Channel Myanmar

Uncategorized

Young Steppas 2 (2025)
Young Steppas 2 (2025) Young Steppas 2 (2025) ================== IMDb - 6.6/10ဒီရုပ်ရှင်ကို ဒါရိုက်တာ Jasmine Edwards က ရိုက်ကူးခဲ့ပြီး သူကိုယ်တိုင်ပဲ ဒီရုပ်ရှင်ကို ရေးခဲ့ပါတယ်။ ရုပ်ရှင်အမျိုးအစားကတော့ crime/drama ပါ။ဇာတ်လမ်းသဘောကတော့ New Orleans မြို့ကြီးထဲမှာ ဆေးအရောင်းအဝယ်သမား၊ သူခိုး၊ ဓားပြ၊ ပြည့်တန်ဆာခေါင်းတွေ စုံလင်စွာနဲ့ ရှိနေပါတယ်။ ဒါပေမဲ့ Taymond ဆိုတဲ့ ကောင်လေးကတော့ ဒီကိစ္စတွေကို စိတ်မဝင်စားပဲ Basketball ကိုသာ အားစိုက်လေ့ကျင့်နေခဲ့ပါတယ်။တစ်ရက်ကျ ညီဖြစ်သူ Hot Boy တစ်ယောက် သေနတ်နဲ့ ပစ်ခံရပြီး ဆေးရုံရောက်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဖော်ထုတ်ဖို့အတွက် အဖေဖြစ်သူ Smoke က လက်သည်ကို ရှာမှာပါ။ဘယ်လိုရှာဖွေမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ကြည့်ကြပါကုန်။ File size…1.1 GB / 600 MB Quality…WEB DL 1080p HEVC / ...
movie

Young Steppas 2 (2025)

Sweetheart! (2025) 5.4
Sweetheart! (2025) Sweetheart 2025 (ကြောက်ရွံ့မိသော ချစ်ခြင်းတရား )ဗာဆူဆိုတဲ့ကောင်လေးဟာ သူ့မိဘတွေရဲ့ အိမ်ထောင်ရေးကို ကြည့်ပြီး အိမ်ထောင်ပြုဖို့ ကြောက်ရွံ့နေသူတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေဟာ သူ့အမေကို အရမ်းချစ်ပြီး ယုံကြည်ခဲ့ပေမဲ့ အမေကတော့ သစ္စာဖောက်ပြီး တခြားသူနဲ့လိုက်သွားရာကနေ ဗာဆူတစ်ယောက် အချစ်ဆိုတဲ့အရာကြီးကို ကြောက်ရွံ့လို့နေခဲ့ပါတော့တယ်။တစ်နေ့မှာတော့ ဗာဆူတစ်ယောက် မာနူဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး ခံစားချက်တွေ ဖြစ်ပေါ်လာပေရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပါတော့တယ်။ဗာဆူတစ်ယောက် မာနူကို ချစ်သူတစ်ယောက်အနေနဲ့တော့ ချစ်နိုင်ပေမဲ့ လက်ထပ်ဖို့အတွက်ကိုတော့ ရာနှုန်းပြည့်မယုံနိုင်ဖြစ်ကာ လက်ထပ်ဖို့ပြောလိုက်တိုင်းမှာ အင်းမလုပ်ခဲ့ပါဘူး။ဗာဆူတို့ ချစ်သူနှစ်ယောက် တခြားကိစ္စတွေနဲ့ပတ်သတ်ရင် အဆင်ပြေကြပေမဲ့ လက်ထပ်ဖို့ဆိုတဲ့ ခေါင်းစဉ်ပါလာရင်တော့ ပြဿနာအမြဲဖြစ်ကြပါတော့တယ်။ဒီလိုနဲ့ ဗာဆူတို့ အချစ်နယ်ကျွံရင်း မာနူတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ...........အိမ်ထောင်ရေးဆိုတာကြီးကို ကြောက်ရွံ့နေတဲ့ ဗာဆူတစ်ယောက် မာနူရဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ .........မာနူတစ်ယောက်ရော ရလာတဲ့ ရင်သွေးလေးအတွက် ဘယ်လိုတွေ တိုက်ပွဲဝင်သွားမလဲ .... ဆိုတာကို ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.3 GB / 1.1 ...
movie

Sweetheart! (2025)

