Channel Myanmar

Youth

I Am a Running Mate (2025) [Complete] 7.8
I Am a Running Mate (2025) [Complete] I Am A Running Mate (2025) *************************** အပိုင်းသစ် (၁ မှ ၈ ထိ) စ/ဆုံးအခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့နဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်ကြတဲ့ Yoon Hyun Soo, Lee Jung Sic, Choi Woo Sung, Kim Ji Woo , Hong Hwa yeon တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသား ဟာသကားလေးကို တင်ဆက်‌ပေးလိုက်ပါတယ်ရှင် ..ဇာတ်လမ်းအညွှန်း ************ Se Hoon (Yoon Hyun Soo )ကတော့ စာတော်တဲ့ စံပြကျောင်းသားလေးတစ်ယောက်ပါ တစ်နေ့ ဘတ်စ်ကားပေါ်မှာ ကံမကောင်းစွာနဲ့ ကြုံတွေ့လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကျောင်းလုံးရဲ့ ဟားတိုက်ခြင်းကို ခံနေရသူတစ်ဦးပေါ့ ..တေးဂီတသံစုံကျူးအဖွဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့  Won Dae( Choi Woo Sung) က သူ့ကို လာမယ့် ကျောင်းကောင်စီရွေးကောက်ပွဲမှာ တွဲဖက်‌ရွေးကောက်ခံအဖြစ် ပါဝင်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ..သူ့ရဲ့ image ...
7.8
TMDb: 7.8/10 592 votes
tv

I Am a Running Mate (2025) [Complete]

2025
ONE: High School Heroes (2025) [Complete] 8.9
ONE: High School Heroes (2025) [Complete] ONE: High School Heroes (2025) 4K in CM App*******************************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး ကျောင်းသားအက်ရှင်ကားလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Moving ထဲကချစ်စရာမင်းသားလေး Lee Jung-Ha နဲ့ Wedding Impossible ထဲက မင်းသား Kim Do-Wan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဖတ်ရှုသူ 65 M ရှိ နာမည်ကြီး Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းဂင်အွီဂယောင်း(Lee Jung-Ha)ဟာ စာအတော်ဆုံး ထိပ်တန်းစံပြကျောင်းသားတစ်ယောက်ဖြစ်ပြီးဖခင်ဖြစ်သူ ဂင်ဆော့ထယ် (Kim Sang-Ho) ရဲ့ ဖိနှိပ်မှုတွေကြောင့် အကြမ်းဖက်မှုတွေကနေတမင်ဝေးဝေးရှောင်ပြီးနေနေတဲ့သူပါ။ဖခင်ဖြစ်သူ ဂင်ဆော့ထယ်ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တဲ့ပုံပေါက်ပေမဲ့တကယ်တော့ သားဖြစ်သူ ဆရာဝန်ဖြစ်ဖို့အရေး စည်းကမ်းတင်းကြပ်စွာနဲ့ ဆုံးမပဲ့ပြင်နေတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် ဂင်အွီဂယောင်းရဲ့အတိုက်အခိုက်စွမ်းရည်တွေပေါက်ကွဲထွက်လာခဲ့ပြီး အခြေအနေကို အကဲဖြတ်တာ မြန်ဆန်လွန်းတဲ့ အတိုက်အခိုက်ကျွမ်းကျင်သူဂန်ယွန်းဂီ (Kim Do-Wan) တစ်ယောက် ဂင်အွီဂယောင်းရဲ့အရည်အချင်းကို ...
8.9
TMDb: 8.9/10 193 votes
tv

ONE: High School Heroes (2025) [Complete]

