Channel Myanmar

2022

The Midwich Cuckoos (2024) 6.811
The Midwich Cuckoos (2024) တစ်မြို့လုံးကို အိပ်ငွေ့ချပြီး မိန်းကလေးတွေကို ချက်ချင်းဗိုက်ကြီးသွားစေတဲ့ လက်သည်က ဘယ်သူလဲ???ဒီသိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲလေးကတော့ စာရေးဆရာ John Wyndham ရဲ့ The Midwich Cuckoos ဆိုတဲ့ စာအုပ်ကို ဒါရိုက်တာ David Furr က ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပေါ်ကအတိုင်းပါပဲ။ အင်္ဂလန်က ကျေးလက်နယ်မြို့ကလေးတစ်ခုမှာ ထူးဆန်းတဲ့ရောင်ခြည်စက်ကွင်းတစ်ခု လွမ်းခြုံသွားပြီးနောက် တစ်မြို့လုံးက သတိလစ် လဲကျပြီး အိပ်မောကျသွားပါတော့တယ်။အကြောင်းတိုက်ဆိုင်လို့ မြို့ပြင်ရောက်နေတဲ့လူတွေကလည်း မြို့ထဲမှာ ကျန်ခဲ့တဲ့ ဇနီးမယား သားသမီးတွေကို ဆက်သွယ်ချင်ပေမဲ့ ဖုန်းဆက်လည်းမရ စာပို့လည်းမရတော့ပါဘူး။ စစ်ဘက်နဲ့ ရဲဘက်ဆိုင်ရာ အရေးပေါ်တပ်ဖွဲ့တွေလည်း ရောက်ရှိလာပြီး စုံစမ်းပေမဲ့ မြို့ကိုလွမ်းခြုံထားတဲ့ မမြင်ရတဲ့ စက်ကွင်းကို ဖြတ်ကျော်သွားတာနဲ့ သတိလစ်သွားလို့ အရာမရောက်ဖြစ်နေကြပါတယ်။ ၁၂ နာရီအကြာမှာတော့ မြို့ထဲကလူတွေက ပြန်နိုးလာပြီး စက်ကွင်းလည်း မရှိတော့ပေမဲ့ မြို့ထဲက အမျိုးသမီးအများစုမှာတော့ ထူးဆန်းစွာပဲ ...
6.811
TMDb: 6.811/10 61 votes
tv

The Midwich Cuckoos (2024)

2022
Bel-Air (2022) Season 1+2+3 7.927
Bel-Air (2022) Season 1+2+3  Bel Air ဟာ Season 3 ခု ထွက်ထားပြီး အခု Season 1 မှာတော့ West Philly က ဘတ်စကတ်ဘောကစားတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ကောင်လေး Will Smith ဟာ သူ့မြို့မှာ ပြဿနာရှာမိပြီး ရှောင်တိမ်းဖို့လိုအပ်လာရာမှ အဒေါ်ဖြစ်သူတို့မိသားစုရှိတဲ့ Bel Air ကို အမေက ပို့လိုက်ပါတော့တယ်။Will ဟာ Bel Air ကိုရောက်ပြီး မြို့အသစ် ကျောင်းအသစ်မှာ အံဝင်ခွင်ကျမဖြစ်သေးတဲ့အပြင် ဝမ်းကွဲညီအကိုဖြစ်တဲ့ Carton နဲ့ ပါ အဆင်မပြေတော့ Bel Air မှာနေရတာ ငရဲလို ခံစားနေရတယ်။ ဒါ့အပြင် သူချစ်မြတ်နိုးတဲ့ ဘတ်စကတ်ဘောကို ပြဿနာဖြစ်ပြီးကတည်းက ကစားတာရပ်ထားတော့ ပြန်ကစားတဲ့အခါမှာ အဆင်မပြေဖြစ်နေတယ်။သူဘတ်စကတ်ဘောကို သေချာပြန်ပြီးဆော့နိုင်ဖို့ ကျောင်းက ဘတ်စကတ်ဘောအသင်းထဲကို ဝင်ပါဖို့ကြိုးစားရင်း ပြဿနာတစ်ခုပြီးတစ်ခုဖြစ်ရာမှ သူဘတ်စကတ်ဘောကို သေချာပြန်ကစားနိုင်ပါ့မလား။ ...
7.927
TMDb: 7.927/10 206 votes
tv

