Channel Myanmar

New releases (2025)

Content at random


Movies

When You Get to the Forest (2024)
When You Get to the Forest (2024) မြို့ပြနှင့်ဝေးရာ တောအုပ်လေးတစ်ခုသို့ တစ်ကိုယ်တော်ခရီးဆက်လာတဲ့ ဒါနာဆိုတဲ့အမျ်ုးသမီးငယ်လေးဟာ တောထဲမှာလမ်းပျောက်သွားရင်း စကားပြောတတ်တဲ့ကြောင်လေးတစ်ကောင်နှင့်ဆုံခဲ့ရပါတယ်။ ထိုကြောင်လေးမေးသမျှကို ပြန်ဖြေရင်းနဲ့ ဒါနာတစ်ယောက်အတိတ်အကြောင်းတွေ ပြန်လည်တမ်းတမိသွားကာ ဘဝအတွက်အတွေးအမြင်သစ်တွေ ရရှိလာပါတော့တယ်။ကြောင်ကလေးနဲ့ ဒါနာတို့ လမ်းမှန်ကိုရှာရင်း ဘယ်လိုအခက်အခဲတွေနှင့် ရင်ဆိုင်ရမလဲ လမ်းမှန်ကိုရော ရှာတွေ့နိုင်ပါမလား စသည်တို့ကိုငြိမ့်ငြိမ့်လေးနှင့်စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားမည့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(947 MB)/(482 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Animation  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson 
movie

When You Get to the Forest (2024)

The Newton Boys (1998)
The Newton Boys (1998) ဒီဇာတ်ကားကတော့ ၁၉၁၉ ကနေ ၁၉၂၄ ခုနှစ်အတွင်း ဘဏ်ပေါင်း ၇၅ ခုနဲ့ ရထား ၆စင်းကို ဓားပြတိုက်ခဲ့ကြတဲ့ နယူတန် ညီအစ်ကို လေးယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဓားပြမှုအများအပြားကို အစီအစဉ် တိတိကျကျဆွဲပြီး ပိပိရိရိကျူးလွန်ခဲ့ပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးသလို နာမည်ကျော် ဓားပြဂိုဏ်းတွေထက်ကို ပိုပြီး တိုက်ရာပါပစ္စည်းတွေ များခဲ့ပါတယ်။ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသလို သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ ရောင်းအောက် ရထားဓားပြမှုမှာတော့ အလွဲလွဲ အချော်ချော် ဖြစ်ပြီး အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုကတော့ ညီအစ်ကိုလေးယောက်လုံး (အခြားရာဇဝတ်သားတွေနဲ့မတူ) မီးစာကုန် ဆီခန်းတဲ့အထိ နေထိုင်နိုင်သွားတာပါ။ ထိုခေတ် ထိုအခါက ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ခဲ့ပါတယ်။- [x] Matthew McConaughey က ဝီလစ်စ် နယူတန် - [x] Skeet Ulrich က ဂျိုး နယူတန် ...
movie

The Newton Boys (1998)

The Patriot (1998)
The Patriot (1998) ဒီဇာတ်ကားကတော့Steven Seagalပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်နိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုနဲ့ တိုင်းပြည်အရေးအခင်းတွေအကြောင်းရိုက်ကူးထားတဲ့ Action, Drama ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းအညွှန်း ဒေါက်တာ ဝက်စ်လေက သိပ်ကိုတော်ပြီး အစိုးရရဲ့ ထိပ်တန်းလျို့ဝှက်ချက်လုပ်ငန်းတွေကို အရင်ကပူးပေါင်းဆောင်ရွက်ပေးခဲ့သူပါ။ဒါပေမယ့်အကြောင်းကြောင်းကြောင့် အဲဒီကနေထွက်ခဲ့ပြီး မြို့သေးသေးလေးတစ်မြို့မှာ ပြည်သူ့ဆရာဝန်အဖြစ်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ အစွန်းရောက်လူတစ်ချို့က လေထဲကကူးနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို မြို့ထဲမှာဖြန့်ခဲ့ပြီး သူတို့ကိုယ်တိုင်ပါမထိန်းတတ်တော့ပဲ သူတို့အပါအဝင်တစ်မြို့လုံးကလူတွေတစ်ယောက်ပြီး‌တစ်ယောက်သေကုန်တော့ပါတယ်။အဲဒါနဲ့ ဝက်စ်လေလဲ သူ့မိတ်ဆွေဟောင်းတစ်ယောက်ကိုအကူအညီတောင်းပြီး ဖြေဆေးရှာဖို့ကြိုးစားတော့တာ‌ပေါ့။ အဲဒီလိုကြိုးစားရင်းနဲ့သူ့သမီးဟာ ထိုဗိုင်းရပ်စ်ကိုခံနိုင်တဲ့တစ်ယောက်ထဲသောသူဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒါကိုသိလိုက်ရတာက သူတစ်ယောက်ထဲမဟုတ်ပဲ အစွန်းရောက်အဖွဲ့ကပါသိသွားပြီးနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller, Action  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero 
movie

