Channel Myanmar

Biography

The Killing Fields (1984) 7.8
The Killing Fields (1984)  The Killing Fields (1984)IMDb Rating (7.8) / Rotten Tomatoes (93%) ဒီဇာတ်ကားလေးကတော့ 1984 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတင်းထောက် Sydney Schanberg ရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲတွေအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။IMDb rating 7.8 အထိရရှိထားပြီး 1985 Oscar ဆုပေးပွဲမှာလည်း ဆု သုံးဆုအထိရရှိခဲ့သလို ဆုတွေအများကြီး ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။မင်းသားကြီး Sam Waterston နဲ့အတူ ကမ္ဘောဒီးယား သရုပ်ဆောင် Dr Haing S. Ngor တို့ အဓိက ပါဝင်ထားပြီးတော့ ဒါရိုက်တာ Roland Joffé ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း1970 ပြည့်နှစ်အလွန်ကာလများအတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလတွင် The NewYork Times သတင်းထောက်ဖြစ်သူ Sydney ...
movie

The Killing Fields (1984)

1984
Serpico (1973) 7.7
Serpico (1973)  ဒီဇာတ်ကားလေးကတော့ 1973 ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Godfather ဇာတ်လမ်းမှမင်းသားကောင်း Al Pacino အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ငယ်စဥ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆာပီကိုဆိုတဲ့ လူငယ်လေးဟာ ရည်မှန်းချက်ပြည့်ခဲ့ပြီးနောက်မှာ...အကျင့်ပျက်ခြစားလွန်းတဲ့ အရာရှိတွေ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အလုပ်ခွင်ထဲကအဖြစ်မှန်တွေကို သိလာရပြီးနောက် သူကိုယ်တိုင်ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားရုန်းကန်တာကို မြင်တွေ့ရမှာပါ။ ဟောင်းနေသော်လည်း ကောင်းဆဲမို့ ကြည့်ရှုကြဖို့တိုက်တွန်းပါရစေခင်ဗျာ။ File size…(9.7 GB)/(2.9 GB)/(1.4 GB) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 02:10:00 Genre... Biography, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt
movie

Serpico (1973)

4K HEVC
Captain Phillips (2013) 7.9
Captain Phillips (2013) Captain Phillips (2013)IMDb Rating (7.8) / Rotten Tomatoes (93%)၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ...
movie

Captain Phillips (2013)

4K HEVC
Bird (1988) 7.1
Bird (1988)  IMDb - 7.1, RT - 78% ဒီကားကို နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး Clint Eastwoodက ရိုက်ကူးခဲ့တာဖြစ်ပြီး Jazzဂီတအနုပညာရှင်ကြီး Charlie "Bird" Parkerရဲ့ဘ၀နဲ့ တေးဂီတအနုပညာကို ဂုဏ်ပြုဖန်တီးထားတဲ့ အနုပညာပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Charlie Parker အဖြစ် သရုပ်ဆောင်တဲ့ Forest Whitakerကတော့ လူသိများတဲ့မင်းသားကြီးပါပဲ။Forest Whitakerရဲ့ သရုပ်ဆောင်မှုကောင်းကြောင့် Charlie Parker ရဲ့စိတ်ဒဏ်ရာ၊ တေးဂီတအပေါ်ခံစားချက်နဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကို သဘာဝကျကျဖော်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ Parker ၏ အနုပညာရည်မှန်းချက်၊ မိသားစုအပေါ်ချစ်ခြင်း၊ မူးယစ်ဆေးဝါးအလေ့အထနဲ့ ကျန်းမာရေးပြဿနာများကြောင့် ကြုံတွေ့ရတဲ့ဒုက္ခများကို ပြသထားပါတယ်။ ဇာတ်ကွက်တွေက ပုံမှန်လိုမဟုတ်ဘဲ အချို့အခန်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်ကို လွှဲပြောင်းဖော်ပြထားလို့ မရင်းနှီးသူတွေအတွက်ကတော့ တမျိုးဖြစ်နိုင်ပေမဲ့ အနုပညာဖန်တီးမှုနဲ့ စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့ ဂျက်ဇ်ဂီတကို နှစ်သက်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ကား‌လေးပါ။ File size…(3 GB)/(1.4 GB) Quality….WebRip 1080p / ...
movie

