Channel Myanmar

Wuxia

Love in Pavilion (2025) 10
Love in Pavilion (2025) ဒီတစ်ခါမှာတော့ မင်းသမီး Liu Shi Shi နဲ့မင်းသား Zhang Yun Longရဲ့ စိတ်ကူးယဉ်သိုင်းကားလေးကို CM ကတင်ဆက်ပေးလိုက်ရပါတယ်နော်။ပရိတ်သတ်တို့နဲ့ရင်းနှီးမဲ့ တစ်ခြားမင်းသား၊မင်းသမီးချောလေးတွေပါဝင်ထားတာမလို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော်ဇာတ်လမ်းအကျဉ်းမွေးဖွားလာထဲက ကြီးလေးတဲ့တာဝန်ဝတ္တရားတွေကိုသယ်ပိုးထားဖို့ကံပါလာတဲ့ အိမ်တော်နှစ်ခုရဲ့အဓိကမဏ္ဍိုင်ဖြစ်ကြတဲ့" တုန်းဖန်းဟွိုင်ကျူ"နဲ့ "ဝမ့်ချွမ်ဟုန်ယဲ့ "လူသားမျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်ပဋိပက္ခဖြစ်စဉ်မှာ တွေ့ဆုံဖို့အကြောင်းဖန်လာတဲ့သူတို့နှစ်ဦး... ၇လပိုင်း၇ရက်နေ့ ဟွိုင်မြစ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ကံကြမ္မာကြိုးစလေးနှစ်ခုဟာ ယှက်နွယ်ခဲ့ပါတော့တယ်...ဒီလိုနဲ့ မျိုးနွယ်နှစ်ခုအကြား အရှုပ်အထွေးကိုဖြေရှင်းဖို့အတွက် တုန်းဖန်းအိမ်တော်ခေါင်းဆာင် တုန်းဖန်းဟွိုင်ကျူးနဲ့ ဝမ့်ချွမ်အိမ်တော်ခေါင်းဆောင် ဝမ့်ချွမ်ဟုန်ယဲ့တို့အတူပူးပေါင်းဖြေရှင်းရပါတော့တယ်။ကံကြမ္မာကြိုးစလေးဟာဘယ်လိုထုံးဖွဲ့ပြီး နောင်လာနောက်သားတွေအထိရာဇဝင်တွင်မဲ့ သူတို့နှစ်ဦးရဲ့ကြည်နူးဖွယ်ချစ်တေးကဗျာတစ်ပုဒ် ဘယ်လိုပေါ်ပေါက်လာမလဲလောကရဲ့ခါးသက်မှုတွေကြားမှာ သူတို့နှစ်ဦးရဲ့အချစ်ပုံပြင်လေးကရောချိုမြိန်နိုင်ပါ့မလားဆိုတာ.... =================================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hanni Honey Encoded by LK======================================Ep 1 (720p) -GDToT/ ...
10
TMDb: 10/10 1 votes
tv

Love in Pavilion (2025)

