Channel Myanmar

2014

Main Dukun (2014)
Main Dukun (2014)  Main Dukun (2014)Main Dukun ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာကားတစ်ကားဖြစ်ပြီး အောက်လမ်းပညာ၊မှော်အတတ် စုန်းအတတ်တွေကိုအခြေခံတဲ့ ဇာတ်ကားပါပဲ၊ဒီကားရဲ့ထူးခြားချက်ကတော့ အင်ဒိုဟော်ရာကားအများစုမှာမြင်နေကျ ခေါင်းမြီးခြုံ ရိုးရိုးအေးအေး ကောင်မလေးတွေအစား အနောက်တိုင်းသူတွေလို အတိုအပြတ်တွေ၊မိတ်ကပ်ထူထူတွေနဲ့ အလန်းစားအဟော့စား အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။လိုင်လာဆိုတဲ့ အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်အရွယ်တင်နုပျိုလှတဲ့ အမျိုးသမီးတစ်ယောက်။ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်လမ်းအတတ်ကိုစိတ်ဝင်စားပြီး နတ်ဆရာဆီ ခန္ဓာကိုယ်ပေးအပ်ရင်း ပီယသိဒ္ဓိယူနေတဲ့ သူ့သမီးဖြစ်သူ ရီဟန်းနာနဲ့သူငယ်ချင်း သုံးယောက်၊ပင်ကိုယ်စိတ်စွမ်းရည်ပိုင်ရှင် တီအားရာဆိုတဲ့ ရိုးသားရှက်ကြောက်တတ်တဲ့ ကောင်မလေးတို့ကြားက မှော်မှန်တစ်ချပ်ရယ်၊မှန်ရဲ့အစောင့်အရှောက်စုန်းမအိုကြီးတို့ကြားက အားပြိုင်မှုတွေကိုရှုစားကြရမှာပါ။ထာ၀ရနုပျိုဆေး၊ ပီယဆေးအစရှိတာတွေကို အောက်လမ်းအတတ်နဲ့မန်းကြမှုတ်ကြ အစီအရင်လုပ်ကြတာဆိုတော့ခါးအောက်ပိုင်းစကားတွေအတော်များများ တစ်တစ်ခွခွပါဝင်သလို အိပ်ယာခန်းတွေလည်းများတာကြောင့် မိသားစုနဲ့ မကြည့်ဖို့သတိထားစေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.2 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:24:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Main Dukun (2014)

2014
Deliver Us from Evil (2014) 6.2
Deliver Us from Evil (2014) Deliver Us from Evil (2014)IMDb Rating (6.2) / Rotten Tomatoes (30%) ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကဇာတ်ဆောင် ရာ့ဖ်ဆာချီကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ Horrorဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ရာ့ဖ်ဆာချီဆိုတာလည်း နှယ်နှယ်ရရမဟုတ်ဘဲ NYPDရဲ့စုံထောက်တစ်‌ယောက်ဖြစ်ကာ ရဲဘဝမှ အနားယူလိုက်ပြီးပရ‌လောကအကြောင်း စူးစမ်းလေ့လာရင်း အမှုတွေကိုလိုက်လံဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး အက်ဒ်နဲ့ လောရိန်းလင်မယားနဲ့ပါ သဘာဝလွန်ဖြစ်ရပ်တွေကို ပူးပေါင်းပြီးကူညီဖော်ထုတ်ပေးခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမှုလိုက်တစ်ယောက်အ‌နေနဲ့ ပုံမှန်ထက်ပိုပြီး ထူးခြားတဲ့ အာရုံတစ်ခုရှိနေတဲ့ ရာ့ဖ်ဆာချီကအမှုပေါင်းစုံကို ဖြေရှင်းနေရင်း သူကိုင်တွယ်ရတဲ့ အမှု တွေက သာမန်ထက်ပိုထူးခြားနေသလို တစ်ခုနဲ့တစ်ခုကဆက်စပ်မှုတွေ ရှိနေတာကို ရိပ်စားမိလာတဲ့နောက် အဲဒီနောက်ကွယ်က အကြောင်းရင်းကို ရအောင်အဖြေရှာရင်းသူနဲ့သူ့မိသားစုဘဝကိုပါ ရိုက်ခတ်လာတဲ့အထိ ဆိုးဝါးတဲ့နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အကြောင်းစိတ်ဝင်စားဖို့ကောင်း‌အောင် ရိုက်ကူးထားတာဖြစ်သလို  BGM နဲ့  jumpscare တွေကလည်း မထင်ထားတဲ့အချိန်မှာအတော်လေးခြောက်ခြားအောင် လုပ်နိုင်တဲ့အထိ အစွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File ...
movie