Bird (1988)

Queen of the Ring (2024) 6.6
Queen of the Ring (2024)  ဒါကတော့ အမေရိကန်ရဲ့ နာမည်ကျော် WWE နပမ်းလောကမှလေဒီနပမ်းသမားနယ်ပယ်ကို ဦးဆောင်လမ်းဖောက်ပေးခဲ့တဲ့မစ်ရက်ဘာ့ခ်ရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့သမိုင်းရုပ်ရှင်တစ်ခုပါ....၉၀ ခေတ်က အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ WWE လောကထဲကို ဝင်ချင်ခဲ့တဲ့ မစ်ရက်ရဲ့ ကြိုးစားမှုတွေကြောင့် ပွဲတော်တွေမှာ ယောက်ျားတွေနဲ့ ကြေးစားအဖြစ် နပမ်းသတ်ပြရင်းနာမည်ရလာပါတယ်...အဲ့ဘက်ခေတ်ကလည်း အမျိုးသမီး ၂ ယောက် ကွင်းထဲမှာနပမ်းသတ်တဲ့ ကိစ္စက ပြည်နယ်အချို့မှာ တရားမဝင်သတ်မှတ်ထားပါတယ်...WWE နပမ်းသမားတွေက အတုအယောင် တကယ်ထိုးတာမဟုတ်ဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်...လူတွေစိတ်ဝင်စားလာအောင် ဇာတ်လမ်းတွေဆင်ပြီးလူဆိုး လူကောင်းခွဲပြီး ခါးပတ်လုကြတဲ့ ပွဲမှာ ဖိုက်တာသွေးပါလာတဲ့ မစ်ရက်ဘာ့ခ်ရဲ့ ဝိတ်တာဘဝကနေအမျိုးသမီးဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ သမိုင်းဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရာမှာဖြစ်ပါတယ်..... File size… (2.54GB) / 1.37GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 20m Genre …..Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Queen of the Ring (2024)

The Bibi Files (2024) 6.5
The Bibi Files (2024) The BiBi Files 2024အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ နိုင်ငံရေးမှတ်တမ်းရုပ်ရှင် documentary ဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကရိုက်ကူးထားတာကတော့ အားလုံးပဲသိကြမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုပဲဖြစ်ပါတယ်။ရိုက်ကူးထားတဲ့အကြောင်းအရာကတော့ အားလုံးပဲသိပ်မစိမ်းတဲ့ လတ်တလောတုန်းကပဲ ဖြစ်ပျက်ခဲ့တဲ့ ဂါဇာကမ်းမြှောင်ဒေသ ဟားမာ့စ်တွေရဲ့အကြမ်းဖက်မှုတွေ ဒီအကြမ်းဖက်မှု မြစ်ဖျားခံလာတဲ့အကြောင်းတွေ.. အားလုံးကဟီးရိုးလို့သတ်မှတ်ထားတဲ့ ဘီဘီခေါ် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုရဲ့ လူတွေမသိကြတဲ့ရှုထောင့်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။နိုင်ငံရေးစိတ်ဝင်စားသူမဟုတ်ရင်တောင်မှ ဗဟုသုတရချင်သူများ သမိုင်းစိတ်ဝင်စားသူများ စသဖြင့် ကြည့်ရှုသင့်တဲ့ documentary ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်။ File size…1.8 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii Thurein Lynn
movie

The Bibi Files (2024)

Legend (2015) 6.9
Legend (2015) Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie

Legend (2015)

4K HEVC
Moneyball (2011) 7.6
Moneyball (2011) Moneyball (2011)************************IMDb..... 7.6/ Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ် သူရတဲ့လစာဟာ တခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း  ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမဲ့ သူဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီး လမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့ အခက်အခဲတွေ အားကစားသမားတွေရဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်သလိုအားကစားလောကရဲ့  အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်း အတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin ...
movie

Moneyball (2011)

