Channel Myanmar

Thriller

The Walking Dead: Dead City (2023-2025) 8.7
The Walking Dead: Dead City (2023-2025) The Walking Dead: Dead City (2023)IMDb Rating (7.1) / Rotten Tomatoes (75%) IMDb Rating 8.4/10 ရထားပြီး walking dead series ရဲ့ sequel အဆက်အဖြစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။Walking Dead ထဲက အဓိက villain ကြီးဖြစ်ခဲ့တဲ့ Negan နဲ့Maggie တို့အဓိက ဦးဆောင်ပါ၀င်ထားပါတယ် ။မက်ဂီရဲ့ ဟာရှယ်ကို ခရိုအက် ဦး‌ဆောင်တဲ့ raider ခေါ် လုယက်သူတွေကဖမ်းစီးခေါ်ဆောင်သွားပါတယ်။ဒါကို ရန်သူတာ်ကြီး‌တွေဖြစ်တဲ့ မက်ဂီနဲ့ နီဂန်က ပြန်လည်ပူးပါင်းပြီး ဟာရှယ်ကို ပြန်ကယ်တင်ဖို့ ရန်သူ့နယ်‌မြေထဲ စွန့်စားခန်းထွက်ကြမှာဖြစ်ပါတယ် ။Dead City ဆိုတဲ့ နယူးယောက်မြို့ကို အခြေခံဇာတ်အိမ်တည်ထားပြီး raiders တွေ ဝေါ်ကာ‌‌ (ခေါ်) ဖုတ်ကောင်တွေ ၊လက်နက်ကိုင်အင်အားကြီးအဖွဲ့တွေနဲ့ walking dead စီးရီးကြီးရဲ့ ...
8.7
TMDb: 8.7/10 11 votes
tv

The Walking Dead: Dead City (2023-2025)

2023
Bet (2025) 6.6
Bet (2025) Bet (2025)ဒါကတော့ နာမည်ကြီး Japan Anime Compulsive Gambler ကို Netflix က အသက်သွင်းရိုက်ကူးထားတဲ့ Bet ဆိုတဲ့ စီးရီးဖြစ်ပါတယ်။Anime ကို live action ပြန်ရိုက်ရင် Character တလွဲတွေလုပ်တတ်တဲ့ Netflix က ဒီတစ်ခါတော့ လူမှန်နေရာမှန် ဇာတ်ကောင်မှန်မှန်ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။စိန့်ဒိုးမနစ်ဆိုတဲ့ ကျောင်းကြီးက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ နိုင်ငံရေးသမား နိုင်ငံခေါင်းဆောင်တွေကို မွေးထုတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီခေါင်းဆောင်တွေက သူတို့ရဲ့ သားသမီးအမွေခံတွေကိုလည်း ဒီကျောင်းမှာပဲဆက်ထားကြတယ်။တစ်ခြားကျောင်းတွေနဲ့မတူတာက ဒီကျောင်းမှာ အာဏာအရှိဆုံးက ဆရာ/မတွေမဟုတ်ဘဲ ကျောင်းကောင်စီအဖွဲ့ဝင် ထိပ်တန်း ၁၀ ယောက်ဖြစ်ပါတယ်။လောင်းကစားနဲ့ ယှဉ်ပြိုင်အနိုင်ယူမှုကို အစွမ်းကုန်အားပေးပြီး.. လူလည်တွေချည်းပဲစုနေတဲ့ ကျောင်းကြီးပါ..ဒီကျောင်းကို ယူမီကို ဆိုတဲ့ ကျောင်းသူသစ် ဂျပန်မလေးတစ်ယောက် ရောက်လာပြီး တစ်ကျောင်းလုံးနဲ့တစ်ယောက် ယှဉ်ပြိုင်ကြတဲ့အခါမှာတော့..ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File ...
6.6
TMDb: 6.6/10 8 votes
tv

Bet (2025)

