Channel Myanmar

Bollywood

Loot Kaand (2025)
Loot Kaand (2025) Loot Kaand (2025) "လုယက်မှု" IMDb - 6.5/10ဘောလိ၀ုဒ်မင်းသမီး တန်ယာမာနစ်တာလာနဲ့ မင်းသားဆာဟေးလ်မယ်ထာတို အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ဟင်ဒီစကားပြော အိန္ဒိယဝက်ဘ်စီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ပူရူလီယာဆိုတဲ့ မြိုငယ်လေးက ကျောင်းတစ်ကျောင်းမှာ ဘောလုံးနည်းပြလုပ်နေတဲ့ လက်တီကာ။ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားခဲ့ပြီး အဘွားနဲ့ အမေဖြစ်သူကို လုပ်ကျွေးနေရတဲ့အပြင် အဖေယူထားခဲ့တဲ့ ဘဏ်ချေးငွေကြောင့် နေထိုင်ရာအိမ်စုတ်ကလေးကို အတိုးချေးစားတဲ့လူဆီ ထိုးအပ်ရမဲ့အခြေအနေ ရောက်နေပါတယ်။ပါလက်ရှ်ဆိုတဲ့ မောင်တစ်ယောက်ရှိပေမဲ့ သူ့ကိစ္စနဲ့သူ လုံးလည်ရိုက်နေသူမို အားကိုးလိုကမရ။တစ်နေ့ မောင်နှမနှစ်ယောက် ကြံရာမရတဲ့အဆုံး ဘဏ်ဓားပြတိုက်ဖို ဆုံးဖြတ်လိုက်ကြပါရော။ အထိအခိုက် မရှိလောက်မဲ့အပြင် အဖမ်းခံရဖို အခွင့်အရေးလည်းနည်းတဲ့နည်းကို သုံးဖိုကြံစည်ကြပေမဲ့ သူတိုဓားပြတိုက်တဲ့ဘဏ်က နှစ်ပေါင်းများစွာလျှိဝှက်ထားခဲ့တဲ့ လက်နက်မှောင်ခိုမှုကြီးနဲ့ဆက်နွယ်နေပြီး ရာဇဝတ်ကောင်ကြီးတွေနဲ့ မောင်နှမနှစ်ယောက် ရင်ဆိုင်ရချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)File Size – 800 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 40 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar ...

Loot Kaand (2025)

2025
Flesh(2020) 5
Flesh(2020) Flesh (2020) လူသားများ၏ အမှောင်ဆုံး လျှိဝှက်ချက်များထံသို ခရီးနှင်ခြင်း Imdb 5.2ကမ္ဘာကြီးရဲ့ မျက်နှာစာမှာ လှပမှုတွေ အောင်မြင်မှုတွေရှိသလို လူမသိသူမသိတဲ့ အမှောင်ထုကြီးလည်း ရှိနေပါတယ် အဲဒီအမှောင်ထုထဲမှာတော့ လူသားတွေကို ကုန်ပစ္စည်းတစ်ခုလို တန်ဖိုးဖြတ်ကြကြီးလူသားကုန်သွယ်မှုတွေ ပြုလုပ်နေကြပါတယ် "Flesh" က ကြည့်ရှုသူတိုကို အဲဒီကြောက်စရာကောင်းတဲ့ ရင်တမ,မဖြစ်ရတဲ့ ကမ္ဘာထဲကို ဆွဲခေါ်သွားမဲ့ စီးရီးတစ်ခုဆိုလည်း မမှားနိုင်ပါဘူးပျောက်ဆုံးသွားတဲ့ ဆယ်ကျော်သက်မိန်းကလေးဇိုယာ.. သူ့ဘဝကို လိုက်ရှာဖွေနေတဲ့ ရဲအရာရှိရာဒါရဲ့ မျက်လုံးတွေကနေ ဒီအမှောင်ကမ္ဘာရဲ့ အမှန်တရားတွေကို ဖြည်းဖြည်းချင်း မြင်တွေ့လာရမှာပါ ရာဒါက အမှန်ကိုလုပ်ဖိုဆိုစည်းကမ်းမလိုက်နာတတ်ပေမဲ့ သူမရဲ့စိတ်ဓာတ်ကတော့ အရမ်းခိုင်မာပြီးပြတ်သားပါတယ် စပြီးရင် မပြီးတဲ့အထိ လက်မလွှတ်တတ်တဲ့ရာဒါက ဒီအမှုကို စုံစမ်းရင်းနဲ့ လူ့သားကုန်ကူးတဲ့ ကွင်းဆက်တွေရဲ့ နက်နဲတဲ့ အမြစ်တွေဆီကို တဖြည်းဖြည်း နစ်ဝင်သွားခဲ့တယ်မွမ်ဘိုင်းရဲ့ တောက်ပတဲ့ မြိုပြအလင်းရောင်အောက်မှာရော ကိုလ်ကတ္တားရဲ့ မှောင်မိုက်တဲ့ လမ်းကြားတွေကြားမှာပါလူသားတွေရဲ့ အသက်တွေဟာ ရောင်းဝယ်ဖောက်ကားခံနေရပါတယ် လိင်ကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားခံနေရတဲ့ အိမ်တစ်အိမ်ရဲ့သမီးပျို မိဘတွေရဲ့အဖိုးတန် ဆယ်ကျော်သက်အလှတရားလေးတွေက ...
5
TMDb: 5/10 3 votes
tv

Flesh(2020)

2020
(18+) Utha Patak (2024)
(18+) Utha Patak (2024) Utha Patak 2024 ********************** ကဲ အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ Utha Patak ဆိုတဲ့ ဆယ့်ရှစ်ယောက်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကားကိုတော့Ulluက တင်ဆက်ပေးထားတာဖြစ်ပြီး ဇာတ်လမ်းတပိုင်းကို Story တစ်ခုစီအနေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်း သဘောကို အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်တော့ Utha Patak ဆိုတဲ့ စာအုပ်တစ်အုပ် ရှိပါသတဲ့။ မြန်မာလို ပြောရရင်တော့ "မူစကူဒူး"ပေါ့။အဲဒီ မူစကူဒူးစာအုပ်ကို ကောက်ရတဲ့ သူတိုင်းဟာ သူတို့ရဲ့ လက်တွေ့ဘဝမှာ မခံစားနိုင်တဲ့ မခံစားခဲ့ရတဲ့ ဘဝမျိုးကို ရေးထားတဲ့အတွက် စာအုပ်ကို ဖတ်ပြီးရင်စာအုပ်ထဲဝင်ရောက် ရှင်သန်မိသလို စွဲလမ်းမိသွားကြတာပေါ့။ဘယ်လိုလူတွေက စာအုပ်ကောက်ရပြီး ဘယ်သူတွေနဲ့ဘယ်လိုဒူးကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲကိုယ်တိုင်ဝင်ရောက်ခံစားရင်း အားပေးကြပါဦးလို့ ...ဘာသာပျံသူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။File Size – 400 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 25minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...

