Channel Myanmar
Melodrama
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၂၇)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...
Beauty and Mr. Romantic (2024)
2024
Scandal (2024)
Scandal (2024) Scandal (2024)***************အပိုင်းသစ် (၅)ပူရလောင်ရတဲ့ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် လက်စားချေရင်း မြိုင်မြိုင်ဆိုင်ဆိုင် ပူလောင်ရမဲ့ ဇာတ်ကားလေး လာပါပြီ။ ဒီဇာတ်ကားမှာတော့ ကေဒရာမာ ပရိသတ်ကြီးတို့ သိကြတဲ့ မင်းသမီး Han Chae-Young၊ Han Bo-Reum နဲ့ မင်းသား Choi Woong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - မွန်း​ဂျောင်အင် (Han Chae-Young) ဆိုတဲ့အမျိုးသမီးက အရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့ ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။ အဲဒီနောက် မွန်း​ဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့​ဆောအာ (Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်း​ဂျောင်အင်ကြောင့် သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။ ဘဲ့​ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ​ ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ဖို့အထိ စီစဉ်ခဲ့‌ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့ ...
Scandal (2024)
2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်း (၁ မှ ၁၀၄) စ/ဆုံး အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ ...
In Cold Blood (2024)
2024
The Third Marriage (2023) [Complete]
The Third Marriage (2023) [Complete] The Third Marriage (2023)**************************အပိုင်း (၁ မှ ၁၃၂) စ/ဆုံး လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ...
The Third Marriage (2023) [Complete]
2023
Grudge: The Revolt of Gumiho (2010) 4.5
Grudge: The Revolt of Gumiho (2010) Grudge: The Revolt of Gumiho (2010) ***********************************စ/ဆုံး ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့ supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့ ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ် ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae, မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း _______________ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့် လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ ...
4.5
TMDb: 4.5/10 2 votes
tv
Grudge: The Revolt of Gumiho (2010)
2010
Captivating the King(2024)
Captivating the King(2024) Captivating the King(2024)*************************အပိုင်းသစ်(၁၆) ဇာတ်သိမ်းပိုင်းHospital playlist ထဲက မင်းသား Cho Jung-Seokနဲ့ ယဉ်ယဉ်လေးနဲ့ အရမ်းလှတဲ့ မင်းသမီး Shin Se-Kyung ကိုအတူတူ တွေ့မြင်ရမယ့် နန်းတွင်းအရှုတ်တော်ပုံဇာတ်လမ်းတွဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း --------------------Lee In ( Cho Jung-Seok ) ဟာ အစ်ကိုဖြစ်သူ ဘုရင် Lee Sun ရဲ့ ဂရုစိုက်မှုနဲ့ယုံကြည်မှုတွေကိုရရှိထားတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုကြီးအပေါ်မှာလည်း သစ္စာစောင့်သိတဲ့ Lee In ဟာQing မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားခံရပါတယ်။ညီဖြစ်သူရဲ့ သစ္စာစောင့်သိမှုကိုအထင်အမြင်လွဲသွားတဲ့ ဘုရင်ဟာ Lee In ကို သစ္စာဖောက်တယ်ဆိုပြီးတော့ မုန်းတီးစပြုလာပါခဲ့တယ်။အစ်ကိုဖြစ်သူရဲ့ အထင်အမြင်လွဲမှု‌နဲ့ မုန်းတီးမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ မင်းသား Lee In ဟာ အမည်မသိမာကျောက်ကစားသမားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဘဝအလှည့်အပြောင်းမျိုးစုံဖြစ်လာဖို့အကြောင်းဖန်လာပါတော့တယ်..ဒီစီးရီးဟာ နိုင်ငံရေး အချစ်ရေး မျိုးစုံဖွဲ့နွဲ့ထားတဲ့အတွက်ကြောင့်ဇာတ်အိမ်ကောင်းကောင်းနန်းတွင်းစီးရီးတွေကိုကြိုက်တဲ့သူတွေအတွက် ကြည့်သင့်ပါကြောင်း...Aired: Jan ...
