Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sport
6.9
Small, Slow But Steady (2022)
Small, Slow But Steady (2022) *********************************IMDb rating 6.9/10 ရရှိထားတဲ့ sport, drama type ဇာတ်လမ်းလေးတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်။အကြားအာရုံချို့ယွင်းတဲ့ မိန်းကလေးတစ်ယောက်က သူအားသန်တဲ့ လက်ဝှေ့ထိုးတဲ့အလုပ်ကို professional ကျကျ လုပ်နိုင်ဖို့အတွက် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပြီး ..အကြားအာရုံချို့ယွင်းပေမဲ့ ဆရာကောင်းတွေကြောင့် နိုင်ပွဲရအောင်ထိုးနိုင်ခဲ့ပေမဲ့လည်း ကံတရားရဲ့ မျက်နှာသာမပေးမှုတွေ ကြုံလာရပြီးတဲ့နောက် ..gym ပိုင်ရှင်က ကျန်းမာရေးကြောင့် ဂျင်မ်ကိုပိတ်ပစ်ဖို့ ဖြစ်လာသလို ..COVID-19 ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကြောင့်လည်း သူကြိုးစားသမျှ အရာမထင်ဖြစ်သွားတဲ့အခါ ..လက်မလျှော့ဘဲ ကြိုးစားပြီး အိပ်မက်တွေကို ထုဆစ်အကောင်အထည်ဖော်သွားနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.46 GB/ 778 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Drama, Sport Subtitle….Myanmar Subtitle (Hard Sub) Translated by Kim Encoded by ...
movie
Small, Slow But Steady (2022)
6.6
Blue (2021)
Blue (2021) **************ဒီဂျပန်ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Sport/Drama အမျိုးအစား ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ လက်ဝှေ့ကစားဖော် သူငယ်ချင်း အချင်းချင်း သံယောဇဉ်၊ ဇွဲလုံ့လတွေနဲ့ အားကစားသမားကောင်းစိတ်ဓာတ်တွေနဲ့ အပီအပြင် ကျိတ်ကြတဲ့ လက်ဝှေ့ပွဲတွေကိုပါ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း *****************သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ အိုကီမာ လက်ဝှေ့အားကစားရုံမှာ ကျောင်းပြီးကတည်းက အစဉ်တစိုက် လက်ဝှေ့ပညာကို လေ့လာသင်ယူရင်း ပရိုလက်ဝှေ့သမားဖြစ်လာသူ အုရိတာ။ သူဟာ ပြိုင်ပွဲတွေ စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်နေတဲ့ နိုင်ပွဲနည်းနည်းနဲ့ ရှုံးပွဲများသူနေသူလည်းဖြစ်ပါတယ်။သူ့သူငယ်ချင်း ခါဇုကီကတော့ ရှုံးပွဲများနေတဲ့ အုရိတာနဲ့ယှဉ်ရင် ချီကာဆိုတဲ့ ချစ်သူလေးလည်းရှိ ပြိုင်ပွဲတွေမှာလည်း အနိုင်ရထားသူဖြစ်လေတော့ အစစ သာလွန်သူလို့ ပြောရမှာပါ။နာရာဆာကီ ဂိမ်းဆိုင်မှာ အလုပ်လုပ်နေတဲ့အချိန် အသက်မပြည့်သေးတဲ့ အလယ်တန်းကျောင်းသားကို ဆေးလိပ်သောက်တာ တားမြစ်ရင်း ကလေးရဲ့ထိုးနှက်အနိုင်ကျင့်တာ ခံလိုက်ရပါတယ် ။ဒီလိုနဲ့ နာရာဆာကီဟာ သူ့ကို လူရှိန် လူအထင်ကြီးရန် ရည်မှန်းချက်ထားပြီး လက်ဝှေ့အားကစားရုံကို သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ဝှေ့သမားစတိုင်ဟန်ရေးပြနိုင်ဖို့ အိုမာကီလက်ဝှေ့ရုံကို ရောက်လာပြီး အုရိတာ ခါဇုကီတို့နဲ့ ဆုံလာပါတော့တယ်။စိန်ခေါ်သူနေရာဖြစ်တဲ့ အပြာရောင်ကြိုးဝိုင်းထောင့်ပိုင်ရှင်လို့ သတ်မှတ်ခံထားရတဲ့ အုရိတာ၊ နိုင်ပွဲတွေဆက်လာချိန်မှာမှ မထင်မှတ်ထားတဲ့ရောဂါကို ခံစားလာရတဲ့ ...
