Channel Myanmar

2018

Fantastic Beasts: The Crimes of Grindelwald (2018) 6.6
Fantastic Beasts: The Crimes of Grindelwald (2018) Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36%   2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ ...
movie

Fantastic Beasts: The Crimes of Grindelwald (2018)

2018
4K HEVC
The Accidental Detective 2: In Action (2018) 6.5
The Accidental Detective 2: In Action (2018) The Accidental Detective 2: In Action (2018)IMDb Rating (6.5)ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ...
movie

The Accidental Detective 2: In Action (2018)

2018
Adrift (2018) 6.7
Adrift (2018) Adrift (2018)IMDb Rating (6.7)/ Rotten Tomatoes (69%)‌Adrift ( မျောပါခြင်း) ဆိုတဲ့ သည်းထိတ်ရင်ဖိုဒီဇာတ်ကားက ၁၉၈၃ ခုနှစ်က ပင်လယ်ကိုအပျော်ခရီးထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ Me Before You မင်းသား Sam Claflin နဲ့ The Fault in Our Stars မင်းသမီး Shailene Woodley တို့လိုနာမည်ကြီးတွေပါဝင်ထားပါတယ်။ တစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးပဲပါပါတယ် သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကို တကယ် အေးချမ်းစေပြီး ဇာတ်လမ်းကတော့ ရင်မောစရာအပြည့်နဲ့ပါ။ ‌ ဇာတ်လမ်းလေးကတော့ဒီလိုရှင့်... ‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ် ‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီး သူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ် အဲ့ညမှာပဲ ချစ်သူတွေဖြစ်ရာကနေ ကောင်မလေးက ပင်လယ်မှာရွက်လွှင့်သွားရတာကြိုက်မှန်းသိလို့ ကောင်လေးက တစ်ကမ္ဘာလုံးကိုရွက်လွှင့်ပြီးလိုက်ပြဖို့ခွင့်တောင်းပါတယ် နောက်နေ့မှာတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွှင့်ကြပါတော့တယ်... ‌ ဒီလိုနဲ့ရွက်လွှင့်ရင်းကနေ ပစိဖိတ်သမုဒ္ဒရာအလယ်မှာ အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားတဲ့အခါမှာတော့... ဖြစ်ရပ်မှန်ဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ လူသားတို့ရဲ့ဘဝကြီးတခုကို ...
movie

Adrift (2018)

2018
Game Night (2018) 7.4
Game Night (2018)  Game Night (2018)IMDb Rating (6.9) / Rotten Tomatoes (85%) ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင်ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ်။ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါအတော်များများ သိလိုက်ရပါတယ်။ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့လုံး၀ ကို ဇာတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်။February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီးBox office ...
movie

Game Night (2018)

2018
4K HEVC
Us and Them (2018) 7.4
Us and Them (2018)  ဒီတရုတ်ဇာတ်ကားလေးကတော့ လူသိနည်းပေမယ့် Rating မြင့်တဲ့ အဖီးလ်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းအမှတ်မထင်တွေ့ဆုံခဲ့ကြရာကနေ အရင်းနှီးဆုံးသူငယ်ချင်းတွေအထိဖြစ်လာကြတဲ့ ကျန့်ချန်းနဲ့ရှောင်ရှောင်း... ကျန့်ချန်းဆိုတဲ့ကောင်လေးက ဂိမ်းကစား ဂိမ်းတီထွင်ရတာကို အရမ်းစွဲလမ်းကြီးတဲ့ကောင်လေးဖြစ်သလို ရှောင်ရှောင်းဆိုတဲ့ကောင်မလေးကတော့ ရွတ်နောက်နောက်နေတတ်သူပါ...သူမရဲ့အိမ်မက်ကတော့ ပေကျင်းမြို့ပေါ်မှာအိမ်ထောင်အတည်တကျနဲ့ပျော်ရွှင်စွာနေထိုင်သွားဖို့ဖြစ်ပါတယ်...ဒါပေမယ့် ပေကျင်းမြို့ဆိုတာက နေထိုင်စရိတ်ကြီးသလို အလုပ်အကိုင်ကလည်း ရှားပါးပါတယ်....ဘဝကိုရုန်းကန်လှုပ်ရှားနေရတဲ့ သူတို့နှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့အချစ်တစ်ခုပေါ်ပေါက်လာတဲ့အခါမှာ...အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ကခိုင်မြဲနိုင်မလား ဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့ပြည့်စုံတတ်တဲ့အမျိုးလား သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကရော တကယ်ဖြစ်လာနိုင်မှာလားဆိုတာကတော့......။ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို အပြည့်ဝဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ရင်ထဲကိုထိတဲ့ကားလေးမို့ တစ်ရှူးလေးတော့ဆောင်ထားကြနော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Ying Ying ဖြစ်ပါတယ်။ File size…(1.9 GB)/(890 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ying Ying
movie