The Patriot (1998)

The Good Teacher (2024)
The Good Teacher (2024) “The Good Teacher” (ပြင်သစ်အမည် Pas de Vagues) က ဒါရိုက်တာ Teddy Lussi-Modeste ရဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ François Civil သရုပ်ဆောင်တဲ့ Julien ဆိုတဲ့ ဆရာတစ်ယောက်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ကျောင်းသူတစ်ယောက်ရဲ့ မတော်မတရား စွပ်စွဲမှုကြောင့် ပြဿနာတွေ ရင်ဆိုင်ရတယ်။ဒီစွပ်စွဲတာက ကျောင်းထဲမှာ ကောလာဟလတွေ ပျံ့သွားပြီး Julien ရဲ့ ဂုဏ်သတင်း၊ အလုပ်နဲ့ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ ဆက်ဆံရေးတောင် အန္တရာယ်ရှိလာပါတယ်။ ဒါရိုက်တာရဲ့ ၂၀၂၀ ခုနှစ်က ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံထားတာပါ။ ရုပ်ရှင်က ၁ နာရီ ၃၁ မိနစ်ကြာ၊ ပြင်သစ်ဘာသာနဲ့ ရိုက်ထားပြီး မတ်လ ၂၇၊ ၂၀၂၄ မှာ ပြင်သစ်မှာ ရုံတင်ခဲ့တယ်။IMDb မှာ 6.6/10 ရထားပြီး François Civil ...
movie

The Good Teacher (2024)

The Visitors II: The Corridors of Time (1998)
The Visitors II: The Corridors of Time (1998) ဒီတစ်ခါမှာတော့ စိတ်ကူးယဥ်ဆန်ဆန်ဟာသကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီကားက 1993မှာထွက်ရှိခဲ့တယ် The Visitor:1 ရဲ့ အဆက်ဖြစ်ပါတယ်ဒါပေမဲ့ ဇာတ်လမ်းအစမှာ ပထမကားရဲ့ဇာတ်လမ်းအကျဥ်းချုပ်ကိုပြောပေးထားတာမလို့နယးလည်နိုင်မှာပါ ဇာတ်လမ်းအကျဥ်း ပထမကားမှာ မှော်ဆရာကြီးရဲ့ဆေးရည်နဲ့ အနာဂတ်ကိုအချိန်ခရီးသွားခဲ့တဲ့ စစ်သူကြီးဂေါ့ဒါဖရိုင်းနဲ့တပည့်ဖြစ်သူဂျက်ကတ်စ်တို့ သူတို့ရဲ့မူလအတိတ်ကာလကိုပြန်သွားခဲ့ကြပါတယ် ဒါပေမဲ့ အမွှေစိန်ဂျက်ကတ်စ်က သူ့ရဲ့မြေးမြစ်ဖြစ်သူဂျက်ကွာ့ကို လူစားထိုးပြီးအတိတ်ကိုပြန်ပို့ကာ သူကတော့အနာဂတ်ကာလမှာကျန်ရှိခဲ့ပါတယ်ဂျက်ကတ်စ်ဟာ မြို့စားမင်းကြီးရဲ့ရတနာပစ္စည်းတွေကိုခိုးသွားပြီး သူ့ရဲ့နေရာမှန်မှာရှိမနေတာကြောင့် အချိန်လမ်းကြောင်းကြီးဟာပွင့်လျက်ကျန်ခဲ့ပါတယ် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် စစ်သူကြီးဂေါ့ဒါဖရိုင်းကိုယ်တိုင် ဂျက်ကတ်စ်ကိုလည်းပြန်ခေါ်, မိသားစုရတနာပစ္စည်းတွေကိုလည်းရှာဖို့ အနာဂတ်ကာလကိုတစ်ဖန်ပြန်လာရပါတယ် တပည့်ကျော်ဂျက်ကတ်စ်နဲ့ ဂေါ့ဒါဖရိုင်းတို့ ခေတ်သစ်ကာလမှာဘယ်လိုတွေမွှေကြဦးမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါFile size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane
movie

The Visitors II: The Corridors of Time (1998)