Bel-Air (2022) Season 1+2+3

2022
The Chelsea Detective (2022) Season 1 7.4
The Chelsea Detective (2022) Season 1  ဒီစီးရီးကတော့ ၂၀၂၂ တုန်းက ထွက်ရှိခဲ့တဲ့ Crime Drama ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။လန်ဒန်မြို့ရဲ့ ချယ်ဆီးနယ်မြေဘက်က စုံထောက်တစ်ဦးရဲ့ဘဝအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ ဝုန်းဝုန်းဒိုင်းဒိုင်း အက်ရှင်ခန်းတွေမပါဘဲ ဖြည်းဖြည်းအေးအေးကြည့်ရမယ့် စုံထောက်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ဇာတ်လမ်းတစ်ပိုင်းနဲ့တစ်ပိုင်း မတူညီတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားတာကြောင့် စိတ်ဝင်စားစရာကောင်းပြီး မတူညီတဲ့ရသ၊ ခံစားမှုတွေကိုရရှိစေမှာပါ။ စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း မြှုပ်ကွက်တွေ၊ လှည့်ကွက်တွေနဲ့ လိုက်တွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vadar Season 1  Episode 1 720p  -  Telegram/Yoteshin /gdtot/ Megaup / Usersdrive Episode 1 1080p  -  Yoteshin /gdtot/ Megaup / Usersdrive    Episode 2 720p  -  Telegram/Yoteshin ...
7.4
TMDb: 7.4/10 38 votes
tv

The Chelsea Detective (2022) Season 1

2022
Keep Breathing (2022) 6.1
Keep Breathing (2022) IMDb Rating – 5.3 /10ဒီစီးရီးကတော့ Netflix က ထုတ်လွှင့်တဲ့ ဒရမ်မာစီးရီးတစ်ခုဖြစ်ပြီးအဓိကဇာတ်ဆောင်အနေနဲ့ Scream၊ Abigail နဲ့ Your Monster ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တဲ့မင်းသမီး Melissa Barrera က ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ - လစ်ဗ်ဆိုတဲ့ ရှေ့နေမလေးတစ်ယောက်က ကနေဒါက မြို့လေးတစ်မြို့ကို သွားဖို့အတွက် သူမလက်မှတ်ဝယ်ယူထားတဲ့ လေယာဉ်က ရာသီဥတုဆိုးဝါးလို့ သူမရောက်ရှိရာ လေဆိပ်ကို မဆိုက်ကပ်နိုင်တဲ့အခြေအနေဖြစ်လာပါတော့တယ်။ အဲ့လေဆိပ်မှာရှိနေစဉ် ယောက်ျားနှစ်ယောက်က ကိုယ်ပိုင်လေယာဉ်နဲ့ သူမသွားချင်တဲ့ မြို့ကိုသွားမယ်ဆိုပြီး ပြောဆိုသံကြားလိုက်ရတဲ့အခါ...သူစိမ်းယောက်ျားနှစ်ယောက်ဖြစ်နေပေမယ့် သူမကိစ္စကလည်း အရေးကြီးနေတော့ ထိုလူနှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ပဲ သူမကိုတင်ခေါ်ဖို့ပြောပါတော့တယ်။အစကတော့ ဟိုလူနှစ်ယောက်က အင်တင်တင်လုပ်နေပေမယ့် သူမဘက်က အတင်းအကြပ်တောင်းဆိုခဲ့တဲ့အတွက် သူမကို တင်ခေါ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်သား ကနေဒါရဲ့ အနောက်မြောက်ဘက်ကို ထွက်လာစဉ် တောနက်တစ်နေရာ၌ လေယာဉ်ကပျက်ကျသွားပြီးနောက် အသက်ရှင်အောင် မနည်းရုန်းကန်ပြီး လေယာဉ်ထဲက ထွက်လာပါမှ.....သူမကိုခေါ်တင်လာတဲ့ လူနှစ်ယောက်က ...
6.1
TMDb: 6.1/10 159 votes
tv

Keep Breathing (2022)

2022
Sherwood (2022) 7
Sherwood (2022) IMDb Rating – 7.4 /10ဒီတစ်ခါ စာရေးဆရာ James Graham ရေးသားထားတဲ့ ဖြစ်ရပ်မှန် Crime Drama Series လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးကိုတော့ BBC One က ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး အဓိကဇာတ်ဆောင်များအနေနဲ့ မင်းသားကြီး David Morrissey နဲ့ မင်းသမီးကြီး Lesley Manville တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါကစာရေးသူ ကြီးပြင်းခဲ့ရာ ‘နော့တင်မ်ဟမ်ရှိုင်းယား’မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၂ ခုအကြောင်းကို အခြေခံပြီး ဖြစ်ရပ်တွေ၊ လူအမည်တွေကို ပြောင်းလဲရိုက်ကူးထားတာပဲဖြစ်ပါတယ်။၁၉၈၄ ခုနှစ်၊ အင်္ဂလန်မှာ မာဂရက်သက်ချာလက်ထက် အစိုးရအနေနဲ့ ကျောက်မီးသွေးလုပ်ငန်းက တွက်ခြေမကိုက်သလိုဖြစ်လာပြီလို့ သတ်မှတ်တဲ့အတွက် ပိတ်သိမ်းဖို့ ပြုလုပ်တဲ့အခါ မိုင်းတွင်းအလုပ်သမားတွေအနေနဲ့ ဆန္ဒပြသပိတ်မှောက်မှု တစ်ရပ်ကို ပြုလုပ်ကြပါတယ်။ လန်ဒန်လို မြို့ကြီးမှာတော့ တက်ညီလက်ညီသပိတ်မှောက်ကြပေမယ့် နော့တင်မ်ဟမ်ရှိုင်းယားမှာကတော့ သပိတ်မှောက်သူက ...
7
TMDb: 7/10 61 votes
tv

