Channel Myanmar

2008

Madagascar: Escape 2 Africa (2008) 6.6
Madagascar: Escape 2 Africa (2008) Madagascar: Escape 2 Africa (2008) IMDb - 6.6/10_____Rotten - 64%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က ...
movie

Madagascar: Escape 2 Africa (2008)

2008
4K HEVC
Yes Man (2008) 6.8

Yes Man (2008)

2008
4K HEVC
Poison Ivy: The Secret Society (2008) 4.2
Poison Ivy: The Secret Society (2008)  Poison Ivy: The Secret Society (2008)IMDb Rating (4.2) / Rotten Tomatoes (20%) ဟော့ဟော့လန်းလန်း သည်းထိပ်ရင်ဖို ကျောင်းသူဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒေစီဟာ ရိုးရိုးအအ တောသူမလေးဖြစ်ပြီး မိဘတွေဆုံးသွားတာနဲ့ တောကရည်းစားကိုထားခဲ့ပြီး မြို့မှာဘဝသစ်တစ်ခုကို ရှာဖွေဖို့လုပ်ပါတယ်။နာမည်ကြီးကောလိပ်တစ်ခုကို ရောက်ရောက်ချင်းမှာတင် ဌာနမှူးရဲ့သားဖြစ်သူက ဖွန်လိုက်ကြောင်နေတာရယ်၊ နာမည်ကြီး အလုပ်သင်ပရိုဂရမ်ကို ရဖို့လည်း အခွင့်အရေးကောင်းနေတာမို့ အရာရာစိုပြေနေပေမယ့်။လျှို့ဝှက်အဖွဲ့အစည်း အမျိုးသမီးဂိုဏ်းတစ်ခုက သူ့ကို ချဉ်းကပ်လာချိန်မှာတော့....... (အညွှန်းနဲ့ဘာသာပြန်ကတော့  Sike Tan ဖြစ်ပါတယ်။)File size…(2.2 GB) / (960 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:36:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan
movie

Poison Ivy: The Secret Society (2008)

2008
Resident Evil: Degeneration (2008) 6.4
Resident Evil: Degeneration (2008)  Resident Evil: Degeneration (2008)IMDb Rating (6.4) / Rotten Tomatoes (67%) ဒီဇာတ်ကားကတော့ နာမည်ကျော် Resident Evil gamefranchiseကြီးရဲ့ ပထမဆုံး animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Gameရဲ့ အဓိကဇာတ်ကောင်တွေပဲ ဖြစ်တဲ့Leonနဲ့Claireတို့ ပါဝင်ထားပြီး အမိုက်စားအက်ရှင်တွေနဲ့အကြမ်းစားဇွန်ဘီတွေကို မိတ်ဆက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းက Umbrella လုပ်ငန်းစုရဲ့ ဗိုင်းရပ်ပိုး‌ကြောင့် တစ်မြို့လုံး ဇွန်ဘီတွေဖြစ်ကုန်တဲ့ ရက်ကွန်းမြို့တော်ကိုအစိုးရက အဏုမြူဗုံးကြဲပြီး မကြာခင်ကာလကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ဗိုင်းရပ်ကပ်‌ဘေး ဖြစ်ပြီးနောက်ဝေလ်ဖာမာဆိုတဲ့ ကုမ္ပဏီက လူတွေနဲ့ သုတေသနလုပ်ပြီးဗိုင်းရပ်ဖြေဆေး ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့သုတေသနနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မြင်သာမှုရှိရှိထုတ်ပြန်တာ မရှိဘဲ ရလဒ်ဆိုးတွေ ထွက်နေတယ်ဆိုတဲ့ ကောလာဟလကြောင့် အပြင်းအထန်ဆန္ဒပြခံ‌နေရတာပဲဖြစ်ပါတယ်။အဲဒီကုမ္ပဏီကပဲ ဟားဗတ်ဗေးလ်မှာ သုတေသနစင်တာတစ်ခု ဖွင့်ဖို့ပြင်ဆင်နေတာကြောင့် ဆန္ဒပြမှုတွေ အရှိန်တက်လာသလို ဝေလ်ဖာမာကို အဓိကထောက်ပံ့နေသူဆီးနိတ်အမတ်ကလည်း အဲဒီမြို့ကို ရောက်လာတဲ့အချိန်မထင်မှတ်ထားတဲ့ ဇွန်ဘီတိုက်ခိုက်မှုကြီး ကြုံလိုက်ရပြီး အရေးပေါ်အခြေအနေ ...
movie

