Channel Myanmar

Anime

Sword of the Demon Hunter: Kijin Gentosho (2025) 8.5
Sword of the Demon Hunter: Kijin Gentosho (2025) Sword of the Demon Hunter: Kijin Gentosho (2025) IMDB – 7.6/10, MyAnimeList – 7.6/10“ခေတ်အဆက်ဆက် နှစ်ပေါင်း ၁၇၀ ကြာ ဖြတ်သန်းခဲ့သော မကောင်းဆိုးဝါး နှိမ်နှင်းသူ၏ စွန့်စားခန်းရှည်”ခုလက်ရှိထုတ်လွှင့်နေတဲ့အထဲ တော်တော်ကို Dark & Grim ဖြစ်ပြီး ဟာသဆိုလည်း မပါသလောက်ကို နည်းတယ်နောက်ပြီး ဒိုင်ယာလော့ခ် ဇာတ်ညွန်းတွေမိုက်တယ် ရုပ်ထွက်လည်း ဖိုင်းတယ်ဓားသိုင်း ပါဝါ အက်ရှင်တွေပါတယ် ဝမ်းနည်းကြေကွဲစရာ Deep ဖြစ်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ရော ရှယ်ပါပဲ။ပထမဆုံးအပိုင်းမှာတင် ၁ နာရီလောက်ကြာမြင့်တဲ့ Epic ဆန်ဆန် အစပျိုး ဇာတ်လမ်းတည်ထားတယ်။ဇာတ်လမ်းအကျဉ်း ပြောပြရမယ်ဆို မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ဆိုတဲ့ကလေးမလေးရယ်အစ်ကိုဖြစ်သူ Jinta ရယ် အိမ်ကနေထွက်ပြေးလာတော့ လမ်းမှာ လူကြီးတစ်ယောက်က ကယ်တင်ပေးခဲ့တယ်။သူနေတဲ့ Kadono ရွာကို ခေါ်သွားပြီး မိသားစုအဖြစ် ပျိုးထောင်ပေးခဲ့တာပေါ့။သူ့မှာလည်း Shirayuki ...
8.5
TMDb: 8.5/10 2 votes
tv

Sword of the Demon Hunter: Kijin Gentosho (2025)

2025
The Beginning After the End (2025) 8
The Beginning After the End (2025) The Beginning After the End (2025)IMDb Rating (7.3) ဒီစီးရီးကိုသိတဲ့လူတွေကတော့ အတော်ကိုကောင်းပြီးဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းဆိုတာသိကြသလို animeထွက်မယ်သတင်းထွက်ကတည်းက မျှော်နေကြမယ်လည်းထင်ပါတယ်။ ဇာတ်လမ်းကတော့ လိုတိုရှင်းတစ်ခွန်းထဲပြောရရင် zero to heroဇာတ်လမ်းပါ။ဇာတ်လမ်းအကျဉ်းကိုဆက်မပြောခင် ဒီစီးရီးရဲ့သမိုင်းကြောင်းလေးနည်းနည်းပြောပါရစေ။ဒီစီးရီးဟာ ဆရာTurtle Meက web novel(ဝတ္ထု)အနေနဲ့ ၂၀၁၈ ဇူလိုင်လမှာ စတင်‌ရေးသားခဲ့တာဖြစ်ပြီး storyline ရော၊ worldbuildingပိုင်းပါ အရမ်းအားကောင်းတာကြောင့် တဖြည်းဖြည်းနဲ့ fan base ပါ အရမ်းတောင့်လာခဲ့တဲ့စီးရီးပါ။ ဇာတ်လမ်းထဲမှာ မြုတ်ထားတဲ့ဇာတ်ကွက်တွေကလည်း စာဖတ်သူတွေကိုတောက်လျောက်ဆွဲခေါ်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အရမ်းကိုအင်အားကြီးခဲ့တဲ့ဘုရင်ကြီးဟာ သေဆုံးသွားပြီး တခြားကမ္ဘာက သာမန်မိသားစုလေးမှာမွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီကမ္ဘာဟာ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဖြစ်တာမလို့ ဇာတ်လိုက်မင်းသားအတွက် မွေးကတည်းက အထူးအဆန်းဖြစ်လို့နေခဲ့တာပါ။ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဆိုပေမဲ့ အဆိုပါကမ္ဘာက လူတွေဟာ မှော်ပညာကို လူပျို၊ အပျိုဖော်ဝင်ခါအချိန်မှပဲ စတင်သုံးနိုင်ကြပါတယ်။မင်းသားကရော ဘယ်အရွယ်မှာစပြီးမှော်ပညာကိုသုံးနိုင်မလဲ?သုံးရောသုံးနိုင်ပါ့မလား?အရင်ဘုရင်ဘဝမှာရော ဘယ်လိုအကြောင်းကိစ္စနဲ့‌ဆုံတွေ့မိခဲ့ပြီး သေဆုံးခဲ့ရတာလဲ?အရမ်းကိုလူကြိုက်များတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေကရော ဘာဖြစ်မလဲဆိုတာတွေကို ဗုဒ္ဓဟူးညတိုင်း‌ အပိုင်းသစ်ထွက်မှာကို စောင့်ပြီး ကြည့်ရှုခံစားလိုက်ပါစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
8
TMDb: 8/10 3 votes
tv

The Beginning After the End (2025)

