Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Life
7.0
Happiness (2007)
Happiness (2007)*****************IMDb..... 7.0 ဒီတစ်ခါမှာတော့ Hwang Jung-min၊ Im Soo-jung နဲ့ Gong Hyo-jin တို့လို တကယ့် ထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားပြီး သူ့ခေတ်သူ့အခါတုန်းက ရုံဝင် အရမ်းကောင်းခဲ့တဲ့ Happiness ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ပြိုးပြိုးပြက်ပြက် မီးရောင်တွေအောက်က ကလပ်ပိုင်ရှင် ယောင်းဆူ...ကလပ်ပိုင်ရှင်ပီပီ အရက်၊ဆေးလိပ် အကုန်သောက်ရာကနေ အသည်းခြောက်ရောဂါကဖြစ် စီးပွားရေးကလည်းတစ်စတစ်စ ဆုတ်ယုတ်လာပြီး နောက်ဆုံး နယ်မြို့လေးမှာရှိတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေဖို့ဖြစ်လာတော့တယ်။ယောင်းဆူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာပြီးနောက်မှာပဲ အဲဒီမှာရှိနေတဲ့ နာတာရှည်အဆုတ်ရောဂါသည်လေးအွန်ဟီးနဲ့ လူငယ်ချင်း သဘောကျရာကနေ နှစ်ယောက်အတူ အပြင်ထွက်နေဖို့ လုပ်ပါတော့တယ်။ရောဂါသည်နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တာ အဆင်ပြေပါ့မလား..မြို့ကြီးသားယောင်းဆူကရော နယ်ဘက်မှာ သူနေခဲ့တဲ့ ဘဝနဲ့ လုံးဝ မတူတော့တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလား..ယောင်းဆူရဲ့ ရည်းစားဟောင်း ဆူယွန်းပေါ်လာတဲ့အခါမှာရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုသရုပ်ဆောင်ချက် အမိုက်စားတွေနဲ့ လှလှပပ ပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့အတွက် ကြည့်ကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File ...
movie
Happiness (2007)
6.7
Goodbye Mom (2009)
Goodbye Mom (2009)************************IMDb..... 6.7 Goodbye Mom ကတော့ ၂၀၀၉ခုနှစ်မှာထွက်ခဲ့ပြီး အမေနဲ့သမီးကြားက ဆက်ဆံရေးကိုဦးစားပေးရိုက်ကူးထားတဲ့ မိသားစုကိုရီးယားဟာသကားလေး တစ်ကားဖြစ်ပါတယ်။၂၀၁၀ ခုနှစ် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Director for Asian New Talent ဆုကိုလည်းဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ တစ်ကားလုံးရသအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ သမီးအဖြစ် Good casting, Hello Me တို့ထဲက ဝါရင့်မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ Choi Kang Hee ရဲ့ ငယ်စဉ်အရွယ်ကို မြင်တွေ့ရမှာဖြစ်ပြီး အမေအဖြစ်အနေနဲ့ကတော့မင်းသမီးကြီး Kim Young Ae က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း-အယ်ဂျာ (Choi Kang Hee) ကတော့ စာရေးတဲ့နေရာမှာပါရမီပါပြီး ကျောင်းပညာရေးမှာပါထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လိမ္မာတဲ့စံပြကျောင်းသူပုံစံမျိုးမဟုတ်ဘဲ ဂျစ်ကန်ကန်နဲ့အမြဲတမ်း ပြဿနာရှာနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။အယ်ဂျာရဲ့ အမေဖြစ်သူ (Kim Young Ae) ကတော့ အယ်ဂျာ ...
