Channel Myanmar

Youth

One in a Hundred Thousand (2020) 7.3
One in a Hundred Thousand (2020) One in a Hundred Thousand (2020) ********************************ဆာကူရာဂီရီနိုဆိုတဲ့ အထက်တန်းကျောင်းသူလေးက သူငယ်ချင်းဖြစ်သူ ခီရီတာနီရန်ကို အလယ်တန်းကတည်းက တိတ်တခိုးချစ်ခဲ့ရသူပါ။တစ်နေ့မှာတော့ မထင်မှတ်ထားဘဲ ဆာကူရာဂီကို ခီရီတာနီက ဖွင့်ပြောလိုက်ပါတယ်။ဆာကူရာဂီလည်း တစ်ဖက်သတ်ကြိတ်ကြွေနေရတဲ့ သူငယ်ချင်းက ဖွင့်ပြောတဲ့အတွက် ခီရီတာနီနဲ့ တွဲလိုက်ပါတော့တယ်။အဲဒီအချိန်မှာ ဆာကူရာဂီက မထင်မှတ်ထားတဲ့ရောဂါနဲ့ ကြုံတွေ့ခဲ့ရပါတယ် ..ဆာကူရာဂီ ခံစားနေရတဲ့ရောဂါက ဘယ်လိုမျိုးလဲ ..ရောဂါရှိနေတာတောင် ခီရီတာနီက ဆက်ချစ်နေဦးမလား အနားမှာရှိနေဦးမလားဆိုတာကို ကျောင်းသားအချစ်ဇာတ်လမ်းရယ် ဒရမ်မာရယ်ရောပြီး ရိုရိုချိုချိုလေး ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်) File size…1.44GB / 678MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jiyeon Encoded by AHtet
movie

One in a Hundred Thousand (2020)

Happiness (2024) 6.3
Happiness (2024) Happiness (2024)*****************IMDb... 6.3 ဘဝမှာ အသက်ရှင်ဖို့ တစ်ပတ်ပဲ အချိန်ရတော့မယ်ဆိုရင် သင် ဘာတွေလုပ်ဖြစ်မယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားထဲမှာတော့ နှလုံးရောဂါအခံကြောင့် တစ်ပတ်ပဲ အသက်ရှင်ရတော့မဲ့ကောင်မလေးဖြစ်သူနဲ့ ဒီကိစ္စကိုရုတ်တရက်သိလိုက်ရတဲ့ သူ့ရဲ့ကောင်လေးတို့ ကျန်ရှိတဲ့အချိန်တွေကို  ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ယုမဆိုတဲ့ ကျောင်းသူလေးက သူနဲ့တွဲလာတာ လပိုင်းပဲရှိသေးတဲ့ကောင်လေးကို သူဟာတစ်ပတ်လောက်ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ကြောင်း သူ့ရဲ့ရောဂါအခြေအနေကို ရုတ်တရက်ခဲ့ပါတယ်။စသိသိချင်းမှာ ကောင်လေးကတော့ ဒါကို လက်မခံနိုင်ခဲ့ပေမဲ့ ယုမရဲ့ ပျော်ရွှင်မှုကိုသာလိုလားသူမို့အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သာမန်လူမှာ သေဆုံးချိန်ကို ကြိုမသိရပေမဲ့ ရောဂါဆိုးရှိနေခဲ့တဲ့ ကောင်မလေးမို့ သူ့ရဲ့ နောက်ဆုံးအချိန်ကိုယုမလေးတစ်ယောက် သူဖြစ်ချင်တဲ့တဲ့ lolita အိပ်မက်နောက်ကို လိုက်ပါတော့တယ်။သူ့ရဲ့လက်ကျန်အချိန်တွေမှာ လုပ်ချင်တဲ့အရာဖြည့်ဆည်းပေးတဲ့ ကောင်လေးဖြစ်သူနဲ့ မိဘတွေရဲ့ချစ်ခြင်းမေတ္တာ၊ သေခြင်းတရားပေါ် အမြင်နဲ့ ဘဝရဲ့မတည်မြဲလွယ်မှုကို သူတို့တွေ ဘယ်လိုဘယ်ပုံနားလည်မှုရပြီး လက်ခံလာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Roseline ပဲ ဖြစ်ပါတယ်။) File Size : 1.71GB/ 700MB Quality : ...
movie

Happiness (2024)