Deliver Us from Evil (2014)

2014
Jessabelle (2014) 5.4
Jessabelle (2014) Jessabelle (2014)IMDb Rating (5.4) / Rotten Tomatoes (29%) ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုံးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Jia ဖြစ်ပါတယ်။)File size…(1.9 GB) / (990 MB) Quality….Blu-Ray 1080p / 720p Format….mp4 Genre….Horror,Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie

Jessabelle (2014)

2014
Guardians of the Galaxy (2014) 8.1

Guardians of the Galaxy (2014)

2014
4K HEVC
Yevadu (2014) 5.9
Yevadu (2014) IMDb Rating ကတော့ 4.8 လောက်ပဲရရှိထားပေမယ့် အခုလထဲမှာအရမ်းကိုခေတ်စားနေတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမို့Channel Myanmar ပရိတ်သတ်ကြီးအတွက်တင်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာ Action နဲ့ Drama ကို တွဲဖက်ရိုက်ကူးထားပြီး မင်းသား Ram Charan က အဓိက သရုပ်ဆောင်ထားပါတယ်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ ထွက်ပြေးခိုင်းတာကနေ စပါတယ်။ ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင့် မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့ပြီး မိမိရဲ့ရန်သူများကို ပြန်လည်လက်စားချေပုံများကို အိန္ဒိယဇာတ်လမ်းအထာများနဲ့ ရိုက်ပြသွားတာကို တမေ့တမော ခံစားကြည့်ရှုနိုင်ကြမှာပါ။Genre..... Action, ...
movie

Yevadu (2014)

2014
No Tears for the Dead (2014) 6.7
No Tears for the Dead (2014)   Kang Dong Gun, Kim Min Hee တိုလိုမျိုး ထိပ်တန်း Cast တွေနဲ့ အမိုက်စား အက်ရှင်ဇာတ်ကား။ အမေရိကားမှာ မိခင်စွန့်ပစ်တာခံရပြီး ကြေးစားလူသတ်သမားဖြစ်လာတဲ့ ဂွန်ဟာ တစ်နေ့မှာ အပြစ်မဲ့တဲ့ကလေးမလေးတစ်ယောက်ကို သတ်ခဲ့မိပြီး အဲဒီအရာက သူ့ကိုခြောက်လှန့်နေတယ်။ နောက်ထပ် သူသတ်ရမယ့် ပစ်မှတ်ကလည်း ခင်ပွန်းနဲ့သမီးကို ဆုံးရှုးထားရတဲ့ သူသတ်ခဲ့မိတဲ့ကလေးမလေးရဲ့အမေ ချွဲမွန်ဂယောင်းဖြစ်နေတယ်။ ခင်ပွန်းနဲ့သမီး ဘာကြောင့် အသတ်ခံရလိုက်ရလဲဆိုတာတောင်မသိဘဲ အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့ချွဲမွန်ဂယောင်းဟာ ခင်ပွန်းဖြစ်သူ လုပ်ထားခဲ့တဲ့အရှုပ်‌တွေကြာင့် သူ့ပါအန္တရာယ်နဲ့ကြုံလာရတဲ့အခါ..... File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre... Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

No Tears for the Dead (2014)

