Channel Myanmar

Western

Giant (1956) 7.6
Giant (1956)  အေးအေးဆေးဆေးနဲ့ အချိန်ယူပြီးကြည့်ရှုခံစားလို့ကောင်းတဲ့ မိသားစုဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့က Rock Hudson, James Dean နဲ့ Elizabeth Taylor တို အကောင်းဆုံး သရုပ်ဖော်ပေးထားကြပါတယ်။ အဓိကသရုပ်ဆောင်တွေက အသက် ၃၀ တော်မပြည့်ကြ‌ပေမဲ့ လူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ လူကြီးပိုင်းအရွယ် အရွယ် ၃ ပါးလုံးကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဇာတ်ကြောင်းက လူ့ဘ၀သက်တမ်းတစ်လျှောက် ကြုံတွေ့ရမှာတွေကိုပုံဖော်ထားဝာာကြောင့် ငြိမ့်ငြိမ့်လေးနဲ့ ကြည့်လိုကောင်းပါတယ်။ဘန်းနီဒစ်မျိုးရိုးဟာ တက္ကဆက်မှာ မျိုးရိုးစဉ်ဆက် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာဖြစ်ပြီး မြေ‌ဧကပေါင်း ၅ သိန်းကျော်ပိုင်တယ်တဲ့။ ဘစ်ဘန်းနီဒစ်တစ်ယောက် သားဖောက်ဖို မျိုးသန့်တဲ့မြင်းလာ၀ယ်လို့ လက်စလီတိုမိသားစုဆီမှာ ၂ ရက်တာပဲတည်းခိုခဲ့ပေမဲ့ ဖူးစာပါလာခဲ့တဲ့သူတို့ ၂ ယောက်ဟာ လက်ထပ်ဖြစ်သွားကြပြီး လက်စလီက သိကျွမ်းတာ၂ ရက်ပဲရှိသေးတဲ့ ခင်ပွန်းရဲ့အိမ်ရှိရာ တက္ကဆက်ကို သျှောင်နောက်ဆံထုံးပါသွားခဲ့တယ်။လူမျိုးတွေရောပြီးနေထိုင်ပေမဲ့ အဆင့်အတန်းခွဲခြားတဲ့တက္ကဆက်မှာ လက်စလီတစ်ယောက် ဘယ်လိုမျိုးနေထိုင်မလဲ။ ဘစ်တို့အိမ်အရောက်မှာ ဘစ်တိုရဲ့အလုပ်သမား ...
movie

Giant (1956)

Little Big Man (1970) 7.5
Little Big Man (1970)  ဂျက်ခ်ခရက်ဘ်ဟာ အသက်အရွယ်အားဖြင့် ၁၂၁ နှစ်ရှိပြီဖြစ်ပြီး လူဖြူ-အင်ဒီးယန်းစစ်ပွဲ လစ်တဲဘစ်ဟွန်းမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ခဲ့တဲ့ လူဖြူအမျိုးသား။ ၁၂၁ နှစ်ထိ ရှင်သန်ဖြတ်သန်းလာခဲ့ရတဲ့ သူ့ဘ၀အကြောင်းကို သူ့အသက် ၁၀ နှစ်သားကနေ စတင်ပြောပြထားပါတယ်။သူ ၁၀ နှစ်သားအရွယ်မှာ သူတို့တစ်မိသားစုလုံးကို အင်ဒီးယန်းတစ်အုပ်စုကသတ်သွားခဲ့လို့ သူနဲ့ သူ့အစ်မပဲ ကျန်ခဲ့တယ်။ သူတို့ကို နောက်ထပ်အင်ဒီးယန်းတစ်အုပ်စုကခေါ်ယူသွားခဲ့တယ်။ သူ့အစ်မကကြောက်လို့ ထွက‌်ပြေးလွှတ်မြောက်သွားခဲ့ပေမဲ့ ဘာမှန်းမသိဘဲကျန်ခဲ့တဲ့ ဂျက်ခ်ကို အင်ဒီးယန်းတွေက မွေးစားလိုက်တယ်။ သူဟာ သူ့အသက်အရွယ်နဲ့စာရင်သေးငယ်နေပြီး အင်ဒီးယန်းတွေကြားထဲ သေးကွေးနေခဲ့ပဲမဲ့ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် " Little Big Man" ဆိုတဲ့နာမည်ကိုရသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူဟာ လူဖြူတွေကြားထဲပြန်ရောက်သွားခဲ့ပြီး သူ့ဘ၀ကိုပြန်စရပါတော့။ ဂျက်ခ်ခရက်ဘ်ရဲ့ဘ၀တစ်သက်တာ ဖြတ်သန်းရပုံက တကယ့်ကိုစိတ်၀င်စားစရာပဲမို့လို့ ပရိသတ်ကြီးတို့ လက်လွှတ်မခံဘဲ ခံစားကြည့်ရှုသင့်ကြောင်း‌ပါ.....။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:19:00 Genre... Adventure, ...
movie

