Channel Myanmar

2015

Crimson Peak (2015) 6.5
Crimson Peak (2015)  သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး ...
movie

Crimson Peak (2015)

2015
4K HEVC
The Accidental Detective (2015) 6.7
The Accidental Detective (2015) The Accidental Detective (2015)IMDb Rating (6.7)ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ပါဝင်ထားတဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့... ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ် တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ သူ့ခြေထောက်ကြောင့် ဆေးစစ်ချက်ကျခဲ့လို့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူးသူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်အကိုင်ပျက် မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကို အမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ် သူ့သူငယ်ချင်းဂျွန်စုရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါ ဒေးမန်ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့် သူ့ခမျာ စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူးတနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ တတ်သိပညာမနေသာ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက် နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီး အမှုမှန်ပေါ်အောင် ကြိုးစားရပါတော့တယ် ဒီအခါ သူ့စုံထောက်စကေးတွေက သူငယ်ချင်းကို ကယ်တင်ဖို့ လုပ်နိုင်ပါ့မလားဆိုတာ....။ဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့အတူ နိုတေးဆူနဲ့ ဒေးမန် နှစ်ယောက်သား ဘယ်လို ...
movie

The Accidental Detective (2015)

2015
Room (2015) 8.1
Room (2015)  Room (2015)IMDb Rating (8.1) / Rotten Tomatoes (93%) အသက် ၂၄ နှစ် ဂျွိုင်းနယူးဆမ်းဟာ ငါးနှစ်အရွယ် သူ့သားလေး ဂျက်ခ် နဲ့အတူ သူတို့ အခန်းလေးလို့ နာမည်ပေးထားတဲ့ ဂိုဒေါင်လေးထဲမှာ နေထိုင်ကြတယ်။ အဲဒီ ဂိုဒေါင်လေးထဲမှာ သူတို့ လိုအပ်မယ့် ပစ္စည်း အနည်းငယ် ရယ် ပြတင်းပေါက်ဆိုလို့ ကောင်းကင်အလင်းရောင်လေး ဝင်နိုင်တဲ့အပေါက်လေးရယ် ပဲရှိတယ်။အဖိုးကြီးနစ်ခ် လို့ သူတို့ခေါ်တဲ့ သူက ဂျွိုင်း အသက် ၁၇ နှစ်ထဲက ဖမ်းထားခဲ့ပြီး ဒီအခန်းလေးထဲမှာ ၇နှစ်လုံးလုံး ပိတ်ထားခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းနေခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ပါဘူး။အဖိုးကြီးနစ်ခ်က ဂျက်ခ်လေးရဲ့ သွေးသားတော်စပ်မှု အရ အဖေ ဖြစ်ပေမယ့် ကလေးကို ရှိတယ်လို့တောင် သတ်မှတ်တာ မဟုတ်ပါဘူး။ဂျွိုင်း က ကလေးကို ...
movie

Room (2015)

2015
The Witch (2015) The VVitch: A New-England Folktale 6.9
The Witch (2015) The VVitch: A New-England Folktale The Witch (2015)IMDb Rating (7.0) / Rotten Tomatoes (91%) ၁၇ ရာစု New England မှာ ဇာတ်တည်ထားပြီး ပူရီတန်ဘာသာဝင် မိသားစုတစ်စုဟာ နေထိုင်လျက်ရှိတဲ့ လူ့အသိုင်းအဝန်းနဲ့ ဘာသာရေး ပဋိပက္ခတစ်ခု ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့အတွက် တခြားလူသူမရှိတဲ့ တောစပ်နံဘေးမှာ သွားပြီး စိုက်ပျိုးရေးလုပ်စားကြပါတယ်။ဒီမိသားစုမှာ အဖေအမေအပြင် သမီးကြီးတစ်ယောက်ရယ် သူ့အောက်က ၁၀ နှစ်ကျော် သားတစ်ယောက်ရယ် အမွှာမောင်နှမနှစ်ယောက်ရယ် မွေးကင်းစလေးတစ်ယောက်ရယ် ရှိပါကြပါတယ်။လူတွေနဲ့ဝေးရာကို ရောက်လာလို့ အေးအေးချမ်းချမ်းနဲ့ လယ်လုပ်စားမယ်ဆိုမှ ဒီမိသားစုအပေါ် ကြမ္မာဆိုး စတင်ဝင်ရောက်လာပါတော့တယ်။သမီးကြီးက မွေးကင်းစလေးနဲ့ တူတူရေဝါး ဆော့နေတုန်း အသားလွတ် မျက်စိတမှိတ်အတွင်း ပျောက်သွားတာတွေ၊ မိခင်ဖြစ်သူရဲ့ အမွေအနှစ်ငွေခွက် ပျောက်တာတွေ၊ အမွှာနှစ်ယောက်က အစ်မကြီးဖြစ်သူကို စုန်းမလို့ စွပ်စွဲတာတွေ၊ တောထဲကို မသွားရဘူးပြောတာကို သွားခဲ့တဲ့ သားကြီးကရော ဘာတွေဖြစ်မလဲ စသဖြင့် ...
movie

