Channel Myanmar

Reality-TV

Running Man 8.2
Running Man Running Man အပိုင်းသစ် (708)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
The Traitors (2023) Season 2 6.8
The Traitors (2023) Season 2  2023ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ American Survival showThe Traitors ရဲ့ ‌ဒုတိယမြောက် Season ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီshow ကို Spy kids trilogy /The smurfsတို့နဲ့လူသိများတဲ့ မင်းသားကြီး Alan Cumming က Host အဖြစ်တာဝန်ယူတင်ဆက်ထားတာပါ။ ဒီ show ရဲ့ကစားပုံက အကြမ်းဖျင်းအရတော့အားလုံးသိကြတဲ့ Lair game/ Killer game အကြီးစားတစ်ခုပါပဲ။Player 21ယောက်ထဲမှာ Host က သစ္စာဖောက် (traitors)တွေကိုရွေးချယ်ပေးထားပြီး အဲ့သစ္စာဖောက်တွေဟာ ညရောက်တာနဲ့ ကျန်တဲ့သစ္စာခံ (faithfuls)တွေထဲက တစ်ယောက်စီကို ကစားပွဲထဲကထုတ်ပစ်ရမှာပဲဖြစ်ပါတယ်။ သစ္စာခံတွေကတော့ သစ္စာဖောက်က ဘယ်သူ‌တွေလဲဆိုတာ ရှာဖွေဖော်ထုတ်နိုင်ရင် အနိုင်ရမှာဖြစ်ပြီး၊ သစ္စာခံတွေအကုန်လုံးကိုသစ္စာဖောက်တွေကသတ်နိုင်လိုက်ရင် သစ္စာဖောက်တွေအနိုင်ရမှာပဲဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ250000 ကို ရရှိမှာဖြစ်ပြီး ထပ်တိုး Mission တွေကနေ ဆုကြေးငွေတွေတိုးလာအောင်လည်းကြိုးစားလို့ရပါသေးတယ်။ ဒီshowက Survivalရှိုးတွေနဲ့မတူဘဲ ...
6.8
TMDb: 6.8/10 10 votes
tv

The Traitors (2023) Season 2

2023
Street Dance Girls Fighter Season 1 + Season 2
Street Dance Girls Fighter Season 1 + Season 2 Street Dance Girl Fighter Season 1 (2021)လူကြိုက်များ အောင်မြင်ကျော်ကြားခဲ့တဲ့ Street Woman Fighter Show ကြီးကတော့ Holy Bang မှ အနိုင်ရပြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အဲဒီ့နောက်မှာတော့ Mnet မှ Spin off show တစ်ခုဖြစ်တဲ့ Street Dance Girls Fighter ဟာ နို၀င်ဘာလ 30 ရက်နေ့မှာ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Street Dance Girl Fighter တော့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတွေဟာ ၀င်ရောက်ယှဉ်ပြိုင်ရင်းနဲ့ Mnet က စင်တင်ပေးမဲ့ Dance Group အသစ်ရဲ့ အဖွဲ့၀င်အဖြစ်အပြင် ဆုကြေးငွေ ၀မ် ၁၀ သန်းကို ဆွတ်ခူးနိုင်အောင်ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ အဖွဲ့ 8 ဖွဲ့ခွဲပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တစ်ဖွဲ့ချင်းစီကို SWF မှ အဖွဲ့ခေါင်းဆောင်တစ်ယောက်ချင်းစီက နည်းပြသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ဂန် ဒန်နီယယ် မှ ...