The Way, My Way (2024)
The Way, My Way (2024) The Way, My Way" (2024) က စပိန်နိုင်ငံကနေ ကီလိုမီတာ 800 ရှည်တဲ့ Camino de Santiago လို့ခေါ်တဲ့ ရှည်လွန်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Chris Haywood အဖြစ်သရုပ်ဆောင်ထားတဲ့ အဲ့အမျိုးသားက သူ့အကြောင်းပိုလေ့လာချင်စိတ်နဲ့ဘဝကို ကောင်းကောင်းနားလည်ချင်တယ်။လမ်းတစ်လျှောက်မှာ သူက ရုပ်ရှင်ဒါရိုက်တာ Bill Bennett နှင့် လွန်ခဲ့တဲ့ နှစ်တွေက အလားတူလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့တဲ့ တကယ့်ခရီးသည်တွေ အများအပြားနှင့် တွေ့ဆုံခဲ့တယ်။ ရုပ်ရှင်ကတော့ စိမ်းလန်းတဲ့ တောင်ကုန်းတွေ၊ ရွာဟောင်းတွေ နှင့် ရှည်လျားပြီး ကွေ့ကောက်တဲ့ လမ်းတွေကို ရိုက်ပြ ထားပြီး သူနှင့်အတူ လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေမှာပါ ။ တစ်ချို့အခိုက်အတန့်တွေက ရယ်စရာကောင်းတယ်၊ တချို့က ဝမ်းနည်းဖို့ကောင်းတယ်၊ တစ်ချို့က အတွေးတွေဝင်လာစေတယ်။ခရီးက ခက်တယ်၊ ...
movie

The Way, My Way (2024)

Bounce (2000)
Bounce (2000) ဒီဇာတ်လမ်းလေးကတော့ Romantic drama အမျိုးအစားဇာတ်လမ်းလေးပါ။ ဘဝရဲ့ခက်ခဲကြမ်းတဲ့တဲ့အချိုးအကွေ့တွေရင်ဆိုင်လာရချိန်မှာ လူတွေဘယ်လိုပုံစံ တုန့်ပြန်ကြသလဲ ဘယ်လိုပုံစံနဲ့ဆက်လက်ရှင်သန်နေထိုင်ကြသလဲ ဘယ်လိုခက်ခဲတဲ့ရွေးချယ်မှုမျိုးတွေနဲ့ဆက်လက်ကြုံတွေ့ရမလဲ လဲပြိုကျချိန်တိုင်းဘယ်လိုပြန်ထရမလဲဆိုတာတွေကို အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဘာဒီ အမာရာဆိုတာကတော့ လူမှုဆက်ဆံရေးမှာကျွမ်းကျင်လိမ်မာတဲ့ ကြော်ငြာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။အလုပ်ကိစ္စအတွက်ခရီးထွက်ရင်း လေဆိပ်မှာမိတ်ဆွေသစ်တွေနဲ့မိတ်ဖွဲ့ခဲ့ပြီးနောက်သူ့လေယာဉ်လက်မှတ်ကို မိတ်တွေသစ်ဖြစ်တဲ့ ဂရက် ဂျနလို ကိုပေးလိုက်ရာမှ ထိုလေယာဉ်ပျက်ကျသွားခဲ့တဲ့နောက် ဘာဒီတစ်ယောက် အရင်လိုလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်ပြေနိုင်ဦးမှာလား … လေယာဉ်ပေါ်ပါသွားတဲ့ ဂရက် ရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကရော ဒီအရာကိုဘယ်လိုလက်ခံရင်ဆိုင်ကြရမှာလဲ …ဘာဒီတစ်ယောက်သူပေါ့ပျက်ပျက်လုပ်လိုက်မိတဲ့အပြုအမူတစ်ခုရဲ့ နောက်ဆက်တွဲကိုဘယ်လိုပုံစံနဲ့ ဖြေရှင်းဖို့ကြိုးစားမလဲ… ဖြေရှင်းဖို့ကြိုးစားရင်းဘယ်လိုအရှုပ်တွေနဲ့ထပ်တိုးမလဲဆိုတာကို အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ဖော်ကြူးပြသထားတဲ့ပုံတွေကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး…File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sanju
movie

Bounce (2000)

Yamakaathaghi (2025) 5.2
Yamakaathaghi (2025) Yamakaathaghi (2025) "ကျိန်စာဆိုး"တမီးလ် သဘာဝလွန် ဟော်ရာရုပ်ရှင် အသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီအယူသီးကြတဲ့ရွာတစ်ရွာမှာ ကျေးရွာလူကြီးရဲ့ ပန်းနာရောဂါသည် သမီးဖြစ်သူ လီလာဟာ အိမ်ကလူတွေနဲ့ အမြင်မတူဘဲ စကားများလေ့ရှိပါတယ်တစ်ရက်မှာ မိသားစုပြဿနာတစ်ခုကြောင့် လီလာတစ်ယောက် ထူးဆန်းစွာ ဆွဲကြိုးချသေဆုံးသွားခဲ့ပြီး တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်သွားပါတော့တယ်သူ့ဈာပနမှာ အလောင်းကောင်က ရုတ်တရက်ငေါက်ကနဲ ထထိုင်ရာကနေ သွေးပျက်စရာ ခြောက်လှန့်မှုတွေ ဘယ်လိုဖြစ်လာမှာလဲဘယ်လို နောက်ကြောင်းရာဇဝင်တွေရှိနေမှာလဲ သိရအောင်လို့ ပရိသတ်တို့ကပဲ ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.3 GB / 690 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 53min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yamakaathaghi (2025)