2025
SHOSHIMIN: How to Become Ordinary 7.4
SHOSHIMIN: How to Become Ordinary “သာမန်ဖြစ်အောင် ဘယ်လိုနေကြမလဲ” ဆိုတဲ့အတိုင်းပဲ Kobato ဆိုတဲ့ကောင်လေးနဲ့ Osanai ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းကို ရောက်လာတဲ့အချိန် သာမန်လူအဖြစ်သာ နေချင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ Kobato ဆိုတဲ့ကောင်လေးဟာ စုံထောက်ရှားလော့ဟုမ်းတို့လိုပဲကောက်ချက်ချတာ စုံထောက်လုပ်တာ သဲလွန်စရှာတာတွေကို အရမ်းကျွမ်းကျင်ပြီး သူ့အလိုလို သူများပြဿနာတွေထဲဆိုလည်း ဝင်ဝင်ပါမိတတ်လွန်းသူပါ။ဒါကြောင့် သူငယ်ချင်းဖြစ်သူ Osanai နဲ့ အထက်တန်းရောက်ရင်တော့သာမန်လူလိုပဲ အေးအေးဆေးဆေးနေမယ်ဆိုပြီး ကတိလုပ်ထားပေမဲ့လည်းဝါသနာအလျောက် ထုံးစံအတိုင်း သူများတွေရဲ့ ပြဿနာတွေကို ဝင်ပါဖြေရှင်းရာကနေတဖြည်းဖြည်း သူတို့အတွက်ပါ ငြိမ်းချမ်းသာယာတဲ့ဘဝလေးကနေ အန္တရာယ်ဖြစ်စေနိုင်တဲ့ထိကိစ္စတွေ ကြုံဆုံလာကြတဲ့အချိန်မှာတော့ နှစ်ဦးသား သူတို့ရဲ့ ထူးချွန်တဲ့ဉာဏ်အစွမ်းနဲ့ဘယ်လိုတွေ ဖြေရှင်းကျော်လွှားသွားကြမလဲဆိုတာ ကြည့်ရမယ့်Mystery အမျိုးအစား Anime စီးရီးလေး ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ အရှေ့မှာ တင်ဆက်ခဲ့ဖူးပြီးသားMystery စီးရီးတစ်ခုဖြစ်တဲ့ Undead Girl Murder Farce ကိုထုတ်လွှတ်ပေးခဲ့တဲ့ Lapin Track ပဲ ဖြစ်ပါတယ်။သိတဲ့အတိုင်း စုံထောက်ဆန်ဆန် Mystery အမျိုးအစားဖြစ်လို့ဇာတ်လမ်းက ဝုန်းဒိုင်းကျဲ ...
7.4
TMDb: 7.4/10 18 votes
tv

SHOSHIMIN: How to Become Ordinary

20242025
Secrets We Keep (2025) Season 1 [ Complete ] 6.4
Secrets We Keep (2025) Season 1 [ Complete ] Season 1အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး မကြာသေးခင်ကမှ Netflix က ရိုက်ကူးတင်ဆက်ထုတ်လွှင့်လိုက်တဲ့ Crime Thriller စီးရီးလေးတစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီစီးရီးမှာ အပိုင်း ၆ ပိုင်း ပါဝင်ပြီးတော့ IMDB မှာRating 7.0 အထိ ရထားတဲ့ ကားမို့ မကောင်းမှာပူစရာ မလိုပါဘူး။ဇာတ်လမ်းအကျဉ်း ပြောရရင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မှာ စီစီလီယာ ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့အတူ နေထိုင်ပါတယ်။သူတို့အိမ်မှာ Au Pair လို့ခေါ်တဲ့ ကလေးထိန်းကျောင်းနေစနစ်နဲ့ လာပြီး နေထိုင် ကူညီပေးနေတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေးလည်း ရှိပါတယ်။တစ်နေ့ သူမတို့နဲ့ ခင်မင်တဲ့ အိမ်နီးနားချင်း အိမ်မှာAu Pair အဖြစ်လာနေနေတဲ့ ရူဘီဆိုတဲ့ ကောင်မလေးရုတ်တရတ် ပျောက်ဆုံးသွားတဲ့ အခါမှာ သူမကိုယ်တိုင်လိုက်လံစုံစမ်း ရှာဖွေဖို့ ...
6.4
TMDb: 6.4/10 6 votes
tv