2025
Clash of the Titans (2025)
Clash of the Titans (2025) ရှန်ရှား ဝူရှားကားမျိုးမှ ကြိုက်တယ်ဆိုတဲ့ CM ချစ်ပရိသတ်တို့အတွက်ကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကတော့ Clash of the Titans (2025) ပါ..မန်းဂထဲက ခွဲထွက်လာတဲ့ ကျန်းယွီရှီ မမရဲ့ ကားသစ်လေးမလို့ ရူပဒါနမြောက်မှာသေချာပါတယ်...Dashing Youth က ဝူမင်သခင်လေး၊ Flourished Peonyက လီရှင်း အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ထုံမုန့်ရှီကို ဒီကားမှာ ဇာတ်လိုက်မင်းသားအဖြစ်နဲ့တွေ့ရမှာပါနော်...ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင်...အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုးတို့ဟာနှစ်ထောင်ပေါင်းများစွာကတည်းက သံသယတွေနဲ့အတူ မခွဲနိုင်မဖျက်နိုင်အောင် တွဲကပ်နေခဲတယ်။ဒီသမိုင်းကြောင်းထဲမှာ ပေါ်ထွက်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ပေါ့...ဖန်ဆင်းမှုနဲ့ ဖျက်စီးမှု တို့ကြားမှာ ချစ်ခြင်းမေတ္တာက ပေါက်ဖွားလာမှာလား...Fengyue Jianzun နဲ့ နတ်ဆိုးကြယ်သခင် Feng Xing တို့ကဒီသမိုင်းပေါ်မှာ အဆုံးအဖြတ်ချနိုင်ဖို့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြရတယ်။ဒါပေမဲ့ တကယ် စိတ်ဝင်စားဖို့ကောင်းတာကတော့ Shen Shao You နဲ့ Feng Li Xue တို့ရဲ့ မထင်မှတ်တဲ့ ...

Clash of the Titans (2025)

2025
A Moment But Forever (2025)
A Moment But Forever (2025) ဒီတစ်ခေါက်CMကနေတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ကြည့်ရှုသူတွေအကြိုက်တွေ့စေမယ့်နတ်ဘုရားမ နဲ့ မြေခွေးမျိုးနွယ်ဝင်လူသားတို့ကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့A Moment But Forever ဆိုတဲ့ ရှန်းရှ နတ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ နတ်ဘုရားမ Wu Shuang ( Tiffany Tang ) ဟာကောင်းကင်ဘုံရဲ့ရတနာကိုပြန်လည်ရယူနိုင်ဖို့အတွက်မြေခွေးမျိုးနွယ်စုရဲ့ပုရောဟိတ်ဆရာ Yuan Zhong ( Liu Xue Yi )ကို လုပ်ကြံသတ်ဖြတ်ဖို့လူ့ပြည်ကိုဆင်းသက်လာပြီးနောက် တစ်ခြားလျှို့ဝှက်ဖုံးကွယ်ထားတဲ့အကြောင်းတွေကိုလည်းသိလိုက်ရသောအခါ...နတ်ဘုရားမနဲ့မြေခွေးမျိုးနွယ်စုပုရောဟိတ်မင်းတို့ကြားမှာဘယ်လိုအချစ်၊အမုန်း၊ချိုမြိန်ခါးသီးမှုတွေအလှည့်ပြောင်းကနေချစ်စရာအချစ်ဇာတ်လမ်းလေးဖြစ်လာပြီးလောကကြီးကိုဘယ်လိုမျိုးတူတူကယ်တင်မလဲဆိုတာကိုတူတူစောင့်မျှော်ကြည့်ကြလိုက်ရအောင်နော်~===========================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By May Pyae Zone Zaw Encoded by LK===========================Ep 1 (720p) - GDToT/ ...

A Moment But Forever (2025)