Dasettante cycle (2025)
Dasettante cycle (2025) Dasettante cycle 2025 (လုံခြုံရေးသမားကြီးရဲ့ ဘဝဇာတ်ကြောင်း)ဒါဆတ်တန်ဆိုတဲ့ လုံခြုံရေးသမားတစ်ယောက်၊ သူ့မှာ အဖေရယ် မိန်းမရယ် သားလေးတစ်ယောက်ရယ်ရှိပါတယ်။အဖေလုပ်သူကတော့ အသက်၆၀ကျော် အငြိမ်းစားယူပြီးတဲ့အရွယ်ဖြစ်ပြီး အငြိမ်းစားယူပြီးနောက်မှ လူငယ်လေးတစ်ယောက်လို လက်ဝှေ့ထိုးသင်လိုက် ဘောလုံးကန်လိုက်နဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းလျက်ရှိပါတယ်။မိန်းမလုပ်တဲ့သူကတော့ အိမ်အလုပ်တွေ ဒိုင်ခံလုပ်ရင်း အပိုဝင်ငွေရဖို့ အပြင်အလုပ်လေးလည်းလုပ် ယောက်ျားဖြစ်သူနဲ့ ဖေးဖေးမမ ချစ်ချစ်ခင်ခင်ပါပဲ။ သားလေးကတော့ ကျောင်းတက်နေတုန်း ကျောင်းသားလေးပေါ့။ဒါဆတ်တန်တို့ မိသားစုကတော့ အကြွေးတွေကို ကြိုးစားဆပ်နေရင်းနဲ့ပဲ ဘဝကို အဆင်မပြေတဲ့ကြားက ပြေအောင်ကြိုးစားနေနေကြရပါတယ်။ဒါဆတ်တန်တစ်ယောက်ကတော့ မိသားစုကို အဆင်ပြေစေဖို့ ကြိုးစားရင်းနဲ့ ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာကတော့ မိသားစုဘဝ,အိပ်မက်တွေနဲ့အတူ ဘဝဆိုတာကြီးကို လူလတ်တန်းစားဘဝတွေအနေနဲ့ ဘယ်လိုရုန်းကန်လှုပ်ရှားရလဲဆိုတာကို မီးမောင်းထိုးတင်ဆက်ပြသထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.6 GB / 780 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard ...
movie

Dasettante cycle (2025)

A Brothers Bond (2024) 5.2
A Brothers Bond (2024) A Brothers Bond (2024)ဒီ ဇာတ်လမ်းလေးကတော့ နာမည်အတိုင်း ညီအစ်ကို နှစ်ယောက်ကြားက ဆက်ဆံရေး နဲ့ တစ်ယောက်အတွက် တစ်ယောက် အမြဲရှိနေကြတယ်ဆိုတဲ့ အချက်ကို ရိုက်ပြထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။တွမ် နဲ့ ဒန်နီ က ငယ်ငယ်တည်းက တပူးပူးတတွဲတွဲ အတူနေလာကြတဲ့ ညီအစ်ကိုနှစ်ယောက်ပါ ။သူတို့ အမေက သူတို့ငယ်တုန်းမှာပဲ ဆုံးသွားပြီး အဖေနဲ့ အတူတူနေခဲ့ကြရတာပါ ။ တစ်ရက်မှာတော့ သူတို့ အဖေဟာလဲ ပျောက်သွားပြီး သတင်းအစအနရှာမရခဲ့ပါဘူး ။ဒန်နီ နဲ့ တွမ် တို့ဟာ ကိုယ့်ကိုယ်ကို အားကိုးပြီး ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ် ။တစ်ရက်မှာတော့ အရက်ဆိုင်မှာ ရန်ဖြစ်ရာကနေ သူတို့ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်က သူတို့ကို အလုပ်ကမ်းလှမ်းခဲ့ပါတယ် ။ညီအစ်ကို နှစ်ယောက်လည်း ဒီအလုပ်ကို စွန့်စားယူလိုက်ရာကနေ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။ File size…1.2 GB / ...
movie

A Brothers Bond (2024)

