Channel Myanmar

Sports

Stick (2025) 7.2
Stick (2025) Stick (2025)IMDb: 7.1/10Apple TV မှာ June 4 ရက်နေ့ကမှအသစ်ထွက်ရှိထားတဲ့Golf Drama စီးရီးတစ်ခုဖြစ်ပါတယ်။ ဂေါ့ဖ်အားကစားစီးရီးဆိုပေမဲ့လည်းဂေါ့ဖ်အပြင် လူတွေအတွက် ဘဝမှာဒုတိယ အခွင့်ရေးဆိုတဲ့အဓိပ္ပာယ်၊နောင်တတွေကြားထဲကနေ မျှော်လင့်ချက် ဘ၀သင်ခန်းစာတွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရင်ကဂေါ့ဖ်မှာ ဆရာတစ်ဆူအဖြစ် နာမည်ကျော်ကြား အောင်မြင်မှုတွေ ရခဲ့ပေမဲ့နောက်ပိုင်းဘဝကိုဖြစ်သလိုအချိန်ဖြုန်းနေတဲ့ စတစ်ဆိုတဲ့သူက တစ်ရက်မှာအလာလားအများရှိပြီးတော်တဲ့ တက်သစ်စကောင်လေးကိုတွေ့သွားပါတယ်။အဲဒီနောက် ကောင်လေးရဲ့နည်းပြလုပ်ဖို့ဆုံးဖြတ်ပြီးတဲ့နောက် စတစ်ဘဝအကြောင်းတွေသူတို့နှစ်ယောက်ဘယ်လိုပြိုင်ပွဲတွေ ဆက်ပြိုင်သွားမယ်ဆိုတာတွေကိုမြက်ခင်းစိမ်းစမ်းပေါ်မှာ မြင်တွေ့ရမှာြဖစ်ပါတယ်။ အတင်းလုပ်ယူမထားတဲ့ ဟာသတွေ၊ဘ၀ရဲ့ထင်မှတ်မထားတဲ့ တစ်ဆစ်ချိုး အပြောင်းအလဲတွေကိုအကောင်းဆုံး မီးမောင်းထိုးဖော်ပြထားတာကြောင့်ဂေါ့ဖ်အားကစား ပရိသတ်တစ်ယောက် မဟုတ်ရင်တောင် သဘောကျမိသွားစေလောက်တာပြီးအတော်လေး လှပတဲ့ ရှုထောင့် ရိုက်ချက်တွေကြောင့်သာမန် ဂေါ့ဖ်အားကစားကိုအခြေခံရိုက်ကူးထားတဲ့ စီးရီးတစ်ခုထက်ကိုပိုပါတယ်။ဂေါ့ဖ်အကြောင်းနားမလည်ရင်တောင် ကြည့်လို့ကောင်းတာမလို့sports drama စီးရီးကောင်းကောင်းရှာနေရင်တော့ ဒီစီးရီးညွှန်းပေးချင်ပါတယ်ဗျာ။Ongoing============================================== File size…    800 MB /  400MB Quality… BluRay 1080p / 720p Format… mp4 Duration…. 45m Genre ..... Comedy/Drama Subtitle…. ...
7.2
TMDb: 7.2/10 19 votes
tv

Stick (2025)

2025
Good Boy (2025) 8.9
Good Boy (2025) Good Boy (2025)******************အပိုင်းသစ် (၁၄) ပရိသတ်ကြီးတို့ အားလုံးစောင့်မျှော်နေကြတဲ့ ချစ်စရာမင်းသမီးလေး Kim So-Hyun နဲ့မင်းသားချော Park Bo-Gum တို့ရဲ့ ဇာတ်ကားအသစ်လေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလာပါပြီ။Cast တွေအနေနဲ့ကတော့ အမျိုးသမီးထုကြီးရဲ့ အသည်းကျော် ယန်ဂွမ်ရှစ်ဖြစ်တဲ့Park Bo-Gum၊ Kim So-Hyun၊ Lee Sang-Yi၊ Heo Sung-Tae တို့အပြင်ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~Yoon Dong-Joo (Park Bo-Gum) က အိုလံပစ် လက်ဝှေ့ ရွှေတံဆိပ်ဆုရကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံခဲ့ရပြီးနောက်ကစားသမားဘဝအဖြစ်မှ အနားယူပြီးနောက် ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။Ji Han-Na (Kim So-Hyun) အိုလံပစ်သေနတ်ပစ်သမားတစ်ယောက်ဖြစ်ပြီးရုပ်ရည်ချောမောလှပတဲ့အတွက် သေနတ်ပစ်နတ်ဘုရားမအဖြစ် နာမည်ပြောင်ရှိသူဖြစ်ပါတယ်။ဒီလိုနဲ့ပဲ တစ်နေ့မှာ လူတိုင်းကို တုန်လှုပ်သွားစေတဲ့မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်သူလည်းပဲ ကစားသမားဘဝမှအနားယူခဲ့ပြီး ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပါတော့တယ်။ဒီလိုနဲ့ပဲ ရဲဝန်ထမ်းဖြစ်လာကြတဲ့ အိုလံပစ်ကစားသမားဟောင်း နှစ်ယောက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ထဲ ရောက်လာပြီးနောက် ...
8.9
TMDb: 8.9/10 130 votes
tv

Good Boy (2025)