2025
Tempted (2018) [Complete] 7.8
Tempted (2018) [Complete] Tempted (2018) ****************အပိုင်း (၁ မှ ၁၆ အထိ) စ/ဆုံး ၂၀၁၈ ခုနှစ်က ထွက်ရှိထားခဲ့ပြီးတော့ Woo Do Hwan, Red Velvet ရဲ့ Joy, Moon Ga Young, Kim Min Jae စတဲ့ တကယ့်ထိတ်ထိတ်ကြဲ cast တွေ အပြိုင် ကြဲထားတဲ့ melodrama ကားကောင်း ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။JK လုပ်ငန်းစုရဲ့အမွေဆက်ခံသူ “ဂွမ်ရှီဟျွန်း”,ကျောင်းသားသမဂ္ဂခေါင်းဆောင် “ချွဲဆူဂျီ”နဲ့ ဥစ္စာပေါရုပ်ချောလူပွေလေး “အီဆယ်ဂျူ” တို့က ငယ်ငယ်လေးတည်းက ပြောမနာဆိုမနာ ပေါင်းလာကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ကြတဲ့အပြင် ချမ်းသာတဲ့မိဘတွေကနေ ပေါက်ဖွားလာကြပေမဲ့ မိသားစုနဲ့ မပြေလည်တာချင်းပါ တူနေကြတဲ့ ဘဝတူသူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။ဒီလိုနဲ့ တစ်နေ့မှာ တစ်ဦးတည်းသောမိန်းကလေးသူငယ်ချင်းဖြစ်တဲ့ ချွဲဆူဂျီစလိုက်တဲ့ ဇာတ်လမ်းတစ်ခုကနေ သူတို့သုံးယောက်ကြားကို “အွန်းထယ်ဟီး” ဆိုတဲ့ကောင်မလေး ရောက်လာပါတော့တယ်။ထူးချွန်ထက်မြက်တဲ့ကျောင်းသူတစ်ယောက်ဖြစ်တဲ့အပြင် မိဘတွေရဲ့အိမ်ထောင်ရေးကြောင့် အချစ်ကိုလည်း အယုံအကြည်မရှိ အနေလည်းတည်တဲ့ အွန်းထယ်ဟီးနားကို ဂွမ်ရှီဟျွန်း ရောက်သွားတဲ့အခါမှာ ..။သူငယ်ချင်းသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်ကြား ဘယ်လိုလေးပွင့်ဆိုင် ပဋိပက္ခတွေဖြစ်လာမလဲ ..“အချစ်” ဆိုတဲ့အရာက ...
7.8
TMDb: 7.8/10 5432 votes
tv

Tempted (2018) [Complete]

2018
First Love (2025) 6.8
First Love (2025) First Love (2025)****************** အပိုင်းသစ် (၁)အချစ်ဦးကို ရူးခဲ့ကြပြီးတော့ အချစ်ဦးဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် 2025 မှာ အချစ်ဦးကိုရီးယားဒရာမာလေးတစ်ခု ထပ်မံထွက်ရှိလို့လာပြန်ပါပြီ .. ။ဖြူစင်တဲ့ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ကြရတဲ့ မတူညီတဲ့ အချစ်ပုံပြင်လေး ၆ ပုဒ် အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ပုံပြင်လေးတစ်ပုဒ်ချင်းစီတိုင်းဟာလည်း ထူးခြားဆန်းကြယ်ပြီးတော့ ကြည့်ရှုသူ ပရိသတ်တို့ကိုယ်တိုင်ကပါ သူတို့ရဲ့အချစ်ပုံပြင်တွေနဲ့အတူ လိုက်ပါ ရင်ခုန်ပြီးလိပ်ပြာလေးတွေ ပျံရင်းနဲ့ မိမိရဲ့ငယ်စဉ်က အချစ်ဦးလေးကိုပါ ပြန်လည် သတိရသွားစေမှာပဲဖြစ်ပါတယ်။Cast တွေအကုန်လုံးကလည်း တက်သစ်စ သရုပ်ဆောင် ငယ်ငယ်ချောချောလေးတွေချည်းပဲဖြစ်ပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းသားကား Romance ဇာတ်လမ်းတွဲလေးကို ကြည့်ချင်သူတို့အတွက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်‌တာကြောင့် ကြည့်ရှူကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 6 Aired: Apr 18, 2025 - May 23, 2025 Aired On: Saturday, Friday Original Network: U+ Mobile TV Genres: Romance,Drama Translated by Yati Naing, Theint, ...
6.8
TMDb: 6.8/10 121 votes
tv

First Love (2025)

Heesu in Class 2 (2025) [Complete] 6.8
Heesu in Class 2 (2025) [Complete] Heesu in Class 2 (2025)***********************အပိုင်း (၁ မှ ၁၀) စ/ဆုံးဒီဇာတ်လမ်းတွဲလေးကတော့ ချစ်စရာကောင်းတဲ့ BL manhwa လေးကို ပြန်လည် အသက်သွင်းထားတာဖြစ်ပြီး အခန်းနှစ်က ဟီဆူးအဖြစ် All of us are dead, Night has come စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Ahn Ji ho နဲ့အတူ တွဲဖက်သ‌ရုပ်ဆောင်အဖြစ် Squid Game မှ Lee Sangjun တို့က အဓိကအနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ် ။အခန်းနှစ်က ကောင်လေး၊ အချစ်ရေး အကြံပေးတဲ့ကောင်လေး၊ ဂျိူချန်းယောင်းရဲ့ သူငယ်ချင်းလို့ သိကြတဲ့ အီဟီဆူးဟာ မွေးဖွားလာပြီးကတည်းက အခုချိန်ထိ ရေမရောတဲ့ စင်ဂယ်စစ်စစ်ဖြစ်ပါတယ် .. ။ဆယ်နှစ်တာ သူငယ်ချင်းချန်းယောင်းအပေါ်မှာ မရိုးသားတဲ့ခံစားချက်ရှိနေပြီး သူများတွေရဲ့ အချစ်ရေးကိုဖြစ်မြောက်စေတဲ့ အချစ်ရေးအကြံပေးသူကြီး အီဟီဆူးဟာ မိမိရဲ့ ကိုယ်တိုင် အချစ်ရေးမှာတော့ အခက်တွေ့နေခဲ့ပါတယ်။တစ်ဖက်မှာ ချန်းယောင်းဟာလည်း သူကြိုက်ရတဲ့ ...
6.8
TMDb: 6.8/10 287 votes
tv