movie
Goodbye Mom (2009)
6.6
The Lines That Define Me (2022)
The Lines That Define Me (2022)********************************IMDb..... 6.6ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိတဲ့Drama အမျိုးအစား The Lines That Define Me ဆိုတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။အနုပညာအမျိုးအစားထဲမှာမှ ပန်းချီပညာဟာ လူတွေနဲ့စိတ်နှလုံးကို နှစ်သိမ့်ကြည်နူးစေတဲ့ရသမျိုးပေးစွမ်းနိုင်တာကို ဒီဇာတ်ကားလေးမှာ ခံစားကြရမှာဖြစ်ပါတယ်။Drama ဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ဖွဲ့တည်ဖန်တီးတင်ပြပုံကောင်းတဲ့ဇာတ်ကားလည်းဖြစ်တာကြောင့် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။-ဇာတ်လမ်းအကျဉ်း-အာအိုယာမ ဆိုဆုခဲ ဆိုတဲ့ ဥပဒေကျောင်းသားလေးဟာ သူငယ်ချင်းဖြစ်သူ ခိုမေးရဲ့တောင်းဆိုချက်ကြောင့် ဂျပန်ရိုးရာပန်းချီပညာရှင် ခိုဇန် ရှီနိုဒါ ရဲ့ ကိုယ်တိုင်ရေးဆွဲတင်ဆက်တဲ့ပန်းချီပြပွဲမှာ သွားကူညီပေးခဲ့ပါတယ်။ ပန်းပုံပန်းချီမြင်ချိန်မှာ ခံစားချက်များ ပေါက်ကွဲသွားတဲ့ဆိုဆုခဲကို မြင်သွားတဲ့ ဆရာခိုဇန်ဟာ ဆုခဲကို သူ့တပည့်ခံဖို့ရာ ကမ်းလှမ်းခဲ့ရာကနေဂျပန်ရိုးရာပန်းချီနဲ့ပတ်သက်ပြီး သေချာမသိတဲ့ ဆိုဆုခဲတစ်ယောက် ဆရာခိုဇန်ဆီမှာဂျပန်ရိုးရာပန်းချီကို လေ့လာဖြစ်သွားပါတော့တယ်။ဂျပန်ရိုးရာပန်းချီပညာကို ဆရာခိုဇန်က ဆိုဆုခဲကို ဘယ်လိုတွေ သင်ကြားပေးမှာလဲ...ပန်းချီထဲက လေ့လာရသမျှက ဆိုဆုခဲရဲ့စိတ်ဒဏ်ရာ ဘဝအတွေးအမြင်ကို ဘယ်လိုတွေပြောင်းလဲပေးနိုင်မှာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ရှုစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ ...
movie
The Lines That Define Me (2022)
6.1
A Reason to Live (2011)
A Reason to Live (2011)***********************ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီး မင်းသား မင်းသမီးတွေပါဝင်တဲ့ Life, Drama အမျိုးအစားလေး A reason to live ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..သရုပ်ဆောင်တွေအနေနဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ရင်ထဲရောက်သွားတဲ့ မင်းသမီးချောလေး အွန်စော Song Hye Kyo, Good Partners ကားထဲက ရှေ့နေဟန် မင်းသမီး Nam Ji Hyun, Mother of Mine ကားထဲက မင်းသား Ki Tae Young, နဲ့ Desperate Mrs. Seonju ကားထဲက မင်းသား Song Chang Eui တို့ပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအညွှန်း*************မတော်တဆမှုတစ်ခုကြောင့် စေ့စပ်ထားတဲ့သူ ဆုံးရှုံးသွားတဲ့ ဒါဟယ်(Song Hye Kyo)ဟာ ကတ်သလစ်ဘာသာ ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနဲ့ အပြစ်သားကို ...