2025
Knock Out (2025) 7.8
Knock Out (2025) Knock Out (2025)ကြိုးဝိုင်းပေါ်က ချစ်ရသူ (၂၀၂၅)***************************အပိုင်းသစ် (၁၀)ကီးန်ဟာ အလုပ်အင်တာဗျူးတစ်ခု ဖြေနေရင်း ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း ရုတ်တရက်သတင်းရခဲ့ပါတယ်။ အဖေ့ရဲ့ ဈာပနာပွဲအတွက် ဘဝမှာ စုထားတဲ့ငွေအားလုံးကို ထုတ်သုံးရုံအပြင် ရွေးချယ်စရာမရှိခဲ့ပါဘူး။သူ့အဖေ မဆုံးခင်ကလည်း တရားမဝင်ချေးငွေယူထားခဲ့တာကြောင့် အဲဒီအကြွေးတွေဟာ ကီးန်ရဲ့ခေါင်းပေါ်ကျလာပါတော့တယ်။ အကြွေးမဆပ်နိုင်တဲ့ ကီးန်ဟာ မကြာခင်မှာ အကြွေးသမားတွေဆီကနေ အနိုင်ကျင့်ခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲ မွေထိုင်းလေ့ကျင့်ရေးဂျင်တစ်ခုမှာ သူ မယူခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ စဉ်းစားရင်း ကိုယ်ယောင်ဖျောက် ပုန်းနေခဲ့ရပါတယ်။အဲဒီမှာ "ကျားတွေကို အောင်နိုင်တဲ့ စစ်သား"လို့ သိကြတဲ့ နာမည်ကြီး လက်ဝှေ့သမား 'သန်း' နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။  ဒါပေမဲ့ သန်းဟာ ကြိုးဝိုင်းထဲမှာ လက်ဝှေ့ပြန်ထိုးဖို့ လုံးဝငြင်းဆန်ပြီးတော့ သူနဲ့အခြားလူတွေရဲ့ ကြားထဲမှာ အေးစက်စက်နံရံတစ်ခု ခြားထားပါတယ်။ကီးန်ဟာ အဲဒီနံရံကို ဖြိုချပြီး သန်းရဲ့ ပုံစံအမှန်နဲ့ လက်ဝှေ့ပြန်မထိုးတဲ့ အကြောင်းရင်းကိုသိရဖို့ ကြိုးစားပါတယ်။ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ကြားမှာ ပိုနီးစပ်လာပြီး လှပတဲ့ အချစ်ပန်းတစ်ပွင့်နဲ့အတူ ပြင်းပြတဲ့ ဆက်ဆံရေးတစ်ခု ပေါက်ဖွားလာခဲ့ပါတော့တယ်။အခက်အခဲတွေကို နှစ်ယောက်အတူတူကျော်ဖြတ်ကြရင်း အတိတ်က ကိစ္စတွေကို  ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းကြပါတယ်။ ...
7.8
TMDb: 7.8/10 684 votes
tv

Knock Out (2025)

2025
Olympo (2025) 7.773
Olympo (2025)  Olympo (2025)Netflix ရဲ့ drama, mystery, sports ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ IMDb rating 5.9 ရရှိထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအိုလံပိုလို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုဟာ အိုလံပစ်ပြိုင်ပွဲဝင်နိုင်မယ့်အားကစားသမားကောင်းတွေကိုရှာဖွေစုဆောင်းပြီး စပွန်ဆာပေးတဲ့နာမည်ကြီးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။HPC လို့ခေါ်တဲ့အားကစားစင်တာမှာ စပိန်နိုင်ငံတွင်းကအကောင်းဆုံးအားကစားသမားများစုဝေးနေကြပြီး သူတို့တွေဟာ အိုလံပိုအဖွဲ့အစည်းကနေ စပွန်ဆာကမ်းလှမ်းမှုရဖို့ကိုအကောင်းဆုံးကြိုးစားနေကြရပါတယ်။ယှဉ်ပြိုင်မှုတွေ အောင်မြင်လိုမှုတွေ အဆက်မပြတ်တဲ့ဖိအားတွေကြားထဲမှာရှင်သန်ကြရင်း အိုလံပစ်ရွှေတံဆိပ်ရဖို့ ရုန်းကန်နေကြတဲ့ အားကစားသမားတွေထဲမှာ အာမာနီယာဆိုတဲ့ကောင်မလေးဟာလည်းအလားအလာကောင်းတဲ့အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းပူးတွဲကစားဖော် နူရီယာတစ်ယောက် မတော်တဆမှုတစ်ခုဖြစ်ပြီးဆေးရုံရောက်သွားရာကနေ သူဖြစ်ချင်တဲ့အိပ်မက်တွေဖြစ်မြောက်ဖို့ ဘယ်လိုခက်ခဲရှုပ်ထွေးကုန်မလဲ အားကစားစင်တာထဲမှာဘာတွေဖြစ်နေတာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (2.5 GB) / (800 MB) / (400 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Sport Duration…. 00:45:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
7.773
TMDb: 7.773/10 66 votes
tv

Olympo (2025)

