Channel Myanmar

2014

The 100 (2014-2020) Complete 7.895
The 100 (2014-2020) Complete The 100 (TV Series 2014–2020)IMDb Rating (7.5 /10) / Rotten Tomatoes (93%)CW ကနေ ၂၀၁၄ မှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ "The 100" စီးရီးကတော့ ထိုက်သင့်တဲ့အောင်မြင်မှုနဲ့ ဖန်လဲအတော်အသင့်ရှိတဲ့ Action, Adventure, Drama, Fantasy, Sci-Fi အမျိုးအစား စိတ်လှုပ်ရှားရင်ခုန်စွန့်စားရမယ့် သိပ္ပံခေတ်လွန်စီးရီးတခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ကမ္ဘာကြီးဟာ နူကလီးယားဓာတ်ရောက်ခြည်သင့်မှုတွေကြောင့် ပျက်စီးပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိလူသားတွေအကုန်လုံး သေဆုံးကုန်ပါတယ် ... ဒါပေမယ့် လူတချို့ကတော့ "The Ark" ဆိုတဲ့ အာကာသယာဉ်အတူ အာကာသထဲကို ထွက်လာနိုင်ခဲ့ပါတယ် ... ပြီးတော့အာကာသစခန်းတွေတည်ဆောက်ပြီး ကမ္ဘာကြီးဓာတ်ရောင်ခြည်ပြယ်မယ့်နေ့ကို စောင့်ဆိုင်းနေကြပါတယ်....အဲ့ဒီအာကာသပေါ်မှာ ဘယ်ပြစ်မှုမဆို ကျူးလွန်တဲ့သူဟာ သေဒဏ်ပါပဲ...ဘာလို့လဲဆိုတော့ အာကာသစခန်းမှာ အစားအစာ အောက်ဆီဂျင်တွေကို ချွေတာပြီး ကမ္ဘာကြီးနေပြန်ကောင်းမယ့်ရက်တွေကို စောင့်ဆိုင်းနေရတာမလို့ လူဦးရေလျော့ချတဲ့နည်းလမ်းအဖြစ် ဘယ်ရာဇဝတ်သားမဆို ...
7.895
TMDb: 7.895/10 8244 votes
tv

The 100 (2014-2020) Complete

2014
High School King of Savvy (2014) [Complete] 7.4
High School King of Savvy (2014) [Complete] High School King of Savvy (2014)*******************************အပိုင်း (၁ မှ ၁၇) စ/ဆုံး သာမန်အထက်တန်းကျောင်းတစ်ခုမှာ သာမန်ကျောင်းသားဘဝလေးနဲ့ ဘဝကို ဖြတ်သန်းနေတဲ့တက်သစ်စ ဟော်ကီကစားသမား အီမင်ဆော့။သူဟာ သွေးစပ်တဲ့ မိသားစုဝင်ဆိုလို့ သူနဲ့တစ်ထေရာတည်း ရုပ်ဆင်တဲ့အစ်ကိုတစ်ယောက်ပဲရှိတယ်။အစ်ကိုဖြစ်သူကတော့ သူနဲ့ ရုပ်သာတူပြီး ဉာဏ်ရည်ချင်းမတူတဲ့အတွက် ဂျာမနီမှာ ပညာတော်သင်ထွက်နေတဲ့ ပညာတတ် ဉာဏ်ကြီးရှင်တစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့  အစ်ကိုဖြစ်သူအီဟျောင်းဆော့က ကိုရီးယားကို ပြန်လာတဲ့လမ်းမှာ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတဲ့ မင်ဆော့ဟာ ဇဝေဇဝါဖြစ်မှုတွေနဲ့အတူ ပျောက်သွားရခြင်း အကြောင်းရင်းကိုရှာနေတဲ့ အချိန်မှာပဲ အစ်ကိုဖြစ်သူထံက ဖုန်းဝင်လာခဲ့တယ်။“မင်း ငါ့ကိုယ်စား အလုပ်တက်ပေးစမ်းပါ.. နောက်မှ ရှင်းပြပါရစေ.. မင်းမျက်နှာပဲ သွားပြရင်ရပြီ..ကျန်တာ ငါကြည့်လုပ်ပေးမယ်” တဲ့.. အံ့ဩမှင်သက်သွားတဲ့ ကျောင်းသားလေး မင်ဆော့ဟာပျောက်ဆုံးနေတဲ့ အစ်ကိုဖြစ်သူရဲ့ ထူးဆန်းတဲ့ တောင်းဆိုချက်ကို စဉ်းစားပြီးနောက်လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ….။ အထက်တန်းကျောင်းသားလေးတစ်ဦးကကုမ္မဏီကြီးတစ်ခုရဲ့c ရာထူးမြင့် ...
7.4
TMDb: 7.4/10 12 votes
tv

High School King of Savvy (2014) [Complete]