Little Big Man (1970)

Lone Star (1996) 7.4
Lone Star (1996)  နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေးတွေနဲ့ အမြဲတမ်း အငြင်းပွားနေရတဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ် တက္ကဆက်ပြည်နယ် ရီယိုကောင်တီမှာ သေတာဘယ်လောက်ကြာနေမှန်းမသိ၊ ဘယ်သူဘယ်၀ါဖြစ်မှန်းမသိတဲ့ အလောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ ထိုနယ်က ရဲအရာရှိဆမ်ဒိ့စ်ဟာ အမှုကို ကိုယ်တိုင်ကိုင်ခဲ့တယ်။ ဆမ်ဒိ့စ်ဟာ အရင်အရာရှိဟောင်း ဘက်ဒီဒိ့စ်ရဲ့သားဖြစ်ပြီး အဖေ့ခြေရာကို လိုက်မမီသူလို့အမြဲအပြောခံနေရသူ။ ဘက်ဒီဒိ့စ်ဟာ လူဖြူ၊ လူမည်း၊ မက္ကဆီကန်တွေကြားထဲမှာ ဂန္တ၀င်သူရဲကောင်းကြီးဖြစ်ပြီး သူ့ဇနီးကိုလည်း သူတော်စင်မလိုထင်စားကြတယ်။ အားလုံးက ချစ်ခင်လေးစားတဲ့ ဘက်ဒိဒိစ့်ကို မုန်းတီးကာမယုံကြည်သူကတော့ ဆမ်ဒိ့စ်ပါ။အရိုးစုတစ်ခုရှာတွေ့ရာကနေစပြီးတော့ နှစ်ရှည်လများ ဖုံးကွယ်နေခဲ့တဲ့အမှန်တရားတွေ၊ အရာအားလုံး၊ လူတိုင်းနဲ့ ဆက်စပ်မှုရှိနေတာတွေ အေးအေးငြိမ်ငြိမ်နဲ့ ‌ပရိသတ်ရဲ့ကိုဆွဲဆောင်သွားပြီးတော့ plot twist အကြမ်းစားနဲ့ ရှော့ခ်ရစေ‌မယ့် ဇာတ်‌ကားကောင်းတစ်ကားပါ။ File size…(7.4 GB)/(2.7 GB)/(940 Mb) Quality….Blu-Ray 4KHEVC/1080p / 720p Format… mp4 Duration…. 02:15:00 Genre... Drama, Mystery, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Lone Star (1996)

Teller’s Camp (2024) 6.8
Teller’s Camp (2024)  ၁၈၄၈ ခုနှစ် အမေရိကန်နိုင်ငံမှာ စတတ်တာရေရဟတ်မှာ ရွှေကြောစတွေ့တာကနေတဆင့် နိုင်ငံအနှံ့ကလူတွေဟာ ကယ်လီဖိုးနီးယားကိုရောက်လာပြီးအလုအယက်ရွှေတူးဖော်ကြတယ်။အဲဒီအထဲမှာ အိုလယ်ရီ တို့ရဲ့ တူးဖော်ရေးအဖွဲ့လည်းရောက်လာပြီးတော့ ဒေသခံ ဝီလျံတဲလာနဲ့အတူ စပ်တူလုပ်ကိုင်ပြီး ရွှေတူးဖော်ကြတယ်။အစပိုင်းမှာ နှစ်ယောက်သားအဆင်ပြေခဲ့ကြပေမဲ့ အိုလယ်ရီက စာမတတ်တဲ့ ဝီလျံကို လူလည်ကျပြီး ရွှေတူးဖော်ခွင့်လုပ်ကွက်တစ်ခုလုံးကို ငွေနည်းနည်းနဲ့လိမ်လည်လက်မှတ်ထိုးခိုင်းပြီး အပိုင်သိမ်းဝယ်ယူသွားချိန်မှာတော့ နှစ်ယောက်ကြားမှာ ပြဿနာတွေ ကြီးထွားလာပါတော့တယ်။ဒါကို မကျေနပ်တဲ့ ဝီလျံက အိုလယ်ရီ ရဲ့ အိမ်ကနေ စာရွက်စာတမ်းတွေ ခိုးယူထွက်ပြေးရင်း အိုလယ်ရီတစ်ယောက်လည်း အနောက်ကနေ အမဲလိုက်သလို လိုက်ပါတော့တယ်။ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။၁၈၀၀ ပြည့်နှစ်များက အမေရိကန်နိုင်ငံကို ဇာတ်အိမ်တည်ရိုက်ကူးထားတာမို့ ယနေ့ခေတ်ပေါ် ဇာတ်လမ်းတွေနဲ့ကွဲပြားမှုရှိပြီး ကောင်းဘွိုင်ဇာတ်ကားဆန်ဆန်ရှေးအမေရိကန်လူနေမှုကို ထင်ဟပ်နေတဲ့ ဇာတ်ကား‌ကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်။ File size… (1.70 GB) / ( 932 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / ...
movie

