Channel Myanmar

TV Movie

Bad Tidings (2024) 5.5
Bad Tidings (2024)  Bad Tidings (2024)IMDb Rating (5.5) Home Alone လိုမျိုး ခရစ္စမတ် အားလပ်ရက်ကာလမှာ အိမ်ကိုပစ္စည်းဝင်ခိုးမဲ့ သူခိုးဓားပြတွေရန်ကနေ စွန့်စားခန်းဆန်ဆန်ကာကွယ်ရတဲ့ ဟာသဇာတ်မြူး ဇာတ်ကားမျိုးကို နှစ်သက်သဘောကျသူတွေအတွက် 2024 ထွက် Bad Tidings ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နေးလ်ဟာ အိမ်တွင်းလုံခြုံရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခရစ္စမတ်မီးတွေပို တစ်နှစ်ပတ်လုံး အလှဆင်ထားတဲ့ အိမ်ရှေ့အိမ်က မျက်မမြင် စကော့နဲ့ အမြဲတမ်းကတောက်ကဆဖြစ်နေခဲ့တာပါ။တစ်ယောက်နဲ့ တစ်ယောက်လည်းမတည့်ကြတဲ့အပြင် အရွဲ့ပြိုင်တိုက်ကြရင်းနဲ့ ရပ်ကွက်စောင့်ကြည့်ကင်းအဖွဲ့မှာ တွဲဖက်လူကြီးရာထူးကို နှစ်ယောက်သားယူလိုက်ရပါတယ်။ဒီနှစ်ခရစ္စမတ်မှာတော့ သူတို့တစ်လမ်းလုံး မီးပျက်သွားတဲ့အတွက် အိမ်တွေမှာလူမရှိတာကို အခွင့်ကောင်းယူပြီးဖောက်ထွင်းဖို့လုပ်ကြတဲ့ ဘရန်နန်မိသားစုကို ရပ်ကွက်စောင့်အနေနဲ့ကျန်ခဲ့ကြတဲ့ နေးလ်နဲ့ စကော့တို့ နှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TMMT ဖြစ်ပါတယ်။)File size…(1.1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,TV Movie Duration….01:22:14 Subtitle….Myanmar Subtitle ...
movie

Bad Tidings (2024)

2024
Following Yonder Star (2024) 7.3
Following Yonder Star (2024)  Following Yonder Star (2024)IMDb Rating (7.3) TV show မှာ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အနေနဲ့ အချိန်အကြာကြီး လူသိများခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Abby က အားလပ်ရက်မတိုင်ခင်မှာပဲသူ့ရဲ့အရင်ခင်ပွန်းဟောင်း သရုပ်ဆောင်အမျိုးသားက နောက်အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတယ်။မထင်မှတ်ထားတဲ့သတင်းကြောင့် စိတ်ညစ်နေတဲ့ Abby က အပေါက်ဆိုးတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကို မရည်ရွယ်ဘဲ အော်လိုက်မိပြီးအဲဒီဗီဒီယိုက အွန်လိုင်းပေါ်မှာ ပြန့်သွားလေရဲ့။ပြန့်သွားတဲ့ ဗီဒီယိုကြောင့် နာမည်ပျက်ကိန်းကြုံနေတဲ့ သရုပ်ဆောင်မင်းသမီး Abby က ခရစ္စမတ်ပိတ်ရက်အတွင်း Vermont ဆိုတဲ့မြို့လေးမှာသတင်းသမားတွေကိုပုန်းပြီး လူမသိသူမသိနေရင်း အနားယူဖို ခရီးထွက်လာခဲ့တယ်။ဒါပေမဲ့ သူတည်းဖို့ပြင်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်က ဘိုကင်ပြည့်နေခဲ့ပြီး မြို့ရဲ့ တည်းခိုခန်းအသေးလေးမှာ မထင်မှတ်ဘဲတည်းလိုက်ရတဲ့အဖြစ်ကို ကြုံပြန်လေရဲ့။တည်းခိုခန်းပိုင်ရှင် Nick က သိပ္ပံဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့ သမီးလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး Abby က Nick ဦးစီးနေတဲ့ ခရစ္စမတ် ကလေးပြဇာတ်ကိုကူညီရာကနေ သူတိုနှစ်ဦးကြားက ...
movie