Captivating the King(2024)
2024
Secret Love(2013) [Complete] 8
Secret Love(2013) [Complete] Secret Love(2013)****************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲဟာ ဆုတွေအများကြီးရရှိခဲ့သလို Ratingတွေကလည်းအကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်....ရရှိခဲ့သောဆုများTop Excellence Award, Actor - Ji Saung Top Excellence Award,Actress - Hwang Jung-eumBest Supporting Actor - Bae Soo-binBest Supporting Actress - Lee Da-heeNetizen Choice Award - Hwang Jung-eumBest Couple Award - Ji Saung and Hwang Jung-eum Outstanding Modern Drama Awardအမှုစစ်အန်ဒိုဟွန်း ဆိုတဲ့သူဟာ ရည်မှန်းချက်ကြီးသလို တစ်နေ့အားလုံးအထက်မှာရပ်တည်နိုင်ရမယ်လို့ယုံကြည်တဲ့သူဖြစ်တယ်.... ဘယ်လိုပဲရည်မှန်းချက်တွေကြီးမားနေပါစေ လက်ရှိတွဲနေတဲ့ကောင်မလေးကအချိန်ပိုင်းအလုပ်သမားဖြစ်နေတဲ့အပြင် အနာဂတ်ဆိုတာလည်းရေရေရာရာမရှိတော့မိဘတွေကလည်းသဘောမတူကြပါဘူး...တစ်နေတော့အမှုစစ်ဟာ အဆိုးဝါးဆုံးသောအမှုတစ်ခုကိုကျူးလွန်ခဲ့ပါတယ်...သူ့ရဲ့ကားမတော်တဆမှုကြောင့် ကောင်မလေးတစ်ယောက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်..ဒီပြဿနာကို ချစ်သူကောင်မလေးဟာ ကာကွယ်ပေးရင်းထောင်ထဲဝင်ခဲ့ပါတယ်..ချစ်သူကို အားလုံးအနစ်နာခံပြီးထောင်ထဲဝင်ခဲ့ပေမဲ့နောက်ဆက်တွဲ ကိစ္စတွေဟာ ထင်ထားသလိုဖြစ်မလာဘဲပြဿနာပေါင်းစုံထပ်ကြုံလာရတဲ့အပြင် ...
8
TMDb: 8/10 24 votes
tv
Secret Love(2013) [Complete]
2013
High Society (2015) [Complete] 7.2
High Society (2015) [Complete] High Society (2015)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး Kdrama ပရိသတ်ကြီးအတွက် 2015ခုနှစ်မှာ ထွက်ရှိခဲ့ပြီးU-ee, Sung Joon, Park Hyung Sik နဲ့ Im Ji Yeon တို့ပါဝင်ထားတဲ့ High Society ဆိုတဲ့ ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...ပိုက်ဆံချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့Jang Yoon Ha ဟာ ဘဝမှန်ကို ဖုံးကွယ်ပြီး ကုန်တိုက်တစ်ခုမှာအချိန်ပိုင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပါတယ်။သူမကို မိဘအသိုင်းအဝိုင်းကြောင့်မဟုတ်ဘဲအချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ပြီးတော့သူ့မှာ Lee Ji Yiဆိုတဲ့ သာမန်မိသားစုက မွေးဖွားလာတဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်။Choi Joon Ki ကတော့ ချမ်းသာတဲ့မိသားစုက မဟုတ်ပေမဲ့ရုပ်ရည်ချောမောကာ ထူးချွန်ထက်မြက်ပြီး လက်ရှိမှာတော့သူငယ်ချင်းဖြစ်သူ Yoon Chang Soo တို့ မိသားစုရဲ့ကုမ္ပဏီမှာလက်ထောက်မန်နေဂျာအဖြစ် လုပ်နေပါတယ်။Joon Ki ကတော့ အချစ်ဆိုတာကို ငွေကြေးချမ်းသာမှုနဲ့ ...