2014
ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon 7.3
ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon ThirtTEEN Terrors (2014)IMDb Rating (6.7) ပိတ်ရက်တွေကို အိမ်မှာနေရင်း ဇာတ်လမ်းတွေကြည့်ရင်းကုန်လွန်ကြမယ့် Channel Myanmar ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါမှာတော့ ထိုင်း Horror စီးရီးလေး တစ်ခု တင်ဆက်ပေးချင်ပါတယ်။ငယ်ငယ်တုန်းက ကျောင်းတက်တဲ့အခါ ကျောင်းတစ်ခုစီမှာကြောက်စရာကောင်းတဲ့ ပါးစပ်ပြောရာဇဝင် တစ်ခု စီရှိကြတာ မှတ်မိကြမယ်ထင်ပါတယ်။ခြေကလိန်မ၊ ကျောင်းစောင့်ကြီး၊ ကျောင်းကို စိတ်စွဲနေနဲ့ ဆရာ၊စာမေးပွဲဖြေရင်း သေဆုံးသွားတဲ့ ကျောင်းသူလေး စသဖြင့်ကြောက်စရာဇာတ်လမ်း အမျိုးမျိုး ကြားဖူးခဲ့ကြမှာပေါ့နော်။ကျွန်မကတော့ ကျောင်းမှာ ပွဲတစ်ခုခု ရှိလို့အလှူရှိလို့ ညဘက် ကျောင်းမှာ စုအိပ်ကြတဲ့အခါတစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် အိမ်သာသွားရင်ပဲဖြစ်ဖြစ်ဓါတ်မီးတဝင်းဝင်း ဒူးတုန်တုန်နဲ့ အုပ်စုလိုက် သွားခဲ့ရတာတွေ ၊ အတန်းကြီး အစ်ကို အစ်မတွေပြောပြတဲ့ သရဲအကြောင်းတွေကိုတစ်ယောက်နဲ့ တစ်ယောက် ပူးကပ်ပြီးတိုးခွေ့နားထောင်နေခဲ့ရတာတွေကို မှတ်မိနေဆဲပါပဲ။ဒီအကြောင်းတွေ ပြန်ပြောနေရတာကတော့ ခု တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးနဲ့ ဆက်စပ်မှုရှိနေလို့ပါ။ထိုင်းအထက်တန်းကျောင်းတစ်ခုမှာ လူတိုင်းပြန်ပြောဖို့ ကြောက်ရွံ့ကြတဲ့ လူတွေ မေ့ပစ်လိုက်ချင်ကြတဲ့တိမ်မြုပ်နေတဲ့ ကြောက်စရာ ဇာတ်လမ်းတွေ ရှိနေခဲ့ပါတယ်။အဲဒီဇာတ်လမ်းတွေ ...
7.3
TMDb: 7.3/10 3 votes
tv

ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon

2014
The Joseon Gunman (2014) 7
The Joseon Gunman (2014) The Joseon Gunman (2014) ************************စ/ဆုံး၁၉ရာစုရဲ့ ဂျိုဆွန်းမင်းဆက်မှာ တိုင်းပြည်နဲ့လူမျိုးကို ပိုကောင်းတဲ့ဘဝရောက်ပြီး လူသားတိုင်း တန်းတူညီမျှစေဖို့ ကြိုးစားနေကြတဲ့ဥာဏ်အလင်းဝါဒီအုပ်စုနဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကိုသာ လက်ကိုင်ထားချင်တဲ့ အာဏာကြီးအမတ်တွေရဲ့ ရှေးရိုးစွဲဝါဒီအုပ်စုဆိုပြီး နှစ်မျိုးကွဲပြားနေပါတယ်...တစ်နေ့မှာတော့ ဥာဏ်အလင်းဝါဒီအုပ်စုက ပညာသင်တွေချည်း အမည်မသိသေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုကို ခံနေရတဲ့အခါဘုရင့်သစ္စာတော်ခံဖြစ်တဲ့ နန်းစောင့်တပ်ဖွဲ့မှူးက အမှုမှန်ကိုစတင်စုံစမ်းဖို့လုပ်ပါတော့တယ်...ဒါပေမဲ့ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာရှိနေတဲ့သူကဩဇာညောင်းတဲ့အမတ်ကြီးတွေဖြစ်နေတဲ့အခါ နန်းစောင့်တပ်ဖွဲ့မှူးပါ သေနတ်သမားရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ်...ဒီလိုနဲ့ ဖခင်ဖြစ်သူနန်းစောင့်တပ်ဖွဲ့မှူးကြီးပါမက ညီမဖြစ်သူပါ အစေခံအဖြစ်ရောင်းစားခံလိုက်ရပြီး ကိုယ်ကိုယ်တိုင်ပါ လိုက်ဖမ်းခံရတဲ့ဘဝရောက်သွားတဲ့အခါဘတ်ယွန်းဂန်တစ်ယောက် ဘဝအမှန်ကိုဖုံးကွယ်ပြီး သေနတ်သမားအဖြစ်နဲ့ ပြန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...လက်စားချေချင်စိတ်တွေပြည့်နှက်နေတဲ့ ဘတ်ယွန်းဂန်အဖြစ် ကိုယ်ရဲ့ အချစ်ဦးမင်းသားကြီး Lee Joon-Gi နဲ့အတူအဓိကဗီလိန်အဖြစ် မင်းသားကြီး Yu Oh-Seong တို့တင်မက တခြားဝါရင့်သဘာရင့် သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ပေးထားတာမို့ကြည့်ရတာ အရသာရှိမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်...Drama: Gunman in Joseon Genres: Action, Historical, Romance, Melodrama Country: South ...
7
TMDb: 7/10 votes
tv