Following Yonder Star (2024)

2024
Make Me a Match (2023) 6.3
Make Me a Match (2023)  Make Me a Match (2023)IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ အိမ်ထောင်ရေး ၊ အချစ်ရေးတွေနဲ့ ပတ်သက်လို့ ဗဟုသုတတွေလည်းရမယ့်အပြင်ချစ်စရာကောင်းတဲ့ ရိုမန့်ကားကောင်းလေး တခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းDating app ကုမ္ပဏီက အလုပ်အမှုဆောင် ကောင်မလေး ဗီဗီက သူတို့ dating app လေးအောင်မြင်ဖို့ နာမည်ကြီးအောင်သွယ်တော် ရေနာဆီအကူအညီသွားတောင်းရာကနေ အောင်သွယ်ရဲ့သား ဘွမ်းနဲ့တွေ့ဆုံပြီး ထင်မထားတဲ့ အချစ်ဇာတ်လမ်းတွေ ဖြစ်လာတာကို ရင်ခုန်စွာ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။)File size…(1.7 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:24:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ran Naing Zaw 
movie

Make Me a Match (2023)

2023
A Perfect Christmas Pairing (2023) 5.3

A Perfect Christmas Pairing (2023)

2023
The Cleaner (2023) 7.8
The Cleaner (2023)  The Cleaner (2023)IMDb Rating (7.8) နာမည်ကျော် Crime drama series တွေဖြစ်တဲ့ The Cleaner တို့ The Cleaning Ladyတို့နဲ့ plotခပ်ဆင်ဆင် ထိုင်းမူဘီလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ အချစ်ရဆုံးချစ်သူဇာတ်လမ်းတွဲထဲက ဗိုလ်ကလေးခွန်ချတ်နေရာက သရုပ်ဆောင်ခဲ့တဲ့ Mean Phiravichကို main leadအဖြစ်နဲ့မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။သာမန်လူအနေနဲ့တော့ သေခြင်းတရားဆိုတာ မှောင်မိုက်နက်ရှိုင်းပြီး မှန်းဆမရတဲ့အရာဆိုပေမဲ့ အလောင်းဖျောက်တဲ့သူအတွက်တော့ သေခြင်းတရားဆိုတာ ပျောက်ကွယ်သွားတာသက်သက်ပဲတဲ့။မတရားမှုတွေ လုပ်နေတာကို ရပ်ကြည့်မနေနိုင်တဲ့ သူနာပြုအကူဝေးတစ်ယောက် ဆေးရုံရဲ့ ဆေးဝါးမသမာမှုပရောဂျက်အကြောင်းကို လိုင်းပေါ်တင်လိုက်ရာကနေလက်ရှိအလုပ်လည်းပြုတ်ပြီး ဆေးလောကရဲ့ဘလက်လစ်တင်တာပါခံလိုက်ရပါတယ်။ဒီလိုနဲ့ အလုပ်သစ်ရှာနေတုန်းမှာ ကြေးစားတစ်ယောက်က အလောင်းရှင်းလင်းရေးအလုပ်အတွက်ကမ်းလှမ်းလာခဲ့ပြီး သူပထမဆုံးရှင်းရတဲ့အလောင်းကတော့ သူ့ကိုအလုပ်ဖြုတ်ခဲ့တဲ့ ဆေးရုံပိုင်ရှင်ရဲ့သားပါပဲ။ဒါပေမဲ့ လူတွေသိထားကြတဲ့ သာမန်ဘဝကဝေးဆိုတာကတော့ ဘာလာလာပြင်တတ်တဲ့ တောက်တိုမယ်ရ အိမ်တော်ထိန်းဝေးပါပဲ။ဘာပဲပျက်ပျက် တစ်ရုံးလုံးက လာလာပြင်ခိုင်းနေတဲ့ ခိုင်းဖတ်လေးဝေးဖြစ်နေတာပေါ့။ဒီလို လာလာအကူအညီတောင်းတဲ့ထဲ ဖိုင်ဆိုတဲ့ကောင်မလေးလည်းအပါအဝင်ပေါ့။‌သူ့ရဲ့လက်ရှိအလုပ်နဲ့ အချစ်ရေးဟာ ပြဒါးတစ်လမ်း ...
movie