Sherwood (2022)

2022
BLUE LOCK (2022) 8
BLUE LOCK (2022) IMDB – 8.2/10, MyAnimeList – 8.2/10“ဘောလုံး Anime ဆိုပေမဲ့ ဘောလုံး Anime မဟုတ်ပြန်တဲ့ စီးရီး” ကြားရတာ နားရှုပ်သွားသလား ဒီလိုပါ။ဘောလုံး ဦးစားပေးဆိုပေမဲ့ MC က အစပိုင်း အရည်အချင်းမရှိ အတင်းတွေကြိုးစားအားကစားပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားစရာ တက်ညီလက်ညီအနိုင်ယူ ဖလားရ အဆုံးသတ်၊ ဒီလိုဇာတ်လမ်း မဟုတ်ဘူး။သိတဲ့အတိုင်း Japan Anime ပါ၊ ဇာတ်လမ်းက ဘောလုံးအကြောင်းဆိုပေမဲ့ သူများထက်တော့ ထူးခြားနေရမယ်မဟုတ်လား။ဘာလို့လဲဆိုတော့ ဇာတ်လမ်းအကျဉ်းက Blue Lock ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကသူတို့ ဂျပန်နိုင်ငံအသင်း ကမ္ဘာ့ဖလားကို အနိုင်ယူဖို့ဆိုရင် ဒီလိုမျိုး အစီအစဉ် စီမံကိန်းတွေ လုပ်ဆောင်ရမယ်တဲ့။လူကြီးတွေကို ပြကြည့်တော့ သောက်တလွဲပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းတို့ ရူးနေတာလားပေါ့။ဦးဆောင်နေတဲ့လူကလည်း ရူးကြောင်ကြောင်နဲ့ Ego ဆိုတဲ့လူ။စီမံကိန်းက ဘာလဲဆိုတော့ ဂျပန်နိုင်ငံက အသီးသီး ထူးချွန်နေကြတဲ့ လူငယ်တိုက်စစ်မှူးတွေချည်း အယောက် ၃၀၀ ...
8
TMDb: 8/10 277 votes
tv

BLUE LOCK (2022)

2022
Bad Sisters (2022) 6
Bad Sisters (2022) Bad Sisters (2022)Bad sisters ကတော့ ဘယ်လ်ဂျီယံ စီးရီးဖြစ်တဲ့ "Clan aka The Outlaws" ကို ပြန်လည်ဖန်တီးထားတာပါ။ Dark comedy အမျိုးအစားဖြစ်ပြီး "Blackest Comedy Ever" လို့တောင်သတ်မှတ်ခံထားရတာပါ။ဒီ Bad Sisters ကိုလဲ lost in translation မဖြစ်ရအောင်ပြန်လည်ဖန်တီးထားပါတယ်တဲ့။Bad sisters ဆိုတာနဲ့ ညီအစ်မတွေဇာတ်လမ်းဆိုတာသိမှာပါ။ သူတို့ကသိပ်ချစ်ခင်စည်းလုံးကြတယ်။ သူတို့မှာပြသနာတစ်ခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ဂျွန်ပေါ။ သူတို့ညီမထဲက ဂရေ့စ်လက်ထပ်ထားတဲ့ယောကျ်ား။ ဂျွန်ပေါက ခယ်မထဲကလေးမရနိုင်သူကို ကိုယ်ဝန်ရှိနေတာလားမေးသူ၊ နောက်ခယ်မတစ်ယောက်ရသင့်တဲ့ပရိုမိုးရှင်းကို ဝင်လုသူလို့ပြောရင် သူ ဘယ်လိုလူ ဆိုတာခန့်မှန်းလို့ရမယ်ထင်တယ်။အဆိုးဆုံးကတော့ဂျွန်ပေါက ဂရေ့စ် နဲ့ သူ့သမီးကို ချုပ်ခြယ်လွန်းတာ၊ ခြယ်လှယ်လွန်းတာပါပဲ။ တစ်ခါတစ်ရံလက်ပါပါတတ်တာမျိုးပါ။ တစ်ရက်မှာတော့သူတို့ညီအစ်မတွေက ဂျွန်ပေါသေသွားရင်အေးမယ်ဆိုပြီး စနောက်ပြောကြပါလေရော။ နောက်ထပ် ၆ လအကြာမှာတော့ ဂျွန်ပေါသေသွားခဲ့ပါတယ်။ ဟိုညီအစ်မလေးယောက်လက်ချက်လို့ ထင်သွားပြီမဟုတ်လား။ အဲလိုထင်သူ နောက်တစ်ယောက်က ရဲတော့ မဟုတ်ဘူး အာမခံကုမ္ပဏီကလူပါ။ သူက ညီအစ်မငါးယောက်ရဲ့ပြဿနာတွေကို သိလို့တော့မဟုတ်ဘူး။ ဂျွန်ပေါရဲ့အသက်အာမခံကို မလျော်ချင်လို့ ဒါဟာလူသတ်မှုများဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီကိစ္စကိုလိုက်စုံစမ်းပါလေရော။ ဒါကတကယ်ပဲလူသတ်မှုလား။ ဂျွန်ပေါရဲ့ခယ်မတွေလက်ချက်လား။ ဂရေ့စ်ကရောသိလား။ ...
6
TMDb: 6/10 5 votes
tv