Us and Them (2018)

2018
One Last Thing (2018) 5.6
One Last Thing (2018) ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးနဲ့တစ်ဦးနည်းမျိုးစုံနဲ့ပေါက်ဖွားနိုင်ပါတယ်ဖြစ်ပေါ်လာတဲ့ မေတ္တတရားကိုလည်း ဖော်ပြပေးရမယ့်စကားလုံးလေးတွေလုပ်ရပ်လေးတွေလည်းအမျိုးမျိုးရှိတာပေါ့နော်ဒီဇာတ်ကားလေးထဲမှာ ဆိုးသွမ်းတဲ့ဇနီးနဲ့သားလားသမီးလားမသိတဲ့ကလေးကို၂၅ နှစ်လောက် ရှာဖွေနေတဲ့အထီးကျန်လှတဲ့ သွားဆရာဝန်ကြီးတစ်ယောက်အကြောင်းကနေ စတင်ပါတယ်မိသားစုကို ပြန်ဆုံချင်လို့ လိုက်ရှာပေမယ့်ကံဆိုးကံကောင်းစွာနဲ့ သမီးလေး ရှိနေသေးတယ်ဆိုတာကိုသိလိုက်ရလို့သမီးဖြစ်သူနဲ့ဆုံဖို့သွားတော့ ကျောက်ကပ်မကောင်းတဲ့ဝေဒနာကိုခံစားနေရတဲ့သမီးဖြစ်သူနဲ့ဆုံခဲ့ရပါတယ်သမီးဖြစ်သူကလည်း ကိုယ့်အဖေဖြစ်တာကိုမယုံရဲယုံရဲလက်ခံပြီးသားအဖနှစ်ယောက်ကြားမှာရှိတဲ့ ၂၅ နှစ်တာဝေးကွာထားတဲ့စိမ်းကားမှုတွေကိုကြိုးစားဖြေဖျောက်ကြရင်းကိုယ့်ကိုယ်ကိုဝေဒနာနဲ့သေဆုံးတော့မယ်ဆိုတာလက်ခံထားတဲ့ သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒ ….သမီးဖြစ်သူကို ကျောက်ကပ်အစားထိုးကုသပြီးအရာအားလုံးပေးထားခဲ့ချင်တဲ့အဖေတစ်ယောက်ရဲ့ ဆန္ဒ တွေကိုနှစ်ယောက်စာ ခံစားရင်း စီးမျောရမယ့်ဇာတ်ကားကောင်းလေးပါ… File size…    1.4 GB /  611 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htoo Htoo Ka Joe
movie

One Last Thing (2018)

2018
Sgt. Stubby: An American Hero (2018) 7.0
Sgt. Stubby: An American Hero (2018) ဒီAnimation ကားလေးကတော့ Rating 7 ရရှိထားပြီးပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်....ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော်ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါstubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲအမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကိုဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါစိတ်ဝင်စားဖို့လည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို့ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်းအရမ်းကို ချစ်စရာကောင်းတာမလို့ puppy loverလေးတွေလဲလက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်.... File size…   1.3 GB / 548 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ..... Adventure / Animation / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by JimX
movie

Sgt. Stubby: An American Hero (2018)