(18+) Utha Patak (2024)

2024
Pyaar Testing (2025)
Pyaar Testing (2025) Pyaar Testing (TV Mini Series 2025) "အချစ်တဲ့လား" IMDb - 6.9/10ZEE5ကနေ ထုတ်လွှင့်လိုက်တဲ့ ဟင်ဒီအချစ်ဟာသ ရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၇ကထွက်ရှိခဲ့တဲ့ မာရသီစကားပြော Chi Va Chi Sau Ka (2017)ရဲ့ ဇာတ်လမ်းနဲ့ ဆင်တူတယ်လို့လည်း ဆိုကြပါတယ်။မြန်မာနိုင်ငံသားတို့ မစိမ်းကြတဲ့ လော်စပီကာကနေ လွင့်ပျံလာတဲ့အသံချဲ့စက်ဆရာရဲ့အသံ ဟဲလို တက်စတင် ဝမ်း တူး သရီးဆိုတဲ့ မိုက်ခရိုဖုန်းစမ်းတာလိုမျိုးပဲ ဒီဇာတ်လမ်းရဲ့နာမည်ကတော့ အချစ်ကို စမ်းသပ်တာပေါ့။အချစ်ဆိုတာမျိုးက နားလည်မှုတွေနဲ့မှပဲ အဆင်ပြေတာလား၊ တကိုယ်ကောင်းဆန်မှုတွေနဲ့ရော အဆင်ပြေကြလေသလား??? တစ်ယောက်နဲ့တစ်ယောက်နားလည်နေမှ အချစ်လို့ခေါ်တာလား??? ကိုယ့်သတ်မှတ်ချက်တွေ ခံယူမှုတွေအတိုင်း တစ်ဘက်လူ ရှင်သန်နေမှပဲ အချစ်တဲ့လား???အချစ်ဆိုတာကို ဘယ်သူမှ သဲသဲကွဲကွဲ အဓိပ္ပါယ်ဖွင့်ဆိုမပြနိုင်ခဲ့တော့လည်း အခက်သား။ဒီရုပ်သံစီးရီးက နှစ်ဖက်မိဘတွေ သဘောတူလို့ယူကြရမဲ့ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်း။ မယူခင်မှာ သတို့သမီးလောင်းဖြစ်သူဘက်က အိမ်ထောင်မပြုခင် နှစ်လအတူနေကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ...။နှစ်ဘက်အသိုင်းအဝိုင်းရဲ့ ခံယူချက်တွေ၊ ယောကျ်ားမိန်းမဆိုတဲ့ အတ္တတွေကြားက သဘာ၀တရားကို ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...

Pyaar Testing (2025)

2025
Dupahiya (2025) 8
Dupahiya (2025) Dupahiya (2025)"မင်္ဂလာဆိုင်ကယ်" ============================အသစ်ထွက်ထားတဲ့ ဟင်ဒီစကားပြော ကျေးလက်ဟာသ ဝက်ဘ်စီးရီးလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒါဒပူရ်ဆိုတဲ့ ရွာလေးဟာ ၂၄ နှစ်အတွင်း ဘာအမှုအခင်းမှ မဖြစ်ခဲ့တဲ့အတွက် ခရိုင်အတွင်းမှာ စံပြကျေးရွာလေးအဖြစ် သတ်မှတ်ခံထားရပြီး ရာဇဝတ်မှုကင်းစင် ငွေရတုသဘင်ကိုတောင် ကျင်းပဖို့စီစဉ်ထားတဲ့ရွာလေးဖြစ်ပါတယ်။အဲဒီရွာလေးမှာ နေထိုင်တဲ့ ရိုရှ်နီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ဖက်တွေ့ရင်း သူ့ကို လာမြန်းတဲ့ ကျေးတောသား သတို့သားထက် သတို့သားရဲ့ ညီဖြစ်သူ ရုံးဝန်ထမ်း မြို့ကြီးသားကိုသဘောကျသွားပါတယ်။ဒါပေမဲ့ အဲဒီ မြို့ကြီးသားက သူ့ကိုလိုချင်ရင် ဆိုင်ကယ်အကောင်းစားနဲ့ တင်တောင်းရမယ်လို့ပြောတဲ့အတွက် ရိုရှ်နီရဲ့မိဘတွေက ရိုရှ်နီကို အလိုက်ပြီး ရှိသမျှ ခြစ်ကုတ်ကာ ဆိုင်ကယ်အကောင်းစားတစ်စီး ဝယ်လိုက်ကြပါတယ်။ဒါပေမဲ့ မင်းသားရူးဖြစ်တဲ့ ရိုရှ်နီရဲ့ မောင်ဖြစ်သူဟာ ဆိုင်ကယ်မမောင်းတတ်ပေမဲ့ သူ့မိဘတွေမသိအောင် အဲဒီဆိုင်ကယ်နဲ့ ဂိုက်ပေးဗွီဒီယိုရိုက်ဖို့ကြိုးစားရာကနေ ၂၄ နှစ်လုံး ပြစ်မှုကင်းစင်လာတဲ့ ဒါဒပူရ်ရွာလေးမှာ အလွဲဟာသတွေ ကြုံလာရပုံကို မပျင်းရအောင် ပေါ့ပေါ့ပါးပါး ရိုက်ကူးတင်ဆက်ထားတဲ့ ကျေးလက်ဟာသဇာတ်လမ်းတွဲကောင်းလေးပဲဖြစ်ပါတယ်...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood ...
8
TMDb: 8/10 1 votes
tv

Dupahiya (2025)