movie
A Reason to Live (2011)
7.0
A Little Princess (2019)
A Little Princess (2019)***************************ဒီတစ်ခါမှာတော့ ကြည့်ရူခံစားသူတို့အတွက် အဘွားကို လွမ်းရင်းကြည်နူးမှုအပြည့်နဲ့ ရသမျိုးစုံကို ငြိမ့်ငြိမ့်လေးခံစားသွားရစေမဲ့ ရုပ်ရှင်လေးတစ်ကားတင်ဆက်ပေးပါရစေ။အခုလက်ရှိ နာမည်ကြီးနေတဲ့ When Life Gives You Tangerines မှ သရုပ်ဆောင်များဖြစ်ကြရုံသာမက ကိုရီးယားဇာတ်ကားတိုင်းမှာလိုလို အမေအဖြစ် အဘွားအဖြစ်တွေ့ရတဲ့ မင်းသမီးကြီး Na Moon Hee နှင့်တကွ အိုဂျယ်နီဇာတ်ကောင် တစ်ဖြစ်လှည့် Train to busanမှ ကလေးမလေး Kim SooAhn တို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားကြပါတယ် ..အသက် ၇၂နှစ်အရွယ် အဘွားဗြောင်မာဆွန်းဟာ နယ်မြို့လေးမှာပဲ တစ်ကိုယ်တော် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့ပေမဲ့ တစ်နေ့မှာတော့ အိမ်ကနေထွက်သွားတဲ့ သမီးဖြစ်သူရဲ့ ကလေးနှစ်ယောက်ရောက်ချလာပါတော့တယ်။ပျိုဖော်ဝင်စအရွယ်မြေးမလေး နာဂုံဂျူ နဲ့ မွေးကင်းစအရွယ်မြေးမလေးနာဂျင်းဂျူအပေါ် ကံကြမ္မာဆိုးများဝင်ရောက်လာတဲ့ကြားထဲမှ ဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ..မြေးမလေးတွေကို ဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာကို သဘောဝဆန်ဆန်ကြည့်ရူရမဲ့အပြင် မြေးမလေးဂုံဂျူရဲ့ အဘွားအပေါ်မလျော့တဲ့အချစ်တွေကိုလည်း ခံစားကြရဦးမှာဖြစ်ပါတယ်။ (အညွှန်းကို Khin Ni မှ ရေးသားထားပါတယ်) File size…1.59GB / 699MB Quality… WEB-DL 1080p/ ...
movie
A Little Princess (2019)
5.7
Trumpet of the Cliff (2016)
Trumpet of the Cliff (2016) ************************** IMDb.....5.7 Romance/Drama type ကိုမှ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးချင်တဲ့ movie လေးပါ။2019 ကထွက်ရှိထားတာဖြစ်ပြီး အာအိုအိအဖြစ် Miyauchi Hitomi နဲ့ ဂျီအိုအဖြစ် Lee Byung Hun တို့ကအဓိက ပါဝင်ထားပြီး ကိုရီးယား-ဂျပန် ဖက်စပ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အာအိုအိဆိုတဲ့ တိုကျိုမှာ ဓာတ်ပုံပညာကို လေ့လာနေတဲ့ကောင်မလေးက နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ရပြီးသူ့ဦးလေးရှိတဲ့ အိုကီနာဝါက ကျွန်းလေးတစ်ကျွန်းမှာ နေပြန်ကောင်းလာစေဖို့ အနားယူလာယူနေတဲ့ သူလေးပါ။ကင်မရာလေးကိုင်လို့ သူစိတ်ဝင်စားတဲ့အရာကို ဓာတ်ပုံရိုက်နေတုန်းမှာ ခရာမှုတ်သံကို ကြားလိုက်ရပြီးဂျီအိုဆိုတဲ့ကောင်လေးနဲ့ ဆုံခဲ့ရပါတယ်။ အဲဒီကစလို့ ဂျီအိုနဲ့ အာအိုအိတို့အကြား ဘယ်လိုတွေ ကြုံတွေ့ပြီးဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲဆိုတာကိုတော့..romance ကားဆို မင်းသား မင်းသမီး ချောချောလေးတွေနဲ့ ဇာတ်ကောင်းကောင်းလေး ကြည့်ချင်တဲ့သူလေးတွေအကြိုက်ဖြစ်စေမဲ့ကားလေးမလို့ ကြည့်ကြည့်ဖို့ ထပ်လောင်းပြောဆိုချင်ပါတယ်ရှင်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ KIM ပဲ ဖြစ်ပါတယ်။) File Size : ...