Heesu in Class 2 (2025) [Complete]

2025
Sassy Go Go (2015) [Complete]  7.1
Sassy Go Go (2015) [Complete]  Sassy Go Go (2015)********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်Jung Eun-ji၊ Chae Soo-bin၊ Lee Won-keun နဲ့  Jisoo အစရှိတဲ့သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-တောင်ကိုးရီးယားနိုင်ငံရဲ့ အောင်ချက်အကောင်းဆုံးဖြစ်ပြီး စာတော်တဲ့သူတွေ အများကြီးမွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆယ်ဘစ်အထက်တန်းကျောင်းလို စာပိုတော်တဲ့သူတွေကိုသာလူရာသွင်းတဲ့ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့အတွက် သူငယ်ချင်းကို ပြိုင်ဘက်လိုသဘောထားပြီး သူ့ထက်ငါသာလွန်အောင်ကြိုးစားရင်း၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ကျောင်းအုပ်ဆရာမကြီးရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံရရင်းနဲ့ မွန်းကျပ်လှတဲ့ ကျောင်းတော်ကြီးမှာအသက်ရှူပေါက်လေး တစ်ခုအဖြစ် Cheerleading အဖွဲ့ကို ဦးဆောင်ပြီး ဂန်ယွန်းဒူ (Jung Eun-ji) တို့သူငယ်ချင်းတစ်သိုက် မတရားမှုတွေကို ဘယ်လိုဖော်ထုတ်ပြီး ရုန်းကန်လှုပ်ရှားသွားကြမလဲ...ဒီလိုကျောင်းမှာ သူငယ်ချင်းအစစ်အမှန်ဆိုတာကိုရော ရှာတွေ့နိုင်ပါ့မလား၊..နောက်ဆုံးကျရင်ရော ငယ်ရွယ်လှပတဲ့ ဘဝရဲ့ အဓိပ္ပာယ် အစစ်ကို ရှာတွေ့သွားကြပါ့မလားဆိုတာကိုရသမျိုးစုံနဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hsu Pyae ...
7.1
TMDb: 7.1/10 25 votes
tv

Sassy Go Go (2015) [Complete] 

2015
Way Back Love (2025) [Complete] 8.5
Way Back Love (2025) [Complete] Way Back Love (2025)*********************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်အချိန် ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းလေးမှာတော့ The Bride of Habeak, Lovers of the Red Sky ထဲမှမင်းသား Gong Myung နှင့်အတူ Pachinko, Light Shop ထဲမှ မင်းသမီး Kim Minha တို့ကအဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။အသက် ၂၄နှစ်အရွယ် ဂျောင်ဟီဝန်းဟာ အထက်တန်းကျောင်းမှ အချစ်ရဆုံး သူငယ်ချင်းဖြစ်သလိုတစ်ယောက်အ‌ပေါ်တစ်ယောက် ခံစားချက်များရှိနေကြတဲ့ ဂင်ရမ်အူရဲ့ သေဆုံးမှုကြောင့် အပြစ်တင်စိတ်ခံစားရနေပြီး မိမိဘဝနှင့် အသက်ကို လက်လျှော့ထားသူဖြစ်ပါတယ်။သို့ပေမဲ့ ‌ခြောက်နှစ်ကြာလွန်ပြီ တစ်ရက်မှာ ဂင်ရမ်အူဟာ အိမ်တံခါးဝမှာ‌ သေမင်းအဖြစ်နဲ့ ရုတ်တရက်ကြီးရောက်ချလာကာ သူမအသက်ရှင်ရန် တစ်ပတ်သာ ကျန်တော့ကြောင်း ပြောလာပါတော့တယ်။ရမ်အူဆုံးသွားပြီးတည်းက ရပ်တန့်သွားတဲ့ ဟီဝန်းရဲ့အချိန်တွေကို ကျန်ရှိတဲ့တစ်ပတ်တာကာလမှာဘယ်လိုအတူတူကုန်ဆုံးကျမလဲ.. ဂင်ရမ်အူရဲ့ တကယ်သေဆုံးသွားရတဲ့အကြောင်းအရင်းကဘာလဲ..နှစ်ဦးသားနောက်ဆုံးအချိန်မှာ ...
8.5
TMDb: 8.5/10 238 votes
tv