2025
Ball Boy Tactics (2025) [Complete] 7.0
Ball Boy Tactics (2025) [Complete] Ball Boy Tactics (2025)***********************အပိုင်း (၁ မှ ၈) စ/ဆုံးနာမည်ကြီး ကစားသမားဟန်ဂျီဝန်း(Yeom Min Hyeok)ဟာ အိုလံပစ်ကစားသမားဘဝကနေ အနားယူလိုက်ပြီး အခက်အခဲများ အကုန်ပြီးဆုံးသွားပြီလို့ ထင်နေခဲ့ပါတယ် ။သို့ပေမဲ့ တက္ကသိုလ်ရောက်တဲ့အခါမှ နဖူးတွေ့ ဒူးတွေ့‌ တွေ့လိုက်ရတဲ့ တက္ကသိုလ်ကျောင်းသားဘဝဟာ အိုလံပစ်မှာ ဆုတံဆိပ်ရဖို့ထပ်တောင် ပိုခက်ခဲနေပါတော့တယ်။ဒီလိုနဲ့ပဲ အခက်အခဲကြုံတွေ့နေတဲ့ ဂျီဝန်းရဲ့ ဘဝထဲကို တက္ကသိုလ်မှ နာမည်ကြီး‌ဘတ်စကတ်ဘော ကစားသမားလေးတစ်ဦးဖြစ်တဲ့ ဂွမ်ဂျောင်အူ(Choi Jae Hyeok)ဆိုသူက ပြဿနာတစ်‌ပွေ့တစ်ပိုက်ဖြင့် လှလှလေးပြုံးပြီး ဝင်ရောက်လာတဲ့အခါမှာတော့ .. ။စရိုက်ချင်း မတူကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုသံယောဇဉ်တွယ်ပြီး ဘယ်လိုချစ်မိသွားကြမယ်ဆိုတာကို ကိုရီးယား BL တို့ ထုံးစံအတိုင်း မထိ တထိ ရိုရိုချိုချို အူယားအသည်းယားစွာ ကြည့်ရူခံစားရမှာဖြစ်ပါတယ် .. ။ (အညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ်) Episodes: 8 Aired: Jun 5, 2025 - Jun 26, 2025 Aired ...
7.0
TMDb: 7.0/10 452 votes
tv

Ball Boy Tactics (2025) [Complete]

2025
A Head Coach’s Turnover (2025) [Complete] 8.4
A Head Coach’s Turnover (2025) [Complete] A Head Coach's Turnover (2025)******************************အပိုင်းသစ် (၁+၂) စ/ဆုံး အားကစားရုပ်ရှင်တွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိထားတဲ့Ahead Coach’s Turnover ဆိုတဲ့ ဘတ်စဘောနည်းပြအကြောင်းရိုက်ကူးထားတဲ့ ကိုရီယားရုပ်ရှင်လေးကိုChannel Myanmar Team က အသစ်တင်ပေးထားပါပြီ။ဇာတ်လမ်းအညွှန်းမိန်ဂုံး (Park Sung Woong) ကတော့ ငယ်စဉ်အချိန်တုန်းက ထူးချွန်ရုံသာမက ဘတ်စကတ်ဘောပရိသတ်တွေကြားမှာပါ နာမည်အရမ်းကြီးတဲ့ ဘတ်စကတ်ဘော ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ အခုအချိန်မှာတော့ ကစားသမားမိန်ဂုံးဘဝကနေ အနားယူပြီး သုံးနှစ်ဆက်တိုက် Playoffs ကနေပြုတ်နေခဲ့တဲ့ Big Pandas ဆိုတဲ့ ဘတ်စဘောအသင်းရဲ့ နည်းပြတစ်ယောက်ဖြစ်နေပြီး အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် အလုပ်ဖြုတ်ခံရနိုင်ခြေရှိတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ဖြစ်နေတယ်။အထက်တန်းကျောင်းသားလေး ဂိုဟွာဂျင်း (Park Soo Oh) ကတော့ ဘတ်စကတ်ဘောကစားပွဲတွေကိုခဏကြည့်လိုက်တာနဲ့ ကောင်းကောင်းအကဲဖြတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်။ဂိုဟွာဂျင်းကတော့ မိန်ဂုံးကို မုန်းတီးသူများစုစည်းနေကြတဲ့ "မိန်ကုံးချေမှုန်းရေးအဖွဲ့"မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးဆိုရှယ်မီဒီယာမှာ မိန်ဂုံးကို မကောင်းတဲ့မှတ်ချက်တွေ ပြင်းပြင်းထန်ထန်ရေးပြီး ...
8.4
TMDb: 8.4/10 103 votes
tv

A Head Coach’s Turnover (2025) [Complete]

2025
Sassy Go Go (2015) [Complete]  7.1
Sassy Go Go (2015) [Complete]  Sassy Go Go (2015)********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်Jung Eun-ji၊ Chae Soo-bin၊ Lee Won-keun နဲ့  Jisoo အစရှိတဲ့သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-တောင်ကိုးရီးယားနိုင်ငံရဲ့ အောင်ချက်အကောင်းဆုံးဖြစ်ပြီး စာတော်တဲ့သူတွေ အများကြီးမွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆယ်ဘစ်အထက်တန်းကျောင်းလို စာပိုတော်တဲ့သူတွေကိုသာလူရာသွင်းတဲ့ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့အတွက် သူငယ်ချင်းကို ပြိုင်ဘက်လိုသဘောထားပြီး သူ့ထက်ငါသာလွန်အောင်ကြိုးစားရင်း၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ကျောင်းအုပ်ဆရာမကြီးရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံရရင်းနဲ့ မွန်းကျပ်လှတဲ့ ကျောင်းတော်ကြီးမှာအသက်ရှူပေါက်လေး တစ်ခုအဖြစ် Cheerleading အဖွဲ့ကို ဦးဆောင်ပြီး ဂန်ယွန်းဒူ (Jung Eun-ji) တို့သူငယ်ချင်းတစ်သိုက် မတရားမှုတွေကို ဘယ်လိုဖော်ထုတ်ပြီး ရုန်းကန်လှုပ်ရှားသွားကြမလဲ...ဒီလိုကျောင်းမှာ သူငယ်ချင်းအစစ်အမှန်ဆိုတာကိုရော ရှာတွေ့နိုင်ပါ့မလား၊..နောက်ဆုံးကျရင်ရော ငယ်ရွယ်လှပတဲ့ ဘဝရဲ့ အဓိပ္ပာယ် အစစ်ကို ရှာတွေ့သွားကြပါ့မလားဆိုတာကိုရသမျိုးစုံနဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hsu Pyae ...
7.1
TMDb: 7.1/10 25 votes
tv

