Channel Myanmar

2023

Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Eva Lasting (2023) Season 1+2 8.364
Eva Lasting (2023) Season 1+2  IMDb - 7.8/10ကျား/မ တန်းတူညီမျှရေးဆိုတာ ဒီခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ စကားမျိုးပါပဲ.....အခုလို ကိစ္စတိုင်းနီးပါး တန်းတူညီမျှထားပါတယ်လို့ ဆိုနေကြတဲ့အချိန်မှာတောင် တချို့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေကို တဆင်နိမ့်ဆက်ဆံတဲ့နေရာတွေရှိနေတော့ အရင်ခေတ်ကလို ကျား/မ ခွဲခြားဆက်ဆံတဲ့ခေတ်ဆို တွေးသာကြည့်ပေတော့ပဲ.....အဲဒီလို ကျား/မ ခွဲခြားဆက်ဆံတဲ့အထဲမှာ ဥရောပနိုင်ငံတွေက အင်မတန်ဆိုးရွားလှပါတယ်......အဲဒီထဲမှာ စပိန်လည်းအပါအဝင်ပေါ့ သူတို့ရဲ့ ကျား/မ တန်းတူအခွင့်အရေးရဖို့ မဲပေးခွင့်ရဖို့တွေအတွက် တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ ရုပ်ရှင်ပေါင်း မှတ်တမ်းပေါင်းများစွာလည်းရှိကြပါတယ်.....သူတို့ရဲ့ တွန်းလှန်မှုတွေဟာ အခြေအနေတခုထိအောင်မြင်ခဲ့တာလည်း အခုမျက်မြင်ကိုယ်တွေ့ပါပဲ.....အခုဇာတ်လမ်းတွဲလေးကတော့ ၁၉၇၀ပြည့်နှစ်တွေတုန်းက စပိန်နိုင်ငံရဲ့ အငွေ့အသက်တွေရယ် အဲဒီခေတ်တုန်းက ကျား/မ ဘယ်လိုခွဲခြားဆက်ဆံကြတယ်ဆိုတာရယ် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေနဲ့ အမျိုးသမီးဝါဒီကို ဘယ်လိုဆွဲကိုင် တွန်းလှန်မယ်ဆိုတာရယ်ကို ကြည့်ရှုရမှာပါ.....ကျောင်းသားဘဝကနေ စပြီးရိုက်ပြထားတာမို့ ကျောင်းသားအငွေ့အသက်လေးတွေကိုလည်း ခံစားရမယ် ဆယ်ကျော်သက်တွေရဲ့ စူးစမ်းလေ့လာချင်စိတ် လေတိုက်တိုင်းစိတ်ကစားတတ်တဲ့စိတ် ကလေးဘဝရဲ့ပျော်ရွှင်မှု အစရှိတာတွေကိုပါ ခံစားရမှာမို့ ကြည်နူးစေမဲ့ကားလေးတစ်ကားလို့ပဲ မိတ်ဆက်ပေးပါရစေ......မင်းသမီးလေးက Francisca Estevez ဆိုတော့ ဆွဲဆောင်မှုလည်းရှိ ချစ်ဖို့ပါကောင်းနေတော့ ...
8.364
TMDb: 8.364/10 92 votes
tv

Eva Lasting (2023) Season 1+2

2023
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2025) 7
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2025) Kerala Crime Files (2023) IMDb 7.3တောင်းဆိုမှုများတဲ့စီးရီးဖြစ်တဲ့အညီ တစ်ပိုင်းချင်းစီက ဆွဲဆောင်မှုအပြည့် စိတ်လှုပ်ရှားစရာအပြည့်ဖြစ်နေမှာပါ ဇာတ်လမ်းက စလာတည်းက လူသေမှုနဲ့စပါတယ်တည်းခိုခန်းတစ်ခုမှာ ပိုက်ပေါက်နေလား စစ်ဆေးရင်း အခန်းတစ်ခုထဲတွေ့လိုက်ရတဲ့ အလောင်းတစ်ခု.. ဒီအလောင်းကိုစုံစမ်းတော့ ပြည့်တန်ဆာတစ်ယောက်ဖြစ်နေလေရဲ့ ..ဆိုတော့ ပေါ့ပေါ့တန်တန်ပဲ ဝတ်ကျေတန်းကျေစုံစမ်းရာကနေ သာမန်အမှုမဟုတ်နေတဲ့အခါ...လူသတ်သမားကို ရှာလေဝေးလေနဲ့ ရဲနဲ့လူသတ်သမားကြား လက်နှစ်လုံးခြားဖြစ်ပုံတွေ စုံစမ်းရေးရဲ့ထုံးစံအရ ကိုယ်ပါကူဝင်စဉ်းစားရလောက်တဲ့အထိ ဆွဲခေါ်သွားနိုင်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ရင်း...(အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~BpL~Aditi~YH~Thaik San တို့ပဲဖြစ်ပါတယ်)File Size – 600MB / 300MBQuality – 1080p / 720pDuration – 28minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Mystery, DramaTranslator – Yunni ~BpL~Aditi~YH~Thaik San Encoder – YK 720p Episode 1 - Yoteshin ...
7
TMDb: 7/10 1 votes
tv