Street Dance Girls Fighter Season 1 + Season 2

2021
Mission Start Ab (2023)
Mission Start Ab (2023) Mission Start Ab 2023 (7eps)CM ပရိသတ်ကြီးကို အရင်ဆုံးပြောချင်တာကတော့ ဒီ Reality Show စီးရီးကို တစ်ခေါက်လောက်တော့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ပါပဲဒီရှိုးရဲ့ပုံစံက ဘာလဲဆိုတော့ အိန္ဒိယရဲ့ လုပ်ငန်းရှင်ဆရာကြီးသုံးယောက်က တက်သစ်စလုပ်ငန်းရှင်တွေကို ပြိုင်ပွဲတစ်ခုမှာ စီးပွါရေးလုပ်ငန်းတစ်ခုနဲ့ ပတ်သတ်တာ​တွေကို ဘက်ပေါင်းစုံကပြိုင်ခိုင်းပြီး လုပ်ငန်းသစ်ဆယ်ခုထဲက တစ်ခုမှာ ရင်းနှီးမြှပ်နှံကြမှာပါ ဟုတ်ပါတယ် ဒီရှိုးမှာအနိုင်ရရုံနဲ့တော့ ဇူကာဘတ်လို့ အီလွန်မတ်စ်တို့လို သူဌေးကြီးဖြစ်မသွားပါဘူးဒါပေမဲ့ မြန်မာနိုင်ငံက ဆရာ့ဆရာကြီး မိုတီဗိတ်တာ ဘောစိများရဲ့ ကြက်ဥနှစ်ခြမ်းခွဲစားပြီး မနက်လေးနာရီထ ကွမ်းယာရောင်းမယ့်အကြံအစား ဒီအစီအစဉ်ထဲမှာ ဘယ်လိုလုပ်ငန်းတွေမှာ ဘယ်လိုနည်းပညာကို အသုံးချပြီး ဘယ်လိုလျင်မြန်ချေမွေ့အောင် လုပ်ဆောင်မယ်ဆိုတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းသလို စွန့်ဦးတီထွင်သူတွေအတွက် လုပ်ငန်းအိုင်ဒီယာတွေလည်း စိတ်ဝင်စားရင် လေ့လာလို့ရပါသေးတယ်ဒီရှိုးက သင့်အတွက် အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင် ပျင်းဖို့မကောင်း စိတ်ဝင်စားစရာအစီအစဉ်တွေနဲ့ ကောင်းမွန်တဲ့အိုင်ဒီယာများ တန်ဖိုးရှိတဲ့ အတွေးအခေါ် ဘဝအတွက်ဆုံးမစကားတွေကို ဖရီးလေ့လာရမှာဖြစ်လို့ CM ပရိသတ်ကြီးအတွက် အကျိုးများစေဖို့ တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...

Mission Start Ab (2023)

2023
Bloody Game Season 1 + Season 2 (2021)
Bloody Game Season 1 + Season 2 (2021) Bloody Game Season 1 (2021) =============================== ပေါ့ပေါ့ပါးပါး ပျော်စရာ Variety Show တွေကြည့်ရတာ ရိုးလာပြီဆိုတဲ့သူတွေအတွက် ဆုကြေးတွေနဲ့ ယှဉ်ပြိုင်ရမယ့် Bloody Game ဆိုတဲ့ Survival Show ကြီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဒေါ်လာ ၃ သိန်းတန်တဲ့ ဆုငွေကို ရယူနိုင်ဖို့အတွက် ပြိုင်ပွဲဝင် ယောက်ျားလေး မိန်းကလေး စုစုပေါင်း ၁၀​ ယောက်က ယှဉ်ပြိုင်ရမှာပါ ပြိုင်ပွဲဝင်တွေကို သီးခြားအိမ်တစ်လုံးမှာထားရှိပြီး ဒိုင်လူကြီး ၅ ယောက်က စောင့်ကြည့်ရမယ် ဆုကြေးငွေတန်ဖိုးကလည်း စပယ်ရှယ်ဆိုတော့ လွယ်လွယ်ကူကူတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူးနော် စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်တဲ့အပြင် တန်ကြေးမြင့်တဲ့ ဆုကြေးငွေအတွက် ပြိုင်ပွဲဝင်တွေက ဘယ်လိုဂိမ်းမျိုးတွေကို ဘယ်လိုအခက်အခဲတွေနဲ့ ယှဉ်ပြိုင်ကြမှာပါလဲ ၁၀ ယောက်ထဲမှာ နောက်ဆုံး ဘယ်သူကျန်ပြီး ဒေါ်လာ ၃ သိန်းကို အရယူသွားနိုင်မလဲ???ဒါ့အပြင် IZ*One အဖွဲ့ဝင်ဟောင်း Choi Yena, Knowing Brother က SangMin တို့အပြင် Jang ...