Teller’s Camp (2024)

Tall Tale: The Unbelievable Adventure (1995) 5.9
Tall Tale: The Unbelievable Adventure (1995) Tall Tale (1995)ဒီဇာတ်ကားကတော့ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ဂန္တဝင်အနောက်တိုင်းရုပ်ရှင်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။၁၉ ရာစုဝန်းကျင် အနောက်တိုင်းရဲ့အငွေ့အသက်တွေနဲ့ လူနေမှုဘဝပုံစံတွေကိုမျက်မြင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်နီရယ်ဆိုတဲ့ကောင်လေးဟာသူ့အဖေရဲ့လယ်မြေတွေကို လောဘကြီးတဲ့ မြေရှင်ဆီကနေပြန်ယူဖို့ကြိုးစားရင်း အနောက်တိုင်းရဲ့ဂန္တဝင်သူရဲကောင်းတွေနဲ့တွေ့ဆုံတဲ့အကြောင်းကိုစိတ်ကူးဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဒီလိုသူရဲကောင်းတွေဆီကနေ စိတ်ကူးစိတ်သန်းတွေကိုလေ့လာသင်ယူရင်း မကောင်းမှုကိုတိုက်ဖျက်ဖို့အတွက် ကြိုးစားသွားတာကို ကြည့်ရှုရမှာပါ။အနောက်တိုင်းရုပ်ရှင်တွေကို ခံစားတတ်တဲ့သူတွေအဖို့တော့ဒီဇာတ်လမ်းလေးက ကြည့်လို့အဆင်ပြေတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1.5 GB /  800MB Quality… Web-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Vader ft Riley
movie

Tall Tale: The Unbelievable Adventure (1995)

Rust (2024) 5.8
Rust (2024)  ဒီရုပ်ရှင်လေးကတော့ ၁၈၀၀ ပြည့်နှစ်ကာလများကအမေရိကန်ပြည်ထောင်စုအခြေအနေကို နောက်ခံထားရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။၁၈၀၀ ပြည့်နှစ်များမတိုင်ခင်မှာ အမေရိကန်က ဌာနေတိုင်းရင်းသားလူမျိုးစုများနဲ့ စစ်ပွဲပေါင်းအလီလီနွှဲခဲ့ရပြီးဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ ၁၈၈၀ ပြည့်နှစ်အလွန်ကာလများမှာလည်း ဌာနေတိုင်းရင်းသားတွေ၊လူဆိုး ဓားပြတွေ များစွာပေါများနေပြီး ရဲတပ်ဖွဲ့ရဲ့တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်ပါ။လူးကပ် ဆိုတဲ့ ကောင်လေးက ညီဖြစ်သူနဲ့အတူနှစ်ယောက်တည်းနေထိုင်ပြီး အဖေဖြစ်သူရော အမေဖြစ်သူပါ ဆုံးပါးသွားပါပြီ။ ညီအစ်ကိုနှစ်ယောက် ဘဝကိုကြိုးစားရုန်းကန်ရင်း အစ်ကိုကြီးလူးကပ်က တစ်ရက်မှာတော့ လျော်ကြေးလာတောင်းတဲ့ လူတစ်ယောက်ကိုမထင်မှတ်ပဲ မတော်တဆ သေနတ်တဲ့ပစ်သတ်လိုက်မိပါတော့တယ်။ တရားရုံးက တရားစီရင်ချက်ချအပြီးမှာသေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားရင်းနဲ့ မထင်မှတ်ပဲလူးကပ်တစ်ခါမှမတွေ့ဖူးတဲ့အဘိုးကြီးတစ်ယောက်ကထောင်ဖောက်ပြီး လူးကပ်ကို လာကယ်သွားပါတယ်။သူတို့ရဲ့ ပတ်သတ်မှုက ဘယ်လိုလဲ။ထွက်ပြေးရာလမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာကို ကောင်းဘွိုင်ကားတို့ထုံးစံ အက်ရှင်ခန်းအပြည့်နဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File size… (1.62 GB) / (992 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 19m Genre …..Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Rust (2024)

