Channel Myanmar

Medical

In His Chart (2011) 6.9
In His Chart (2011) In His Chart (or) God's Medical Records (2011)**********************************************စာရေးဆရာ Sosuke Natsukawa ရေးသားထားတဲ့ ဝတ္ထုကို မန်ဂါအနေနဲ့ပါ ထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတဲ့ ဆေးလောက ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အိချိတို ကူရီဟာရဆိုတဲ့ ကောင်လေးဟာ စိတ်ခံစားချက်အရမ်းကို နုနယ်လွန်းတဲ့သူလေးပါ။ဒီလိုကောင်လေးက ဆေးကျောင်းကို တက်ခွင့်ရခဲ့ပြီး ကျောင်းတက်နေစဉ်အတွင်းမှာလည်း အကောင်လေးတွေနဲ့ လက်တွေ့ဆင်းရမဲ့နေဆိုရင်ငို၊ လူနာတစ်ယောက်ယောက်ဆုံးရင်လည်း လူနာရှင်တွေကို ကြည့်ပြီးငို၊ ကုသလို့မရနိုင်တဲ့ရောဂါမျိုးဖြစ်တဲ့လူနာမျိုးနဲ့ တွေ့ရပြီဆိုရင်လည်း လူနာကို သနားလို့ငိုခဲ့ပါတယ်။ ဒီလိုတွေ ငိုခဲ့လွန်းလို့လည်း ကျောင်းမှာ အငိုသန်လေးဆိုပြီး နာမည်တောင်တွင်ခဲ့ပါတယ်။ဒီလိုအငိုသန်လေးက ဒေါက်တာကြီးဖြစ်လာပြီး လူနာတွေကို ကိုယ်တိုင် ကုသခွင့်ရတဲ့အချိန်မှာတော့ သူ ဘယ်လို စိတ်ခံစားချက်တွေထားပြီး လူနာတွေကို ကုသပေးမလဲ ......လူနာတွေနဲ့ သူ့ကြားက ဆက်ဆံရေးမှာရော ဘယ်လိုတွေ ဖြစ်လာမလဲ..... ဆိုတာကို ဆရာဝန်ကားပီပီ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…2.1GB / 778MB Quality… WEB-DL ...
movie

In His Chart (2011)

Return (2007) 6.4
Return (2007) Return (2007) ************* ဒီတစ်ခါတော့ CM ပရိသတ်ကြီးကို နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ Psychopath serial killer ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအကျဉ်း ************* 1980 ခုနှစ်လောက်မှာ ဆန်းအူဆိုတဲ့ အသက် ၉ နှစ်အရွယ် ကောင်လေးက နှလုံးခွဲစိတ်မှုခံယူနေစဥ် သတိပြန်လည်လာတာကြောင့် မိမိကို ခွဲစိတ်နေသည်ကို အတိုင်းသား သိရှိခဲ့ရပြီး ခွဲစိတ်မှုရဲ့ နာကျင်မှုဝေဒနာကြောင့် ပြင်းထန်သော စိတ်ဝေဒနာကို ခံစားလာရပါတယ်။ ဒါပေမဲ့ သူပြောတာကို ဘယ်သူမှ မယုံကြည်ကြပါဘူး။အဲဒီလိုနဲ့ ခွဲစိတ်မှုအပြီးမှာပဲ အသက် ၁၀ နှစ်အရွယ် မိန်းကလေးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့လိုက်ပါတယ်။ဒါပေမဲ့ အသက်ငယ်သေးတဲ့အတွက် စိတ်ကျန်းမာရေးကုသမှုတွေပဲ သီးသန့်ထိန်းသိမ်းခံယူစေခဲ့လိုက်ပြီး သက်သာလာတဲ့နောက်မှာ ဒုတိယအခွင့်ရေးပေးတဲ့အနေနဲ့ သာမန်ဘဝထဲကို ပြန်လည်ကျင်လည်ဖို လွတ်မြောက်လာပြီး ပျောက်ကွယ်သွားပါတော့တယ်။ဒါပေမဲ့ ၂၅ နှစ်ကြာပြီးနောက်မှာ ဆန်းအူရဲ့ ခွဲစိတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် လျှိဝှက်ဆန်းကြယ်စွာ သေဆုံးသွားပါတော့တယ်။သူ့ကို ခွဲစိတ်ကုသခဲ့ပေးခဲ့တဲ့ ဆရာဝန်ကြီးရဲ့ သားဖြစ်သူ ရူဂျယ်အူကိုလည်း သူ့လိုပဲ ခံစားစေရဖိုအတွက် နာမည်ပြောင်းကာ သူ့ကိုယ်သူ ...
movie

Return (2007)