7.2
TMDb: 7.2/10 19 votes
tv
High Society (2015) [Complete]
2015
Temptation (2014) [Complete] 7.8
Temptation (2014) [Complete] Temptation (2014)*******************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ တစ်ခေတ်တစ်ခါတုန်းက ထိပ်ထိပ်ကြဲတွေဖြစ်တဲ့မင်းသမီးကြီး Choi Ji Wooနဲ့ မင်းသားကြီး Kwon Sang Woo တို့အဓိကပါဝင်ထားတဲ့ အိမ်ထောင်ရေးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း...လုပ်ငန်းကျရှုံးပြီး အကြွေးပိနေတဲ့ ချာဆော့ဟွန်းနဲ့နာဟုန်းဂျူတို့ ဇနီးမောင်နှံနှစ်ယောက် ဟောင်ကောင်မှာထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လည်း အချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိတဲ့ ယွန်းဆယ်ယောင်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး"ဆော့ဟွန်းရဲ့ အကြွေးတွေအတွက် ဖြေရှင်းပေးမယ်""ဆော့ဟွန်းကို ၃ရက်တာ ဝယ်မယ်" ဆိုတဲ့ ကမ်းလှမ်းမှုလုပ်လာပါတော့တယ်။အဲဒီကမ်းလှမ်းမှုက ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုတွေပြောင်းလဲစေမှာလဲ...ဆယ်ယောင်းနဲ့ ဆော့ဟွန်းတို့ကြားမှာရော အတိတ်က ဘယ်လိုဇာတ်လမ်းတွေ ရှိခဲ့သေးသလဲ...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Lia Fay မှ ရေးသားထားပါတယ်။) Genres: Romance, Drama, Melodrama Episodes: 20 Aired: Jul 14, 2014 - Sep 16, 2014 Aired On: Monday, Tuesday Original Network: SBS Duration: 60 mins Translated by Lia Fay, ...
7.8
TMDb: 7.8/10 4 votes
tv
Temptation (2014) [Complete]
2014
Bad Guy (2010) [Complete] 6.3
Bad Guy (2010) [Complete] Bad Guy (2010)***************အပိုင်း (၁ မှ ၁၇) စ/ဆုံးBad Guy ဆိုတဲ့ ဒီစီးရီးလေးကတော့ 2010 ခုနှစ်က ထွက်ရှိခဲ့ပြီး Kim Nam Gil, Kim Jae Wook,Han Ga In နဲ့ Jung So Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ရှင်းဂန်ဝု(Kim Nam Gil)ကတော့ စတန့်သမားတစ်ယောက်ဖြစ်ပြီး ဟယ်ရှင်းလုပ်ငန်းစုကိုလက်စား​ချေဖို့အတွက် ဟယ်ရှင်းလုပ်ငန်းစုရဲ့ ဒုတိယသမီးဖြစ်တဲ့ ဟုန်းမိုနယ်တင်မကဘဲသူ့အစ်မ ဟုန်းထယ်ရာကိုပါ ဖျားယောင်းပြီး ကစားချင်တိုင်း ကစားနေတဲ့သူပေါ့။လက်စားချေချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ သူရဲ့ ဘဝထဲကို မွန်းဂျယ်အင်က ဝင်ရောက်လာတဲ့အခါ...မွန်းဂျယ်အင်က ဟယ်ရှင်းလုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဟုန်းထယ်​ဆောင်းကို သဘောကျနေတဲ့အခါ...သူတို့ ဘယ်လိုတွေ ၅ပွင့်ဆိုင်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရအောင်နော်။ Aired: May 26, 2010 - Aug 5, 2010 Aired On: Wednesday, ...