Saint-Exupéry (aka) Saint-Ex (2024) 5.4
Saint-Exupéry (aka) Saint-Ex (2024) Saint-Exupéry (aka) Saint-Ex (2024)ကိုယ်ချစ်ရတဲ့သူတစ်ယောက်က သေသလားရှင်သလားမသိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်သင်က ဘယ်လိုရွေးချယ်မှုမျိုးပြုလုပ်မလဲ...? ရှာဖွေမလား သေသွားပြီလို့ သဘောထားလိုက်မှာလား...။ဒီကားလေးမှာဆိုရင်တော့ ဟင်နရီ ဂွေလာမတ်လို့ခေါ်တဲ့ အတော်ဆုံး လေယာဉ်မှူးတစ်ယောက်ဟာအန်ဒိစ်တောင်တန်းတွေထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအတွက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အန်တိုနီ ဒီ ဆန့်အိတ်စ်က ဘာတွေဆက်လုပ်မလဲ...ပျောက်ဆုံးနေတဲ့ဂွေလာမတ်ကိုရော ရှာတွေ့နိုင်သွားလာဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.3 GB / 600 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by N
movie

Saint-Exupéry (aka) Saint-Ex (2024)

Faith of Angels (2025) 5.8
Faith of Angels (2025)  ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ် ယူတာပြည်နယ်ကစွန့်ပစ်မိုင်းတွင်းထဲမှာပျောက်ဆုံးသွားတဲ့ ဆယ်နှစ်သားကလေး ဂျောရှူဝါဒန်းနစ်ကိုရှာဖွေကယ်ဆယ်တဲ့အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အမေရိကန်သမ္မတဘုရှ်ကိုယ်တိုင် ဒီဖြစ်ရပ်ကို ထူးခြားဆန်းကြယ်တာဖြစ်တယ်ဆိုတဲ့သက်သေပဲ လို့ပြောလောက်တဲ့အထိ နာမည်ကြီးပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++++ဂျော့ရှ်တိုသားအဖက ကျောင်းကလူပျိုပေါက်တွေမိုင်းတွင်းဖက်ကိုစခန်းချခရီးထွက်တဲ့ ခရီးစဉ်ကိုလိုက်လာခဲ့ပါတယ်။ စူးစမ်းချင်စိတ်ပြင်းလွန်းတဲ့ဆယ်နှစ်သားလေးကိုအဖေဖြစ်သူကတယ်ရီကအဖော်လိုက်ပေးခဲ့တာပါ။ ဒီလိုနဲ့ တောင်ပေါ်ရောက်တော့အဖွဲ့ထဲကတစ်ချို့က မိုင်းတွင်းထဲကိုထွက်သွားပေမယ့်အဖွဲ့ထဲက လူငယ်တစ်ယောက်နဲ့ သူတို့သားအဖကတဲထိုးဖို့အတွက်ခဏနေခဲ့ပြီးနောက် ညနေပိုင်းလောက်အရောက်မှာ သုံးယောက်သားမိုင်းတွင်းဖက်ကိုထွက်လာကြပါတယ်။ မိုင်းတွင်းထဲကိုလည်းရောက်ရောရှေ့ကအဖွဲ့ပြန်တွေ့ပါတယ်။ အဖွဲ့ထဲက ကိုင်လ်ဆိုတဲ့လူငယ်တစ်ယောက်မိုင်းတွင်းထဲမှာ ဆက်မနေချင်တော့တာနဲ့ တယ်ရီကစခန်းကိုပြန်ပို့ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမယ့် ဂျော့ရှ်ကအဖွဲ့နဲ့ဆက်နေချင်တယ်လို့ပြောလို့ တယ်ရီကလည်း အဖွဲ့နားမှာပဲသေချာကပ်နေလို့ပြောပြီးထားခဲ့ပါတယ်။ရှေ့ဆင့်နောက်ဆင့် သွားနေရင်းနဲ့ ဂျော့ရှ်ဟာလမ်းပျောက်သွားပြီးတစ်ယောက်တည်းကျန်ခဲ့ပါတယ်။အဖွဲ့ကလည်းစခန်းကိုပြန်ရောက်တော့မှဂျော့ရှ်ပါမလာတာသိတော့ ကယ်ဆယ်ရေးအဖွဲ့တွေကိုဆက်သွယ်ပြီး ကလေးပျောက်ရှာဖွေရေးကိုစတင်ပါတော့တယ်။  File size… (1.14 GB) / (646 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …..Biography , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin ...
movie

Faith of Angels (2025)