Unnatural (2024) 5.5
Unnatural (2024)  Cm ပရိသတ်ကြီးကို အနောက်ပိုင်း ကောင်းဘွိုင် အငွေ့အသက်လွှမ်းခြုံထားတဲ့ Horror ဇာတ်ကားလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဘုရားသခင်က‌ ပေးအပ်ထားတဲ့ မစ်ရှင်ကိုလုပ်ဆောင်ရင်းနဲ့ လူသားတွေကို ဒုက္ခပေးနေတဲ့ သမန်းဝံပုလွေတွေ…ဗမ့်ပိုင်းယားတွေကို နှိမ်နင်းဖို့အတွက် ဒန် ရန်မင်တန်အဖြစ်သရုပ်ဆောင်ထားတာကတော့ ကမ္ဘာကျော် WWE,WWFချန်ပီယံဟောင်း အမေရိကန် နပန်းသမား Al Snow ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မိဘနှစ်ယောက်လုံးကို သမန်းဝံပုလွေသတ်ဖြတ်လိုက်ပြီး ကျန်တဲ့ ကလေးနှစ်ယောက်ကို သတ်တော့မယ့်ဆဲဆဲမှာ အဖိုးဖြစ်သူ ဒန်ရန်မင်တန် အချိန်မီ ရောက်လာပြီးကယ်တင်လိုက်ပါတယ်။ သူလုပ်နေတဲ့ အလုပ်က အန္တရာယ်များတာကြောင့် ဒီကလေးတွေကို ခေါ်မသွားချင်ပေမယ့်သူ့မြေးလေး နှစ်ယောက်လုံးမှာ ထူးခြားတဲ့ အစွမ်းကိုယ်စီပိုင်ဆိုင်ထားတာကြောင့် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန် ရန်မင်တန် ကိုယ်တိုင်က ဝိဉာဉ်တွေ စကားပြောတာကိုကြားနိုင်ပြီးတော့ သူ့မြေးအကြီးမလေးက ဝိဉာဉ်တွေတစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။မြေးအငယ်လေးကတော့ တီထွင်နိုင်တဲ့ အစွမ်းရှိတာပါ။ပေါ်ဆမ်ထရော့ဆိုတဲ့ မြို့ငယ်လေးကို ဗမ့်ပိုင်းယား နှိမ်နင်းဖို့ရောက်သွားချိန်မှာ သူထင်သလို မဟုတ်ဘဲ ဒီမြို့ကသူတွေကသူတို့မြို့ အေးချမ်းဖို့ ...
movie

Unnatural (2024)

Broke (2025) 6.8
Broke (2025)    Broke (2025)IMDb Rating (6.8) ထရူးဘရန်ဒီဝိုင်ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမား‌ဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ် ။အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင်ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလားဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာတစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ် ။ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (2.2 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Western Duration…. 01:44:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin
movie

Broke (2025)

2025
Day of Reckoning (2025) 5.5
Day of Reckoning (2025)  Vampire Diaries နဲ့လူသိများကြတဲ့ မင်းသားချောZach Roerig ကြမ်းကြမ်းတမ်းတမ်း အက်ရှင်မင်းသားကြီး Scott Atkins နဲ့ Rapper ကြီး Yelawolfတို့ကပါ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားတဲ့ Day Of Reckoning ဆိုတဲ့ အက်ရှင်ဇာတ်ကားကြမ်းအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ရဲနဲ့လူဆိုးတို့ယှဉ်ဖိုက်တဲ့ အက်ရှင်ကားဆိုပေမဲ့မမျှမတကြီးတွေမဟုတ်ဘဲ နှစ်ဖက်လုံးမျှမျှတတ သူတစ်ပြန်ကိုယ်တစ်ပြန်ကြုံးတဲ့ဇာတ်ကားမျိုးဖြစ်တဲ့အတွက်အက်ရှင်ချစ်သူတွေအတွက်ကတော့ ရှယ်မိုက်မဲ့ကားတစ်ကားပါပဲ။ဂျွန်ဆိုတဲ့ နယ်မြို့လေးတစ်ခုရဲ့ ရဲမှူးတစ်ယောက်ကသူရထားတဲ့ ရဲမှူးဆိုတဲ့ဂုဏ်ပုဒ်နဲ့သေချာကိုက်ညီအောင်မထိန်းသိမ်းနိုင်တဲ့အတွက် အခက်အခဲကြုံတွေ့နေရသူတစ်ယောက်ဖြစ်ပါတယ်။မိန်းမကလည်း အားမလိုအားမရတွေဖြစ်ပြီး ဘ၀မှာအဖက်ဖက်ကရှုံးနိမ့်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ဘ၀မှာတောက်ပရမဲ့အခွင့်အရေးတစ်ခုကိုရလာခဲ့ပါတော့တယ်။အဲ့ဒါကတော့ သူနေနေတဲ့မြို့လေးမှာ ဘဏ်ဓားပြ၀ရမ်းပြေးရဲ့ကောင်မလေးရှိနေတာပါပဲ။အဲ့ဒီဓားပြကိုလိုက်ဖမ်းတဲ့ အရာရှိကြီးတွေက အဲ့ဒီကောင်မလေးကိုဓားစာခံဖမ်းထားလိုက်ပြီး ဘဏ်ဓားပြလာမှာကိုစောင့်နေတဲ့အချိန်မှာဂျွန်ကလည်းနယ်ခံရဲမှူးအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီအားဖြည့်ပေးရင်းနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘဏ်ဓားပြကြီးကို အမိဖမ်းနိုင်ပါ့မလားဆိုတာတွေကိုရှုစားရမဲ့ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size… (1.27 GB) / (808 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Western Subtitle….Myanmar Subtitle (Hard ...
movie