Bloody Game Season 1 + Season 2 (2021)

2021
Social Currency (2023) 3
Social Currency (2023) Social Currency (2023) =========ညိုချောလေးတွေကို ငမ်းရမယ့် အိန္ဒိယ Reality Showလေးလာပါပြီ။ ဒါမျိုးရှိုးတွေကိုဘာကြည့်ရမလဲမေးရင် သူတို့ရဲ့အလှအပ ဝတ်ပုံစားပုံ စကားပြောကြပုံတွေကိုကြည့်ရတာကိုက အရသာရယ်လို့ပဲပြောရမလား။Influencerဆိုတာ လူအများကို လွှမ်းမိုးထားနိုင်တဲ့ ဆယ်လီတွေကိုခေါ်တယ်လို့ ယေဘုယျမှတ်ကြပါစို့။နယ်ပယ်အသီးအသီးမှာ အောင်မြင်နေပြီးလူပေါင်းများစွာကို သူတို့ပြောလိုက်ပြီဆိုတာနဲ့ အဟုတ်ပဲ အကောင်းပဲလို့ထင်မှတ်အောင်ထိ လွှမ်းမိုးထားနိုင်သူတွေပေါ့။ ဆိုရှယ်မီဒီယာမှာ ပို့စ်လေးတခု ဗီဒီယိုလေးတပုဒ်နဲ့တင် ပိုက်ဆံအများကြီးရှာနိုင်ကြသူတွေ။ ဖုန်းဆိုတာလည်း သူတို့အတွက်မရှိမဖြစ်လိုအပ်ချက်ထဲပါတာပေါ့။ဒီလို နယ်ပယ်အသီးသီးက အန်ဖလူရန်စာတွေထဲကမှ နာမည်ကြီးရှစ်ယောက်ကိုရွေးပြီး သူတို့ရဲ့ဖော်လိုဝါတွေ ဖန်တွေအများကြီးဆီကနေဆွဲထုတ် သူတို့ရဲ့ဖုန်းတွေအကုန်သိမ်းပြီး ဖော်လိုဝါဇီးရိုးနဲ့ အကောင့်အသစ်နဲ့ယှဉ်ပြိုင်မှုတွေလုပ်ခိုင်းတဲ့အခါ တကယ့်လောကထဲမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခိုင်းတဲ့အခါမထင်မှတ်ထားတဲ့ စိန်ခေါ်မှုအရပ်ရပ်တွေနဲ့ရင်ဆိုင်ကြတဲ့အခါ ဘာဆက်ဖြစ်မလဲ ဘယ်သူကရောအနိုင်ရသွားမလဲဆိုတာ တပိုင်းပြီးတပိုင်းဆွဲဆောင်မှုရှိရှိနဲ့ တင်ဆက်သွားမယ့် ရှိုးလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Yunni~Zwe~Cherry~Moonတို့ပဲဖြစ်ပါတယ်)Quality : 1080p NF WEB DL /  720pTotal Episodes : 8EpsFormat : mp4Genres : RealityDuration : 43minsSubtitle : Myanmar Subtitle ( Hardsub )Translated by V~BpL~Yunni~Zwe~Cherry~MoonEncoded by YK 720p Episode 1 ...
3
TMDb: 3/10 2 votes
tv

Social Currency (2023)