movie
Trumpet of the Cliff (2016)
6.1
Buzzy Noise (2024)
Buzzy Noise (2024) ******************* ဒီကားလေးက manga series ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားပြီး ဒါရိုက်တာ Hiroki Kazama ရဲ့ လက်ရာဖြစ်ပါတယ် .. ဇာတ်ကားထဲမှာ Hana Amano, Kai Inowaki, Takumi Kawanishi နဲ့ Wan Marui တို့ ပါဝင်သရုပ်ဆောင်ထားပြီး Music, Romance, Life အမျိုးအစားဖြစ်တာမို့ ရိုရိုချိုချိုကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဉ်းကတော့ ********************* နေ့ခင်းမှာ တိုက်ခန်းမန်နေဂျာအဖြစ် လုပ်ကိုင်နေသူ ကီယိုဆူမီဟာ ညဘက်မှာဆို သူ့အခန်းထဲမှာပဲ အီလက်ထရွန်နစ်နဲ့ သံစဉ်တီးရင်း ဘဝကို သာမန်ပဲ ဖြတ်သန်းနေတဲ့သူပါ။တစ်နေ့မှာတော့ ညဘက် သူ့ရဲ့သီချင်းသံကြောင့် အနှောင့်အယှက်ဖြစ်ကြောင်း တိုက်ခန်းမှာ နေထိုင်သူက တိုင်ကြားလာတာကြောင့် သူ့ကို တိုက်ခန်းအုပ်ချုပ်သူက အလုပ်ဖြုတ်တဲ့အထိ အရေးယူမှာဖြစ်ကြောင်း သတိပေးလာခဲ့ပါတယ်။အူရှီယိုဆိုတဲ့ မိန်းကလေးကတော့ နေ့ခင်းဘက် စားသောက်ဆိုင်မှာ လုပ်ရင်း ညဘက်မှ တိုက်ခန်းကို ပြန်လာသူဖြစ်ပါတယ်။ ကီယိုဆူမီရဲ့ အခန်းကနေ ညဘက်မှာ ထွက်လာတတ်တဲ့ သီချင်းသံကို တိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။တစ်နေ့ အူရှီယိုရဲ့ လှေကားမီးပျက်နေတာကို ...
movie
Buzzy Noise (2024)
A Matter of Interpretation (2014)
A Matter of Interpretation (2014) *********************************အိပ်မက်တွေဟာ ကိုယ်ချိုးနှိမ်ဖိနှိပ်ထားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့နေရာလို့ လူတွေ ပြောလေ့ရှိတယ်။ခံစားချက်တွေ၊ နက်ရှိုင်းစွာ တည်ရှိနေတဲ့ အာသီသတွေကို ထုတ်ဖော်ပေးတဲ့ နေရာတစ်ခုပေါ့...ပြဇာတ်မင်းသမီး ယွန်းရှင်းဟာ အိပ်မက်တွေအပေါ် အယုံအကြည်သိပ်မရှိပါဘူး။ လက်တွေ့ဆန်လွန်းလှတဲ့...သူမရဲ့ဘဝကြောင့် စိတ်ကူးယဉ်နိုင်စွမ်းတွေလည်း ကင်းမဲ့နေခဲ့တာ ကြာပါပြီ။ တစ်နေ့ သူမရဲ့ပြဇာတ်ကို...ပရိသတ်တစ်ဦးမှ မလာတဲ့အခါ ဘဝကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ သူမအနေနဲ့ တစ်ခါကချစ်ခဲ့ရတဲ့ ပြဇာတ်ရုံထဲကနေ...ဒေါသမာန်နဲ့ ထွက်လာခဲ့တော့တယ်။ အဲဒီနောက် စိတ်မကြည်မလင်နဲ့ အနီးအနားက ပန်းခြံတစ်ခုကိုသွားပြီး...ဆေးလိပ်ဖွာနေတုန်း အိပ်မက်အဓိပ္ပာယ်ဖော်တတ်တဲ့ စုံထောက်တစ်ဦးနဲ့ တွေ့ဆုံတော့တယ်။ ဒီလိုနဲ့ ပြဇာတ်သရုပ်ဆောင်...ယွန်းရှင်းဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူမရဲ့စိတ်ပြင်းပြမှုတွေ၊ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ စိတ်ရဲ့အနက်ရှိုင်းဆုံးထဲက...ခံစားချက်တွေကို ပိုနားလည်သဘောပေါက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာတော့တယ်။ အူကြောင်ကြောင်နဲ့...ဟာသလေးတွေနှောထားတဲ့ လွမ်းဆွေးစရာ ဒရမ်မာရုပ်ရှင်လေးဖြစ်တာမို့ ကြည့်တဲ့အချိန်...အထူးအဆန်းလေးဖြစ်နေမှာ သေချာပါတယ်။ Indie films တွေ နှစ်ခြိုက်သူအဖို့တော့ ဒါက hidden gem ပါပဲ။ဇာတ်လမ်းအညွှန်းကို ...
