Channel Myanmar

War

The World Will Tremble (2025) 6.1
The World Will Tremble (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်းဇာတ်ကားလေးဖြစ်ပါတယ်။နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်အပြီးမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။မီခေး၊ ဝုဖ် နဲ့ ရှောလမွန်တို့ ဟာ နာဇီအလုပ်စခန်းမှာအလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်းရောက်သွားတဲ့အချိန်မှ အလုပ်စခန်းမဟုတ်ဘဲ လူသတ်စခန်းဖြစ်နေမှန်းသိခဲ့ရပါတယ်။ ဒီလိုနဲ့ သေမထူးနေမထူးဘဝတွေမို့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ထွက်ပြေးတယ်ဆိုတာလည်း အပြောကသာ လွယ်ပေမဲ့နာဇီတွေပတ်လည်ဝိုင်းနေတဲ့ နယ်မြေမှာ ထွက်ပြေးဖို့ဟာဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ။ဒီလိုနဲ့ သူတို့တွေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ။ အသည်းတအေးအေးနဲ့ စိတ်ဝင်စားဖွယ်ပါပဲ။ဒီရုပ်ရှင်လေးမှာတော့ သမိုင်းအဖြစ်အပျက်တွေကိုလက်တွေ့ကျကျတင်ဆက်ပြသထားတာမို့ ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြန်လည်မြင်‌ယောင်ခံစားမိစေမှာပါ။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့လည်းကောင်းပြီး ကြည့်ရတာ နောင်တမရစေမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါကြောင်း ...   File size… (1.68 GB) / (978 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h ...
movie

The World Will Tremble (2025)

Legends of the Fall(1994) 7.5
Legends of the Fall(1994)  ဒဏ္ဏာရီတဲ့လားဒဏ္ဏာရီဆန်တဲ့ လူသားတစ်‌ယောက်အကြောင်းပြောရင် ကျွန်တော်ကတော့ ထရစ္စတန်ကို မေ့နေလို့မရပါဘူး။ သူ့ဘဝရဲ့ ပုံပြင်ကတော့ လူတိုင်းကို မှင်သက်စေလိမ့်မယ်။သားရဲတစ်ကောင်လို သန်မာတဲ့ လူရိုင်းလေးက စိတ်သဘောထားကြတော့ နုနယ်လွန်းလှတယ်။ ချစ်လှစွာသော သူ့ ညီအကို သုံးယောက်ကြား ဝင်ရောက်လာတဲ့ သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ နှလုံးသားကရော ဘယ်သူ့ဆီမှာပါလဲ။ အနေအေးပြီး ရိုးလွန်းတဲ့ အကိုကြီးရဲ့ ခံစားချက်ကလည်း စာဖတ်သူကို ဘယ်လို ခံစားချက်ဖြစ်စေမှာလည်း သိပါရစေ။စည်းဘောင်တွေ အပြင်မှာ ပျော်ပျော် နေတတ်တဲ့ လူသားက သူ့ချစ်တဲ့သူ တွေကိုရော ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရူခံစား ကြည့်ပါဦး။ ဒီလူရိုးကြီးနဲ့ နှလုံးသားကို ဘယ်လို ထင်လဲ ပြောကြည့်ပါအုံး။ File size…(12 GB)/(2.6 GB)/(1.3 GB) Quality….Blu-Ray/Brbrip 4K HEVC/1080p / 720p Format… mp4 Duration…. 02:13:00 Genre... Drama, Romance, War, Western Subtitle….Myanmar Subtitle ...
movie

Legends of the Fall(1994)

1994
4K HEVC
Army Soul of Han Dynasty ( 2022 ) 6
Army Soul of Han Dynasty ( 2022 ) ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 1.60 GB / 896 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Army Soul of Han Dynasty ( 2022 )

We Were Soldiers (2002) 7.2
We Were Soldiers (2002) We Were Soldiers (2002)IMDb Rating (7.2)/ Ritten Tomatoes (63%)အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ ...
movie

We Were Soldiers (2002)