The Cleaner (2023)

2023
Three Wiser Men and a Boy (2024) 7.0
Three Wiser Men and a Boy (2024)  Three Wiser Men and a Boy (2024)IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့အခြေအနေဆိုက်နေပါတယ်။သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေးအဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။   (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Three Wiser Men and a Boy (2024)

2024
A Novel Noel (2024) 6.6
A Novel Noel (2024)  A Novel Noel (2024)IMDb Rating (6.6) ခရစ္စမတ်နားနီးပြီးဆိုတော့ ခရစ္စမတ်ဇာတ်ကားအသစ်စက်စက်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။November 21 တုန်းကမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ထုံးစံအတိုင်း Romance ဇာတ်ကားလေးဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာလေးနဲ့ Rating လည်းအသင့်အတင့်နဲ့ ကြည်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့နယူးယောက်မြို့ရဲ့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဟာပါ ဆိုတဲ့မိန်းကလေးဟာ အလုပ်မှာမွန်းကြပ်ပြီးသူ့ရဲ့အတွေးအခေါ် အိုင်ဒီယာတွေကို တဖန်ပြန်ပြီးခံစားမိလာအောင် ခရစ္စမတ်အားလပ်ရပ်ကို စိန့်အိုဗ်စ် ဆိုတဲ့မြို့လေးတစ်မျိုးကိုထွက်လာခဲ့ပါတယ်။အဲဒီမှာပဲရွက်ပုန်းသီးစာရေးဆရာ ဆော်ရာ နဲ့တွေ့ဆုံခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဘယ်လိုမျိုးလှလှပပဖန်တီးကြမလဲဆိုတာကိုတော့ရင်ခုန်ခံစားကြည့်လိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။  (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)File size…(1.8 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance,TV Movie Duration….01:25:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo
movie

A Novel Noel (2024)

2024
Christmas on Windmill Way (2023) 5.2
Christmas on Windmill Way (2023)  Christmas on Windmill Way (2023)IMDb Rating (5.2) Chad Michal Murray ရဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Christmas On Windmill Way နဲ့ မိတ်ဆက်ပေးပါရစေ။ပရိဘောဂတွေရောင်းတဲ့ စက်ရုံရဲ့ အမွေခံသမီးဖြစ်သူ Mia က ခရစ္စမတ် မုန့်ဖုတ်ပြိုင်ပွဲမှာ သူ့အဖွား Ann ရဲ့ မုန့်တွေ ပါဝင်ယှဥ်ပြိုင်ဖို့အတွက်တက်တက်ကြွကြွနဲ့ အားပေးနေခဲ့တယ်။ဒါပေမဲ့ မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံပါဝင်တဲ့ခြံကြီးကို သူ့အဖွား Ann က ရောင်းလိုက်ပြီဆိုတာလည်းသိရော Mia ရဲ့ တက်ကြွနေတဲ့စိတ်တွေလည်းချက်ချင်းထိုးကျသွားတယ်။အဲဒီအပြင် သူတိုရဲ့ပိုင်နက်ထဲ ဟိုတယ်ဆောက်ဖို့ ဝယ်ခဲ့တဲ့ကုမ္ပဏီရဲ့ အိမ်ခြံမြေ developer က Mia ကို အထက်တန်းကျောင်းတုန်းက တွဲပြီးထားသွားတဲ့သူ့ရည်းစားဟောင်း Brady ဖြစ်နေတာလည်းသိရော အခြေအနေတွေ ပိုရှုပ်ထွေးလာခဲ့တယ်။မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံကို ဖြိုချခံရဖို့ကိန်းဆိုက်လာလို့ Mia သူနဲ့ Brady ကြားက ခံစားချက်တွေကိုလည်း ...
movie

