Channel Myanmar

2022

Fantastic Beasts: The Secrets of Dumbledore (2022) 6.3
Fantastic Beasts: The Secrets of Dumbledore (2022)        Fantastic Beasts: The Secrets of Dumbledore (2022) ==================================== IMDb Rating - 6.5/10Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး....(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL ...
movie

Fantastic Beasts: The Secrets of Dumbledore (2022)

2022
4K HEVC Web-DL
Suzume (2022) Suzume no Tojimari 7.8
Suzume (2022) Suzume no Tojimari Suzume (2022)IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps ...
movie

Suzume (2022) Suzume no Tojimari

2022
4K HEVC
Redeeming Love (2022) 6.7
Redeeming Love (2022) Redeeming Love (2022)IMDb Rating (6.7) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲ?ကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုးကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ကျွန်မဆိုတာကလည်းမိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲ။ရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့်ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲ။ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ...
movie

Redeeming Love (2022)

2022
4K HEVC
Dawn Chorus (2024) 4.7

Dawn Chorus (2024)

2022
The Pass: Last Days of the Samurai (2022) 5.9
The Pass: Last Days of the Samurai (2022) The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020)~ MyAnimeList - 7/10, IMDb - 5.9/10 ~ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ ...
movie

The Pass: Last Days of the Samurai (2022)

2022
Sonic the Hedgehog 2 (2022) 6.5
Sonic the Hedgehog 2 (2022) Sonic the Hedgehog 2 (2022)IMDb Rating (6.5) / Rotten Tomatoes (68%)ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။ ပထမကားကိုလည်း CM မှာ တင်ပေးထားပါတယ်။ ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ် ကာရေးပဲ ဖြစ်ပါတယ်။ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေ အခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။ အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကို တိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ ဒါ့အပြင် ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါ တစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။Sonic ၂ ကားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=Sonic+the+Hedgehog  ကြည့်ပါ။ File size…(6.5 GB )/(2.5 GB)/ (1.5 GB) Quality….BluRay 4K HEVC/1080p HEVC ...
movie

Sonic the Hedgehog 2 (2022)

2022
4K HEVC
Kingdom 2: Far and Away (2022) 6.8
Kingdom 2: Far and Away (2022)  Kingdom 2: Far and Away (2022)Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ...
movie

Kingdom 2: Far and Away (2022)

2022
Vaincre ou mourir (2022) 5.5
Vaincre ou mourir (2022)    Vaincre ou mourir (2022)IMDb Rating (5.5) ပြင်သစ်တော်လှန်ရေးတပ်တွေဟာ ဘုရင့်စနစ်ကို ဖြုတ်ချပြီး လိုအပ်တဲ့ စစ်သားအရေအတွက် အတွက် ဗန်ဒီမှာ တပ်သားစုဆောင်းရေး သွားလုပ်ပါတယ်။ဒါပေမဲ့ ဗန်ဒီသူ ဗန်ဒီသားတွေဆီက ဘုန်းတော်ကြီးတွေကို ဖမ်းဆီးသည့် အပြင် သူတို့ သားငယ်တွေကို ဖမ်းဆီးတဲ့အတွက် လယ်သမားအပေါင်းတို့ဟာ ပုန်ကန်ထကြွပြီး တော်လှန်ရေးတပ်တွေကို ပြန်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ သူတို့ကို ဦးဆောင်ဖို့ ခေါင်း‌ဆောင်လိုအပ်လာကြပါတယ်။ဒီလိုနဲ့ ရေတပ်အရာရှိအ‌ဟောင်းဖြစ်တဲ့ ချာလက်ဆိုတဲ့ ပုဂ္ဂိုလ်ကို ရှာကြပြီး ခေါင်းဆောင် ခန့်လိုက်တဲ့အခါ ဒီလူဟာ ဘယ်လို စွမ်းဆောင်ပြသွားမလဲဆိုတာကို သမိုင်းဆန်ဆန် စစ်ကားတစ်ကားကို စိတ်ဝင်တစားနဲ့ ကြည့်ရမှာ ဖြစ်ပါတယ် ခင်ဗျား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Maverick ဖြစ်ပါတယ်။)File size…(1.5 GB) / (820 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, History, War Duration….01:40:09 Subtitle….Myanmar ...
movie