Day of Reckoning (2025)

Angry Yak (2025) 5.9
Angry Yak (2025) နာမည်ကြီးတစ်ယောက်ဟာရုတ်တရက် အလုပ်ပြုတ်ပြီး အကြွေးတွေတင်ပြီးနိမ့်ကျသွားတဲ့အခါ ဘဝကြီးဟာဘယ်လိုဖြစ်သွားမလဲ။ ဟယ်ရီးဆိုတဲ့နာမည်ကြီးအစီအစဉ်တင်ဆက်သူတစ်ယောက်ဟာ လူကြိုက်များတဲ့မင်းသမီးတစ်ယောက်ကိုအကြပ်ရိုက်စေမယ့် မေးခွန်းမေးမိတာကြောင့် ကုမ္ပဏီကအလုပ်ဖြုတ်ပြီး အကြွေးတင်တဲ့အထိဖြစ်သွားခဲ့ပါတယ်။သူ့သူငယ်ချင်းအကူအညီတောင်းတာကြောင့် တရုတ်ပြည်တွင်း တိဘက်ဒေသ လာဆာမြို့မှာ ကျွဲတစ်ကောင်သွားသယ်ပေးဖို့ဖြစ်လာပါတယ်။ ရိုးရှင်းတယ်လို့ထင်ရတဲ့ဒီခရီးမှာ မထင်မှတ်တဲ့အလွဲလေးတွေကြုံရင်း သူ့ဘဝကိုဘယ်လိုဖြတ်သန်းမလဲ Filesize : 1.42 GB / 768 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy , Romance , Crime , Western , Adventure Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Angry Yak (2025)

Legends of the Fall(1994) 7.5
Legends of the Fall(1994)  ဒဏ္ဏာရီတဲ့လားဒဏ္ဏာရီဆန်တဲ့ လူသားတစ်‌ယောက်အကြောင်းပြောရင် ကျွန်တော်ကတော့ ထရစ္စတန်ကို မေ့နေလို့မရပါဘူး။ သူ့ဘဝရဲ့ ပုံပြင်ကတော့ လူတိုင်းကို မှင်သက်စေလိမ့်မယ်။သားရဲတစ်ကောင်လို သန်မာတဲ့ လူရိုင်းလေးက စိတ်သဘောထားကြတော့ နုနယ်လွန်းလှတယ်။ ချစ်လှစွာသော သူ့ ညီအကို သုံးယောက်ကြား ဝင်ရောက်လာတဲ့ သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ နှလုံးသားကရော ဘယ်သူ့ဆီမှာပါလဲ။ အနေအေးပြီး ရိုးလွန်းတဲ့ အကိုကြီးရဲ့ ခံစားချက်ကလည်း စာဖတ်သူကို ဘယ်လို ခံစားချက်ဖြစ်စေမှာလည်း သိပါရစေ။စည်းဘောင်တွေ အပြင်မှာ ပျော်ပျော် နေတတ်တဲ့ လူသားက သူ့ချစ်တဲ့သူ တွေကိုရော ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရူခံစား ကြည့်ပါဦး။ ဒီလူရိုးကြီးနဲ့ နှလုံးသားကို ဘယ်လို ထင်လဲ ပြောကြည့်ပါအုံး။ File size…(12 GB)/(2.6 GB)/(1.3 GB) Quality….Blu-Ray/Brbrip 4K HEVC/1080p / 720p Format… mp4 Duration…. 02:13:00 Genre... Drama, Romance, War, Western Subtitle….Myanmar Subtitle ...
movie

Legends of the Fall(1994)