Way Back Love (2025) [Complete]

2025
Chastity High (2024) [Complete] 7.288
Chastity High (2024) [Complete] Chastity High (2024)********************အပိုင်း (၁ မှ ၈) စ/ဆုံးNetflix ကနေ ထွက်ရှိထားပြီး အပိုင်း၈ပိုင်းပါဝင်ထားတဲ့ ဂျပန်ကျောင်းသား အချစ်ဒရာမာ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ယခင်က ယောက်ျားလေးကျောင်း မိန်းကလေးကျောင်း သီးသန့်ခွဲထားရာကနေ ရုတ်တရက်ကြီး ကျောင်းနှစ်ကျောင်းပေါင်းစပ်လိုက်ပါတယ်။ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်တဲ့အပြင် ယခုမှ ယောက်ျားလေး မိန်းကလေး ပေါင်းပြီး ကျောင်းတက်ရတာဖြစ်လို့ စိတ်လှုပ်ရှားရင်ခုန်စရာတွေ ပြည့်နေမယ်ဆိုပေမဲ့ ကျောင်းအုပ်ကြီးဟာ စည်းကမ်းချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။အဲဒီ စည်းကမ်းချက်ကတော့ ကျောင်းသားတွေ ရည်းစားမထားရတာပဲဖြစ်ပါတယ်။ကျောင်းအတွင်းမှာ တွဲသွားတွဲလာလုပ်တာမျိုး, ကျောင်းအပြင်မှာ နှစ်ယောက်တည်း တွဲတွေ့တာမျိုးဆိုရင် ဒီစည်းကမ်းချက်ထဲမှာ အကျုံးဝင်မှာဖြစ်ပြီး ဒီစည်းကမ်းကို ဖောက်ဖျက်တဲ့သူ ဘယ်သူမဆို ကျောင်းထုတ်ခံရမှာပဲဖြစ်ပါတယ်။ဒီမှာပဲ ဒီကျောင်းရဲ့ ကျောင်းကောင်စီအဖွဲ့ဟာ ဒီစည်းကမ်းကို ချိုးဖောက်တဲ့သူတွေကို စောင့်ကြည့်ဖို့ဖြစ်လာပါတော့တယ် ..... ။ဒီလိုနဲ့ ဆင်းရဲတဲ့မိသားစုကလာပြီး ကျောင်းကောင်စီဝင် ဘဏ္ဍာရေးမှူးလည်းဖြစ်တဲ့ အီချီကာတစ်ယောက် ဒီအချက်ကို အသုံးချပြီး ဝင်ငွေရဖို့ ဘယ်လိုရှာကြံမလဲ ..ကျောင်းအုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ မာကီဟာလည်း အရင်က တွေ့သမျှကောင်မလေးတိုင်းကို ဖွန်ကြောင်ခဲ့သူဖြစ်တော့ ဒီကျောင်းကိုရောက်လာချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ ..အီချီကာနဲ့ မာကီတို့နှစ်ယောက် ဆုံတွေ့မိကြရင်း သူတို့နှစ်ယောက်ရဲ့ ...
7.288
TMDb: 7.288/10 26 votes
tv

Chastity High (2024) [Complete]