The Alto Knights (2025) 5.7
The Alto Knights (2025)  The Alto Knights (2025)IMDb Rating (5.7) / Rotten Tomatoes (39%) အမေရိကန်ရဲ့ အကြီးဆုံး ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။မင်းသားကြီးကတော့ ဆရာကြီး Robert De Niro ပါပဲ။ ဒါရိုက်တာကလည်း Rain Man ရဲ့ ဖန်တီးရှင် Barry Levinson ပါ။၁၉၅၀ ဝန်းကျင် အမေရိကန်နိုင်ငံတဝှမ်းလုံးမှာ ဒုစရိုက်ဂိုဏ်းမျိုးစုံကြီးစိုးခဲ့ပြီး နိုင်ငံအဆင့် ဧရာမဂိုဏ်းကြီးပါ ရှိခဲ့တာပါ။အဓိကဇာတ်ကောင် ဖရန့်ကော်စတယ်လိုကတော့ အဲဒီကာလ ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ချုပ် ဖြစ်ခဲ့တာပါ။Godfather ထဲက မင်းသားကြီး မာလွန်ဘရန်ဒိုတောင် သရုပ်ဆောင်ချိန်မှာ သူတီဗီမှာ မြင်ဖူးတဲ့ ဖရန့်ရဲ့အသံကို ကြည့်ပြီး အတုယူခဲ့ရပါသေးတယ်။ဇာတ်လမ်းအကျဉ်းဖရန့် နဲ့ ဗီတိုဟာ ရွှေ့ပြောင်း အီတလီသား ငယ်သူငယ်ချင်းတွေ၊ မိုက်ဖော်မိုက်ဖက်တွေပါပဲ။လူမိုက်အဆင့်ကနေ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာကြပြီးနောက်ပိုင်း တစ်နိုင်ငံလုံးသိတဲ့ အဆင့်တွေအထိ ရောက်လာတာပါ။ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ မူးယစ်ဆေးလုပ်ငန်းကို လုပ်ချင်တဲ့သူနဲ့မလုပ်ချင်တဲ့သူ ကွဲလာပြီး ...
movie

The Alto Knights (2025)

2025
4K HEVC
Adrift (2018) 6.7
Adrift (2018) Adrift (2018)IMDb Rating (6.7)/ Rotten Tomatoes (69%)‌Adrift ( မျောပါခြင်း) ဆိုတဲ့ သည်းထိတ်ရင်ဖိုဒီဇာတ်ကားက ၁၉၈၃ ခုနှစ်က ပင်လယ်ကိုအပျော်ခရီးထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ Me Before You မင်းသား Sam Claflin နဲ့ The Fault in Our Stars မင်းသမီး Shailene Woodley တို့လိုနာမည်ကြီးတွေပါဝင်ထားပါတယ်။ တစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးပဲပါပါတယ် သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကို တကယ် အေးချမ်းစေပြီး ဇာတ်လမ်းကတော့ ရင်မောစရာအပြည့်နဲ့ပါ။ ‌ ဇာတ်လမ်းလေးကတော့ဒီလိုရှင့်... ‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ် ‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီး သူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ် အဲ့ညမှာပဲ ချစ်သူတွေဖြစ်ရာကနေ ကောင်မလေးက ပင်လယ်မှာရွက်လွှင့်သွားရတာကြိုက်မှန်းသိလို့ ကောင်လေးက တစ်ကမ္ဘာလုံးကိုရွက်လွှင့်ပြီးလိုက်ပြဖို့ခွင့်တောင်းပါတယ် နောက်နေ့မှာတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွှင့်ကြပါတော့တယ်... ‌ ဒီလိုနဲ့ရွက်လွှင့်ရင်းကနေ ပစိဖိတ်သမုဒ္ဒရာအလယ်မှာ အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားတဲ့အခါမှာတော့... ဖြစ်ရပ်မှန်ဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ လူသားတို့ရဲ့ဘဝကြီးတခုကို ...
movie

Adrift (2018)