Secrets We Keep (2025) Season 1 [ Complete ]

2025
Mayans M.C. (2018-2023) 8.021
Mayans M.C. (2018-2023)  Mayans M.C. (2018-2023)IMDb Rating (7.5) ဒီဇာတ်လမ်းတွဲလေးကတော့ 2018 ခုနှစ်က ထွက်ရှိထားတဲ့ Crime Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sons of Anarchy ရဲ့ spin off series ဖြစ်ပါတယ်။မင်းသား JD Pardo,Danny Pino, မင်းသမီး Sarah Bolger တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ Elgin James နဲ့ Kurt Sutter တို့ ဖန်တီးထုတ်လုပ်ထားပါတယ်။ဇာတ်လမ်းအကျဉ်းထူးချွန်တဲ့လူငယ်လေးဖြစ်ခဲ့တဲ့ Ez Reyes ဟာ ရဲတစ်ယောက်ကို မတော်တဆ သတ်မိခဲ့ပြီးတော့ ထောင်ကျသွားခဲ့ပါတယ်။ထောင်ကထွက်လာပြီးနောက် ကယ်လီဖိုးနီးယား-ကနေဒါ နယ်စပ် မှာရှိတဲ့ Mayans M.C အဖွဲ့ ထဲကို လူသစ်အဖြစ် ဝင်ရောက်ခဲ့ပြီး သူ့မိသားစု ကို ကာကွယ်ဖို့ နဲ့ လျှို့ဝှက်ချက်တွေကို ...
8.021
TMDb: 8.021/10 778 votes
tv

Mayans M.C. (2018-2023)

2018-2023
Murderbot (2025) 5.5
Murderbot (2025)   Murderbot (2025)Rotten Tomato 98% အထိ ရထားတဲ့ နာမည်ကြီးစီးရီးတစ်ခုဖြစ်တဲ့ မာဒါဘော့ ထွက်လာပါပြီ။မင်းသားကတော့ The Legend of Tarzan ထဲက Alexander Skarsgård ပါပဲ။ဒါရိုက်တာတွေကလည်း Rogue One တို့ Golden Compass တို့လို ရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းဆရာ Chris Weitz, Paul Weitz တို့ပါပဲ။သိပ္ပံစိတ်ကူးယဉ် ဟာသ အက်ရှင် အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ခန်းကြမ်းကြမ်း ဇာတ်လမ်းမိုက်မိုက် နဲ့ ရယ်လည်းရယ်ရမှာပါ။ ဇာတ်လမ်းအကျဉ်းစက်အသိဉာဏ်သုံး လုံခြုံရေး စက်ရုပ်တစ်ရုပ်ဟာ သူ့ခေါင်းထဲက ထိန်းချုပ်စက်ကို သူ့ဘာသာ ပြန်ဟက်နိုင်သွားပြီး လွတ်လပ်သွားပါတယ်။ဒီတော့ သူစိတ်ကုန်နေတဲ့ လူသားတွေအတွက် လုံခြုံရေး လုပ်မပေးချင်တော့ပါဘူး။ကုမ္ပဏီက ဇာတ်လမ်းတွဲတွေကိုပဲ ဒေါင်းလုတ်ခိုးဆွဲပြီး အေးဆေးကြည့်နေချင်တာပါ၊ (ချန်နယ်မြန်မာ App ထည့်ထားပေးရမဲ့ စက်ရုပ်မျိုးပါ)။ဒါပေမဲ့ သူထွက်မပြေးရဲပါဘူး၊ ကုမ္ပဏီက လိုက်ရှာပြီး အရေကြိုခံရမှာ ...
5.5
TMDb: 5.5/10 2 votes
tv

Murderbot (2025)