2025
The Waking of a Nation (2025) 7
The Waking of a Nation (2025) The Waking of a Nation Season 01 (2025) "နိုးထလာသော မျိုးချစ်စိတ်" IMDb - 8/10၁၉၁၉ခုနှစ် ဧပြီလ ၁၃ရက်နေ့၊ အမ်ရစ်ဆာမှာရှိတဲ့ ဂျယ်လီယန်ဝါလာဘာ့ဂ်ရင်ပြင်မှာလုပ်တဲ့ ငြိမ်းချမ်းစွာစုရုံးဆန္ဒပြတဲ့ပွဲမှာဗြိတိသျှဗိုလ်မှူးချုပ်တစ်ယောက်အမိန့်နဲ့ ရက်ရက်စက်စက်ပစ်သတ်ခြင်းခံခဲ့ရပြီး အိန္ဒိယပြည်သူအယောက်လေးရာနီးပါးသေဆုံးခဲ့ပါတယ်။ဒီစီးရီးကတော့ အထက်ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ သမိုင်းနောက်ခံဝက်ဘ်စီးရီးပါ။အကြောင်းပြချက်တစ်ခုမှမပေးဘဲ အိန္ဒိယပြည်သူမည်သူကိုမဆိုတရားရုံးမတင် စစ်ဆေးမေးမြန်းခြင်းမရှိ ဖမ်းဆီးထောင်ချခွင့်ရှိတဲ့ ရိုးလတ်အက်ဥပဒေကို ၁၉၁၉ခုနှစ် အိန္ဒိယမှာဗြိတိသျှအစိုးရက ပြဌာန်းခဲ့တယ်။မဟတ္တမဂန္ဒီက ဒီဥပဒေကို ဆတ်တယာဂရာဟာအကျင့်လို့ခေါ်တဲ့ အကြမ်းမဖက်ဆန္ဒထုတ်ဖော်မှုနဲ့ဆန့်ကျင်ကြဖို့ ဆော်ဩခဲ့ပါတယ်။ဧပြီလ ၁၃ရက်နေ့မှာတော့ အမ်ရစ်ဆာမှာရှိတဲ့ ဂျယ်လီယန်ဝါလာဘာ့ဂ်ရင်ပြင်မှာ ဒီဥပဒေကို အကြမ်းမဖက်ဆန္ဒထုတ်ဖော်ဖို့ စုဝေးကြရာမှာ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရွယ်စုံအတန်းစားစုံအိန္ဒိယပြည်သူတို့ တက်ရောက်ခဲ့ကြပါတယ်။ဗိုလ်မှူးချုပ်ဒိုင်ယာက ဒီစုရုံးမှုကို သိသိကြီးနဲ့လွှတ်ထားပေးပြီးမှ အကြမ်းဖက်သုတ်သင်ရှင်းလင်းဖို့စီစဉ်ခဲ့ပါတော့တယ်။ဒီစီးရီးမှာတော့ အဲဒီအဖြစ်အပျက်ဖြစ်ပွားစဉ်အခြေအနေနဲ့ ဖြစ်ပွားပြီး ဗိုလ်မှူးချုပ်ကို စစ်ခုံရုံးတင်စစ်ဆေးတဲ့အခြေအနေတွေကိုစိတ်ဝင်စားဖွယ်တင်ပြထားတာမို့ ကြည့်ရှုအားပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်)File Size – 900 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 50minute (@Episode)Total Episodes: 6EpsSubtitle – ...
7
TMDb: 7/10 1 votes
tv

The Waking of a Nation (2025)

2025
Khakee: The Bengal Chapter (2025) 8.6
Khakee: The Bengal Chapter (2025) Khakee: The Bengal Chapter (2025) "ဥပဒေဘက်တော်သား"Netflix က ထုတ်တဲ့ ဟင်ဒီမှုခင်းဇာတ်လမ်းတွဲအသစ်လေး တင်ဆက်လိုက်ပါပြီ 2022 တုန်းက ထွက်ခဲ့တဲ့ Khakee: The Bihar Chapter ရဲ့ ဇာတ်လမ်းအသစ် နောက်ဆက်တွဲ ဖြစ်တယ်လို့လည်း သိရပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကိုလ်ကတ္တားမြို့မှာ ဒုစရိုက်လုပ်ငန်းမျိုးစုံလုပ်တဲ့ ဒုစရိုက်ဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ကြီး ဘာဂါဟာ ဘယ်လောက်သြဇာကြီးသလဲဆိုရင်တော့ အာဏာရပါတီက နိုင်ငံရေးသမားတွေကိုယ်တိုင် သူ့ဘက်မှာရှိနေတဲ့အထိပါဒါကြောင့် အာဏာရပါတီက သတင်းမီဒီယာထက်မှာ နာမည်ဆိုးရလာတဲ့အခါ ရာဇဝတ်မှု ဟန်ပြနှိမ်နှင်းဖို့ နာမည်ကောင်းထားရတဲ့ အရာရှိဆပ်တာရှီကို အဖမ်းအဆီးတွေလုပ်ဖို့ တာဝန်ပေးပြီးတစ်ဖက်မှာတော့ ဒုစရိုက်ဂိုဏ်းရဲ့ လုပ်ငန်းတွေကိုအဖမ်းအဆီးမလုပ်ခင် ရှောင်တိမ်းဖို့ သတင်းကြိုပေးထားတာပါ ရိုးသားဖြောင့်မတ်တဲ့ ရဲအရာရှိဆပ်တာရှီလိုလူတစ်ယောက်တည်းနဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ဖြိုနိုင်ပါ့မလားသူ့ထက်ပိုကြမ်းတဲ့ အာဂျွန်ဆိုတဲ့ ရဲအရာရှိပေါ်လာချိန်မှာရော ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 1GB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8.6
TMDb: 8.6/10 5 votes
tv

Khakee: The Bengal Chapter (2025)

2025
Kanneda (2025)
Kanneda (2025) Kanneda season 1 (2025) "ဘ၀ပန်းတိုင်"ဘ၀တက်လမ်းအတွက် ကြိုးစားရုန်းကန်နေကြတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားပေးမဲ့ ပန်ချာပီစီရီးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကနေဒါမှာ ရွှေ့ပြောင်းအခြေချကြတဲ့ အိန္ဒိယ-ပန်ချာပီလူမျိုးတို့ရဲ့ဘ၀တစ်စိတ်တစ်ဒေသကို ပုံဖော်ပြီး နိုင်ငံရပ်ခြားမှာ ပန်ချာပီလူငယ်တစ်ယောက်ရဲ့လူရာ၀င်အောင် ကြိုးစားအားထုတ်မှုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ကနေဒါဟာ တစ်နိုင်ငံတည်းပေမဲ့ ကမ္ဘာနှစ်ခုကွဲပြားနေပါတယ်။ အဲဒါကတော့ လူဖြူတွေရဲ့ကမ္ဘာဖြစ်တဲ့ ကနေဒါရယ်၊ အိန္ဒိယကရွှေ့ပြောင်းနေထိုင်သူတွေနေထိုင်ပြီး ကန်နတ်ဒါလို့ သူတို့နာမည်ပေးထားတဲ့ ကမ္ဘာတစ်ခုရယ်ပါ။နင်မာဟာ ငယ်ငယ်လေးကတည်းက ကနေဒါကိုပြောင်းရွှေ့အခြေချခဲ့တဲ့ ပန်ချာပီလူငယ်တစ်ယောက် ပါ။ ဒါပေမဲ့ ထုံးစံအတိုင်း လူဖြူတွေကြားမှာ အမြဲအနိုင်ကျင့်ခံရပါတယ်။ဒါကြောင့်သူဟာ လူရာ၀င်ပြီး အများလေးစားခံရအောင် ရိုးရိုးသားသား အားထုတ်ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မူလရည်ရွယ်ချက်က အားကစားကနေတဆင့် ကနေဒါကကောလိပ်ကျောင်းကောင်းကောင်းမှာ ပညာသင်ဆုယူပြီး ဒီဂရီရ‌အောင်ကြိုးစားဖို့ပါ။ အဲဒီကနေတဆင့် သူ့ဘ၀ကိုတိုးတက်အောင်လုပ်ပြီး အများလေးစားရတဲ့သူဖြစ်အောင် လုပ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ ကြိုတင်စီစဉ်တိုင်း ဖြစ်မလာတတ်တာကိုက ဘ၀လို့ဆိုရမလားပါပဲ။နင်မာ့ကိုလည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ သူများချောက်ချတာခံရပြီး သူ့ဘ၀ကြီးပြောင်းလဲသွားတာကြောင့် ဘ၀အစီအစဉ်တွေ တလွဲတချော်ဖြစ်ခဲ့ပါတယ်။လုပ်သလိုဖြစ်မလာခဲ့ပေမဲ့ နင်မာကတော့ ဘ၀ကိုအရှုံးမပေးခဲ့ပါဘူး။ သူဝါသနာပါရာဂီတနဲ့ သူ့ဘ၀ကိုအောင်မြင်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ သူရည်ရွယ်တဲ့အတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ်မရောက်ခင်မှာ နင်မာတစ်ယောက် ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမလဲ၊ အသားရောင်ခွဲခြားတဲ့ သူ့အသိုင်းအဝိုင်းတစ်ခုမှာခေါင်းမော့ရင်ကော့နေနိုင်အောင် သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ...