Notice to Quit (2024)
Notice to Quit (2024) ဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်‌‌ဟောင်းတစ်ယောက်ဖြစ်တဲ့ အန်ဒီ (Michael Zegen)ဟာ မအောင်မြင်လှတဲ့ အိမ်၊ ခြံ၊ မြေပွဲစားအဖြစ် ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အိမ်လခကြွေးကျန်တွေကြောင့် အိမ်ပိုင်ရှင်က အန်ဒီ့ကို နှင်ချနေစဉ်မှာပဲ သူ့ရဲ့ ၁၀နှစ်အရွယ် သမီးဖြစ်သူ အန်နာ (Kasey Bella Suarez)က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပါတယ်။သမီးလေးမျက်နှာကြောင့် အိမ်ပိုင်ရှင်က အန်ဒီ့ကို ညနေမတိုင်ခင် ကြွေးတွေလာဆပ်ခိုင်းပြီး မဆပ်နိုင်ရင် နှင်ချရတော့မှာဖြစ်ကြောင်း ပြောသွားပါတယ်။ အိမ်ပေါ်က နှင်အချမခံရရေးအတွက် ငွေလိုနေတဲ့ အန်ဒီ ဟာ သမီးလေးအန်နာနဲ့အတူ ခက်ခဲကြပ်တည်းပြီး စရိတ်ကြီးမားလှတဲ့ နယူးယောက်ရဲ့ အိမ်အဌားစျေးကွက်အတွင်း အိမ်အဌားစာချုပ်တစ်ခုရအောင် ချုပ်ပြီး ငွေဖော်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရပါတော့တယ်။ သရုပ်ဆောင်များအဖြစ် Michael Zegen နဲ့ Kasey Bella Suarez တို့က အဓိက ပါဝင်ထားပြီး Isabel Arraiza, Michael Angelo ...
movie

Notice to Quit (2024)

Brick (2025) 6.0
Brick (2025) သဘာဝလွန်ဖြစ်ရပ်တွေကို ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရတာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး လာပါပြီ။ဇာတ်လမ်းအကျဉ်း ++++++++++တင်မ်နဲ့ အိုလီဗီယာက ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အတူနေထိုင်နေတဲ့စုံတွဲဖြစ်ပါတယ်။တင်မ်ဟာ ဂိမ်းအက်ပလီကေးရှင်းတွေကို ဖန်တီးတဲ့ အိုင်တီပညာရှင်ဖြစ်ပြီးတော့ အလုပ်ရှင်ကုမ္မဏီက ဂိမ်းပွဲဦးထွက်ရမဲ့သတ်မှတ်ရက်ကို ရှေ့တိုးလိုက်လို့ အကြပ်ရိုက်နေပါတယ်။အိုလီဗီယာကလည်း သူမကို အချိန်မပေးပဲ အလုပ်ပဲဇွတ်လုပ်နေတဲ့တင်မ်ကို သူမကို ကတိပေးထားတဲ့အတိုင်း ပဲရစ်ကို ခေါ်သွားဖို့ ပြောပေမဲ့ အချိန်မရှိတဲ့ တင်မ်က နောက်မှသွားဖို့ပြောလိုက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။မနက်လင်းတော့ တင်မ်ကို စိတ်ကုန်သွားတဲ့ အိုလီဗီယာဟာ တင်မ်ကိုလမ်းခွဲပြီး ထွက်သွားဖို့ပြင်ပါတော့တယ်။အဲအချိန်မှာ ထူးဆန်းစွာပဲ သူတို့အဆောက်အဦးရဲ့ လေးဖက်လေးတန်လုံးမှာ ထူးဆန်းတဲ့နံရံကြီးတစ်ခုက ထွက်ပေါက်မရှိပဲ ပိတ်ဆို့ထားပါတော့တယ်။အဲအချိန်မှာ ဘေးအခန်းမှာနေတဲ့သူတွေရဲ့အသံကိုကြားလို့ အခန်းတွင်း ဘေးနံရံကို ဖောက်ထွင်းလိုက်တော့ အခန်းဖော်တွေကို တွေ့လိုက်ရပြီး သူတို့လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။အဲတော့ သူတို့တွေ ဒီအဆောက်အဦးထဲက ဘယ်လိုထွက်ပေါက်ရှာကြမလဲ...ဒီနံရံကြီးက လူသားတွေက ဖန်တီးထားတာလား ဒါမှမဟုတ် ဂြိုဟ်သားတွေများ ဖြစ်နေမလား....ဒီလိုနံရံကြီးက ဒီအဆောက်အဦးတစ်ခုကိုပဲ ပိတ်ဆို့ထားတာလား....တခြားအဆောက်အဦးတွေရော ဒီလိုဖြစ်နေမလား....အပြင်မှာရော ...
movie

Brick (2025)