Kerala Crime Files: Shiju, Parayil Veedu, Neendakara (2025)

2023
Such Brave Girls (2023) 6.971
Such Brave Girls (2023) Such Brave Girls Season 1 (2023 - …) IMDB : 7.3 Rotten Tomatoes : 100% Genre : Comedy / DramaSeries သိပ်မထုတ်တတ်တဲ့ A24 ရဲ့ စခွီထရမယ့် ဗြိတိန်ဟာသဇာတ်လမ်းတွဲဖြစ်ပါတယ်။ဇာတ်ညွှန်းဒက်ဘ်၊ ဂျိုစီနဲ့ ဘီလီဆိုတဲ့ သားအမိသုံးယောက်ရှိတယ်။ ယောကျ်ားဖြစ်သူက လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကလဖက်ရည်အိတ်ဝယ်ဖို့ဆိုပြီး ထွက်သွားတာ ခုထိပြန်မလာဘူး။ ဒက်ဘ်ခင်ဗျာ အကြွေးပင်လယ်ထဲ ဇောက်ထိုးနစ်ပြီးဘဝကို ပက်လက်တမျိုး၊ ယက်ကန်တမျိုး ရုန်းကန်ရင်းနဲ့ အိမ်အကြီးကြီးပိုင်တဲ့ ဒက်ဗ်ဆိုတဲ့ ဘဲကြီးတစ်ဗွေကိုဦးနှောက်နဲ့ချစ်မိသွားတယ်။ တစ်မိသားစုလုံးကို ကယ်တင်မယ့် မိခင်တစ်ယောက်ရဲ့ မဟာဗြူဟာမြောက် အကြံ။အကြီးမ ဂျိုစီကတော့ စိတ်ဓာတ်မကျရရင် မနေနိုင်တဲ့ ဒီပျက်ရှင်ကောင်မဆိုးလေး။မနက်အိပ်ယာထ ငါ ဆူဆိုက်လုပ်ရမယ်၊ ညအိပ်ယာဝင် လက်ကောက်ဝတ်လှီးလိုက်ရင်ကောင်းမယ်ဆိုပြီးတွေးနေတဲ့လူ။ သူ့မှာ ဆက်ဘ်ဆိုတဲ့ကောင်လေးရှိတယ်။ ဆက်ဘ်က ဂျိုစီကိုတွယ်ကပ်သလောက် ဂျိုစီက ဆက်ဘ်ကို မချစ်ဘူး။ ...
6.971
TMDb: 6.971/10 34 votes
tv

Such Brave Girls (2023)

2023
Pit Babe Season 1+2  (2025)
Pit Babe Season 1+2 (2025) ပြိုင်ကားရေးတဲ့ ဖူးစာ အတွဲ-၁ (၂၀၂၃)Omegaverse မဟုတ်တဲ့ Omegaverse !Novel ကနေ ပြန်လည်ရိုက်ကူးထားပြီး Novel ထဲမှာ Omegaverse ပေမဲ့ ဇာတ်လမ်းထဲမှာတော့ Pit Babe က ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့နှာခေါင်းထဲတိုးဝင်လာတဲ့ Alpha အနံ့မျိုးကို မကြိုက်တဲ့လူလို့ပဲ ပုံဖော်ထားပါတယ်။(function(f,b,n,j,x,e){})();တစ်နေ့မှာတော့ ပစ်ဘေ့ရဲ့ ဖန်ဘွိုင်း ချာလီဆိုတဲ့ကောင်ငယ်လေးက ပြိုင်ကားမောင်းသမားဖြစ်ချင်ပေမဲ့ ပြိုင်ကားမရှိလို့ သူလေးစားအားကျရတဲ့ No.1 ပြိုင်ကားမောင်းသမား ပစ်ဘေ့ဆီ ကားလာငှားရင်း friends with benefits ဖြစ်သွားပြီး ပစ်ဘေ့ကလည်း ချာလီကို သဘောကျသွားပုံပါပဲ။ချာလီနဲ့ ပစ်ဘေ့တို့ စတွေ့တဲ့နေ့မှာပဲပစ်ဘေ့ရဲ့ ပြိုင်ဘက်က ပစ်ဘေ့မှာ racing မှာ ရှုံးသွားပြီး ပစ်ဘေ့ကို ရှုံးမဲမဲချင်တဲ့စိတ်နဲ့ ပြိုင်ပွဲ ထပ်ပြိုင်ဖို့ စိန်ခေါ်လာပြီး လောင်းကြေးကတော့ ပစ်ဘေ့ဘေးမှာ ငကြောက်လေးလို ရပ်နေတဲ့ ချာလီကို တောင်းပါတယ်။ ချာလီကတော့ ပစ်ဘေ့ကိုပဲ သဘောကျပြီး သူ့ကို တခြားသူလက်ထဲ မထည့်ဖို့ ပြောပေမဲ့ ကိုယ်ကိုယ့်ကိုယ် အထင်ကြီးတဲ့ ...