movie
Blue (2021)
6.8
Champ (2011)
Champ (2011) ****************၂၀၁၁မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ရှိတဲ့ Champ ဆိုတဲ့ sport comedy-drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနော်...။ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ The Producers , Brain Works စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Cha Tae Hyun နဲ့ Drinking Solo ထဲက မင်းသမီး Park Ha Sun တို့ပဲဖြစ်ပါတယ်...။ဇာတ်လမ်းရဲ့ အကြောင်းကို မပြောခင်မှာ အားလုံးကို တစ်ခုလောက် စဥ်းစားကြည့်စေချင်ပါတယ်...။ကိုယ့်အိပ်မက်ဖြစ်ပြီး ကိုယ်ဝါသနာပါရတဲ့အလုပ်ကို အခက်အခဲတစ်ခုခုကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ရင် ဘယ်လို ခံစားရနိုင်ပါလဲ...။အသက်ရှင်သန်နေရတဲ့ အကြောင်းအရင်း ပျောက်ဆုံးသွားပြီး ကမ္ဘာပေါ်မှာ ဆက်ပြီးနေထိုင်ဖို့တောင် မျှော်လင့်ချက်မဲ့သွားနိုင်တယ် မဟုတ်လား...။ဒီဇာတ်လမ်းလေးထဲမှာတော့ ပြိုင်မြင်းသမား ဆွန်းဟိုက ကားအက်ဆီးဒင့်ကြောင့် သူ့ဇနီးကို ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း အဲဒီအက်ဆီးဒင့်ကြောင့်ပဲ မျက်စိထိခိုက်သွားရပါတယ်...။အဲဒီလိုနဲ့ သူဟာ မြင်း ဆက်စီးဖို့ မဖြစ်နိုင်တော့ဘဲ သူ့ရဲ့ သမီးလေးနဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့ရပါတယ်။ပိုဆိုးတာကတော့ ...
movie
Champ (2011)
6.7
Resurrecting the Champ (2007)
Resurrecting the Champ (2007)IMDb - 6.7ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ ...
movie
Resurrecting the Champ (2007)
5.3
Hawaa Hawaai (2014)
Hawaa Hawaii 2014 အိပ်မက်ငယ်ရဲ့ပဲ့ကိုင်ရှင်IMDb - 7.3/10တချို့လူတွေက အိပ်မက်မရှိကြဘူး။ တချို့လူတွေကတော့ အိပ်မက်ရှိပေမဲ့ အကောင်အထည်ဖော်ခွင့်မရကြဘူး။ တချို့လူတွေကတော့ အိပ်မက်မက်ဖို့တောင် မတတ်နိုင်ကြပါဘူး။အဖေဆုံးသွားပြီးထဲက မိသားစုတပုံတပင်နဲ့ကျန်ခဲ့တာကြောင့် အမေတစ်ယောက်တည်းရုန်းကန်နေရတာကို မကြည့်ရက်တဲ့အာဂျွန်တစ်ယောက် လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ပါတယ်။ကလေးတစ်ယောက်ဆိုပေမဲ့ ဆိုင်ရှင်ကလည်း မသက်ညှာသလို ကလေးဖြစ်နေတော့ ပိုအနိုင်ကျင့်ပြီး အရွယ်နဲ့မမျှအောင်ခိုင်းပေမဲ့ မိသားစုကိုငဲ့နေရတဲ့အာဂျွန်ကတော့ မညည်းနိုင်ဘူးပေါ့။ဒီလိုနဲ့ အာဂျွန်တစ်ယောက် ဆရာလပ်ကီးဆိုတဲ့ စကိတ်သင်ပေးတဲ့ဆရာနဲ့ သူ့ရဲ့ကျောင်းသားတွေ စကိတ်စီးကျင့်နေတာကိုမြင်ပြီး သူ့ရဲ့ရင်ထဲမှာ အိပ်မက်ဆိုတဲ့အရာလေး ပထမဆုံးအကြိမ် ပေါက်ဖွားလာပါတော့တယ်။အဲဒါကတော့ စကိတ်စီးချန်ပီယံဖြစ်ချင်တာပါပဲ။ဒီလိုနဲ့ စိတ်အားထက်သန်တဲ့ အာဂျွန်နဲ့ ဆရာကောင်းဖြစ်တဲ့ ဆရာလပ်ကီးတို့ဆုံတွေ့ချိန်မှာ အာဂျွန်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆရာလပ်ကီးက အဘက်ဘက်ကနေ ဘယ်လိုကူညီသွားမလဲဆိုတာ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Hawaa Hawaai (2014)
6.6
Queen of the Ring (2024)