Logout (2025) 5.1
Logout (2025) Logout (2025) "ဒီဂျစ်တယ်ရောဂါ"ဒီတစ်ခါမှာတော့ Bollywood ပရိသတ်ကြီးအတွက် ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အခုခေတ်မှာ လူငယ်တွေကြားထဲ ဖုန်းကိုစွဲလမ်းမှု၊ ဆိုရှယ်မီဒီယာစွဲလမ်းမှုတွေ ပိုတိုးလာသလို ဘလော့ဂါတွေဆိုတာလည်း မှိုလိုပေါက်နေတာပါ။ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတဲ့ လောကဓမ္မတာအတိုင်း ကောင်းတဲ့အချက်တွေရှိသလို မကောင်းတာတွေလည်း ဒုနဲ့ဒေးပါ။ဒီဇာတ်လမ်းကတော့ အခုလိုဒီဂျစ်တယ်ခေတ်ကြီးမှာ ကျော်ကြားမှုရဲ့နောက်ကွယ်က အမှောင်ဘက်ခြမ်း တစ်နည်းအားဖြင်း မကောင်းတဲ့ဘက်ခြမ်းကို မီးမောင်းထိုး ရိုက်ကူးထားတာပါ။ပရာတုရှ်ဟာ နာမည်ကျော်လူသိများတဲ့ အသက် ၂၆ နှစ်အရွယ် အင်ဖလူရန်ဇာလူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်လိုဝါ ၁၀ သန်းပြည့်ခါနီးဖြစ်နေတဲ့ သူ့အတွက် လတ်တလောအိပ်မက်ကြီးကတော့ ၁၀ သန်း ပြည့်ရေးပါပဲ။အဲဒီလိုဖော်လိုဝါ ၁၀ သန်းပြည့်မှလည်း သူ့ရဲ့ကြော်ငြာရှင်တစ်ယောက်နဲ့ အလုပ်ဆက်လုပ်ရမဲ့ သဘောတူညီချက် ရှိနေပါတယ်။ အပြိုင်အဆိုင်တွေလည်း ရှိတာမို့ ၁၀ သန်းပြည့်ရေးအတွက် အသည်းအသန်ကြိုးစားပါတော့တယ်။အဲဒီအတောအတွင်းမှာ ဖြစ်ချင်တော့ သူ့အတွက်အရေးကြီးဆုံးလို့ဆိုရမဲ့ သူ့ဖုန်းပျောက်ဆုံးသွားတာပါပဲ။ နာမည်ကြီးအင်ဖလူရန်ဇာတစ်ယောက် ဖုန်းပျောက်တယ်ဆိုတဲ့ကိစ္စက အတော်လေးတော့အန္တရာယ်များပါတယ်။ဖုန်းမရှိရင် မိနစ်ပိုင်းတောင်မနေနိုင်တဲ့ ပရာတုရှ်၊ သူ့ရဲ့ဘလော့ဂါအလုပ်ကြောင့် ...
movie

Logout (2025)

Daveed (2025) 6.3
Daveed (2025) Daveed (2025) နောက်ဆုံးအလှည့်IMDb 6.6/10 အက်ရှင် ပရိသတ်တွေအတွက် လက်ဝှေ့ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်‌နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်‌နေလေရဲ့။ အာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။ သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။တစ်ခါတစ်‌လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့‌အလုပ်တွေထဲက တစ်ခုပေါ့လေ။တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ...
movie

Daveed (2025)