Pit Babe Season 1+2 (2025)

2023
Sullivan’s Crossing (2023-2025) 6.9
Sullivan’s Crossing (2023-2025)  Sullivan's Crossing (2023-2025) (စ/ဆုံး)IMDb Rating (7.2) New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီး best seller စာရင်းဝင်ခဲ့တဲ့ စာရေးဆရာမ Robyn Carr ရဲ့ဝတ္ထုငါးပုဒ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်မသွင်းခင်မှာလည်း Audio bookတွေ ထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှု များစွာရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။မက်ဂီဆူလီဗန်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဘော်စတွန်ဆေးပညာအသိုင်းအဝိုင်းရဲ့ အအောင်မြင်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာခွဲစိတ်ဆရာဝန်တစ်ဦးပါ။သူမရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကိုရောက်နေချိန်မှာပဲ ရုတ်တရက် ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်ဇာတိမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ဖခင်ရှိရာမြို့လေးမှာနေနေရင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို အရင်က သူကုသပေးခဲ့တဲ့ လူနာတစ်ယောက်က ရုတ်တရက်ဆုံးပါးသွားပြီး လိုင်စင်ပိတ်သိမ်းပေးဖို့ တရားစွဲဆိုခံရတဲ့ထိ ဖြစ်လာခဲ့ပါတယ်။သူ့အနေနဲ့ လိုင်စင်မပိတ်သိမ်းခံရဖို့ တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးမှာပဲ မထင်မရှားဘဝနဲ့နေသွားရမယ် ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ..သူ့ရဲ့အောင်မြင်တဲ့ဘဝဆီ ပြန်သွားပြီး အဖြစ်မှန်တွေနဲ့ ရင်ဆိုင်မလား၊ ငယ်ဘဝရဲ့ ဒဏ်ရာတွေကို ကုစားဖို့ နယ်မြို့လေးမှာပဲဆက်နေမလား ဆိုတဲ့ ...
6.9
TMDb: 6.9/10 1504 votes
tv

Sullivan’s Crossing (2023-2025)

2023
Unseen (2023) 6.7
Unseen (2023) Netflixမှထုတ်လုပ်ခဲ့တဲ့ တောင်အာဖရိက crime/thriller series တစ်ပုဒ်ဖြစ်တဲ့ “ Unseen “ဟာဆိုရင်ဖြင့် သာမန်သန့်ရှင်းရေးအလုပ်သမဘဝမှ လူသတ်ခြင်းကို ပါရမီပါလာသူ Zenzi Mwaleရဲ့ဘဝအကျနာပုံကို တင်ဆက်ဖော်ပြပေးထားတာဖြစ်ပါတယ်Turkey version " Fatma " အနေနဲ့လည်း ၂၀၂၁မှာ Netflixကနေ Season 1ခုထွက်ရှိထားပါသေးတယ်ကျေးညီနောင်ပုံပြင်လိုပဲ လေပြင်းမုန်တိုင်းကြောင့် တစ်ကောင်နဲ့တစ်ကောင်တစ်ကွဲတစ်ပြားဖြစ်ရင်း ပတ်ဝန်းကျင်တွေမတူညီတဲ့အတွက်ကြောင့် ဇန်ဇီမွလေး နဲ့ ညီမဖြစ်သူ နလဲဒီတို့ငယ်စဉ်ကတည်းကဖခင်ဖြစ်သူရဲ့ ညှင်းပန်းနှိပ်စက်ခံရမှုကို မိခင်ဖြစ်သူနဲ့ပါ သုံးယောက်သားခံစားခဲ့ရတာကြောင့် နလဲဒီတစ်ယောက် အိမ်ကနေထွက်ပြေးရင်းနဲ့ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုတည်ဆောက်နိုင်ခဲ့ပေမယ့်လည်း မွလေးမှာတော့ သားသေတဲ့ဒုက္ခအပြင် ခင်ပွန်းဖြစ်သူကလည်း ထောင်ကနေထွက်ပြီးပျောက်ချင်းမလှပျောက်သွားတဲ့အတွက်ကြောင့် လင်ပူကတစ်ဖန်နဲ့ လူသတ်ခြင်းကိုလည်းအပတ်တကုတ်ဖြတ်ရိုက်နေစရာမလိုဘဲ ပါရမီခုံမင်လာတဲ့အတွက်ကြောင့် ရဲအပူကတစ်ဖုံ မွလေး သတ်လိုက်တဲ့သူတွေကလည်း နာမည်ကြီးဂိုဏ်းကလူမိုက်တွေ နယ်နယ်ရရတွေမဟုတ်တဲ့အတွက်ကြောင့် မွလေးတစ်ယောက် ကျလိုက်ပြန်ထလိုက်ဖြစ်ရပုံများကို စိတ်ဝင်စားဖွယ် သွေးသံတရဲရဲဖြင့် အရည်အသွေးမြင့်မြင့်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်File size…(893 MB)/(481 MB) Quality….Webrip 1080p / 720p Format… mkv ...
6.7
TMDb: 6.7/10 41 votes
tv