ဒါကတော့ အမေရိကန်ရဲ့ နာမည်ကျော် WWE နပမ်းလောကမှလေဒီနပမ်းသမားနယ်ပယ်ကို ဦးဆောင်လမ်းဖောက်ပေးခဲ့တဲ့မစ်ရက်ဘာ့ခ်ရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့သမိုင်းရုပ်ရှင်တစ်ခုပါ....၉၀ ခေတ်က အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ WWE လောကထဲကို ဝင်ချင်ခဲ့တဲ့ မစ်ရက်ရဲ့ ကြိုးစားမှုတွေကြောင့် ပွဲတော်တွေမှာ ယောက်ျားတွေနဲ့ ကြေးစားအဖြစ် နပမ်းသတ်ပြရင်းနာမည်ရလာပါတယ်...အဲ့ဘက်ခေတ်ကလည်း အမျိုးသမီး ၂ ယောက် ကွင်းထဲမှာနပမ်းသတ်တဲ့ ကိစ္စက ပြည်နယ်အချို့မှာ တရားမဝင်သတ်မှတ်ထားပါတယ်...WWE နပမ်းသမားတွေက အတုအယောင် တကယ်ထိုးတာမဟုတ်ဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်...လူတွေစိတ်ဝင်စားလာအောင် ဇာတ်လမ်းတွေဆင်ပြီးလူဆိုး လူကောင်းခွဲပြီး ခါးပတ်လုကြတဲ့ ပွဲမှာ ဖိုက်တာသွေးပါလာတဲ့ မစ်ရက်ဘာ့ခ်ရဲ့ ဝိတ်တာဘဝကနေအမျိုးသမီးဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ သမိုင်းဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရာမှာဖြစ်ပါတယ်..... File size… (2.54GB) / 1.37GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 20m Genre …..Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Queen of the Ring (2024)
7.4
The Match (2025)
The Match (2025)******************IMDb... 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ ကလေးသရုပ်ဆောင် Kim Kang Hoonတို့အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝနောင်တမရစေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမားဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမကဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား..မကျေနပ်ချက် ...
movie
The Match (2025)
7.3
Undisputed 3: Redemption (2010)
Scott Adkins ကို ဘွိုင်ကာလို လူသိများစေခဲ့တဲ့ ဇာတ်ကားကို သိပြီးသားဖြစ်ကြမှာပါ။ ထောင်သားတွေအချင်းချင်းချကြတဲ့ အကြမ်းစားဖိုက်တာကားကြီး။ယူရီဘွိုင်ကာဟာ အရင်က အတော်ဆုံးဖိုက်တာဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဒူးဒဏ်ရာနဲ့ ဒဏ်ရာရမြင်းတစ်ကောင်လိုဖြစ်နေပြီး အကျဉ်းထောင်ထဲမှာ အိမ်သာဆေးနေကာ အိမ်သာတိုက်ချန်ပီယံကြီးဖြစ်နေရတယ်။အနိုင်ရတဲ့သူကို လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ နိုင်ငံတကာက ကြမ်းပေ့ဆိုတဲ့ထောင်တွင်းလူမိုက်တွေနဲ့ ထိုးသတ်ရမယ့်ပွဲမှာတော့ ဘွိုင်ကာဟာ ပြီးပြည့်အစုံဆုံးဖိုက်တာဖြစ်ပြီး တစ်ခုခုနဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြသွားမှာပါ။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre... Action, Crime, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Undisputed 3: Redemption (2010)
2010
7.0
Undisputed 2: Last Man Standing (2006)
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျော့ဂျ်အိုက်စ်မန်းချိန်ဘာတစ်ယောက် မူးယစ်ဆေးမှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရပြီး ထောင်ထဲကိုရောက်သွားပါတယ်။သူရောက်သွားတဲ့ထောင်ကတော့ ထောင်ကြိုးဝိုင်းတွေရဲ့ဘုရင် ယူရီဘွိုင်ကာရှိတဲ့ထောင်ပါပဲခင်မျာ။စည်းပွားရေးသမားတွေရဲ့ လှည့်ကွက်တွေကြောင့် ယူရီဘွိုင်ကာနဲ့ ချိန်ဘာ သတ်ကွင်းထဲကိုရောက်ရှိလာတဲ့အခါမှာတော့ .....(ဇာတ်လမ်းအညွှန်းရေးသားပေးသူကတော့ Ye Man Aung ပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre... Action, Crime, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myint Thu (ငှက်ကလေး-နည်းပညာ)