My Sunshine (2024) 7.3
My Sunshine (2024) My Sunshine (2024) ******************* လမ်းပျောက်နေတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မှုန်ပျပျနေရောင်ခြည်လေးကမျှော်လင့်ချက်ရဲ့အရိပ်အယောင်ပါပဲ။ ဒီနေ့မှာတော့ ဆုပေါင်းများစွာဆွတ်ခူးရရှိထားတဲ့ပေါ့ပေါ့ပါးပါး ဂျပန်ဆယ်ကျော်သက်ကျောင်းသား sports drama ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။တာကုယာဆိုတဲ့ကောင်လေးက အမြဲတစ်ယောက်တည်းနေနေတတ်တဲ့အပြင်စကားလည်းထစ်တတ်တော့ ‌အမြဲလှောင်ပြောင်ခံနေရတဲ့သူပေါ့။အားကစားမှာလည်း သာမန်အဆင့်လောက်ပဲဆိုတော့ ဘေ့စ်ဘောကစားတာဖြစ်ဖြစ်အိုက်စ်ဟော်ကီဖြစ်ဖြစ် အရမ်းသာမန်ဖြစ်နေတဲ့ တာကုယာကို ဘယ်သူမှမမြင်ကြဘူးပေါ့။အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့သူကိုမြင်လိုက်တဲ့သူက‌တော့ အားကစားနည်းပြဆရာပါ။ဒီလိုနဲ့ နည်းပြက တာကုယာကို အိုက်စ်ဟော်ကီအစား သရုပ်ပြရေခဲပြင်စကိတ်စီးတာကိုမိတ်ဆက်ပေးပြီး ကောင်မလေးတစ်ယောက်နဲ့အတူ လေ့ကျင့်ဖို့ တိုက်တွန်းလာချိန်မှာတော့.... (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…0.99GB / 347MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 30 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet 
movie

My Sunshine (2024)

Happyend (2024) 7.4
Happyend (2024) Happyend (2024) ***************ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 မှာထွက်ရှိခဲ့ပြီး International festival တွေမှာ အကောင်းဆုံးရုပ်ရှင်ဆု ၇ ကြိမ်ရရှိထားပြီးတော့ ဆန်ခါတင် ၁၃ ကြိမ်ဝင်ထားတဲ့ ဂျပန်ဇာတ်ကားလေး ဖြစ်ပါတယ်။ယူတာနဲ့ ခိုအုဟာ မကြာခင်အနာဂတ်တစ်ခုမှာ ဘွဲ့ယူတော့မယ့် သိပ်ကိုရင်းနှီးတဲ့ အထက်တန်း ကျောင်းသားနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ တိုကျိုမြို့မှာဆိုရင် အနှစ် ၁၀၀မှာ တစ်ကြိမ်ပဲဖြစ်တဲ့ အဓိကမြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ နေ့စဉ်ကြိုးစားနေရပါတယ်။တစ်ညမှာတော့ လူမျိုးရေးခွဲခြားတဲ့ ကျောင်းအုပ်ဆရာကြီးကို စနောက်ကြရင်း မမျှော်လင့်ထားတဲ့ အကျိုးဆက်အဖြစ် ကျောင်းမှာ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ခံခဲ့ရပါတယ်။ငလျင်ခပ်ကြမ်းကြမ်း တစ်ခါလှုပ်ပြီးတဲ့နောက် စတိုးဆိုင်တွေက ဈေးတွေလျှော့ရောင်းကြ၊ အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာကြနဲ့ အုတ်အော်သောင်းနင်းပါပဲ။ဝန်ကြီးချုပ်ခိတိုကို ဆန့်ကျင်တဲ့ "ဂျပန်ဂုဏ်သိက္ခာကို ပြန်လည်မွမ်းမံမယ်" ဆိုတဲ့ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။ လုံခြုံရေးအရ အရေးယူမှုတွေ များလာတဲ့အချိန်မှာ နိုင်ငံရေးအခြေအနေကလည်း မလိုလားအပ်တဲ့ ပွက်လောရိုက်မှုတွေ များလာပါတယ်။ဒီအရာတွေကို ခိုအုဟာ စိတ်ထဲထည့်ပြီး စဉ်းစားလာ‌ပေမဲ့ ယူတာကတော့ အရာအားလုံးကို ဘာသိဘာသာဖြစ်နေဆဲပါ။ ခိုအုဟာ နိုင်ငံရေးသမားခပ်ဆန်ဆန် တက်ကြွတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ နိုင်ငံရေးအမြင်က ...
movie

Happyend (2024)

You Are the Apple of My Eye (2025) 7.4
You Are the Apple of My Eye (2025) You Are the Apple of My Eye (2025)**********************************IMDb... 7.4 နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း -ဂူဂျင်အူ (Jinyoung) ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲမက်နေတဲ့ကျောင်းသားလေးပါ။ အိုဆွန်းအာ (Dahyun) ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။တစ်နေ့မှာ ဂျင်အူက အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာရဲ့ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ဒီလိုနဲ့ဆွန်းအာက ဂျင်အူကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့... ၂၀၁၁ ခုနှစ်က ...
movie

You Are the Apple of My Eye (2025)