Bad Sisters (2022)

2022
Under The Skin Season 2 (2024) 6.8
Under The Skin Season 2 (2024) ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ စုံထောက်ဇာတ်ကားလေးဖြစ်တဲ့Under the Skin ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့Twisted Fate of love ဇာတ်ကားထဲက CM ရဲ့ တရုတ်ကားဖန်တို့ရေ...၂၀၂၂ ခုနှစ်တုန်းက ဂျင်းချိုချိုလေးတွေကျွေးခဲ့တဲ့Under The Skin စုံထောက်ကားလေးကတော့ဒီနေ့မှာ အတွဲ ၂ ထွက်လာလို့လာပါပြီ...ဇာတ်လိုက်မင်းသား ၂ လက် အပြင် တခြား ဘယ်ကာရိုက်တာမှအပြောင်းအလဲမရှိဘဲ ထွက်လာတာမို့ အတွဲ ၁ ဖန်တွေလည်း စိတ်မပျက်ရသလိုမကြည့်ရသေးဘူးဆိုတဲ့သူတွေလည်း အတွဲ ၁ ကိုသွားကြည့်ပြီး အတွဲ ၂ ongoing ကိုCM နဲ့အတူ စောင့်ကြည့်ကြတာပေါ့...ဇာတ်လိုက်မင်းသားတွေကို တကူးတက မိတ်မဆက်ပေးချင်ပေမယ့်...Lost You Forever မှာ မြှားပင်လယ်တွေကြား ဝတ်စုံဖြူလေးနဲ့ နှုတ်ဆက်သွားခဲ့တဲ့ရှန့်လျိုမင်းသားလေး Tan Jian Ciပါပဲရှင်...နောက်မင်းသားကလည် iPartment ဇာတ်ကားထဲကမင်းသား Jin Shi Ji တို့ဖြစ်တာကြောင့်ကာရိုက်တာ ထိမိဂွိမှာ အသေအချာပါပဲ...အတွဲ ၁ ...
6.8
TMDb: 6.8/10 18 votes
tv

Under The Skin Season 2 (2024)

2022
Fire Country Season 2 +3 8.342
Fire Country Season 2 +3 Fire country (2024)မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ Fire Country season 1 က ၂၀၂၂ခုနှစ်မှာ rating ကောင်းကောင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလမှာ season 2 ထွက်ရှိလို့လာပြီးတဲ့နောက် ခု season3ဟာလဲ ongoing အနေနဲ့ ထွက်ရှိလာပြီပဲဖြစ်ပါတယ်Season 1မှာ အဓိကဇာတ်ကောင် Bode က သူ့အတိတ်ကနေ ထွက်ပြေးနေသူတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ရောက်ရှိသွားတယ်လေ။ ထောင်ကျရင်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သရီးရော့ခ် အကျဉ်းသားမီးသတ်တပ်ဖွဲ့မှာ လုပ်အားပေးခဲ့တယ်။ (season 1မကြည့်ရသေးရင် CM မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။)အခု season 2 မှာတော့ Bode ဟာ ထောင်ထဲပြန်ရောက်နေပါတယ်။ အကြောင်းရင်းက သူ့သူငယ်ချင်း ဖရက်ဒီအစား အပြစ်ဝန်ခံပေးရင်း အစားထောင်ကျခံနေတာပါ။ သူ့မိဘတွေ ဗင့်စ်နဲ့ရှာရွန်ကတော့ သူတို့သား ထောင်ကျတာအတွက် စိတ်မကောင်းဖြစ်နေကြရပါတယ်။ “Bode ဟာ ထောင်ထဲမှာ ဘယ်လိုရှင်သန်နေလဲ။ သူ့ဘဝအတွက် ရှင်သန်ရတဲ့အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ အတ်ဂျ်ဝါးတားမြို့ဆီကိုရော သူပြန်ရောက်လာနိုင်မလား။”ပေါ့လူတွေဟာ အသက်ရှင်သန်ဖို့အကြောင်းရင်း ပျောက်ဆုံးရတဲ့အခါ ...
8.342
TMDb: 8.342/10 73 votes
tv