2023
Love Village (2023)
Love Village (2023) Love Village (2023)ဒီတစ်ခေါက်မှာတော့ variety show ကြိုက်နှစ်သက်တဲ့ ပရိတ်သက်ကြီးအတွက် "Love Village" လို့ခေါ်တဲ့ dating Show လေးကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန် Dating show တွေနဲ့ မတူတဲ့ စည်းမျဉ်းတွေနဲ့ တင်ဆက်ထားတာမလို့ စိတ်လှုပ်ရှားဖွယ်ရာ ပိုကောင်းပါတယ် ။ မြင်တွေ့နေကြ Korea show မဟုတ်ဘဲ japan variety show ဖြစ်နေတာကလည်း တမူထူးခြားစေမှာပါ။ ဒီတော့ Love Village ကို အချစ်ရှာဖွေဖို့ ရောက်ရှိလာကြတဲ့ သူတို့ဟာ သူတို့ရဲ့ စိတ်ကူးထဲကအတိုင်း လက်တွဲဖော်ကို ရှာတွေ့နိုင်ပါ့မလား ဘယ်လို ရိုမန့်တွေ အခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်လိုက်ကြရအောင်နော်။အညွှန်းကိုတော့ NanThin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 700MB | 300MB Format… ...

Love Village (2023)

2023
[18+] Pantaxa Laiya (2023)
[18+] Pantaxa Laiya (2023) Pantaxa Laiya (2023) Vivamax's Reality Show Vivamax ရုပ်ရှင်တွေရဲ့ပရိသတ်ပုရိသတွေ ညည်းညူလေ့ရှိကြတဲ့ မင်းသမီးတွေထပ်နေတာပဲ ဆိုတဲ့စကားကို ပြောင်းပြန်လှန်ဖို့အတွက် Vivamax ကခြေလှမ်းသစ်တစ်ခုကို စတင်လိုက်ပါတယ်။ အဲ့ဒီခြေလှမ်းကတော့ Pantaxa Laiya ပါပဲ။ Reality Show ပုံစံမျိုးနဲ့သွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားက ဖျော်ဖြေရေးလောကထဲကို တိုးဝင်ချင်တဲ့ မင်းသမီးဖြစ်ချင်တဲ့ ဝါသနာရှင် မိန်းမလှလေးရှစ်ယောက်က ပြိုင်ပွဲဝင်တွေအဖြစ်ပါဝင်ကြမှာပါ။ သူတို့တွေဟာ မင်းသမီးတစ်ယောက်ဖြစ်လာစေဖို့ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သရုပ်ဆောင် ဓာတ်ပုံရိုက်ကူးမှု အညုအခရာတွေကို ပြိုင်ပွဲဝင်ရင်း လေ့ကျင့်သင်ကြားသွားကြရမှာဖြစ်ပြီး အရည်အချင်းမီတဲ့သူတွေကို Vivamax ဇာတ်ကားတွေမှာ တွေ့မြင်လာရဖို့ရှိပါတယ်။ လမ်းညွှန်ဆရာတွေအဖြစ် Viva Babe ကြီးတွေဖြစ်ခဲ့တဲ့ Maui Taylor နဲ့ Katya Santos တို့ကပါဝင်ထားပြီး ဧည့်သည်တွေအဖြစ် ပရိသတ်အသည်းကျော် Ayanna Misola နဲ့ Angeli Khang တို့အပြင် တစ်ခြား Vivamax မင်းသမီးလေးတွေကိုလည်းတွေ့မြင်ရမှာပါ။ အစဉ်အလာဇာတ်လမ်းတွဲတွေကနေခွဲထွက်လာတဲ့ ...

[18+] Pantaxa Laiya (2023)