You Are Brilliant Like a Spica (2019) 6.1
You Are Brilliant Like a Spica (2019) You Are Brilliant Like a Spica (2019)***************************************ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ high school rom com ကားလေးပါ ..စေးဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ တခြားကျောင်းကနေ ပြောင်းလာသူလေးဖြစ်ပါတယ်။စစချင်းကျောင်းမှာ အသားမကျသေးတဲ့အတွက် သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေရပြီး .. ဒီကြားထဲစာကလည်းညံ့တဲ့အပြင် ကံကလည်းဆိုးနေပါသေးတယ် ။နောက်တော့ကျောင်းရဲ့ နာမည်ကြီးလူချောလေးနှစ်ယောက်ဖြစ်တဲ့ မီဇူကီ နဲ့ တိုင်ယိုတို့နဲ့ တွေ့ပြီးတဲ့နောက်မှာ နက္ခတ်တာရာအသင်းကို ဝင်ဖြစ်ခဲ့ပါတယ် .. အဲဒီနောက်မှာတော့ သူ့ရဲ့ကျောင်းသူဘဝက အဲဒီလောက်မဆိုးမှန်း သိလာပြီးနောက် ပျော်နေခဲ့ပါတယ် ..ဒါပေမဲ့ ထုံးစံအတိုင်း သူငယ်ချင်း သုံးယောက် တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါမှာ ..အမြဲတမ်းတည်တည်တံ့တံ့နေတတ်တဲ့ မီဇူကီနဲ့ ခပ်ပျော်ပျော်နေတတ်တဲ့ တိုင်ယိုတို့ကြား စေးတစ်ယောက် ဗျာများရတော့မဲ့ love triangle လှလှလေးကို ခံစားကြည့်ရှုလိုက်ပါဦးနော် .. (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်) File size…1.38GB / 596MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 ...
movie

You Are Brilliant Like a Spica (2019)

Hana-Dama (2014) 6.5
Hana-Dama (2014) Hana-Dama (2014)******************မီဇူကီဆိုတဲ့ ကောင်မလေးဟာ ကျောင်းမှာ ပြဿနာတက်ပြီးတော့ တခြားကျောင်းတစ်ခုဆီ ပြောင်းခဲ့ပါတယ် .. ဒါပေမဲ့ အဲဒီကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေပဲ ကြီးစိုးနေတာကြောင့် အဆင်မပြေခဲ့ပါဘူး .. ကျောင်းမှာရှိတဲ့ ဆရာတွေကလည်း ကျောင်းသားအချင်းချင်း အနိုင်ကျင့်နေတာကို သိနေပေမဲ့ မသိချင်ယောင်ဆောင်ထားတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်ပြီး လိင်အမြတ်ထုတ်နေကြပါတယ် ..အရင်က ကျောင်းမှာလည်း ပြဿနာတွေတက်ခဲ့ရလို့ ကျောင်းအသစ်ပြောင်းလာတဲ့ မီဇူကီတစ်ယောက် ကျောင်းအသစ်မှာ ကျောင်းသားချင်း အနိုင်ကျင့်တာတွေအပြင် ဆရာတွေကပါ အမြတ်ထုတ် စော်ကား‌တာကို ကြုံလိုက်ရတဲ့အခါမှာ ဘယ်လိုမျိုး‌တုန့်ပြန်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ..သွေးထွက်သံယိုနှင့် 18+ ဇာတ်ဝင်ခန်း တချို့ပါတာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူးခင်ဗျာ .. (အညွှန်းကို Okka မှ ရေးသားထားပါတယ်) File size…1.64GB / 776MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Horror, Psychological, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Okka Encoded by ...
movie

Hana-Dama (2014)

The Fault is Not Yours (2019) 7.8
The Fault is Not Yours (2019) The Fault is Not Yours (2019)******************************ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ All of us Are Dead မှ Yoon Chan-Young, Racket Boys မှ Son Sang-Yeon နဲ့ IZ*ONE အဖွဲ့ဝင် Kim Min-Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ပညာပေး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ..- ဇာတ်လမ်းအကျဉ်း -ဂျွန်ယောင်း (Yoon Chan-Young) ဟာဆိုရင် ရောဂါသည်အမေ့ကို တစ်ယောက်တည်း ပြုစုရင်း ကျောင်းတက်နေရသူလေးပါ .. ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုး ထားရတဲ့ ဂျွန်ယောင်းကို အမြဲ ကူညီပေးနေတဲ့သူကတော့ ဂျွန်ယောင်းရဲ့ဆရာ မင်ဂျယ် (Kim Jae-Chul) ပဲဖြစ်ပါတယ် ..ဒါပေမဲ့ ဂျွန်ယောင်းတစ်ယောက် တကယ်တမ်း ကူရာမရဖြစ်လောက်တဲ့အထိ စိတ်ပျက်လက်မှိုင် ကျနေတဲ့ အခြေအနေမှာမှ ဆရာဖြစ်သူက အမှုမဲ့အမှတ်မဲ့ သဘောထားလိုက်မိတဲ့အတွက် ဂျွန်ယောင်းလည်း အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ် ...
movie

The Fault is Not Yours (2019)