6.3
TMDb: 6.3/10 9 votes
tv
Bad Guy (2010) [Complete]
2010
That Winter, the Wind Blows (2013) [Complete] 7.1
That Winter, the Wind Blows (2013) [Complete] That Winter, the Wind Blows (2013)*********************************အပိုင်း (၁ မှ ၁၆) စ / ဆုံး အိုဆူး(Jo In Sung)ကတော့ ဒုစရိုက်ကို ခုန်မင်ကာဘဝကို ပေါ့ပျက်ပျက်တွေးရင်း ရှင်သန်နေသူတစ်ဦးဖြစ်ပါတယ်။အိုယောင်း(Song Hye Gyo)ကတော့ မျက်မမြင်သူဌေးသမီးလေးဖြစ်ပြီးငယ်စဉ်အခါက ကွဲကွာသွားတဲ့ အစ်ကိုဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ ကောင်မလေးပေါ့။တစ်နေ့မှာ‌တော့ အိုဆူးတစ်ယောက် ဒုစရိုက်လောကရဲ့ ထုံးစံအတိုင်းအရှုပ်အထွေးကြားထဲကို ကျရောက်ပြီး ပိုက်ဆံလိုလာပါတော့တယ်။အဲဒီအချိန်မှာပဲ အစ်ကိုဖြစ်သူကို ရှာ‌နေတဲ့ အိုယောင်းနဲ့တွေ့ပြီးအစ်ကိုဖြစ်သူနဲ့ နာမည်တူနေတာကို သိသွားတဲ့ အိုဆူးတစ်ယောက်သူ့အခက်အခဲကို ဖြေရှင်းဖို့အတွက် အိုယောင်းကို အသုံးချဖို့ကြံပါတော့တယ်...။ ကိုယ်စီ ကိုယ်စီ အချစ်ကို မယုံကြည်ကြတဲ့ လူနှစ်ယောက် ဆုံတွေ့ဖို့ ဖြစ်လာပြီးအခက်အခဲတွေကြားကနေ အချစ်စစ်ကို ဘယ်လိုရှာဖွေ့တွေ့ရှိသွားကြမလဲဆိုတာကိုလှလှပပ ဖော်ကျူးထားတဲ့ Melodrama လေးပဲ ဖြစ်ပါတယ်။ Cast ‌တွေကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Jo In Sung၊ Song Hye Gyoနဲ့ ...
7.1
TMDb: 7.1/10 25 votes
tv
That Winter, the Wind Blows (2013) [Complete]
2013
The Beauty Inside (2018) [Complete] 7.991
The Beauty Inside (2018) [Complete] The Beauty Inside (2018)**************************အပိုင်း ( ၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာလည်း CM ပရိသတ်ကြီးတွေအတွက်Lee Min Ki, Seo Hyun Jin, Ahn Jae Hyeon, Lee Da Heeတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးစီးရီးဟောင်းလေးတစ်ခုကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း...မည်မည်ရရ အကြောင်းအရင်းမသိရဘဲ တစ်လကိုတစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုရောဂါကို ခံစားနေရတဲ့ထိပ်ထိပ်ကြဲ နာမည်ကြီး သရုပ်ဆောင်မင်းသမီးဟန်ဆယ်ဂယ်ကတော့ ပါပါရာဇီတွေအကြိုက် သားကောင်ဖြစ်သလိုလူတွေပါးစပ်ဖျားမှာလည်း အမြဲ ကောလာဟာလတွေနဲ့ ပြည့်နေတဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူ ဘယ်လို ပုံစံပြောင်းသွားပါစေသူ့ကို အမြဲမှတ်မိနေတဲ့ ဆောဒိုဂျယ်ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီမှသူဌေးသားလေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လို အလွဲတွေနဲ့ တွေ့ဆုံပြီးဒိုဂျယ်ကြောင့် ဆယ်ဂယ်ရဲ့ ဘဝမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆယ်ဂယ်ကရော သူ့ရဲ့ရောဂါကြောင့် ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာကိုရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ Aired: Oct 1, 2018 - ...