4K HEVC
The Road to Guantanamo (2006)
The Road to Guantanamo (2006)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ စစ် documentary တစ်ပုဒ်ဖြစ်ပါတယ်အဖြစ်အပျက်ကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်နိုင်ငံသား မူဆလင်သူငယ်ချင်းတစ်သိုက်ဟာ သူငယ်ချင်းမင်္ဂလာဆောင် တက်ဖို့အတွက် ပါကစ္စတန်ကို ခရီးထွက်ခဲ့ကြပါတယ် ပါကစ္စတန်ရောက်တော့ မင်္ဂလာဆောင်ကျင်းပမယ့်နေရာကို သွားကြမယ့်အစား အကုန်လုံးက အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့ဆီ ရောက်သွားခဲ့ကြတယ်အဲဒီမှာ ဘာတွေဖြစ်ပျက်‌နေလဲဆိုတာ ပတ်ကြည့်ကြရင်းနဲ့ အချိန်တန်တော့ ပါကစ္စတန်ကို ပြန်ဖို့အလုပ်မှာ မှားယွင်းပြီး တာလီဘန်ခံတပ်ကို ပါသွားခဲ့ကြတယ် အဲဒီမှာ တာလီဘန်စစ်သွေးကြွတွေနဲ့ အလိုတူအလိုပါအဖြစ် အထင်မှားခံရပြီး အမေရိကန်မရိန်းတပ် အခြေစိုက်စခန်းချထားတဲ့ ကျူးဘားနိုင်ငံက Guantanamo Bay အကျဉ်းထောင်ကို အပို့ခံလိုက်ကြရပါတယ် သူတို့တတွေဟာ အဲဒီအကျဉ်းထောင်ထဲမှာ အစစ်ဆေးအမေးမြန်းခံကြရပြီး စစ်သွေးကြွတစ်ယောက်ပါ လို့ အတင်းအကျပ်ဝန်ခံခိုင်းခံကြရပါတယ်လူလိုဆက်ဆံမခံရဘဲ နှိပ်စက်ညှင်းပန်းမှုတွေကို ခါးစည်းခံရင်း အမှန်တရားပေါ်ပေါက်လာမယ့်အချိန်ကို စောင့်ဆိုင်းကြရင်း ၃ နှစ်ကြာ ၂၀၀၄ခုနှစ်မှာမှ တရားစွဲမခံရဘဲ ပြန်လွှတ်လာခဲ့ပါတယ် သူတို့တွေ Guantanamo Bay ...
movie

The Road to Guantanamo (2006)

The Flowers of War (2011) 7.4
The Flowers of War (2011) The Flowers of War (2011) *************************နာမည်ကျော် တရုတ်မင်းသမီး Ni Niနဲ့ ကျွန်တော်တို့ရဲ့ Dark knight triology ထဲကဆြာဘတ် Christian Baleတို့ရဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားက Ni Niကို ပထမဆုံး ပရိသတ်တွေသတိထားမိစေတဲ့ဇာတ်ကားဖြစ်ခဲ့တာဆိုတော့CM ပရိသတ်တို့ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ...ဇာတ်ကားလေးကတော့ တရုတ်ဂျပန်စစ်ပွဲကြောင့် မြို့ပျက်ဖြစ်ခဲ့ရတဲ့နန်ကျင့်မှာပွင့်ခဲ့တဲ့သိပ်ကိုရဲရင့်တဲ့ပန်းလေး ၁၃ ပွင့်အကြောင်းပါ...ပြည့်တန်ဆာဆိုတဲ့ စကားလုံးဟာ ကြားလိုက်တာနဲ့ ဘယ်သူမှအထင်မကြီးတဲ့လူ့အဖွဲ့အစည်းရဲ့ အမှိုက်သရိုက်သာသာသတ်မှတ်ပြီး ဝိုင်းရှုံ့ချ စက်ဆုပ်ကြတဲ့ သွေးသားဈေးသည်တွေပေါ့...ဒါပေမဲ့ သူတို့တွေကလည်း လူတွေပဲဆိုတဲ့အချက် သူတို့မှာလည်းနှလုံးသားရှိတယ်ဆိုတာ၊ သူတို့ဒီဘဝကို ဘယ်လိုရောက်လာရလဲဆိုတာကိုတော့ဘယ်သူမှသိချင်စိတ်မဖြစ်သလို နားလည်ပေးဖို့ တန်းတူဆက်ဆံပေးဖို့ဆိုတာ အခုလိုပွင့်လင်းမြင်သာတဲ့ခေတ်မှာတောင် မဖြစ်နိုင်သေးတဲ့အရာတစ်ခုပါပဲ...ဇာတ်ကားလေးရဲ့အစမှာတော့ စစ်ဒဏ်နဲ့ မြို့ပျက်သာသာဖြစ်နေတဲ့နန်ကျင့်မြို့ကို အလောင်းပြင်ဆရာဂျွန်တစ်ယောက်ခရစ်ယာန်ဘုရားကျောင်းကဖာသာတစ်ယောက်ကို သင်္ဂြိုဟ်ပေးဖို့ ရောက်ချလာပါတယ်... ဒီလောက်ကျည်မိုးရွာနေတဲ့ကြားကဂျွန်တစ်ယောက် အရဲစွန့်ပြီးလာရတာကတော့ ဘုရားကျောင်းကအလှူငွေကိုဘတ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပါ...တစ်ချိန်တည်းမှာပဲချင်းဟွိုင်မြစ်ဆိုတဲ့ ဆောင်ကြာမြိုင်က အပျော်မယ်တစ်စုကလည်း ဘုရားကျောင်းကထမင်းချက်ရဲ့စနက်နဲ့ဒီဘုရားကျောင်းကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ...ခရစ်ယာန်ဘုရားကျောင်းက ကွန်ဗင့်ကျောင်းသူတွေနဲ့အပျော်မယ် ပြည့်တန်ဆာဆိုတာ မိုးနဲ့မြေ ဆီနဲ့ရေလို နေထိုင်ပုံ တွေးခေါ်ပုံ ...
movie