Fire Country Season 2 +3

2022
Stranger Things (2022)Season 4 [COMPLETE] 8.7
Stranger Things (2022)Season 4 [COMPLETE] Stranger Things (2016-2022)IMDb Rating (8.7) Rotten Tomatoes (91 %)Stranger Things စီးရီးကို 4K Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ ++++++++++++++Stranger Things Season 1 (2016)Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ စီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Stranger Things Series လေးပါ။ သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူပရိသတ်တွေအတွက်ကတော့အကြိုက်ဖြစ်မှာပါ။ 2016 ခုနှစ်မှာ စတင်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစားဖြစ်ပါတယ်။ ဒီစီးရီးလေးက ၁၉၈ဝခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ် ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။ဒီလောကကြီးနဲ့အပြိုင် တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။ ဒီလိုစိတ်ကူးတွေကို ဒီစီးရီးလေးကပုံဖော်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့…….. ဟော့ကင်းမြို့ကလေးဟာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။ ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊ ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊ သိပ္ပံပညာကို ဝါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး ...
8.7
TMDb: 8.7/10 995000 votes
tv

Stranger Things (2022)Season 4 [COMPLETE]

2022
The Empress (2022) 7.3
The Empress (2022) The Empress Season 1 (2022)IMDb rating ~ 7.4၁၉ ရာစု ဥရောပရဲ့ ဒုတိယမြောက် အကြီးကျယ်ဆုံး ဩစတြီးယားအင်ပါယာကြီးရဲ့ဧကရာဇ်ပထမမြောက် ဖရန့်ဇ် ဂျိုးဇက် ဘုရင်နဲ့ ကြင်ယာတော် အဲလိဇဘက်တို့ရဲ့ အချစ်ဇာတ်လမ်းပါSissi ဆိုပြီး နာမည်ကြီးတဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေ စီးရီးတွေ အမြောက်မြားရှိသလိုဇာတ်ကားတိုင်း စီးရီးတိုင်းဟာလည်း သူ့ပုံစံနဲ့သူ ပေါက်ခဲ့တာချည်းပါပဲဒီတစ်ခေါက်စီးရီးကတော့ Netflix ကနေ လွှင့်တဲ့ စီးရီးပါကဗျာတွေ ရေးရတာ သဘောကျပြီး လွတ်လပ်စွာ တွေးခေါ် ပြုမူတတ်တဲ့ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်ဟာ အဲဒီခေတ်အဲဒီအခါကတော့မိသားစုရဲ့ သိုးမည်းဆိုပြီး အမည်တပ်ခံထားရသူပါ၁၈၅၃ ခုနှစ် ဩစတြီးယား အင်ပါယာကြီးမှာရာသီဥတုဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့်ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်ဆူပူမှုတွေကို ဖြေရှင်းဖို့ လူထုကို အာရုံလွှဲတဲ့အနေနဲ့ဩစတြီးယား အင်ပါယာ ဘုရင်ရဲ့ မိခင်ဖြစ်သူက သားတောင်မောင် ဘုရင်မင်းမြတ်အတွက် ဧကရီမိဖုရားမြှောက်ပေးဖို့ ကြိုးပမ်းပါတော့တယ်မိဖုရားလောင်းအနေနဲ့ တူမတော်စပ်တဲ့ ဘာဗေးရီးယား ...
7.3
TMDb: 7.3/10 3 votes
tv

The Empress (2022)

2022
The Legend of Vox Machina – Season (01),(02) 8.6
The Legend of Vox Machina – Season (01),(02) The Legend of Vox Machina - Season (01),(02)=================================IMDb Rating - 8.4/10 Rotten Tomatoes- 100% IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ ... တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေနေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ် တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါတော့တယ်၊ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာလိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ်နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီးစေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွားအောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Tin ...
8.6
TMDb: 8.6/10 13000 votes
tv

The Legend of Vox Machina – Season (01),(02)