2024
GELBOYS (2025) 6
GELBOYS (2025) Gelboys 2025 *************စ/ဆုံး My Ambulance Series ဒါရိုက်တာဖြစ်တဲ့ Boss Naruebet Kuno ရဲ့ နောက်ထပ် လက်ရာကောင်းစီးရီးလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်...မင်းသားတွေကလည်း Good Doctor ထဲက ပမ်းအဖြစ်သရုပ်ဆောင်ထားတဲ့ PJ Mahidol Pibulsonggram အပြင်New, Pride နဲ့အတူ ထိုင်းဂျာမန် သရုပ်ဆောင်ဖြစ်တဲ့ Leon Zech တို့လို အချောလေးတွေလည်း ပါဝင်ထားတာမလို့ကောင်ချောလေးတွေနဲ့တင် မျက်စိအေးစေမဲ့ စီးရီးလေးပါပဲ...ဇာတ်လမ်းအကျဉ်း --------------မနူးမနပ်အရွယ်လေးကိုရောက်လာတော့ ရည်းစားလိုချင်တဲ့ ဖောမုတ်ဆိုတဲ့ ကောင်လေးဟာ ချီယန်ဆိုတဲ့ကောင်လေးကိုတွေ့ပြီးကြိုက်သွားပါတော့တယ်...ချီယန်ကတော့ လက်သည်းဆိုးရတာကို သဘောကျသူတစ်ယောက်ဖြစ်ပြီးအမြဲတမ်း လက်သည်းဒီဇိုင်းအမိုက်စားတွေနဲ့အတူ ဖလန်းဖလန်းဖြစ်နေသူပေါ့...ဒီလိုနဲ့ ဖောမုတ်တစ်ယောက် ချီယန်နဲ့ အီနေရင်းချီယန့်မှာ သူ့အပြင် ဘူအာဆိုတဲ့တစ်ယောက်ကို အီနေတာ သိသွားတဲ့နောက်မှာတော့ ဖောမုတ်တစ်ယောက် သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ဘာဘင့်ကိုခေါ်ကာ စီယမ်စကွဲကိုသွား လက်သည်းတွေ အတူတူသွားလုပ်ကြရင်း ချီယန့်ကို မနာလိုဖြစ်စေဖို့ လုပ်ပါတော့တယ်...ဒီလိုနဲ့ ဖောမုတ်၊ ချီယန်၊ ဘူအာနဲ့ ဘာဘင်တို့ ၄ယောက်သား ပတ်လည်ရိုက်ရင်း ၄ပွင့်ဆိုင် ...
6
TMDb: 6/10 votes
tv

GELBOYS (2025)

2025
Heart Stain (2025) [Complete] 8.0
Heart Stain (2025) [Complete] Heart Stain (2025)*******************အပိုင်း (၁ မှ ၈) စ/ဆုံးယခုတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Korea BL အမျိုးအစား အချစ် romance ဇာတ်လမ်း ဖြစ်တဲ့ Heart Stain ဆိုတဲ့ ကျောင်းသားကားဇာတ်လမ်းတွဲအသစ်လေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ idol BXB အဖွဲ့ထဲက Ha Min, This is the Moment ကားထဲက မင်းသား Kang Yeon Jae, ဒီကားနဲ့မှ debut တဲ့ မင်းသား Kim Ji O တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း **************အထက်တန်းကျောင်းသားဖြစ်တဲ့ ဝူဟျွန်း(Ji O) ဟာ သူ့အတန်းပိုင်ဆရာဖြစ်သူကို သဘောကျနေတဲ့သူ တစ်ယောက်ဖြစ်ပြီး .. သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုအကြောင်းကို သူငယ်ချင်းဖြစ်သူ ဘတ်ဒိုဟာ (Ha Min) သိသွားကာ သူ့ကို ကဲ့ရဲ့မှာကို ကြောက်နေသူပါ .. ။ဒါပေမဲ့လည်း အထင်နဲ့လွဲမှားစွာ ...
8.0
TMDb: 8.0/10 520 votes
tv

Heart Stain (2025) [Complete]

2025
Hormones Season 2 (2014) 7.8
Hormones Season 2 (2014) Hormones Season 2 (2014)*************************အပိုင်း (၁ မှ ၁၃) စ/ဆုံးဟော်မုန်းလို့ပြောလိုက်ရင်တော့ Netflix ကနေ Season ၃ ခုအထိ ထွက်ရှိခဲ့တဲ့...Old but Gold ထိုင်းစီးရီးလေးတွေဆိုတာ တော်တော်များများသိကြမယ် ထင်ပါတယ်။ဒီတစ်ခေါက် S2 မှာတော့ S1ထက် ဇာတ်ကောင်တွေလည်း ပိုများလာပြီး စိန်ခေါ်မှုတွေနဲ့လူမှုရေးကိစ္စတွေ များစွာ ပါဝင်လာပါတယ်။ ဇာတ်ကောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ...Love Struck လို့ခေါ်တဲ့ တီဗီစီးရီးတစ်ခုက လူငယ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။အဲဒီစီးရီးမှာကျောင်းဝတ်စုံတွေနဲ့ ၁၈+အခန်းတွေပါ ရိုက်ပြထားတဲ့အတွက် စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်တော်တော်များများဟာ ဇာတ်ကားထဲကအတိုင်း လက်တည့်လိုက်စမ်းချင်နေကြတဲ့အထိပါပဲ။ဒီတီဗီစီးရီးကြောင့်နဲ့ ဘယ်လိုတွေ ဂယက်ထလာမလဲ .........နောက်ထပ်ရော ဘယ်လိုပြဿနာတွေ ဘယ်လို ရှုပ်ထွေးမှုတွေ ပါလာဦးမလဲ..... ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးနော် ..S1မှာ ညွှန်းခဲ့တဲ့အတိုင်းပါပဲ လူငယ်တွေရဲ့ စိတ်ခံစားချက်တွေကို ထိထိမိမိ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ပညာပေးစီးရီးဖြစ်တာကြောင့် Team Drama ကြိုက်တဲ့ ...
7.8
TMDb: 7.8/10 1641 votes
tv