The Joseon Gunman (2014)

2014
Idle Mermaid (2014) [Complete] 7.3
Idle Mermaid (2014) [Complete] Idle Mermaid (2014)***********************အပိုင်း (၁ မှ ၁၀) စ/ဆုံး ဒီတစ်​ခေါက်မှာ​တော့ ​ခဏတာ စိတ်ပင်ပန်းမှုတွေ ​ပျောက်​စေဖို့အတွက်လူငယ်အချစ်ဟာသဇာတ်လမ်း​လေးကို တင်ဆက်​ပေးသွားမှာပဲဖြစ်ပါတယ်။Cast ​တွေကလည်း နာမည်ကြီး မင်းသား၊မင်းသမီး​တွေဖြစ်ကြတဲ့ On Joo Wan ၊Song Jae-rim ၊ Jo Boah တို့က အဓိကဇာတ်လိုက်​တွေအဖြစ် ပါဝင်ထားပြီးNam Joo Hyuk တို့လို နာမည်ကြီး​တွေလည်း ဇာတ်ပို့အ​နေနဲ့ ပါဝင်သရုပ်​ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း -အယ်ရင်းဆိုတဲ့ ​ရေသူမ​လေးက သူရှိတဲ့ ဟန်မြစ်နားလေးကို ရိုက်ကူး​ရေးလာလုပ်ပြီး ​မ​တော်တဆ ​ရေထဲပြုတ်ကျသွားတဲ့ ဂွန်ရှီဂ​ယောင်းဆိုတဲ့ စားဖိုမှူး​လေးကိုအနမ်းတစ်ပွင့်နဲ့ ကယ်တင်​ပေးပြီးတဲ့အခါ ဂွန်ရှီဂ​ယောင်းကို ချစ်မိသွားပါ​တော့တယ်။အဲဒီလိုနဲ့ ​ရေသူမ​လေး အယ်ရင်းက​ ရှီဂ​ယောင်းနဲ့ ​နောက်ထပ်ပြန်​တွေ့ရဖို့အတွက်စုန်းထီးအန်​ရဲ့ ​မှော်​ဆေးရည်ကို ​ခိုး​သောက်လိုက်ပြီး လူသားဖြစ်လာပါ​တော့တယ်။ဒါ​ပေမဲ့ ​ အဲဒီ​ဆေး​သောက်ပြီးလို့ ရက်၁၀၀ အတွင်း အချစ်စစ်ကို ရှာမ​တွေ့ရင် ​​သေသွားမှာကို​တော့ ​မှော်ဆေးရည်ကို ​သောက်ပြီးမှပဲ အယ်ရင်းတစ်​ယောက်သိလိုက်ရပါ​တော့တယ်။စုန်းထီးအန်ရဲ့ ...
7.3
TMDb: 7.3/10 16 votes
tv

Idle Mermaid (2014) [Complete]

2014
I Need Romance S3(2014) 5.6
I Need Romance S3(2014) I Need Romance S3(2014)***********************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံးS3လို့ရေးထားလို့ S1/S2 မကြည့်ဘဲ S3ကြည့်လို့ရလားဆိုရင်S1/S2နဲ့ ဇာတ်လမ်းရော သရုပ်ဆောင်တွေရော လုံးဝမတူလို့ကြည့်လို့ရပါတယ်...Sung Joon ,Namkoong Minနဲ့ Kim So Yeon တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါပြီးတော့အသုံးအနှုံးတွေ ခဲတစ်ပစ်အကွာရောက်တိုင်း အနမ်းခန်းတွေပါတာမို့လို့ကလေးတွေနဲ့ မိသားစုတွေ အတူကြည့်သင့်သလိုလို မကြည့်သင့်သလိုလိုစီးရီးပါပဲ...ကောင်လေးတစ်ယောက်ရှိတယ်...ကလေးဘဝကတည်းက သူ့ကိုထိန်းကျောင်းခဲ့တဲ့သွေးမတော် သားမစပ် မမတစ်ယောက်လည်းရှိတယ်... ကောင်လေးကတော့ ငယ်ငယ်လေးကတည်းကသံယော်ဇဉ်တွေအများကြီးတွယ်ခဲ့ရသူမို့  မမရှင်းရှင်း ဆိုပြီးရင်ထဲအမြဲရှိခဲ့တဲ့သူ.... သို့ပေမဲ့ရှင်းရှင်းအတွက်တော့ ဒီကောင်လေးဟာ ရုပ်ဆိုးတဲ့ကောင်လေးဖြစ်တဲ့အပြင်သူမရဲ့ အမေဖြစ်သူဟာ  ကောင်လေးရဲ့ သူဌေးမိသားစုအိမ်မှာအလုပ်လုပ်ခဲ့ရလေတော့ ပြောရရင်  ကောင်လေးနာမည်နဲ့အသံကြားတိုင်းသိမ်ငယ်စိတ်တစ်မျိုးနဲ့မုန်းတီးနေခဲ့ရတဲ့သူပေါ့.... ကောင်လေးကလည်း နိုင်ငံခြားသွားပညာသင်ကြားလို့ မမရှင်းရှင်းနဲ့နှစ်အကြာကြီးခွဲခွာခဲ့ရပါတယ်...ဒီလိုနဲ့ အချိန်အတော်ကြာပြီးနောက်ကိုရီးယားမှာ မမရှင်းရှင်းနဲ့ ပြန်ဆုံရတဲ့အခါ သူမျှော်လင့်ထားသလိုကလေးဘဝက ကြင်နာအေးမြတဲ့ရှင်းရှင်းမဟုတ်တော့တဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ရယ်လည်းရယ်ရ....ရိုလည်းရိုရတဲ့ အပိုင်းတိုင်း စွဲမက်ဖွယ်မို့ ခံစားကြည့်ကြပါဦး....Genres: Comedy, Romance, Drama Episodes: 16 Aired: Jan 13, 2014 - Mar ...
5.6
TMDb: 5.6/10 5 votes
tv