2022
Yeh Kaali Kaali Ankhein (2022) 7.3
Yeh Kaali Kaali Ankhein (2022) These Black Black Eyes (2022)"ပိုက်ဆံ ၊ အာဏာ နဲ့ မိန်းမ ဒီသုံးခုက ယောက်ျားတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်တယ်တဲ့။ငါ့ဘဝမှာ ပိုက်ဆံကို လောဘမတက်ခဲ့ဘူးအာဏာကို ရယူဖို့လည်း မကြိုးစားခဲ့ဒီတော့ နောက်ဆုံးကျန်တာက '' ပူဝါသေမင်းခံတွင်းဝက ဗီဂရန့်ရဲ့နောက်ဆုံးအတွေးတွေပေါ့။ဒီနေ့ IMDb မှာ rating 7.7 ထိရထားတဲ့ Netflix ရဲ့အိန္ဒိယဇာတ်လမ်းတွဲကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။မြင်မြင်ချင်းချစ်ရတဲ့ ယောက်ျားတစ်ယောက်ကို ၁၅ နှစ်၈ လ ၇ ရက်စောင့်ပြီး ပြန်တွေ့တော့ လက်ထပ်ချင်ခဲ့တဲ့ ပူဝါတစ်ယောက်။ရှီဂါဆိုတဲ့ မိန်းကလေးကိုပဲ မြတ်နိုးပြီး ရင်ထဲ သိမ်းထားတဲ့ ဗီဂရန့်။ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်က ပုံမှန်အချစ်ဇာတ်လမ်းတွေလိုတော့ မရိုးရှင်းလှပါဘူး။ပူဝါဆိုတဲ့ မိန်းကလေးက သူ့ဘဝမှာမွေးကတည်းက လိုချင်တာမှန်သမျှရခဲ့တဲ့သူပါ။ဒါတွေအားလုံးက သူ့အဖေ အကီရာဂျ်ဆိုတဲ့ နိုင်ငံရေးသမားကြောင့်ပေါ့ဗျာ။အာဏာတည်မြဲဖို့ အင်အားကြီးဖို့ လူသတ်ဖို့ဝန်မလေးတဲ့အထက်တန်းအသိုင်းအဝန်းက လူတစ်ယောက်။ သူ့သမီးသာလိုချင်ရင်ကောင်းကင်က ကြယ်ကိုတောင်ခူးပေးမယ့် ...
7.3
TMDb: 7.3/10 4 votes
tv

Yeh Kaali Kaali Ankhein (2022)

2022
Tulsa King (2022) 8.4
Tulsa King (2022) Tulsa King (2022)==============မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီးအသစ်တစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအို​သေးဆိုတဲ့လက်သီးစွမ်း​တွေကို တဝကြီး​တွေ့ရဦးမှာပါ။Dwight Manfrediဆိုတဲ့ နယူး​ယောက်မြို့က မာဖီးယားဘဲကြီးဟာ ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့​အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲ​ ခေါ်မထားချင်​တော့ဘဲ နယ်ဘက်​ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့​လေးကို နှင်ထုတ်ခံလိုက်ရတဲ့ Dwightတစ်​ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့က​​နေ တစ်ကတဖန်ပြန်စပြီး တစ်စင်​ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခုဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ မာဖီးယားဖြစ်တာနဲ့အညီ အ​ပြောကလည်း ​သွေး​အေးသလို လက်သံကလည်းအ​တော်​ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်​တွေရော၊ Crime စီးရီးကြိုက်သူ​တွေ​ရော သ​ဘောကျကြမှာပါ။တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး cmမှ အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ JimX ဖြစ်ပါတယ်။)  Season 1 File Size.............(300 MB) / (600 MB) Quality...............WEB-DL 720p / 1080p Duration............40Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama Translator..........JimX Encoder..............SWM720P ...
8.4
TMDb: 8.4/10 4000 votes
tv

Tulsa King (2022)