2025
The Blossoming Love (2025)
The Blossoming Love (2025) CMပုရိသတ်ကြီးအတွက် ဝူရှကားကောင်းလေးတစ်ကားကို ထပ်မံယူဆောင်ပေးလာပါပြီရှေးယခင်ခေတ်က ကျောင်းမင်လို့ခေါ်တဲ့ လူသားမျိုးနွယ်ဧကရာဇ်မင်းဟာပြည်သူတွေကိုယ်စား အသနားခံပြီး နတ်ဘုံကို တွန်းလှန်ဖို့မိမိကိုယ်ကိုစတေးခဲ့ပြီး သူနတ်ရွာစံသွားတဲ့နောက်မှာသူချစ်ရတဲ့ ဟွမ့်သွမ့်ပုလဲလေးက သူ့ရဲ့ဝိညာဉ်အမျှင်စုကိုကယ်တင်ဖို့ သူမရဲ့အသက်ကိုစွန့်စားပြီး သံသရာအတွက်လူဝင်စားခြင်းကိုဖန်တီးခဲ့လေရဲ့ဒီလိုနဲ့ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက ဟွမ့်သွမ့်ပုလဲလေးကအမှောင်နယ်ပယ်ရဲ့ မြင့်မြတ်သောအပျိုစင်မုရွှမ်လင်ဖြစ်လာတဲ့အခါမှာတော့ကျောင်းမင်ဟာအမတမဟာမိတ်ရဲ့ ခေါင်းဆောင် ရှဲ့ရွှယ်ချန်အနေနဲ့ ပြန်လည်မွေးဖွားလာခဲ့တယ်နောက်ဆုံးမှာသူတို့နှစ်ယောက်ဟာ လူ့ပြည်မှာပြည်လည်ဆုံဆည်းခဲ့ကြပေမဲ့သူတို့အတိတ်တွေကို မေ့နေတဲ့အတွက်ကြောင့် တရားကျမှုရဲ့ဆန့်ကျင်ဘက်မကောင်းမှု ဆိုတဲ့ယှဉ်ပြိုင်အားထုတ်မှုမှာ ရန်သူတွေဖြစ်လာခဲ့ကြတယ်မုရွှမ်လင်ကအမှောင်နယ်ပယ်ထဲမှာပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ရှဲ့ရွှယ်ချန်ကိုကယ်တင်ခဲ့ပြီးသူ့အသက်ကို ကယ်တင်ပေးခဲ့ရတဲ့ကျေးဇူးနဲ့ ခရီးအတူသွားဖို့ အကျပ်ကိုင်ခဲ့တယ်ဒီလိုနဲ့သူတို့ဟာခရီးလမ်းတစ်လျှောက်မှာ အချင်းချင်းလှည့်ဖျားမှုတွေရှိရာက စတင်ခဲ့ကာနောက်ပိုင်းမှာ အတူတူလက်တွဲတိုက်ပွဲဝင်ကြရင်းနဲ့ တဖြည်းဖြည်းနဲ့စောင့်ကြ့ည်မှုတွေကို လျှော့ချလာပြီးအချင်းချင်းခံစားချက်တွေ ပေါ်ပေါက်လာခဲ့တော့တယ်သို့ပေမဲ့လည်း ရှေးနတ်ပစ္စည်း ဟွမ့်သွမ့်ပုလဲကို သိမ်းယူဖို့ ပူးပေါင်းကြံစည်မှုအလယ်မှာသူတို့နှစ်ယောက်ဟာအသက်အန္တရာယ် စမ်းသပ်မှုကြီးတစ်ခုအတွင်းကို ကျရောက်ခဲ့ကြပြီးမုရွှမ်လင်က လောကကြီးကိုကယ်တင်ဖို့ သူ့ကိုယ်သူစတေးလိုက်ပြီးရှဲ့ရွှယ်ချန်ကတော့ အချိန်မှီပြန်သွားဖို့ ကံကြမ္ပာကိုစိန်ခေါ်ပြီးသူမကို ကယ်တင်ခဲ့တယ် ဒီလိုသံသရာဘေးဒုက္ခ အဆုံးသတ်သွားချိန်မှာတော့ရှဲ့ရွှယ်ချန်ရဲ့ဝိညာဉ်က နောက်ဆုံးမှာ ကျောင်းမင်ဆီကိုပြန်ရောက်သွားပေမဲ့ကျောင်းမင်ရဲ့မူလပုံစံဟာ နတ်ဆိုးသခင်ဖြစ်သွားခဲ့ပြီးမုရွှမ်လင်ကတော့ နတ်ဆိုးသခင်ကိုနိုးထအောင်လုပ်ဖို့ ချစ်ခြင်းမေတ္တာကိုအသုံးချခဲ့ပြီးကပ်ဘေးတွေကိုပပျောက်ကာ လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ခဲ့တဲ့သူတို့နှစ်ယောက်ဟာအဆုံးသတ်မှာရော အတူတူရှိနေကြအုံးမလားဆိုတာကိုတော့ CMမှာအတူတူစောင့်ကြည့်လိုက်ရအောင်ပါရှင့်====================Quality : WEB-DL ...