I Need Romance S3(2014)

2014
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
True Detective (Complete) Season(1-4) 8.283
True Detective (Complete) Season(1-4) HBO ကလွှင့်တဲ့ အမိုက်စား crime drama စီးရီးတစ်ခုလာပါပြီ။ ဒီစီးရီးကို ၂၀၁၄ ခုနှစ်မှာ season 1 စတင်ထုတ်လွှင့်ခဲ့ပြီး season တစ်ခုမှာ အပိုင်း(၈)ပိုင်းပါဝင်ပါတယ်...စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ...
8.283
TMDb: 8.283/10 2516 votes
tv

True Detective (Complete) Season(1-4)

2014
It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014
1864 (2014) 8
1864 (2014) စစ်ပွဲတွေဆိုတာ အကျည်းတန်ပါတယ်။စစ်တိုက်ရသူ၊ ရှုံးရသူ၊ နိုင်သွားသူ ဘယ်ဘက်မှာမဆိုအပျက်အစီး၊ အဆုံးအရှုံးဆိုတာတော့ ရှိစမြဲပါပဲ။ ဒီ 1864 ဆိုတဲ့ War, Drama မီနီစီးရီးက Dano-Prussian War လို့ခေါ်တဲ့ဒုတိယရှလေးရှ်ဝစ်စစ်ပွဲကို အခြေခံထားပါတယ်။Ole Bornedal က ဖန်တီး ရိုက်ကူးပေးထားပြီးဒန်းနစ်ရှ်စကားပြော စီးရီးဖြစ်ပါတယ်။ ပထမရှလေးရှ်ဝစ်စစ်ပွဲကြီး ပြီးသွားတဲ့နောက် စစ်သားအသီးသီးလည်းကိုယ့်နေရပ်ဆီ ပြန်လာခဲ့ကြပြီ။ မြို့စားကြီးရဲ့သားဖြစ်သူ ဒစ်ခဟစ်ရယ် ပီတာတို့၊ လောက်စ်တို့ရဲ့ ဖခင်တို့ရယ်ကလည်းကိုယ့်ရွာလေးဆီကို ပြန်လာခဲ့ကြတယ်။ တစ်ယောက်က စစ်ပွဲက ပေးခဲ့တဲ့ စိတ်ဒဏ်ရာ၊ တစ်ယောက်ကစစ်ပွဲကြောင့်ရခဲ့တဲ့ ခြေထောက်ဒဏ်ရာ အသီးသီးနဲ့ပေါ့။ ပီတာတို့အဖေ ဖြစ်သူက အဲဒီဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ပြီးစိတ်ဒဏ်ရာရခဲ့တဲ့ ဒစ်ခဟစ်ကတော့ စိတ်က သိပ်မမှန်ချင်သလိုဒေါသတွေ ကြီးတတ်လာပြီး မဟုတ်မဟတ်တွေလည်းသိပ်လုပ်လာပါတယ်။ပီတာနဲ့ လောက်စ်တို့ကလည်း အိမ်ရာမြေ အကျိုးဆောင်မန်နေဂျာရဲ့သမီး အင့်ဂ်နဲ့ သူငယ်ချင်း ဖြစ်လာကြတယ်။ နိုင်ငံရေး အင်အားစုတွေရဲ့ အတ္တတွေ၊ မာနတွေနဲ့အလိမ်အညာစကားတွေကြောင့် ဒုတိယရှလေးရှ်ဝစ်စစ်ပွဲကြီးဖြစ်ဖို့ တာဆူလာပြန်ပါပြီ။ ဒီတစ်ချိန်မှာတော့ ပီတာတို့ လောက်စ်တို့က အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် စစ်ထဲဝင်ဖို့ ထွက်သွားကြတယ်။တောရွာလေးမှာပဲ တစ်သက်လုံး ...
8
TMDb: 8/10 33 votes
tv