2022
Mithya (2022) Season1 + 2 7
Mithya (2022) Season1 + 2 Mithya 2022ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးကတော့ IMDb 7.8ထိရရှိထားတဲ့Drama, Thriller စီးရီး Mithyaပဲဖြစ်ပါတယ် ဒီစီးရီးမှာဆိုရင်တော့လှည့်ကွက်တွေ ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေပါဝင်ပြီး အပိုင်း ၆ပိုင်းကိုမရိုးရအောင်ဆွဲခေါ်ပေးသွားမှာပါဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျူဟီးနဲ့ သူမရဲ့ကျောင်းသူရီဟာတို့ဟာ မထင်ထားတဲ့ ပြဿနာအသေးလေးကနေစအချေအတင်ဖြစ်ကြပြီး ပြဿနာကတစ်စတစ်စကြီးထွားလာခဲ့တာပါ အက်ဆေးတစ်ခုကို ကော်ပီကူးလာတယ်ဆိုပြီး ဆရာမဖြစ်သူ ဂျူဟီးကရီဟာ့ကိုစာမေးပွဲမှာအရှုံးပေးလိုက်ပါတယ် ရီဟာကတခြားလူမဟုတ်ပါဘူးကျောင်းအုပ်ထိန်းရေးကောင်စီအဖွဲ့ဝင်တစ်ယောက်ရဲ့သမီးပါ ရီဟာကလည်းဒီအက်ဆေးက ခိုးချတာမဟုတ်ဘဲ သူကိုယ်တိုင်ရေးထားတာပါဆိုပြီးအကြောက်အကန်ငြင်းနေပါတယ် ဒါပေမယ့် ဂျူးဟီကမယုံခဲ့ပါဘူးပြဿနာကဒီမှာတင်ပြီးမသွားပါဘူး ရီဟာကလည်း ထင်မထားအောင်ကိုမြှုပ်ကွက်တွေရှိနေတဲ့လူပါ ပြဿနာတွေတစ်စထက်တစ်စကြီးထွားလာနေချိန်မှာတော့ရုတ်တရက် ဂျူဟီးရဲ့အမျိုးသားဖြစ်သူက အသတ်ခံလိုက်ရပါတယ် ဂျူဟီးယောကျာ်းကိုဘယ်သူကသတ်လိုက်တာလဲ ဂျူဟီးထင်ထားသလို လူသတ်သမားက ရီဟာပဲလားလူသတ်သမားကိုရှာဖွေဖို့ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမှာလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)File Size – 500MB@EpisodeQuality – 1080p WEB DLDuration – 33minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Mystery , DramaTranslator ...
7
TMDb: 7/10 1 votes
tv

Mithya (2022) Season1 + 2

2022
The Old Man (2022) 8.1
The Old Man (2022) ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် အက်ရှင်ဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါပြီTmdb 8.1 အထိ ရထားတဲ့ စီးရီးကောင်းတစ်ခုပါဇာတ်ကားရဲ့ နာမည်အတိုင်း အဖိုးကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါပဲ ဆိုးနိုင်သမျှဆိုးသွမ်းခဲ့ပြီးတော့ ချေရာဖျောက်နေတဲ့ အဖိုးကြီးကိုမှ အက်ဘီအိုင်က မရမကလိုက်ဖမ်းတဲ့ကားကောင်းပါ ပုံသေ အတိုက်အခိုက်ကျွမ်း ဇာတ်မြှုပ် ပြန်ပေါ် ပြန်ချဆိုတဲ့ နည်းလမ်းနဲ့ကွဲထွက်နေပြီး အသက်ကြီးကြီးအဖိုးကြီးရဲ့ အက်ရှင်တွေ စဉ်စားပုံတွေ သမီးအပေါ်ထားတဲ့ မေတ္တာတရားတွေကို တဝကြီးကြည့်ရဖို့အတွက် ကြည့်ရင်တကယ်တန်မဲ့ကားလေးမို့အမြန်ဆုံးပဲကြည့်လိုက်ပါတော့... File size…(874 MB)/(440 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:45:00 Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Emily Season 2 Episode 1 720p  -  Yoteshin / Gdot / Megaup / Telegram  Episode 1 1080p  -  Yoteshin / Gdot / ...
8.1
TMDb: 8.1/10 27 votes
tv

The Old Man (2022)

2022
Nothing Much Prepared (2022) [Complete]
Nothing Much Prepared (2022) [Complete] Nothing Much Prepared (2022)*******************************Season 3 - အပိုင်းသစ် (၁ မှ ၁၁) စ/ဆုံး Rapper မလေး အီယောင်းဂျီလို့ ပြောလိုက်ရင်လွတ်လွတ်လပ်လပ်နဲ့ ဘာကိုမှမတွေးဘဲပြောချင်ရာပြောတတ်တဲ့ ရယ်စရာအသွင်အပြင်ကို ပြေးမြင်မိကြမှာပါ။ဒီအစီအစဉ်ကတော့ နာမည်ကြီးအနုပညာရှင်တွေကိုသူ့ရဲ့အိမ်ကို ဖိတ်ခေါ်ပြီး အရက်လေးသောက် အမြည်းလေးစားရင်းနဲ့ရင်းရင်းနှီးနှီး စကားစမြည်ပြောကြမှာပဲဖြစ်ပါတယ်။အနုပညာရှင်တွေက မူးမူးနဲ့ မကျေနပ်တာတွေရော ကျေနပ်တာတွေ‌‌ရောပြောချင်ရာပြောပြီး ရယ်နေရမှာမလို့ အားလုံး ခဏတာစိတ်အပန်းပြေစေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ (အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားထားပါတယ်။) Aired: Jun 24, 2022 - Jul 21, 2023 Aired On: Friday Genres: Talk Show, Variety Show Episodes: 13 Translated by CM Variety Team Encoded by Tiff «««   Telegram Channel  »»»  Season 0 (အပိုင်း ၁ မှ ၈)*******************************S00E01 ...