1994
4K HEVC
Stagecoach (1939) 7.8
Stagecoach (1939)  စရိုက်မတူ နောက်ခံမတူကြတဲ့ လူတစ်စုဟာ တွန်တိုကနေ လော့စ်ဘာ့ထိသွားဖို့ ရထားလုံးတစ်စီးကို အတူစီးပြီး ခရီးဆက်ဖို့ဖြစ်လာတယ်။သူတို့သွားမယ့်ခရီးဟာ လမ်းခရီးကြမ်းရုံသာမက အပါချီတွေရဲ့ရန်ကိုပါကြောက်ရတာကြောင့် စစ်သားတွေက တဆင့်ပြီးတဆင့်လိုက်လံပို့ဆောင်ပေးမယ်ဆိုပေမဲ့ ‌လမ်းတလျှောက်စစ်သားတွေ မတွေ့ရဘဲ အခြေအနေဆိုးနေတာကြောင့် တစ်ယောက်အကြောင်းတစ်ယောက်မသိကြတဲ့ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၂ ဦးတို့က သူတိုရဲ့ပန်းတိုင် လော့စ်ဘာ့ကို ကိုယ့်အားကိုယ်ကိုးပြီးသွားရင်းကနေ အခက်အခဲတွေကို ကျော်ဖြတ်ရင်း တစ်ယောက်အကြောင်းတစ်‌ယောက် သိလာရမှပါ။မင်းသားကြီးဂျွန်ဝိန်းနုစဉ်က ‌ဇာတ်ကားတစ်ကားဖြစ်ပြီး ကာရိုက်တာတစ်ခုချင်းစီကို ပုံဖော်ထားပုံက အရမ်းကိုသေသပ်ပြောင်မြောက်တဲ့ ဇာတ်ကားကောင်းကြီးတစ်ကားဖြစ်ပါတယ်။ File size…(2.1 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre... Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Stagecoach (1939)

The Quick and the Dead (1995) 6.5
The Quick and the Dead (1995) The Quick and the Dead (1995)IMDb Rating (6.5)မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့...အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ.....။ File size…(5.9 ...
movie

The Quick and the Dead (1995)

4K HEVC
Gunslingers 5.0
Gunslingers  Gunslingers (2025)မင်းသားကြီး နစ်ကလပ်ကေ့ ပါတဲ့ ကောင်းဘွိုင် အက်ရှင်ကားပါ။ ပေါကားမဟုတ်ပါဘူး။ဇာတ်လမ်းအကျဉ်းမြို့လေးတစ်မြို့ဟာဝရမ်းပြေးတွေအားလုံးကို လက်ခံထားပါတယ်။ အချင်းချင်း ရန်မပြုသလို ဆုကြေးထုတ်ဖို့ ကြိုးစားတာတွေမလုပ်ပါဘူး။ဒါပေမဲ့ အဲဒီမြို့ကို နယူးယောက်က ရဲအဖွဲ့က ဆုကြေးအကြီးဆုံး ဝရမ်းပေးတစ်ယောက်ကို လာဖမ်းဖို့ ကြိုးစားပေမဲ့ တစ်မြို့လုံးက ပြန်ပြီးတိုက်ခိုက်ကြတဲ့အခါဝရမ်းပြေးတွေနဲ့ ဆုကြေးထုတ်ချင်တဲ့ကောင်တွေကြား တိုက်ပွဲအကြီးအကျယ်ဖြစ်လာပါတော့တယ်။ File size… (5.8 GB) / (1.7  GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Western  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson
movie

Gunslingers

2025
4K HEVC
Deadland (2024) 5.6
Deadland (2024)   Deadland (2024)နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိ Angel Walter ဟာ ကင်းလှည့်နေချိန်မှာ နယ်စပ်ကို တရားမဝင်ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက် မြစ်ထဲကနေ ဖြတ်လာတာကို တွေ့ခဲ့ရတယ်။မြစ်ရေဟာအန္တရာယ်များလို့ မကူးလာဖို့ ပြောနေချိန်မှာပဲ အဲ့ဒီလူဟာ မြစ်ရေနဲ့အတူ မျောပါပြီး သေဆုံးသွားခဲ့တယ်။အရာရှိ Angel ဟာအလောင်းကို အိတ်ထဲထည့်ပြီး ပြန်လာချိန်မှာ သူ့ကားနောက်ခန်းထဲက ရေနစ်သေထားတဲ့အလောင်းကောင်ကြီးက နိုးထလာခဲ့တယ်။သေဆုံးသွားပြီလို့ ယူဆထားတဲ့ ဒီလူထူးဆန်းကို ဆေးကုသပေးဖို့ သူ့သူငယ်ချင်း စစ်ဆရာဝန်မတစ်ယောက်ဆီကို ပို့ပေးပြီး သူ့ဇနီးသည်ပြန်ခေါ်တာကြောင့် အရေးတကြီးအိမ်ကိုပြန်သွားခဲ့တယ်။သူအိမ်ပြန်ရောက်ချိန်မှာ သူ့အိမ်မှာလည်း ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့ လူထူးဆန်းတစ်ယောက်ဟာ သူ့အဖေဆိုပြီးတော့ အိမ်ပေါ်ကို ရောက်နေခဲ့တယ်။ဆေးကုသဖို့ ပို့ပေးခဲ့တဲ့လူထူးဆန်းကို အကြောင်းကိစ္စတစ်ချို့ကြောင့် သူ့ရဲ့ လက်အောက်အရာရှိ ရေးနဲ့ ဆရာဝန်ခရုစ်တို့က သေနတ်နဲ့ ပစ်သတ်မိသွားခဲ့ပါတယ်။သူတို့သုံးယောက်ဟာ ဒီကိစ္စကို ဖုံးဖိဖို့ဆုံးဖြတ်လိုက်ပြီး အလောင်းကို မြေမြုပ်ခဲ့တယ်… ဒါပေမဲ့ နောက်ရက်တွေမှာ အဲ့အလောင်းဟာ သူတို့မြုပ်ထားတဲ့နေရာမှာမရှိဘဲ စခန်းကိုပြန်ပြန်ရောက်လာခဲ့တဲ့အခါမှာဒီဖြစ်ပျက်နေတဲ့ ထူးခြားတဲ့ကိစ္စရပ်တွေနဲ့ ...
movie