2025
Witch Watch(2025) 10
Witch Watch(2025) Witch Watch (2025) IMDB – 6.8/10, MyAnimeList – 7.5/10ဒီ Spring ရာသီမှာ ကျွန်တော့်အတွက် တော်တော်ကို စိတ်အပန်းပြေပြီး ရယ်မောပျော်ရွှင်စေရတဲ့ စီးရီးလေး ဖြစ်ပါတယ်။ Romantic Comedy ဆိုတော့ ဟာသတွေရယ် တခြား Anime တွေကို ပြောင်တာတွေရယ်ပါတဲ့အပြင် အချစ်ရေးလေးလည်း ပါတော့ ပိုပြီး ပြည့်စုံစေတာပေါ့။ အချစ်ရေးဆိုလို့လည်း မင်းသမီးလေးက တစ်ဖက်သတ် မင်းသားကို ဇွတ်ကြူးတာရယ် အကြူးတစ်လိုင်းနဲ့ အခွီလေးပေါ့ဗျာ။ တခြား Anime တွေကိုလည်း လိုက်လိုက် မျက်ခွက်ပြောင်ထားတာများ သိသလောက်ဆို ခုထိ Demon Slayer ရော Hunter X Hunter ရော ခဏခဏ ပါတယ်။ ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်ပြောရမယ်ဆို မင်းသားလေးက ဘီလူးမျိုးဆက် မင်းသမီးလေးက စုန်းမ၊ သူတို့နှစ်ယောက်က ကလေးဘဝကတည်းက ငယ်သူငယ်ချင်း။ ဒါပေမဲ့ တစ်ရက်ကျ စုန်းမဖြစ်ဖို့ လေ့ကျင့်ခန်းဆင်းရမယ်ဆိုပြီး နှစ်ယောက်သား နှစ်နည်းနည်းကြာအောင် ဝေးသွားကြတာပေါ့။ဒီလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကျမှ နှစ်ယောက်သား ...
10
TMDb: 10/10 3 votes
tv

Witch Watch(2025)

2025
Lazarus (2025) 8
Lazarus (2025)  Lazarus (2025)IMDb Rating (8.4) / Rotten Tomatoes (87%) ခေတ်လွန်ကမ္ဘာတစ်ခုမှာ နာမည်ကျော်ဒေါက်တာတစ်ဦးဟာ လူသားမျိုးနွယ်အတွက်ဆိုပြီး ဈေးလည်းသက်သာပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ Hapna ဆိုတဲ့ အကိုက်အခဲပျောက်ဆေးကို တီထွင်ခဲ့တယ်။ တစ်ကမ္ဘာလုံးကိုလည်း အနှေးနဲ့အမြန် လွှမ်းမိုးသွားပြီး တစ်ဦးမကျန် သောက်သုံးကြတဲ့အဆင့်ရောက်တဲ့အချိန် ဒီဒေါက်တာဟာ ရုတ်တရက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာပေါ့။ဒီလိုနဲ့ အချိန်ကာလ ၃ နှစ်လောက် ကြာလာတဲ့အခါမှ ဆရာသမား ပြန်ပေါ်လာပြီး သူ့ရဲ့ မဟာဂန္ဓဝင်ထောင်ချောက်ကြီးအကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်တော့တယ်။ အဲဒါကတော့ ၃ နှစ်ကြာတဲ့အခါမှ ဒီဆေးက လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းပြီး အဆိပ်အတောက်ဖြစ်နေပါပြီ ဖယ်ရှားတာမျိုးလည်း လုပ်လို့မရတဲ့အပြင် ရက် ၃၀ ကြာတာနဲ့ ပထမအသုတ် စသေမယ်တဲ့။ ဖြေဆေးဖော်ထုတ်ဖို့ဆိုရင်လည်း ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ဖန်တီးမှုဖြစ်နေတာကြောင့် အချိန်ကာလ အရမ်းကြာရှည်သွားပြီး လူသားအားလုံး အကုန်သေမှပဲ ရပါလိမ့်မယ်။ ဒီလိုနဲ့ ကမ္ဘာတွေပျက် လူတွေကဆူပူအုံကြွ ...
8
TMDb: 8/10 1 votes
tv

Lazarus (2025)

2025
Go! Go! Loser Ranger! (2024) 7.4
Go! Go! Loser Ranger! (2024)  Go! Go! Loser Ranger! (2009)IMDb Rating (7.0) ဇာတ်လမ်းကိုတော့ ကမ္ဘာ့လေထုထဲကို ဝဲပျံနေတဲ့ဧရာမခံတပ်ကြီးတစ်ခုဝင်ရောက်လာတဲ့ အချိန်ကာလနဲ့ စတင်ထားပါတယ်။ ၎င်းနဲ့အတူ ပါလာတဲ့မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နတ်ဘုရားနဂါးရိန်းဂျားတွေ ဖြစ်တဲ့ Dragon Keepers တွေနဲ့ ရင်ဆိုင်အတွေ့မှာတော့ သူတို့ရဲ့ဘော့စ်တွေပါ လက်စတုံးခဲ့ပြီး ခေါင်းပြတ်သွားတဲ့ မြွေလို ဦးတည်ရာမဲ့နေခဲ့ပါတော့တယ်။အဲဒီအချိန်ကတည်းက ၁၃ နှစ်ကြာတဲ့အထိ မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာကြီးကို ကျူးကျော်ဖို့အစီအစဉ်နဲ့ တနင်္ဂနွေနေ့တိုင်း ကြိုးစားလာခဲ့ကြတာ. Dragon Keepers လို့ အမည်ရတဲ့ ရိန်းဂျားတွေက အပတ်စဉ်နှိမ်နင်းရင်းနဲ့ လူကြိုက်များတဲ့ တနင်္ဂနွေပွဲတော်တစ်ခု ဖြစ်လာခဲ့ပါတယ်။ကမ္ဘာမြေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတဲ့ Dragon Keepers တွေကို အားပေးလာခဲ့ကြတဲ့ပြည်သူတွေကတော့ Dragon Keepers တွေနဲ့ မကောင်းဆိုးဝါးစစ်တပ်ကြားထဲက သဘောတူညီချက်ကိုတော့မသိရှိခဲ့ပါဘူး။ဒါပေမဲ့ တစ်ရက်မှာ ထပ်တလဲလဲ ဟန်ဆောင်ရှုံးနိမ့်ရပြီး ကြည့်ရှုသူတွေရှေ့မှာ ...
7.4
TMDb: 7.4/10 29 votes
tv