Sassy Go Go (2015) [Complete] 

2015
Win or Lose (2025) 8
Win or Lose (2025)  Season 1အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Pixar Animation Studios ရဲ့ Animated TV series လေးပဲဖြစ်ပါတယ်...ဒီကားလေးမှာဆိုရင် အလယ်တန်းကျောင်း Softball အသင်းတစ်သင်းရဲ့ ချံပီယံရှစ်ပြိုင်ပွဲတက်လှမ်းနိုင်ရန် ပြိုင်ပွဲဝင်စဉ်ကာလအတွင်း ဇာတ်ကောင်တစ်ခုချင်းစီရဲ့ အကြောင်းကို တစ်ပိုင်းစီပုံဖော်တင်ဆက်ပေးထားတာဖြစ်ပြီး ကျောင်းသားနဲ့ ဆရာကြား၊ဆရာနဲ့မိဘကြား၊ မိဘနဲ့သားသမီးကြား၊ ဆရာအချင်းချင်းကြား၊မိဘအချင်းချင်းကြား၊ ကျောင်းသားအချင်းချင်းကြား၊ နည်းပြနဲ့ကစားသမားများကြားစတဲ့ ဆက်ဆံရေးပေါင်းစုံကို ပြုံးရွှင်ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်.....ဒီ Animation ပရောဂျက်လေးကို Carrie Hobson နဲ့Michael Yates တို့နှစ်ယောက်က ၂၀၂၀ ကတည်းက စတင်ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး ၂၀၂၅ အရောက်မှ ထွက်ရှိလာတာပဲဖြစ်ပါတယ်.....Carrie Hobson ဟာဆိုရင် ပရိသတ်များရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တဲ့ Elemental (2023) နှင့် Toy Story 4 (2019) တို့မှာStory ...
8
TMDb: 8/10 3 votes
tv

Win or Lose (2025)

2025
Doubters to Believers Liverpool FC: Klopp’s Era (2025) 10
Doubters to Believers Liverpool FC: Klopp’s Era (2025)  Doubters to Believers Liverpool FC: Klopp's Era (2025)IMDb Rating (8.8) *နာမည်တစ်ချို့မှားနေတာတွေကို ပြန်ပြင်ပေးထားပါတယ်။* လီဗာပူးလို့ဆိုလိုက်တာနဲ့ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းတွေထဲက တသင်းအဖြစ်အားလုံးသိကြမှာပါ။ဒါပေမယ့် သူတို့ဟာ မတည်ငြိမ်တဲ့ခြေစွမ်းတွေကြောင့် ဆယ်စုနှစ်ချီ နောက်ကောက်ချခံခဲ့ရဖူးပါတယ်။ဒီလိုနိမ့်ကျရာကနေ ချန်ပီယံဘဝကို ပြန်ရောက်လာဖို့ဇာတ်လမ်းကတော့ 2015 ခုနှစ်ရဲ့ နေ့တ​နေ့မှာ နည်းပြကြီး ဂျာဂင်ကလော့ရောက်ရှိလာကနေအစပြုပါတယ် ။ဒီမှတ်တမ်းစီးရီးထဲမှာတော့ လီဗာပူးရဲ့ နည်းပြ ဂျာဂင်ကလော့ လက်အောက်မှာ ခြေစွမ်းတွေဘယ်လိုတက်လာအောင် အပတ်တကုတ်ကြိုးပမ်းခဲ့လဲဆိုတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတစ်ဝက်မှာ ဂျာဂင်ကလော့ က လီဗာပူးလ်ရဲ့မန်နေဂျာအဖြစ်ကနေထွက်တော့မယ်လို့ကြေငြာသွားပါတယ်။ဒီသတင်းကြောင်း လီဗာပူးလ်ပရိသတ်တော်တော်များများကလည်း အံ့အားသင့်သွားရပါတယ်။ဒီဇာတ်လမ်းအစမှာတော့ ဂျာဂင်ကလော့ ရဲ့ နည်းပြဘဝစလာပုံကနေ လီဗာပူးလ်နဲ့အတူရှိခဲ့တဲ့ သက်တမ်းတစ်လျှောက် လီဗာပူးလ်ကို ဘယ်လိုစွမ်းဆောင်ပြနိုင်သွားခဲ့လဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.3 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Sports Duration….00:50:00 Subtitle….Myanmar Subtitle ...
10
TMDb: 10/10 1 votes
tv

Doubters to Believers Liverpool FC: Klopp’s Era (2025)