1864 (2014)

2014
Discovery of Love (2014) 7.1
Discovery of Love (2014) Discovery of Love (2014) ........................ဒီတစ်ခေါက်မှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းကတော့ Shinhwa အဖွဲ့ရဲ့ leader တစ်ဦးဖြစ်တဲ့ Eric Mun နဲ့ မင်းသား Sung Joonရယ် မင်းသမီးJung Yu Miတို့ပါဝင်ထားတဲ့ အချစ်ဟာသဒရမ်မာ​လေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း **************ယောရွန်းဆိုတဲ့ကောင်မလေးကတော့ ​ယောရွန်းနှင့်ဆိုနာမူဆိုတဲ့ ပရိ​ဘောဂဆိုင်ရဲ့ သူ​ဌေးတစ်​ယောက်ဖြစ်ပါတယ် ။နမ်ဟာဂျင်းကတော့ သဘောမနောကောင်းတဲ့ ပလပ်စတစ်ဆာဂျရီ ဆရာဝန်တစ်ဦးဖြစ်ပြီး ယောရွန်းနဲ့လက်ရှိတွဲ​နေတဲ့ ချစ်သူလည်းဖြစ်ပါတယ်ဂန်ထယ်ဟာကတော့ အိမ်အတွင်းပိုင်း အလှဆင်ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး ယောရွန်းရဲ့အတိတ်ကရည်းစား​​ဟောင်းပါယောရွန်းနဲ့ ဟာဂျင်းက ချစ်သူသက်တမ်း ၃ နှစ်ရှိပြီး သူတို့အချစ်ရေးဟာ အရမ်းကို အဆင်ပြေနေကြပါတယ် ဟာဂျင်းက အရမ်းကိုချစ်တတ်ပြီး ချစ်သူနဲ့ပတ်သက်လာရင်လည်း အရာရာအလျှော့ပေးတတ်တဲ့သူပါဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ကြားကို ယောရွန်းရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ဂန်ထယ်ဟာပြန်ရောက်လာတဲ့အခါ အဆင်ပြေနေတဲ့ အချစ်ရေးလေးမှာ အဖုအထစ်လေးတွေ စတင်ဖြစ်လာပါတော့တယ်လက်ရှိရည်းစားနဲ့ ရည်းစားဟောင်းကြား ယောရွန်းတစ်ယောက် ဗျာများရပုံတွေကို ဟာသနှောပြီးရိုက်ကူးပြသထားပါတယ် နောက်ဆုံးမှာ နောက်ဆုံးမှာရည်းစားဟောင်းနဲ့ပဲ ပြန်တွဲမလား လက်ရှိချစ်သူကိုပဲ ​ရွေးချယ်မလားဆိုတာကို လှပတဲ့ dialogue ​တွေနဲ့အတူ ကြည့်ရှူရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းတွဲအညွှန်းကိုတော့ ...
7.1
TMDb: 7.1/10 88 votes
tv

Discovery of Love (2014)

2014
Temptation (2014) [Complete] 7.8
Temptation (2014) [Complete] Temptation (2014)*******************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ တစ်ခေတ်တစ်ခါတုန်းက ထိပ်ထိပ်ကြဲတွေဖြစ်တဲ့မင်းသမီးကြီး Choi Ji Wooနဲ့ မင်းသားကြီး Kwon Sang Woo တို့အဓိကပါဝင်ထားတဲ့ အိမ်ထောင်ရေးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း...လုပ်ငန်းကျရှုံးပြီး အကြွေးပိနေတဲ့ ချာဆော့ဟွန်းနဲ့နာဟုန်းဂျူတို့ ဇနီးမောင်နှံနှစ်ယောက် ဟောင်ကောင်မှာထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လည်း အချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိတဲ့ ယွန်းဆယ်ယောင်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး"ဆော့ဟွန်းရဲ့ အကြွေးတွေအတွက် ဖြေရှင်းပေးမယ်""ဆော့ဟွန်းကို ၃ရက်တာ ဝယ်မယ်" ဆိုတဲ့ ကမ်းလှမ်းမှုလုပ်လာပါတော့တယ်။အဲဒီကမ်းလှမ်းမှုက ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုတွေပြောင်းလဲစေမှာလဲ...ဆယ်ယောင်းနဲ့ ဆော့ဟွန်းတို့ကြားမှာရော အတိတ်က ဘယ်လိုဇာတ်လမ်းတွေ ရှိခဲ့သေးသလဲ...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Lia Fay မှ ရေးသားထားပါတယ်။) Genres: Romance, Drama, Melodrama Episodes: 20 Aired: Jul 14, 2014 - Sep 16, 2014 Aired On: Monday, Tuesday Original Network: SBS Duration: 60 mins Translated by Lia Fay, ...
7.8
TMDb: 7.8/10 4 votes
tv

Temptation (2014) [Complete]