Kanneda (2025)

2025
The Greatest Rivalry: India vs Pakistan (2025) 7
The Greatest Rivalry: India vs Pakistan (2025) The Greatest Rivalry: India vs Pakistan (3Eps)Imdb 6.4Netflix ကနေထုတ်လွှင့်ထားတဲ့ ဒီ docu series က အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို အစကနေ ပြန်ပြောင်းပြောပြထားတာပါ လွတ်လပ်ရေးရတုန်းက အခက်အခဲတွေ၊ နယ်နိမိတ်တွေ သတ်မှတ်ခဲ့ရပုံတွေ ပြီးတော့ ၂နိုင်ငံကြားဖြစ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းလည်း ပါဝင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ ၂နိုင်ငံရဲ့ အားကစားပြိုင်ဆိုင်မှုအကြောင်းကို ပြောထားတာပဲ အထူးသဖြင့် ခရစ်ကတ်ပွဲတွေက လောင်းကြေးထောင်စရာမလိုဘဲ ကြည့်ရုံနဲ့တင် ရင်တထိတ်ထိတ်နဲ့ ဘယ်သူနိုင်မလဲဆိုတာ စိတ်ဝင်စားနေရတာမျိုးပဲ မဟုတ်ပါလား စစ်ပွဲကြောင့် ၁၅နှစ်တာအဆက်အသွယ်ဖြတ်ခဲ့ရပေမဲ့ ဒီခရစ်ကတ်ကြောင့်ပဲ ပြန်ပြီးသင့်မြတ်ခဲ့ပုံ‌တွေ နောက်တစ်ချက်က ဒီစီးရီးထဲမှာ သမိုင်းပညာရှင်တွေ၊ သံတမန်တွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ အင်တာဗျူးတွေလည်း ပါတယ် သူတို့ပြောပြတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေက တကယ့်ကို ရင်ထဲထိရှသွားစေနိုင်တာဖြစ်ပြီး နှစ်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေ၊ လူမှုရေးအခြေအနေတွေကိုလည်း နည်းနည်းပါးပါး ထည့်ပြောထားတော့ တော်တော်လေး ပြည့်စုံတယ်လို့ဆိုရပါမယ်အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ဆက်ဆံရေးက တော်တော်ရှုပ်ထွေးတာတော့ အားလုံးအသိပဲဆိုတော့ ဘာလို့ ဒီလိုတွေဖြစ်လာလဲ အခုအခြေအနေကရော ဘယ်လိုဖြစ်‌နေပြီလဲဆိုတာကို ဒီ docu series လေးကြည့်ပြီးရင် ပိုပြီးသဘောပေါက်သွားကြမှာပါ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေအများကြီးပါတော့ မကြည့်လိုက်ရင် နောင်တရစေမဲ့ ...
7
TMDb: 7/10 2 votes
tv

The Greatest Rivalry: India vs Pakistan (2025)

2025
Inside Edge (2017) 6
Inside Edge (2017) Inside Edge (Season 1)"ကန့်လန့်ကာနောက်ကွယ်" =======================================၂၀၁၇ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အားကစားဒရာမာကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယရဲ့ အားကစားဒရာမာဆိုတော့ ထုံးစံအတိုင်း ခရစ်ကတ်ပေါ့။ဒီဇာတ်လမ်းဟာဆိုရင် အိန္ဒိယရဲ့ အကြီးဆုံးပြည်တွင်းခရစ်ကတ်လိဂ်ဖြစ်တဲ့ အိန္ဒိယပရီးမီးယားလိဂ်ထဲက နိုင်ငံရေးတွေ၊ လှည့်ကွက်တွေ၊ လုပ်ပွဲကစားပုံတွေ အားလုံးကို အခြေခံပြီး ဇာတ်လမ်းဖန်တီးထားတာပါ။ဇာတ်လမ်းအကြမ်းဖျင်းကတော့ အိန္ဒိယပရီးမီးယားလိဂ်ကို အခြေခံဖန်တီးထားတဲ့ ပါဝါပလေးလိဂ်ဆိုတဲ့ ခရစ်ကတ်လိဂ်ထဲမှာ မာဗီရစ်ဆိုတဲ့အသင်းကလည်း ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်ပါတယ်။မာဗီရစ်အသင်း ပိုင်ရှင်အဟောင်းကနေ အသစ်ပြောင်းသွားရာကနေ အသင်းအခြေအနေပြောင်းသွားပုံတွေ၊ နောက်ကွယ်ကရှုပ်ထွေးမှုတွေကို ဒီဇာတ်လမ်းတွဲထဲမှာ စိတ်ဝင်စားဖွယ်တွေ့မြင်ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ KKKZ ~ Zweပါ။)File Size – 800 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 45minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Yunni ~ KKKZ ...
6
TMDb: 6/10 27 votes
tv

Inside Edge (2017)