Christmas on Windmill Way (2023)

2023
Christmas On Call (2024)
Christmas On Call (2024) "Christmas on Call" သည် ခရစ္စမတ်နှင့် အလုပ်ကြောင့် ဘဝနှင့်ချစ်ခြင်းတို့ကို နားလည်မှုများကြားဖြတ်သန်းသွားကြောင်း ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်အဓိကဇာတ်ကောင် Julie (ဂျွန်ကာဒေးလီ) သည် အလုပ်ကြောင့် ခရစ္စမတ်ကို အချိန်ကိုမျှအောင်နေထိုင်ပြီး မိသားစုနှင့်ချစ်ကြောင်းနေစဉ်ပြောတယ်။ အဲ့လိုပဲ Matt (ခရစ်ဟန်ထ်) ဆိုသောဇာတ်ကောင်လည်း ခရစ္စမတ်ကြောင့်နဲ့ အချိန်တွေကို အဆင်ပြေလောက်အောင်ကိုနေရတာနဲ့ စိတ်ဝင်စားဖွယ်အတွေ့အကြုံများကိုမြင်ရမှာပါ ။ဒီရုပ်ရှင်မှာ အလုပ်နဲ့ ခရစ္စမတ်ကို ချိတ်ဆက်ပြီး အချိန်ကိုတန်ဖိုးထားသင့်ကြောင်း ခရစ္စမတ်နဲ့ ပျော်ရွှင်မှုတွေကို တွေ့ရမှာဖြစ်ပါသည်။ ဇာတ်လမ်းထဲမှာ ချစ်ခြင်း၊ တာဝန်ယူမှုတို့ပါဝင်ပြီးတော့ သေချာကို ရိုက်ကူးထားတော့ သရုပ်ဆောင် Julie နှင့် Matt တို့သည် ပျော်ရွှင်သော ခရစ္စမတ်ဆိုတာကို ရိုက်ကူးပြီးတော့ သူတို့ရဲ့ အချင်းချင်းနားလည်မှုတွေ ပေါင်းဖက်လာတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ပြောကြတယ်။ဒါရိုက်တာ မက်စ်နစ် ကလည်း ရစ္စမတ်၏ အဓိပ္ပါယ်ကိုပေါ်လွင်အောင်ရိုက်ကူးထားပြီးတော့မိသားစုသူငယ်ချင်းများနဲ့အပျော်တန်းအချိန်တွေတူတူကုန်ဆုံးရင်းပေါ့်ပေါ့ပါးပါးကြည့်ရှု့နိုင်ပါတယ်။File size…(1.7 GB)/(945 MB) Quality….Webrip HEVC 1080p / ...
movie

Christmas On Call (2024)