2014
The Best of Me (2014) 6.7
The Best of Me (2014) လူဆိုတာတွေ့ရမယ်၊ ကြုံရမယ်၊ ဆုံရမယ် ပြီးရင်ကွဲရမယ်တဲ့။ ဘဝရယ်လို့ ဖြစ်တည်လာလို့ရှိရင် ဒါကိုမလွဲမသွေကြုံရမှာပဲ။သိလျက်နဲ့မိုက်တယ်လို့ပြောရမလား ချစ်လို့ မျက်စိကန်းတယ်ပဲပြောရမလား အရုပ်လေးတစ်ခုလက်ထဲရောက်လာရင်တောင် ဒါငါ့အရုပ်၊အရုပ်လေးကို တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ။လူနှစ်ယောက်ချစ်ကြတယ်ဆိုရင်ပိုဆိုးတာပေါ့။The Best of Me ကတော့ ဒီသဘောကို အကောင်းဆုံးမဟုတ်တောင် ပြီးပြည့်စုံအောင်ဖော်ပြသွားပါတယ်။ဒီကားကိုကြည့်လိုက်ရတာ တာရာပွကြီးရဲ့ ကာတွန်းတစ်အုပ်ကိုပြန်ဖတ်လိုက်ရသလို၊ ငယ်ဘဝကိုပြန်ရောက်သွားရသလို၊လွမ်းခြင်းနဲ့ ဝမ်းနည်းခြင်း နှစ်ခုပေါင်းပြီး ရင်ထဲဆို့တက်လာရပါတယ်။ရင်ထဲမှာ ဆွေးပြီးတော့ ကျန်ခဲ့ရမယ့် ရုပ်ရှင်ဖြစ်လို့ တစ်ရှူးလေးဆောင်ပြီး ကြည့်ဖို့အကြံပေးပါတယ်။ဇာတ်ညွှန်းကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် ...
movie

The Best of Me (2014)

2014
Barefoot (2014) 6.6
Barefoot (2014) Barefoot (2014)IMDb Rating (6.5)ဒီဇာတ်ကားလေးကတော့ Comedy နဲ့ Dramaကိုရောစပ်တဲ့နေရာမှာလူသိများတဲ့ ဒါရိုက်တာ Andrew Fleming ရိုက်ကူးထားတာဖြစ်ပြီး Evan Rachel Wood နဲ့ Scott Speedman တို့က အတွဲညီညီ သဘာဝကျကျသရုပ်ဆောင်ထားကြပါတယ် Romance နဲ့ comedy ကိုအချိုးကျကျလေး ချစ်စရာကောင်းအောင် ပေါင်းစပ်ထားတဲ့ ခေတ်သစ်နတ်သမီးပုံပြင်လေးတစ်ခုလို့ပြောရင်လည်း ပုံကြီးချဲ့ရာမကျဘူးလို့ ရဲရဲကြီး အာမခံပါတယ်ဇာတ်လမ်းကတော့ လူကုံထံမိသားစုကလာတဲ့ ခပ်ဆိုးဆိုးဂျေးနဲ့တစ်သက်လုံးနီးပါးအိမ်ထဲမှာအပိတ်ခံထားရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ ချစ်စရာ‌ဒေစီလေးရဲ့ စင်ဒရဲလားဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် Japanese anime waifu တွေ Korea မင်းသမီးလှလှလေးတွေထက်ပိုပြီး ချစ်စရာမကောင်းရင်တောင် သူတို့ထက်လျော့စရာအကြောင်းမရှိဘူးလို့ပြောရလောက်အောင် မင်းသမီးလေးရဲ့ cuteness overload ဖြစ်နေမှုက အမေရိကန်ဇာတ်ကားတစ်ကားအနေနဲ့ တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် တကယ့်ကို Emotional ဖြစ်စရာ Dialogue တွေကြောင့် ရည်းစားဟောင်းကို ပြန်လွမ်းမိတဲ့အထိ ဟက်ထိသွားနိုင်ပြီး ရည်းစားမရှိတဲ့လူတွေလည်း နွား‌ပွဲစားရှေ့ရောက်သလို တစ်ချိန်လုံးသွားကြီးဖြီးပြီးကြည့်ရင်ကြည့် မဟုတ်ရင် စောင်ကိုက်ပြီးကြည့်ရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ခုဆိုတာအာမခံပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nice Guy မှ တင်ဆက်ထားပါတယ်။) File size…(3.1 GB ...
movie

Barefoot (2014)

2014
Ouija (2014) 4.5
Ouija (2014)   Ouija (2014)ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ Englishသရဲခေါ်နည်းပေါ့ဗျာ..A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့..ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၊၂. သချိုင်းမြေပေါ်မှာ မကစားရ၊၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ။2014 ကထွက်ရှိခဲ့တဲ့ Ouija ဆိုတဲ့ Horror ရုပ်ရှင်ဟာဆိုရင် Thriller, Horror, Mystery အမျိုးအစားဖြစ်ပြီး Ouija လို့ခေါ်တဲ့ Board Game တစ်ခုကိုအ‌ခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။သရဲကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ Stiles White ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ရုံတင်စာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းမှာဆိုရင်တော့ Debbie နဲ့ ...
movie

Ouija (2014)