Go! Go! Loser Ranger! (2024)

2024
My Hero Academia: Vigilantes (2025) 8
My Hero Academia: Vigilantes (2025)  IMDb Rating (8.2) My Hero Academia ရဲ့ Spin-off ဖြစ်တဲ့ Vigilante စီးရီးကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ MHA ပင်မဇာတ်လမ်းကြီး မဖြစ်ခင်အချိန်ကာလကို ဦးတည်ထားတာပါ။ အဲဒါကြောင့် သူတို့ကလွဲပြီး ကျန်တဲ့ All Might တို့ ဘာတို့ Pro Hero ကြီးတွေတော့ ပြန်ပါကြပါသေးတယ်။ အကယ်၍ MHA ကို မကြည့်ဘူးတဲ့ လူတွေအတွက်လည်း ကြည့်ရတာ အဆင်ပြေအောင် တစ်ချက်လောက် ရှင်းပြပါ့မယ်။ဇာတ်လမ်းတည်ထားတဲ့ကမ္ဘာကြီးမှာ လူသားတွေ ၈၀ ရာခိုင်နှုန်းလောက်က Quirk လို့ခေါ်တဲ့ ထူးဆန်းတဲ့အစွမ်းကိုယ်စီ ရှိနေကြပါပြီ။ အသုံးကျတာရှိသလို အသုံးမကျတဲ့အစွမ်းလည်း ရှိတာပေါ့။ ဒီတော့ အစွမ်းထက်တဲ့လူတွေကတော့ Hero ဆိုပြီး လိုင်စင်ယူပြီး လူထုအတွက် အကျိုးပြုသလို တချို့ကျတော့လည်း Villain ဖြစ်သွားကြတာပေါ့လေ။ဒီကားထဲမှာတော့ MC ရဲ့အစွမ်းက သောက်တလွဲပါ ...
8
TMDb: 8/10 1 votes
tv

My Hero Academia: Vigilantes (2025)

2025
YAIBA: Samurai Legend (2025) 8
YAIBA: Samurai Legend (2025) YAIBA: Samurai Legend (2025)ဒီanimeကို Studio Witက ကိုင်ပြီး remakeပြန်ထုတ်မယ်သတင်းတက်ကတည်းက စိတ်ဝင်စားမိခဲ့တာပါ။ဘာကြောင့်စိတ်ဝင်စားမိရတာလဲဆိုရင် အရင်အဟောင်းဟာ ကျနော့်အတွက် ပထမဆုံးကြည့်ဖူးခဲ့တဲ့animeဖြစ်ခဲ့တာ‌ရယ်၊ ကျနော်အရမ်းသဘောကျတဲ့ Studio Witလက်ရာနဲ့မြင်တွေ့ရမှာရယ်၊ Detective Conan ရဲ့ဖန်တီးရှင် ဆရာGosho Ayomaရဲ့လက်ရာဖြစ်နေတာရယ်၊ Detective Conan ၊ KiKi deliveryတို့ရဲ့အသံသရုပ်ဆောင် Minami Takayamaကလည်း အဓိကဇာတ်ကောင် Yaibaရဲ့အသံကိုသရုပ်ဆောင်ပေးမှာရယ်တို့ကြောင့်စိတ်ဝင်စားခဲ့တာပါ။အဟောင်းတုန်းကတော့ ကြည့်ခဲ့တာ ကလေးအရွယ်မလို့ ဘာမှနားမလည်ခဲ့ပေမဲ့ မင်းသားရဲ့ မိစ္ဆာဓါးကိုကိုင်တွယ်ပြတဲ့ပုံကိုမြင်ပြီး အရူးထလိုက်တောင်လုပ်ခဲ့တဲ့အထိ နှစ်ခြိုက်ခဲ့ရတာပါ။ (ဘယ်လိုကိုင်တွယ်လဲတော့ spoil သလိုဖြစ်မှာစိုးလို့ မပြောတတ်ဘူးနော်)ဇာတ်လမ်းအကျဉ်းကတော့Yaibaဆိုတဲ့ကောင်လေးဟာ တောထဲမှာ အဖေဖြစ်သူ‌နဲ့အတူ နေထိုင်ကြီးပြင်းပြီး ဓါးရေးလေ့ကျင့်ရာကနေ မတော်တဆမှုတခုဖြစ်ပြီး မြို့ကိုရောက်လာခဲ့ပါတယ်။အဆိုပါမြို့မှာတော့ မင်းသားအဖေကိုလိုက်ပြိုင်နေတဲ့လူကြီးရဲ့အိမ်မှာ သောင်တင်သွားခဲ့ရာကနေ အဆိုပါလူကြီးရဲ့သမီးဖြစ်သူနဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။နောက်တော့ အဆိုပါကောင်မလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ မင်းသားရဲ့မဟာပြိုင်ဖက်ကြီးနဲ့စဆုံပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ကျီစားမှုကနေ ရှေးဟောင်းဓါးတလက်ကိုရရှိသွားပါတော့တယ်။စွမ်းအားကြီးလှတဲ့ အဆိုပါဓါးကို Yaiba တယောက်ထိန်းချုပ်နိုင်မလား။ အထိန်းချုပ်ပဲခံရမလားတော့ စနေညတွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ DrNyan ...
8
TMDb: 8/10 4 votes
tv

YAIBA: Samurai Legend (2025)