Hutang Nyawa aka Blood Debt  (2024) 6.5
Hutang Nyawa aka Blood Debt (2024) Hutang Nyawa (2024) Imdb 6.5သရဲကားမကြိုက်တဲ့လူတွေတောင် အကြိုက်တွေ့သွားစေမဲ့ အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးထားပါတယ် ထိုင်ရာကနေ မထတမ်းကြည့်ချင်နေမှာဖြစ်ပြီး ကြည့်ရှုသူတို့ရဲ့ ညတွေကိုတောင် အိပ်မက်ဆိုးတွေနဲ့ ဖုံးလွှမ်းသွားစေနိုင်မှာပါမိသားစုထဲမှာ သားနဲ့သမီးဆိုပြီးရှိပေမဲ့ အချစ်မခံရတဲ့ သမီးဖြစ်သူ အယ်ဝင်နာ ဖခင်ဖြစ်သူက အယ်ဝင်နာလေး ၇နှစ်မှာ မိသားစုကိုထားသွားခဲ့တယ် သူကြီးလာတော့လည်း အိမ်ထောင်မပြုဘဲ ကလေးရခဲ့လို့အမေဖြစ်သူက အမြင်မကြည်ဘူးပေါ့ သူတို့နေတဲ့အိမ်က မသန့်ဘူးပဲပြောရမလား အခြောက်အလှန့်ကြမ်းတယ်ပေါ့ သူကတော့စိတ်ကျန်းမာရေးနဲ့ ဆိုင်မယ်ထင်လို့ ဆရာဝန်နဲ့တောင်ပြနေလေရဲ့ ဒီမှာခြောက်လှန့်တဲ့ပုံစံတွေကဇာတ်လမ်းမဆန်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ အတော်များများကြားဖူးကြသလိုမျိုး ခြောက်တာဆိုတော့ ကျောချမ်းစရာဖြစ်နေမှာ အမှန်ပါပဲ ဒီသရဲကြောင့်ပဲ သူ့ကလေးက ပြင်းပြင်းထန်ထန်ထိခိုက်သွားရတယ်ဆေးရုံတင်ထားရတဲ့ အခြေအနေဖြစ်လာပြီး အရင်တည်းက‌ အကြွေးပိနေတဲ့သူတို့အတွက်တော့ အသက်ရှုပေါက် ပိုပိတ်သွားတာပေါ့ ဒီအချိန်မှာပဲ ကယ်တင်ရှင်အနေနဲ့ ဖခင်ရဲ့ သူငယ်ချင်းဟောင်းက ရောက်လာခဲ့တယ်ဖခင်နဲ့အသိမို့ ကူညီချင်ပါတယ်ဆိုပြီး လူသူမနီး ဖုန်းလိုင်းမမိတဲ့ စက်ရုံဟောင်းကြီးကိုခေါ်သွားရာကနေ ဇာတ်လမ်းကပိုကောင်းလာပါတယ် အယ်ဝင်နာမြင်နေရတာတွေက လူတွေလား လူမဟုတ်တာတွေလားအိမ်မှာမြင်တွေ့ ကြုံတွေ့ခဲ့ရတာတွေထက် စက်ရုံကြီးမှာ ၂ဆလောက်ပိုဆိုးနေတော့ တော်ရုံကြောက်တတ်တဲ့လူတွေအတွက် တစ်ယောက်တည်း မကြည့်ရဲလောက်မဲ့ ဇာတ်ကားမျိုးပါပဲရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ...
movie

Hutang Nyawa aka Blood Debt (2024)

Badava (2025) 5.6
Badava (2025) Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေIMDb 6.7/10အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…3.4 GB / 1.6 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Badava (2025)

Mudo Kannu (2024) 4.6
Mudo Kannu (2024) Mudo Kannu (2024) "သွေးပျက်စရာ မှုခင်း"တေလဂူး မှုခင်းရုပ်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါဇာတ်လမ်းအစမှာ သတင်းသမားတစ်ယောက်က အငြိမ်းစားရဲအရာရှိကို အင်တာဗျူးရာကနေ စထားပါတယ်ရဲအရာရှိကြီးရဲ့ ရဲလုပ်သက်တစ်လျှောက်လုံးမှာ မမေ့နိုင်တဲ့ မှုခင်းဖြစ်ရပ်တွေရှိနေပါတယ် အဲဒီထဲကတစ်ခုကတော့ကလေးနှစ်ယောက်ကို သတ်ပြီး အလောင်းနဲ့ထွက်ပြေးသွားတဲ့ ဖခင်တစ်ယောက်အမှုပါပဲ ဒီဖြစ်စဉ်မှာအိမ်မွေးခွေးလေးတစ်ကောင် ကလေးနှစ်ယောက်ကို ကိုက်မိတာကနေစလို့ ဘယ်လိုအခြေအနေထိ ရောက်သွားခဲ့လဲ ရက်ရက်စက်စက် လူသတ်မှုကရော ဘယ်လိုအကြောင်းရင်းကြောင့်များလဲ...။နောက်ထပ် ရာဇဝတ်မှုခင်းတွေကရော ဘာတွေလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Yunni တို့မှ ဖြစ်ပါတယ် File size…1.7 GB / 840 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ V ~ Yunni
movie

Mudo Kannu (2024)