2017
Made in Heaven (2019) 7.257
Made in Heaven (2019) Made in Heaven (2019) မင်္ဂလာပွဲအေဂျင်စီဒီစီးရီးလေးကတော့ Amazon Prime Video ကနေ တင်ဆက်ထားတဲ့ စီးရီးဖြစ်ပြီးတော့ စီစင်၂ခုထွက်ထားပါတယ်။ဒီစီးရီးမှာဆိုရင် အိန္ဒိယလူမှုအသိုင်းအဝိုင်းရဲ့ မင်္ဂလာပွဲကိစ္စတွေနဲ့ လူမှုရေးရှုပ်ထွေးမှုတွေကို မြင်တွေ့ရမဲ့ စီးရီးလေးဖြစ်ပါတယ်။တာရာနဲ့ ကာရန်တိုဟာ Made in Heavenဆိုတဲ့ မင်္ဂလာပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။သူတိုဟာ လုပ်ငန်းတည်ထောင်လာခဲ့တာ ၂နှစ်လောက်ကြာလာတဲ့အချိန်မှာတော့ သူတိုဆီကို တော်ဝင်မိသားစုဆီကနေ မင်္ဂလာပွဲအပ်နှံဖို ရောက်လာခဲ့ပါတယ်။ဒီမင်္ဂလာပွဲကို အောင်မြင်အောင်လုပ်ပေးနိုင်ရင် သူတိုလုပ်ငန်းလည်းပိုမိုပြီး‌ အောင်မြင်လာနိုင်ချေများတဲ့အတွက် ကြိုးစားပြီး လုပ်ကိုင်ခဲ့ပါတယ်။သိုပေမဲ့လည်း ဒီတော်ဝင်မိသားစုမှာက လူမှုရေးပြဿနာတွေ များလွန်းပြီးတော့ မင်္ဂလာပွဲပျက်ခါနီးအခြေအနေထိ ဖြစ်လာတဲ့အခါမှာတော့ .......... တာရာနဲ့ ကာရန်တို တော်ဝင်မိသားစုရဲ့ မင်္ဂလာပွဲကို မပျက်အောင် ဖြစ်နေတဲ့ပြဿနာတွေကို ကြားဝင်ပြီး ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ....တော်ဝင်မိသားစုအတွင်းမှာဖြစ်နေတဲ့ အရှုပ်တော်ပုံကရော ဘယ်လိုတွေ ရှုပ်ထွေးနေတာလဲ ....ဘယ်လောက်ထိအောင်တောင် ရှုပ်ထွေးနေလဲ... ဆိုတာကိုကြည့်ရှုရမဲ့ လူမှုရေးပြဿနာတွေ တစ်သီကြီးနဲ့ လူ့ဘဝရဲ့ ရှုပ်ထွေးပွေလီများစွာကို ကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size ...
7.257
TMDb: 7.257/10 35 votes
tv

Made in Heaven (2019)

2019
Selection Day (2018) 7.2
Selection Day (2018) Selection Day (2018) "ပြိုင်ပွဲ" IMDb - 7.3/10အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွေမှာ ရိုးအီနေပြီးတာတောင် စိတ်ဝင်စားဖို့ကောင်းအောင် အမျိုးမျိုးရိုက်ကူးတင်ဆက်တဲ့ဇာတ်ကြောင်းတွေထဲမှာ ကျွန်တော့်အမြင် အတွေ့ရများဆုံး လေးခုရှိတယ်။သောက်ရမ်းကြမ်းတဲ့ ရဲ၊ အကျင့်ပျက်ခြစားနေတဲ့စနစ်ကြီးကို ပြောင်းလဲတာ၊အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ခရစ်ကတ်။၂၀၁၈မှာ အပိုင်း ၁၂ပိုင်းနဲ့ Netflixကနေထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးဆိုလည်း ကျွန်တော်တို့ဆီမှာ သိပ်မတွေ့ရတဲ့ခရစ်ကတ်အားကစားကို စိတ်ဝင်စားအောင် ရိုက်ပြထားတာ။ကိုယ် ဘယ်ကောင်ကြီးဖြစ်လာမလဲဆိုတာ ရွေးချယ်တဲ့။ဒီထဲက ဖခင်ဖြစ်သူနေရာမှာပါဝင်တဲ့ မိုဟန်ကူမားကတော့ ကိုယ်ဘာကောင်ကြီးထက် ကိုယ့်သားနှစ်ကောင်ကို ကမ္ဘာပေါ်မှာ အတော်ဆုံးခရစ်ကတ်သမားတွေဖြစ်စေချင်သူ။ဘယ်လောက်ထိရည်စူးထားလဲဆို ယူမဲ့မိန်းမကိုတောင် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်မဲ့ အားကစားအရည်အချင်းရှိတဲ့မိန်းမကို လိုက်ရှာယူတဲ့ထိပဲ။သားနှစ်ယောက်မွေးပြီး မွေးပြီးကတည်းက ခရစ်ကတ်နဲ့ဖက်ပြီးကြီးပြင်းစေခဲ့သူ။နည်းပြလက်စွဲ၇၂အုပ်ကို အာဂုံဆောင်ထားပြီးနည်းစနစ်အသစ်တွေဖန်တီးသင်ပြရုံမက အစားအသောက်၊ ဆေးနဲ့ အရိုးအဆစ်ထိပါကျွမ်းကျင်အောင် လုပ်ခဲ့တဲ့ ဖခင်ကြီးမိုဟန်ကူမား။သားနှစ်ယောက်ဖြစ်တဲ့ ရာဒါကူမားနဲ့ မန်ဂျူးကူမားတို့ညီကိုနှစ်ယောက် ဒီဖခင်ကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)File Size – 500 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –25minute (@Episode)Total Episodes: 12EpsSubtitle – ...
7.2
TMDb: 7.2/10 20 votes
tv

Selection Day (2018)

2018
Truth or Tamanna? (2018) 7
Truth or Tamanna? (2018) Truth or Tamanna? 2018 "ပုစ္ဆာ"ဟင်ဒီ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်လိုက်ပါတယ်တာမာနာဟာ ငယ်ရွယ်လှပတဲ့ အကမယ်လေးတစ်ယောက်ဖြစ်ပြီး ဒရုဗ်ဆိုတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ ပုံပြင်ဆန်ဆန်ဆုံတွေ့ခဲ့တယ်ဒရုဗ် လန်ဒန်မှာ ဆုတက်ယူရမယ်ဆိုတော့ သူတို့နှစ်ယောက်လုံး လန်ဒန်ကိုအတူတူသွားဖို့ ချိန်းဆိုခဲ့ပေမဲ့ လေဆိပ်ကို ရောက်မလာခဲ့တဲ့ တာမာနာကြောင့်လန်ဒန်က ပြန်အလာမှာ ဒရုဗ်တစ်ယောက် အကသင်တန်းကျောင်းကို သွ ားစုံစမ်းတဲ့အခါ မထင်မှတ်ထားတာတွေ သိလိုက်ရချိန်မှာတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 500 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 25minute (@Episode)Total Episodes: 13EpsSubtitle – Myanmar HardsubFormat – Mp4Genre : Mystery, DramaTranslator – CM Bollywood TeamEncoder – YK Episode 1 ...
7
TMDb: 7/10 2 votes
tv