Unseen (2023)

2023
The Apothecary Diaries (2023) 8.7
The Apothecary Diaries (2023) Maomao ဟာ သူမ၏ ဖခင်နှင့်အတူ အေးချမ်းစွာ နေထိုင်နေပြီး ဆေးဖော်စပ်သူအဖြစ် လုပ်ကိုင်နေပါတယ်။တစ်ရက်တော့ မမျှော်လင့်ပဲ အိမ်ပြန်လမ်းမှာ ပြန်ပေးဆွဲခံရပြီး နန်းတော်မှာ အစေခံအဖြစ်နဲ့ရောင်းစားခံလိုက်ရပါတယ်နန်းတွင်း အရှုပ်တော်ပုံတွေကြားထဲမှာ မြေစာပင်မဖြစ်ချင်တဲ့ မိုမိုတစ်ယောက်ဟာ အစေခံအဖြစ်နဲ့ပဲ အေးရာအေးကြောင်းနေကာ၂နှစ်လောက်အလုပ်လုပ်ပြီး ပုံမှန်တိုင်းပြန်နေဖို့တွေးထားပါတယ်။အဲလိုနဲ့ အေးရာအေးကြောင်းနေရင်းကနေ ဘုရင်ရဲ့ကလေးတွေ နေမကောင်းတာ ကျိန်စာဆိုတဲ့ကောလဟာလကို ကြားပြီးတော့မိန်းမသား ပီပီ စပ်စုတတ်တဲ့ မိုမိုဟာ နေမကောင်းတဲ့အကြောင်းရင်းကို စုံစမ်းကြည့်လိုက်ပါတော့တယ်။အကြောင်းရင်းကို သိသွားပြီး တိတ်တဆိတ်လေးကူညီပေးလိုက်တဲ့အတွက် ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ အစေခံပဲ လုပ်မယ်ဆိုတဲ့ မိုမိုတစ်ယောက်ဘုရင်သဘောအကျဆုံးဖြစ်တဲ့ မိဘုရားစီမှာ အခြွေရံဖြစ်သွားပြိးတော့ နန်းတွင်းအရှုပ်တော်ပုံတွေကြားထဲ ပါဝင်ပတ်သတ်ရမှာကို ကြည့်ရှု့ရမှာပါ။တစ်ပိုင်းမှာ အကြောင်းရာတစ်ခုဖြေရှင်းတဲ့ပုံစံမျိုးမို့လို့ ကြည့်ရတာပျင်းဖို့မကောင်းပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ File size…   350 MB Quality… WEB-DL 1080p Format… mp4 Duration…. 23m Genre ..... Adventure, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Zin Sann ...
8.7
TMDb: 8.7/10 223 votes
tv

The Apothecary Diaries (2023)