14 Days (Girlfriend Intlo) (2025) 6.1
14 Days (Girlfriend Intlo) (2025) 14 Days: Girlfriend Intlo (2025)"ချစ်သူလေးနဲ့ ၁၄ ရက်တာ"ပေါ့ပေါ့ပါးပါးနဲ့ရယ်မောကြည့်ရှုရမဲ့ တေလဂူစကားပြော လူငယ်အချစ်ဟာသဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟာရှာဆိုတဲ့ကောင်လေးဟာ 'Creator Kiss' ဆိုတဲ့ ချန်နယ်မှာ ဗီဒီယိုတွေကိုဖန်တီးနေတဲ့ မြီးကောင်ပေါက်လူငယ်လေးပါ။တစ်နေ့တော့ dating app တစ်ခုကို စမ်းသုံးကြည့်ရာကနေ အဟာနာဆိုတဲ့ ချစ်စရာမြီးကောင်ပေါက်အပျိုချောလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။စစချင်း ဖုန်းထဲကတဆင့်စကားပြောကြရာက အပြင်မှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြလေသတည်းပေါ့...။ဒါပေမဲ့ ဇာတ်လမ်းက အခုမှစတာပါ။တစ်ရက်တော့ အဟာနာတို့အိမ်မှာ လူကြီးတွေခရီးထွက်သွားတာကြောင့် အိမ်မှာတင် မိဘတွေမသိအောင် နှစ်ဦးသားခိုးတွေ့ကြပါတော့တယ်။ဒါပေမဲ့ မထင်မှတ်ဘဲ အဟာနာတို့မိဘတွေ ပြန်ရောက်လာတဲ့အခါ...မမျှော်လင့်ဘဲထွက်ပေါက်ပိတ်သွားတဲ့ ဟာရှာတစ်ယောက် လူကြီးတွေမသိအောင် အိမ်ကထွက်ဖို့အမျိုးမျိုးကြိုးစားပုံနဲ့ အိမ်ထဲမှာ ချောင်ပိတ်မိနေတဲ့ ကိုးရိုးကားရားအခြေအနေတွေကို ရယ်စရာ စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~ZweYan~Yunni တို့ဖြစ်ပါတယ်။) File size…1.1 GB / 570MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 30mIN Subtitle….Myanmar Subtitle ...
movie

14 Days (Girlfriend Intlo) (2025)

Kadaisi Thotta (2025) 6.8
Kadaisi Thotta (2025) Kadaisi Thotta (2025) နောက်ဆုံးကျည်ဆန်သည်းထိတ်ရင်ဖို ဒရမ်မာ ပရိသတ်တို့အတွက် မှုခင်းဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ရက်ရှန်က အခုမှအိမ်ထောင်ကျပြီးတဲ့ သတို့သားအသစ်လေးပေါ့။ သူ့မိန်းမနဲ့ ပျားရည်ဆမ်းခရီးထွက်မယ်ဆိုပြီး ကျေးလက်တောရွာ ရှုခင်းလေးတွေရှိမယ့် အပန်းဖြေစံအိမ်တစ်ခုကို စီစဉ်ထားပါတယ်။သူတို့ရောက်လို့မှ မကြာသေးပါဘူး ရက်ရှန်ဟာ ရှော့ခ်ရလောက်စရာ လူသတ်မှုမြင်ကွင်းကို တွေ့မြင်လိုက်ရပါတော့တယ်။ ကောင်မလေးတစ်ယောက်ကိုသတ်ပြီး အပန်းဖြေအိမ်ရာဝင်းထဲ စွန့်ပစ်ထားခဲ့တာပါ။အဲဒီလိုနဲ့ ရဲတွေရောက်လာပြီး အမှုကိုစုံစမ်းစစ်ဆေးပါတော့တယ်။ စုံစမ်းထောက်လှမ်းရင်း ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပါ ပေါ်ပေါက်လာတဲ့အခါမှာတော့...............ရက်ရှန်ကရော ဒီအမှုနဲ့ဘယ်လိုပါဝင်ပတ်သတ်သွားရတာလဲ၊ လူသတ်မှုကရောဘာလဲ၊ အပန်းဖြေစံအိမ်နဲ့ အမှုအခင်းနဲ့ ဘာတွေ ဆက်စပ်နေမလဲဆိုတာ ခံစားကြည့်ရှု အဖြေထုတ်ကြည့်ကြရအောင်ပါ။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.5 GB/ 780 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kadaisi Thotta (2025)

Aurora (2025)
Aurora (2025) Aurora" (2025) ရုပ်ရှင်ဇာတ်ကားကို အက်စတိုးနီးယားနိုင်ငံက ထုတ်လုပ်ထားပြီး ဒရာမာဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Andres Maimik နှင့် Rain Tolk တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora (Maarja Johanna Mägi သရုပ်ဆောင်ထားသည်) က ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ဘဝကို ပြောင်းလဲစေနိုင်တဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခုထဲ ဝင်ရောက်မိသွားခဲ့ပါတယ်Aurora က သူမပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်စေဖို့ ကြိုးစားနေသူဖြစ်သော်လည်း သူမရဲ့ မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကြီးတစ်ခု ကျင်းပဖို့ အချိန်မှာ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာပြီး ဇာတ်ရှုပ်တွေ ဖြစ်လာခဲ့ပါတယ် ဒီဖြစ်ရပ်က သူမရဲ့ လျှို့ဝှက်ချက်​​တွေကို ဖော်ထုတ်ပြီး မိသားစု ယုံကြည်ချက်နဲ့ ပုဂ္ဂိုလ်ရေးဆန္ဒ​တွေကြားထဲမှာ ကြီးမားတဲ့ ပဋိပက္ခတွေကို ဖြစ်စေခဲ့ပါတယ် ဒီဇာတ်ကားက အချစ် သစ္စာဖောက်မှုနဲ့ ဘာသာရေးဖိနှိပ်မှုအကြောင်း စိတ်ခံစားမှုပြင်းပြင်းနဲ့ ရောင်ပြန်ဟပ်ထားပြီးတော့ အက်စတိုးနီးယားရုပ်ရှင်ရဲ့ ထူးခြားတဲ့ပုံစံတမျိုးနဲ့ ဇာတ်လမ်းကို ...
movie