movie
A Matter of Interpretation (2014)
6
Because I Hate Korea (2024)
Because I Hate Korea (2024)******************************မိမိ မွေးဖွားလာခဲ့တဲ့ အမိမြေဆိုပေမဲ့ မနေချင်လောက်အောင် မုန်းမိတဲ့ အချိန်ဆိုတာမျိုး ရှိကြမှာပါ။အကြောင်းပြချက် ကိုယ်စီကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ဘဝတိုးတက်ရာ လမ်းကြောင်းကို ရှာဖွေဖို့နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိကြတာပေါ့။အခုတင်ဆက်ပေးမဲ့ ဒီဇာတ်ကားလေးကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ဂျူဂယ်နာရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းဘဝဟာ အသွားအလာ လုပ်ချိန်နဲ့တင်၂နာရီ နီးပါး ကြာတဲ့အထိ စိတ်ညစ်ညူးစရာ ဖြစ်လို့နေပါတယ်။လူအများနဲ့ ကွဲထွက်ပြီး ဇီဇာကြောင် လက်ပေါက်ကပ်တတ်သူလည်း ဖြစ်တာမို့လို့သူ့ဘဝက သူ့စိတ်တိုင်းကျ ဖြစ်မနေပါဘူး။တဖြည်းဖြည်းနဲ့ ဘဝတက်လမ်း မရှိဘူးလို့ ခံစားလာရတဲ့ ဂယ်နာဟာ အမိမြေ ကိုရီးယားကိုစွန့်ခွာပြီး နယူးဇီလန်မှာ အခြေချ နေထိုင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။မိသားစုနဲ့ ချစ်သူကိုပါ စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်သွားရင်းသူ လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ဘဝရဲ့ အနှစ်သာရတွေကို ခံစားနိုင်မလားဆိုတာကိုတော့ဇာတ်ကားထဲမှာ ကြည့်ရှူခံစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet ...
movie
Because I Hate Korea (2024)
7.9
Love in the Big City (2024)
Love in the Big City (2024)******************************IMDb... 7.9 Series အနေနဲ့ အရင် ထွက်ရှိခဲ့တဲ့ Love In The Big City ရဲ့ Movie Version ထွက်ရှိလို့ လာပါပြီ။Movie Version မှာတော့ လောလောလတ်လတ် Exhuma ဇာတ်ကားနဲ့ ဆုတွေ ဆွတ်ခူးရရှိထားတဲ့မင်းသမီး Kim Go Eun နဲ့ Soundtrack 2, Curtain Cell အစရှိတဲ့ ဇာတ်လမ်းတွဲထဲကမင်းသား Noh Sang Hyunတို့က Main Cast အဖြစ် ပါဝင်ထားပါတယ်။(ယခုကားနဲ့ပဲ မင်းသား Noh Sang Hyun ဟာ 45th Blue Dragon Film Awards မှာတက်သစ်စ အမျိုးသားသရုပ်ဆောင်ဆု ကိုရရှိခဲ့ပါသေးတယ်။)-ဇာတ်လမ်းအညွှန်း-ပြင်သစ် ဘာသာ စကားကို အထူးပြုလေ့လာနေတဲ့ ...