movie
Undisputed 2: Last Man Standing (2006)
2006
6.1
Undisputed (2002)
ဒီဇာတ်ကားလေးကတော့Boxing ဝါသနာအိုးတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ခုပါ။ဇာတ်ကားအစမှာပဲ ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံတစ်ယောက်က မုဒိန်းမှုနဲ့စွပ်စွဲခံရပြီးထောင်ကျသွားပါတယ်။ရှုံးပွဲလုံးမရှိခဲ့ဖူးတဲ့ချန်ပီယံက ထောင်ထဲမှာပဲသူ့လိုဖိုက်တာတစ်ယောက်နဲ့တွေ့မိပြီးနောက်...လူမိုက်ဗီဇရှိထားတဲ့ကမ္ဘာ့ချန်ပီယံဆိုသူကသူ့ရဲ့ဂုဏ်သိက္ခာကိုဘယ်လိုထိန်းသွားမလဲ?ထောင်ထဲမှာရှိတဲ့ချန်ပီယံကရော ဘယ်လိုလက်ရည်မျိုးရှိမလဲဆိုတာ...အပြိုင်အဆိုင်ဖြစ်ကြရင်း အဆုံးသတ်မှာဘယ်သူက တကယ်တမ်းချန်ပီယံဖြစ်သွားမလဲဆိုတာကို ထောင်သားတွေရဲ့ဘဝနဲ့ရောနှောပြီးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre... Action, Crime, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt
movie
Undisputed (2002)
2002
7.6
Moneyball (2011)
Moneyball (2011)************************IMDb..... 7.6/ Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ် သူရတဲ့လစာဟာ တခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမဲ့ သူဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီး လမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့ အခက်အခဲတွေ အားကစားသမားတွေရဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်သလိုအားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်း အတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin ...
movie
Moneyball (2011)
7.9
The Hustler (1961)
ဒီဇာတ်ကားဟာ ၁၉၅၉ ခုနှစ်ထွက် အမေရိကန်စာရေးဆရာ Walter Tevis ရဲ့ အမည်တူစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ Edward "Fast Eddie" Felson ဆိုသူ pool player တစ်ယောက်ရဲ့ အနိုင်အရှုံးတွေအကြောင်းပါ။အက်ဒီဟာ နယ်လှည့်ကာ ကျူထိုးရင်း အသက်မွေးနေတဲ့သူတစ်ယောက်ပါ။ ကစားပွဲအစမှာ မကစားတတ်ချင်ယောင်ဆောင်ပြီး နောက်မှကြေးမြှင့်ကာ အနိုင်ယူတတ်တဲ့ Hustler တစ်ယောက်။ သူ့ရဲ့ရည်မှန်းချက်ဟာ ၁၅ နှစ်လုံး ဘယ်သူမှအနိုင်မယူနိုင်ခဲ့တဲ့ ဂန္ဓ၀င်ကစားသမားကြီး Minnesota Fats ကိုအနိုင်ယူဖို့ဖြစ်တာကြောင့် စိန်ခေါ်လိုက်တဲ့အချိန်မှာ နိုင်နိုင်ရှုံးရှုံး ဘယ်အချိန်ရပ်ရမယ်မှန်းမသိဘဲ အရည်အချင်းတစ်ခုပဲရှိတဲ့ အက်ဒီတစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။နှဲသမားပါးစပ်လို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သူ့ဘ၀ရဲ့အဆိုးဆုံး အခြေအနေမှာ ဆာရာဆိုသူမိန်းကလေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အက်ဒီဟာ တကယ့်ကို ငယ်ရွယ်တဲ့လောင်းကစားသမားတစ်ယောက်ပီသခဲ့ပါတယ်။ File size…(1.8 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre... Drama, ...