2025
YAIBA: Samurai Legend (2025) Shin Samurai-den YAIBA
YAIBA: Samurai Legend (2025) Shin Samurai-den YAIBA  YAIBA: Samurai Legend (2025) ဒီanimeကို Studio Witက ကိုင်ပြီး remakeပြန်ထုတ်မယ်သတင်းတက်ကတည်းက စိတ်ဝင်စားမိခဲ့တာပါ။ဘာကြောင့်စိတ်ဝင်စားမိရတာလဲဆိုရင် အရင်အဟောင်းဟာ ကျနော့်အတွက် ပထမဆုံးကြည့်ဖူးခဲ့တဲ့animeဖြစ်ခဲ့တာ‌ရယ်၊ ကျနော်အရမ်းသဘောကျတဲ့ Studio Witလက်ရာနဲ့မြင်တွေ့ရမှာရယ်၊ Detective Conan ရဲ့ဖန်တီးရှင် ဆရာGosho Ayomaရဲ့လက်ရာဖြစ်နေတာရယ်၊ Detective Conan ၊ KiKi deliveryတို့ရဲ့အသံသရုပ်ဆောင် Minami Takayamaကလည်း အဓိကဇာတ်ကောင် Yaibaရဲ့အသံကိုသရုပ်ဆောင်ပေးမှာရယ်တို့ကြောင့်စိတ်ဝင်စားခဲ့တာပါ။အဟောင်းတုန်းကတော့ ကြည့်ခဲ့တာ ကလေးအရွယ်မလို့ ဘာမှနားမလည်ခဲ့ပေမဲ့ မင်းသားရဲ့ မိစ္ဆာဓါးကိုကိုင်တွယ်ပြတဲ့ပုံကိုမြင်ပြီး အရူးထလိုက်တောင်လုပ်ခဲ့တဲ့အထိ နှစ်ခြိုက်ခဲ့ရတာပါ။ (ဘယ်လိုကိုင်တွယ်လဲတော့ spoil သလိုဖြစ်မှာစိုးလို့ မပြောတတ်ဘူးနော်)ဇာတ်လမ်းအကျဉ်းကတော့Yaibaဆိုတဲ့ကောင်လေးဟာ တောထဲမှာ အဖေဖြစ်သူ‌နဲ့အတူ နေထိုင်ကြီးပြင်းပြီး ဓါးရေးလေ့ကျင့်ရာကနေ မတော်တဆမှုတခုဖြစ်ပြီး မြို့ကိုရောက်လာခဲ့ပါတယ်။အဆိုပါမြို့မှာတော့ မင်းသားအဖေကိုလိုက်ပြိုင်နေတဲ့လူကြီးရဲ့အိမ်မှာ သောင်တင်သွားခဲ့ရာကနေ အဆိုပါလူကြီးရဲ့သမီးဖြစ်သူနဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။နောက်တော့ အဆိုပါကောင်မလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ မင်းသားရဲ့မဟာပြိုင်ဖက်ကြီးနဲ့စဆုံပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ကျီစားမှုကနေ ရှေးဟောင်းဓါးတလက်ကိုရရှိသွားပါတော့တယ်။စွမ်းအားကြီးလှတဲ့ အဆိုပါဓါးကို Yaiba တယောက်ထိန်းချုပ်နိုင်မလား။ အထိန်းချုပ်ပဲခံရမလားတော့ စနေညတွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ DrNyan ...

YAIBA: Samurai Legend (2025) Shin Samurai-den YAIBA

2025
Toilet-Bound Hanako-kun (2020-2025) Jibaku Shounen Hanako-kun 8.6
Toilet-Bound Hanako-kun (2020-2025) Jibaku Shounen Hanako-kun  Toilet-Bound Hanako-kun (2020-2025)IMDb Rating (7.5) ဒီ anime စီးရီးလေးကတော့ 2020 ခုနှစ်ကထွက်ရှိထားပြီးတော့ လက်ရှိအချိန်အထိ ongoing ဆက်လက်ထွက်ရှိနေဆဲ စီးရီးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရက်ရှီရိုနဲနဲဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ အချစ်ရေးမှာကံဆိုးနေပြီး ကျောင်းမှာလည်း ကြုံရင်ကြုံသလို body shaming လုပ်ခံနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူတို့တက်နေတဲ့ကျောင်းကလည်း သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ ထူးဆန်းအံ့ဖွယ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒီထူးဆန်းဖွယ်တွေထဲကမှ " သန့်စင်ခန်းထဲကဟာနာကို" ဆိုတဲ့ ဝိဉာဉ်ကတော့ လူသိများတဲ့အံ့ဖွယ်ပေါ့။ဟာနာကိုသာ သူ့ကိုဆင့်ခေါ်သူတိုင်းကို ဆုတောင်းတစ်ခုဖြည့်ပေးပြီး သူတို့ဆီကနေလည်း တန်ဖိုးရှိတာတစ်ခုခုကိုပြန်ယူတယ်။ ဒီလိုနဲ့ ရက်ရှီရိုသာ အချစ်ရေးမှာ ကံကောင်းစေဖို့ ဟာနာကိုဆီကိုသွားပြီး ဆုတောင်းပြည့်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ လိုချင်တာကိုပဲသိပြီး ပြန်ပေးရမှာကိုမသိတဲ့ ရက်ရှီရိုသာ မမျှော်လင့်ထားတဲ့နောက်ဆက်တွဲတွေကို ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Htet Aung Lwin - Nang Nount Wo Noon ဖြစ်ပါတယ်။)File size…(500 MB) Quality….WEB-DL 1080p Format…. mp4 Genre….Action & Adventure,Animation,Comedy,Mystery Duration….00;25;24 Subtitle….Myanmar ...
8.6
TMDb: 8.6/10 735 votes
tv