Resident Evil: Degeneration (2008)

2008
Kung Fu Panda (2008) 7.5
Kung Fu Panda (2008) DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating ...
movie

Kung Fu Panda (2008)

2008
Journey to the Center of the Earth (2008) 5.8
Journey to the Center of the Earth (2008) Journey to the Center of the Earth (2008)ကမ္ဘာကြီးရဲ့အလယ်ဗဟိုကဘယ်လိုရှိမလဲတွေးကြည့်ဖူးလား..?ကိုယ်တော့ငယ်ငယ်ကတွေးကြည့်ဖူးတယ် ထောက်ပြမယ့်သူမရှိတော့ ကိုးရိုးကားယားအတွေးတွေလောက်နဲ့အဆုံးသတ်သွားတာပေါ့ဒါပေမယ့်ကမ္ဘာ့အတွင်းပိုင်းမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ် ရှင်သန်နေထိုင်စရာပတ်ဝန်းကျင်မျိုးရှိနေနိုင်တယ်လို့တော့ခံစားရတယ်ကမ္ဘာ့အလယ်ဗဟိုမှာ အူတိုင်မှာ ဓါတ်သတ္တုအစိုင်အခဲတခုရှိနေနိုင်တယ် သူမှာဆွဲငင်အားရှိတဲ့အပြင် ကိုယ်တိုင်လည်ပတ်နေတဲ့စွမ်းအင်ရှိတယ် ဒါကြောင့်အပြင်အခွံဖြစ်တဲ့ကမ္ဘာကြီးက သူ့ရဲ့လည်ပတ်မှုအတိုင်းလိုက်ပါနေရတာလို့ အချို့က ယူဆကြတယ်ထားပါတော့၁၈၆၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာ ဂျူး ဘယ်ရမ် (Jules Verne) ရဲ့ စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားမှာမင်းသား ဘရန်ဒန် ဖရေဇာ (Brendan Fraser) မင်းသမီး အနီတာ ဘရီယမ် (Anita Briem) ကလေးသရုပ်ဆောင် ဂျော့ ဟက်ထရစ်ဆမ် (Josh Hutcherson)နဲ့ ဒါရိုက်တာ အဲရစ် ဘရက်ဗစ် (Eric Brevig) တို့က ပုံဖော်ထားတာပါဒီအတွေးစိတ်ကူးတွေကို ဒီကားမှာချပြထားတယ် ယုတ္တိရှိကောင်းမှရှိနိုင်ပေမယ့် တတ်နိုင်သမျှ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ စိတ်ကူးစေစားထားတာမို့ သဘာဝတကျရှိလှတယ်လို့ခံစားရတယ်မီးတောင်နဲ့ မြေငလျင်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ ပရော်ဖက်ဆာ ထရယ်ဗာ အန်ဒါဆန် တယောက် ထူးခြားတဲ့အချက်ပြမှုကြောင့် စက်ကိရိယာဆီသွားရောက်လို့ မှတ်တမ်းယူရာမှာလျှပ်စီးမုန်တိုင်းမိလို့ ဂူတခုဆီခိုလှုံခိုက် မိုးကြိုးပစ်လို့ လမ်းပြ အန်နာ တူတော်မောင် ဆမ် နဲ့အတူ ဂူဝပိတ်သွားပြီးထွက်မရဖြစ်သွားတယ်ဒီတော့ အမှတ်မထင် ကျောက်မီးသွေးတွင်းတခုကိုတွေ့မိရင်း ထွက်ပေါက်ရှာရင်းက မီးတောင်ဟောင်းတခုရဲ့လမ်းဝ မလိုင်လိုအပေါ်ကြောတင်းရုံသာရှိတဲ့ ...
movie