Vaincre ou mourir (2022)

2022
Tom and Jerry Snowman’s Land (2022) 5.4
Tom and Jerry Snowman’s Land (2022) ဒီဇာတ်လမ်းလေးမှာ ဂျယ်ရီက ဂွတ်ဘယ်ရီဆိုတဲ့မြို့လေးက အရုပ်ဆိုင်ရှင်ကြီးရဲ့ ကြွက်ကလေးပါ။သူ့မှာ မျက်လှည့်ရူး တပ်ဖီဆိုတဲ့ တူတစ်ယောက်လည်း ရှိပါသေးတယ်။အဲဒီမှာ တွမ်ကတော့ ပြိုင်ဖက်အရုပ်ဆိုင်ရှင် ဒက်ဗယ်ဗေးရဲ့ ကြောင်ပါ။အဲဒီဂွတ်ဘယ်ရီမြို့‌မှာ မှော်အစွမ်းရှိတယ်လို့ နာမည်ကြီးတဲ့ အိုစမိုင်းလီဆိုတဲ့ တောင်တစ်လုံးလည်း ရှိပါတယ်။တစ်နေ့ဂျယ်ရီရဲ့တူ တပ်ဖီတစ်ယောက် မျက်လှည့်ပြကွက်အသစ် ဖန်တီးရာကနေ နှင်းလူသားတစ်ယောက် ဖန်တီးမိသွားပါတယ်။အဲဒီနှင်းလူသားက အိုစမိုင်းလီတောင်ရဲ့ မှော်အစွမ်းကြောင့်ဖြစ်လာတာလို့ ယုံကြည်ထားပြီးအဲဒီတောင်ပေါ်ကို ပြန်ပို့ပေးဖို့ ဂျယ်ရီနဲ့ တပ်ဖီတို့ ပြင်ဆင်နေကြပါတယ်။ဒါကိုသိသွားတဲ့ တွမ်နဲ့ ဒက်ဗယ်ဗေးတို့က အရုပ်နည်းပညာအသစ်လို့ ယူဆပြီးနှင်းလူသားကို ဖမ်းဆီးစမ်းသပ်ဖို့ ကြိုးစားပါတော့တယ်။ဂျယ်ရီတို့နှစ်ယောက် သူတို့လက်က လွတ်အောင် လုပ်ပြီး နှင်းလူသားကို အဲဒီမှော်တောင်ထိပ်ပေါ်ကို အရောက်ပို့ပေးနိုင်မလား၊ကြောင်ကြီး တွမ်တို့က သူတို့ကို ဘယ်လောက်ထိ နှောင့်ယှက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ File Size :  1 GB, 472 MB Quality : WEB-DL 1080p / 720p Running Time : 1hr ...
movie

Tom and Jerry Snowman’s Land (2022)

2022
Jezabel (2022) Sünden der Vergangenheit 5.8
Jezabel (2022) Sünden der Vergangenheit  Jezabel (2022)IMDb Rating (5.8) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ စပိန်လူငယ် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Thriller, Crime အမျိုးအစားပါ။ဇာတ်လမ်းအစမှာ‌တော့ လိင်ကိစ္စတွေ ဆေးတွေနဲ့ ထင်တိုင်းကြဲနေကြတဲ့ ရေပေါ်ဆီ အထက်တန်းကျောင်းသူ၊‌ ကျောင်းသားအဖွဲ့ကို ရိုက်ပြထားပါတယ်။အဲ့ဒီအဖွဲ့သာ ယောကျာ်း‌လေး အုပ်စုလိုက် ပျော်ပါးနေကြရင်း တစ်ရက်မှာ သူတို့အဖွဲ့ထဲက Eli ဆိုတဲ့ ကောင်မလေးတစ်ယောက်က အသတ်ခံလိုက်ရပါတယ်။အဲ့လိုနဲ့ နှစ်တွေကြာပြီးနောက် အဖွဲ့ထဲကတစ်ယောက်က သူ့‌ကောင်လေးကို ငယ်ငယ်ကအကြောင်း‌တွေပြောရင်း အဲ့ဒီ သေဆုံးမှုကို အစဖော်မိသွားပါတယ်။သူ့ကောင်လေးက Journalist ဆိုတော့ ထုံစံအတိုင်း အမှုကို အစကနေ သူ့ဘာသာသူ ပြန်စုံစမ်းရင်း ဘာတွေကိုသိသွားမှာလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အိပ်ယာပေါ်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတာမို့ 18 ယောက်စုပြီးမှ ကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ...
movie