movie
Love in the Big City (2024)
7.3
Kim Ji Young: Born 1982 (2019)
Kim Ji Young: Born 1982 (2019)**********************************ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ...ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြား အတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်... ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်.. Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ... တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး...တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်)File size…1.85GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Psychological, Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by AHtet
movie
Kim Ji Young: Born 1982 (2019)
6.3
Familyhood (2016)
Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် ..Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ ..ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် 'အရူးမ'လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ ..ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ ..ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် ...
movie
Familyhood (2016)
6
I Am Happy (2008)
I Am Happy (2008)**********************ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကငိုရမှကြည့်ချင်ပါတယ် ဇာတ်နာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်တဲ့ I am happy ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိက သရုပ်ဆောင်တွေအနေနဲ့လည်း ဂျိုမန်ဆူအဖြစ် ကျွန်တော်တို့ မိန်းမလှလေးတွေအသည်းစွဲ ဗိုလ်ကြီးမင်းသား Hyun Bin နဲ့အတူ အီဆူဂယောင်းအဖြစ် Hide ထဲကမင်းသမီးချော Lee Bo Young တို့လို ရေလည်မိုက်တဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားကြပါတယ်။ဇာတ်လမ်းလေးကတော့..သူငယ်ပြန်နေတဲ့ အမေဖြစ်သူနဲ့ လောင်းကစားစွဲနေတဲ့ အစ်ကိုဖြစ်သူတို့ကြောင့်စိတ်ဒဏ်ရာပေါင်းများစွာရထားတဲ့ ဂျိုမန်ဆူ တစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှအရူးတစ်ပိုင်းလိုဖြစ်ပြီး စိတ်ရောဂါကုဆေးရုံကို ရောက်လာတော့ပါတယ်။ထိုဆေးရုံက သူနာပြုမလေး အီဆူဂယောင်းကတော့ ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကိုပြုစုရင်း ဆေးရုံခရဖို့ အကြွေးတွေပိကာ စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားနေရသူတစ်ဦးပါ။စိတ်ကျန်းမာရေးထိခိုက်ထားသူ ဂျိူမန်ဆူတစ်ယောက် ဆေးရုံကိုရောက်ရောက်ချင်းတာဝန်ကျသူနာပြုမလေး အီဆူဂယောင်းကို ချစ်မိသွားတဲ့အခါ ဘယ်လိုတွေပြုမူမလဲ..ဂျိုမန်ဆူနဲ့ အီဆူဂယောင်းတို့ရဲ့ ဘဝတွေကရော ဘယ်လောက်တောင်ကြမ်းတမ်းသလဲဆိုတာကိုဇာတ်လမ်းနာမည်နဲ့ မလိုက်တဲ့ I ...
movie
I Am Happy (2008)
In Her Place (2014)
In Her Place (2014) *******************ဒီတစ်ခါမှာတော့ ဒရမ်မာတစ်လိုင်းဇာတ်အေးဇာတ်ငြိမ်လေးကြိုက်တဲ့ပရိသတ်တို့အတွက်...Drama, Adoption အမျိုးအစားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားလေးထဲမှာတော့..Pyramid Game(2024)က အလုပ်ထွက်သွားတဲ့ဆရာမလေးနဲ့..ဘဲ့ဟာရင်းရဲ့အဖွားအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Ahn Ji Hye၊ မင်းသမီးကြီး Yoon Da Kyung တို့အပြင်..အခြားသောအနုပညာရှင်များဖြစ်ကြတဲ့ Gil Hae-Yeon, Chang Hwan Kim, Kim Gyeong-ikတို့...