A Reason for the Season (2024)
A Reason for the Season (2024) Christmas နီးလာပြီဆိုတော့ Christmas နဲ့ပတ်သက်တဲ့ဇာတ်ကားလေးတွေ အပြိုင်အဆိုင်ထွက်လာတဲ့အချိန်ပေါ့။ဒီတစ်ခါဇာတ်ကားလေးကတော့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ A Reason For A Season ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။Elizabeth Lane လို့ခေါ်တဲ့ Single Mother လေးတစ်ယောက်ဟာ သူမရဲ့အိမ်မက်ဖြစ်တဲ့ အလှကုန်ပစ္စည်းကုမ္မဏီကြီးတည်ထောင်ချင်တဲ့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးလိုက်ရောင်းနေတဲ့သူပါ။ သူမဟာ Christmas ညမှာ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေတုန်း ဗိုက်နာလာတဲ့အတွက် Brookswood လို့ခေါ်တဲ့မြို့လေးမှာဝင်နားခဲ့ရပါတယ်။စိတ်ကောင်းရှိတဲ့ မြို့သားတစ်စုဟာ စားသောက်ဆိုင်ထဲမှာ အစည်းဝေးလုပ်နေတုန်း Elizabeth အကူညီလိုတဲ့အခါ သူမကို စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့တဲ့အတွက် Elizabeth ရော ကလေးပါ‌အသက်ရှင်ခဲ့ရပါတယ်။ Elizabeth က သူ့သမီးလေးမွေးတဲ့ Christmas Eve နေ့ကိုအစွဲပြုပြီး Evie လို့ နာမည်ပေးခဲ့ပါတယ်။၃၅နှစ်ကြာတော့ Elizabeth ဟာ သူ့တို့သားအမိကိုကူညီခဲ့တဲ့ Brookswood မြို့ကမြို့သူမြို့သားတွေကို ပြန်ကျေးဇူးဆပ်ဖို့ Evie ကိုလွှတ်လိုက်ပါတယ်။Evie တစ်ယောက် ...
movie

A Reason for the Season (2024)

Betrayed by Love (2024) 5.4
Betrayed by Love (2024)  Betrayed by Love (2024)IMDb Rating (5.4) October 6, 2024 Date နဲ့အသစ်စက်စက်ထွက်ရှိထားတဲ့ Drama/Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Director Marla Sokoloff ရိုက်ကူးထားပြီး မင်းသမီးချော Sara Ball အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ခင်ပွန်းနဲ့သားတစ်ယောက်ကို ကားမတော်တဆမှုကြောင့် ရုတ်တရက်ထားခဲ့လိုက်ရတဲ့ ရိုင်လီ ရဲ့သေဆုံးမှုကို မသင်ကာလို့ဆိုပြီး...... "မှုခင်းစောင့်ကြည့်သူများ" ဆိုတဲ့ဝဘ်ဆိုဒ်မှာအလုပ်လုပ်နေတဲ့ ညီမဖြစ်သူ ကယ်ရီ ဟာ မရမကလိုက်စုံစမ်းပါတော့တယ်။ငယ်သူငယ်ချင်းဖြစ်တဲ့ စုံထောက် ဒိုင်လန် ကလည်း မတော်တဆမှုဟုတ်/မဟုတ်ဆိုတာကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရသမျှအကူအညီပေးပြီးစုံစမ်းပေးရာကနေ ကယ်ရီ ဟာဇာတ်ရှုပ်ကြီးတစ်ခုလုံးကို တစ်စပြီးတစ်စမြေလှန်ပါတော့တယ်။ရိုင်လီ ဟာတကယ်ပဲမတော်တဆမှုကြောင့်သေသွားရတာလား။ဒါမှမဟုတ် အကွက်ကျကျလုပ်ခံလိုက်ရတာလား။တကယ်လို့လုပ်ကြံခံရတာဆိုရင်လည်း ဘယ်သူလုပ်ခဲ့တာလဲ ကယ်ရီ ကလည်းလိုက်စုံစမ်းရင်းနဲ့ဘယ်လိုအန္တရာယ်မျိုးတွေတွေ့ကြုံရဦးမလဲဆိုတာကိုတော့။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)File size…(1.6 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,TV Movie Duration….01:25:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ...
movie

Betrayed by Love (2024)

