical (2025)
2025
4K HEVC
6.0
Dora and the Search for Sol Dorado (2025)
Dora and the Search for Sol Dorado 2025 ရုပ်ရှင်ကတော့ လူကြိုက်များခဲ့တဲ့ Dora the Explorer ကာတွန်းဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ++++++++++++အထက်တန်းကျောင်းသူဘဝကို ရောက်ရှိနေပြီဖြစ်တဲ့ Dora က မိသားစုနဲ့အတူ တောထဲမှာ နေထိုင်လျက်ရှိပါတယ်။တစ်ရက်မှာတော့ ရှေးဟောင်းလူမျိုးစုတွေရဲ့ ဒဏ္ဍာရီထဲက ဆန်းကျယ်တဲ့ Sol Dorado ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ အန္တရာယ်တွေပြည့်နှက်နေတဲ့စွန့်စားခန်းတစ်ခုထဲကို ချီတက်ကြပါတော့တယ်။လမ်းတစ်လျှောက်မှာ ပဟေဠိတွေ၊ ထောင်ချောက်တွေနဲ့ ရန်သူတွေကို ရင်ဆိုင်ရပြီး Dora ရဲ့ စွမ်းရည်၊ ဉာဏ်ရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားတစ်လျှောက်လုံးမှာ ပရိသတ်တွေမျှော်လင့်ထားတဲ့ Dora ရဲ့ စူးစမ်းလိုစိတ်နဲ့ချစ်စရာကောင်းတဲ့စကားပြောဟန်တွေ ပါဝင်ပြီး အထူးသဖြင့် သူ့ကျောပိုးအိတ်ထဲက ပစ္စည်းတွေနဲ့မျောက်ကလေးဘု့စ်တို့ရဲ့ပါဝင်မှုက Dora ဇာတ်ကောင်နဲ့ရင်းနှီးမှုကို ဖန်တီးပေးပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းသလို လူကြီးတွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ်။CGI အသုံးပြုမှုတွေနဲ့ ...
movie
Dora and the Search for Sol Dorado (2025)
Khitrovka. The Sign of Four (2023) Hitrovka. Znak chetyryokh (Aka) In the Moscow Slums
Khitrovka. The Sign of Four (aka) Hitrovka. Znak chetyryokh (Aka) In the Moscow Slumsဒီကားလေးကတော့ ထူးထူးဆန်းဆန်း Sherlock Holmes ၀တ္ထုတွေရဲ့ ဖခင်စာရေးဆရာကြီး Sir Arthur Conan Doyle ရဲ့ The Sign of Four ၀တ္ထုကို အခြေခံပြီးရိုက်ထားတဲ့ ရုရှားဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ Moscow မှာ ဇာတ်အိမ်တည်ထားပြီးတော့ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Stanislavsky က Sherlock Holmes ကို ကိုယ်စားပြုပြီး Gilyarovsky ကတော့ Dr. Watson ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။မူရင်း Sherlock Holmes လို အရမ်းရှုပ်ထွေးနက်နဲထူးချွန်နေတာမျိုးတွေမပါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ Personal အမြင်အရတော့ Moscow vibe လေးနဲ့ တော်တော် အသစ်အဆန်းဖြစ်ပြီး ...