2023
Artistock Game (2022)
Artistock Game (2022) Artistock Game (2022)ရသစုံရှိုးပရိသတ်တွေအတွက် CMက ထပ်တိုးတင်ဆက်ပေးသွားမှာကတော့ Mnet ကနေ Oct3ရက်ကစပြီး တင်ဆက်ပေးလိုက်တဲ့ ထူးထူးခြားခြား Survival Game တစ်ခုပါ။ဒီရှိုးလေးရဲ့ conceptက အရင်မြင်တွေ့နေကျပုံစံမျိုးနဲ့မတူဘဲ စီးပွားရေးနဲ့အနုပညာပေါင်းစပ်ထားတဲ့ပုံစံလေးပါ။ ဘာဂိမ်းလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုဂိမ်းပါ။ ဘယ်သူတွေကဆော့ကစားသွားမှာလဲဆိုတော့ ကြည့်ရှုသူတွေနဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တွေပါ။ဒီအစီအစဉ်လေးမှာဆိုရင် အဆိုတော်တွေက ကိုယ့်ရဲ့စတော့ရှယ်ယာတွေဖြစ်လာပြီးတော့ ကြည့်ရှုသူတွေကတော့ ကိုယ်သဘောကျနှစ်သက်သူဆီမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အရေးရရှိမှာပါ။အဆိုတော်တွေအနေနဲ့လည်း မိမိတို့ရဲ့အရည်အချင်းကို ထုတ်ပြခွင့်ရမယ့်အပြင် ကိုယ်ရဲ့စတော့ဈေးနှုန်းတိုးမြင့်လာစေဖို့နဲ့ ကြည့်ရှုသူတွေရဲ့ အာရုံစိုက်မှုကိုရရှိဖို့ သူတို့ရဲ့ကိုယ်ပိုင် အရည်အချင်းတွေကိုသုံးပြီး စွန့်စားသွားရမှာပါ။ စွန့်စားမှုတိုင်းမှာ အန္တရာယ်ဆိုတာရှိစမြဲပါပဲ။ ဒီတော့ ပါဝင်သွားမယ့် အရည်အချင်းရှိအဆိုတော်၄၈ဦးကလည်း ကြုံတွေ့လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပါပြီ။ အားလုံးနဲ့ရင်းနှီးပြီးသား အဆိုတော်တွေလည်းပါဝင်ပြီးတော့ သူတို့ကိုယ်တိုင်မထုတ်ပြခဲ့ဖူးတဲ့ အရည်အချင်းတွေကိုပါ ထပ်ပေါင်းမြင်ရဦးမှာဆိုတော့ အားရစရာပါပဲ။ဒါ့အပြင် Artistock Gameရဲ့ မျက်နှာဖုံးအဖြစ်နဲ့ ပါဝင်တင်ဆက်ပေးသွားမှာက Lee Sang Yeobဆိုတော့ ဒီအတောအတွင်း လွမ်းနေကြတဲ့အမျိုးတို့လည်း အလွမ်းပြေလေးတစ်ဖြတ်ပေါ့။မြင်နေကျပုံစံနဲ့ကွဲထွက်နေတဲ့conceptနဲ့တင်ကို စိတ်ဝင်စားဖို့ကောင်းနေတဲ့အပြင် အံ့ဩလောက်တဲ့အရည်အချင်းတွေနဲ့ အဆိုတော်တွေရဲ့ စွမ်းရည်ကိုပါမြင်ရဦးမှာဆိုတော့ Artistock Gameက အပတ်စဉ် စောင့်ကြည့်သင့်တဲ့ရှိုးတစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ အနုပညာရှင်တွေနဲ့အတူတူ အပတ်စဉ်လိုက်ပါစီးမျောရင်း စွန့်စားခန်းလေးဖွင့်လိုက်ရအောင်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety ...

Artistock Game (2022)