2025
Running Point (2025) 8
Running Point (2025) Running Point (2025)*********************အပိုင်း (၁ မှ ၁၀) စ/ဆုံး အားကစားကိုသဘောကျနှစ်သက်သူတွေအတွက် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရှယ်ရိုက်ကူးထားတဲ့ အသစ်ထွက် Netflix Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Running Point ဖြစ်ပြီး လက်ရှိ IMDb 7.4 အထိရရှိထားတဲ့အတွက် မကောင်းမှာ အချိန်ပေးရမှာ မတန်မှာတွေကတော့ စိတ်ပူနေစရာကို မလိုပါဘူး။အဓိကသရုပ်ဆောင်အနေနဲ့ ၂၀ ရာစု အစောပိုင်းကနေ အခုထက်ထိလည်း နာမည်ကြီးနေဆဲ ကားကောင်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မမ Kate Hudson ဖြစ်ပြီး Ghosts တို့ The Other Two တို့လို Series ကြီးတွေမှာ ဇာတ်ရန်အနေနဲ့ပါဝင်ခဲ့တဲ့ Drew Tarver တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကြောင်းကတော့ LA Waves လို့ခေါ်တဲ့ဘက်စကက်ဘောအသင်းကြီးကို ပိုင်တဲ့မိသားစုနဲ့ ဒီအသင်းထဲကအဖြစ်အပျက်တွေဖြစ်ပါတယ်။ ဘက်စကက်ဘော မကြိုက်တဲ့ လူတွေတောင် စိတ်ဝင်စားသွားပြီး ကြည့်ချင်စေရမှာတော့အသေအချာပါပဲ။ဒီအသင်းကြီးကိုပိုင်တဲ့ လုပ်ငန်းပိုင်ရှင်သူဌေးဆုံးသွားပြီးတဲ့နောက်မှာ သားအကြီး ၂ ယောက်က ဥက္ကဌနဲ့ အထွေထွေမန်နေဂျာတို့ဖြစ်လာပြီး သားအငယ်ဆုံးကတော့ ငွေကြေးအရာရှိချုပ် အသီးသီးဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီထဲကမှ ...
8
TMDb: 8/10 16 votes
tv

Running Point (2025)

2025
Cobra Kai (2018-2025) complete 8.1
Cobra Kai (2018-2025) complete ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ဇာတ်လမ်းအကျဉ်းကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး မိန်းမနဲ့ သမီးနဲ့အောင်မြင်တဲ့သူ ဖြစ်နေပါပြီ။ကော်ဘရာကိုင် ကရာတေး သင်တန်းလည်း ...
8.1
TMDb: 8.1/10 4140 votes
tv

Cobra Kai (2018-2025) complete

2018-2025
BLUE LOCK (2022) 8
BLUE LOCK (2022) IMDB – 8.2/10, MyAnimeList – 8.2/10“ဘောလုံး Anime ဆိုပေမဲ့ ဘောလုံး Anime မဟုတ်ပြန်တဲ့ စီးရီး” ကြားရတာ နားရှုပ်သွားသလား ဒီလိုပါ။ဘောလုံး ဦးစားပေးဆိုပေမဲ့ MC က အစပိုင်း အရည်အချင်းမရှိ အတင်းတွေကြိုးစားအားကစားပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားစရာ တက်ညီလက်ညီအနိုင်ယူ ဖလားရ အဆုံးသတ်၊ ဒီလိုဇာတ်လမ်း မဟုတ်ဘူး။သိတဲ့အတိုင်း Japan Anime ပါ၊ ဇာတ်လမ်းက ဘောလုံးအကြောင်းဆိုပေမဲ့ သူများထက်တော့ ထူးခြားနေရမယ်မဟုတ်လား။ဘာလို့လဲဆိုတော့ ဇာတ်လမ်းအကျဉ်းက Blue Lock ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကသူတို့ ဂျပန်နိုင်ငံအသင်း ကမ္ဘာ့ဖလားကို အနိုင်ယူဖို့ဆိုရင် ဒီလိုမျိုး အစီအစဉ် စီမံကိန်းတွေ လုပ်ဆောင်ရမယ်တဲ့။လူကြီးတွေကို ပြကြည့်တော့ သောက်တလွဲပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းတို့ ရူးနေတာလားပေါ့။ဦးဆောင်နေတဲ့လူကလည်း ရူးကြောင်ကြောင်နဲ့ Ego ဆိုတဲ့လူ။စီမံကိန်းက ဘာလဲဆိုတော့ ဂျပန်နိုင်ငံက အသီးသီး ထူးချွန်နေကြတဲ့ လူငယ်တိုက်စစ်မှူးတွေချည်း အယောက် ၃၀၀ ...
8
TMDb: 8/10 277 votes
tv

BLUE LOCK (2022)