Jezabel (2022) Sünden der Vergangenheit

2022
The Dinner Guest (2022) El comensal 5.2
The Dinner Guest (2022) El comensal   The Dinner Guest (2022)IMDb Rating (5.2) "El Comensal" ကတော့ 2022 ခုနှစ်တွင် ထွက်ရှိလာတဲ့ စပိန် ဒရာမာဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Ángeles González-Sinde ကဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ ETA အဖွဲ့၏လက်ချက်နဲ့ ဖြစ်လာတဲ့ မိသားစုရဲ့စိတ်ဒဏ်ရာတွေကိုပြန်လည်ပြီးတော့ ကုစားတာမြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းထဲကသရုပ်ဆောင်ကောင်းတွေနှင့် ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားချက်မျိုးစုံရမှာဖြစ်တယ် ။Ginés García Millán, Susana Abaitua, Adriana Ozores တို့၏ သရုပ်ဆောင်မှုများက ဇာတ်ကားကို ပိုမိုကျစ်လစ်ကောင်းမွန်စေပါတယ်။အတိတ်နှင့် ပစ္စုပ္ပန်ကြားက ချိတ်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းတွေက မိသားစုရဲ့စိတ်ခံစားချက်တွေကိုသေချာရိုက်ပြထားသလို နည်းနည်းတော့ရှုပ်ထွေးတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။"El Comensal" သည် မိသားစုရဲ့ အတိတ်ကို ရှင်းလင်းဖြေရှင်းဖို့ကြိုးစားပြီ စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ပြီးတော့ရှေ့ဆက်လှမ်းဖို့ကြိုးပမ်းမယ့်ပုံစံပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)File size…(1.4 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:39 Subtitle….Myanmar ...
movie

The Dinner Guest (2022) El comensal

2022
Hundreds of Beavers (2022) 7.7
Hundreds of Beavers (2022)  Hundreds of Beavers (2022)IMDb Rating (7.7) / Rotten Tomatoes (97%) အသံတိတ်ဟာသရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဝေဖန်ရေးဆရာတွေ ချီးကျူးကြတဲ့ဇာတ်ကားဖြစ်ပြီးအကြောင်းကတော့ ၁၉၂၀ နဲ့ ၁၉၃၀ ခုနှစ်တွေက စကားမပြောတဲ့ အဖြူအမည်းအသံတိတ်ရုပ်ရှင်တွေအတိုင်း တစ်ထေရာတည်းတူအောင် ပြန်လည်ဂုဏ်ပြုရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ဇာတ်လမ်းကတော့ ၁၉ ရာစုက လူတစ်ယောက် နှင်းတောထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပုံ၊ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကိုကျော်လွှားနိုင်ဖို့ ကြိုးပမ်းရင်း ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ဖြစ်လာပုံကိုအချစ်ဇာတ်လမ်းလေးပါ ပေါင်းထည့်ထားတဲ့ ဒီအသံတိတ်ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ (အညွှန်းရေးသားသူကတော့ Thaik San ဖြစ်ပါတယ်။)File size…(4.5 GB) / (3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy Duration….01:49:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin
movie

Hundreds of Beavers (2022)