Perfect World (2018) 7.9
Perfect World (2018) Perfect World (2018) *********************ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့် Japanese Movie လေးကတော့ အချစ်ဦးကို စိတ်ကူးယဉ်လွမ်းဆွတ်မိစေမယ့် Perfect World ဇာတ်ကားလေးပဲဖြစ်ပါတယ်။တိုကျိုမြို့က အတွင်းပိုင်းဒီဇိုင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ခါဝါနာဟာ ‌အထက်တန်း ကျောင်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်ဆုံမိပါတယ်။ပြန်တွေ့ရလို့ ဝမ်းသာပေမဲ့ အချစ်ဦးဟာ မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းတစ်ဦးအဖြစ် ဝီးချဲလ်ကို အကူအညီယူ သွားလာလှုပ်ရှားနေရတာကို တွေ့ပြန်တော့ အချစ်ဦးရဲ့ အားအင်တစ်ခု ဖြစ်ပေးမယ်ဆိုတဲ့စိတ်နဲ့ ဘေးနားကနေ အစစအရာရာ ကူညီပေးဖို့ ကြိုးစားပါတော့တယ်။အချစ်ဦးဖြစ်သူ စီနီိယာအာယူကာဝါကို ဘေးနားကကူညီပေးရင်း ချစ်ခြင်းမေတ္တာတွေက တစ်ဖန်အသက်ဝင်လာပါတော့တယ်။လောကဓံကို ခံစားနေရတဲ့ အာယူကာဝါကတော့ နှလုံးသားကို နံရံတစ်ခုခြားထားပြီး ဘယ်သူ့ကိုမှ သူ့ဘဝထဲကို ဝင်ခွင့်မပေးတော့ပါဘူး။ခါဝါနာရဲ့ မေတ္တာဟာ စစ်မှန်တာကြောင့် ဘယ်လောက်ပဲ တွန်းထုတ်ပါစေ လက်မလျှော့ခဲ့ပေမဲ့လည်း မိဘတွေ ကြားဝင်လာတဲ့အခါ...မသန်စွမ်းတစ်ယောက်အတွက် ဘယ်လောက်ပဲ ကူညီပေးသူတွေ ရှိနေပါ‌စေ ကန့်သတ်မှုတွေရှိတဲ့အခါ...သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ကြရမလဲဆိုတာ မျက်ရည်တလည်လည် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အညွှန်းရေးသူကတော့ Reddy ဖြစ်ပါတယ်.. File size…1.87GB / ...
movie

Perfect World (2018)

Our Meal for Tomorrow (2017) 6.4
Our Meal for Tomorrow (2017) Our Meal for Tomorrow (2017)**************************** စောင့်မျှော်နေသော ငါတို့ရဲ့မနက်ဖြန်အထက်တန်းကျောင်းသား ဘဝမှာ ညီလေးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် စာသင်ခန်းထဲမှာ အမြဲလိုလို ဝမ်းနည်းပူဆွေးနေပြီး တစ်ယောက်တည်း သီးသန်နေတတ်တဲ့ ‘ဟာရမ’တစ်ယောက် ကျောင်းအားကစားပြိုင်ပွဲတစ်ခုမှာ ဆန်အိတ်ခုန်ကစားနည်းကို ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ..“ဆန်အိတ်ခုန်” ပြိုင်ပွဲပြိုင်နေတုန်း ညီလေးအကြောင်းတွေးလိုက်လို့ အားမလို အားမရ ဖြစ်လာပြီး အစွမ်းကုန်ကြိုးစားလိုက်တဲ့ပုံစံကို အူအဲမူရလို့ခေါ်တဲ့ အတန်းဖော်ကောင်မလေးက ကြွေသွားပါတော့တယ် ..ချစ်ရတဲ့သူတွေကို တစ်နေ့ကျရင် ဆုံးရှုံးရမယ်ဆိုတဲ့ နှလုံးသားထဲက အစိုင်အခဲတုံးကြောင့် ချစ်ရမှာကြောက်နေတဲ့ ဟာရမနဲ့ .. သွက်လက်ချက်ချာပြီး ဘဝကို ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အူအဲမူရတို့ဟာ နောက်တော့ ချစ်သူတွေဖြစ်သွားကြပါတယ် ။ချစ်သူသက်တမ်းဟာ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လာပြီးနောက်မှာ ..သဘောထားချင်းမတိုက်ဆိုင်တာတွေ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ကြည့်လိုက်တော့နော် .. ။ (အညွှန်းကို KHHZ မှ ရေးသားထားပါတယ်) File size…1.7GB / 702MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Romance, Life, Youth, Drama Subtitle….Myanmar Subtitle (Hard ...
movie

Our Meal for Tomorrow (2017)