Deadland (2024)

2024
Fort Apache (1948) 7.4
Fort Apache (1948)  မင်းသားကြီးဂျွန်ဝိန်းရဲ့ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အပါချီခံတပ်ဟာ အမေရိကန် အာရီဇိုးနားဘက်က ဝေးလံပြီး လမ်းပန်းအဆက်အသွယ်ခက်ခဲကာ အင်ဒီယန်းတွေနဲ့ အနီးဆုံးမှာရှိနေတယ်။ ဘယ်အရာရှိမှမလာချင်တဲ့ အဲဒီလိုနေရာမျိုးကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ဂုဏ်သရေရှိစစ်ပြန်ကာနယ်ကြီးတစ်ယောက်ဟာ မကျေနပ်မှုတွေပါရှိနေပြီး ဂုဏ်တက်အောင်လုပ်ကာ သူရဲကောင်းဖြစ်ချင်နေတယ်။နယ်မြေဒေသအကြောင်းတစ်ခုမှမသိတဲ့ တစ်ဇွတ်ထိုးကာနယ်ကြီးနဲ့ ‌ထိုခံတပ်မှာ တာ၀န်ထမ်းဆောင်လာတာကြာနေပြီးဖြစ်ကြတဲ့ အရာရှိတွေကြားမှာ အဆင်မပြေမှုတွေကလည်း အများကြီး။ ကာနယ်ကြီးမှာ သမီးချောလေးတစ်ယောက်ပါ ပါလာခဲ့ပြီး ထိုခံတပ်က ဒုဗိုလ်လေးအိုရော့ဆိုသူနဲ့ မေတ္တာမျှကြလေတော့....။ File size…(2.6 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:08:00 Genre... Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Fort Apache (1948)

Joe Crist (2024) 5.5
Joe Crist (2024)  ၂၀၂၄ ခုနှစ်ကထွက်ရှိထားတဲ့ Joe Crist ကတော့ကောင်းဘွိုင်တွေရဲ့ Comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။တစ်ချိန်က မြို့ထဲကလူဆိုးတွေဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ဆုငွေမုဆိုး Joe Crist ဟာ သုံးနှစ်ကြာအောင်ပျောက်ကွယ်သွားပြီးနောက်မှာ မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။မိတ်ဆွေဟောင်းဒဲလ်ကိုလာတွေ့ရင်း အရက်ဘားကစားပွဲထိုးမလေးမက်ဂီကိုလည်း ချစ်မိသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Joe ကိုအမှတ်မထင်တွေ့လိုက်တဲ့အမျိုးသမီးတစ်ဉီးက သူ့သမီးလေးကိုရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ မြို့မှာခဏလောက်ဆက်နေဖို့ဆုံးဖြတ်လိုက်တဲ့ Joe ဟာ ဟိုတယ်အခန်းထဲဝင်ဝင်ချင်းမှာတင်လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ပြောင်းချောသေနတ်ရဲ့အားကြောင့် ဟိုတယ်ခန်းထဲကနေတောင်လွင့်ထွက်သွားခဲ့တဲ့Joe ဟာ ထူးထူးဆန်းဆန်း အသက်မသေဘဲ ရက် ၄၀ ကြာလို့သတိပြန်ရလာချိန်မှာ ထူးခြားတဲ့အစွမ်းတွေတောင် ပိုင်ဆိုင်ထားတာကို သိလိုက်ရပါတော့တယ်။လူသေကိုတောင်ပြန်ရှင်စေနိုင်တဲ့အစွမ်းတွေနဲ့ Joeတစ်ယောက် သူ့ကိုလုပ်ကြံခဲ့တဲ့မြို့ခံလူမိုက်ဂိုဏ်းကိုဘယ်လိုဖြိုခွင်းသွားမှာလဲ....ပျောက်ဆုံးနေတဲ့ကောင်မလေးတွေကို ရှာဖွေပေးနိုင်မှာလား...သနားစရာကောင်းတဲ့ဒေသခံတွေကို ဘယ်လိုကယ်တင်ပေးမှာလဲဆိုတာ ပေါ့ပေါ့ပါးပါးဟာသတွေနဲ့အတူဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။   File size… (728 MB) / (355 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….53m Genre …. Wastern Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Joe Crist (2024)