movie
The Hustler (1961)
4.0
MMA – A Fathers Fight (2025) MMA: Meu Melhor Amigo
MMA - A Fathers Fight (2025)"မိသားစုအတွက်တောင် ရုန်းကန်မပေးတဲ့ ယောကျ်ားက ဘယ်အရာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်မှာမဟုတ်ဘူး"2025 ခုနှစ်ထွက် ဒီအားကစားကားလေးက မက်စ်နဲ့သူ့ရဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ သားဖြစ်သူ ဘရူနိုကြားက ဆက်ဆံရေးကိုလဲ အလေးပေးရိုက်ပြထားတာပါ။တစ်နေ့ ၈နှစ်အကြာမှာ လက်ဝှေ့သမား မက်စ်က သူနဲ့ရခဲ့တဲ့ကလေး ဘရူနိုရှိနေကြောင်းသိလိုက်ရပါတယ်။အမေဖြစ်သူက ကင်ဆာနဲ့ဆုံးပါးသွားတာကြောင့် သူငယ်ချင်းဖြစ်သူ လိုင်းရီးက စောင့်ရှောက်ပေးထားရတာပါ။အဲ့နောက် သားအဖနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သူ လိုင်းရီးတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲ?သားဖြစ်သူ အော်တစ်ဇင်ဖြစ်နေတာကြောင့် ထိန်းဖို့အရမ်းခက်ကြောင်းပြောလာတဲ့အခါမှာတော့..လာမည့်အပတ်မှာ လက်ဝှေ့ပွဲစဥ်ကြီးရှိတဲ့မက်စ်တစ်ယောက် သူ့လေ့ကျင့်ခန်းတွေနဲ့ မိသားစုအရေးကို ဘယ်လိုညှိယူမလဲဆိုတာ စိတ်ဝင်တစ်စား ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Tarmt ဖြစ်ပါတယ်။) File size… (1.8 GB) / (910 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy, Drama, Sport Duration…. ...
movie
MMA – A Fathers Fight (2025) MMA: Meu Melhor Amigo
2025
6.4
Tori Girl! (2017)
Tori Girl! (2017)****************IMDb..... 6.4ဘဝမှာ ဆယ်ကျော်သက်ပီပီ ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်းမသိဘဲ အမှတ်မီပြီးဝင်ခွင့်အောင်လို့ အင်ဂျင်နီယာကျောင်းတက်ဖို့ ဖြစ်လာခဲ့တဲ့ ယူကီနာဆိုတဲ့ကောင်မလေး။ပထမဆုံးနေ့မှာ ခင်ခဲ့တဲ့ သူငယ်ချင်းမလေးကို အကြောင်းပြုပြီး လေယာဥ်ကို လူသားစွမ်းအင်နဲ့လည်ပတ်ပျံသန်းနိုင်စေဖို့ ကြိုးစားနေကြတဲ့ ငှက်လူသားစမ်းသပ်အသင်းထဲ ဝင်ဖို့ဖြစ်လာတော့တယ်။ငှက်လူသားအသင်းရဲ့ လေယာဉ်မှူး ကပ္ပတိန် ခဲအိရဲ့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေကြောင့်သဘောကျမိပြီး သူ့ရဲ့တွဲဖက်လေယာဉ်မှူးဖြစ်ဖို့ ကြိုးစားရာကနေ မထင်မှတ်ဘဲ ဆာကဘဆိုတဲ့ခွေးရူးလို့ လူတိုင်းတင်စားရတဲ့ လူဆိုးလေးရဲ့ တွဲဖက်လေယာဉ်မှူးဖြစ်လာတဲ့အခါမှာတော့..ကြောင်နဲ့ကြွက်လို မတည့်အတူနေနှစ်ယောက် ပူးပေါင်းပြီး လေယာဉ်ကို ဟန်ချက်ညီညီနဲ့ ထိန်းလို့ပျံသန်းအောင် လုပ်နိုင်ပါ့မလားဆိုတာ........ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ KIM ပဲ ဖြစ်ပါတယ်။) File Size : 2.42GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:38:03 Genre : Comedy, Youth, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by KIM Encoded ...
movie
Tori Girl! (2017)
5
Test (2025)
Test (2025) "ဘ၀လက်ရည်စမ်းပွဲ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာတော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့...။ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။) File size… 1.9 GB / 972 MB Quality…WEB ...
movie
Test (2025)
7.6
The Hurricane (1999)
The Hurricane (1999) *************************** IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter ... ငယ်ငယ်လေးကတည်းက လူဖြူတွေနဲ့ ပြသနာတချို့ရှိခဲ့တယ်... ဒါကြောင့်ပဲ အချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်းတွေမှာပဲ အချိန်ကုန်နေတယ်... လူဖြူတချို့ကြောင့် ထောင်ထဲမှာ အချိန်ကုန်ရတဲ့လူငယ်လေး Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်... ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ (၃)ယောက်အသတ်ခံလိုက်ရတယ်... ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricane ကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦးဗျို့... ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက ...