2014
Punch (2014) [Complete] 8.2
Punch (2014) [Complete] Punch (2014)*************အပိုင်း (၁ မှ ၁၉) စ/ဆုံး အထက်အမှုစစ်ရုံးက Park Jung Hwanက အဂတိလိုက်စားမှုစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ သူ့ရဲ့ရာထူးကိုရဖို့အတွက်တော့အပေးအယူပေါင်းစုံကို တစ်ဇွတ်ထိုးလုပ်တဲ့သူမျိုးပေါ့။တစ်နေ့မှာတော့ သူ့မှာ ဦးနှောက်အကြိတ်တည်နေပြီးရှင်သန်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့မှန်း သိသွားပါတော့တယ်။သူရဲ့နောက်ဆုံးအချိန်တွေကို နောင်တမရဘဲ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီးအဂတိလိုက်စားတဲ့ အမှုစစ်ချုပ် Lee Tae-Joonဘက်ကို တရားမျှတမှုရဲ့သေနတ်ပြောင်းချိန်လိုက်တဲ့အခါ…Park Jung-Hwanရဲ့ ဇနီးဟောင်းဖြစ်သူ အမှုစစ် Shin Ha-Gyeongကလည်းခင်ပွန်းဟောင်းဘက်ကနေ ပါဝင်ကူညီတဲ့အခါမှာတော့...အာဏာကြီးလွန်းလှတဲ့ အမှုစစ်ချုပ် Lee Tae Joonနဲ့ သေမင်းတံခါးဝကအမှန်တရားရဲ့ဘက်တော်သား Park Jung- Hwanတို့အကြားဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ K-Dramaပရိသတ်ကြီးကပဲ ခံစားကြည့်ရှုကြပါဦးနော်။Kim Rae Won, Kim Ah Joong, Jo Jae Hyun တို့လို မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့အကြိုက်တွေ့စေမှာ‌ပါနော်။  Aired: Dec 15, 2014 - Feb 17, 2015 Aired On: Monday, ...
8.2
TMDb: 8.2/10 10 votes
tv

Punch (2014) [Complete]

2014
Penny Dreadful (2014) 7.834
Penny Dreadful (2014)  Horror နဲ့ Dark Historical Fantasy ဖန်တွေ အကြိုက်တွေ့မယ့် IMDb 8.2, RT 91% ရထားတဲ့ စီးရီးတစ်ခုပါ။ မှော်သတ္တဝါဆန်းမျိုးစုံနဲ့ ခပ်ကြမ်းကြမ်းဇာတ်လမ်းဖြစ်ပါတယ်။ အရာအားလုံးရဲ့ အစတည်ရာကတော့ မယ်လ်ကွန်မော်ရီဆိုတဲ့ စူးစမ်းလေ့လာသူတစ်ဦးရဲ့ သမီးဖြစ်သူဟာ ကံဆိုး မိုးမှောင်ကျတဲ့ တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ ဖမ်းဆီးခေါ်ယူသွားခြင်းကို ခံရတယ်။ ဒါပေမဲ့ သူ့သမီးကို ဖမ်းခေါ်သွားတာ သာမန်မဟုတ်ဘဲ လူသားမဟုတ်တဲ့ ထူးဆန်းတဲ့ သတ္တဝါမျိုးစိတ်ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ ဆာမယ်လ်ကွန်ဟာ ဗနက်ဆာ အိုက်ဗ်စ်ဆိုတဲ့ နတ်ဆရာမ၊ ဇာတ်ဆရာသေနတ်သမား ချန်ဒလာတိုနဲ့ ပူးပေါင်း ... ဗစ်တာ ဖရန်ကင်းစတိုင်း အမည်ရ ဒေါက်တာအငယ်လေးရဲ့ အကူအညီတို့ကို ရယူရင်း သမီးရှာပုံတော် ဖွင့်ခဲ့ပါတော့တယ် ... File size…(738 MB)/(400 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:46 Genre...Drama, Mystery, ...
7.834
TMDb: 7.834/10 1143 votes
tv

Penny Dreadful (2014)

2014
The Flash ( Season 8+9 ) 7.8
The Flash ( Season 8+9 ) Season 7 ပီးဆုံးတဲ့အနောက် အဆက်ဖြစ်တဲ့ Flash Season 8 လာပါပြီSeason 7 နောက်ဆုံးမှ Flash ဟာ God Speed ကို Reverse-Flash နဲ့အတူပူးပေါင်းပြီးအနိုင်ယူခဲ့ပါတယ် ပြီးတော့ Reverse-Flash ထက်လည်းပိုပြီး OverPower ဖြစ်သွားတဲ့Flash ကို မြင်ရမှာပါ ...ဒီ Season ၈ အစပိုင်းမှာလည်း Flash ရဲ့ အမြန်နှုန်းဟာအတော်ကြီးကိုတိုးတက်လာပြီး ဗီလိန်တွေကို အလွယ်တကူ နဲ့ OverPower လုပ်နိုင်တာကိုတွေ့ရပါလိမ့်မယ် ဒါဟာ ကျွန်တော်တို့ အမြဲ မြင်ချင်နေတဲ့ Flash ပါပဲဒါပေမယ့် Flash တစ်ယောက် Level Up သွားတဲ့နောက်ပိုင်း ဘာတွေကြုံရမလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Season 8 မှာ ဆက်လက်စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ် File size…472MB / 673MB Quality….Webrip 720 Format…mp4 Duration….50 Min Genre...Action / Adventure / ...
7.8
TMDb: 7.8/10 8742 votes
tv