Hormones Season 2 (2014)

2013
Always Home (2025)
Always Home (2025) ဝူရှသိုင်းကားတွေကိုပဲ အကြည့်များပြီး ဝူရှကို ငြီးငွေ့နေတဲ့C drama fan တိုအတွက် မော်ဒန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆရာဝန်မိသားစုတွေကမွေးဖွားလာတဲ့သူငယ်ချင်းလေးယောက်ဟာ သူတိုရဲ့ငယ်ဘဝတစ်လျှောက်လိုလေးသေးမရှိ‌နေထိုင် ကြီးပြင်းခဲ့ရာကနေ မြီးကောင်ပေါက်အရွယ်ကိုဝင်လာကြတဲ့အခါမှာတော့ ဂယက်လေးတွေ စလာပါတော့တယ်။ရည်မှန်းထားတဲ့အိပ်မက်တွေကို မရရအောင်သွားဖို လူငယ်ဘဝဟာထင်သလောက်မလွယ်ကူကြောင်း သူတိုသိရှိလာခဲ့ကြပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်ချစ်ခြင်းမေတ္တာရဲ့အရသာကိုရှာတွေ့မြည်းစမ်းမိရာကနေ လူငယ်သဘာဝပဋိပက္ခတွေကို ရင်ဆိုင်လာရချိန်မှာတော့...အမြဲတမ်း ပျော်ရွှင်ရယ်မောခဲ့တဲ့သူငယ်ချင်းလေးယောက်က အချစ်ရေးတွေ၊ အိပ်မက်တွေကြားသူငယ်ချင်းသံယောဇဉ်ကို ဆက်လက်ခိုင်ခံ့အောင် တောင့်ခံနိုင်သွားမှာလား?လူငယ်ဘဝ‌ကရော သူတိုကိုဘာတွေ သင်သွားပေးမှာလဲ??လေးယောက်ပေါင်းလောင်းကျော်ပြီး ဂယက်တွေထရင်း လူတိုင်းကြုံတွေ့ရတဲ့လူငယ်ဘဝဆိုတဲ့"နွေးထွေးရာအိမ်ငယ်လေး"ကပေးလာမဲ့ဂယက်အစုံကို သူတိုလေးယောက်က ကြံ့ကြံ့ခံရင်ဆိုင်ပြီးအဆုံးမှာ အရင်လိုပဲအတူတူရယ်မောပျော်ရွှင်နိုင်မှာလားဆိုတာကိုတော့CM Chinese team က ဘာသာပြန်တင်ဆက်ပေးမဲ့ Always Home (နွေးထွေးရာအိမ်ငယ်လေး) ဆိုတဲ့C drama လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်...။===========================Quality : WEB-DL 1080p, 720p Total Episodes : 30 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar ...

Always Home (2025)