2018
Family Blood (2018) 4.8
Family Blood (2018) Ellie လို့ခေါ်တဲ့ ဆေးစွဲတာကနေ နလန်ထူကာစ အမျိုးသမီးတယောက်က မြို့သစ်တခုကိုဆယ်ကျော်သက်အရွယ် သူ့ကလေးနှစ်ယောက်နဲ့ ပြောင်းလဲ အခြေချနေဖို့ ဖြစ်လာပါတော့တယ်။ဒါပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား ဆေးမသုံးပဲ မနေနိုင်တာကြောင့် အခက်တွေ့နေရပါတယ်။တနေ့ Christopher ဆိုတဲ့ လူနဲ့တွေ့တော့ သူ့ဘဝ တဆစ်ချိုးပြောင်းလဲလာပါတော့တယ်။စွဲလမ်းမှုကို အခြားစွဲလမ်းမှုနောက်တမျိုးနဲ့ အစားထိုးမယ်ဆိုတာကနေEllie က ဘယ်လိုမှ မဆိုင်တဲ့ပုံစံပြောင်းသွားတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။Horror/ Thriller အမျိုးအစားဖြစ်တာကြောင့်အဲဒီလို mystery ဆန်ဆန် ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့လူတွေ အတွက်ဇာတ်ကားကောင်းတခုဖြစ်မှာပါ။ File size…   905 MB/ 397 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 24m Genre ..... Horror / Thirller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Dr Zac
movie

Family Blood (2018)

2018
Early Man (2018) 6.3
Early Man (2018) အခုတစ်​ခါ​တော့ ၂၀၁၈ ခုနှစ်​ထွက်​ထားတဲ့ Early Man ဆိုတဲ့​ကျောက်​​ခေတ်​ကာလကို ​နောက်​ခံထားပြီးရိုက်​ကူးထားတဲ့Animation ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ဒီကား​လေးကို ဒါရိုက်​တာ Nick Park ကရိုက်​ကူးခဲ့တာဖြစ်​ပြီးAardman Animation က ​နေထုတ်​လုပ်​ဖြန်​့ချီထားတာဖြစ်​ပါတယ်​ဒီကား​လေးက ​ကျောက်​​ခေတ်​ကာလက​နေ​ကြေး​ခေတ်​​ပြောင်​းတဲ့ကာလမှာ​ကျောက်​​ခေတ်​မှာ ​အေး​ဆေ​း​နေခြင်​တဲ့ ​ကျောက်​​ခေတ်​လူသား​လေး Dug ကသူ့အိမ်​ကို အ​နှောက်​အယှက်​​ပေးဖျက်​ဆီး မယ်​့ လူဆိုးကြီးNooth ရဲ့ရန်​က​နေကာကွယ်​တာကို ရိုက်​ကူးပြထားတာဖြစ်​ပါတယ်​ဇာတ်​ကား​လေးက​တော်​​တော်​ ​ကောင်​းပြီး ဒီကားထဲမှာပါတဲ့သီချင်​း​လေး​တွေကလဲ ​တော်​​တော်​ ​ကောင်​းပါတယ်​ဒီကား​လေးထဲမှာ Dug အဖြစ်​ Eddie Redmayne က သရုပ်​​ဆောင်​ထားပြီးGoona အဖြစ်​ Maisie Willians နဲ့လူဆိုးကြီး Lord Noothဖြစ်​ Tom Hiddlestom က အသံသရုပ်​​ဆောင်​​ပေးထားတာဖြစ်​ပါတယ်​ကဲ Animation ပရိတ်​သတ်​ကြီးအ​နေနဲ့က​တော့လက်​လွတ်​မခံသင်​့တဲ့ကား​လေး ဆိုတာ​ပြောလိုက်​ပါရ​စေ File size…   1.7 GB /1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ...
movie

Early Man (2018)

2018
Den of Thieves (2018) 7.0
Den of Thieves (2018) Den of Thieves (2018)IMDb Rating (7.0) / Rotten Tomatoes (41%)ဒီရုပ်ရှင်ကားက သရုပ်ဆောင်တွေရဲ့ Badass Acting တွေက လုံးဝအထာကျပါတယ်...ကြိုးဝိုင်းထဲက လက်ဝှေ့ဘဲတွေလို ပေါ်တင်ဖိုက်ကြတာပါဒါပေမယ့် ဒီလို လက်ရဲဇက်ရဲလူကြမ်းတွေကြားမှာ ဉာဏ်ကိုလွှာသုံးမယ့် ဘဲတစ်ပွေပါလာတဲ့အခါ....အတော်ကိုမှ မိုက်တဲ့ လှည့်ကွက်တွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားဖြစ်သွားပါတော့တယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ငွေရဖို့အတွက် ခက်ခဲတဲ့မစ်ရှင်တွေကိုမှ အကွက်ကျကျစီစဉ်တတ်တဲ့ တကယ့်ထိပ်တန်းလက်ရွေးစင်ဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ Federal Reserve Bank ကို လက်ရွေးစင်ဟောင်းအဖွဲ့တွေ ဘယ်လိုခိုးဝင်ပြီး ဓားပြတိုက်ကြမလဲ.... နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ.....။Unrated Version နဲ့ပြန်လည်တင်ဆက်ထားတာမလို့ ယခင် Version ထက်ပိုမိုပြည့်စုံစွာ ကြည့်ရှုခံစားရမှာပါ။ File size…(2.9 GB )/(1.4 GB) Quality….BluRay Unrated 1080p HEVC / 720p Format…mkv/mp4 Duration….02:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura & ...
movie