The Flowers of War (2011)

Snatching Gold from the Tiger’s Mouth (2025) 5.6
Snatching Gold from the Tiger’s Mouth (2025) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် တရုတ်-ဂျပန်တော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ၁၉၃၇ ခုနှစ်မှာ ဂျပန်စစ်တပ်ဟာ တရုတ်နိုင်ငံနေရာအနှံ့ကို ကျူးကျော်လာပါတယ်။ တရုတ်နိုင်ငံအတွင်းက သယံဇာတအများအပြားကို လုယက်ပြီး စစ်ရေးအသုံးစရိတ်မှာ ထည့်သုံးခဲ့ပါတယ်။တရုတ်အဌမလမ်းကြောင်တပ်မတော်က စစ်သည်တွေနဲ့ မုဆိုးယွီတုံ့ဖုန်းတို့အတူ အသက်ပေးပြီး အခက်အခဲအဆင့်ဆင့်ကို ဖြတ်ကျော်ကာ ရွှေပို့ဆောင်ရေးခရီးကို စတင်ခဲ့ပါတယ်။ ရွှေပို့ဆောင်ရေးခရီးမှာ ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ...... ရွှေတွေကို အောင်မြင်စွာ ပို့ဆောင်နိုင်ကြမလား...... ဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်အဖြေရှာလိုက်ရအောင်နော်။ Filesize : 1.06 GB / 535 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , War Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded ...
movie

Snatching Gold from the Tiger’s Mouth (2025)

The Front Line (2011) Go-ji-jeon 7.4
The Front Line (2011) Go-ji-jeon  The Front Line (2011)IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ?အသက်ရောရှင်ရဲ့လား?တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie

The Front Line (2011) Go-ji-jeon

The Hero Named Koxinga ( 2022 ) 6
The Hero Named Koxinga ( 2022 ) ဒီဇာတ်ကားကတော့ သမိုင်းမှာတကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်ပြည်ဟာ ချင်ပြည်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံရစဥ်မှာ ကောရှင်းရယ် အမည်တွင်တဲ့သူရဲကောင်းတစ်ယောက် ပေါက်ထွက်လာခဲ့တယ်။နာမည်ကတော့ ကျန်းချန်ကုန်းဖြစ်ပြီး၊ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အသက်ပေးထားတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ တိုက်ပွဲတိုင်းကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီး တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲက ကာကွယ်နိုင်သူ။ ပြည်သူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်။ တိုင်းပြည်အရှုပ်အထွေးနဲ့ကြုံပြီး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ရဲ့ဉာဏ်ပညာနဲ့ နည်းဗျူဟာကျကျ တွက်ချက်ပုံတွေ၊ ပြည််သူအများ​ကိုကာကွယ်ပုံတွေကိုကြည့်ရှုရမှာဖြစ်သလို၊ သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ သူရဲကောင်းတွေအကြောင်းကိုလည်းကြည့်ကြရမှာပါ။သရုပ်ဆောင်တွေဟာလည်းဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ပြီး၊ စစ်ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်မှာပါ။ စစ်ဗျူဟာတွေ လှည့်ကွက်တွေဟာလည်း ပျင်းသွားစရာတစ်ကွက်မှမရှိဘဲ ၊ စစ်တိုက်ခန်းတွေဟာလည်း တကယ်ကြမ်းပါတယ်။ အရင်ခေတ်ကားတွေကိုကြည့်နေရသလိုခံစားချက်မျိုးရစေမယ့် ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦး။ Filesize : 1.26 GB / 697 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , History , War Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