7.991
TMDb: 7.991/10 57 votes
tv
The Beauty Inside (2018) [Complete]
2018
Missing You (2012) 7.1
Missing You (2012) Missing You (2012)********************အပိုင်း (၁ မှ ၂၁) စ / ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် မမချော Yoon Eun Hye , Park Yoo Chunနဲ့Yoo Seung Hoတို့အပြင် Kim So Hyunနဲ့ Yeo Jin Gooတို့ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ နာမည်ကြီး Seriesဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...အီဆူယွန်းဟာ လူသတ်သမားရဲ့သမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံဘဝမှာနေထိုင်လာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အီဆူယွန်းရဲ့ ဘဝထဲကိုထီးအဝါလေးနဲ့ ဟန်ဂျောင်အူဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးသံယောဇဉ်တွေခိုင်မာလာတဲ့ သူတို့အကြား မထင်မှတ်ထားတဲ့ ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာပြီး ကွဲကွာသွားပါတော့တယ်။ ဟျောင်းဂျွန်းကလည်း တစ်လောကလုံးမှာအီဆူယွန်းကို အတွယ်တာဆုံးဖြစ်ပြီး ကံကြမ္မာဆိုးထဲကျရောက်ခဲ့တဲ့ ဆူယွန်းအတွက်လည်းတစ်ဦးတည်းသော မှီခိုရာ မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ထီးအဝါလေးတွေနဲ့ ကိုယ်စီရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ဂျောင်အူနဲ့ ဆူယွန်းတို့ဘယ်လိုပြန်လည်ဆုံဆည်းကြမလဲ...။သူတို့ နှစ်ယောက်ကို ဝေးကွာစေခဲ့တဲ့ တရားခံကရော ဘယ်သူများလဲ..။‌ဟျောင်းဂျွန်းကရော ဆူယွန်းထင်သလို ...
7.1
TMDb: 7.1/10 16 votes
tv
Missing You (2012)
2012
Secret Garden (2010) [Complete] 7.301
Secret Garden (2010) [Complete] Secret Garden (2010)*********************အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီဇာတ်လမ်းလေးဟာဆိုရင်လည်း Hyun Bin, Ha Ji-won, Yoo In-a, Lee Jong-sukတို့လိုတကယ့်နာမည်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့seriesလေးဖြစ်တာမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဂင်ဂျူဝန်း(Hyun Bin) ဟာ မောက်မာပြီး စိတ်ထင်ရာစိုင်းတတ်တဲ့ သူဌေးသားလေးတစ်ယောက်ပါ။တစ်နေ့မှာတော့ ဂီလ်ရာအင်း (Ha Ji-won) ဆိုတဲ့ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့စတန့်သရုပ်‌ဆောင်နဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာပြီးသူတို့ခန္ဓာကိုယ်တွေ လဲသွားတဲ့အခါမှာတော့....သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေကရော ပြန်လဲလို့ရပါ့မလား...။လူတွေမရိပ်မိသွားအောင်‌ရော သူတို့ ဟန်ဆောင်နိုင်ပါ့မလား...။ဆိုတာတွေကို အလွမ်း၊အဆွေး၊ဟာသစသည့် ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။  Genres: Comedy, Romance, Melodrama, Supernatural Duration: 65 mins Episodes: 20 Original Network: SBS File Size: 720p(~668MB) , 1080p(1.85GB) Translated by Chothet_mlmt , Hana, Hnin Wai Oo, KhinNi, Stary, Phyu Phyu Thein & ...
7.301
TMDb: 7.301/10 68 votes
tv
Secret Garden (2010) [Complete]
2010
The Glory  (2022)[Complete]
The Glory (2022)[Complete] The Glory (2022)*****************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံး တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းကအားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်း ...ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ... ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာအမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမကတစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ...ဘာတွေဆက်ဖြစ်မလဲ? မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား? ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား?ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Aired: Dec 30, 2022 Aired ...
The Glory (2022)[Complete]
2022
Interests of Love (2022)[Complete]
Interests of Love (2022)[Complete] Interests of Love (2022)အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ ...