movie
Khitrovka. The Sign of Four (2023) Hitrovka. Znak chetyryokh (Aka) In the Moscow Slums
5.7
Red Land (2025)
နျူကလီယားစစ်ပွဲကြီးသာတကယ်ဖြစ်သွားခဲ့ရင် ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မထင်မှတ်ပဲနျူကလီယားစစ်ပွဲဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးကပျက်စီးသွားပြီးတော့ လူသားတွေကမြေအောက်မှာပဲရှင်သန်ကြရတဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ဖန်တီးပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။မြေပြင်ပေါ်ကကမ္ဘာကြီးပျက်စီးသွားပြီးနောက်ပိုင်းမှာ အရင်ကမြေအောက်ရထား ဘူတာဟောင်းဖြစ်တဲ့ အနီရောင်မြေဆိုတဲ့နေရာမှာ အသက်ရှင်ကျန်သူတွေက စုဝေးပြီးတော့ မြို့တစ်မြို့တည်ထောင်ပြီး နေကြတယ်။ မြေအောက်မှ ာအသက်ရှင်နေတာလူသားတွေတင်မကပဲ ခူမျိုးနွယ်စုဆိုတဲ့ လူသားကိုမျိုုးရိုးဗီဇပြောင်းထားတဲ့မျိုးနွယ်စုတစ်စုလဲရှိပါတယ်။လူသားတွေနဲ့ခူမျိုးနွယ်စုဟာ မြေအောက်အရင်းအမြစ်တွေလုရင်း အမြဲတိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာတော့ ခူမျိုးနွယ်မိန်းကလေးတစ်ယောက်ဟာ အနီရောင်မြေထဲကိုဝင်လာပြီးတော့ မြို့ဝန်ကိုလုပ်ကြံဖို့ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အနီရောင်မြေရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ဟာတစ်ဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်......4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.13 GB / 555 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Adventure Runtime : 1 h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Red Land (2025)
7.2
The Old Guard 2 (2025)
The Old Guard 2 (2025)ဒါကတော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ The Old Guard 1 ရဲ့ အဆက်ဖြစ်ပြီးတော့ တော်တော်များများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။အခုမှ စကြည့်မဲ့သူတွေကတော့ မသေမျိုးတွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အဖြစ်သနှစ်တွေကို လုံးစေပတ်စေ့ နားလည်ဖို့ဆိုရင် အပိုင်းတစ်ကို ပြန်သွားကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဒီဒုတိယအပိုင်းမှာတော့ အန်ဒီဟာ သူမရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားခဲ့တာ ၆ လကျော်ရှိပြီဖြစ်ပါတယ်။ဒါပေမဲ့ အန်ဒီဟာ သူမရဲ့ မသေမျိုးစစ်သည်တော်တွေရဲ့ လူသားမျိုးနွယ်ကို အန္တရာယ်ပြုလာနိုင်တဲ့ကိစ္စတွေကို လိုက်လံတားဆီး ကာကွယ်နေဆဲဖြစ်ပါတယ်။အဲအချိန်မှာ သူမထက်တောင် ပိုပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်လာတာသက်တမ်းကြာပြီဖြစ်တဲ့ ရှေးကျတဲ့ မသေမျိုး အမျိုးသမီး ဒစ်စကော့က သူမနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေကို ခိုးယူသွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ အန်ဒီနဲ့အတူ ကတိအပြန်အလှန်ထားရှိခဲ့တဲ့ ကွင်ကလည်း ပိတ်လှောင်ခံထားရတဲ့နေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ဒီတော့ အန်ဒီတစ်ယောက် ဘာလို့ မသေမျိုးဘဝကို ဆုံးရှုံးလိုက်ရတာလဲ၊ ...
movie
The Old Guard 2 (2025)
2025
4K HEVC
7.1
One Piece Film: GOLD (2016)
One Piece Film: Gold (2016) ----------------------------------- IMDB – 7.1/10, MyAnimeList – 7.8/10One Piece Movies တွေထဲမှာ ၁၃ ကားမြောက်ဖြစ်ပြီး Runtime အရှည်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းသဘောအရတော့ Dressrosa Arc အပြီးကာလဝန်းကျင် ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ဘယ်လိုနေနေပါ Movie တွေအကုန်လုံးက Non-canon ဖြစ်တဲ့အတွက် အေးဆေးကြည့်လို့ရပါတယ်။Non-canon ဆိုလို့ အထင်တော့ မသေးလိုက်နဲ့ဗျာ ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်တဲ့အပြင်Villain ကောင်တွေကလည်း Awaken ဖြစ်နေပြီးသား ဆရာကြီးဆိုတော့ အသေအကျေ တိုက်ခိုက်တာတွေကြည့်ရဖို့သာ ပြင်ထား။ ဒီကားမှာ တစ်ခုသဘောကျမိတာလေးက ခါတိုင်းလို သာမန် Adventure အပြင်Ocean Eleven တို့လို Money Heist တာလေးတွေ MI ရုပ်ရှင်တွေလို ပလန်လေးတွေချ အဖွဲ့ကိုယ်စီMission လုပ်တာလေးတွေက တော်တော်မိုက်တယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆရာ Luffy တို့ ...