Toilet-Bound Hanako-kun (2020-2025) Jibaku Shounen Hanako-kun

2020
Blue Box (2024) 8.1
Blue Box (2024)  Blue Box (2024)IMDb Rating (7.9) လူသားတွေအတွက် မဖြစ်မနေရှင်သန်ဖို့ အောက်စီဂျင်လိုတယ်ဆိုရင်… ကျွန်တော့်အတွက် မမ ရှိမှဖြစ်လိမ့်မယ်… အပင်လေးတွေ နေရောင်မြင်ရမှ အသက်ဆက်နိုင်မယ်ဆိုရင်… ကျွန်တော် မမကို မြင်ရမှ ဖြစ်လိ့မ်မယ်… သူများတွေဟာ နေ့သစ်တစ်ရက်ကို ဘယ်လိုအစပြုသလဲ မသိရပေမဲ့ ကျွန်တော်ကတော့ မနက်အရုဏ်လင်းတာနဲ့ အားကစားရုံထဲကိုပြေး အဲဒီမှာ တစ်ချက်ခုန်လိုက်တာနဲ့ ပုခုံးဂုတ်ဝဲနဲ့ ပုံကျနေတဲ့ ဆံနွယ်လေးတွေ၊ ပစ်သွင်းရမယ့် ကျင်းထဲကို အာရုံစိုက်ကြည့်နေတဲ့ ဝိုင်းစက်ရွှန်းလဲ့တဲ့ မျက်လုံး၊ ပစ်လွှတ်လိုက်တဲ့ ဖြူနုသွယ်လျတဲ့ လက်ချောင်းပိုင်ရှင် မမကို တွေ့လိုက်ရမှ နေ့သစ်တစ်ရက်တာ ပြီးပြည့်စုံစေတယ်။ ဟုတ်ပါတယ်… သူဆိုတာ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အထက်တန်း ဒုတိယနှစ် ဘတ်စကတ်ဘောသမား Chinatsu-Senpai ကို ပြောချင်တာ။ ကျွန်တော်က ပထမနှစ် ကြက်တောင်သမား လူသစ်လေးတစ်ယောက်၊ အားကစားရုံနဲ့ အိမ်နဲ့နီးတဲ့အတွက် အရင်ကတည်းက Senpai ကို ကြည့်ပြီး သဘောကျနေခဲ့တဲ့ ...
8.1
TMDb: 8.1/10 33 votes
tv

Blue Box (2024)

2024
I Have a Crush at Work (2025) Kono Kaisha ni Suki na Hito ga Imasu 8.2
I Have a Crush at Work (2025) Kono Kaisha ni Suki na Hito ga Imasu  I Have a Crush at Work (2025)IMDb Rating (7.1) ဒီစာကိုဖတ်နေတဲ့ ခင်ဗျားကရုံးမှာ ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရည်းစားထားဖူးပါသလား။ရည်းစားထားနေတာကို ရုံးကလူတွေသိပြီးတော့ အတင်းပြောမှာကိုရောကြောက်ဖူးလား။ဒီနှစ်ခုလုံးကို ဟုတ်တယ် ဖြေမိနေရင်တော့ ဒီ Anime လေးကိုကြည့်သင့်ပါတယ်။ရုံးမှာ တိတ်တိတ်ပုန်းရည်းစားထားရတာ ဘယ်လောက်ခက်လဲ ဆိုတာကို ထားဖူးတဲ့သူတိုင်းသိပါတယ်။ဖုံးဖို့ကြိုးစားလေး ပိုပေါ့်ဖို့လွယ်လေးပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း မင်းသားနဲ့ မင်းသမီးက မတူနဲ့ ဌာန နှစ်ခုကနေ ချစ်ကြိုက်မိပြီးတော့ ရုံးကသူတွေ မသိအောင် ကြိတ်ပုန်းခုတ်ရင်း ဖုံးဖိပါတော့တယ်။သူတို့တွေ ဒီလိုဘယ်လောက်ကြာကြာ ဖုံးနိုင်မလဲ။ဘာအခက်အခဲတွေ ကြုံမလဲဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှူလိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)File size…(300 MB) Quality….WEB-DL 1080p Format…. mp4 Genre….Animation,Comedy Duration….00:24:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Nikobaby EP 01 - UsersDrive / Yoteshin / GDot / ...
8.2
TMDb: 8.2/10 9 votes
tv

I Have a Crush at Work (2025) Kono Kaisha ni Suki na Hito ga Imasu

2025
Devil May Cry (2025) 8
Devil May Cry (2025) Season 1အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဗီဒီယိုဂိမ်းနှစ်သက်တဲ့သူတိုင်း ကစားဖူး မြင်ဖူးကြမဲ့ နာမည်ကြီး ဂိမ်းတစ်ခုကို နက်ဖလစ်ကနေ ကာတွန်းစီးရီးအနေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းပြီး ခပ်ကြမ်းကြမ်းမို့ ဂိမ်းပရိသတ်တွေရော သာမန်ပရိသတ်တွေရော အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်းလူ့လောကနဲ့ ငရဲကို ကွမ်တမ်တံတိုင်းတစ်ခုနဲ့ ခြားထားတဲ့ အခြေအနေမှာ ငရဲက နတ်ဆိုးတွေဟာ အဲဒီတံတိုင်းကို ဖျက်ဆီးဖို့ ကြိုးစားလာပါတယ်။ ဒီတံတိုင်းကို ဖြိုနိုင်ဖို့အတွက် ငရဲသူရဲကောင်း စပါဒါရဲ့ဓားနဲ့ အဆောင်တစ်ခုလိုအပ်ပါတယ်။အဲဒီမှာပဲ နတ်ဆိုးမုဆိုးဖြစ်တဲ့ ဒန်ထေဟာ အဆောင်တစ်ခြမ်းကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တဲ့အတွက် နတ်ဆိုး‌တွေက သူ့ရဲ့အဆောင်ကို လုယူဖို့ ကြိုးစားလာပါတယ်။ ဒီတော့ နတ်ဆိုးကာကွယ်ရေး ဒါ့ကွန်အဖွဲ့နဲ့ ဒန်ထေတို့ နတ်ဆိုးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီစီးရီးမှာ မြင်ရပါလိမ့်မယ်။အဓိကဗီလိန်ကိုရော ဒန်ထေရဲ့ နောက်ကြောင်းကိုရော ...
8
TMDb: 8/10 5 votes
tv

Devil May Cry (2025)