2022
Senna (2024) 8.295
Senna (2024)  ( Season 1 )- အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး -  ကားဆိုပြိုင်ကားမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်ရှယ်ကြည့်လို့ကောင်းစေမဲ့ Formula One ပြိုင်ကားတွေနဲ့ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် Mini Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။Series နာမည်ကတော့ Senna ဖြစ်ပြီးလက်ရှိ IMDb Rating 8.6 အထိတောင်ရရှိထားတာဖြစ်ပါတယ်။ဒီ Series လေးကဘယ်သူ့အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာလည်းဆိုရင်တော့ အိုင်ယာတွန်ဆန်နာဒီဆေးလ်ဗားဆိုတဲ့ Formula Oneချန်ပီယံရှစ်ကို ၃ ထပ်ကွမ်းရရှိခဲ့တဲ့ဂန္တဝင် ဘရာဇီးပြိုင်ကားသမားကြီးအပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ဒီ Series မှာဆိုရင်တော့သူ့ကိုကလေးဘ၀ကတည်းက အဖေ့ခြေရာနင်းပြီး ပြိုင်ကားလောကကိုအရမ်းစိတ်ဝင်စားလာခဲ့တဲ့ ကောင်လေးတစ်ယောက်အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီး သူ့သွေးထဲမှာလည်းပြိုင်ကားမောင်းတဲ့သွေးတွေအပြည့်စီးဆင်းနေခဲ့ပါတယ်။ဒီလိုနဲ့အရွယ်နည်းနည်းရောက်လာတဲ့အခါမှာ Mario-Kart ထဲကလိုပြိုင်ကားသေးသေးလေးတွေကိုစမောင်းခဲ့ပြီး ပြိုင်ပွဲတွေမှာတခြားကလေးတွေကိုအမြဲတမ်းကျော်တက်ပြီး ပထမနေရာကိုသိမ်းနေကျဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာလည်းပြိုင်ပွဲတွေဆက်ယှဉ်ပြိုင်ခဲ့ပြီးသူ့ရဲ့အရည်အချင်းကိုထုတ်ဖော်ပြသဖို့သူငယ်ချင်းကအကြံပေးလာတဲ့အခါမှာတော့ အင်္ဂလန်မှာကျင်းပတဲ့ Formula Ford ဆိုတဲ့ Formula Oneကိုဝင်ပြိုင်ဖို့လမ်းစတစ်ခုကိုရွေးချယ်ဖြစ်ခဲ့ပါတော့တယ်။မိဘဖြစ်သူနဲ့မိန်းမကို Formula Ford တစ်ရာသီပြီးရင် ဘရာဇီးပြန်လာမယ်လို့ကတိပေးခဲ့တဲ့အတိုင်းပြန်လာခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်းတွေကိုအပြည့်အ၀ပြသခဲ့တဲ့ Formula Ford ...
8.295
TMDb: 8.295/10 44 votes
tv

Senna (2024)

2024
Nak Top Ban Khok Pang (2024) 7.7
Nak Top Ban Khok Pang (2024)  ပိတ်သိမ်းဖို အမိန့်ကျထားတဲ့ ဘန်ခေါ့ပန်ကျောင်းကို ဖန်ဆိုတဲ့ လက်ထောက်ဆရာမလေးက တာဝန်ကျခဲ့ပါတယ်အစ်မဖြစ်သူ ဖောင်က ဘန်ခေါ့ပန်ကို ဖန်သွားမှာ သိပ်သဘောမကျခဲ့ပါဘူးဘန်ခေါ့ပန်ရောက်တော့ ဖန်က ကျောင်းကဆရာချိုဆိုသူရဲ့ နောက်ကြောင်းမှန်ကို ရှာတွေ့သွားခဲ့တယ်ဆရာချိုက ဘော်လီဘောလက်ရွေးစင် ဆ်ိင်ဖာဆိုတာ သိရပြီးတဲ့နောက်မှာကျောင်းကိုကူညီချင်တဲ့ ဖန်တစ်ယောက် အိုင်ဒီယာ ရခဲ့ပါတယ်ဒါပေမယ့် ချိုကတော့ သူ့အတိတ်ဆိုးရှိတာမို ဘော်လီဘောကိုပြန်မလုပ်ချင်ခဲ့ပါဘူးကျောင်းအုပ်ကြီးဆန်တိရဲ့အကူအညီနဲ့ ဘော်လီဘောအသင်းကိုထောင်ပြီး မြိုနယ်ဆင့်ကျောင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို ပြင်ဆင်ခဲ့ကြရာမှာဘော်လီဘောကစားရာမှာ ချိုတစ်ယောက် ဘာအတိတ်ဆိုးရှိခဲ့တာလဲဖန်ရဲ့အစ်မကရော ဘာကြောင့်နဲ့ ဘန်ခေါ့ပန်ကို မသွားချင်ရတာလဲဆိုတာကို “ဘန်ခေါ့ပန်ဘော်လီဘောအသင်း”ဇာတ်ကာထဲ ဆက်လက်ကြည့်ရှုရအောင်ပါDrama: Nak Top Ban Khok Pang Country: Thailand Episodes: 20 Aired: Jul 31, 2024 - Aug 30, 2024 Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: One 31, TrueID Duration: 40 min. Content Rating: ...
7.7
TMDb: 7.7/10 votes
tv

Nak Top Ban Khok Pang (2024)

Together: Treble Winners (2024) 9.0
Together: Treble Winners (2024) Together: Treble Winners (2024)=======================နည်းပြကြီး ဂွာဒီယိုလာရဲ့ မန်းစီးအသင်းဟာဆိုရင် အရင်နှစ် (၂၀၂၂-၂၀၂၃) ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ဖလား(၃)လုံးအောင်ပွဲအတွက် မှတ်တမ်းရုပ်ရှင်သစ်အဖြစ် ရိုက်ကူးခဲ့ပြီး မန်စီးတီးအသင်းရဲ့ အသင်း အောင်မြင်မှု့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းအရာတွေ ၊ အသင်းရဲ့ကြိုးပမ်းမှု့အတွေ့အကြုံတွေကို မျှ‌ေ၀ပေးသွားမှာဖြစ်ပြီးဟာလန်း (Erling Haaland) ကလည်း ဒီမှတ်တမ်းရုပ်ရှင်ကအကောင်းဆုံးထဲကတစ်ခုဖြစ်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။၂၀၁၈ က All or Nothing စီးရီးပြီးနောက် အကောင်းဆုံးထပ်ထွက်လာခဲ့တဲ့ Netflix ရဲ့ Documentary စီးရီးတစ်ခုဖြစ်ပြီး အပိုင်း ၆ပိုင်းပါ၀င်ကာ ဒီဇာတ်လမ်းကို ၀ယ်ယူဖို့အတွက် Netflix မှ စီးတီးအသင်းကို ပေါင် (ဂဏန်း၇လုံး)သန်းခန့်ပေးခဲ့ရတယ်လို့လည်း ဒေးလီးမေလ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ် ။Quality_Blu-Ray 1080p / 720p Format_mp4 Aired: April 2, 2024 Original Network: NETFLIX Duration_0045::00 Genre_Sport Subtitle_Myanmar Subtitle (Hardsub) Encoder_a ...
9.0
TMDb: 9.0/10 votes
tv