The Blossoming Love (2025)

2025
Guardians of the Dafeng (2024)
Guardians of the Dafeng (2024) CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ အားလုံးစောင့်မျှော်နေကြတဲ့နာနတ်သီးလေး ဝယ်ဟယ်တိရဲ့ Time Travel ပုံစံ ဇာတ်ကားသစ်လေး“Guardians of the Dafeng” “သာ့ဖုန်းမင်းဆက်၏စောင့်ရှောက်သူ“ ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ အပိုင်း (၄၀)ထိပါပြီးတော့ အဓိကဇာတ်ဆောင်အနေနဲ့ဝယ်ဟယ်တိနဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ ထျန်ရှီဝေးတို့က ပါဝင်သရုပ်ဆောင်ထားပြီးဇာတ်ပို့သရုပ်ဆောင် ချောချောလေးတွေ အများကြီးပါဝင်သရုပ်ဆောင်ထားပါတယ်။ယနေ့ခေတ်ရုံးဝန်ထမ်းကောင်လေး ယန်လင်ဟာ စိတ်ကူးယဉ်ဆန်မှုတွေ ပြည့်နှက်နေတဲ့သာ့ဖုန်း မင်းဆက်ကိုမထင်မှတ်ဘဲရောက်ရှိသွားပြီးသာ့ဖုန်းရဲ့ ညစောင့်တပ်သားလေး ရွှီချီအန်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ရဲ့ခေတ်အသိအမြင်၊ သိပ္ပံနည်းကျ နားလည်မှုတွေနဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးထူးဆန်းတဲ့ကိစ္စတစ်ရပ်ကိုဖော်ထုတ်နိုင် တဲ့အတွက် သာ့ဖုန်းရဲ့ ထိပ်တန်းစုံစမ်းစစ်ဆေးရေးမှူးရာထူးကိုရရှိသွားခဲ့ပါတယ်။လောကီရေးရာ အတတ်တွေနဲ့ ပြည့်နှက်နေတဲ့အဲဒီခေတ်ကာလမှာသူ့ရဲ့အတတ်ပညာတွေကိုအသုံးချပြီး နန်းတော်ထဲက မင်းသမီးလေးလင်အန်းကာကွယ်ပေးပြီးအခက်အခဲတွေကြားထဲကနေ အမှုမှန်တွေကိုစုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ပါ့မလားဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတော့ CMမှာ ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။==================== Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Comedy, Romance, Wuxia, Fantasy Runtime : 45 min Subtitle ...

Guardians of the Dafeng (2024)