2025
Blue Miburo (2024) 8.8
Blue Miburo (2024) IMDB – 7.9/10Rurouni Kenshin တို့လိုမျိုး စစ်ပြီးခေတ်ကာလ ဆာမူရိုင်း Ronin တွေအကြောင်းတွေကို သဘောကျမယ်ဆိုသူတို့ကို အဓိကအခြေခံတင်ဆက်ထားတဲ့ အသစ်ထွက်နေတဲ့ သမိုင်းနောက်ခံ Samurai Anime စီးရီးလေးတစ်ခု ဖြစ်ပါတယ်။Kyoto မြို့မှာ ဂျပန်ဘုရင်က နိုင်ငံခြားသားတွေကို ဝင်လာခွင့်ပြုထားတဲ့အတွက် ကုန်ဈေးနှုန်းတွေတက်ပြည်သူတွေက စီးပွားရေးကျ ဒုက္ခတွေရောက် ခိုးဆိုးလုနှိုက်တွေပေါ လူသတ်သမားတွေပေါတော့ပြည်သူတွေဟာ အထိတ်တလန့်နဲ့ ညညဆို စိတ်ချလက်ချ မထွက်ရဲတော့တဲ့ ခေတ်တစ်ခုပေါ့။ကလေးတွေကို ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေ ရှိမယ်၊အကျင့်စာရိတ္တမကောင်းဘူးဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် တရားစီရင်ပြီး အများပြည်သူရှေ့ ခေါင်းပြတ်ထားခဲ့တဲ့ လူသတ်သမားမျိုးစသဖြင့် ပေါင်းစုံ သောင်းကျန်းနေကြတာပေါ့။အဲဒီမှာ Edo ကနေ Kyoto ကို ရောက်လာကြတဲ့ Mibu ရွာအခြေစိုက် Miburo ဆိုပြီး Ronin ဆာမူရိုင်းတွေက ကောလဟာလတွေ နာမည်ဆိုးတွေနဲ့ ကျော်ကြားနေတယ်။MC က အခုလာပါပြီ ၁၃ နှစ်ပဲ ရှိသေးတဲ့ ...
8.8
TMDb: 8.8/10 9 votes
tv

Blue Miburo (2024)

2024
I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024) 8.5
I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024)  I May Be a Guild Receptionist, but I'll Solo Any Boss to Clock Out on Time (2024)IMDb Rating (6.4) “ရုံးကို အချိန်မှန်မှန်ဆင်းချင်လို့ ဘယ်ဘော့စ်မဆို တစ်ပွေတည်း သောက်ခွက်ရိုက်မယ့် ဧည့်ကြိုမလေး”နာမည်က Alina လူကောင်က ခပ်သေးသေး လုပ်တဲ့အလုပ်က စွန့်စားသူ Guild က ဧည့်ကြိုစာရေးမ။ သူ့ဘဝမှာ သူကြိုက်တဲ့အလုပ်လေးလုပ်ပြီး အချိန်မှန် ရုံးဆင်းချင်တယ် အချိန်ပိုမဆင်းချင်ဘူးဆိုတဲ့ဟာလေး။ဒါပေမဲ့ ဧည့်ကြိုစာရေးမဆိုပြီး အထင်သွားသေးလို့မရဘူး သူ အချိန်ပိုဆင်းရတိုင်း ဘာလို့လဲဆိုတာကို အဖြေရှာသေးတာ။အဲဒါက စွန့်စားသူတွေ Dungeon တွေကို မနိုင်ကြလို့ ကြာနေပြီး အလုပ်ပုံလာပြီဆို သူကိုယ်တိုင် ဝတ်ရုံဝတ်ရုပ်ဖျက်ပြီး အဲဒီ Dungeon ထဲကကောင်တွေကို တစ်ပွေတည်း သွားသွားပြီး ဆော်ပလော်တီးတဲ့ဟာလေးဗျာ။အဲဒီမှာ သူ့နာမည်ကလည်း သတ်ဖြတ်သူဆိုပြီး လူတွေကြား ...
8.5
TMDb: 8.5/10 11 votes
tv

I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024)

2025
Honey Lemon Soda (2025) 8
Honey Lemon Soda (2025) MyAnimeList – 6.8/10ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံရတာတွေ စိတ်ဒဏ်ရာတွေကြောင့် တစ်ခုခုဆိုရင် ဘာမှမပြောနိုင် မလုပ်နိုင် ကျောက်ရုပ်ကြီးလို ကျောက်ခဲတုံးကြီးလို ဖြစ်သွားလို့“ကျောက်ခဲမ” ဆိုပြီး နာမည်ပြောင်တောင် ပေးခံထားရတဲ့ အရှက်အကြောက်အလွန်ကြီးတဲ့ Uka ဆိုတဲ့ ကောင်မလေး။အမြဲတမ်း Lemon Soda ဖျော်ရည် သောက်နေတတ်ပြီး မတရားတာမြင်ရင် မနေနိုင် ဝင်ပါတတ်တဲ့ ဘုဂလန့်ပြောတတ်သူ ဆံပင်ရွှေရောင်နဲ့ Kai ဆိုတဲ့ ကျောင်းမှာနာမည်ကျော်တဲ့ကောင်လေး။ဒီလို ကောင်မလေးနဲ့ ကောင်လေးတို့ဟာ အထက်တန်းကျောင်းမတိုင်ခင်ကတည်းက အဖြစ်အပျက်လေး တစ်ခုကြောင့် တွေ့ဆုံခဲ့ကြပြီးအထက်တန်းကျောင်းမှာလည်း အတန်းတူတူ ဖြစ်လာတဲ့အခါမှာတော့Uka နဲ့ Kai တို့ကြား ဘယ်လို ဆက်ဆံရေးတွေ ဘယ်လိုသံယောဇဉ်လေးတွေ ဖြစ်ပေါ်လာမလဲဆိုတာ ကြည့်ရမယ့် Romance Anime လေးတစ်ခု ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ One Punch Man S2 အပါအဝင် တခြား နာမည်ကြီး Anime ...
8
TMDb: 8/10 2 votes
tv