2022
Tehranto (2022) 5.8
Tehranto (2022)  Tehranto (2022)IMDb Rating (5.8) ရုပ်ရှင်ဇာတ်လမ်းဟာ တိုရွန်တိုမြို့ရဲ့ ထူးခြားတဲ့ အလှပပုံရိပ်နောက်ခံမှာ၊ အီရန်ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ဘဝတွေကြားက ပဋိပက္ခတွေကို ပြသထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဘာဒီးက နဲ့ ဟန်နာ တို့က ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ မျိုးဆက်အဆက်ကြား ကွာဟမှုတွေကြားက အချစ်တစ်ခုကို ဖော်ဆောင်သွားကြတာ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ သဘာဝကျတဲ့ ဟာသတွေနဲ့ အလှအပလှုံ့ဆော်မှုတွေ ပါဝင်ပြီး၊ ခေတ်သစ်နဲ့ ရိုးရာကြား ပေါင်းစည်းမှုတွေကို ရိုမန့်တစ်ဆန်ဆန် ရှုစားရမှာ ဖြစ်ပါတယ်။Tehranto ဟာ အချစ်နဲ့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ လမ်းစဉ်တစ်ခုကို ပရိသတ်တွေအတွက် ဖော်ဆောင်လာပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)File size…(1.2 GB) / (520 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:25:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae ...
movie

Tehranto (2022)

2022
Bizarre Again (2022) 5.8
Bizarre Again (2022)  Bizarre Again (2022)IMDb Rating (5.8) LGBT အသိုင်းအဝိုင်းက ဖြစ်ရပ်တွေ ခွဲခြားဆက်ဆံခံရမှုများအကြောင်း တင်ဆက်ထားတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။လူးကပ်စ်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ထားတာဖြစ်ပြီး သူ့ခင်ပွန်းသည်ရဲ့ သားလေး မာလွန်ကို သားအရင်းလိုချစ်တဲ့လူပါ။မာလွန်က ကျောင်းမှာ သူ့ကို g@y ဖြစ်နေလို့ လှောင်ပြောင်အနိုင်ကျင့်ကြတဲ့ကျောင်းသားတွေကို ဆက်ပြီးသည်းမခံနိုင်တဲ့အဆုံး အဆုံးစွန်လုပ်ရပ်တစ်ခုကို လုပ်မိလိုက်တယ်။အဲဒီအချိန်မှာ ခင်ပွန်းသည်ကို အားကိုးမရတဲ့ လူးကပ်စ်က သူ့အဆက်ဟောင်းဖြစ်သူ မောရစ်ကို ဖုန်းဆက်အကူအညီတောင်းရပြီး ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကတော့ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)File size…(2.2 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:53:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan
movie

Bizarre Again (2022)

2022
Amiko (2022) 7
Amiko (2022) Amiko (2022)~ IMDb – 7/10, MyDramaList – 7.5/10 ~ဟီးရိုရှီးမားမြို့မှာနေတဲ့ အာမီကိုဆိုတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့မတူ စာသင်နေတုန်းသီချင်းဆိုတာတို့ ခြေဗလာနဲ့လျှောက်သွားနေတာတို့စတဲ့ ထူးဆန်းတဲ့အပြုအမူတွေကိုလုပ်လေ့ရှိသူပါ။ သူ့မှာ အစ်ကိုတစ်ယောက်ရယ်၊ လူတိုင်းအပေါ် သဘောကောင်းတဲ့အဖေရယ်၊ အိမ်မှာပဲ လက်ရေးလှသင်တန်းကျောင်းဖွင့်ထားတဲ့ ကိုယ်ဝန်ဆောင်သူ့အမေရယ် ရှိတယ်။ အာမီကိုက သူနဲ့အတန်းတူတဲ့ နိုရီ-ကွန်ဆိုတဲ့ကောင်လေးကို ကြိုက်နေတယ်။ ရိုးသား၊ အလွန်းလှတဲ့အာမီကိုရဲ့ အပြုအမူအချို့က တစ်ခါတရံ လူတွေကို စိတ်ဒုက္ခရောက်စေတတ်ပါတယ်။ အဲဒါကြောင့်ပဲ အာမီကိုရဲ့မိသားစုဘဝလေးက စိတ်မချမ်းသာစရာဖြစ်သွားခဲ့ရပါတယ်။အာမီကို ဆိုတဲ့ကလေးမလေးတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုတွေကနေတစ်ဆင့် လူ့ဘောင်ထဲကမိသားစုမျိုးစုံထဲကမှ ရှိလေ့ရှိထ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုတစ်စုရဲ့ဇာတ်ကြောင်း၊ ကလေးတစ်ယောက်ကို ရှုပ်တယ်ဆိုပြီး လျစ်လျူရှုတတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကို လက်တွေ့နဲ့မကင်းကွာအောင် ရိုက်ပြထားပါတယ်။၂၀၁၁ ခုနှစ်မှာ Natsuko Imamura ရေးသားထုတ်ဝေခဲ့တဲ့ “Kochira Amiko” ကို ဒါရိုက်တာ Yusuke Morii က ...
movie