The Flash ( Season 8+9 )

2014
Gap Dong(2014)[Complete] 7.3
Gap Dong(2014)[Complete] Gap Dong(2014)***************အပိုင်း( ၁ မှ  ၂၀ ) အထိ စ/ဆုံးကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်..သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်...လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်..ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင်ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်...ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုးဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်...ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှုတရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်..ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်..အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီးဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်းကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့်crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း.....Episodes: 2၀File Size:1.5GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, CrimeTranslated by Ei ...
7.3
TMDb: 7.3/10 6 votes
tv

Gap Dong(2014)[Complete]

2014
Hotel King (2014) 7.944
Hotel King (2014) Hotel King (2014)*****************( စ - ဆုံး )ဒီတစ်ခါမှာတော့ Channel Myanmar ပရိသတ်ကြီးနဲ့မစိမ်းတဲ့မင်းသားချော Lee Ding Wookနဲ့ မင်းသမီးလေးLee Da Haeတို့ရဲ့  Hotel Kingဆိုတဲ့ ဇာတ်လမ်းတွဲကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းကိုတော့ဝမ်းရေးအတွက် သူတောင်းစားလုပ်နေရတဲ့ ဂျေဒန်ဆိုတဲ့ ကောင်လေးနဲ့အစချီထားပါတယ်ဂျေဒန့်ဘဝဟာ ဘယ်လောက်ဆိုးလဲဆိုရင် သူတောင်းစားဂိုဏ်းခေါင်ဆောင်ရဲ့သေမတတ်ရိုက်နှက်ထိုးကြိတ်ခြင်းကိုလည်း အမြဲခံရပါတယ်ဒီလိုဘဝဆိုးကြီးကနေ တစ်နေ့မှာတော့ ဂျေဒန်လွတ်မြောက်သွားပြီး အီဂျွန်းဂူဆိုတဲ့လူကြီးနဲ့ ဆုံခဲ့ပါတယ် အီဂျွန်းဂူက ဂျေဒန်ဒီလိုဒုက္ခခံစားရတာဟာ မွေးကတည်းကစွန့်ပစ်ခဲ့တဲ့ အဖေဖြစ်သူအာဆောင်းဝန်းကြောင့်လို့ ပြောပြခဲ့ပါတယ်အဲဒီနေ့မှာပဲ ဂျေဒန်ဟာ အဖေ့ကိုမုန်းတီးစိတ်နဲ့ “ချာဂျယ်ဝန်”ဆိုတဲ့နာမည်နဲ့ တစ်ဖန်ဘဝသစ်စခဲ့ပါတယ်ချာဂျယ်ဝန် အသက်ကြီးလာတဲ့အခါမှာတော့ အဖေဖြစ်သူ အာဆောင်းဝန်းပိုင်တဲ့ ရှီအဲလ်ဟိုတယ်မှာ အထွေထွေမန်နေဂျာဖြစ်နေပါပြီချာဂျယ်ဝန်တစ်ယောက် ဥက္ကဌအာဆောင်းဝန်းကို အတိတ်အကြောင်းတွေ ပြန်ပြောပြီးသားအရင်းဖြစ်ကြောင်း ကြေညာခိုင်းဖို့ ဒေါသပေါက်ကွဲတဲ့နေ့မှာပဲဥက္ကဌအာဆောင်းဝန်းက ဆန်းကြယ်စွာ သေဆုံးသွားခဲ့ပါတယ်ဥက္ကဌနေရာအမွေဆက်ဆံဖို့အာဆောင်းဝန်းရဲ့ တစ်ဦးတည်းသော သမီး အာမိုနဲက ရှီအဲလ်ဟိုတယ်ကိုရောက်လာတဲ့အခါ…. ချာဂျယ်ဝန်နဲ့ အာမိုနဲတို့ကြားက အခြေအနေတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ဆက်လက်ခံစားကြည့်ရှုပေးကြပါဦး ချာဂျယ်ဝန်အဖြစ် မင်းသားLee Dong Wookက သရုပ်ဆောင်ထားပြီးအာမိုနဲနေရာမှာတော့ မင်းသမီးLee Da ...
7.944
TMDb: 7.944/10 9 votes
tv

Hotel King (2014)