Honey Lemon Soda (2025)

2025
ZENSHU (2025) 9.8
ZENSHU (2025) Anime ကို တော်တော်များများကြည့်ရသူတိုင်း Isekai ဆိုတဲ့ အမျိုးအစားကို သိကြမှာပါမသိတဲ့ သူတွေ အတွက်ကတော့ Isekai ဆိုတာ ရိုးရိုးပြောရရင် တခြား ကမ္ဘာကို ရောက်သွားတာကို ဆိုလိုတာပဲမျိုးစုံကို ရောက်ကြတာပါ တခြားကမ္ဘာကို ရောက်ပြီးတော့ အစွမ်းတွေ အများကြီးရသွားတာလည်း ကြည့်ဖူးပြီးပြီနောက်ဆုံး တခြားကမ္ဘာမှာ ဓားတစ်ချောင်းလာဖြစ်တဲ့ ဇာတ်လမ်းကိုပါ ကြည့်ဖူးပြီးကြပါပြီဒီတစ်ခါမှာတော့ Natsuko လို့ ခေါ်တဲ့ Animator တစ်ယောက်ကအစာအဆိပ်သင့်ပြီးတော့ ဆုံးသွားတဲ့ အခါမှာ သူ ငယ်ငယ်တည်းက ကြိုက်ခဲ့တဲ့anime ထဲကို ရောက်သွားတာကို မြင်ရမှာပါအဲဒီလို ရောက်သွားတဲ့ အခါမှာတော့ ဘယ်လို အစွမ်းတွေရလာမလဲဒီဇာတ်လမ်းကို သိပြီးသားဖြစ်နေတဲ့ လူတစ်ယောက် အနေနဲ့ ဘယ်လိုတွေ ရှေ့ဆက် ကျော်ဖြတ်သွားမလဲဆိုတာကိုanimation အလန်းစားတွေနဲ့ တွေ့ရမှာပါ File size… 550 MB Quality… WEB-DL 1080p Format… mp4 Duration…. 23m Genre ..... Adventure, Drama, ...
9.8
TMDb: 9.8/10 9 votes
tv

ZENSHU (2025)

2025
Tasokare Hotel (2025) 8.3
Tasokare Hotel (2025) IMDB – 7.6/10, MyAnimeList – 6.7/10သေခြင်းတရားနဲ့ ရှင်သန်ခြင်းကြားမှာ တည်ရှိနေတဲ့ ထူးဆန်းသော ဟိုတယ်တစ်လုံး…ဒီဟိုတယ်ကို ရောက်လာသူတွေဟာ ကိုယ့်ကိုကိုယ် နာမည်တွေ မှတ်ဉာဏ်တွေစသဖြင့် ဘယ်သူမှန်း မသိကြသလိုမျက်နှာတွေလည်း တစ်ယောက်တစ်မျိုး အမျိုးအစား စုံလင်လွန်းလှတယ်။ဟိုတယ်ကအခန်းတွေဟာလည်း တည်းခိုသူ မှတ်ဉာဏ်ပြန်ရစေဖို့အတွက် ကူညီတဲ့အနေနဲ့ အလိုက်သင့် ပြောင်းလဲပေးကြတယ်။ဒီဟိုတယ်မှာ စည်းကမ်းတွေရှိတယ် တည်းခိုသူဧည့်သည်ဟာ မှတ်ဉာဏ်အလုံးစုံရတာနဲ့ သက်ဆိုင်ရာကမ္ဘာကို ပြန်သွားရလိမ့်မယ်၊ဟိုတယ်ထဲမှာ လူသတ်လို့မရ သတ်ခဲ့သည်ရှိသော် ငရဲကျမယ်၊ ဟိုတယ်ထဲမှာ သေခဲ့သော် ဒီတိုင်းပျောက်ကွယ်သွားရလိမ့်မယ်တဲ့…ဟိုတယ်မန်နေဂျာဆိုတဲ့လူကြီးကလည်း ထူးဆန်းစွာ မီးတောက်မျက်နှာကြီးရယ် တခြားထူးဆန်းတဲ့ဝန်ထမ်းတွေနဲ့အတူတူပေါ့။ဒီလိုနဲ့ ဟိုတယ်ကို ကောင်မလေးတစ်ယောက် ရောက်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…။ဒီ Anime လေးကတော့ Anime လောကမှာ ရွှေထက်ရှားတဲ့ Genre လေးဖြစ်တဲ့ Mystery အမျိုးအစားလေးဖြစ်ပါတယ်။Mystery ဆိုတဲ့အတိုင်း လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ တစ်ပိုင်းပြီး တစ်ပိုင်း အထုပ်ဖြည်ရင်း ဘာဆက်ဖြစ်မလဲဆိုတာကို သိရမယ့်ဇာတ်လမ်းမျိုးလေး။တစ်ပိုင်းနဲ့ တစ်ပိုင်း မရိုးရသလို ...
8.3
TMDb: 8.3/10 3 votes
tv

Tasokare Hotel (2025)