2023
The Ark(2023) 6.333
The Ark(2023) The Ark(2023)============ဒီတစ်ခေါက်မှာတော့ science fiction နဲ့ mystery ဘက်ကို သွားတဲ့ အမေရိကန် series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကိုတော့ လာမယ့် နှစ်တစ်ရာကျော် အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားပြီး အာကာသယာဉ်ကြီးတစ်ခုရဲ့ ပေါက်ကွဲမှုနဲ့ အစပြုထားပါတယ်။အဲ့ဒီယာဉ်ရဲ့နာမည်ကတော့ ARK ONE ပါ။ကမ္ဘာကြီးဟာ လူတွေနေထိုင်ဖို့အတွက် တဖြည်းဖြည်းဆိုးဝါးလာပြီး လူသားမျိုးနွယ်တွေ မကြာခင်မျိုးသုဉ်းသွားနိုင်တာမို့ ကမ္ဘာ့နယ်ပယ် အသီးသီးက အတော်ဆုံးဆိုတဲ့လူတွေကို ARK ONE လို ယာဉ်ကြီးတွေပေါ် တင်ပေးလိုက်ပြီး အခြေချနေထိုင်ဖို့ နယ်မြေအသစ်တွေ ရှာဖွေစေပါတယ်။အဲ့ဒီလူတွေထဲမှာ စစ်မြေပြင်ကျွမ်းကျင်သူတွေ၊အင်ဂျင်နီယာတွေ၊စိုက်ပျိုးရေးပညာရှင်တွေ၊ အုပ်ချုပ်ရေးပညာရှင်တွေ စသဖြင့် လူမျိုးစုံပါဝင်ပါတယ်။ဖြစ်ချင်တော့ ARK ONE ဟာ မူလရည်ရွယ်ထားတဲ့ ဂြိုလ်ကို မရောက်ခင်မှာပဲ တစ်စုံတစ်ခုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံလိုက်ရပါတယ်။အဲ့ဒီပျက်စီးမှုတွေနဲ့အတူ ပါလာတဲ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ သေဆုံးသွားပြီး ဒီစစ်ဆင်ရေးကို ဦးဆောင်မယ့် ခေါင်းဆောင်ပိုင်းတွေပါ အကုန်ပါသွားပါတယ်။ မူလအစီအစဉ်အရ ခရီးဆုံးကိုရောက်မှ နှိုးရမှာဖြစ်တဲ့ လူတွေဟာလည်း ဘာမှမရှိတဲ့ အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ နိုးလာခဲ့ပြီး သူတို့ဟာ ခရီးဆုံးကိုရောက်ဖို့ တစ်နှစ်နီးပါး ဆက်သွားရန် လိုသေးကြောင်း နဲ့ နဂိုအစီအစဉ်အတိုင်း ...
6.333
TMDb: 6.333/10 15 votes
tv

The Ark(2023)

2023
The Walking Dead: Dead City (2023-2025) 8.7
The Walking Dead: Dead City (2023-2025)  The Walking Dead: Dead City (2023)IMDb Rating (7.1) / Rotten Tomatoes (75%) IMDb Rating 8.4/10 ရထားပြီး walking dead series ရဲ့ sequel အဆက်အဖြစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။Walking Dead ထဲက အဓိက villain ကြီးဖြစ်ခဲ့တဲ့ Negan နဲ့Maggie တို့အဓိက ဦးဆောင်ပါ၀င်ထားပါတယ် ။မက်ဂီရဲ့ ဟာရှယ်ကို ခရိုအက် ဦး‌ဆောင်တဲ့ raider ခေါ် လုယက်သူတွေကဖမ်းစီးခေါ်ဆောင်သွားပါတယ်။ဒါကို ရန်သူတာ်ကြီး‌တွေဖြစ်တဲ့ မက်ဂီနဲ့ နီဂန်က ပြန်လည်ပူးပါင်းပြီး ဟာရှယ်ကို ပြန်ကယ်တင်ဖို့ ရန်သူ့နယ်‌မြေထဲ စွန့်စားခန်းထွက်ကြမှာဖြစ်ပါတယ် ။Dead City ဆိုတဲ့ နယူးယောက်မြို့ကို အခြေခံဇာတ်အိမ်တည်ထားပြီး raiders တွေ ဝေါ်ကာ‌‌ (ခေါ်) ဖုတ်ကောင်တွေ ၊လက်နက်ကိုင်အင်အားကြီးအဖွဲ့တွေနဲ့ walking dead စီးရီးကြီးရဲ့ ...
8.7
TMDb: 8.7/10 11 votes
tv

The Walking Dead: Dead City (2023-2025)