2022
Besties in Wonderland (2022)
Besties in Wonderland (2022) Besties in Wonderland (2022) (အညွှန်း) ============================= အိုင်တို့သူငယ်ချင်းတစ်သိုက်သာ ခရီးထွက်ဖို့ပလန်ချလိုက် ပျက်လိုက်နဲ့ ဒီတစ်သက်အကောင်အထည်မပေါ်နိုင်သေးပေမယ့် Kim Suho တို့besties အုပ်စုကတော့ Australia နိုင်ငံရဲ့ Queensland ပြည်နယ်ကြီးကို အားလပ်ရက်အပန်းဖြေခရီးထွက်ရင်းပျော်မြူးကုန်ကြပါပြီ။Korea National University of Arts ရဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေဖြစ်ကြပြီး လက်ရှိအနုပညာနယ်ပယ်မှာပါ အသီးသီးအောင်မြင်မှုတွေရနေကြပြီဖြစ်တဲ့ EXO အဖွဲ့ဝင် Suho, Lee Sang Yi, Lee Kyu Hyung, Cha Seo Won, Lee Yoo Young, Im Ji Yeon စတဲ့ အနုပညာရှင် သူငယ်ချင်း ၆ ဦးရဲ့ တစ်ချိန်ကကျောင်းခရီးစဉ်လိုမျိုး ရင်ခုန်စိတ်လှုပ်ရှားကောင်းမယ့် အားလပ်ရက်ခရီးစဉ်အကြောင်းကို ရိုက်ကူးထားတဲ့ရှိုးလေးပဲဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့နိုင်ငံကလည်း သာယာလှပမှု၊ လွတ်လပ်မှု၊ ရိုမန့်တစ်ဆန်မှုတွေအပြည့်နဲ့သားပိုက်ကောင်လေးတွေ Koala ဝက်ဝံလေးတွေရဲ့ခိုလှုံရာအိမ် “Australia နိုင်ငံ” ရဲ့ Queensland ပြည်နယ်ပါ။ဒါ့အပြင် “Law of ...

Besties in Wonderland (2022)

2022
To Do TXT
To Do TXT ဒီshowလေးကတော့ 4th gen နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့HYBE labels အခွဲ BIG HIT MUSIC ent လက်အောက်က အဖွဲ့ဝင်၅ယောက်ရှိတဲ့Tomorrow by Together (TXT) ရဲ့show တစ်ခုဖြစ်ပါတယ်ထုံးစံအတိုင်း ဒီရှိုးလေးမှာ ဂိမ်းတွေကစားChallengeတွေလုပ်ကြမှာပါဒီနေ့အပိုင်းထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက်ပိုသိအောင်တစ်ယောက်အကြောင်းတစ်ယောက် ခန့်မှန်းတဲ့ဂိမ်းလေးတွေ နောက်ပြီးမန်ဘာတွေရဲ့ ASMR အသံတွေကိုနားထောင်ပြီးဘယ်သူလဲဆိုတာခန့်မှန်းကြတဲ့ဂိမ်းတွေ မျိုးစုံဆော့ကြမှာပါဒီရှိုးလေးကြည့်ရင်း TXT member တွေရဲ့အကြောင်းတွေနဲ့ memberတွေအချင်းချင်း စနောက်တဲ့momentလေးတွေလည်း ကြည့်ကြရမှာပါTXTရဲ့ MOA လေးတွေ သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ် To Do TXT showလေးကို ကြည့်ရှုပေးကြပါဦးရှင့် File Size – 500MB@EpisodeQuality – 720p Duration –40 minute (@Episode)Subtitle – Myanmar HardsubFormat – Mp4Translator –Milkeux, Shwe Pwint, Khaing Su, Sim Jinnie Encoder – ...