2014
Modern Farmer (2014) 8.6
Modern Farmer (2014) Modern Farmer (2014)ဟိုးအရင် အခွေတွေနဲ့ကြည့်ကတည်းက ကျွန်တော်တို့တွေ တစ်ပိုင်းမှမလွတ်အောင်ကြည့်ခဲ့ရတဲ့ ဒရာမာလေး တင်ဆက်ပေးပါဦးမယ် ဟာသကားကြိုက်တတ်တဲ့သူတွေတော့ အကုန်မှတ်မိကြမယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂီတို့ သူငယ်ချင်းလေးယောက်က ဟုန်းဒယ်မှာ နာမည်ကြီးလို့အမည်တပ်ခံရတဲ့ rock band ဖြစ်ခဲ့ရာက နောက် ၇ နှစ်လည်းကြာတော့ တစ်ယောက်တစ်နေရာစီနဲ့ ငမွဲတွေဖြစ်သွားကြတယ်မွဲတကာ့ထိပ်ခေါင်တွေဖြစ်နေတုန်းမှာပဲ အယ်လ်ဘမ်အသစ်ထုတ်ချင်နေတဲ့ မင်ဂီက သူရဲ့အဘွား အမွေပေးထားတဲ့ လယ်မှာ မုန်ညင်းထုပ်စိုက်ရောင်းမယ်ဆိုပြီး မင်ဂီကပဲ သူငယ်ချင်းတွေကို လိုက်စည်းရုံး ရွာပြန်ပြီး လယ်လုပ်ကြတာက ဇာတ်လမ်းစတာပါပဲရော့ခ်စတား မြို့သားကြီးတွေ ရွာပြန်လယ်စိုက်တော့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အမှားတွေရော အလွဲတွေရော ဖြစ်ကြရော... ရွာသားတွေကလည်း မခေဘူး တစ်ယောက်တစ်မျိုးဇာတ်လမ်းတွေနဲ့... နောက်ဆုံးကျ မင်ဂီတို့ သူတို့မျှော်လင့်ထားသလို အချီကြီးပွပြီး နောက်ထပ် အယ်လ်ဘမ်ထုတ်နိုင်ဦးမလားဆိုတာကို ကြည့်ရမှာပါပြောရရင် ဒီဇာတ်လမ်းတွဲက K drama ကြည့်နေကျမဟုတ်တဲ့သူတွေတောင် သဘောကျတဲ့ဇာတ်လမ်းပါ ဟာသကြိုက်တဲ့လူတွေအတွက်တော့ ကလိမထိုးဘဲရယ်ရမယ့် ဇာတ်လမ်းမျိုးပါCast တွေကလည်း Lee Ha Nee, Lee Hong Ki. Park Min ...
8.6
TMDb: 8.6/10 7 votes
tv

Modern Farmer (2014)

2014
You Are All Surrounded(2014)[Complet] 8.5
You Are All Surrounded(2014)[Complet] You Are All Surrounded(2014)****************************အပိုင်း(၁ မှ ၂၀ )ထိ စ/ဆုံး မတူညီတဲ့ကျောထောက်နောက်ခံတွေ၊ မတူညီတဲ့အိမ်မက်တွေ၊ မတူညီတဲ့‌အကျင့်စရိုက်တွေရှိကြတဲ့စုံထောက်အသစ်လေး လေးဦးဟာ ဂန်းနမ်ရဲစခန်းရဲ့ aceဖြစ်တဲ့ မှုခင်းဌာန အဖွဲ့ ၃မှာ တွေ့ဖို့ဖြစ်လာခဲ့ကြပါတယ်။အမှန်တော့ မှုခင်းဌာနအဖွဲ့ ၃ဟာ သူတို့စိတ်ကူးထားတဲ့ လုပ်ငန်းခွင်လေးတော့မဟုတ်ခဲ့ပါဘူး။လစာများများရလို့ လာတဲ့သူ၊ မသေခင် ဂန်းနမ်မှာနေဖူးချင်လို့ လာတဲ့သူ၊ ကိုယ့်ဟာကိုယ်ဘာကြောင့်လာလာပေါ့ ဆိုတဲ့သူနဲ့ အရမ်းကို chaotic ဖြစ်တဲ့အဖွဲ့လေးပါ။ သူတို့အဖွဲ့ရဲ့အဖွဲ့မှူးကတော့ legendary စုံထောက်တစ်ဦးဖြစ်တဲ့ ဆောဖန်းဆော့ (Cha Seung Won)ပဲဖြစ်ပါတယ်။ဆောဖန်းဆော့မသိတဲ့အရာကတော့ လွန်ခဲ့တဲ့ ၁၁နှစ်က သူတာဝန်ယူခဲ့တဲ့ မာဆန်းသူနာပြုဆရာမအသတ်ခံမှုရဲ့နစ်နာသူဖြစ်သူရဲ့သားဟာ သူ့အဖွဲ့ထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့ ၃ဟာ အစပိုင်းမှာကတောက်ကဆလေးတွေရှိခဲ့ပေမဲ့ ရာဇဝတ်မှုတွေကို teamwork ကောင်းကောင်းနဲ့ အတူတူရင်ဆိုင်ဖြေရှင်းကြပြီးတော့လွန်ခဲ့တဲ့ ၁၁နှစ်က အမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုပါ ဖော်ထုတ်ကြမှာဖြစ်ပါတယ်။စုံထောက်အသစ်လေးတွေအဖြစ် Lee Seung Gi, Go Ara, ...
8.5
TMDb: 8.5/10 11 votes
tv

You Are All Surrounded(2014)[Complet]

2014