movie
The Hurricane (1999)
8.3
My Annoying Brother (2024)
My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး =================================၂၀၁၆ က နာမည်ကြီးခဲ့တဲ့ " My Annoying Brother" ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့ အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာ ပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာ ကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကို အကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီး ထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့ အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သား အလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်း သွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီး လောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့............သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ...
movie
My Annoying Brother (2024)
6.8
Bloodsport (1988)
မင်းသားကြီး Van Damme ဟာဆိုရင် ကျွန်တော့်တို့ ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့ရတဲ့ မင်းသားကြီးလို့ ပြောရင် မှားမယ်မထင်ပါဘူး သူ့ရဲ့ကားတွေ တော်တော်များများက အောင်မြင်တဲ့ကားကောင်းတွေချည်းပါပဲဒီထဲကမှ ၁၉၈၈ လောက်ကရိုက်ထားတဲ့ ဒီကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားထွက်တဲ့အချိန် ကျွန်တော် မမွေးသေးပါဘူး ဒီလောက်ကြာပြီဖြစ်တဲ့ကားဖြစ်တာတောင် ဘယ်အချိန်ပြန်ကြည့်ကြည့် ကောင်းနေဆဲပါပဲ ရုပ်ရှင်ဆိုတာ ဒါမျိုးကိုခေါ်တာပါဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် Van Damme က ဒီဇာတ်လမ်းမှာ တပ်ပြေးတစ်ယောက်ပါ ငယ်ငယ်တည်းကသူ့ကို အဖေအရင်းတစ်ယောက်လို ကိုယ်ခံပညာတွေသင်ပေးခဲ့တဲ့ သူ့ဆရာ ရှီဒိုးရှီ ကို ဂုဏ်ယူစေချင်တဲ့အတွက်ကြောင့် ဟောင်ကောင်မှာ ကျင်းပမယ့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ကူမစ်တီ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တပ်ပြေးတစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့မလွယ်ကူလှပါဘူး ဘာကြောင့်ဆို သူ့ကို ပင်ရင်းတပ်ဆီပြန်ခေါ်လာဖို့ အမိန့်ထုတ်ထားတာကြောင့် ဟောင်ကောင်ရဲတွေနဲ့ သူ့အထက်အရာရှိရဲနှစ်ယောက်က တစ်မြို့လုံးကို လိုက်လံရှာဖွေနေတာပါဒီထဲမှာတော့ တော်တော်များများ ဘရုစလီကား Enter the dragon မှာ လူသိများပြီး ကျွဲကြီး ...
movie
Bloodsport (1988)
4K HEVC
7.2
Hard Times (1975)
1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါအပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင်အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲFighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင်ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ File size… 2 GB / 649 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Crime, Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries
movie
Hard Times (1975)
5.6
Glory: Who Will Compete ( 2025 )
E- sport ချန်ပီယံအိပ်မက်ကို အခက်အခဲတွေ အမျိုးမျိုးကြားကနေ ရအောင်အကောင်အထည်ဖော်သွားတဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။BOF ဆိုတဲ့အဖွဲ့ဟာ မိန်းကလေး ၄ယောက်၊ ယောင်္ကျားလေး ၁ယောက်နဲ့ဖွဲ့ထားတဲ့ E- sport အဖွဲ့တစ်ခုဖြစ်တယ်။ BOFဟာတွဲဖက်ညီညီနဲ့ ကြိုးစားလာခဲ့ကြတာ ပြိုင်ပွဲကြီးတစ်ခုရဲ့အမှတ်အများဆုံးရပ်တည်နေပါတယ်။ အဲဒီအချိန်မှာခေါင်းဆောင်ဖြစ်တဲ့ ရွေချီရဲ့ရည်းစားဖြစ်တဲ့ လီကျုံးရှော့ကို တစ်ဖက်ပြိုင်ဘက်အသင်းက ငွေနဲ့ပေါက်ပြီး ခေါ်သွားတဲ့အခါ BOFမှာ မိန်းကလေး၄ယောက်ပဲကျန်ခဲ့ပြီး ပြိုင်ပွဲဆက်ပြိုင်ဖို့အခက်အခဲတွေဖြစ်လာခဲ့တယ်။သစ္စာဖောက်သွားတဲ့ရည်းစားကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်အောင် အဆုံးထိဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Filesize : 1.69 GB / 913 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Sport Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie
Glory: Who Will Compete ( 2025 )
1
2
3
Last
Next