2025
Orb: On the Movements of the Earth (2024) 7.5
Orb: On the Movements of the Earth (2024) "အဖြေမှားတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး"အခုတင်ဆက်ပေးသွားမှာကတော့ Medieval Fantasy anime တစ်ခုပဲဖြစ်ပါတယ်၁၅ ရာစုနှစ်အချိန်မှာ အခြေတည်ထားပြီး scholar တွေနဲ့ Holy Church အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်Vinland Saga လိုမျိုး Fantasy အရမ်းမဆန်တဲ့ Medieval anime ကြည့်ချင်သူတွေ အတွက်တော့တော်တော်လေးကို အရသာ တွေ့စေမှာပါYuichi Nakamura(Gojo Satoru) နဲ့ Kejiro Tsuda(Nanami Kento) တို့လိုအရမ်းကောင်းတဲ့ အသံသရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ ကြည့်ရတာ အရမ်းကောင်းနေမှာပါဇာတ်လမ်းအကျဥ်းကတော့ကမ္ဘာကြီးကို လူသားတွေရဲ့ အပြစ်ကြောင့် ဘုရားသခင်က စကြဝဠာရဲ့ အလယ်တည့်တည့်အနိမ့်ဆုံးနေရာမှာ ထားထားတယ်လို့ လူတွေ ယုံကြည်နေကြတဲ့ ခေတ်မှာနက္ခတဗေဒပညာရှင်တွေက စကြဝဠာရဲ့ အမှန်တရားအစစ်မှန်ကို ရှာနေကြပါတယ်ဒီလိုရှာနေကြတဲ့ သူတွေကို ဘုရားကျောင်းရဲ့ သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ဒိဌိတွေ ဆိုပြီးလိုက်လံ သုတ်သင်ရှင်းလင်းကြတဲ့ အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမှာလဲဒီလို အချိန်တွေမှာ အရမ်းတော်တဲ့ ...
7.5
TMDb: 7.5/10 4 votes
tv

Orb: On the Movements of the Earth (2024)

2024
Beheneko: The Elf-Girl’s Cat Is Secretly an S-Ranked Monster! (2025) 7.6
Beheneko: The Elf-Girl’s Cat Is Secretly an S-Ranked Monster! (2025) (ဦးဆုံး သတိပေးချင်တာကတော့ R-Rated Ecchi အမျိုးအစားလည်း ပါဝင်တဲ့အတွက်Waifu လေးများရဲ့ Oppai တွေနဲ့ ကောက်ကြောင်းအလှများကို ပွင့်လင်းစွာ တင်ဆက်ထားမှုကြောင့်မိသားစု၊ ကလေးသူငယ်များနဲ့ ကြည့်ရှုရန်အဆင်မပြေပါကြောင်း)နောက်ထပ် Isekai တစ်ကားလာပါပြီ၊ ထူးခြားတာ ဒီကောင်ကျ လူ့ပြည်ကနေသေပြီး Isekai ရောက်တာမဟုတ်ပါဘူး၊Isekai မှာပဲ သေပြီး ချက်ချင်း လူဝင်စားအဖြစ်နဲ့ S-Rank ရှိတဲ့ Behemoth ဆိုတဲ့ Monster အဖြစ် ဝင်စားတာပါ။ဒါပေမဲ့လည်း ပုံသဏ္ဍာန်ကျ Behemoth ဆန်ဆန် ဖြစ်မနေပဲ ကြောင်ပေါက်လေးသာသာပဲ ဖြစ်နေပါတယ်။ဟုတ်ပါတယ် MC က ကြောင်ပေါက်လေးပါ။ဝင်္ကပါ Dungeon ထဲမှာ သေတော့မလို ဖြစ်နေတုန်း ဧရာမပေါက်ဆီနဲ့ စွန့်စားသူ အချောအလှ Elf မလေးက ကယ်တင်ပြီး မွေးစားခဲ့ပါတယ်။MC အတွက်တော့ အကိတ်မလေးနဲ့ အတူတူနေရတယ် ပြုစုဂရုစိုက်တာခံရတယ် အသက်ကယ်ပေးတဲ့အတွက် သူလေးကိုပဲ တသက်လုံး ကာကွယ်စောင့်ရှောက်သွားတော့မယ်ဆိုပြီး ...
7.6
TMDb: 7.6/10 5 votes
tv

Beheneko: The Elf-Girl’s Cat Is Secretly an S-Ranked Monster! (2025)

2025
Frieren: Beyond Journey’s End (2023) 8.8
Frieren: Beyond Journey’s End (2023) IMDB – 8.9/10, MyAnimeList – 9.3/10"ခရီးဆုံးအလွန်က ခရီးရှည်တစ်ပုဒ်"Frieren ဆိုတဲ့ Elf မလေးတစ်ယောက်က လူသား သူရဲကောင်းတစ်ယောက်ရယ်၊ လူသား ဘုန်းတော်ကြီးတစ်ယောက်ရယ်Dwarf မျိုး စစ်သည်တော်တစ်ယောက်ရယ် ပါတီဖွဲ့ပြီး ၁၀ နှစ်ကြာ စွန့်စားခန်းထွက်ပြီး အမှတ်တရပေါင်းစုံနဲ့ နတ်ဆိုးဘုရင်ကို သုတ်သင်ရှင်းလင်းပြီးအကုန်ပြီးသွားတဲ့အနေအထားမျိုးကနေ ဇာတ်လမ်းကို စတည်ထားပါတယ်။ဒါပေမဲ့ နှစ်ပေါင်းထောင်ချီ နေနိုင်တဲ့ Elf မျိုးတွေဆိုတော့ သူ့အတွက် ဒါလေးက ဘဝရဲ့ အခိုက်အတန့်လေးတစ်ခုသာသာပဲပေါ့။လုပ်စရာမရှိ အဖွဲ့ဖျက်သိမ်းတော့ သူက ရိုးရာမပြတ် တစ်ယောက်တည်း ခရီးဆက် လုပ်ချင်ရာလုပ်ပေါ့လေ။အချိန်တွေက သူ့အတွက် ပြောင်းလဲတာ သူများတွေနဲ့ မတူတော့ သူ့မှာ ဒီ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ စွန့်စားဖော်တွေဆီမှာ ဘာခံစားချက်မှ မရှိသလို ဖြစ်နေတာရယ်။ဒါပေမဲ့ နှစ်တွေကြာလာတော့ သူ့လူတွေက သေတဲ့လူကသေ အိုတဲ့လူကအိုဆိုတော့ နည်းနည်းချင်းစီ သူ့ ခံစားချက်ကို မသိမသာ လာပြီး ...
8.8
TMDb: 8.8/10 369 votes
tv

Frieren: Beyond Journey’s End (2023)

2023