Interests of Love (2022)[Complete]
2022
Feast of the Gods (2012) [Complete] 7.5
Feast of the Gods (2012) [Complete] Feast of the Gods (2012)[အစ-အဆုံး]အပိုင်း - ၃၂ (ဇာတ်သိမ်းပိုင်း)Feast of The Gods ဆိုတဲ့ အချက်အပြုတ်နဲ့ ပက်သက်တာတွေကို အဓိကထားရိုက်ကူးထားတဲ့ အပြိုင်အဆိုင်ဟင်းချက်ကြမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၂ က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကိုရီယား ရိုးရာအစားအသောက်နဲ့ပက်သက်ပြီးတော့ စားချင်စဖွယ်လေးတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တော်ဝင်ရိုးရာဟင်းတွေချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခု သူ့ရဲ့အမည်က အာရီရန် အာရီရန်မှာ စားတော်ဝန်နဲ့ သူ့လက်အောက်မှာ စားတော်ကဲများစွာရှိတယ်။ နှစ်တိုင်း သင်တန်းသားအသစ်လက်ခံပြီးတော့ သင်ကြားပေးတယ်။ ထူးချွန်တဲ့လူတွေကို နောက်ဆုံးပြိုင်ပွဲတွေလုပ်ပြီးတော့ အာရီရန်ရဲ့ စားတော်ဝန်နေတာကို ပေးအပ်တယ်။ဆောင်းဒိုဟီးနဲ့ ဘဲ့ဆူလ်တိုဟာ အာရီရန်သင်တန်းသူနှစ်ယောက်ဖြစ်ပြီး စားတော်ဝန်နေရာအတွက် ယှဉ်ပြိုင်ကြမယ့်သူတွေပါ။ ဒါပေမယ့် ပြိုင်ပွဲနေ့မှာ ပြဿနာအမျိုးမျိုးကြောင့် နောက်ဆုံးအဆင့်အထိမပြိုင်ဆိုင်လိုက်ရဘဲ ဆောင်းဒိုဟီးက အာရီရန်ရဲ့ စားတော်ဝန်တစ်ယောက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာတော့ ဒိုဟီးရဲ့သမီးလေး ပျောက်ဆုံးသွားပြီး ဒိုဟီးက စိတ်တွေလွတ်သွားတယ်။ စိတ်လွတ်သွား အခြားကလေးကို သူ့သမီးလိုသတ်မှတ်နေတဲ့ ဇနီးဖြစ်သူအတွက် သူ့ယောက်ျားက ...
7.5
TMDb: 7.5/10 2 votes
tv
Feast of the Gods (2012) [Complete]
2012
Born Again (2020) 8.0
Born Again (2020) [Unicode]၁၉၈၀ခုနှစ် - ဂုံဂျီချော(Jang Ki-Yong) ရဲ့ အဖေက ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူကတော့ အဖေလိုမဖြစ်ဖို့ ကြိုးစားခဲ့သူပါ ၊ဂျောင်ဟာအွန်း (Jin Se-Yun) ကတော့ စာအုပ်အဟောင်းဆိုင်ပိုင်ရှင်ဖြစ်ပြီး နှလုံးရောဂါသည်လည်းဖြစ်ပါတယ် ။သူမရဲ့ ချစ်သူ ချာယောင်းဘင်း (Lee Soo-Hyuk) ကတော့ အလုပ်ကြိုးစားတဲ့ စုံထောက်ဖြစ်ပါတယ် ။ဘုရားကျောင်းကို လာရင်း ဂုံဂျီချောတစ်ယောက် ဂျောင်ဟာအွန်းကို သဘောကျသွားခဲ့ပါတယ်ဒါပေမယ့် ဂုံဂျီချောဟာလည်း ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်လာတဲ့အခါ...စုံထောက် ချာယောင်းဘင်းနဲ့ သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက မပြီးဆုံးပဲ နောက်ဘဝလူဝင်စားအဖြစ်နဲ့ ပြန်လည်ဆုံတွေ့ကြမှာပါ ၊ပထမ ဘဝမှာ သူတို့တွေ ဘယ်လိုကံကြမ္မာတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...လူပြန်ဝင်စားတဲ့ နောက်ဘဝမှာကော သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလားဆိုတာ Born Again ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်အားပေးကြပါနော်...( အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hay Thar Oo & Htet ဖြစ်ပါတယ် ) [Zawgyi]၁၉၈၀ခုနှစ် - ဂုံဂျီချော(Jang ...
8.0
TMDb: 8.0/10 22,064 votes
tv
Born Again (2020)
2020
The Writers Project: Lhong Fai (2017) 8.3
8.3
TMDb: 8.3/10 8.3 votes
tv
2017