2018
Emergency (2025) 5.1
Emergency (2025) Emergency (2025) "အရေးပေါ်အခြေအနေ"အခုတစ်ခါမှာ မင်းသမီး ကန်ဂနားရာနော့ ကိုယ်တိုင်ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ သမိုင်းအထုပ္ပတ္တိဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အင်ဒီရာဂန္ဒီရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတာပါအင်ဒီရာဟာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး နေရူရဲ့သမီးဖြစ်ပါတယ်အိန္ဒိယပြည်သူတွေက အစောပိုင်းမှာ သူ့ရဲ့လုပ်ရပ်တချိုကြောင့် တစ်တိုင်းပြည်လုံးချစ်ကြတဲ့ အမျိုးသမီးသူရဲကောင်းအဖြစ် မြင်ခဲ့ကြပြီး၁၉၆၆ မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ်ကို ပါကစ္စတန်လက်အောက်မှ လွတ်မြောက်ရေးမှာ ကူညီခဲ့ပါတယ်၁၉၇၅ မှာတော့ တိုင်းပြည်မငြိမ်သက်တာကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်လိုက်တဲ့နောက်မှာ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ စည်းမျဉ်းတွေက ပြည်သူတွေမုန်းစရာဖြစ်လာပါတယ်အိန္ဒိယပြည်သူတွေ ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတဲ့ ဒီအမျိုးသမီးရဲ့ ငယ်ဘဝကနေ လုပ်ကြံခံရတဲ့အထိ အဖြစ်အပျက်တိုကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2 GB / 977 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Emergency (2025)

William Tell (2024) 6.0
William Tell (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အလယ်ခေတ်နှောင်းပိုင်း Action အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာဆိုရင် ၁၄ ရာစုက ဥရောပသားတို့ရဲ့အားကြီးသူအနိုင်ယူတဲ့ ဘဝပုံရိပ်ကို ဒဏ္ဍာရီသူရဲကောင်းWilhelm Tell ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ တင်ဆက်ပြသထားပြီး အလယ်ခေတ်နှောင်းပိုင်းပုံရိပ်တွေကို နှစ်ခြိုက်ဖွယ်ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်...Wilhelm Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီးအမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကို ထူထောင်ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်...စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန်တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်းယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ်ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အားသတ်ဖြတ်ခဲ့သူကို မုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကိုလိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကိုအကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်...တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ သတ်ဖြတ်ခဲ့တဲ့ အခွန်တော်ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့်ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီး သူ့သိက္ခာကိုဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်...ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်းဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီးအာဏာပြရာမှာတော့ မူလက လူမျိုးစုပြဿနာများကြောင့်အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်းသွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့အကြောင်းဖန်တီးလာပြီး ဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့ပြင်ဆင်ကြရာမှာတော့…ဒီကားလေးမှာဆိုရင် ...
movie

William Tell (2024)

The Moonhunter (2001) 6.2
The Moonhunter (2001) The Moonhunter (2001) *********************MoonHunter တစ်နည်းပြောရရင် လမင်းကိုအမဲလိုက်မယ့်မုဆိုး၊ မဖြစ်နိုင်တာကိုမျှော်လင့်ရင်း ကြိုးစားနေတဲ့သူတစ်ယောက်စနစ်ဆိုးတစ်ခုကို တစ်ယောက်အားနဲ့တော်လှန်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ တော်လှန်ခရီးကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်လမ်းလေးကတော့ ၁၉၇၃ ခေတ်သစ်ထိုင်းနိုင်ငံ‌ရေးသမိုင်းက အကြီးဆုံးဆန္ဒပြပွဲကြီးကို ဦးဆောင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဆန္ဒပြပွဲအပြီး တော်လှန်ရေးသမားဘဝကို လုံးလုံးလျားလျားခံယူလိုက်ပြီးချိန် သူ့ရဲ့ဘဝခရီးကြမ်း...တော်လှန်ရေးအင်အားစုတွေကြားက အယူဝါဒီကွဲပြားမှုတွေနဲ့ စိတ်ဝမ်းကွဲမှုတွေ ပြည်ပရဲ့သက်ရောက်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ...ကလောင်တံကနေ သေနတ်ကိုင်တဲ့အထိ အတူလိုက်ပါခဲ့တဲ့ချစ်ရသူနဲ့အတူ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ပေးဆပ်မှုတွေ စတေးခံမှုတွေနဲ့ဖယောင်းလမ်းမဟုတ်တဲ့ ခယောင်းလမ်းပေါ်က သူတို့တွေရဲ့ဘဝကို တစ်စွန်းတစ်စရိုက်ပြထားတာပဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်...File Size : 4.12GB / 1.4GB Quality : WEB-DL 1080p / 720p Duration : 1h 47m Genres : Biography, Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Moonhunter (2001)