Aurora (2025)

Ghost Dog: The Way of the Samurai (1999)
Ghost Dog: The Way of the Samurai (1999) IMDb Rating 7.5/10ကြေးစားလူသတ်သမား Ghost Dog လူဝီဆိုတဲ့လူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရဖူးတဲ့ ကြေးစားလူသတ်သမား Ghost Dog ဟာ သူ့ကိုယ်သူ လူဝီရဲ့ အစေအပါးတစ်ယောက်အနေနဲ့ မှတ်ယူထားပါတယ်..... လူဝီဆိုတာက မာဖီးယားဂိုဏ်းက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Ghost Dog ကို ဂိုဏ်းစတားတစ်ယောက်ကို သတ်ဖို့ ခိုင်းစေလိုက်ချိန်မှာ................. လူဝီသတ်ခိုင်းခဲ့တဲ့ လူကို Ghost Dog ရှင်းပစ်ချိန်မှာ အဲ့အခန်းထဲမှာ မာဖီးယားဘော့စ် ဗာဂိုရဲ့ သမီးရှိနေခဲ့တာကို သိလိုက်ရတယ်.... အခြေအနေကိစ္စရပ်တွေ ရှုပ်ထွေးသွားခဲ့ပြီး မာဖီးယားဘော့စ်က သူ့အဖွဲ့သားတွေကို Ghost Dog ကို သတ်ဖို့ စေခိုင်းလိုက်ပါတယ်.........သူ့ဆီကို ခိုကနေ တဆင့်သာ ဆက်သွယ်လေ့ရှိတဲ့ လူထူးဆန်း Ghost Dog ကို လူဝီတစ်ယောက် ရှာတွေ့နိုင်ပါ့လား???? သူ့ဘော့စ်က ပေးအပ်ထားတဲ့ Ghost Dog ကို သတ်ပစ်ရမယ့် မစ်ရှင်ကိုရော ...
movie

Ghost Dog: The Way of the Samurai (1999)

Kudumba Sthreeyum Kunjadum (2024)
Kudumba Sthreeyum Kunjadum (2024) Kudumba Sthreeyum Kunjadum (2024) "လက်ပူးလက်ကြပ်"စိတ်ညစ်စရာတွေ ခဏတာမေ့ထားပြီး အားရပါးရရယ်မောပစ်ချင်သူတွေအတွက် မလေယာလမ်စကားပြော ဟာသ-မှုခင်း-ဒရာမာရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မြို့တစ်မြို့ကို တာ၀န်ပြောင်းရွှေ့လာတဲ့ရဲတစ်ယောက်ဟာ ရောက်ပြီးသိပ်မကြာခင်မှာပဲ ခိုးမှုတွေနဲ့ ကြုံခဲ့ရပြီး သူခိုးဂိုဏ်းကိုလိုက်စုံစမ်းပါတော့တယ်။အဲဒီအချိန်မှာပဲ နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ်ထောင်ရေးဟာလည်း အရှုပ်အရှင်းတွေ ဖြစ်လို့နေပါတယ်။ သူပြန်လာတဲ့အချိန်မှာ မိန်းမဖြစ်သူဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားတာကို သတိထားမိခဲ့ပါတယ်။ဖြစ်ချင်တော့ တစ်ရက်မှာ သူ့မိန်းမနဲ့တိတ်တိတ်ပုန်းရည်းစားက သူ့ကိုလာသတ်တယ်လို့ အိပ်မက်မက်ရာကစလို့ သူ့သံယတွေပိုကြီးထွားလာပြီး မိန်းမဖြစ်သူကို လက်ပူးလက်ကြပ်ဖမ်းဖို့ စောင့်ကြည့်နေတယ်။အဲဒီလိုနဲ့ သူခိုးဂိုဏ်းမှာဘယ်သူတွေပါမလဲ၊ အိမ်ထောင်ရေးအရှုပ်အရှင်းကိစ္စကရော ဘယ်လိုဆက်ဖြစ်မလဲ၊ ဘယ်သူတွေက ဘယ်လိုဆက်စပ်နေဦးမလဲဆိုတာကို ရယ်စရာ ဗရုတ်သုတ်ခဇာတ်၀င်ခန်းတွေနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…2.2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kudumba Sthreeyum Kunjadum (2024)