Moonwalk (2025) 6.4
Moonwalk (2025) Moonwalk (2025) (လပေါ်လမ်းလျှောက်ခြင်း) IMDb rating: 7.5/10 လပေါ်လမ်းလျှောက်ခြင်းဇာတ်ကားကို ဒါရိုက်တာ ဗီနွိုက်အေကေ ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်နှင့် ထရီဝန္နန္သူပါမြို့တွင် အခြေခံထားတဲ့လူငယ်တွေကြား ဘယ်လ်ကစားနည်းအနုပညာပေါ်အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းတွင် မိုက်ကယ်ဂျက်ဆင်၏ နာမည်ကြီး မွန်ဝေါ့ အကစတိုင်က လူငယ်များအတွက်ဘယ်လ်ကစားကို စိတ်ဝင်စားစေခဲ့ပြီး သူတို့၏ အနုပညာဖန်တီးမှုနှင့် ကိုယ့်ကိုယ်ကို ထင်ဟပ်ဖော်ပြမှုတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုကို ဦးတည်ရိုက်ကူးထားပါတယ်။အသစ်စက်စက် အနုပညာရှင်အသင်းဖြစ်တဲ့ ပရှန့်ပီလိုင် ရဲ့ စိတ်လှုပ်ရှားဖွယ်ဂီတနှင့် အန်ဇာရှက်တို့ ရဲ့ ရိုက်ကူးပုံများက ၈၀s ခေတ်က အမှတ်တရများကို နောက်ခံထားသဖြင့် ရုပ်ရှင်အတွင်း ပိုမိုထင်ရှားစေပါတယ်။ဒီဇာတ်ကားဟာ လူငယ်တွေရဲ့ ခင်မင်မှု၊ အိပ်မက်တွေ၊ ယုံကြည်မှုနှင့် ပတ်ဝန်းကျင်ရဲ့ဖိအားတို့ကို ပြသထားပြီးတော့ပြိုင်ပွဲတစ်ခုအဖြစ် ခံစား‌စေရပါတယ်။ လပေါ်လမ်းလျှောက်ခြင်း ဇာတ်ကားကတာ့ ပျော်ရွှင်စရာလည်းဖြစ်သလို ပညာပေးမှုများပါပါရှိပြီး သူငယ်ချင်းတွေရဲ့ ခင်မင်မှု၊ စိတ်အားထက်သန်မှုနှင့် ဆိုရင်အားလုံးကိုရင်ဆိုင်နိုင်ကြောင်းပြသထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။လပေါ်လမ်းလျှောက်ခြင်း ဟာ ၈၀s ခေတ်ရဲ့ ယောက်ျားလေးတွေရဲ့ စိတ်ဓာတ်၊ အိပ်မက်များကို တောက်ပစွာဖော်ပြထားတာကြောင့် ကြည့်ရတာ ...
movie

Moonwalk (2025)

Motherhood (2022) 6.4
Motherhood (2022) Motherhood (2022)*******************IMDb... 6.4 ဒီ Motherhood ဆိုတဲ့ ဇာတ်လမ်းကတော့ Kanae Minato ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့"Bosei" ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ဆာယာကဆိုတဲ့ ကျောင်းသူလေးရဲ့ မိခင်ဖြစ်သူ ရူမီကို..ရူမီကိုဟာ ဆာယာက ငယ်စဉ်အချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင်မသင်ပေးဘဲ ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူကြီးတွေ စိတ်ချမ်းသာအောင်၊လူကြီးတွေ ကျေနပ်အောင်နေထိုင်တတ်ဖို့ပဲ သင်ကြားပေးခဲ့ပါတယ်။တစ်ဖက်လူကို ဘယ်လိုချစ်ပေးရမှန်းမသိသလို ချစ်ပုံချစ်နည်း မှားယွင်းခဲ့တာပေါ့။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆာယာကဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။သူ ဘာလို့သတ်သေရလဲဆိုတာကိုတော့ ဘယ်သူမှ မသိသလို ဖော်လည်း မဖော်ထုတ်နိုင်ခဲ့ပါဘူး...မချစ်တတ်တဲ့ မိခင်ဖြစ်သူနဲ့ အချစ်ငတ်နေတဲ့ သမီးဖြစ်သူတို့ရဲ့ကြားက ချစ်ခြင်းမေတ္တာတွေ၊ပဋိပက္ခတွေ၊ နာကျင်မှုတွေကို နောက်ကြောင်းပြန် Flashback ပုံစံမျိုးနဲ့ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အတွေးတွေများစေမဲ့ ဇာတ်ကားလေးမို့လို့ ကြည့်ကြည့်လိုက်ပါဦး။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ CharOu ပဲ ဖြစ်ပါတယ်။)  File Size : 1.25GB/ 570MB Quality : WEB-DL 1080p ...
movie

Motherhood (2022)