2014
Mr. Peabody & Sherman ( 2014 ) 6.8
Mr. Peabody & Sherman ( 2014 ) 1959 မှထွက်ခဲ့တဲ့ The Adventures of Rocky and Bullwinkle ကာတွန်းကာထဲက Peabody ဆိုတဲ့ ဉာဏ်ကြီးရှင် ခွေးလေးအကြောင်းကိုရိုက်ထားတာပါ။ဒီကားရဲ့ Director က Lion King animation ရဲ့ Director လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Peabody ဆိုတဲ့ မွေးရာပါဉာဏ်ကြီးရှင် ခွေးလေးက ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်တဲ့အလျှောက် နေရာတိုင်းမှာတော်ပါတယ် ။သူက Sharman ဆိုတဲ့ ကလေးလေးကို သားအရင်းအဖြစ်မွေးစားပြီးတော့ တတ်သမျှပညာတွေကိုသင်ပေးပါတယ် ။သူ့မှာ WABAC ဆိုတဲ့ အချိန်ခရီးသွားတဲ့ စက်ကြီးရှိပြီးတော့ ရှာမန်ကို သမိုင်းထဲက အထင်ကရ အကြောင်းအရာတွေကိုသင်ပေးပါတယ်။တစ်နေ့မှာ ရှာမန်က ကျောင်းမှာ ရန်ဖြစ်ပြီး အတန်းဖော် ပန်နီနဲ့ ဒီအချိန်ခရီးသွား စက်ကြီးကို သုံးမိပြီး ဘယ်လိုအလွှဲတွေဖြစ်မလဲပီးပေါ်ဒီ ကရောဘယ်လိုတွေကယ်ရမလဲကို သိပ္ပံအကြောင်းအရာတွေ သမိုင်းအချက်အလက်တွေ ဟာသလေးတွေ နှောပြီးတော့ ကြည်ရမှာဖြစ်ပါတယ်။ File Size :  2.15 ...
movie

Mr. Peabody & Sherman ( 2014 )

2014
Last Shift (2014) 5.8
Last Shift (2014)  Last Shift (2014)IMDb Rating (5.8) / Rotten Tomatoes (100%) ရဲအရှာရှိပူပူနွေးနွေးဖြစ်ခါစ ဂျက်စီကာလော်ရန်ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့ညမှာတင်ရဲဌာနအဟောင်းတစ်ခုကိုစောင့်ကြပ်ဖို့ တာ၀န်ပေးခံခဲ့ရပါတယ်။ဖြစ်ချင်တော့ အဲ့ဒီညမှာပဲ မူမမှန်တဲ့ဖြစ်ရပ်တွေအပြင် ဆိုးဆိုးဝါးဝါးလူသတ်မှုဖြစ်ရပ်တစ်ခုကိုကြားလိုက်ရတဲ့အခါအဲ့ဖြစ်ရပ်က ဘာလဲ တရားခံကရော တစ်ကယ်သေသွားတာလား?ဆုံးသွားတဲ့အဖေဖြစ်သူနဲ့ရော ဘယ်လိုဆက်စပ်နေသလဲ? စတာတွေကို ခြောက်ခြားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)File size…(1.5 GB) / (590 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Mystery Duration….01:28:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Aung Kyaw
movie

Last Shift (2014)

2014
Buddha 2: The Endless Journey (2014) 6.2
Buddha 2: The Endless Journey (2014) IMDb 6.2/10 MyAnimeList 6.9/10ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီးဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူးဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။မှတ်ချက် - နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File Size :  1.4 GB, 610 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode ...
movie

Buddha 2: The Endless Journey (2014)

2014
Hercules (2014) 6.0
Hercules (2014) Hercules (2014)IMDb Rating (6.0)ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ...
movie

Hercules (2014)

2014
4K HEVC
Singham Returns (2014) 5.7
Singham Returns (2014) ဇာတ်လမ်းအကျဉ်းကတော့သမာသမတ်ကျတဲ့ ရဲအရာရှိဘာဂျီရို ဆင်းဂမ်ရဲ့ နိုင်ငံရေးအကောက်ကြံတဲ့လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲအသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့ဘိုးတော်လိုလို ဘာလိုလို ဘာဘာကြီးဆိုသူဟာ နိုင်ငံရေးပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ်ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့်သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့ သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့ အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ပါ ကြိုးစားကြပါတော့တယ်ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့် သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ် ဆင်းဂမ်က သူတို့ကို ဘယ်လို အဆုံးသတ်ပေးမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ .......................................................ဆင်းဂမ်က တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကို ဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့ ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါဒုတိယကားမှာလည်း ပထမကားထက် ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရ ထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ် File size…3.77 GB / 1.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chanyein Soe 
movie