Truth or Tamanna? (2018)

2018
Oops Ab Kya (2025)
Oops Ab Kya (2025) Oops Ab Kya (2025) "ကံကြမ္မာအလွဲ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက်အချစ်-ဟာသ-မိသားစုဘ၀ ရသစုံကို ကြည့်ရှုခံစားရမဲ့ စီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရိုဟီဆိုတဲ့မိန်းကလေးဟာ မိသားစုနဲ့အတူတီဗီဇာတ်လမ်းတွဲတွေကြည့်ရင်း သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာ ပျော်မွေ့နေသူပါ။သူ့မှာအတည်တကျအလုပ်အကိုင်တစ်ခုနဲ့ လက်ထပ်တော့မဲ့ချစ်သူလည်း ရှိတာမို့ သူ့ဘ၀ရှေ့ရေးက ဖြောင့်ဖြူးလို့နေပါတယ်။ရိုဟီရဲ့မိခင်ဖြစ်သူက စင်ဂယ်မားသားဘ၀ကို ဖြတ်သန်းခဲ့ရဖူးတာမို့ အဘွားဖြစ်သူက ရိုဟီ့အလှည့်မှာတော့ အဲဒီလိုမဖြစ်ရအောင် ကောင်းကောင်းပညာပေးထားပါတယ်။ဒါကြောင့် ရိုဟီကလည်း ချစ်သူနဲ့နားလည်မှုယူပြီး သူ့အပျိုစင်ဘ၀ကို လက်ထပ်တဲ့အထိထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ ကံကြမ္မာဆိုတာ ရည်ရွယ်ထားသလိုဖြစ်မလာတတ်တာမို့ တစ်နေ့မှာတော့ ရိုဟီ့ဘ၀ကိုလုံး၀ပြောင်းလဲသွားစေမဲ့ အလွဲကြီးတစ်ခု မထင်မှတ်ဘဲ ကြုံလိုက်ရပါတော့တယ်။တစ်ရက်မှာ ရိုဟီဟာ မိန်းကလေးကျန်းမာရေးကိစ္စ ပုံမှန်စစ်ဆေးမှုလုပ်ဖို့အတွက် သားဖွားမီးယပ်ဆရာ၀န်ဆီသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ဆရာ၀န်မကလည်းအသည်းကွဲပြီး စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ အခြေအနေပါ။ဒီလိုနဲ့ ပုံမှန်စစ်ဆေးမှုပဲလုပ်မဲ့ ရိုဟီကို ဖန်ပြွန်သန္ဓေသားလုပ်မဲ့တခြားစုံတွဲဆီက အမျိုးသားရဲ့သုက်ပိုး ထည့်ပေးလိုက်မိတဲ့အခါ...။အပျိုစင်ဘ၀ကနေ ရုတ်တရက်ကြီးကိုယ်၀န်ဆောင်ရမဲ့ ရိုဟီတစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ အလွဲကြီးလွဲတဲ့ကံကြမ္မာကို ဘယ်လိုရင်ဆိုင်မလဲ၊ နှစ်ဖက်မိသားစု၀င်တွေရောဘာတွေကြုံတွေ့ရဦးမလဲဆိုတာကို ဇာတ်ကောင်စရိုက်အစုံအလင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားကြရမှာ ဖြစ်‌ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)File Size – ...

Oops Ab Kya (2025)

2025
Ek Farzi Love Story (2025)
Ek Farzi Love Story (2025) Ek Farzi Love Story (2025) မစစ်မှန်သော စစ်မှန်ခြင်းIMDb 6.8/10ဒီနေ့ခေတ်မှာ ဆက်ဆံရေးတစ်ခုဟာ စတင်ဖို‌ရော အဆုံးသတ်ဖိုပါ လွယ်ကူလာပါတယ်။ ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတာနဲ့အမျှ ကောင်းတဲ့ဘက်က အသုံးချတတ်ရင် အကျိုးရှိပေမဲ့ အသုံးမချတတ်ရင်တော့ ‌တကယ့်အပြင်ကဘဝနဲ့ အွန်လိုင်းပေါ်ကဘဝက ရောထွေးလာမှာပါ။ဒီစီးရီးလေးက ဒီနေ့ခေတ်ရဲ့ လူနေမှုဘဝကို ထင်ဟပ်နေစေတာမို ဆိုရှယ်မီဒီယာနယ်ပယ်နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွဲ‌ပရိသတ်တို အကြိုက်‌ဖြစ်မယ်ထင်ပါတယ်။content creation ကိုအလွန်စိတ်ဝင်စားသူ ခရီတီကာဆိုတဲ့‌ ကောင်မလေး။ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ post တွေတင်ပြီး follower တွေ like တွေဟာလည်း သူ့နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းပါပဲ။သူလေးစားအားကျရတဲ့သူတွေနဲ့လည်း လိုက်လံတွေ့ဆုံပြီး အကြံ‌ဉာဏ်တောင်းလို အိမ်မက်ကို အကောင်အထည်ဖော်နေခဲ့ပါတယ်။မာနာ့ဗ်ကတော့ ရုံးတစ်ခုက စာရင်းကိုင်ကောင်လေးတစ်ယောက်။ သူ့ဘဝမှာ နယ်ပယ်အသီးသီးက မိတ်ဆွေသူငယ်ချင်းပေါင်းစုံ ရှိပါတယ်။ ဂိမ်းဆော့ဖော်ဆော့ဖက်၊ သောက်ဖော်သောက်ဖက်၊ လည်ပတ်စားသောက်ဖော်မိတ်ဆွေ စသဖြင့် အပိုင်းတွေခွဲပြီး သူ့ဘဝကို နေထိုင်နေပါတယ်။ အရာရာမှာ မျှခြေရှိရမယ်၊ အလုပ်လည်းလုပ် ပျော်လည်းပျော်ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။Like တွေ share တွေ comment တွေကို မသိတဲ့သူတွေဆီကမရချင်၊ စိတ်ရင်းစိတ်မှန်နဲ့ပေးတဲ့အနည်းငယ်ကိုသာရလိုသူ မာနာ့ဗ်၊ လူအများရဲ့ အာရုံစိုက်ခံရမှုကို အသည်းအသန်ကြိုးစားနေသူ ...