2024
The 5-Year Christmas Party (2024)
The 5-Year Christmas Party (2024) 2024 ‌Octoberနှောင်းပိုင်းမှာထွက်ရှိခဲ့ပြီး Holiday, Romance Genres အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The 5 Year Christmas Party လေးကတော့ တက္ကသိုလ်တက်နေတဲ့လူငယ်နှစ်ဦးရဲ့ School Life ကိုအသားပေး‌ဖော်ပြတာမဟုတ်ပဲ ခရစ္စမတ်ကာလ ၅ခုမှာ သူတို့ဘယ်လိုတွေဖြတ်သန်းလဲဆိုတဲ့ Holiday POV ကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပြဇာတ်ဘာသာရပ်ကို သင်ယူနေကြတဲ့ Alice နဲ့ Max တို့ Christmas Party တစ်ခုမှာ ဆုံကြပုံနဲ့ အစပျိုးထားပါတယ်။ ရည်မှန်းချက်ကြီးလွန်းတဲ့ကောင်မလေး Alice ဟာ သူ့အမေလုပ်ငန်းဆုံးရှုံးသွားတဲ့အခါ အိမ်ငှားခ၊ ကျောင်းလခတွေအတွက် အလုပ်ရှာရပါတော့တယ်။ တစ်ချိန်တည်းမှာတော့ Max ဆိုတဲ့ကောင်လေးက သရုပ်ဆောင်လုပ်ဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရင်း ကြိုးစားနေချိန်ပါ။Alice က Max ရဲ့အစ်မ Pam ရဲ့Catering Serviceမှာ သူငယ်ချင်း Daniel အကူအညီနဲ့ အလုပ်ရခဲ့ပြီး Max ကတော့ Audition တွေလုပ်ရင်း ...
movie

The 5-Year Christmas Party (2024)

South Park the Streaming Wars (2022)
South Park the Streaming Wars (2022) South Park စီးရီးတွဲကနေ 2022 မှာ ထွက်ရှိခဲ့တဲ့ The Streaming Wars ပထမကားဖြစ်ပါတယ်။ ဒီထဲမှာတော့ ဟော့ဒေါ့ထဲနေ နေရတဲ့ Cartman က သူ့အမေကို သူဌေးကြိုက်ဖြစ်လာအောင် ရင်တုထည့်ခိုင်းပါတယ်။ဆာဂျရီခ ပေးနိုင်ဖို့ သူတို့ သူငယ်ချင်းတွေက ရေဆက်သွယ်ရေး ဝန်ဆောင်မှုတွေအတွက် လှေအသေးလေးတွေ လုပ်ပေးရင်း ငွေရှာကြပြီး ဒီ ရေဝန်ဆောင်မှုတွေရဲ့ တိုက်ပွဲ နောက်ကွယ်က ဗီလိန်အစစ်က ဘယ်သူလဲဆိုတာကို တွေ့ရမှာပါ။တကယ့် လက်တွေ့က TV streaming services တွေရဲ့ တိုက်ပွဲကို ရေဝန်ဆောင်မှုတွေ အနေနဲ့ satire ရိုက်ကူးထားတာ ဖြစ်ပါတယ်။File size…(600 MB)/(300 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Animation, Comedy, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by ...
movie

South Park the Streaming Wars (2022)

The Heiress and the Handyman (2024)
The Heiress and the Handyman (2024) June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...TV Movie, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife 
movie

The Heiress and the Handyman (2024)

Love on the Danube: Love Song (2024)
Love on the Danube: Love Song (2024) ဆာရာနဲ့ ဂျူလီယာတို့ သားအမိဟာ အားလပ်ရက်မှာ အချိန်အတူတူ ကုန်ဆုံးချင်တဲ့အတွက် အပျော်စီးသဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျက်တို့ သားအဖဟာလည်း အချင်းချင်း ပိုရင်းနှီးလာအောင် သဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ဒီလိုနဲ့ ဆာရာနဲ့ ဂျက်တို့ သင်္ဘောပေါ်မှာ အမှတ်မထင် ဆုံတွေ့မိပြီး ရင်းနှီးသွားရာက မိဘတွေအကြောင်း စကားစပ်မိပြီး ဆာရာ့အမေနဲ့ ဂျက်ရဲ့အဖေတို့ဟာ အိမ်ထောင်ဖက်တွေ ဆုံးသွားလို့ စိတ်ဒဏ်ရာရနေတဲ့အကြောင်း ပြောဖြစ်ကြပြီး သူတို့ မိဘတွေကို အောင်သွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို သူတို့မိဘတွေက ချစ်ကျွမ်းဝင်သွားမလား၊ စီစဉ်တဲ့သူနှစ်ယောက်ကပဲ ချစ်ကျွမ်းဝင်သွားမလားဆိုတာကို ကြည်နူးဖွယ်ကြည်ရှုရမဲ့ Romance Comedy ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။File size…(1.7 GB)/(829 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...  TV Movie , Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo 
movie