2025
Study Group (2025) [Complete] 9.3
Study Group (2025) [Complete] Study Group (2025)*******************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး နာမည်ကြီးလူကြိုက်များတဲ့ Webtoon ကို အခြေခံပြီးရိုက်ထားတဲ့ ဒီဇာတ်ကားလေးကတော့ကျောင်းသားအက်ရှင်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Hwang Min Hyun၊ Han Ji Eun၊Cha Woo Min တို့နဲ့အတူ အခြား လူငယ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ယွန်းဂါမင်း (Hwan Min-Hyun) က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နည်းပညာအထက်ကျောင်းကကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အမြဲမျက်မှန်တပ်ထားလေ့ရှိတာမို့ စာတော်မယ့်သူလို့ထင်ရပေမဲ့တကယ်တော့ သူ့အမှတ်တွေက အမြဲအောက်ဆုံးအဆင့်မှာပဲရှိနေတာပါ။စာဘယ်လောက်ပဲကြိုးစားကြိုးစား အတတ်ပညာပိုင်းမှာ ချို့တဲ့နေတဲ့သူဖြစ်တာ​မို့ စာကလွဲပြီးခွန်အားသုံးတိုက်ခိုက်ရတဲ့နေရာမှာတော့ သူမတူအောင်အရမ်းကျွမ်းပါတယ်။တစ်နေ့မှာတော့ စာကြမ်းပိုးလေး ယွန်းဂါမင်းက သူ့အဆင့်တွေတက်လာဖို့အတွက်စာအတူတူလုပ်မယ့် စာကျက်အဖွဲ့ကိုဖွဲ့လိုက်ပါတော့တယ်။ဒီလိုနဲ့ သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါတိုင်း ယွန်းဂါမင်းတစ်ယောက်ဘယ်လိုတိုက်ပွဲဝင်ပြီး စာကျက်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲရှုစားပေးပါဦးနော်။ (အညွှန်းကိုတော့ Hsu Pyae မှ ရေးသား‌ထားပါတယ်။) Aired:  Jan 23, 2025 - Feb 20, ...
9.3
TMDb: 9.3/10 390 votes
tv

Study Group (2025) [Complete]

2025
U-Prince S11: The Badly Politics (2017) 8,3
U-Prince S11: The Badly Politics (2017) U-Prince S11: The Badly Politics (2017)*************************************အပိုင်း (၁ မှ ၄) စ/ဆုံး U-Prince series ရဲ့ Season11 မှာတော့  လက်ရှိနာမည်ကြီး မင်းသား Lee Thanat Lowkhunsombat,မင်းသမီး Mild Lapassalan Jiravechsoontornkul တို့အပြင် GMM25 မင်းသား၊ မင်းသမီးချောများစွာလည်းပါဝင်အားဖြည့်ထားလို့ ချစ်စရာကောင်းတဲ့ နုပျိုလှပမှုတွေကို ပြန်လည်ခံစားနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း-ဖက်ရှင်ကိုသာ စိတ်ဝင်စားစွဲလန်းသူ ချယ်ရီမစ်တစ်ယောက် ဖခင်ရဲ့အမိန့်ကြောင့်နိုင်ငံရေးသိပ္ပံမေဂျာကို တက်ဖို့ဖြစ်လာခဲ့ပါတယ်။အတန်းမှာ ဆရာမက ကျောင်းသူကျောင်းသားများကို စာတမ်းပြုစုတင်ပြခိုင်းခဲ့ရာချယ်ရီမစ် ရေးသားရမယ့်စာတမ်းက နိုင်ငံတစ်ခုနဲ့လူမျိုးစုတစ်ခုအကြောင်း ဖြစ်နေပါတယ်။ချယ်ရီမစ်ဟာ ဟွန်ဆယ်နိုင်ငံအကြောင်း ရေးသားဖို့ ဆုံးဖြတ်ပြီး သူ့ကို အဓိက ကူညီပေးနိုင်တဲ့သူဟွန်ဆယ်နိုင်ငံကနေ လာရောက်ကျောင်းတက်နေတဲ့ ဆာဝေကို လိုက်ရှာပါတော့တယ်။ဆာဝေဟာ တက္ကသိုလ်လူချောမင်းသားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် နှုတ်ခမ်းနီမလေးတွေအသည်းစွဲတစ်ယောက်ဖြစ်နေပါတယ်။ချယ်ရီမစ်တစ်ယောက် ဆာဝေရဲ့ အကူအညီရနိုင်ဖို့ ဘယ်လိုရင်းနှီးအောင်ကြိုးစားသွားမလဲ....စည်းကမ်းကြီးပြီး အမိန့်ပေးသလိုပြောတတ်တဲ့ ဆာဝေနဲ့ လွတ်လပ်မှုကိုခုံမင်တဲ့ချယ်ရီမစ်တို့စာတမ်းပြီးအောင်ပြုစုဖို့အတွက် ဘယ်လိုတွေ စခန်းသွားကြမလဲ... ဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းကိုတော့ ...
8,3
TMDb: 8,3/10 209 votes
tv

U-Prince S11: The Badly Politics (2017)