Ek Farzi Love Story (2025)

2025
Pyar Ka Professor (2025) 10
Pyar Ka Professor (2025) Pyar Ka Professor 2025 ဗိုင်ဘာ့ဗ်နှင့် တစ်ထောင့်တစ်ညမိန်းမလိုက်နည်းများImdb 7.3" မြင်မြင်ချင်းချစ်တယ်ဆိုတာမရှိဘူး ဆွဲဆောင်ခံလိုက်ရတာပဲရှိတာ " ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ ဗိုင်ဘာ့ဗ် သူက အမူအရာကြည့် အကဲခတ်တဲ့သင်တန်းကျောင်းဖွင့်ထားတယ် ဘာတွေသင်လဲဆိုတော့ မိန်းမလိုက်နည်းပေါ့ မိန်းကလေးတစ်ယောက်ကို စကားစမပြောရဲတဲ့လူတွေစော်လိုက်နည်းမသိတဲ့လူတွေအတွက် အာမခံပြီး ပိုးပန်းနည်းသင်ပေးသူတစ်ယောက်ပါ အွန်လိုင်းမှာလည်းအလုပ်လုပ်ရတာဖြစ်လို့ အွန်လိုင်းမှာနာမည်ရအောင် နာ‌မည်ကြီးတွေကို ဝေဖန်လေကန်သူတစ်ယောက်ဆိုလည်းမမှား ဒီလိုနဲ့ ဘယ်လိုပျားအုံကို တုတ်နဲ့သွားထိုးမိလဲဆိုတော့နိုင်ငံရေးသမားတစ်ယောက် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါသမထိန်းနိုင်ဘဲ ထပေါက်ကွဲတဲ့ ဗီဒီယိုတစ်ခုက အရမ်းဟော့နေပါတယ် သူက ဒီဗီဒီယိုကို reaction ပေးမိတာကစ အဲဒီနိုင်ငံရေးသမားရဲ့လူတွေကသူ့အိမ်ထိရောက်လာပြီး ဆွဲခေါ်သွားပါတော့တယ် ဒီလောက်အကဲခတ်တတ်နေရင် ငါ့အကြံပေးလုပ်ဆိုပြီး ပေးအပ်ခံရတဲ့တာဝန်ကြား ဒီနိုင်ငံရေးသမားအဘိုးကြီးရဲ့မိန်းမ ငယ်ငယ်ချောချောလေးကို မြင်မြင်ချင်းသဘောကျမိသွားတဲ့အခါမှာတော့ သူ့နည်းလမ်းတွေနဲ့ ဘယ်လိုတွေဆက်လုပ်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးရယ်စရာဟာသတွေလှိုင်လှိုင်ပေါပြီး မိန်းမမလိုက်တတ်တဲ့လူတွေအတွက် ဗဟုသုတတွေများစေမဲ့ စီးရီးတစ်ခုပါလို့ ညွှန်းဆိုရင်း....အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ KKKZ ~ Zwe ~ Julien တို့ပဲဖြစ်ပါတယ် )File Size ...
10
TMDb: 10/10 1 votes
tv

Pyar Ka Professor (2025)

2025
Love Under Construction (2025) 7.5
Love Under Construction (2025) Love Under Construction 2025 (နားခိုရာအိမ်ကလေး)နားခိုရာအိမ်ကလေးဆိုတာမှာ ရုပ်ဝတ္ထုအိမ်လည်း ဖြစ်နိုင်သလို ရင်ခွင်ငယ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်..လူတွေဟာ တစ်နေ့တာပင်ပန်းသမျှ ဘဝအမောတွေကနေ အနားယူချိန်မှာ စိတ်ချမ်းချမ်းသာသာဖြစ်နိုင်ဖို မိမိရဲ့ အိမ်ဖြစ်လာမယ့် နေရာကို ပိုင်ဆိုင်နိုင်‌အောင်၊ လှလှပပတည်ဆောက်နိုင်အောင် အကောင်းဆုံးကြိုးစားလေ့ရှိကြတယ်..ဗင်နိုဒ်နဲ့ ပါပန်ဟာ ညီအစ်ကိုဝမ်းကွဲတွေပါ.. ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ ဗင်နိုဒ်က ငယ်ငယ်က မိသားစုစီးပွားပျက်ပြီး အိမ်ကိုဆုံးရှုးဖူးတဲ့သူဖြစ်တာကြောင့် သူ့မိဘတွေအတွက် အိမ်ကောင်းကောင်းတစ်လုံးဆောက်ပေးဖို ကြိုးစားနေသူပြီးဆေးပစ္စည်းအရောင်းကိုယ်စားလှယ်ဖြစ်တဲ့ ပါပန်ကတော့ သူ့ညီ အိမ်ဆောက်တာမှာ ကူညီပေးနေသူပါ..ဗင်နိုဒ်က လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနဲ့ အမြင်ကျယ်သူဖြစ်သလောက် ပါပန်ကတော့ အသက်အရွယ်နဲ့မလိုက် အဘိုးအိုကြီးလို ဘုဂလန့်တိုက်၊ ရှေးရိုးဆန်သူဖြစ်ပြီး မိန်းကလေးတွေကိုလည်း အကောင်းမပြောတတ်ပါသေးတယ်..တစ်ရက်တော့ သူတိုညီအစ်ကိုနှစ်ယောက်ကြားကို အိမ်ထောင်မပြုချင်လို ထွက်ပြေးပြီး ဒူဘိုင်းမှာပဲနေနေတဲ့ ဂေါ်ရီဆိုတဲ့ကောင်မလေး ရောက်လာတဲ့အခါမှာတော့ဂေါ်ရီကို ချစ်မိသွားတဲ့ ဗင်နိုဒ်ဗင်နိုဒ်ရဲ့ နားခိုရာ ရင်ခွင်ငယ်လေးတစ်ခု ဖြစ်လာတဲ့ ဂေါ်ရီ ရှေးရိုးစွဲ ပါပန် တိုသုံးယောက် ဘာတွေဖြစ်လာကြမလဲဆိုတာကိုတော့ဟာသနှောထားတဲ့ပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်..(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Cym, KKKZ, ...
7.5
TMDb: 7.5/10 1 votes
tv

Love Under Construction (2025)