movie
One Piece Film: GOLD (2016)
7.4
The Ice Road (2021)
Taken မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်ပါ။ သည်းထိပ်ရင်ဖိုအမျိုးအစားပါပဲ။အမေရိကမြောက်ပိုင်းစွန်းမှာ ရှိတဲ့ ဓာတ်ငွေ့တွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျသွားတဲ့အခါ အလုပ်သမား၂၆ ယေက်လောက် ပိတ်မိသွားပါတယ်။ သူတို့အတွက် အောက်စီဂျင်ကလည်း နာရီ ၃၀ လောက်ပဲ ရှိနိုင်တာမို့ သူတို့ကိုကယ်ထုတ်ဖို့ အရေးပေါ်လိုလာပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျရတာက မက်သိန်းဓာတ်ငွေ့လိုင်းကြီးကို တူးမိလို့ ဖြစ်တာမို့ဓာတ်ငွေ့တွေကို ထုတ်ပစ်ဖို့ စက်ကြီးတစ်ခု ရှိဖို့လိုနေပါတယ်။ အဲဒီစက်က ၂၅ တန်လောက်လေးတဲ့အတွက်ရေခဲပြင်ပေါ်ကို လေယာဉ်ဆင်းပြီး သယ်လို့မရသလို ရဟတ်ယာဉ်နဲ့လည်း မနိုင်ပါဘူး။ ဒီတော့ ကားနဲ့သယ်ဖို့တစ်နည်းပဲ ရှိပါတော့တယ်။ ကားတွေကလည်း ရေခဲလမ်းလို့ ခေါ်တဲ့ ခဲနေတဲ့ မြစ်ရေပြင်ပေါ်က လမ်းကိုဖြတ်မောင်းရမှာဖြစ်ပြီး ဧပရယ်လထဲမှာ ဖြစ်လို့ ဘယ်ဒရိုင်ဘာမှ မမောင်းရဲပါဘူး။ အဲဒီအချိန်မှာ မောင်းပြီးပို့ရဲတဲ့ဒရိုင်ဘာ သုံးယောက်ပေါ်လာတဲ့အခါ ပိတ်မိနေတဲ့သူတွေအတွက် ...
movie
The Ice Road (2021)
2021
7.1
Children Who Chase Lost Voices (2011)
Children Who Chase Lost Voices (2011) -------------------------------------------------- IMDb - 7.1/10, MyAnimeList - 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင်Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးကဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်းရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူလေးကစာတော်တဲ့ စာဂျပိုး ကလေးမလေးပါ။အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီးအဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့သူမတစ်ခါမှမကြားဖူးပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲတွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီးသတင်းတွေပျံ့နေပါတော့တယ်။ ...
movie
Children Who Chase Lost Voices (2011)
7.7
Thunderbolts* (2025)
Thunderbolts* (2025)IMDb Rating (7.7) / Rotten Tomatoes (88 %)(4K WEB-DL ကြည်တောက် Update )ဒါရိုက်တာ Jake Schreier ဖြစ်ပြီး Beef စီးရီးတို့ Paper Town, Skeleton Crew တို့ရဲ့ ဖန်တီးရှင်ပီပီ ဒရာမာရော ဟာသရော အက်ရှင်ရော ကောင်းကောင်းပိုင်ပိုင်နိုင်နိုင်ရိုက်ကူးထားပါတယ်။ မင်းသားမင်းသမီးတွေကလည်း လူဟောင်းတွေချည်းပဲမို့ ဇာတ်ကောင်အသားကျပြီးသားဖြစ်ပြီး ကွက်တိသရုပ်ဆောင်နိုင်ကြပါတယ်။ ဘော့ နေရာမှာသရုပ်ဆောင်တဲ့ Lewis Pullman ကလည်း Top Gun မှာကတည်းက ဘော့နေရာမှာ ပါထားတဲ့သူဖြစ်ပြီး ဒီကားမှာလည်း အလားအလာအများကြီး ပြသွားပါပြီ။အညွှန်းမာဗယ်ရုပ်ရှင်ရဲ့ ၃၆ ကားမြောက် ရုပ်ရှင်ဖြစ်ပြီး အဆင့်-၅ ရုပ်ရှင်တွေရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ မာဗယ်ရုပ်ရှင်တွေထဲမှာ ကောင်းတယ်လို့ ပြောရတဲ့ အဆင့်ထဲကိုတော့ ရောက်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ Winter Soldier တို့ ...
movie
Thunderbolts* (2025)
4K HEVC
6.4
Riddick (2013)
movie
Riddick (2013)
2013
6.7
The Chronicles of Riddick (2004)
movie
The Chronicles of Riddick (2004)
2004
1
2
3
Last
Next