The Hidden (1987) 7.0
The Hidden (1987)  ဒီဇာတ်လမ်း‌‌လေးရဲ့အစမှာ‌တော့ ဘဏ်ဓားပြတစ်‌ယောက်ကိုလိုက်ဖမ်းတဲ့‌နေရာကနေစထားပါတယ် အဲဒီမြို့နယ်ရဲစခန်းရဲ့အကျော်အမော်ဖြစ်တဲ့ ဘက်လို့‌ခေါ်တဲ့ စုံထောက်ကိုယ်တိုင် ဦးဆောင်ပြီးဖမ်းနေကြတာပါ အဲဒီလိုနဲ့ဓားပြကိုအသေရရအရှင်ရရဖမ်းရင်းနဲ့ ဓားပြဖြစ်တဲ့‌ကောင်က accidentဖြစ်ပြီး မီးလောင်သွားခဲ့ပါတယ် ‌‌အဲဒီလိုနဲ့ ဆေးရုံတင်ထားတုန်းမှာ FBIကအ့ဂျင့်ဖြစ်သူ လွိုက်တစ်ယောက်ဟာ ဘက်ဆီကိုရောက်လာပါတော့တယ် လွိုက်ကအဲဒီဓားပြဟာသူရှာနေတဲ့သူဖြစ်တာကြောင့်အမှုကိုတူတူကိုင်ချင်တယ်လို့ပြောပြီး ဆေးရုံကိုသွားကြည့်ချိန်မှာပဲ ဓားပြဖြစ်တဲ့ကောင်က‌သေသွားပြီး သူ့ဘေးကလူမမာက ပျောက်ခြင်းမလှ‌ပျောက်သွားပါတော့တယ်အဲဒါကိုလွိုက်က အဲဒီပျောက်သွားတဲ့လူနာကဘဏ်ဓားပြပဲဆိုပြီးပြောတော့ ဘက်တစ်‌ယောက်ဘယ်လိုမှနားမလည်နိုင်‌တွေဖြစ်ရပါတော့တယ် အဲဒီပျောက်သွားတဲ့သူဟာလည်းအရင်ဘဏ်ဓားပြလိုပဲ ကား‌တွေခိုးလူတွေသတ်နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လုပ်နေခဲ့တာပါ အဲဒီလိုနဲ့စုံထောက်ဘက်က အရင်ဓားပြနဲ့အခုဆေးရုံကပျောက်သွားတဲ့လူနာတို့ရဲ့နောက်ကြောင်းကိုစုံစမ်းကြည့်တော့ သူတို့နှစ်ယောက်လုံးဟာ ပြစ်မှုဘာဆိုဘာမှအရင်ကလုပ်ထားတာမရှိတာကိုသွားတွေ့ရပါတယ်အဲဒီတော့ ဒီလူနှစ်ယောက်ဘယ်ကနဘယ်လိုစိတ်ရိုင်း‌‌တွေဝင်ပြီးအခုလို‌တွေဖြစ်သွားတာလဲ အေးဂျင့်လွိုက်‌ရော ဘာတွေလျှို့ဝှက်ထားလည်းဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီးအရင်‌ခေတ် စိတ်ကူးယဉ်ဆန်ဆန်စုံထောက်ဇာတ်လမ်း‌လေးကို ကြည့်ကြည့်လိုက်ကြပါဦးဗျာ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Crime, Horro, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Chan Myae Min Htike
movie

The Hidden (1987)

My Love Will Make You Disappear (2025) 6.6
My Love Will Make You Disappear (2025) My Love Will Make You Disappear (2025)***************************************IMDb... 6.6 ဖိလစ်ပိုင်မင်းသားချော Paulo Avelinoနဲ့ မင်းသမီး Kim Chiuတို့ရဲ့ အသစ်စက်စက်ဖိလစ်ပိုင်ဇာတ်လမ်းလေးကို CM ပရိသတ်တို့ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပါပြီ။ရယ်စရာအလွဲလေးတွေနဲ့ အခွီတစ်လိုင်းလေးတွေလည်းပါသလို ဒရာမာscene လေးတွေလည်းပါတာမလို့ တစ်နေ့တာ ဘဝအမောတွေဖြေဖျောက်ဖို့ ရွေးသင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ကြောင်းညွှန်းရင်းနဲ့ပဲ ဇာတ်လမ်းလေးအကြောင်းကိုရှေ့ဆက်လိုက်ကြပါဦးစို့။ငယ်ငယ်ထဲက အကြောက်အလန့်မရှိတဲ့ ဆာရီဟာ ကလေးဘဝထုံးစံအတိုင်းပဲ အကြောက်တရားကိုသင်ယူရဖို့ဖြစ်လာပါတော့တယ်။ အဲဒါကတော့ အချစ်ဆိုတဲ့အရာကို နားမလည်ခင်ကတည်းကသူချစ်မိတဲ့ယောက်ျားတိုင်း ပျောက်ကွယ်သွားမယ်ဆိုတဲ့ ကျိန်စာတိုက်ခံလိုက်ရတာပါပဲ။ပထမတော့ ယုံသလို မယုံသလို ဖြစ်နေပေမဲ့ တကယ်ပဲ ကျိန်စာကြောင့်လား ကံတရားကပဲတိုက်ဆိုင်လွန်းတယ်ပဲဆိုရမလား ဆာရီကြိုက်သမျှ ဘဲတွေအကုန် ပျောက်ချင်းမလှပျောက်ကုန်ကြတာပါပဲ။ ဒါကပဲ ဆာရီကို ကျိန်စာအပေါ် ယုံကြည်သွားစေပြီး တစ်ယောက်တည်းနေတတ်ဖို့ လေ့ကျင့်ရတဲ့ဆီရောက်သွားတော့တာပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းနေတတ်သွားတာဟာတစ်ယောက်တည်းနေချင်တာမဟုတ်ဘူးဆိုတာကို ဆာရီရဲ့အိမ်ရှင် အဘွားရယ်မီကတော့ ကောင်းကောင်းသိပါတယ်။ဒီလိုနဲ့ အဘွားရယ်မီဆုံးသွားပြီးတဲ့နောက်မှာ အဘွားပိုင်တဲ့ တဟာနန်အိမ်ရာဝင်းကြီးကို အမွေဆက်ခံဖို့အဘွားမြေး ဒီပရက်ရှင်ကောင်ဇိုးလေး ဂျိုလိုတစ်ယောက် ...
movie