The Hero Named Koxinga ( 2022 )

Snow Leopard Secret War ( 2021 ) 6
Snow Leopard Secret War ( 2021 ) အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီး ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် low budget  ကားဆိုပေမယ့် သရုပ်ဆောင်တွေက သရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့် ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင် တရုတ်ပြည်ကို ဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံ သစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ် ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူ ပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ်သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့် သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစ မတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသော ဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ် Filesize : 0.99 GB / 572 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , War Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded ...
movie

Snow Leopard Secret War ( 2021 )

William Tell (2024) 6.0
William Tell (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အလယ်ခေတ်နှောင်းပိုင်း Action အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာဆိုရင် ၁၄ ရာစုက ဥရောပသားတို့ရဲ့အားကြီးသူအနိုင်ယူတဲ့ ဘဝပုံရိပ်ကို ဒဏ္ဍာရီသူရဲကောင်းWilhelm Tell ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ တင်ဆက်ပြသထားပြီး အလယ်ခေတ်နှောင်းပိုင်းပုံရိပ်တွေကို နှစ်ခြိုက်ဖွယ်ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်...Wilhelm Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီးအမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကို ထူထောင်ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်...စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန်တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်းယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ်ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အားသတ်ဖြတ်ခဲ့သူကို မုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကိုလိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကိုအကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်...တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ သတ်ဖြတ်ခဲ့တဲ့ အခွန်တော်ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့်ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီး သူ့သိက္ခာကိုဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်...ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်းဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီးအာဏာပြရာမှာတော့ မူလက လူမျိုးစုပြဿနာများကြောင့်အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်းသွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့အကြောင်းဖန်တီးလာပြီး ဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့ပြင်ဆင်ကြရာမှာတော့…ဒီကားလေးမှာဆိုရင် ...
movie

William Tell (2024)

Where Eagles Dare (1968) 7.6
Where Eagles Dare (1968)  ဒီတစ်ခါကတော့ ရှေးခေတ်စစ်ကား ကြိုက်သူတွေအတွက် နာမည်ကျော် မင်းသား Clint Eastwood အပြင် ထိုခေတ်ရဲ့ နာမည်ကျော် Richard Burton ပါ ပါပါတယ်။ဇာတ်က ဒုတိယကမ္ဘာစစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန် ဗိုလ်ချုပ်တစ်ယောက် စီးလာတဲ့ လေယာဥ်က ပစ်ချခံရပြီး ဂျာမနီပိုင်နက်ထဲမှာ အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ ဗိုလ်ချုပ်လဲ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီဗိုလ်ချုပ်က ဥရောပကို ပြန်သိမ်းဖို့ အစီအစဥ်ဆွဲနေတဲ့ ညှိနှိုင်းရေးမှူး တစ်ယောက်ပါ။ အဲဒီ ဗိုလ်ချုပ်ကို ဖမ်းထားတဲ့ သိမ်းငှက်ရဲတိုက်ဆိုတာ တိုက်ဖို့အရမ်းခက်တဲ့ နေရာပါ။ဒီတော့ စစ်တပ်တစ်တပ်လုံး လွှတ်မယ့်အစား အထူးအေးဂျင့်တွေကိုပဲ လွှတ်ပါတယ်။ သူတို့ စစ်ဆင်ရေး အောင်မြင်မှာလား ဘယ်လို အခက်အခဲတွေ ကြုံရမလဲ ဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရမှာပါ။ ဇာတ်လမ်း အလယ်လောက်ကနေစပြီး ဇာတ်လမ်း အလှည့်အပြောင်းလေးတွေနဲ့ စိတ်ဝင်တစား ကြည့်ရမှာပါ။ တချိန်လုံး စစ်တိုက်နေကြတာ မဟုတ်ဘဲ ...
movie

Where Eagles Dare (1968)