Paru Parvathy (2025) 6.2
Paru Parvathy (2025) Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်)သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ..... သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ..... ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Paru Parvathy (2025)

Leg Piece (2025) 7.2
Leg Piece (2025) Leg Piece (2025) တစ်ပိုင်းတစ်စမွေးတည်းက ရွှေဇွန်းကိုက် မွေးဖွားလာသူမျိုးမဟုတ်ရင် အသက်ရှင်ရပ်တည်ရေးအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်ရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရုန်းကန်လှုပ်ရှားနေတဲ့ လူလေးဦးရဲ့ ဘဝကိုယ်စီကို ဖော်ပြထားပါတယ်။ဘယ်သူမဆိုရဲ့အသံကို တုပပြောဆိုနိုင်တဲ့အရည်အချင်းရှိသူတစ်ဦး။ သူက ဈေးထဲကဈေးသည်တွေကိုယ်စား သူတို့လိုချင်တဲ့အသံအတိုင်း ‌ပြောပေးပြီး ကူညီရောင်းချပေးရင်းနဲ့ ဝမ်းစာရှာဖွေရသူပေါ့။နောက်တစ်ဦးကတော့ ဘရိတ်လည်းမကောင်း ဟွန်းလည်းပျက်နေတဲ့ ဆိုင်ကယ် အစုတ်လေးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဆံပင်လိုက်ဝယ်ရင်း အသက်မွေးဝမ်းကျောင်း နေရသူပါ။နောက်တစ်ယောက်က မွေးတည်းက ထူးခြားတဲ့စွမ်းရည်ရှိတယ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ နာနာဘာဝတွေကိုမြင်နိုင်နေတာပါ။အိမ်ဟောင်း မြေဟောင်းတွေက မကျွတ်မလွတ်သေးတဲ့သူတွေကို ထွက်ခွာစေဖို့လို မကောင်းဆိုးဝါးနှင်တဲ့အလုပ်လုပ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ ကြက်တူရွေးလေးနဲ့ ဗေဒင်ဟောတာပါ။ လက္ခဏာလည်းနည်းနည်းပါးပါး ကြည့်တတ်တဲ့ ဗေဒင်လက္ခဏာပညာရှင်ပေါ့။ဒီလိုနဲ့တစ်နေ့ သူတို့လေးဦးဟာ လမ်းဆုံတစ်ခုမှာအမှတ်မထင်တွေ့ဆုံပါတယ်။ လေးယောက်တစ်ပြိုင်တည်း ပိုက်ဆံကောက်ရဝာာပါ။ညီတူမျှတူဝေခွဲရင်း စားသောက်ဆိုင်တစ်ခုမှာ ဘဝအကြောင်း စကားစမြည်ပြောဆိုရင်း ဘဝအလှည့်အပြောင်း ကြုံလာရပုံကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size…2.6 GB/ 1.1 GB Quality…WEB DL ...
movie

Leg Piece (2025)

Dinasari (2025) 5.7
Dinasari (2025) Dinasari (2025)"နေ့တိုင်း" =====================တမီလ်မင်းသား ဆရီကန့်ရဲ့ အသစ်ထွက်ရှိထားတဲ့တမီလ်စကားပြော အချစ်ဟာသ ဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရှက်သီဟာ အင်မတန်မှ ဇီဇာကြောင်ပြီး လောဘကြီး ကပ်စေးနည်းတဲ့ လူပျိုကြီးပါ။သူယူတဲ့မိန်းမက သူ့ထက် လစာကောင်းရမယ်ဆိုပြီး တလွဲစံကြီးထားထားတဲ့အတွက် အိမ်ထောင်ဖက်ရှစ်ယောက်တွေ့တာတောင် ရှစ်ယောက်လုံးကို ငြင်းထားတဲ့ အကြောတင်းလူပျိုကြီးပေါ့။အဲဒီလိုနဲ့ သူ့ကို လေးလအတွင်း မိန်းမ မရရင် နောက် ၇ နှစ်ထိ မိန်းမရကိန်းမရှိတော့ဘူးလို့ ဗေဒင်ဆရာက ဟောလိုက်တဲ့အတွက် သူ့ရဲ့မိသားစုကသူ့ကို မိန်းမအတင်းပေးစားဖို့ကြံနေတုန်းမှာပဲ ရုပ်ချော၊ဘော်ဒီမိုက်၊ လစာကောင်းတဲ့ အမေရိကပြန် မိန်းကလေးတစ်ယောက် ရှက်သီ့ဘဝထဲကို ဝင်လာတဲ့အခါမှာတော့.. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Dinasari (2025)