My Love Will Make You Disappear (2025)

We Will Not Fade Away (2024) 7.3
We Will Not Fade Away (2024)  We Will Not Fade Away (2024)IMDb Rating (7.3)  ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကားဟာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတဲ့ ဇာတ်ကားတစ်ကားမဟုတ်ပါဘူး။ တကယ်အပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ Documentary အမျိုးအစားဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ထဲမှာဆိုရင် အရှေ့ယူကရိန်းဒေသဖြစ်တဲ့ ဒွန်းဘတ်စ်ဒေသက လူငယ်ငါးဦး (အန်ဒရီ၊ လီရာ၊ လီဇာ၊ အီလီရာ၊ ရတ်စ်လန်) တို့ရဲ့ နေ့စဉ်ဘဝ၊ စစ်အန္တရာယ်အောက်မှာ ဖြတ်သန်းနေရတဲ့ အသက် ၁၅-၁၇ နှစ်အရွယ် လူငယ်တွေကြားက အိပ်မက်နဲ့ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒတို့ကို ဖော်ပြထားပါတယ်။သူတို့ဆီကို မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာစေတဲ့အရာကတော့ ဟိမဝန္တာတောင်တက်ခရီးစဉ်ပဲဖြစ်ပါတယ်။ ပွဲစီစဉ်သူဖြစ်တဲ့ ဗလက်တင်း ချေဟာဘတ်ချို့ဟာ စစ်ဖြစ်နေတဲ့ဒေသက လူငယ်တွေကို စစ်ပွဲအခြေအနေကနေ ကွာဝေးအောင်ဖန်တီးပြီး ငြိမ်းချမ်းမှုတစ်ခုရအောင်၊ စိတ်ကူးအိပ်မက်တွေကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် non-formal education program တစ်ခုအနေနဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ရက်သတ္တပတ်လောက်ပဲကြာတဲ့ခရီးစဉ်ဆိုပေမယ့် သူတို့တွေအတွက် ဘဝရဲ့အဓိပ္ပာယ်ကို သေချာသိမြင်လာပြီး ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေဆီ ရောက်အောင်သွားဖို့ ...
movie

We Will Not Fade Away (2024)

2024
[18+] Bayo (2025) 4.6
[18+] Bayo (2025)  Bayo (2025)IMDb Rating (4.2) ကလဲရ်ဟာ ဝေးလံခေါင်ဖျားတဲ့နယ်လေးတစ်ခုရဲ့ ကြိတ်ခွဲစက်ရုံတစ်ရုံမှာ စာရင်းကိုင်အဖြစ်အလုပ်လုပ်ဖို့ရောက်လာတဲ့ မနီလာမြို့ကြီးသူလှလှလေးပါ။သူရောက်လာတဲ့အချိန်ဟာ အဲ့ဒီနယ်လေးမှာအပြောင်းအလဲတွေဖြစ်ပေါ်နေချိန်ဖြစ်ပြီးပရောဂျက်ကြီးကြီးတစ်ခုအတွက် အဲ့ဒီနယ်ကမြေတွေကို ကုမ္ပဏီကြီးတစ်ခုက ငွေထုပ်ပိုက်ဝယ်နေသလို ဒေသခံလယ်သမားတွေကလည်းသူတို့မြေတွေကို ရောင်းချပြီးမြို့ပေါ်ကိုပြောင်းရွှေ့နေတဲ့အချိန်ပါ။ကလဲရ်အလုပ်လုပ်တဲ့စက်ရုံက နယ်ခံ နိုရာဆိုတဲ့ ကောင်မလေးရဲ့ဖခင်ကတော့ ဒေသခံလယ်သမားကြီးတစ်ဦးဖြစ်ပြီး ကိုယ့်မြေကိုယ့်ရေကိုအစွဲအလန်းကြီးသူပီပီ သူ့မြေကိုမရောင်းပဲတင်းခံထားသလို မြေဝယ်ဖို့ရောက်လာတတ်တဲ့ ကုမ္ပဏီကိုယ်စားလှယ်အိုလီဗာဆိုတဲ့ သူကိုလည်းတုတ်တစ်ပြတ် ဓားတစ်ပြတ်ပွဲကြမ်းလေ့ရှိပါတယ်။မြို့ကြီးသူ ကလဲရ်ဟာ ဒီဒေသကို ဘာအတွက်ရောက်လာခဲ့လဲ?ဒီဇာတ်လမ်းတွေမှာ သူဘယ်လိုပတ်သက်လာမလဲ အစရှိတာတွေကိုဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(940 MB) / (440 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:19:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias
movie

[18+] Bayo (2025)