The Man Who Cried (2000) 6.1
The Man Who Cried (2000) The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie

The Man Who Cried (2000)

2000
Spy and Butterfly (2025) 5.6
Spy and Butterfly (2025) ကူမင်တန်ပါတီဝင်ဖြစ်တဲ့ ချန်ဆရာဝန်ဆိုတဲ့လက်အောက်မှာတပည့်သုံးယောက်ရှိတာပေါ့။ တစ်ယောက်ကတော့ တူမဖြစ်သူချန်ယိ၊နောက်နှစ်ယောက်ကတော့ ဟွလုံကျစ်နဲ့ လီယောင်းတို့တွေဖြစ်ကြတယ်။ဟွလုံကျစ်က တပည့်ထဲမှာ အတော်ဆုံးဖြစ်ပြီး သူကကွန်မြူနစ်ပါတီဝင်ကိုချန်ဆရာဝန်လက်အောက်မှာ သရုပ်မှန်ဖုံးကွယ်နေရင်းနဲ့ ဂျပန်တွေရဲ့ရှန့်ဟိုင်ကိုဖျက်ဆီးပစ်မယ့် ထျန်းကျောက်စီမံကိန်းကို ဖျက်ဆီးဖို့ကြိုးစားအကောင်အထည်ဖော်နေကြတာပေါ့။ဒီလိုနဲ့တနေ့မှာတော့ သူတို့ပေါင်းနေကျစခန်းကိုဂျပန်တွေသိသွားပြီးလာတိုက်ခိုက်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန်အသေအကျေပျက်စီးသွားရာကနေစပြီး အဖွဲ့အစည်းထဲမှာသူလျှိုရှိနေကြောင်းသံသယဝင်ပြီး သူလျှိုကိုပါစုံစမ်းတဲ့အပြင် ထျန်းကျောက်စီမံကိန်းကိုပါ ဖျက်စီးဖို့ နည်းလမ်းရှာကြပါတော့တယ်။ဒီလိုနဲ့ တဖြည်းဖြည်းတစစသိလာရတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ကွန်မြူနစ်နဲ့ကူမင်တန်ပါတီတို့ကြားက ပဋိပက္ခတွေအပြင် ဂျပန်တွေရဲ့ရက်စက်ပုံပါတပါတည်း တွေ့မြင်ရမှာမို့လို့ ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.08 GB / 619 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , War , History Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Spy and Butterfly (2025)

The Moonhunter (2001) 6.2
The Moonhunter (2001) The Moonhunter (2001) *********************MoonHunter တစ်နည်းပြောရရင် လမင်းကိုအမဲလိုက်မယ့်မုဆိုး၊ မဖြစ်နိုင်တာကိုမျှော်လင့်ရင်း ကြိုးစားနေတဲ့သူတစ်ယောက်စနစ်ဆိုးတစ်ခုကို တစ်ယောက်အားနဲ့တော်လှန်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ တော်လှန်ခရီးကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်လမ်းလေးကတော့ ၁၉၇၃ ခေတ်သစ်ထိုင်းနိုင်ငံ‌ရေးသမိုင်းက အကြီးဆုံးဆန္ဒပြပွဲကြီးကို ဦးဆောင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဆန္ဒပြပွဲအပြီး တော်လှန်ရေးသမားဘဝကို လုံးလုံးလျားလျားခံယူလိုက်ပြီးချိန် သူ့ရဲ့ဘဝခရီးကြမ်း...တော်လှန်ရေးအင်အားစုတွေကြားက အယူဝါဒီကွဲပြားမှုတွေနဲ့ စိတ်ဝမ်းကွဲမှုတွေ ပြည်ပရဲ့သက်ရောက်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ...ကလောင်တံကနေ သေနတ်ကိုင်တဲ့အထိ အတူလိုက်ပါခဲ့တဲ့ချစ်ရသူနဲ့အတူ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ပေးဆပ်မှုတွေ စတေးခံမှုတွေနဲ့ဖယောင်းလမ်းမဟုတ်တဲ့ ခယောင်းလမ်းပေါ်က သူတို့တွေရဲ့ဘဝကို တစ်စွန်းတစ်စရိုက်ပြထားတာပဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်...File Size : 4.12GB / 1.4GB Quality : WEB-DL 1080p / 720p Duration : 1h 47m Genres : Biography, Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Moonhunter (2001)