Tori Girl! (2017) 6.4
Tori Girl! (2017) Tori Girl! (2017)****************IMDb..... 6.4ဘဝမှာ ဆယ်ကျော်သက်ပီပီ ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်းမသိဘဲ အမှတ်မီပြီးဝင်ခွင့်အောင်လို့ အင်ဂျင်နီယာကျောင်းတက်ဖို့ ဖြစ်လာခဲ့တဲ့ ယူကီနာဆိုတဲ့ကောင်မလေး။ပထမဆုံးနေ့မှာ ခင်ခဲ့တဲ့ သူငယ်ချင်းမလေးကို အကြောင်းပြုပြီး လေယာဥ်ကို လူသားစွမ်းအင်နဲ့လည်ပတ်ပျံသန်းနိုင်‌စေဖို့ ကြိုးစားနေကြတဲ့ ငှက်လူသားစမ်းသပ်အသင်းထဲ ဝင်ဖို့ဖြစ်လာတော့တယ်။ငှက်လူသားအသင်းရဲ့ လေယာဉ်မှူး ကပ္ပတိန် ခဲအိရဲ့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေကြောင့်သဘောကျမိပြီး သူ့ရဲ့တွဲဖက်လေယာဉ်မှူးဖြစ်ဖို့ ကြိုးစားရာကနေ မထင်မှတ်ဘဲ ဆာကဘဆိုတဲ့ခွေးရူးလို့ လူတိုင်းတင်စားရတဲ့ လူဆိုးလေးရဲ့ တွဲဖက်လေယာဉ်မှူးဖြစ်လာတဲ့အခါမှာတော့..ကြောင်နဲ့ကြွက်လို မတည့်အတူနေနှစ်ယောက် ပူးပေါင်းပြီး လေယာဉ်ကို ဟန်ချက်ညီညီနဲ့ ထိန်းလို့ပျံသန်းအောင် လုပ်နိုင်ပါ့မလားဆိုတာ........ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ KIM ပဲ ဖြစ်ပါတယ်။) File Size : 2.42GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:38:03 Genre : Comedy, Youth, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by KIM Encoded ...
movie

Tori Girl! (2017)

Daytime Shooting Star (2017) 6.7
Daytime Shooting Star (2017) Daytime Shooting Star (2017)****************************IMDb..... 6.7 ဒီတစ်ခေါက်မှာတော့ မင်းသမီး Nagano Mei၊ မင်းသား Shirahama Alan နဲ့Miura Shohei တို့ အဓိကပါဝင်ထားတဲ့ မြူးမြူးကြွကြွ ကျောင်းသားအချစ်ကားလေးကိုCM ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း-ယိုဆနို ဆုဇုမဲရဲ့ မိဘတွေဟာ အလုပ်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ဖို့ဖြစ်လာတော့ဇုဆုမဲလည်း ကျောင်းဆက်တက်ဖို့အတွက် ဦးလေးဖြစ်သူရှိရာ တိုကျိုမြို့ကို ပြောင်းလာခဲ့တော့တယ်။တိုကျိုရောက်တဲ့ ပထမဆုံးနေ့မှာတင် အိမ်ရှာရင်းမူးလဲတော့ ခပ်ကြောင်ကြောင် လူတစ်ယောက်ကဆုဇုမဲကို အိမ်ပြန်ခေါ်လာပေးပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲမထင်ထားမိတာက အဲဒီလူက သူ့ရဲ့အတန်းပိုင်ဆရာဖြစ်လာမယ်ဆိုတာပါပဲ။ အထက်တန်းပထမနှစ်တက်ရင်း ဆရာ့ကိုချစ်မိသွားခဲ့တဲ့ခေတ်လူငယ်ပီပီ ဆုဇုမဲဟာ ဆရာ့ကို ဖွင့်ပြောလုပ်ပါတော့တယ်။ဒါပေမဲ့ ဆုဇုမဲရဲ့ သူငယ်ချင်းဖြစ်တဲ့ မာမူရက ဆုဇူမဲကို ကြိုက်နေတဲ့ အချိန်မှာတော့...တောသူမလေး ဆုဇုမဲတစ်ယောက် မာမူရနဲ့ ဆရာ့ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်မလဲဆိုတာကိုပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ အချစ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Nisarh ပဲ ဖြစ်ပါတယ်။) File Size : 2.54GB/ ...
movie

Daytime Shooting Star (2017)