Love on the Danube: Love Song (2024)

Aurora Teagarden Mysteries: A Lesson in Murder (2024)
Aurora Teagarden Mysteries: A Lesson in Murder (2024) Aurora Teagarden Mysteries Series ထဲက Canadian Director Jessica Harmon ရဲ့ ဒုတိယမြောက် လက်ရာဖြစ်တဲ့ A Lesson in Murder ဇာတ်လမ်းဟာဆ်ိုရင်တော့ဖြင့် Crime, Mystery, Thriller အမျိုးအစားဖြစ်ပါတယ် ဖြစ်ရပ်မှန်မှုခင်းဘာသာရပ်ကို သင်ကြားပေးနေတဲ့ Professor Lindo နဲ့ Aurora တို့ရဲ့ အတန်းက ကျောင်းသားတစ်ယောက်က သူတို့သင်ကြားခဲ့တဲ့ အဆိပ်တစ်မျိူးနဲ့ပဲ အဆိပ်ခတ်ပြီး လုပ်ကြံခံလိုက်ရပါတယ်အဲဒီအခါမှာ စုံထောက်အဖွဲ့နဲ့ပူးပေါင်းပြီး တရားခံရှာဖို့ကြိုးပမ်းပါတော့တယ် အဲဒီအချိန်မှာတော့သံသယတရားခံများစွာ ပေါ်ထွက်လာခဲ့ပြီး သံသယရှိ‌‌သူတွေကြားမှာ Professor Lindoရဲ့လက်‌ထောက်‌ဟောင်းကိုယ်တိုင် ပါဝင်နေတဲ့နောက်မှာတော့ ... Aurora ရဲ့ စူးစမ်းစိတ်နဲ့ သူ့ကျောင်းသားရဲ့အမှုမှန်ကို ဖော်ထုတ်လိုစိတ်‌က ဒီအမှုအမှန်တရားပေါ်လာဖို့ တကယ်ပဲ အထောက်အကူဖြစ်လာမလား စုံထောက်အဖွဲ့ကရော ဒီအမှုရဲ့ သက်သေ‌တွေရှာဖွေရင်း တရားခံအမှန်ကို ရှာတွေ့နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ခန့်မှန်းရင်း ကြည့်ရှုရမယ့် ...
movie

Aurora Teagarden Mysteries: A Lesson in Murder (2024)

Love in Wolf Creek (2022)
Love in Wolf Creek (2022)  ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

Love in Wolf Creek (2022)

A Very Vermont Christmas (2024)
A Very Vermont Christmas (2024)  ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe's ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ ...
movie

A Very Vermont Christmas (2024)

Temptation Under the Sun (2022)
Temptation Under the Sun (2022)  ဒီထရိုက်မြို့မှ စုံထောက်မလေး"ကာဆေဒီခရူးဇ်"ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ "ထရာဗစ်ကင်း"ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ "မင်နာဗာ"တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ "ထရာဗစ်"ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ်မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား....... သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ...... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... Thriller, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Temptation Under the Sun (2022)

The Killer Inside: The Ruth Finley Story (2024)
The Killer Inside: The Ruth Finley Story (2024)  အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ...
movie

The Killer Inside: The Ruth Finley Story (2024)