2023
Barracuda Queens (2023-2025) Season 1+2 [ Complete ] 5.3
Barracuda Queens (2023-2025) Season 1+2 [ Complete ] Barracuda Queens (2023) S1 [Complete]Barracuda Queens (2025) S2 [Complete] ၁၉၉၀ ခုနှစ်နှောင်းပိုင်း ဖောက်ထွင်းမှုတွေကျူးလွန်ခဲ့တဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime, Drama, Thriller အမျိုးအစား ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDb 6.3 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Lollo, Mia, Klara, Frida တို့လေးယောက်က အလယ်တန်းကျောင်းမှာတည်းက ခင်လာခဲ့ပြီးတော့ Barracuda Queens ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားပြီး တပူးတွဲတွဲနေကြတဲ့ သူငယ်ချင်းလေးယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်ပီပီ ဇိမ်ခံဟိုတယ်တစ်ခုမှာ သွားကဲတဲ့အချိန် အရက်အမူးလွန်ပြီးလုပ်ခဲ့မိတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေပေးဖို့ ဖြစ်လာတဲ့အခါ အိမ်ကိုလည်းမပြောရဲ၊ လျော်စရာပိုက်ဆံလည်းမရှိ ဖြစ်လာပါတယ်။ အဲဒါနဲ့ Lollo တို့မိသားစုရဲ့ ပါတီပွဲမှာ အိမ်ကမိတ်ဆက်ပေးတဲ့ Amina ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံမိသွားပြီး Amina တို့မိသားစုက လူချမ်းသာတွေဆိုတာ သိသွားပါတယ်။ အဲဒါအပြင် ပိတ်ရက်မှာ Amina တို့မိသားစုက ကိုင်ရိုမှာ မင်္ဂလာပွဲတစ်ခု သွားတယ်မယ့်အကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ သူငယ်ချင်းတွေ ...
5.3
TMDb: 5.3/10 13 votes
tv

Barracuda Queens (2023-2025) Season 1+2 [ Complete ]

2023
Rana Naidu (2023) 8.1
Rana Naidu (2023) Rana Naidu (IMDb 7.4/10) **************************ဘာဟူဘလီရဲ့ ဗီလိန်ကြီးဘလ်လားလ်ဒေ့ဗ် ရာနာဒက်ဂူဗာသီ နဲ့ Drushyam (Telugu Version)မင်းသားကြီး ဒက်ဂူဗာသီ ဝမ်န်ကာတေးရှ် တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ rating ကောင်းကောင်း cast အလန်းနဲ့ အက်ရှင်ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်....ဇာတ်လမ်း အကျဉ်း ရာနာနိုင်ဒူဆိုတာ ‌ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါ အတွင်းရေးတွေလူသိမခံချင်ဘူးလား ရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလား မယားငယ်ထားပြီးတိုင်ပတ်နေလား ရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ.. အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ..... သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ် သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါ ရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါ အဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင် ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရော ဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲ ခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့ အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်း အက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲ ဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူ မကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 50mTotal Episodes:Subtitle – ...
8.1
TMDb: 8.1/10 8 votes
tv

Rana Naidu (2023)

2023
Criminal Code (2023) 6.9
Criminal Code (2023) Criminal Code (2023) =============== IMDb Rating - 6.9/10Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးကောင်းတစ်ခုကို တင် ဆက်ပေးလိုက်ပါပြီ။နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့ လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့ ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့ အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလု အယက်နဲ့ပါပဲ။ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆို လို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာ ရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင် ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့ အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာ ခဲ့ပါပြီ။ဖြစ်ရပ်မှန်စီးရီးတစ်ခုဖြစ်တာကြောင့် ဒီအမှုကို လိုက်စဉ်မှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ၊ လျှို့ဝှက်မစ်ရှင်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါ တယ်။ ပထမဆုံးနိုင်ငံတကာမှုခင်းကြီးတစ်ခုဖြစ်ပြီး ...
6.9
TMDb: 6.9/10 1735 votes
tv

Criminal Code (2023)