Parasite in Love (2021) 6.0
Parasite in Love (2021) Parasite in Love (2021)***********************IMDb..... 6.0 ဒီတစ်ခါမှာတော့ Nana Komatsu နဲ့ Kento Hayashi တို့ ပါဝင်ထားတဲ့ Parasite in Love ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ခိုဆကနဲ့ ဆာနာဂီတို့ ချစ်သူနှစ်ဦးမှာ ခိုဆက ကတော့ အသန့်ကြိုက်တဲ့ရောဂါကို ခံစားနေရကာပိုးသတ်မထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့မိလိုက်တိုင်း သူ့ဆီကို ရောဂါတွေ ကူးစက်လာပြီလို့ထင်နေတဲ့ စိတ်ရောဂါကို ခံစားနေရသူ ဖြစ်ပြီး ဆာနာဂီကတော့ လူတွေကြည့်တာကို မခံနိုင်ဘဲမျက်လုံးတွေကို ကြောက်တဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူပဲဖြစ်ပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက် အခုလိုမျိုး စိတ်ရောဂါတွေဖြစ်နေတာဟာ သူတို့ရဲ့ ခေါင်းထဲမှာကပ်ပါးကောင်တစ်မျိုး ရှိနေလို့ပါပဲ။ အဲဒီကပ်ပါးကောင်ကြောင့်ပဲ ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့အချစ်စိတ်တွေဟာလည်း ခံစားချက် အစစ်အမှန် မဟုတ်ပြန်ပါဘူး။ ကပ်ပါးကောင်ကိုခွဲစိတ်ဖယ်ရှားပြီးတော့ ကုသလို့ ရပေမဲ့ အဲဒီလို ကုသလိုက်ရင်လည်း အချစ်စိတ်တွေ အကုန်ကွယ်ပျောက်သွားရမှာဖြစ်သလို မကုသဘူးဆိုရင်လည်း ကပ်ပါးကောင်ကြောင့် သေဆုံးရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့ ...
movie

Parasite in Love (2021)

Blue Spring Ride (2014) 6.1
Blue Spring Ride (2014) Blue Spring Ride (2014) ************************ IMDb.....6.1   "ငါတို့အားလုံးအတူတူ ကြည့်ခဲ့ရတဲ့ ဒီနေထွက်ချိန်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး" "အမှားလုပ်မိနေတာကိုက ဆယ်ကျော်သက်လူငယ်ဖြစ်နေလို့ပါပဲ" ဇာတ်လမ်းအကျဉ်းယိုရှီအိုကာ ဖူတာဘာ အလယ်တန်းကျောင်းတက်နေစဉ်က ခို့တာနခ(ခို့မာဘူချီ) နဲ့ ကျောင်းမှာရင်းနှီးခဲ့ကြပါတယ်။ သာမန်ထက် ခံစားချက်ပိုလာသူ ခို့ဟာ ဖူတာဘာနဲ့ တွေ့ဖို့ ချိန်းထားခဲ့ပေမဲ့မလာခဲ့ပါဘူး။ အဲဒီနေ့ကစပြီး ဖူတာဘာရဲ့ဘေးကနေ ခို့ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိဘဲနေလာခဲ့တဲ့ ဖူတာဘာဟာ အထက်တန်းရောက်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ ကြိုးစားလိုက်လျောပြီးနေခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ခို့က ဖူတာဘာတို့ကျောင်းကို ပြန်ပြောင်းလာတဲ့အတွက်ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ၄ နှစ်ကြာပြီးမှ ပြန်တွေ့ခဲ့ရတဲ့ ခို့ကို မေးစရာအများကြီးရှိနေပေမဲ့ ခို့ရဲ့အေးစက်တဲ့ပုံစံတွေကြောင့် ဖူတာဘာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ခို့က ဖူတာဘာကိုသူငယ်ချင်းအယောင်ဆောင်များနဲ့ သူငယ်ချင်းအစစ်အကြောင်းသိအောင် လမ်းပြပေးခဲ့ပါတယ်။အထက်တန်းပထမနှစ်တွေထဲမှ အတန်းခေါင်းဆောင်သင်တန်းတက်ရောက်ဖို့စာရင်းတောင်းချိန်မှာသူငယ်ချင်းအရင်းတွေရဖို့ နည်းလမ်းရှာနေသူ ဖူတာဘာ က စာရင်းပေးလိုက်တဲ့အခါ...ဖူတာဘာ မျှော်လင့်သလို သူ့ရဲ့ဆယ်ကျော်သက်ကျောင်းသားဘဝမှာ သူငယ်ချင်းအရင်းအချာများရလာပြီးအမှတ်တရအချိန်တွေ ဖန်တီးနိုင်မလား...Blue Spring Ride သည် ဘဝရဲ့ ...
movie

Blue Spring Ride (2014)