Nothing Much Prepared (2022) [Complete]

2022
The Marked Heart (2022) Season 1+2
The Marked Heart (2022) Season 1+2  ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဇာတ်လမ်းကောင်းကောင်းကြည့်ရှုချင်တဲ့ CM ပရိသတ်များအတွက် ၂၀၂၂ ခုနှစ်ထွက် Netflix က ကိုလံဘီယာ ဇာတ်လမ်းတွဲတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။*****(18+ Warning…..တစ်ချို့အခန်းတွေမှာ အဖော်အချွတ်တွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်လို့ မိသားစုနဲ့အတူ ကြည့်ရှု့ဖို့ မသင့်တော်ပါဘူး။)*****ဆီမွန်နဲ့ ဗယ်လရီရာတို့ဟာ ပျော်ရွှင်တဲ့မိသားစု ဘဝကိုပိုင်ဆိုင်ထားတဲ့ သာမန်မိသားစုလေးတစ်ခုပါ။ တရက်မှာတော့ သူတို့မိသားစုလေးဆီ ကံကြမ္မာဂြိုဟ်ဆိုးတစ်ခု ဆိုက်ရောက်လာပါတော့တယ်။ မွေးနေ့ပွဲကျင်းပပြီး ပြန်လာကြတဲ့ သူတို့လင်မယားနှစ်ယောက် ကားမတော်တဆမှု ဖြစ်ပွားပြီး ဆီမွန် မေ့မျှောနေတုန်းမှာ လူသုံးယောက်ဟာ ဗယ်လရီရာ့ကို ပြန်ပေးဆွဲသွားပါတော့တယ်။ကမီလာဟာ သြဇာကြီးမားတဲ့ လူချမ်းသာတစ်ယောက် ဇာခရိရာ့စ်နဲ့ ချစ်ကြိုက်နေပြီး မင်္ဂလာပွဲပြုလုပ်တဲ့နေ့မှာပဲ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ ကမီလာဟာ နှလုံးရောဂါကို ခံစားနေရတာ အတော်ကြာခဲ့ပြီး နှလုံးအစားထိုးဖို့ စာရင်းပေးထားပေမယ့် ၃ နှစ်ကြာတဲ့အထိ သင့်တော်တဲ့ အလှူရှင် မတွေ့တာကြောင့် အစားမထိုးနိုင်ခဲ့ပါဘူး။ဒါပေမယ့် သူ့ချစ်သူ ဇာခရိရာ့စ်ဟာ သြဇာနဲ့ ကြွယ်ဝမှုကို အသုံးချပြီး ဥပဒေပြင်ပမှ လုပ်ဖို့ကြံစည်ပါတော့တယ်။ ...

The Marked Heart (2022) Season 1+2

2022
Euphoria – Season 02 (2022) Complete 8.4
Euphoria – Season 02 (2022) Complete Euphoria - Season 02 (2022)=====================အထွေအထူး ပြောဖို့ လိုမယ်မထင်တော့ပါဘူး... ဒီကားဟာ ခေတ်နောက်ပြန်ဆွဲသူတွေနဲ့ မသက်ဆိုင်ဘူး ... ဒါဟာ ၂၁ ရာစု ခေတ်လူငယ်တွေရဲ့ စုတ်ပြတ်ရှုပ်ပွနေတဲ့ ကမ္ဘာတစ်ခုပါ။ အချစ်၊ အမုန်း နဲ့ ခင်မင်မှုတွေကြားမှာ လိင်၊ မူးယစ်ဆေး၊ ပါတီနဲ့ ရန်ပွဲတွေ ရောယှက်လျက် လူငယ်တွေ အပျော်ရှာနေကြတယ်။ ဇာတ်တွေရှုပ်နေကြတယ်။ လမ်းပျောက်နေကြတယ်။ ၀မ်းနည်းနေကြတယ်။ စိတ်ဓာတ်ကျနေကြတယ်။ ဒီလောကကြီးကို စိတ်၀င်စားတယ် နားလည်ကြည့်ချင်တယ်ဆိုရင်တော့ တစ်ပွဲတစ်လမ်းလောက် နွှဲစမ်းကြည့်လိုက်ပေါ့။ euphoria မှ ပြန်လည်ကြိုဆိုပါတယ် .....(အဖော်အချွတ်ခန်းတွေနဲ့ကြမ်းတမ်းတဲ့အခန်းတွေပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါ။) File Size – (900 MB) / (500 MB) (Appx;) @Episode Quality – WEB-DL 1080p / 720p Duration – 60 min (@Episode) Season - 1 / Episode – 8 Subtitle – Myanmar ...
8.4
TMDb: 8.4/10 5111 votes
tv

Euphoria – Season 02 (2022) Complete

2022