Den of Thieves (2018)

2018
Benji(2018) 6.3
Benji(2018) အမေရိကမှာ ဘန်ဂျီကအချစ်ခံဆုံးခွေးဖြစ်ခဲ့ဖူးတဲ့အချိန်တစ်ခုရှိ​ပါတယ်။ ဘန်ဂျီဇာတ်ကားအနေနဲ့၁၉၇၄ မှာစတင်ထွက်ရှိခဲ့ပြီး ၂၀၀၄ အထိ ငါးကားထွက်ရှိခဲ့ပါတယ်။အဲဒီနောက် ဆယ်စုနှစ်တစ်ကျော်အကြာ ၂၀၁၈ မှာတော့ Netflix ကနေ ယခုဘန်ဂျီဇာတ်ကားဟာ Rebootအနေနဲ့ထွက်ရှိလာပါတယ်။ဘန်ဂျီဟာ ချစ်စရာကောင်းတဲ့အပြင် လူတစ်ယောက်နီးပါးအသိဉာဏ်ရှိပါတယ်။ဘန်ဂျီဟာ ငယ်ငယ်တည်းက သူ့မိသားစုနဲ့ကွဲသွားပြီး လမ်းပေါ်မှာပဲရှင်သန်ကြီးပြင်းခဲ့ရပါတယ်။တစ်နေ့မှာတော့ကာတာဆိုတဲ့ကောင်လေးဟာ ကျောင်းကနေအိမ်အပြန်လမ်းမှာ ဘန်ဂျီကိုတွေ့တွေ့နေရာကနေစတော်ဘယ်ရီသီးနဲ့အိမ်ကိုမျှားခေါ်ခဲ့ပါတယ်။အဲဒီကနေ ဘန်ဂျီကိုအိမ်မှာသူအမေမသိအောင်​ခိုးမွေးရာကနေ ဘန်ဂျီဇာတ်လမ်းလေးဖြစ်လာခဲ့ပါတယ်။အဖေမရှိတော့တဲ့ ကာတာနဲ့ဖရန်ကီတို့မောင်နှမဟာ သူတို့အမေ မစ်ဟျူးက သူတို့အဖေရဲ့နာရီကို နာရီဆိုင်ကမစ္စတာကင်းဆီရောင်းလိုက်တဲ့အတွက်ကာတာတို့မောင်နှမ နာရီပြန်ဝယ်ဖို့ နေ့လည်စာစုပြီးမစ္စတာကင်းဆီနေ့တိုင်းနီးပါးသွားနေတာကို ဇာတ်လမ်းကျောရိုးအဖြစ်ရိုက်ပြထားပြီးဘာဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်သိရမှာပါ။သေချာတာကတော့ ဒီဇာတ်ကားဟာ ပိတ်ရက်တွေမှာမိသားစုနဲ့အတူ အနားယူရင်းကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size… 1.6 GB, 754 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Crime, Drama, Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Linmyat ...
movie

Benji(2018)

2018
Primal Rage (2018) 5.0
Primal Rage (2018) အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့်အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကိုရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့်ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် ...
movie

Primal Rage (2018)

2018
Pacific Rim: Uprising (2018) 5.6
Pacific Rim: Uprising (2018) Pacific Rim: Uprising (2018)Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf  5.6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက်လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် ...
movie

Pacific Rim: Uprising (2018)

2018
4K HEVC
12 Strong (2018) 6.5
12 Strong (2018) 12 Strong (2018)စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ ...
movie

12 Strong (2018)

2018
4K HEVC
Hellraiser: Judgment (2018) 4.3
Hellraiser: Judgment (2018) Hellraiser: Judgement (2018)ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Hellraiser: Judgment (2018)

2018
Venom (2018) 7.0
Venom (2018) DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie

Venom (2018)

2018
4K HEVC