2024
Love of Nirvana (2024)
Love of Nirvana (2024) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက်နောက်ထပ်ဝူရှကားလေးတစ်ကား ယူဆောင်လာပါတယ်။အရှက်ကွဲစရာတွေကိုတောင့်ခံပြီး ဝေ့ကျောက်လို့ အမည်ပြောင်းကာဖော်လံဖားတစ်ယောက်အဖြစ်နဲ့ လျန်တိုင်းပြည်မှာ နှစ်ပေါင်းများစွာပုန်းအောင်ရှင်သန်နေထိုင်ခဲ့တဲ့ ယွဲ့လော့မြို့ရဲ့သခင်ငယ်လေး ရှောင်ဝူရှာတစ်ချိန်က သူ့မိသားစုနဲ့ ပတ်သက်တဲ့အမှန်တရားကိုရှာဖို့အတွက်အဆိုပါအမှုမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကိုပြန်ပေးဆွဲဖို့စီစဉ်ခဲ့ပေမဲ့ သူသေချာစီစဉ်ထားတဲ့အရာတွေက ကျန်းချီလို့ခေါ်တဲ့ရုတ်တရက်ပေါ်လာ မိန်းကလေးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရတယ်အမှုနောက်ကွယ်က အဖျက်သမားကို ရှာဖို့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတဲ့ကျန်းချီကို အိမ်တော်ထဲကို ခေါ်ဖို့အခွင့်အရေးကိုယူခဲ့တဲ့ ဖေယန်ရိုးသားတဲ့ကျန်းချီလေးကတော့ရဲ့ဝေ့ကျောက်ရဲ့ကြေကွဲဖွယ်ဘဝအတွေ့အကြုံနဲ့သူရဲ့ဖြောင့်မတ်မှုကြောင့် ရင်ထဲထိသွားကာ အချင်းချင်းရဲ့တောက်ပတဲ့အချက်တွေကိုလည်း မြင်ပြီးအချင်းချင်းခံစားချက်တွေလည်းတိုးလာခဲ့ကြတယ်အဆုံးမှာတော့ ဝေ့ကျောက်ရဲ့ ကျန်းချီရယ် ဖေယန်ရယ်ဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအာဃာတတွေကိုဖယ်ထားပြီး လျန်ဧကရာဇ်ကိုအတူတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်။ယွဲ့လော့ကို ကာကွယ်လိုပြီး ပိုမိုကောင်းမွန်တဲ့မင်းဆက်တစ်ခုကိုတည်ထာင်လိုတဲ့သူတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ကြရင်း နန်းတွင်းအရှုပ်တော်ပုံတွေကြားကနေအချင်းချင်းရဲ့ခံစားချက်တွေ၊ ကိုယ်ပိုင်ရည်ရွယ်ချက်ခံစားချက်တွေကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်ရှင့်==================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres ...

Love of Nirvana (2024)

2024
Fateful Love (2024)
Fateful Love (2024) ရှန်းရှနတ်ကားတွေကိုမျှော်နေတဲ့သူတွေအတွက် ရှန်းရှဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီ ။ ဇာတ်ကားလေးကဆရာမMao Xiao Mao (猫小猫) ရေးသားထားတဲ့Du Chong Yong Bin Wang Fei" (毒宠佣兵王妃) ဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်ထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ ခန့်မှန်းမရတဲ့ တိုင်းပြည်ရေးအခြေအနေ‌တွေအောက်မှာတရားမဝင်သမီးနဲ့စစ်နတ်ဘုရားတိုက လျှောက်လှမ်းကြတဲ့လမ်းချင်းမတူခဲ့ကြပါဘူး။ တရားမဝင်သမီးဖြစ်တဲ့ Han Zi Jing က တိုင်းပြည်ရေးအရှုပ်အထွေးကြားဆွဲထည့်ခံရတဲ့အခါမှာအမျိုးမျိုးသောဆန့်ကျင်မှုတွေနဲ့ကြုံတွေ့ရပါတော့တယ် ။ ဒါပေမဲ့ သူမရဲ့သရုပ်မှန်ကိုဖုံးကွယ်မရတဲ့အချက်ကပဲ သူမကို စစ်နတ်ဘုရားဖြစ်တဲ့ Jun Bei Yeနဲ့စုံစေခဲ့ပါတော့တယ် ။ ဒီလိုနဲ့ချစ်မိသွားတဲ့ Jun Bei Ye ဟာ Han Zi Jing ကအမတ်ချုပ်ကြီးရဲ့တရားမဝင်သမီးဖြစ်နေတာတောင် အစွမ်းကုန်ကာကွယ်ပေးဖို ကြိုးစားပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ရက်စက်တဲ့ပုံပေါ်ပြီး အကြင်နာမဲ့တဲ့ စစ်နတ်ဘုရားက တရားမဝင်သမီးဖြစ်တဲ့သူ့ချစ်သူကိုဘယ်လိုတွေကာကွယ်ပေးသွားမလဲဆိုတာရယ် ၊ တရားမဝင်သမီးဖြစ်ပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းတဲ့ Han Zi Jing ကရော မတရားမှုအဖြစ်မှန်တွေကို သူ့ချစ်သူနဲ့အတူဘယ်လိုဖော်ထုတ်သွားမလဲဆိုတာရယ်ကို စိတ်ဝင်စားဖိုကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်လို ဇာတ်ကားလေးကိုအဆုံးထိ လိုက်ပါကြည့်ရှူဖိုတိုက်တွန်းပါရစေနော် ။ =================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : ...