The Hurricane (1999) 7.6
The Hurricane (1999) The Hurricane (1999) *************************** IMDb.....7.6<<<<<Rotten Tomatoes 83%   သူ့နာမည်က Rubin "Hurricane" Carter  ... ငယ်ငယ်လေးကတည်းက လူဖြူတွေနဲ့ ပြသနာတချို့ရှိခဲ့တယ်... ဒါကြောင့်ပဲ အချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်းတွေမှာပဲ အချိန်ကုန်နေတယ်... လူဖြူတချို့ကြောင့် ထောင်ထဲမှာ အချိန်ကုန်ရတဲ့လူငယ်လေး  Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်... ဒီလိုနဲ့ သူဟာ နာမည်ကျော်  လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ (၃)ယောက်အသတ်ခံလိုက်ရတယ်... ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း  Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricane ကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦးဗျို့...  ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့  ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက  ...
movie

The Hurricane (1999)

The Social Network (2010) 7.7
The Social Network (2010) ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့်ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်....ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲဒိတ်ဒိတ်ကျဲတွေပါပဲNow You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီးနာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ်ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်....မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူတည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကိုရိုက်ပြထားပါတယ်... File size…    2.5 GB / 845 MB / 484 MB Quality… BluRay 4K HEVC ...
movie

The Social Network (2010)

2010
4K HEVC
Men of Honor (2000) 7.2
Men of Honor (2000) Men of Honor(2000) ******************** IMDb.....7.2  ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေစကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါပါဘူး...သို့ပေမဲ့  ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားက ခြွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ.... File Size : 2.37GB/ 1.02GB Quality : Blu-Ray 1080p ...
movie

Men of Honor (2000)

From Hilde with Love (2024) In Liebe, Eure Hilde 7.0
From Hilde with Love (2024) In Liebe, Eure Hilde  From Hilde with Love (2024)IMDb Rating (7.0) / Rotten Tomatoes (80%) ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီဝါဒဟာ သူ့လူမျိုးအတွက် ဦးတည်လို့ ဘယ်လိုပဲဆိုဆို နာဇီဝါဒကို ဂျာမန်ပြည်တွင်းထဲမှာပဲ လက်ခံသူတွေရှိခဲ့သလို လက်မခံသူတွေလည်း ရှိခဲ့တယ်။ဒီကာလက ဝါဒရေးရာတွေ အမြင်က ရှင်းမယောင်နဲ့ အသေးစိတ်ကြည့်ရင် တော်တော်ရှုပ်ထွေးတာတော့ အားလုံးသိပြီးကြသလိုပါပဲ။အာရင်ဘတ်စာတွေထဲကလိုပဲ စစ်ပွဲကာလနဲ့ လူ့အမြင်တွေ လူသားဆန်မှုတွေက ရှင်းမရတဲ့ချည်ခင်တွေလိုပါပဲ။ဒီဇာတ်လမ်းကတော့ အဲဒီလိုဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်ကတော့ Hildeဆိုတဲ့ ဂျာမန်မလေးအကြောင်းပါ။သူက ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီဝါဒါကိုဆန့်ကျင်ပြီး ကွန်မြူနစ်ဝါဒကို အားပေးပြီး ရုရှတွေနဲ့ ဆက်သွယ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့သူပါပဲ။၁၉၄၂ နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေတုန်း ဂတ်စတာပိုတွေဖမ်းခေါ်သွားတာခံခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမွေးခဲ့ပြီး ၁၉၄၃နှစ်ကုန်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ကွပ်မျက်မခံရရင် ဒီသနားစရာ မိန်းကလေးက ဟစ်တာလာဆီ အသနားခံစာ တင်ခဲ့ပေမဲ့ ဟစ်တလာက ပယ်ချခဲ့ပါတယ်။ရုပ်ရှင်ထဲတော့ စစ်ရေးကို ထည့်မပြောသွားပေမဲ့လည်း ...
movie

From Hilde with Love (2024) In Liebe, Eure Hilde

2024