Journey to the Center of the Earth (2008)

2008
4K HEVC
Tropic Thunder (2008) 7.1
Tropic Thunder (2008) Tropic Thunder (2008)IMDb Rating (7.1) / Rotten Tomatoes (82%)ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr... Night at The Museum မင်းသားကြီး Ben Stiller... ဂါလီဗာ မင်းသားကြီး Jack Black... She's Out of My League ထဲက Jay Baruchel... မင်းသားကြီး Tom Cruise , Matthew McConaughey ...စတဲ့ နာမည်ကြီးမင်းသားတွေပါ ပါဝင်ထားပါသေးတယ်။နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ဇာတ်လမ်းကတော့ စစ်ကားရိုက်တဲ့ သရုပ်ဆောင်မင်းသားတသိုက် ရိုက်ကွင်းလို့ သူတို့ထင်နေတဲ့နေရာကို ရောက်သွားကြပေမယ့် အဲ့နေရာက တကယ်တော့ ...
movie

Tropic Thunder (2008)

2008
4K HEVC
Gran Torino (2008) 8.1
Gran Torino (2008) Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ...
movie

Gran Torino (2008)

2008
4K HEVC
Cyborg She (2008) 6.9
Cyborg She (2008) Cyborg She (2008) IMDB - 6.9 / 10ဘယ်လောက်ကြာကြာရိုးမသွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDB 6.9 ရရှိထားပြီး ကြည်နူးလွမ်းမောဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းလေးကို ပုံဖေါ်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အချိန်ခရီးသွားပြီးပြန်ရောက်လာတဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရိုဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်.. ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကိုလိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ.. ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကိုသံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို ..နှလုံးသားဆိုတာမပါပဲ.. စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..မထင်မှတ်ထားတဲ့ Plot လေးတွေနဲ့အတူ သပ်ရပ်စွာရိုက်ကူးထားတဲ့ Movie လေးပဲဖြစ်ပါတယ် အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ Filesize : 2.06 GB / 1 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy , Romance , Science Fiction Runtime : 1h 55 ...
movie

Cyborg She (2008)

2008
City of Ember (2008) 6.4
City of Ember (2008)  City of Ember (2008)IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ..ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်..အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး..ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်..ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်..ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ...
movie

City of Ember (2008)

2008
Three Kingdoms: Resurrection of the Dragon (2008) 6.1
Three Kingdoms: Resurrection of the Dragon (2008)  ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ ...
movie

Three Kingdoms: Resurrection of the Dragon (2008)