Singham Returns (2014)

2014
The Judge (2014) 7.4
The Judge (2014) The Judge (2014)IMDb Rating (7.4)ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်. ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ.. သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ.. သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်.. ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ.. ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ.ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ.. ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ ...
movie

The Judge (2014)

2014
100 Yen Love (2014) 7.1
100 Yen Love (2014) 100 Yen Love (2014)~ IMDb - 7.1/10, RT - 100%, MyDramaList - 7.3/10 ~အသက် ၃၂ နှစ်အရွယ် ဆိုင်းတိုအီချိကို (Saito Ichiko) ဟာ မိဘများရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ထမင်းဘူးဆိုင်မှာ ကူလည်းမကူညီ၊ တစ်ခြားသူတွေနဲ့လည်း အပြင်ထွက်လျှောက်မလည်၊ အခန်းအောင်းပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ညီမဖြစ်တဲ့ အိမ်ထောင်ကွဲ ကလေးအမေ ဖူမီကို (Fumiko) ဟာ ခင်ပွန်းနဲ့ကွာရှင်းပြီး မိဘအိမ်ဆီ ပြန်လည်ရောက်ရှိလာမှ အီချိကိုနဲ့ ရန်တကျက်ကျက်ဖြစ်နေလို့ နောက်ဆုံးမှာ အီချိကိုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အိမ်ပေါ်ကနေ တစ်ယောက်တည်းနေမယ်လို့ပြောပြီး ဆင်းချသွားတယ်။ ဘယ်အလုပ်မှ မယ်မယ်ရရမလုပ်ဖူးတဲ့ အီချိကိုဟာ နေရေးထိုင်ရေးစားရေးသောက်ရေး အဆင်ပြေဖို့ ယန်းတစ်ရာစတိုးဆိုင်မှာ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်ရပါတော့တယ်။ အဲဒီစတိုးဆိုင်နဲ့ သူငှားနေတဲ့တိုက်ခန်းကြားက အသွားအပြန်လမ်းပေါ်မှာ လက်ဝှေ့အားကစားရုံတစ်ခုရှိလို့ အဲဒီအရှေ့ရောက်တိုင်း တစ်ယောက်သောအမျိုးသား ...
movie

100 Yen Love (2014)

2014
Before We Go (2014) 6.9

Before We Go (2014)

2014
Rage (2014) Tokarev 5.0
Rage (2014) Tokarev  Rage (2014)IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Rage (2014) Tokarev

2014
Kingsman: The Secret Service (2014) 7.7
Kingsman: The Secret Service (2014) Kingsman: The Secret Service (2014)IMDb Rating (7.7) / Rotten Tomatoes (75 %)"Manners maketh man."Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖို့ဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား..အဝတ်အစားကစလို့ အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျားဒီလို Gentleman ရဲ့ဝိသေသတွေနဲ့  မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့အစည်းပါ။ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ  မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။Kingsman:The Secret Service (2014) ရုပ်ရှင်မှာတော့မင်းသားကြီး Colin Firth,Samuel L.Jackson , Mark Strong , Michael ...
movie

Kingsman: The Secret Service (2014)

2014
4K HEVC
Exodus: Gods and Kings (2014) 6.0
Exodus: Gods and Kings (2014) Exodus: Gods and Kings (2014)IMDb Rating (6.0)Director ကြီး Ridley Scott ရိုက်ကူးထားပြီး မင်းသား Christian Bale ခေါင်းဆောင် ပါဝင်ထားတဲ့ အီဂျစ်ခေတ် ရာဇဝင်ရုပ်ရှင်ကားကြီးပါ။ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animation ဇာတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ်တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါMyth တွေ ကြိုက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းရုပ်ရှင်တကားပါပဲ။ဇာတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရမှာပါအဲ့တုန်းက ဟီဘရူး(ဂျူး)လူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ်ဟောစာတမ်းအရ နန်းလုခံရမှာစိုးလို့ အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ်ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကိုကျွန်အဖြစ်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလားဆိုတာ...။ File size…(7.9 GB)/(2.9 GB )/(2.1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kaung Myat Thu
movie

Exodus: Gods and Kings (2014)

2014
4K HEVC