To Do TXT

Midnight Horror Story (2021)
Midnight Horror Story (2021) Midnight Horror Story (2021)ကြောက်ချင်ကြသူများအတွက် အရမ်းလန်းတဲ့ ထိတ်လန့်ပြာယာကြည့်စရာ ကိုရီးယားရှိုးလေး လာပါပြီပင်တိုင်တင်ဆက်သူ ၄ဦးနဲ့အတူ ကြက်သီးထစရာ နာနာဘာဝလောကပုံစံ အပြင်အဆင်စတူဒီယိုထဲ ထိုင်ရင်းကမ္ဘာ့နိုင်ငံတစ်ဝှမ်းက ပေးပို့လာသမျှ လူတွေကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ ပရလောကနဲ့ဆိုင်တဲ့ ဖြစ်ရပ်မှန်တွေအကြောင်းကိုအသံနက်နက်ကြီးနဲ့ ဖတ်ပြပြီး ဆွေးနွေးပြောဆိုကြမယ့် စကားဝိုင်းကြီးမှာတစ်နေရာကနေ စောင့်ကြည့်နေတဲ့ အမှောင်ဝိဥာဉ် ၄၄ခုရှိနေပြီး ဖြစ်ရပ်တွေကို သူတို့စိတ်ကျေနပ်ရင် ဖယောင်းတိုင်မီးထွန်း မဲပေးဆုံးဖြတ်ဦးမှာပါအဲ့ဒီလို ဖတ်ပြတဲ့ဖြစ်ရပ်မှန်တွေကို သည်းထိတ်ရင်ဖိုစရာအတိ ပြန်သရုပ်ဖော်ထားတဲ့ ဗီဒီယိုတင်ဆက်မှုကိုပါ ပံ့ပိုးထားပါသေးတယ်နာမည်ကြီး ဧည့်သည်တွေလည်း လူပြောင်းလာပြီး ကိုယ်တွေ့ ပတ်ဝန်းကျင်တွေ့ ဖြစ်ရပ်တွေကိုပါ ပြောပြကြသေးတာမို့သရဲကားကြည့်ရသလို ကြက်သီးထစရာ ဖီးလ်လင်တပွေ့တပိုက်နဲ့ လက်ကြားထဲကချောင်းကြည့်လိုက်ကြရအောင်ပါ File Size – 800MB@EpisodeQuality – 720pDuration – 1h 15minute (@Episode)Total Episodes: 40Subtitle – Myanmar HardsubFormat – Mp4Genre : talk ...

Midnight Horror Story (2021)

How To Build a Sex Room (2022) 7.9
How To Build a Sex Room (2022) How to Build a Sex Room (2022) ဒီတစ်ခါမှာတော့ဒီတစ်ခါမှာတော့ Netflix ကနေ ပူပူနွေးနွေး ထွက်ရှိထားတဲ့ အခန်းတွင်းပြင်ဆင်တဲ့ မှတ်တမ်းတင် ပညာပေးစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လိုအခန်းမျိုးကို ပြင်ဆင်မွမ်းမံမှာလဲဆိုတော့ ခေါင်းစဉ်ထဲကအတိုင်း Sex Room/ လူကြီးကစားခန်း/အပျော်ကြူးခန်း/ ဒချိခန်း... သန်ရာသာ ခေါ်ကြပါ... အဲ့လိုအခန်း​ဖြစ်အောင် ပြင်ဆင်ပေးမှာပါ Sex room လို့ မြင်လိုက်တာနဲ့ တော်တော်များများက BDSM ကို ပြေးမြင်မိတတ်ကြတယ်။ မမှားပေမဲ့ ဟုတ်တော့လည်းမဟုတ်သေးဘူး။ Sex room ကို ဘာလို့ ထည့်ချင်ရတာလဲ...။ ကိုတော်တော်ဖြစ် မတော်တော်ဖြစ်တွေ ဖြစ်နေလို့ နေမှာပေါ့ ဆိုတာလည်း မဟုတ်သေးပြန်ဘူး။ ဒီစီးရီးထဲမှာတော့ Melanie Rose ဆိုတဲ့ အတွင်းပိုင်းအခန်း‌‌တွေပြင်ဆင်ပေးတဲ့ အဒေါ်ကြီးက ဘယ်လို clients မျိုးတွေကို လက်ခံပြင်ဆင်ပေးရမလဲဆိုတာတွေအပြင် Sex room ထည့်ချင်ရတဲ့ ရည်ရွယ်ချက်မျိုးစုံကို တွေ့မြင်ရမယ်၊ ကြည်နူးရမယ်။ Decorator တွေအတွက်လည်း ...
7.9
TMDb: 7.9/10 8 votes
tv

How To Build a Sex Room (2022)