2023
Blood Curse (2023) Teluh Darah 7.2
Blood Curse (2023) Teluh Darah  Blood Curse (2023)IMDb Rating (7.3) ဝူလန်ဟာခေတ်ပညာတတ်လှပသွက်လက်တဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူတို့မိသားစုဟာ ငွေကြေးပြည့်စုံရုံတင်မကပဲအချင်းချင်း ချစ်ခင်လေးစားကြသလို လက်အောက်ငယ်သားတွေကိုလည်း စာနာထောက်ထားတတ်ကြတဲ့သူတွေပါ။အစစအရာရာပြည့်စုံနေတဲ့ သူတို့ဘ၀ဟာ သူတို့ဖခင်ရဲ့အသိနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားရာကစပြီး ထူးဆန်းတဲ့အဖြစ်တွေကြုံလာရသလို သူတို့ဖခင်ကိုယ်တိုင်ပါ ကျန်းမာရေးစတင်ထိခိုက်လာခဲ့ပါတယ်။ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကိုစုံစမ်းရင်း သူတို့ကြုံနေရတဲ့ ပြဿနာတွေဟာ သဘာ၀လွန်အင်အားစုတွေနဲ့ပတ်သက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။အဲ့ဒီမှာပဲ သူတို့မိသားစုလိုပဲ ဒီလိုအောက်လမ်းတိုက်ခိုက်မှုတွေရဲ့သားကောင်ဖြစ်ခဲ့တဲ့ အယ်ဆာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ဆုံဆည်းခဲ့ပြီးသူတို့နှစ်ဦးဟာနက်နဲရှုပ်ထွေးတဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ကြိုးစားရင်း၊အန္တရာယ်တွေကိုအတူရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားရိုးရာ မှော်ပညာကိုအခြေခံထားပြီး မိသားစုဒရာမာတွေ၊ တစ်ဦးနဲ့တစ်ဦးအကောက်ဉာဏ်နဲ့လှည့်စားမှုတွေ၊ လှည့်ကွက်တွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ခန့်ခန့်နဲ့ရောစပ်ပြထားတာဖြစ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မထတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်ကားမျိုးပါ။အောက်လမ်းဇာတ်ကားတို့ထုံးစံ မသတီစရာတွေ၊ စိတ်မသက်မသာဖြစ်စရာပြကွက်နဲ့သွေးထွက်သံယိုတွေတော့ ဖောဖောသီသီပါဝင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (650 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy, Horror, Thriller Duration…. 00:45:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by ...
7.2
TMDb: 7.2/10 22 votes
tv

Blood Curse (2023) Teluh Darah

2023
Jane (2023-2025) 6.7
Jane (2023-2025)  Jane (2023-2025)Season 01 / 02 / 03 ( စ/ဆုံး ) ဒီစီးရီးလေးက Apple TV + မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Adventure/Education TV show တစ်ခုပါ။ Season 1 မှာ အပိုင်းဆယ်ပိုင်းပါဝင်ပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာပေးရေးအပြင် ဟာသနဲ့ မိသားစုဒရာမာတွေကိုပါ ထည့်သွင်းတင်ဆက်ထားပါတယ်။ဂျိန်းဂါစီယာ ဆိုတဲ့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ သူ့သူငယ်ချင်းတွေရဲ့ စိတ်ကူးယဥ် စွန့်စားခန်းဇာတ်လမ်းတွေ၊ မြေကမ္ဘာရဲ့ အံ့ဖွယ်အကြောင်းအရာတွေ၊သက်ရှိသတ္တဝါတွေအကြောင်း စူးစမ်းလေ့လာကြတာတွေကို အပိုင်းတစ်ခုချင်းစီအလိုက် မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ တင်ဆက်ထားတာပါ။အထူးသဖြင့် မျိုးတုံးပျောက်ကွယ်ဖို့ အန္တရာယ်များနေတဲ့ မျိုးစိတ်တွေကို အပိုင်းတစ်ခုချင်းစီ အသားပေးတင်ပြထားတာကို တွေ့နိုင်မှာပါ။ကလေးသူငယ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပညာပေးဖို့ ဦးတည်ထားတယ်ဆိုပေမဲ့ လက်တွေ့အပြင်လောကမှာ အရေးတကြီးလိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးတွေ၊အသိအမြင်နိုးကြားမှုတွေ၊ အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတဲ့အတွက် အသိပညာလိုလားသူ လူကြီးလူငယ်တွေပါ ကြည့်ရှုဖို့ အဆင်ပြေပါလိမ့်မယ်။ပညာပေးသက်သက် ...
6.7
TMDb: 6.7/10 34 votes
tv

Jane (2023-2025)