Amiko (2022)

2022
Deep Fear (2022) 5.0
Deep Fear (2022)  Deep Fear (2022)IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ "ကာတာကွန်း" ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(950 MB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:20:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
movie

Deep Fear (2022)

2022
Smile (2022) 6.9
Smile (2022) Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie

Smile (2022)

2022
The Legend of Hawes (2022) 4.3
The Legend of Hawes (2022)  The Legend of Hawes (2022)ရက်စက်ယုတ်မာတဲ့ မသမာသူတွေလက်ချက်နဲ့ အိမ်ပြာကျပြီး မိဘတွေနဲ့မောင်လေးကို အသတ်ခံလိုက်ရပြီးတဲ့နောက်မှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပညာတတ်မိန်းမပျိုလေးက လက်စားချေဖိုအတွက် တောင်တွေဆီကို ခရီးထွက်လာခဲ့တယ်။မိန်းမပျိုလေးက မသမာသူတွေကိုသတ်ပြီး လက်စားချေဖို Hawes ဆိုတဲ့ ကျွမ်းကျင်သေနတ်ပစ်သမားကို အလုပ်ခန့်ဖို လိုက်ရှာပါတော့တယ်။Hawes ကလည်း အဲဒီမသမာသူတွေရဲ့လက်ချက်ကြောင့် ဇနီးနဲ့ သမီးငယ်လေးကို ဆုံးရှုးခဲ့ရတဲ့အမျိုးသားဖြစ်ပြီးသူတိုတွေရဲ့ လက်စားချေခရီးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဒီ Western, Horror ဇာတ်လမ်းသစ်မှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.3 GB) / (690 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Western Duration….01:20:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin
movie

The Legend of Hawes (2022)

2022
Rajawali (2022) 6.3
Rajawali (2022)  Rajawali (2022)IMDb Rating (6.3)ဒီဇာတ်လမ်းလေးကတော့ ပရိုဂရမ်ဟောင်းတစ်ခုထဲက အောက်လမ်းမှော်ကိုဖော်ထုတ်ပြီး စွမ်းအင်ရဖို့ကြိုးစားနေတဲ့ မကောင်းဆိုးဝါးအကပ်ခံရထားတဲ့ Komang နဲ့သူ့ကိုတားဆီးရမဲ့ Komang ရဲ့သား Abang Long တို့ရဲ့ မလေးရှား horror ကား တစ်ပုဒ်ပဲဖြစ်ပါတယ်။ Komang က မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ဖို့ ပရိုဂရမ်တစ်ခုကိုဖန်တီးခဲ့ပြီး ရုတ်တရက် မကောင်းဆိုးဝါးပူးခံရတာကြောင့် သူ့ရဲ့သားသမီးတွေကို စွန့်ပစ်လိုက်တယ်။Komang ရဲ့သူငယ်ချင်း Tok Wan က Abang Long တို့ကို သူ့သားသမီးအရင်းလို စောင့်ရှောက်ခဲ့ပြီး Abang Long ကြီးပြင်းလာတဲ့အခါမှာတော့အောက်လမ်းမှော်ရှိတဲ့ ပရိုဂရမ်ဟောင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင် hackers တွေကို စုဆောင်းနေတဲ့သူ့အဖေဆီကနေ သူ့ရဲ့ညီလေးနဲ့ညီမလေးကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်။)File size…(1.5 ...
movie

Rajawali (2022)

2022