Bang Rajan 2 (2010) 5.7
Bang Rajan 2 (2010) Bang Rajan 2 (2010) ********************ဒီတစ်ခေါက်မှာတော့ Bang Rajan 1 ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Bang Rajan 2 ဆိုတဲ့ထိုင်းသမိုင်းအက်ရှင်ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...Thanit Jitnukul မှဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ရှေးဟောင်းအယုဒ္ဓယခေတ်နောက်ပိုင်းမှာ ဗမာတိုရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်ကာကွယ်နေတဲ့ရွာသား‌တွေရဲ့ သတ္တိနဲ့ စွန့်စားမှုတိုကို ရိုက်ကူးထားတာဖြစ်ပါတယ်...အင်အားနည်းပါးပြီး လက်နက်ပစ္စည်း မလုံလောက်ပေမဲ့ လွတ်လပ်မှုအတွက်တိုင်းပြည်ကို စွန့်စားကာကွယ်ဖို ကြိုးစားခဲ့တဲ့ သူရဲကောင်းတွေရဲ့ လက်ရုံးရည်ကို ကြည့်ရှုရမှာပါ...စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲမြင်ကွင်းများနဲ့ ရိုးရာထိုင်း တိုက်ခိုက်မှုပုံစံ‌တွေလည်း ပါဝင်ပါတယ်...တိုင်းပြည်နှစ်ခု စစ်ပွဲတစ်ပွဲဖြစ်တိုင်းကြုံရတတ်တဲ့ နစ်နာဆုံးရှုံးမှုတွေကို ရိုက်ကူးပြထားပါတယ်...ဒီဇာတ်လမ်းလေးထဲမှာတော့ ဘယ်ဘက်ကနိုင်တယ် ဘယ်ဘက်ကရှုံးတယ်ဆိုတာထက်စစ်ပွဲအတွင်း ကြုံတွေ့ကြရတဲ့ ဖြစ်ရပ်တွေကို အဓိကထားပြီး ရိုက်ကူးပြသထားပါတယ်...ဇာတ်လမ်းအညွှန်းကို Reddy မှရေးသားပေးထားပါတယ်...File Size : 4.09GB / 1.79GB Quality : WEB-DL 1080p / 720p Duration : 2hr 7m Genres : ...
movie

Bang Rajan 2 (2010)

Burning Stars (2024) 5.9
Burning Stars (2024) ဒီကားကတော့ ၁၉၂၀ ကာလရှန်ဟိုင်းမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်း၀င်အဖြစ်အပျက်တွေကိုအခြေခံထားပါတယ်။ ရှန်ဟိုင်းတက္ကသိုလ်ကို 1922 မှာတည်ထောင်ခဲ့ပေမယ့် ကော်မင်တန်ကနေ ကွန်မြူနစ်တွေကိုသုတ်သင်မှုနဲ့စပ်လျဉ်းပြီး 1927 မှာအပိတ်ခံခဲ့ရပါတယ်။ရှန်ဟိုင်းကျောင်းသားလေးတွေကလည်း ဆန္ဒပြမှုနဲ့တစ်ကွဲတစ်ပြားစီရောက်ကုန်ကြပြီး သူတို့ဆရာဟောင်းရဲ့ ပေးအပ်လိုက်တဲ့တာ၀န်တစ်ခုကြောင့် အ ရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ရှန်ဟိုင်းကထွက်နိုင်ဖို့ကူညီပေးဖို့ဖြစ်လာပါတယ်။ကောင်းကင်ကကြယ်ပွင့်လေးတွေရဲ့အလင်းကသေးငယ်ပေမယ့် အမှောင်ထဲမှာဆို ဘယ်လိုအလင်းရောင်ငယ်ဖြစ်ပါစေ လူတွေရဲ့မျှော်လင့်ချက်ကိုဆောင်ကျဉ်းပေးနိုင်ပါတယ်တဲ့။ နေရာပေါင်းစုံက ကျောင်းသားလေးတွေက သူတို့တတ်နိုင်တဲ့ဘက်ကနေ ရှိတဲ့အင်အားလေးတွေစုပေါင်းပြီး ဘယ်လိုကူညီသွားကြမလဲဆိုတာတော့ ကြည့်ကြည့်လိုက်ကြပါ။Cast တွေအနေနဲ့ကတော့ အားလုံးနဲ့မစိမ်းတဲ့ TFBoys က ၀မ်ယွမ်က လီယီမင်အဖြစ် ၊ ကျန်းရွှယ်ယင်က တင်းမုန့်ဟွား ၊လီချန်က ဆရာဟိုအဖြစ် ၊ လျန်ကျန်းခန်က ရွှီထျန်းဖင်အဖြစ်အသီးသီးပါ၀င်ထားပါတယ်။ Filesize : 763 MB , 651 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , War  Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Burning Stars (2024)