2025
Padre no hay más que uno 4: Campanas de boda (2024) Father There is Only One 4 5.2
Padre no hay más que uno 4: Campanas de boda (2024) Father There is Only One 4  Padre no hay más que uno 4: Campanas de boda (2024)IMDb Rating (5.2) ဒါကတော့ စပိန်ဟာသကားလေးပါ ။ ဒါရိုက်တာ Santiago Segura မှရိုက်ကူးထုတ်လုပ်ထားပြီး အရှေ့မှာထွက်ခဲ့တဲ့ Father There Is Only One (2019), Father There Is Only One 2 (2020), Father There Is Only One 3 (2022) တို့ရဲ့အဆက်ပဲဖြစ်ပါတယ်။ဇာတ်ညွန်းကတော့ ကလေးအများကြီးရှိတဲ့မိသားစုတွေမှာ တစ်နေ့တစ်မျိုးမရိုးရတတ်ပါဘူး။ တစ်ယောက်တည်းတောင် ထိန်းမနိုင်တာ၊ အရွယ်မတူတဲ့ သုံးလေး‌ယောက်လုံးပြိုင်ပြီး ဗရုတ်သုတ်ခပေါင်းစုံဖြစ်လာတော့ အရှုပ်တော်ပုံပေါ်လာတော့တာပါပဲ။နာမည်ကြီးခရေဇီသမီးဖြစ်သူ၊ ဉာဏ်ကြီးရှင်ယောင်ယောင်သားငယ်၊ ကြောင်နဲ့ကြွက်လိုမျိုး အငယ်ဆုံးကလေးနှစ်ယောက်၊ သူသိသူတတ်သမီးလတ်နဲ့ ၁၈ ပြည့်လို့ ယောကျာ်းယူတော့မယ်ဆိုတဲ့ သမီးကြီးတို့အပြင် အသက်ကြီးပေမဲ့ အိမ်မခွဲသေးတဲ့ ...
movie

Padre no hay más que uno 4: Campanas de boda (2024) Father There is Only One 4

2024
A Mistake (2024) 5.8
A Mistake (2024) ဒီတစ်ခါမှာတော့ နယူးဇီလန် ဆရာဝန်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။အဲလိဇဘက်ဟာ ဆေးရုံရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်သလို တစ်ဦးတည်းသော အမျိုးသမီး ခွဲစိတ်ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ် ။သွေးဆိပ်သင့်လူနာတစ်ယောက်ကို ခွဲစိတ်ရင်းနဲ့ ဘွဲလွန်ဆရာဝန်ကို trocar ဖောက်ခိုင်းလိုက်ရာကနေ လက်လွန်ပြီး သွေးလွှတ်ကြောအထိပါ ပေါက်သွားခဲ့ပေမဲ့ အဲလိဇဘက်တိုက အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ် ။ဒါပေမဲ့ ICU ထဲမှာ တစ်ရက်နီးပါး နေပြီးတဲ့နောက်မှာတော့ အဲဒီလူနာက ဆုံးပါးသွားခဲ့ပါတယ် ။တစ်ချိန်တည်းမှာပဲ ခွဲစိတ်ဆရာဝန်တွေရဲ့ ခွဲစိတ်လူနာရလဒ်တွေကို ဒေတာတွေအနေနဲ့ လူသိရှင်ကြားထုတ်ပြန်မယ်ဆိုတဲ့ စနစ်အသစ်တစ်ခု ထွက်လာတဲ့အခါ လောလောလတ်လတ်ကမှ လူနာ ဆုံးထားပြီးလူနာရှင်က ကွန်ပလိန်းတက်ခံနေရတဲ့ အဲလိဇဘက်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာပါတော့တယ် ။ကိစ္စတွေက တစ်ခုပြီး တစ်ခုဆိုသလို အဲလိဇဘက်အတွက် downfall က ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ဒီအရှုပ်အထွေးတွေ ကြားထဲကနေ အဲလိဇဘက် ဘယ်လိုရှင်သန်မလဲ။ဒီလိုကိစ္စတွေထဲမှာမှ ခွဲခန်းအတူဝင်ခဲ့တဲ့ လက်ထောက် ဘွဲလွန်ဆရာဝန်က ကိုယ့်ကိုယ်ကိုယ် ...
movie

A Mistake (2024)

The Gingerbread Man (1998)
The Gingerbread Man (1998) IMDb - 5.7/10 RT - 60% ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး ...
movie

The Gingerbread Man (1998)