The Outlaw Josey Wales (1976) 7.8
The Outlaw Josey Wales (1976)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ western ရုပ်ရှင်တွေရဲ့ iconic actor ကြီးဖြစ်တဲ့ Clint Eastwood ရဲ့ western/war film တစ်ခုပါအမေရိကန်ပြည်တွင်းစစ်နှောင်းပိုင်း ၁၈၆၀ ကာလတွေက တောပုန်းကြီးတစ်ယောက်ရဲ့အကြောင်းကို တင်ဆက်ထားပါတယ် IMDb rating 7.9, Rotten Tomatoes 91% ရထားတဲ့ gunfighter ရုပ်ရှင်ကောင်းတစ်ခုပါပဲဇာတ်လမ်းအကျဉ်းကတော့ ... ရိုးရိုးရိုးသားသား လယ်လုပ်စားနေတဲ့ မစ်ဆူရီက လယ်သမားတစ်ယောက်ဟာ မျက်စိရှေ့တင် သူ့မိန်းမနဲ့ သားဖြစ်သူ အသတ်ခံလိုက်ရပြီးတဲ့နောက် လက်စားချေဖို့အတွက် တောပုန်းတစ်ယောက်ဖြစ်လာခဲ့ပါတယ် စစ်ကြီးပြီးလို့ သူပုန်တော်တော်များများ လက်နက်ချကြပြီး Union ထဲ ဝင်ကြတဲ့အချိန်မှာ ဂျိုစီဝေးလ်စ် ကတော့ ငြင်းပယ်ခဲ့ပါတယ် သူ့မိသားစုကို သတ်သွားတဲ့သူက Union ဘက်က ကပ္ပတိန်တစ်ယောက်ဖြစ်သွားတဲ့အချိန်မှာတော့ ဂျိုစီဝေးလ်စ်တစ်ယောက် လက်တုံ့ပြန်မှုကို ဘယ်နည်းဘယ်ပုံနဲ့ အထမြောက်စေမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးဗျ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. ...
movie

The Outlaw Josey Wales (1976)

Two Mules for Sister Sara (1970) 7.0
Two Mules for Sister Sara (1970)  ငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ကြေးစားဟိုဂန်ဟာ နေတပူပူ သဲတရှပ်ရှပ်နဲ့ ဖုန်ထူလှတဲ့ မက္ကဆီကန်သဲကန္တရထဲမှာ တစ်ကိုယ်တော်ခရီးထွက်လာတဲ့ စစ္စတာဆာရာကို လူဆိုး‌တွေရန်ကနေ ကယ်တင်ပေးခဲ့တယ်။ လူသူကင်းတဲ့သဲကန္တရနဲ့ သီလရှင်မတစ်ယောက်နဲ့ လိုက်ဖက်မှုရှိမ‌နေပေမဲ့ စစ္စဆာရာမှာတော့ မစ်ရှင်တစ်ခုရှိလို ခရီးသွားနေရတာပါတဲ့။ ဦးတည်ရာချင်းမတူကြတဲ့ ကြေးစားဟိုဂန်နဲ့ စစ်စတာဆာရာတိုဟာ ဘယ်လိုအကြောင်းအရာတွေကြောင့် အတူခရီးဆက်ဖိုဖြစ်သွားကြပြီး စစ်စတာဆာရာရဲ့မစ်ရှင်ကရော ဘာများဖြစ်မလဲ။မင်းသားကြီး Clint Eastwood ရဲ့ဇာတ်ကားကောင်းကြီးတစ်ကားဖြစ်ပြီး comedy အမျိုးအစားလေးလည်းဖြစ်တာမို့လို့ အချိန်ကာလအားဖြင့်ကြာမြင့်နေပေမဲ့ လုံး၀ကို ပျင်းစရာ‌ကောင်းမနေတာကိုတော့ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ရင် လက်ခံသွားမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre... Adventure, Drama, Romance, War, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su  
movie

Two Mules for Sister Sara (1970)

Over The Red River (2024) 5.0
Over The Red River (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်းခရီးကို ရှုစားရမှာဖြစ်ပါတယ်..Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာလားမသိဘဲ ခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေအသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ်မုဒိန်းပြုကျင့်ခံရပြီး ယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကိုမြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့်အသက်ပျောက်ခဲ့ရပါတယ်..မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲ ညီမဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့်အရူးမီးဝိုင်းနေခဲ့ရပါတယ်..ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အားမမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာ သနားဖွယ်အမျိုးသမီးကိုကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေးနေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါတစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲ ကူညီပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ ပေတစ်ရာလျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ ညွှန်ပေးလွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်..ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီးမှားခဲ့တဲ့ ...
movie

Over The Red River (2024)