Two Mules for Sister Sara (1970) 7.0
Two Mules for Sister Sara (1970)  ငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ကြေးစားဟိုဂန်ဟာ နေတပူပူ သဲတရှပ်ရှပ်နဲ့ ဖုန်ထူလှတဲ့ မက္ကဆီကန်သဲကန္တရထဲမှာ တစ်ကိုယ်တော်ခရီးထွက်လာတဲ့ စစ္စတာဆာရာကို လူဆိုး‌တွေရန်ကနေ ကယ်တင်ပေးခဲ့တယ်။ လူသူကင်းတဲ့သဲကန္တရနဲ့ သီလရှင်မတစ်ယောက်နဲ့ လိုက်ဖက်မှုရှိမ‌နေပေမဲ့ စစ္စဆာရာမှာတော့ မစ်ရှင်တစ်ခုရှိလို ခရီးသွားနေရတာပါတဲ့။ ဦးတည်ရာချင်းမတူကြတဲ့ ကြေးစားဟိုဂန်နဲ့ စစ်စတာဆာရာတိုဟာ ဘယ်လိုအကြောင်းအရာတွေကြောင့် အတူခရီးဆက်ဖိုဖြစ်သွားကြပြီး စစ်စတာဆာရာရဲ့မစ်ရှင်ကရော ဘာများဖြစ်မလဲ။မင်းသားကြီး Clint Eastwood ရဲ့ဇာတ်ကားကောင်းကြီးတစ်ကားဖြစ်ပြီး comedy အမျိုးအစားလေးလည်းဖြစ်တာမို့လို့ အချိန်ကာလအားဖြင့်ကြာမြင့်နေပေမဲ့ လုံး၀ကို ပျင်းစရာ‌ကောင်းမနေတာကိုတော့ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ရင် လက်ခံသွားမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre... Adventure, Drama, Romance, War, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su  
movie

Two Mules for Sister Sara (1970)

War Horse (2011) 7.3
War Horse (2011) War Horse (2011) ****************အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ။ စစ်မြင်းတစ်ကောင်အကြောင်းပေါ့...Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်...စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီးပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်....ဇာတ်လမ်းအညွှန်း -------------ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ ...
movie

War Horse (2011)

Haywire: Gunslingers (2024)
Haywire: Gunslingers (2024) 1940အတွင်းမှာဖြစ်ပွားခဲ့တဲ့ဒုတိယကမ္ဘာစစ်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ War Film တစ်ပုဒ်ပဲဖြစ်ပါတယ် ဟစ်တလာဦးဆောင်တဲ့ နာဇီအုပ်စုတွေဟာ သဘာဝကိုလွန်ဆန်ပြီး သေခြင်းတရားကိုအံတုနိုင်တဲ့ Super Soldiers တွေကို ဖန်တီးဖို့အတွက် ကလေးလူငယ်ကျားမ မရွေးကို ဖမ်းဆီးခဲ့ပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြပါတယ်သို့သော်လည်း စမ်းသပ်မှုတွေကအလုပ်မဖြစ်ခဲ့ပါဘူး အလုပ်မဖြစ်ခဲ့ပေမယ့်လည်း Mathilde ဆိုတဲ့ ကောင်မလေးတစ်ယောက်ကတော့ ကံကောင်းထောက်မစွာနဲ့ပဲ စမ်းသပ်မှုမှာအောင်မြင်ခဲ့ပါတယ် ပြုသမျှနုနိုင်အောင် သူမကိုဝိုင်းပြီးဦးနှောက်ဆေးခဲ့ကြပေမယ့်လည်း ဦးနှောက်မပြောင်ခဲ့တဲ့အတွက်ကြောင့် ကလေးမလေးကို စွန့်ပစ်ခဲ့ကြပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် ဇယားအရှုပ်အရှင်းတွေကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်File size…(1.6 GB)/(753 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone
movie

Haywire: Gunslingers (2024)