Together: Treble Winners (2024)

2024
Captains of the World (2023) 8.8
Captains of the World (2023) Captains of the World (2023) A Netflix Mini Series ~ IMDb - 8.4/10, Rotten Tomatoes - 97% ~ ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား... တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ...
8.8
TMDb: 8.8/10 42 votes
tv

Captains of the World (2023)

2023
Frisky Boxer (2023)
Frisky Boxer (2023) မိုးကြိုးလက်သီးး (၂၀၂၃)ဆူမ်ခစ် ဖိချစ်ခဲန့်၊ဆာဟတ် မတ်ရိုင့်ထယင်မ်ထန်၊ဆိုင်ထောင်း ခနောင်ခေါင်၊ခွမ့်ဒေါက် ဆောက်ဖိခတ်တို့က နာမည်ကြီး သမိုင်းဝင်လက်ဝှေ့သမားတွေဖြစ်ကြတဲ့အပြင် အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးယောက်လည်းဖြစ်ပါတယ်တစ်ရက် သူငယ်ချင်းလေးယောက်ကြား အချစ်ရေး၊ငွေကြေး နဲ့ ရန်ငြိုးပြဿနာတွေ ဝင်လာခဲ့ပြီး ဆက်ဆံရေးပျက်စီးသွားခဲ့ရင်း လက်ဝှေ့လောကကပါ ပျောက်ကွယ်သွားခဲ့တယ်ပျောက်ကွယ်သွားမှုနဲ့အတူ ပြည်သူတွေကြားထဲ သတင်းထွက်လာခဲ့တာ​က နှစ်၂၀ကြာရင် လေးယောက်လုံးပြန်ဆုံပြီးထိုးပွဲကျင်းပမယ့်သတင်းပါပဲနှစ်၂၀ကြာပြီးနောက် ဆိုင်ဖဆိုတဲ့ကောင်လေးက လက်ဝှေ့လောကထဲကို အကြောင်းတစ်ခုနဲ့ဝင်လာခဲ့ပြီး ကွယ်ဝှက်ထားတဲ့လက်ဝှေ့ဆရာနှစ်ဦးရဲ့သမီးနှစ်ယောက်နဲ့ မရေရာတဲ့အချစ်ဆက်ဆံရေးလေးတွေရှိလာခဲ့တယ်လက်ဝှေ့ဆရာလေးဆူကရော ကတိအတိုင်း နှစ်၂၀ကြာပြီး ပညာပြိုင်ပွဲကျင်းပမှာလား အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေ ဘာလို့ခါးခါးသီးသီးမုန်းသွားခဲ့ရတာလဲ ဆိုင်ဖကရော သူ့ရည်မှန်းချက်အတိုင်း လက်ဝှေ့လောကမှာ အဆင်ပြေလာပါ့မလား သူ့ရဲ့ဖူးစာရှင်ကရောဘယ်သူဖြစ်မလဲဆိုတာ "မိုးကြိုးလက်သီး" ဇာတ်လမ်းတွဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Kyi Nue Zin က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Kyi Nue Zin and Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Sports, Drama Quality…. 1080p File size…400MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin & ...

Frisky Boxer (2023)

2023
Beckham (2023) 8.5
Beckham (2023) Beckham (2023) A Netflix Mini Series ~ IMDb - 8.5/10, Rotten Tomatoes - 100% ~ ဒေးဗစ်ဘက်ခမ်းရဲ့ အနီရဲရဲ ရက်စွဲများ ‌ဒေးဗစ်ဘက်ခမ်းရဲ့ အဖြူသန့်သန့် ရက်စွဲများ ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေ‌ဝါရောင် ရက်စွဲများ ဒေးဗစ်ဘက်ခမ်းရဲ့ ကာလာစုံ ရက်စွဲများ ဘောလုံးကွင်းဟာ ပိတ်ကားစဖြစ်ပြီး ဘောလုံးသမားဟာ ပန်းချီဆရာဖြစ်သွားတယ်လို့ သမုတ်ကြတဲ့ ဘောလုံးလောကမှာ သူမတူတဲ့ ပန်းချီတွေကို ခြယ်ခဲ့သူ လန်ဒန်သားတစ်ယောက်ရှိခဲ့ဖူးတယ်။ စုတ်ချက်တိုင်းကို လှလှပပ သပ်သပ်ရပ်ရပ် အရောင်ခြယ်နိုင်ခဲ့သူ... ထိုသူဟာ ဒေးဗစ်ဘက်ခမ်း။ ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်ရင် မကြားဖူးတဲ့သူ အတော်ကိုရှားလိမ့်မယ်။ မြင်ဖူးသူတွေကတော့ ကြားရုံကြားဖူးသူတွေကို အထင်သေးလိမ့်မပေါ့။ မြေဆွဲအားကိုဆန့်ကျင်တဲ့ ဆံသားရှည်ရှည်တွေအောက်မှာ ယောက်ျားချင်းတောင် ကြွေချင်တယ်လို့ ကျွန်တော်တို့ စနောက်ခဲ့ကြဖူးတယ်။ ကွင်းလယ်ကနေ သူ့စိတ်တိုင်းကျ ဘောလုံးကို စေခိုင်းနေတာကို မြင်ရတာ သိပ်ကိုအရသာရှိခဲ့တာပေါ့။ သူ့လိုခြေထောက်မျိုးကို ကျွန်တော်တို့ ဘုရားဆီပူဆာခဲ့မိဖူးကြလိမ့်မယ်။  "ဘုရားသခင် ဒေးဗစ်ဘက်ခမ်းလို မှော်ဝင်ခြေထောက်များ ပေးသနားတော်မူပါ။"  ဘက်ခမ်းရဲ့ ...
8.5
TMDb: 8.5/10 10 votes
tv