2008
Love Fight (2008) 6.1
Love Fight (2008) Love fight 2008 အညွှန်းရန်ဖြစ်လိုက် ပြန်ချစ်လိုက်မဟုတ်ဘဲ ရန်ပဲဖြစ်နေရာကနေ ဖြစ်ပေါ်လာမယ့် ငယ်သူငယ်ချင်းဇာတ်လမ်း။ မီနိုရူနဲ့ အာကီက ငယ်ငယ်တည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပေမဲ့ မီနိုရူက ငကြောက်လေးဖြစ်ပြီး၊ အာကီကတော့ မီနိုရူအနိုင်ကျင့်ခံရတိုင်း ရှေ့ကနေ ရန်တွေ့ပေးတတ်တဲ့ ခပ်စွာစွာ ကောင်မလေးဖြစ်နေပါတယ်။ဒီလိုနဲ့ သူများအနိုင်ကျင့်တာ မခံရပေမဲ့ အာကီအနိုင်ကျင့်တာပဲ ခံလာရတဲ့ မီနိုရူတစ်ယောက် အထက်တန်းကျောင်းသားဖြစ်လာတဲ့အချိန်မှာ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် လက်ဝှေ့သင်တန်း ခိုးတက်ပါတော့တယ်။ ရည်ရွယ်ချက်က အနိုင်ကျင့်မခံရတော့ဖို့၊ အာကီရဲ့ ထိန်းချုပ်မှုအောက်ကနေပါ ရုန်းထွက်နိုင်ဖို့ပါပဲ။ဒီလိုနဲ့ လက်ဝှေ့သင်တန်းရောက် မီနိုရူတစ်ယောက် တကယ် ရင်ဆိုင်ရမယ့်အခက်အခဲက ဘာများဖြစ်နေမလဲ။ အာကီလက်ထဲကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်Genre..... Drama, Romance, Sport Quality…. 1080p WEB-DL | 720p WEB-DL File size… 2.32GB | 908MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Love Fight (2008)

2008
Ghost Town (2008) 6.7
Ghost Town (2008)  Ghost Town (2008)IMDb Rating (6.7) / Rotten Tomatoes (85%)Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီးနားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့...လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ.....File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC ...
movie

Ghost Town (2008)

2008
Harold & Kumar Escape from Guantanamo Bay 2008 6.6
Harold & Kumar Escape from Guantanamo Bay 2008 ဒီကားလေးက အများစုသိကြတယ့် ဟာရိုး နဲ့ကူးမား ကားတွေထဲက Guantanamo Bay ဇတ်လမ်းပါWarning (16+) ဒီကားကို ၂၀၀၈ ခုနှစ်က ရိုက်ကူးခဲ့ပြီး 18 +အခန်းတွေ နည်းနည်းပါပါတယ်။ american ဟာကကားဆို တော့ နည်းနည်း ပွင့်လင်းတာပေါ့။ IMDb ၆.၆ ၊ Rotten Tomatoes ၅၃% ရရှိထားပါတယ်။ ဟာသကားကြိုက်ရင် ဒီrating တွေ ကိုကြည့်မနေနဲ့ ဒီကားကိုသာကြည့်လိုက်ပါ။ ဘတ်ဂျတ်၁၂ မီလံယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၄၃ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ ကဲ ....ဇာတ်လမ်းပိုင်းမှာတော့ ဟာရိုရဲ့ ပုံစံကသန့်သန့်ပြန့်ပြန့်နေတက်တဲ့ ကိုရီးယားကောင်၊ ကူးမားကတော့ ညဏ်ကောင်းပေမယ့် ခေါင်းထဲမှာ အိပ် ၊ စား ၊ ကာမ ၊ ဆေးခြောက်တွေပဲခေါင်းထဲရှိတယ့် အိန္ဒိယကောင်။ အဲ့၂ကောင်က ခရီးသွားဖို့လုပ်ကြတယ်။ ခရီးက လဲ ဟာရိုး ကြိုက်နေတဲ့ ကောင်မလေးက ...
movie

Harold & Kumar Escape from Guantanamo Bay 2008

2008
A Wednesday! (2008) 8.1
A Wednesday! (2008) "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလို သရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့် ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာ ရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်း ဆိုသည်။A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီး ...
movie

A Wednesday! (2008)

2008
Doomsday (2008) 6.0
Doomsday (2008) Doomsday (2008)IMDb Rating (5.9) / Rotten Tomatoes (50%)အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ...
movie

Doomsday (2008)

2008
Eagle Eye (2008) 6.6
Eagle Eye (2008)  အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie

Eagle Eye (2008)

2008
4K HEVC
Romantic Island (2008) 6.2
Romantic Island (2008) Romantic Island (2008)ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့... မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Romantic Island (2008)

2008