2025
Dabba Cartel (2025) 5.4
Dabba Cartel (2025) Dabba Cartel (2025) "ထမင်းဘူးဝန်ဆောင်မှု မူးယစ်ရာဇာမိန်းမသားများ" IMDb - 7.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ဟင်ဒီစကားပြော အမိုက်စားအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။Raatchasi (2019)မှာ ဆရာမဇာတ်ရုပ်နဲ့ ဘောလိ၀ုဒ်ပရိသတ်တို့သဘောကျခဲ့ရတဲ့ မင်းသမီးကြီး ဂျိုသီကာအပြင် ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အဓိကပါဝင်ထားတဲ့ အပိုင်းခုနစ်ပိုင်းနဲ့ ဇာတ်လမ်းတွဲ။အလွှာအသီးသီးက အမျိုးသမီးတွေ။ တခုလပ်အိမ်အကူ၊ ကုမ္ပဏီပိုင်ရှင်ရဲ့ ဇနီးသည်၊ ကုမ္ပဏီဝန်ထမ်းရဲ့ ဇနီးသည်၊ အိမ်ပွဲစား၊အတိတ်ကလျှို့ဝှက်ချက်တွေနဲ့ အဒေါ်ကြီးတစ်ယောက်။ ဒီငါးယောက်ရဲ့ အဖြစ်အပျက်တွေ အယူအဆတွေစိတ်နေစိတ်ထားတွေကို မြင်တွေ့ကြရမှာပါ။ထမင်းဘူးပို့တဲ့ လုပ်ငန်းလေးကနေစလိုက်တာ ဘာတွေဖြစ်လာလဲဆိုတော့ ဥပဒေနဲ့မညီတဲ့ မူးယစ်ဆေးကိစ္စတွေပါလာရော။မူးယစ်ဆေးဆိုပေမဲ့ မူးယစ်တိုက်ဖျက်အဖွဲ့ကနေ စုံစမ်းနေတဲ့ ဆေးဝါးကုမ္ပဏီတွေကနေ တရားမဝင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ မန်ဒဲလားခေါ် ဖန်တနိုင်းတွေ။ဒီဆေးကိုထုတ်တဲ့ကုမ္ပဏီနဲ့ အပေါ်ကအမျိုးသမီးတွေ ဆပ်စပ်နေတဲ့အခါ။သူတို့တွေမှာလည်း ဒီလုပ်ငန်းကို လုပ်ချင်တဲ့သူရှိသလို မလုပ်မဖြစ်မို့လုပ်နေရသူတွေ ရှိလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 800 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 50minute (@Episode)Total Episodes: ...
5.4
TMDb: 5.4/10 5 votes
tv

Dabba Cartel (2025)

2025
Bada Naam Karenge (2025) 10
Bada Naam Karenge (2025) Bada Naam Karenge 2025- (အိပ်မက်တွေနောက်ကိုလိုက်ရင်း )SonyLIV ကနေ တင်ဆက်ထုတ်လွှင့်ထားပြီး အပိုင်း၉ပိုင်းပါဝင်တဲ့ အချစ်ဒရာမာဟာသ မိသားစုဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ခေတ်လူငယ်လေးတွေဖြစ်ကြတဲ့ ရစ်ရှာ့ဘ်နဲ့ ဆူရ်ဘီတို့နှစ်ယောက်။ ရစ်ရှာ့ဘ်ကတော့ MBAဘွဲ့ကို ရထားပြီးတော့ အလုပ်ရှာနေသူတစ်ယောက်ပါ။သူဟာ အိမ်ထောင်ပြုပြီးတာနဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ ရှရီဂန်ဂါမုန့်ချိုဆိုင်ကို ဦးဆောင်ရတော့မှာဆိုပေမဲ့ အိမ်ထောင်မကျခင်အတောအတွင်းမှာ လုပ်ငန်းအတွေ့အကြုံရဖို့အတွက် ကြိုးစားလုပ်ကိုင်နေသူလေးတစ်ယောက်ပါ။ဆူရ်ဘီကတော့ လက်ရှိမှာ အဏုဇီဝဗေဒဘာသာနဲ့ MBA တက်နေပြီးတော့ PhD အထိ ဆက်ပြီးတော့ တက်လှမ်းဖို့ ရည်မှန်းချက်ရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ကို လူကြီးတွေက အိမ်ထောင်ဖက်တွေ့ပေးကြတဲ့အချိန်မှာတော့ ........အိပ်မက်တွေ အပြည့်နဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ရေးကိစ္စတွေနဲ့ သူတို့ ဘယ်လိုစီမံကြမလဲ ........ရှရီဂန်ဂါနဲ့ ဆူရ်ဘီတို့နှစ်ယောက် မိဘတွေပေးစားလို့ရယ်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ .....မိသားစုနှစ်ခု ပေါင်းစည်းဖို့ဖြစ်လာတဲ့နောက်မှာ ဘာတွေ ဘယ်လို ကြုံတွေ့လာရဦးမလဲ .....ဆိုတာတွေကို ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ Julien ~ V ~ ...
10
TMDb: 10/10 1 votes
tv

Bada Naam Karenge (2025)

2025
Chidiya Udd (2025)
Chidiya Udd (2025) Chidiya Udd Season 1 (2025) "မြေအောက်လောက"အသစ်စက်စက် ဟင်ဒီစကားပြော ဂန်းစတားဇာတ်လမ်းတွဲလေးကို တင်ဆက်လိုက်ပါတယ်။ကာမာသီပူရာဆိုတာ မွမ်ဘိုင်းမြို့ပေါ်က ဒေသတစ်ခု။ ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ တအားပေါတာနဲ့ပတ်သက်ပြီး နာမည်ကျော်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။ဒီဇာတ်လမ်းက ကာမာသီပူရာမှာဖြစ်ခဲ့ဖူးတဲ့ တကယ့်ဖြစ်ရပ်တွေ၊ တကယ်ရှိခဲ့ဖူးတဲ့ရာဇဝတ်ကောင်ပေါ်ကိုအခြေခံပြီးရေးသားထားတဲ့ စာအုပ်အပေါ် အခြေခံရိုက်ကူးတင်ဆက်ထားပြီး မင်းသားကြီးဂျက်ကီရှရော့ဖ် အဓိကနေရာက ပါဝင်ထားပါတယ်။ဆယ်ဟာဆိုတဲ့ အသက် ၂၀ အရွယ်ကောင်မလေးဟာ ကံကြမ္မာဆိုးတစ်ခုဝင်ချိန်မှာ သူ့အမေနဲ့ အသက်လုပြေးရပြီးသူ့အမေက လွတ်ရာလွတ်ကြောင်း ဆယ်ဟာ့ကိုပြည့်တန်ဆာခေါင်းတစ်ယောက်နဲ့ ထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ မွမ်ဘိုင်းမြို့က ပြည့်တန်ဆာလောကကို ရောက်သွားပေမဲ့ အရှုံးမပေးဘဲ ရောက်တဲ့နေရာမှာ သူ့သဘော၊ သူ့စည်းမျဉ်းနဲ့ ရှင်သန်ရပ်တည်ဖို့ ကြိုးစားရာကနေရှုပ်ထွေးပွေလီလှတဲ့ ဂန်းစတားတွေချုပ်ကိုင်တဲ့ ဒီလောကကြီးက ဘယ်လောက်အန္တရာယ်များသလဲ၊ သွေးထွက်သံယိုတွေ ဘယ်လိုဖြစ်ကြမလဲ ခံစားကြည့်ရှုအပန်းဖြေလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 700 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 40minute (@Episode)Total Episodes: 8EpsSubtitle ...

Chidiya Udd (2025)

2025