The Witch (2015) The VVitch: A New-England Folktale

2015
4K HEVC
Into the Forest (2015) 5.8
Into the Forest (2015) Into the Forest (2015)IMDb Rating (5.8) / Rotten Tomatoes (76%) ဒီဇာတ်ကားဟာ Musical film ဖြစ်တဲ့ Into the Woods ကိုမှီငြမ်းထားပါတယ်။ဒါရိုက်တာ Patricia Rozemaရိုက်ကူးထားပြီး  မင်းသမီး Elliot Page, Evan Rachel Wood နဲ့မင်းသား Max Minghella တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့တစ်ရက်မှာ နေရာအနှံ့အပြားအကြီးအကျယ် လျပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အခါ ဒီမိသားစုဟာ တောထဲကသူတို့အိမ်မှာသောင်တင်နေခဲ့ပါတယ်။မကြာခင်မှာပဲသူတို့ဟာ အသက်ရှင်ဖို့အတွက်တိုက်ပွဲဝင်ရတော့မယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ညီအစ်မ၂ယောက်ဟာ သံယောဇဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပြီး အသက်ရှင်အောင်ကြိုးစားရလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်။)File size…(1 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Science Fiction Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ...
movie

Into the Forest (2015)

2015
45 Years (2015) 7.1
45 Years (2015) 45 Years (2015)IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ ...
movie

45 Years (2015)

2015
Ant-Man (2015) Ant Man 7.2

Ant-Man (2015) Ant Man

2015
4K HEVC
Avengers: Age of Ultron (2015) 7.4

Avengers: Age of Ultron (2015)

2015
4K HEVC
Green Room (2015) 7.0
Green Room (2015) IMDB... 7/10 Rotten tomatoes... 90%Green Room ကတော့ 2015 တုန်းကဒါရိုက်တာ Jeremy Saulinerကိုယ်တိုင် ရေးသားရိုက်ကူးခဲ့တဲ့Horror, Thriller ရုပ်ရှင်ကားလေးပါဇာတ်လမ်းကတော့ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပါဘူးလူငယ် Punk Rock Band တစ်ဖွဲ့က လူမနီးသူမနီး တောအုပ်တစ်ခုမှာရှိတဲ့ Club တစ်ခုမှာသွားဖျော်ဖြေရင်းနဲ့ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အတိုင်းစင်အနောက်ဘက်က နားနေခန်း Green Room ထဲမှာလူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ပက်ပင်းသွားတိုးသွားပြီး အသက်အန္တာရာယ်ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်ဒီကားဟာ 2015 ရဲ့ အကောင်းဆုံး ရုပ်ရှင်တော့ မဟုတ်ပေမယ့် သည်းထိပ်ရင်ဖို ကြိုက်သူတွေ အတွက်တော့ လုံးဝ ပျင်းရမှာ မဟုတ်ပါဘူးသွေးထွက်သံယိုတွေလည်း အတော်ပါပါတယ်တချို့အခန်းတွေဆိုရင် အဲ့လိုမျိုးသွေးထွက်သံယို ကြိုက်တတ်တဲ့ သူတွေအတွက်တောင် အသည်းယားဖို့ကောင်းတာတွေ ပါတယ်တော်တော် ယုတ္တိရှိအောင်လည်းရိုက်ပြထားပါတယ်Punk music တွေ Metal တွေ ...
movie

Green Room (2015)

2015
4K HEVC
[18+] Love (2015) 6.1
[18+] Love (2015) Love (2015)ဒီကားလေးကတော့ IMDb 6.1ရထားတဲ့ Drama/pornographic ဇာတ်လမ်းအမျိုးအစားလေးပဲ ဖြစ်ပါတယ်.pornographic ဆိုတဲ့အတိုင်း လူငယ်တွေရဲ့ အချစ်နဲ့ လိင်ဆန္ဒကိုပွင့်ပွင့်လင်းလင်း ရိုက်ကူးတင်ပြထားပါတယ်. အချစ်နဲ့ လိင်ကိစ္စကို မကွဲပြားတဲ့ အခါ ဖြစ်လာမယ့်အကျိုးဆက်တွေကို သဘာ၀ ကျကျ ရိုက်ကူးတင်ပြထားတဲ့ ပညာပေးဇာတ်လမ်းလေး ဖြစ်တာကြောင့် R Rated ရုပ်ရှင်ကားဖြစ်ပါတယ်။Q Desire (2011)  တုန်းက လူကြိုက်များခဲ့တဲ့ ပြင်သစ်မင်းသမီး Déborah Révy ရဲ့ ရှားရှားပါးပါး ဒုတိယဇာတ်ကားပါပဲ။ ဒီရုပ်ရှင်ကားဟာ ဆု ၂ ဆု တိတိ ရထားပြီး စကာတင် စာရင်း ပါဝင်ခဲ့တဲ့အထိ နက်နဲတဲ့တင်ဆက်မှုမျိုးနဲ့ပါ။(Dark Side Production မှ တင်ဆက်သည်။)File Size : (2 GB) & (890 GB) Quality : WEB-DL 1080p HEVC & 720p Running Time ...
movie