U-Prince S10: The Crazy Artist (2017) 7.8
U-Prince S10: The Crazy Artist (2017) U-Prince S10: The Crazy Artist (2017)*************************************အပိုင်း (၁ မှ ၄) စ/ဆုံး U Prince Season 10 မှာတော့ မင်းသား Kun Kunchanuj Kengkarnka နဲ့ မင်းသမီးNote Panayanggool တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး ‌‌ရော့ကာလေးနဲ့စာဂျပိုးမလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-Mel B က သူ့ရည်းစား Theo ဆီကနေ အဖြတ်ခံရတဲ့နေ့မှာပဲ ရော့ခ်ဂီတအဖွဲ့အဆိုတော် Hippy နဲ့ တွေ့ဆုံခဲ့ပြီး Hippy က Mel B ရဲ့  Beatles တီရှပ်ကိုလိုချင်တာကြောင့် တီရှပ်နဲ့ တစ်ခုခု အလဲအလှယ်လုပ်ဖို့ ပြောလာပါတော့တယ်။Mel B က ပစ္စည်းအစား Hippy ကို သူ့ရဲ့ ချစ်သူအဖြစ် ၅ ရက်တာ ဟန်ဆောင်ပေးဖို့ပြောလာတဲ့အခါမှာတော့..ရည်းစားအဖြစ်ဟန်ဆောင်ကြရင်း သူတို့နှစ်ဦး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာCM နဲ့အတူ ...
7.8
TMDb: 7.8/10 148 votes
tv

U-Prince S10: The Crazy Artist (2017)

Melo Movie (2025) [Complete] 8.8
Melo Movie (2025) [Complete] Melo Movie (2025)*******************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ဒီနေ့မှာတော့ Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလို့လာပါပြီ။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသမီးနဲ့ မင်းသားဖြစ်ကြတဲ့ Park Bo-Young နဲ့ Choi Woo-Sik တို့အပြင် Lee Jun- Young ၊ Jeon So-Nee, Kim Jae Wook၊ Cha Woo-Min စတဲ့ သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ လက်ရှိမှာ လက်ထောက်ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတဲ့ Kim Mu Bi (Park Bo-Young) ဟာ ရုပ်ရှင်တွေကို သမီးဖြစ်တဲ့သူထက် ပိုချစ်မြတ်နိုးတဲ့ အဖေ့ကိုမုန်းတီးစိတ်ကြောင့်ပဲ ရုပ်ရှင်ဆိုတဲ့အရာကို သိရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာချင်သူပါ။ ဖျော်ဖြေရေးလောကထဲကို ဝင်လာပြီးနောက်ပိုင်းမှာတော့ သူ့အရည်အချင်းတွေကို ထုတ်မပြဘဲ အေးဆေးနေချင်တဲ့သူဖြစ်ပေမဲ့ သူမဘဝထဲကို Go Gyeom ဆိုသူ ဝင်ရောက်လာပြီးနောက် ပြောင်းလဲမှုတွေ စတင်လာပါတော့တယ်။ Go Gyeom (Choi ...
8.8
TMDb: 8.8/10 350 votes
tv

Melo Movie (2025) [Complete]

2025
Check in Hanyang (2024) [Complete] 7.7
Check in Hanyang (2024) [Complete] Check in Hanyang (2024)**************************အပိုင်း (၁ မှ ၁၆) စ/ဆုံးအခုတစ်ခါမှာတော့ ဂျိုဆွန်းခေတ်ကို အခြေတည်ရိုက်ကူးထားပြီး ပရိသတ်ကြီးတို့ရဲ့ အသည်းစွဲသရုပ်ဆောင်တွေဖြစ်ကြတဲ့ Baek In Hyuk, Kim Je Eun , Jung Gun Joo , Park Jae Chan တို့ အပါအဝင် အခြားသောသရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားတဲ့ နန်းတွင်းအချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင် ..ဇာတ်လမ်းအညွှန်း **************ယုံးချွန်းရူဆိုတာကတော့ ဂျိုဆွန်းခေတ်မှာ ခမ်းနားကြီးကျယ်ဆုံးသော တည်းခိုဆောင် တစ်ခုပဲ ဖြစ်ပါတယ်။ "ဧည့်သည်သည်သာလျှင် ဘုရင်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးပြီး လုပ်ကိုင်နေကြတဲ့နေရာလေးပေါ့ ..ဂျိုဆွန်းမင်းသားတစ်ပါးဖြစ်ပေမဲ့လည်း သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး Lee Eun Ho ဆိုတဲ့ နာမည်ပွားကို အသုံးပြုကာ ယုံးချွန်းရူမှာ အလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်နေသူ Lee Eun(Bae In Hyuk) .....အထွေထွေစီမံခန့်ခွဲသူဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယုံးချွန်းရူမှာ ယောက်ျားလေးယောင်ဆောင်ပြီး အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ ...
7.7
TMDb: 7.7/10 2672 votes
tv

Check in Hanyang (2024) [Complete]

2024