Say ‘I Love You’ (2014) 6.2
Say ‘I Love You’ (2014) Say 'I Love You' (2014) ************************ IMDb.....6.2  နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား Fukushi Sota နဲ့ မင်းသမီး Kawaguchi Haruna တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Say 'I Love You' ဆိုတဲ့ နာမည်ကြီး manga ရဲ့ live action movie လေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-တချိဘန မဲအိဟာ ငယ်စဥ်က အနိုင်ကျင့်ခံရတဲ့ trauma ကြောင့် သူငယ်ချင်းမိတ်ဆွေရဖို့  အခက်အခဲရှိနေတဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ။  တစ်နေ့တော့ ကျောင်းရဲ့နာမည်ကျော် ခုရိုဆဝ ယမတိုရဲ့ သူငယ်ချင်းခန်းဂျိရဲ့ စနောက်မှုကြောင့် သမိုင်းဝင်နောက်ပြန်ကန်ချက်နဲ့အတူ ယမတိုဟာ လူမှားအကန်ခံလိုက်ရပါတော့တယ်။အဲဒီကန်ချက်ကြောင့်ပဲ ချစ်မိသွားတဲ့ ယမတိုဟာ ဘယ်သူနဲ့မှ စကားပြောခြင်းမရှိတဲ့ introvert မဲအိကိုနည်းလမ်းများစွာနဲ့  လိုက်ဖို့ကြိုးစားပါတော့တယ်။လူငယ်စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတချို့ကို ယမတိုတစ်ယောက် ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာပေါ့ပေါ့ပါးပါးကြည့်ရှုခံစားနိုင်မဲ့ ဂျပန်romance ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ ...
movie

Say ‘I Love You’ (2014)

Trumpet of the Cliff (2016) 5.7
Trumpet of the Cliff (2016) Trumpet of the Cliff (2016) ************************** IMDb.....5.7  Romance/Drama type ကိုမှ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ချင်တဲ့သူတွေအတွက်  ညွှန်းပေးချင်တဲ့ movie လေးပါ။2019 ကထွက်ရှိထားတာဖြစ်ပြီး အာအိုအိအဖြစ် Miyauchi Hitomi နဲ့  ဂျီအိုအဖြစ် Lee Byung Hun တို့ကအဓိက ပါဝင်ထားပြီး ကိုရီးယား-ဂျပန် ဖက်စပ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အာအိုအိဆိုတဲ့ တိုကျိုမှာ ဓာတ်ပုံပညာကို လေ့လာနေတဲ့ကောင်မလေးက  နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ရပြီးသူ့ဦးလေးရှိတဲ့ အိုကီနာဝါက ကျွန်းလေးတစ်ကျွန်းမှာ နေပြန်ကောင်းလာစေဖို့ အနားယူလာယူနေတဲ့ သူလေးပါ။ကင်မရာလေးကိုင်လို့ သူစိတ်ဝင်စားတဲ့အရာကို ဓာတ်ပုံရိုက်နေတုန်းမှာ ခရာမှုတ်သံကို ကြားလိုက်ရပြီးဂျီအိုဆိုတဲ့ကောင်လေးနဲ့  ဆုံခဲ့ရပါတယ်။ အဲဒီကစလို့ ဂျီအိုနဲ့ အာအိုအိတို့အကြား ဘယ်လိုတွေ ကြုံတွေ့ပြီးဘယ်လိုဇာတ်လမ်းလေးတွေ  ဖြစ်လာမလဲဆိုတာကိုတော့..romance ကားဆို မင်းသား မင်းသမီး ချောချောလေးတွေနဲ့ ဇာတ်ကောင်းကောင်းလေး ကြည့်ချင်တဲ့သူလေးတွေအကြိုက်ဖြစ်စေမဲ့ကားလေးမလို့ ကြည့်ကြည့်ဖို့ ထပ်လောင်းပြောဆိုချင်ပါတယ်ရှင်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ KIM ပဲ ဖြစ်ပါတယ်။)  File Size : ...
movie

Trumpet of the Cliff (2016)

Secret: Untold Melody (2025) 7.3
Secret: Untold Melody (2025) Secret: Untold Melody (2025) ********************************* IMDb.....7.3  ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ် ရုပ်ရှင် "Secret"ကို Remake အနေနဲ့ ပြန်လည်ဖန်တီးထားပြီး  Exo D.O, Won Jin-Ah နဲ့ Shin Ye Eun တို့ အဓိက ပါဝင်ထားတဲ့နူးနူးညံ့ညံ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ယူဂျွန်း (D.O)ကတော့ နိုင်ငံခြားမှာ စန္ဒရား ပြိုင်ပွဲ ဝင်ပြိုင်ရင်းကနေ လက်‌ကောက်ဝတ်ကျန်းမာရေး အခြေအနေကြောင့် ကိုရီးယားကို ပြန်လည် ရောက်ရှိလာခဲ့တဲ့သူပါ။ကိုရီးယားက ‌ဂီတ တက္ကသိုလ် တစ်ခုကို ရောက်ရှိလာတဲ့နေ့မှာပဲ ယူဂျောင်အာ (Won Jin Ah)ဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရင်း ဂျောင်အာရဲ့ စန္ဒရား တီးသံကို သဘောကျသွားခဲ့ပြီးယူဂျွန်းနဲ့ ဂျောင်အာတို့ဟာ အတူသွား အတူလာ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။သူငယ်ချင်း အဖြစ်ကနေ ခံစားချက်တွေ နက်ရှိုင်းလာခဲ့ပေမဲ့ သူတို့ကြားမှာ ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု တည်ရှိနေတယ်ဆိုတာကို ...
movie