[18+] Love (2015)

2015
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie

The Revenant (2015)

2015
4K HEVC
Mojave (2015) 5.2
Mojave (2015) Mojave (2015)မိုဟာဗီး ကန္တာရထဲမှာ စာရေးဆရာတစ်ယောက်နဲ့ စာဖတ်သူတစ်ယောက် တွေ့ကြတဲ့ဇာတ်လမ်းလေးပါ။စာရေးဆရာက ၁၉ နှစ်သားကတည်းက နာမည်ရလာတဲ့ စာရေးဆရာ၊ စာဖတ်တဲ့သူက ၂ နှစ်သားကတည်းက စာဖတ်လာတဲ့သူ။ သူတို့ရဲ့ ဇာတ်လမ်းအပေါ် စိတ်ကူးဉာဏ်ကွန့်မြူးပုံတွေ လူ့ဘဝအပေါ် အမြင်တွေက တူတူလိုဖြစ်နေပြီး တစ်ချိန်တည်းမှာ တခြားစီလိုဖြစ်နေတာကို တွေ့ရမှာပါ။သူတို့ရဲ့ တွေ့ဆုံပုံက ရိုးရှင်းနေပေမဲ့ ဆန်းကြယ်နေသလို နောက်ထပ်ဖြစ်လာတဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေ မတော်တဆတွေက ထူးဆန်းတဲ့ ဖြစ်ရပ်မှန်တစ်ခုလို စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေလိမ့်မယ်။ နှစ်ယောက်က အချင်းချင်း သတ်ဖို့ ကြိုးစားနေကြတယ်ဆိုပေမဲ့ လက်နက်တွေ ခန္ဓာကိုယ်တွေ အသုံးချတဲ့ တိုက်ပွဲမျိုးထက် ပိုပါတယ်။နှစ်ယောက်လုံးက ဇာတ်လမ်းကို ချစ်ကြသူတွေဖြစ်တော့ ဇာတ်လမ်းတွေနဲ့ တိုက်ခိုက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ရှိတ်စပီးယား ပရိသတ် စာဖတ်သူရဲ့ လူ့ဘဝအပေါ် အမြင်တွေကလည်း တစ်မျိုးထူးဆန်းနေပြီး တချို့ အတွေးတွေက ကိုယ့်စိတ်ကူး အချို့နဲ့ တိုက်ဆိုင်နေတာတွေကို တွေ့ရမှာပါ။ဗုဒ္ဓက ...
movie

Mojave (2015)