The Mighty (1998)
The Mighty (1998) IMDb Rating 7.2/10 Rotten Tomatoes 75%ဘတ်ဂျက် ဒေါ်လာ တစ်သိန်းသာကုန်ကျခဲ့ပြီး အမြတ်ငွေ ဒေါ်လာ ၆.၁ သန်း ရရှိခဲ့တဲ့ The Mighty ရုပ်ရှင်ဇာတ်ကားကြီး………………The Mighty ဆိုတာ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲနိုင်တဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေရဲ့ အရေးပါမှုကို ပြသပေးမယ့် IMDb Rating 7.2/10 အထိရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသော Kevin (ဉာဏ်ရည်ထက်မြက်သော်လည်း ခန္ဓာကိုယ်အားနည်းသူ) နှင့် Max (ကိုယ်ခန္ဓာကြီးမားသော်လည်း စာဖတ်ရန် အခက်အခဲရှိသူ) တို့ နှစ်ယောက်ကြားက မိတ်ဖွဲ့မှုနဲ့ သံယောဇဉ်တွေကို ပုံဖော်ရိုက်ကူးထားပါတယ်။ ဉာဏ်ကောင်းပေမယ့် ခန္ဓာကိုယ်အားနည်းသူ Kevin က တုံးအတဲ့ Max ကို စာသင်ကြားပေးဖို့ ဖြစ်လာကြရင်း ရင်းနှီးသွားခဲ့ကြတယ်...မီးရူးမီးပန်းပွဲတော်ကိုသွားရောက်ကြရင်း လူငယ်တစ်ချို့နဲ့ပြဿနာတက်ကာ အတူတူထွက်ပြေးကြရင်း သူတို့နှစ်ဦးကြားက ရင်းနှီးမှုတွေ ...
movie

The Mighty (1998)

The Asphalt Jungle (1950) 7.8
The Asphalt Jungle (1950)  ဟန်ဒလေဟာ ထောင်ထွက်တစ်ယောက်ပါ။ အရင်က သူတို့မိသားစုပိုင်ဆိုင်ခဲ့တဲ့ မွေးမြူရေးခြံတွေစိုက်ပျိုးမြေတွေကို ဆုံးရှုံးလိုက်ရတာကြောင့် သူ့ရဲ့တစ်ခုတည်းသောအိပ်မက်က အိမ်ပြန်ပြီး ဆုံးရှုံးခဲ့တာတွေပြန်ယူဖို့ဖြစ်လာခဲ့တယ်။အခုတော့ သူဟာ ရှိသမျှကိုမြင်းပွဲလောင်းနေတဲ့ တေလေဂျပိုးတစ်ယောက်ဖြစ်ခဲ့လေပြီ။ တစ်နေ့မှာတော့ ထောင်ထွက်ဝိဇ္ဇာကြီးတစ်ယောက်ဦးဆောင်တဲ့ရတနာဖောက်ထွင်းမှုတစ်ခုမှာပါဖို့ ဖြစ်သွားခဲ့ပြီး အောင်အောင်မြင်မြင်နဲ့ဖောက်ထွင်းနိုင်ခဲ့ကြပေမဲ့ ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့အတိုင်း ဟန်ဒလေတစ်ယောက် ပြဿနာတွေကိုကျော်လွှားနိုင်ပြီး အိမ်ပြန်ရောက်နိုင်ပါ့မလား...။( မင်းသမီးချောကြီး Marilyn Monroe လည်းပါ၀င်ပါတယ်) File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre... Film Noir, Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

The Asphalt Jungle (1950)

The Legend (1993) 7.1
The Legend (1993)  1993 ခုနှစ်ထွက် မင်းသားကြီး Jet Li ရဲ့ The Legend ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးပါရစေ။ဖုန်းအိမ်က သခင်လေး ဖုန်းဆိုင်ရွတ်ဟာ သူ့သူငယ်ချင်းလေးတွေနဲ့အတူ အနိုင်ကျင့်တဲ့သူတွေကို သိုင်းပညာနဲ့တစ်ကွက်ပြရင်း ထင်ထင်ဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ ထင်ထင်ဆိုတဲ့ ကောင်မလေးက တကယ်တော့ ပြည်သူတွေကို အနိုင်ကျင့်ခြယ်လှယ်နေတဲ့ ကျားကြီးလုရဲ့ တစ်ဦးတည်းသော သမီးပါ။ တစ်နေ့မှာ ကျားကြီးလုက ဖုန်းဆိုင်ရွတ်တို့မြို့မှာ သိုင်းပြိုင်ပွဲကျင်းပပြီး "အနိုင်ရရှိတဲ့သူ သူ့သမီးယူ" ဆိုပြီး သိုင်းပညာတတ်တဲ့ သူ့မိန်းမနဲ့ရင်ဆိုင်ခိုင်းတဲ့အခါ...တစ်ဖက်မှာ ဖုန်းဆိုင်ရွတ်ဖခင်က မန်ချူးဘုရင် ချင်းလုံဧကရာဇ်ကို ဆန့်ကျင်တဲ့ ပန်းနီနီအဖွဲမှာ အတွင်းကျကျပါဝင်နေပြီး သေမင်းခံတွင်းဝမှာ လမ်းလျှောက်နေတဲ့အခါ...ဖုန်းဆိုင်ရွတ်တို့ ဆူးခင်းတဲ့အချစ်ဇာတ်လမ်းကို ဘယ်လိုကပြခင်းကျင်းသွားမလဲ? အဆုံးသတ်မှာ ချစ်သူနဲ့ညားနိုင်မလားဆိုတာကိုတော့ ဂျက်လီရဲ့ထုံးစံ သိုင်းကွက်အလှအပတွေနဲ့ The Legend ဇာတ်ကားမှာ ရှုစားနိုင်ပါပြီ။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre... ...
movie

The Legend (1993)

1993

Genres

Archives