2023
The Way Home (2022) Season 1+2+3 8.1
The Way Home (2022) Season 1+2+3  ကျွန်တော်တို့တစ်ခါတလေ လောကဓံလှိုင်းတွေရဲ့ အထုအထောင်းအောက်မှာ ပြားပြားဝပ်နေတဲ့အခါ ခိုလှုံစရာနေရာတစ်ခု နွေးထွေးတဲ့နေရာတစ်ခုကို တောင့်တတတ်ကြပါတယ်။ ဒီနေရာကတော့ ချစ်သူခင်သူတွေရှိတဲ့နေရာ အမှတ်တရကောင်းတွေရှိတဲ့နေရာ နွေးထွေးမှုတွေပေးနိုင်တဲ့နေရာဖြစ်တဲ့ မိသားစုဝင်တွေရှိနေတဲ့အိမ်ပါပဲ။ခင်ပွန်းဖြစ်သူ Bradyနဲ့ ခွဲနေရာကနေ မကြာခင် ကွာရှင်းပြတ်ဆဲတော့မဲ့ Kat နဲ့ မိဘနှစ်ပါးရဲ့ အဆင်မပြေမှုတွေကြားက အရိုင်းစိတ်တွေဝင်ပြီး အမေကိုမုန်းနေတဲ့ rebellious teenageလေး Alice ...သမီးဖြစ်သူကကျောင်းထုတ်ခံရတဲ့အပြင် သူကိုယ်တိုင်ကပါအလုပ်ပြုတ်သွားတော့ အကြံကုန်နေတဲ့ Kat ဆီကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူအဆက်အသွယ်မလုပ်ခဲ့တဲ့ Kat ရဲ့ အမေ ဒယ်ဆီက စာတစ်စောင်ရောက်လာပါတယ်။ဒီလိုနဲ့ပဲ Katတစ်ယောက် သမီးဖြစ်သူ Alice ကို ခေါ်ရင်းနဲ့ သူတို့ရဲ့ မိသားစုအမွေဖြစ်တဲ့ Landry Farm ရှိရာလည်းဖြစ်တဲ့ သူ့ရဲ့ ဇာတိကိုပြန်ဖို့ ဖြစ်လာပါတယ်။မြို့ကြီးသူဖြစ်တဲ့ Alice အတွက်ကတော့ ဖုန်းလိုင်းတောင် အနိုင်နိုင်ဖြစ်နေတဲ့ စိုက်ပျိုးရေးခြံဟာ အိပ်မက်ဆိုးပါပဲ။ အဖေ့ဆီကိုသာ ပြန်ဖို့ ...
8.1
TMDb: 8.1/10 votes
tv

The Way Home (2022) Season 1+2+3

2023
Hong Seok Cheon’s Jewelry Box (S1+S2+S3) [Complete]

Hong Seok Cheon’s Jewelry Box (S1+S2+S3) [Complete]

2023
The Last of Us (2023-2025) 9.2
The Last of Us (2023-2025)  The Last of Us (2023-2025)IMDb Rating (8.7) / Rotten Tomatoes (94%) ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး ဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကိုစီးရီးအနေနဲ့ တင်ဆက်လာပါပြီ။တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံးအပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။မင်းသားကလည်း Game of Thrones, Mandalorian, Kingsmen ကားတွေထဲက Pedro Pascal ပါပဲ။မင်းသမီးကလည်း Game of Thrones ထဲမှာအားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့Bella Ramsey ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ဇုံတွေထဲက ...
9.2
TMDb: 9.2/10 30 votes
tv

The Last of Us (2023-2025)

2023
Found (2023) Season 1 + 2 [ Complete ] 7.333
Found (2023) Season 1 + 2 [ Complete ] Season 1 [ စ / ဆုံး ]Season 2 [ စ / ဆုံး ] ယနေ့အချိန်ထိ ကမ္ဘာအနှံ့ နိုင်ငံတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကရှိနေတုန်းပါပဲ။ ယနေ့ခေတ် အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံခံရမှုတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အချိန် မီဒီယာတွေကလည်းဒီလိုပြဿနာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဇာတ်ကားတွေရိုက်ပြီး တင်ဆက်ကြပါတယ်။ဒီစီးရီးမှာဆိုရင် လူမည်းကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ လူအများစုကဒါကိုရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူး ထင်ကြပြီး လျစ်လျုရှုတတ်ကြတဲ့သဘောကိုထောက်ပြထားတာပါ။ဇာတ်အိမ်ကတော့ ငယ်စဉ်က နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းခံရပြီး အချိန်တစ်ခုကြာမှကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ လူမည်း မိန်းကလေးငယ် တစ်ဦးက အရွယ်ရောက်လာပြီးတဲ့အခါဒီလိုဖြစ်ရပ်တွေကို တတ်နိုင်သလောက် တားဆီးဖို့အတွက် အဖွဲ့တစ်ခု တည်ထောင်ပြီးအမေ့လျော့ခံ လစ်လျုရှုခံ ကလေးငယ် တွေကို ကူညီဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Marvelကရိုက်ကူးတဲ့ S.H.I.E.L.D စီးရီးက အေးဂျင့် ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် ဘရတ်ဒယ်လ်တန်က ဒီစီးရီးမှာ စုံထောက် ထရန့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးနာမည်ကြီး ...
7.333
TMDb: 7.333/10 3 votes
tv

Found (2023) Season 1 + 2 [ Complete ]

2023