2015
Carol (2015) 7.3
Carol (2015)  Carol (2015)IMDb Rating (7.3) / Rotten Tomatoes (94%) ဒီတစ်ခေါက်ကတော့ Patricia Highsmithe ရဲ့ The price of Salt Novel ကိုပြန်လည်ရိုက်ကူးထားတဲ့ rating မြင့်ဇာတ်လမ်းကောင်းတစ်ကားပါ။ဒီကားကိုဒါရိုက်တာ Todd Haynes ခေါင်းဆောင်ရိုက်ကူးထားပြီး မင်းသမီးကြီး Cate Blanchett , Rooney Mara တို့ပါ၀င်ပါတယ်။မင်းသမီးနှစ်ယောက်လုံး Oscar Nominations ၀င်ခဲ့တာမို့လို့ သရုပ်ဆောင်ကိုတော့အထူးတလည်ပြောပြစရာတောင်မလိုတော့ပါဘူး။လူတိုင်းလူတိုင်းဘ၀မှာ ကိုယ်တိုင်ရဲ့တည်ရှိမှုကိုမေးခွန်းပြန်ထုတ်စေနိုင်တဲ့တစ်စုံတစ်ဦးကတော့ရှိစမြဲပဲ။ဘာအကြောင်းပြချက်ကြီးကြီးမားမားမှမရှိပါပဲနဲ့ ဒီတစ်ယောက်ကိုမှအလိုလိုတောင့်တနေမိတာမျိုး။နားလည်မပေးနိုင်တဲ့ချစ်သူကောင်လေး ၊ ငြီးငွေ့ဖွယ်အလုပ်တို့ထဲပိတ်မိနေသူ အသက်၂၀ သာရှိသေးတဲ့မိန်းမငယ်လေးတစ်ဦးအတွက်‌တော့ ကယ်ရိုလ်ဆိုတဲ့လူကုန်ထံအသိုင်းအဝိုင်းမှ သက်လတ်ပိုင်းအမျိုးသမီးက အဲ့လိုဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။စူးရဲရဲအကြည့်၊ နီရဲရဲနှုတ်ခမ်းတို့နဲ့ ရင့်ကျက်တဲ့အလှတရားပိုင်ရှင် ကယ်ရိုလ်နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီးကြီး Cate Blanchett ကအသံနဲ့တင်ဖမ်းစားနိုင်စွမ်းရှိတာမို့ကောင်လေးရောကောင်မလေးပါလက်မလွှတ်သင့်ပါဘူး။age-gap relationship တွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေဆို ပိုလို့တောင်ကြည့်သင့်ပါသေးတယ်။1950s ခုနှစ်ပိုင်းတွေမှာ LGBTQ ဆက်ဆံရေးတွေအပေါ်လူတွေရဲ့အမြင်၊ ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ဆက်ဆံရေးတစ်ခုအနေနဲ့ ဒီအမျိုးသမီးနှစ်ဦးအတွက်အဆုံးသတ်ရောကောင်းနိုင်ပါ့မလား ဒါတွေကိုတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြနော်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet ...
movie

Carol (2015)

2015
Burnt (2015) 6.6
Burnt (2015)  ဒီဇာတ်ကားလေးကတော့ 2015 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Bradley Cooper,Sienna Miller နဲ့ Daniel Brühl တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ John Wells ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း…….Adam Jones ဟာ မီချယ်လင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ Adam ဟာ အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့အမူအကျင့်ဆိုးတွေ အောင်မြင်မှုကို မထိန်းသိမ်းနိုင်မှုတွေကြောင့် ပြန်လည်ဆုံးရှူံးခဲ့ရပါတယ်။အဲ့တာကြောင့်သူဟာ သူ့ကိုယ်သူပြန်လည်ရှာဖွေရင်း ပဲရစ်မြို့ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပါတယ်။လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားဖိုမှူးဖြစ်အောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်မြောက်လာအောင် Adam တစ်ယောက်ဘယ်လိုတွေလုပ်သွားမလဲ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ သူလိုချင်တဲ့ အရာတွေရော ရရှိသွားမလားဆိုတာတွေကို စိတ်ဝင်းစားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။2015 ခုနှစ်ကတည်းကထွက်ရှိထားတဲ့ကားလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... ...
movie

Burnt (2015)

2015
Jupiter Ascending (2015) 5.3
Jupiter Ascending (2015)  Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Jupiter Ascending (2015)

2015
The Good Dinosaur (2015) 6.7
The Good Dinosaur (2015) IMDb - 6.7/10_____Rotten - 76%2015 လောက်က CM မှာ တင်ခဲ့ဖူးတဲ့ The Good Dinosaur ဆိုတဲ့Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 4K BluRay Versionအဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ်ကြည်တောက်ရှင်းမှကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ....ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်...ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်ရိတ်သိမ်းတယ် လှောင်ထားတယ်နွေစာ မိုးစာ ဆောင်းစာသက်သက်မှတ်မှတ် သိမ်းကြပြီးအသားစား သတ္တဝါတွေကတော့အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ်သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့ လူသားပေါက်စ လေးရယ် ကဇတ်လမ်းကိုအဆုံးထိ ...
movie

The Good Dinosaur (2015)

2015
The Age of Adaline (2015) 7.2
The Age of Adaline (2015) The Age of Adaline (2015)IMDb Rating (7.2)ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ဇာတ်လမ်းကတော့... ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်... Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်... ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်... ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့.... တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? " ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ...
movie

The Age of Adaline (2015)

2015
Tales of Halloween (2015) 5.5
Tales of Halloween (2015)  Tales of Halloween (2015)IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ်ပါတယ်။ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (760 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Tales of Halloween (2015)

2015
[James Bond] Spectre (2015) 6.8
[James Bond] Spectre (2015)   ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်။https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++++++++++++++++++++++++++++++++++++++++၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spectre ဇာတ်ကားဟာ ၂၄ ကားမြောက် James Bond ဇာတ်ကားဖြစ်ပါတယ်..။Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး…ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team ...
movie

[James Bond] Spectre (2015)

2015
HEVC 1080p 5.1