2022
Iron Chef: Quest for an Iron Legend (2022) 7.0
Iron Chef: Quest for an Iron Legend (2022) Iron Chef: Quest for an Iron Legend (2022)===============================IMDb Rating - 7.0/10Iron Chef ဆိုတဲ ဟင်းချက်ပြိုင်ပွဲကြီးပြန်လာပါပြီ။ ကမ္ဘာတစ်ဝန်းက နာမည်ကြီးတဲ့ စားဖိုမှူးတွေဟာ ကျွမ်းကျင်တဲ့ စာဖိုမှူး Iron Chef လို့သတ်မှတ်ခံထားရတဲ့ သူတွေကို စိန်ခေါ် ဟင်းချက်ပြိုင်ပြီး Iron Chef ဆိုတဲ့ ဂုဏ်ပုဒ်ကိုအရယူရမှာပါ။ Iron Chef တွေအနေနဲ့ကလည်း သူတို့ရဲ ဂုဏ်ကို ဆက်ထိန်းဖို့ ရေကုန်ရေခန်းကြိုးစားကြမှာပါ။Episode တစ်ခုချင်းစီမှာ စိန်ခေါ်သူစားဖိုမှူးတစ်ယောက်ဟာ Iron Chef တစ်ယောက်နဲ့တစ်နာရီအတွင်း သတ်မှတ်ထားတဲ့ themeနဲ့ ဟင်းငါးပွဲကို ချက်ပြုတ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ကမ္ဘာကျော်စားဖိုမှူးတွေရဲ့ ဟင်းချက်ပုံချက် နည်းတွေကို တွေ့မြင်နိုင်ပြီး ချက်ပြုတ်တာကို စိတ်ဝင်စားတဲ့ အိမ်ထောင် ရှင်တွေ စားဖိုမှူးတွေ အတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူများကတော့ CM Team  မှဖြစ်ပါတယ်။)File Size.............(500 MB) Quality...............WEBDL 720p Duration............45Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Show, Reality-TV Translator..........CM Team Encoder..............SWM720P (300 Mb)-----------------------------------Episode(1)Yoteshin ...
7.0
TMDb: 7.0/10 2500 votes
tv

Iron Chef: Quest for an Iron Legend (2022)

2022
I Live Alone 7.6
I Live Alone   I Live Alone တောင်ကိုရီးယားနိုင်ငံနာမည်ကြီးအနုပညာ​ရှင်​တွေရဲ့နေ့စဥ်​နေထိုင်လှုပ်ရှားမှုပုံစံကို သိချင်ကြပါသလား။သူတို့ဘယ်လို​နေထိုင်ပြုမူကြတာလဲ ၊သာမန်လူ​တွေထက် ထူးကဲ​နေတာမျိုးရှိလား။ဒါမှမဟုတ် ပုံမှန်ပဲလား။ စတဲ့​မေးခွန်း​တွေကိုဒီ show လေး က အ​​​​ဖြေ​ပေးထားပါတယ်။တစ်​ယောက်တည်း​နေထိုင်တဲ့ အနုပညာရှင်​တွေရဲ့ နေထိုင်ချက်ပြုတ်စား​​သောက်တဲ့ ပုံစံ​တွေကို တွေ့မြင်ရမှာပါ။အေး​​အေးချမ်းချမ်း ပျော်​ပျော်ရွှင်ရွှင်ကြည့်ရှုရမှာမို့သေချာ​ပေါက်ကြည့်ရှုသင့်တဲ့ အစီအစဥ်​​လေးပါ​နော်။ရသစုံရှိုးဖြစ်တာနဲ့ညီ ဒီရှိုးဟာ ဇာတ်ညွှန်း​ရေးသားထားခြင်းမရှိဘဲအနုပညာရှင်​တွေရဲ့ စစ်မှန်တဲ့​ပုံရိပ်ကို တွေ့မြင်ရမှာပါ။ ဒီရှိုး​လေးကိုအပတ်စဥ် သောကြာ​နေ့ညတိုင်း ထုတ်လွှင့်ပြလျက်ရှိပါတယ်။Translator -CM Variety Team Encoder - YK Native Title: 나 혼자 산다 Also Known As: Home Alone Genres: Friendship, Comedy, Life, Family Tags: Actress, Comedian, Actor, Idol, K-Pop, Life Lesson  For VIP Member - CLICK HERE! Episode 372 (Exo Kai) - Yoteshin ...
7.6
TMDb: 7.6/10 8 votes
tv

I Live Alone

2013