Beckham (2023)

2023
My Lovely Boxer(2023)
My Lovely Boxer(2023) My Lovely Boxer(2023)**********************'အပိုင်း ( ၁ မှ ၁၂)ထိ စ/ဆုံး Jessiရဲ့ ကောင်လေးလို့ ဝိုင်း‌သ‌ဘောတူနေကြတဲ့ အီဆန်းဟျော့နဲ့ I.O.I အဖွဲ့၀င်ဟောင်းSo Hyeတို့ရဲ့ ဒရာမာအသစ်လေး လာပါပြီနော်.....ဂင်ထယ်ယောင်း(Lee Sang Yeop)ဟာ နတ်ဆိုးလိုမျိုး အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စုပ်ပြီးစွန့်ပစ်တတ်တဲ့ အားကစားအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။အီဂွန်းဆု(Kim So Hye)ကတော့ အချိန်ရှိသမျှ အားကစားလောကကနှုတ်ထွက်ဖို့ စိတ်ကူးယဉ်နေတဲ့ လူငယ်လက်ဝှေ့ချန်ပီယံပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်တွေ့ဆုံပြီး လက်ဝှေ့ကိုအရမ်းမုန်းနေတဲ့ ဉာဏ်ကြီးရှင်ရဲ့အနားမယူခင်နောက်ဆုံးအနေနဲ့ ယှဉ်ပြိုင်မဲ့ လက်ဝှေ့ပရောဂျက်တစ်ခုကို စတင်ဖို့ ဖြစ်လာပါတယ်။ဒါ့အပြင် ချန်ပီယံခါးပတ်သုံးခုကို ထိန်းသိမ်းထားဖို့တဲ့ လက်ဝှေ့ချန်ပီယံ၊ သားအတွက်လူမိုက်ဂိုဏ်းထဲ၀င်တဲ့ ဘောလီဘောချန်ပီယံအဖေ၊ ပိုက်ဆံအတွက်နဲ့ကိုယ့်အားကစားသမားကို ရောင်းစားတဲ့ နည်းပြ၊ ကိုယ့်လောဘကြောင့် သမီးကိုမကောင်းဆိုးဝါးအနေနဲ့ ဖန်တီးမိတဲ့ အဖေ စတဲ့ ဇာတ်ကောင်မျိုးစုံလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ဂင်ထယ်ယောင်းရဲ့ ဘ၀ကို လောင်းကြေးထပ်ထားတဲ့ Fix Match Gameကသူထင်ထားသလို ဖြစ်လာပါ့မလား။သူကိုယ်တိုင်ဖန်တီးထားတဲ့ အန္တရာယ်များတဲ့ ဂိမ်းပြီးသွားရင်သူရှာ‌ဖွေတွေ့ရှိရမဲ့ အရာက ...

My Lovely Boxer(2023)

2023
Winning Time: The Rise of the Lakers Dynasty (2023) Season 02 Complete 8.3
Winning Time: The Rise of the Lakers Dynasty (2023) Season 02 Complete Winning Time: The Rise of the Lakers Dynasty (2023) Season 02 Ongoing ~ IMDb - 8.3/10, Rotten Tomatoes - 85% ~ ရာဇဝင်ဆိုတာ ဖောင်တိန်ထဲ မင်ထည့်ရေးရုံနဲ့ ခမ်းနားသွားမယ့်အရာမျိုးမဟုတ်ပါဘူး။ သွေးတွေ ချွေးတွေ အနစ်နာခံမှုတွေအများကြီး ပေးဆပ်ပြီးမှ ခမ်းနားတဲ့ရာဇဝင်တစ်ခုကို ဆေးခြယ်နိုင်မှာပါ။ ဒီစီးရီးဟာ LA Lakers အသင်းကို ပိုင်ရှင်သစ်ဖြစ်တဲ့ ဘတ်စ်က ဝယ်ပြီးတဲ့နောက် NBA ကို ဘီလျံနဲ့ချီတန်တဲ့ စီးပွားရေးတစ်ခု၊ လူကြိုက်များတဲ့အားကစားတစ်ခုနဲ့ ဖျော်ဖြေရေးတစ်ခု အဖြစ် အသွင်ပြောင်းခဲ့ရာကစလို့ လိတ်ကာအသင်းကြီးကို အခုလို လူရိုသေ ရှင်ရိုသေဖြစ်တဲ့အထိ ဆွဲတင်ခဲ့ကြပုံတွေကို ဂျာနယ်လစ် Jeff Pearlman ရဲ့ "Showtime" စာအုပ်အပေါ်အခြေခံပြီး လက်တွေ့ကျကျ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Season 1 ကြည့်ဖူးပြီးသားလူတွေအနေနဲ့ ဒီစီးရီး ရဲ့ ...
8.3
TMDb: 8.3/10 95 votes
tv

Winning Time: The Rise of the Lakers Dynasty (2023) Season 02 Complete

2023