Secret: Untold Melody (2025)

Set Me Free (2014)
Set Me Free (2014) Set Me Free (2014) ******************ဒီကားလေးမှာတော့ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာနဲ့ ပင်ပန်းမှုဆီက လွတ်မြောက်ဖို့ ထွက်ပေါက်ရှာချင်နေတဲ့...လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးပြထားပါတယ်။ အဓိကဇာတ်ဆောင်ယောင်ဂျေအဖြစ်နဲ့ ...မင်းသားချွဲဝူရှစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှင်းဂျယ်ဟာနဲ့ ဂန်ရှင်းချောတို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးမှာ လွတ်မြောက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းရိုက်ကူးထားတာတွေ့ရမှာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------ယောင်ဂျေဟာ အသက် ၁၇ နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်ပြီး အီစက်လို့အမည်တွက်တဲ့...ခရစ်ယာန်အသင်းတော်အိမ်မှာ နေထိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အီစက်ကနေ ထွက်သွားဖို့ကြိုးစားနေပြီး...သူ့ရဲ့တာဝန်မဲ့တဲ့အဖေဖြစ်သူကြောင့် အိမ်ကိုလည်းမပြန်ချင်ဖြစ်နေပါတယ်။ လူအများရှေ့မှာဆိုရင်တော့...ဘုန်းတော်ကြီးတစ်ပါးဖြစ်လာဖို့ပဲ စိတ်ဝင်စားတဲ့ စံပြကျောင်းသားတစ်ယောက်အနေနဲ့ ဟန်ဆောင်နေထိုင်ပြီး...နောက်ကွယ်မှာတော့ အသင်းတော်အိမ်ကနေ ဖိနပ်တွေခိုးယူ ရောင်းစားလေ့ရှိပြီး သူငယ်ချင်းတွေကိုလိမ်ညာလေ့ရှိပါတယ်။အီစက်အိမ်ကနေထွက်သွားဖို့ကြိုးစားနေရင်းပဲ သူ့အဖေက ရောက်လာခဲ့ပြီး ညီဖြစ်သူကိုပါ...သူ့လက်ထဲအပ်ခဲ့ဖို့လုပ်လိုက်တဲ့အခါမှာတော့...ယောင်ဂျေတစ်ယောက် ဘယ်လိုတုံ့ပြန်မှာလဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်...File Size : 2.36GB / 717MB Quality : WEB-DL 1080p / 720p Duration : Youth, Drama Genre : 1 hr. 48 min. Subtitle : ...
movie

Set Me Free (2014)

Barbie (2012) 6.6
Barbie (2012) Barbie (2012)****************အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီး ဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့ နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့ သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့ လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီက ဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ...ဖြစ်ချင်တော့ အငယ်မဖြစ်သူ ဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့ သူ့အစ်မအစား ...
movie

Barbie (2012)

Heavy Snow (2024) 7.2
Heavy Snow (2024) Heavy Snow (2024)*************************IMDb... 7.2ကဲ အကုန်လုံး စောင့်နေကြတဲ့ ဟန်ဆိုဟီးရဲ့ GL ကားလေး ထွက်ရှိလို့လာပါပြီ။-ဇာတ်လမ်းအညွှန်း-အီဆူအန်း (Han Hae In) ဟာ အနုပညာကျောင်းသူဖြစ်ပြီး အီယွန်း‌‌ဆော(Han So Hee) က‌တော့ တက်သစ်စမင်းသမီးလေးပေါ့။ဆောလေးရဲ့ အိပ်မက်ဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆူအန်းနဲ့ အချစ်ကားရိုက်ကူးရဖို့ဆိုရင်လည်း မမှားပါဘူး။ကျောင်းမှာ အရင်းနှီးဆုံးဖြစ်ကြတဲ့ သူတို့ သူငယ်ချင်း၂ယောက်ဟာ ဆိုးလ်မြို့ကိုခရီးထွက်လာပြီး အချင်းချင်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှု တွေကို မျှဝေရင်းနဲ့တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ ခိုင်မြဲလာကြပါတယ်။ဒါပေမဲ့ ရုတ်တရက် နှစ်ယောက်ကြား ပေါ်လာတဲ့ အထင်လွဲမှုတွေကြောင့်ဆူအန်းက မြို့ကနေ ထွက်သွားတဲ့အခါမှာတော့..ဆူအန်းနဲ့ ဆောလေးတို့ ပြန်ပြီး အဆင်ပြေနိုင်ပါ့မလား..ဆောလေးကရော သူ့ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ စောင်ကိုက်ပြီး ကြည့်ရှုပေးကြပါဦးနော်၊ (ဇာတ်လမ်းအကျဉ်းကို  ToeToe Aung မှ ရေးသားပေးထားပါတယ်။) File size… 1.33GB/ 470MB Quality…WEB-DL ...
movie

Heavy Snow (2024)