အဓိကပါဝင်ပြီး သရုပ်ဆောင်ထားကြပါတယ်။Canadian Screen Awards မှာ nomination ဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပြီး...ကနေဒါရုပ်ရှင်ဒါရိုက်တာ Albert Shin ရဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း --------------ဆိုးလ်မြို့ပေါ်ကချမ်းသာတဲ့လင်မယားဟာ ကျေးလက်ဒေသလေးတစ်ခုမှာနေတဲ့...သားအမိဆီကိုလျှို့ဝှက်စွာရောက်ရှိလာကြပါတယ်။အကြောင်းကတော့ ဆက်ကျော်သက်ကောင်မလေးရဲ့ကိုယ်ဝန်ကိုစောင့်ယူပြီး...ကလေးကိုမွေးစားကြဖို့အတွက်ပါ။ ကိုယ်ဝန်လွယ်ထားစဥ်တစ်လျှောက်လုံး..အတူနေပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့... သူတို့သဘောတူညီချက်တွေနဲ့ကွဲလွဲနေတဲ့အပြင် ကောင်မလေးကလည်း တစ်ခုခုမှားယွင်းနေတာကိုသိလာတော့တယ်။စီစဥ်ထားကြတဲ့အတိုင်းကလေးမွေးလာပြီး..ကိစ္စတွေအဆင်ချောစွာနဲ့ပြီးဆုံးသွားပါ့မလား။ဘယ်လိုအလှည့်အပြောင်းဖြစ်လာဦးမလဲဆိုတာ...ကြည့်ရှုလိုက်ကြရအောင်နော်။ဇာတ်လမ်းအညွှန်းကို HAN မှ ရေးသားပေးထားပါတယ်File size… 1.3 GB / 500 MB Quality…WEB-DL 1080p 720p Genres: Life, Drama, Family, Mature Duration: 1 hr 55 mins Subtitle….Myanmar Subtitle (Hard ...
movie
In Her Place (2014)
7
City Of Fathers (2009)
City Of Fathers (2009)************************ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action scene တွေအများကြီးနဲ့ဖခင်မေတ္တာကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့လည်း ဂင်ဂန်ဆူအဖြစ် မင်းသားကြီး Ko Chang-seok၊သူဌေးဂျိုထယ်ဆော့အဖြစ် မင်းသားကြီး Kim Young-ho နဲ့ သားလေး ဂျုံချောလ်အဖြစ်မင်းသား Yoo Seung-ho နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း-အရက်အမြဲသောက်ပြီး လောင်းကစားလုပ်တတ်လို့ ငွေတိုးချေးစားသူတွေဆီကနေထွက်ပြေးနေရတဲ့ ဂင်ဂန်ဆူဟာ အရမ်းသွေးဆိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့သူ တစ်ယောက်ဖြစ်သလိုသားလေးဂျုံချောလ်အပေါ်ကိုလည်း အဖေဆိုပြီး နွေးနွေးထွေးထွေး မရှိတဲ့အပြင်အမြဲ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူ ဂျုံချောလ်တစ်ယောက် ကျောက်ကပ်ကင်ဆာနဲ့ အသက်ရှင်ရဖို့ဘယ်လောက်မှမကျန်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ လူကြမ်းကြီး ဂန်ဆူဟာဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာပါတော့တယ်။ကျောက်ကပ်အစားထိုးခွဲစိတ်မှ အသက်ရှင်နိုင်မယ့် သားလေးအတွက် သူ့ဘဝတစ်လျှောက်လုံးလျှို့ဝှက်လာခဲ့တဲ့ သူ့သားလေးရဲ့ တကယ့် အဖေအရင်းကို လိုက်ရှာပြီး ကျောက်ကပ်အစားထိုးပေးဖို့သွားတောင်းဆိုခဲ့တဲ့အခါမှာတော့....ဒုစရိုက်လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဦးစီးလုပ်ဆောင်ရင်း မိသားစုဆိုတဲ့အရာကို လုံးဝမထူထောင်ချင်တဲ့သူဌေးဂျိုထယ်ဆော့တစ်ယောက် ရုတ်တရက်ပေါ်လာတဲ့ ...
movie
City Of Fathers (2009)
6.1
Jane (2017)
Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရောဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီးရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာစွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့မိခင်သဖွယ်နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် ..ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီးဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ ..သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီးသူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ...
movie
Jane (2017)