Fateful Love (2024)

2024
Dashing Youth (2024)
Dashing Youth (2024) ဒီနေ့မှာတော့ CM Team က လူငယ်တွေရဲ့ခွန်အားနဲ့ လောကကိုပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ Dashing Youth (2024) ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...The Blood of Youth (2022)ကို ဘာသာပြန်ခဲ့တုန်းကကြည့်ပြီးကြသူတွေ မှတ်မိမယ်ထင်ပါတယ်...သူတို့မိဘတွေအကြောင်း အရိပ်အမြွက်လေး ထည့်ပြောခဲ့တာ...ဒီကားက BOY နဲ့ ဘယ်လိုဆက်စပ်နေလဲဆိုရင်တော့ထန်းယန်ရဲ့ ဆရာ ရွှယ်ယွဲမြိုသခင် ပိုင်လီတုန်းကျွင်း နဲ့ဆရာကတော် ပေချွေ့မင်းသမီး ယွဲယောင် တို့ကဒီကားမှာ ဇာတ်လိုက် မင်းသား၊ မင်းသမီးပေါ့ဝူရှင်းရဲ့ အဖေ ယဲ့တင်းကျစ်က ပိုင်လီတုန်းကျွင်းငယ်သူငယ်ချင်းအကြောင်းအမျိုးမျိုးကြောင့် မချေမတင်ဖြစ်ခဲ့သူ...ဝူရှင်းအမေဟာ ချင်ယွဲဝမ်ဖေး ယန့်ဝိန်ကျွင်းပါ..ဘယ်လို ယဲ့တင်းကျစ်နဲ့ ဖူးစာဆုံမယ်တော့ ကြည့်လိုက်နော်...စစ်ခုန်းချန်းလော့ရဲ့ အဖေ စစ်ခုန်းချန်းဖုန်း၊ လေဝူကျယ် ချိုမော့သခင်လေးလေမုန့်ရှား စတဲ့ ဖေဖေမေမေ ဆရာဆရာကတော်တိုရဲ့ အချစ်အမုန်း၊လောကကောင်းကျိုး နဲ့ လောကပြောင်းလဲမှုတွေကို ရသစုံလင်ခံစားရမယ့် ကားလေးပေါ့ဇာတ်လမ်းအကျဉ်း ကျန်းရှီအိမ်တော်မြိုစားမင်းရဲ့ သခင်လေးပိုင်လီတုန်းကျွင်းက ငယ်စဉ်ကတည်း ခေါင်းမာပြီး လုပ်ချင်ရာလုပ်တတ်သူတစ်ဦးပေါ့...သူက ...

Dashing Youth (2024)

2024
The Legend of Heroes (2024)
The Legend of Heroes (2024) မက်မွန်မြေကချစ်တေးတစ်ပုဒ် or သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီအသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024) သိုင်းကားစစ်စစ်ဖြစ်ပါတယ် ဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့ Condor Trilogy ထဲက ပထမဆုံး စာအုပ်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်းပရိသတ်တွေအတွက်တော့ မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ် 2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကို ပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက် Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့ ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါရိုက်ကူးရေးမှာတော့ Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ် Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီး Shen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့ ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ်ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲ ပါဝင်ကြတာဖြစ်တဲ့အတွက် မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ် သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့ The Legend of the Condor Heroes (射鵰英雄傳) ကို ၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ် အခု ထွက်လာမဲ့ ...

The Legend of Heroes (2024)

2024