2025
Game of Succession (2025) 6
Game of Succession (2025) Game of Succession (2025) *************************အပိုင်းသစ် 10-11အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Mekhin နဲ့ Monmeena အဖြစ်Alek Teeradetch Metawarayut နဲ့ Gina Yeena Salas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း -------------အမေဖြစ်သူ ဆုံးပါးသွားရာကအစပြုပြီး ပျောက်ဆုံးနေခဲ့တဲ့ အမွေပစ္စည်းတွေရယ်...ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေများစွာကြားကနေမှ Mekhin က သူ့အတွက်သူတရားမျှတမှုကို ရှာဖွေပြီး အမွေဆက်ခံသူဆိုတဲ့ နေရာကို ဘယ်လိုအရယူသွားမလဲဆိုတာဒီဇာတ်လမ်းမှာ ဆက်လက်စောင့်ကြည့်ပါဦးနော်...Thriller, mystery, drama type ဇာတ်လမ်းဖြစ်လို့ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရင်းလျှို့ဝှက်ချက်တွေကို ခန့်မှန်းအဖြေရှာလို့ကောင်းဦးမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ...ဇာတ်လမ်းအညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ်...Drama: Game of Succession Genres: Thriller, Mystery, Romance, Drama Country: Thailand Episodes: 10 Aired: Apr 10, 2025 - ? Aired On: Wednesday, Thursday Original Network: Channel 3 Translated by ...
6
TMDb: 6/10 votes
tv

Game of Succession (2025)

2025
Love, Death & Robots (2019-2025) Complete 8.2
Love, Death & Robots (2019-2025) Complete   Love, Death & Robots (2019-2025)IMDb Rating (8.4) / Rotten Tomatoes (86%) ချစ်ခြင်း၊သေဆုံးခြင်းနဲ့စက်ရုပ်များ...ကမ္ဘာကြီးက ပျက်စီးလာနေပါပြီ...အတ္တတွေ လောဘတွေ ရှေ့တန်းတင်ထားမှတော့ ချစ်ခြင်းမေတ္တာလဲ သေဆုံးခဲ့ချေပေါ့....စိမ်းလန်းတဲ့မျက်ခင်းပြင်တွေ ဖြူစင်တဲ့အပြုံးတွေ ရိုးသားတဲ့ပတ်ဝန်းကျင်တွေ ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာ စက်ရုပ်တွေနဲ့စက်ရုပ်လိုလူတွေပဲရှင်သန်ခဲ့ချေပေါ့...ဒီလိုခမ်းခြောက်တဲ့ကမ္ဘာကြီးဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး ကျွန်တော်တို့ပတ်ဝန်းကျင်မှာကို စတင်ထိတွေ့နေရပါပြီ...လူမှုစံနှုန်းတွေကို အတ္တတွေလောဘတွေကြောင့် ချေနင်းခဲ့ကြတဲ့လူသားတွေအတွက် ကမ္ဘာကြီးကပြန်ပေးမယ့်လက်ဆောင်ကတော့ စက်ရုပ်နှလုံးသားတွေပါပဲ...ဒီလိုအတွေးတွေကို ကြိုပြီးချပြခဲ့တာကတော့ David Fincher နဲ့ Tim Miller တို့ရဲ့ Love, Death & Robots animated short film စီးရီးလေးပါပဲ။Season ၃ ခုထွက်ထားပြီး Season-1 မှာ ၁၈ ပိုင်း၊ Season-2 မှာ ၈ ပိုင်းနဲ့ Season-3 မှာ ၉ ပိုင်း၊ အခု 2025 မှာ ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots (2019-2025) Complete

2019
Shark 2: The Storm (2025) [Complete] 8.9
Shark 2: The Storm (2025) [Complete] Shark 2: The Storm (2025)**************************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး 2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shark : The Beginning ရဲ့အဆက် အမိုက်စား အက်ရှင် Webtoon ကိုပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့လာပါပြီ။ဒီတစ်ခါတော့ The Queen Who Crowns ထဲက ဘုရင်ကြီးကို ဗီလိန်ဇာတ်ရုပ်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီးKim Min-Suk, Wi Ha-joon နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-Cha Woo-Sol (Kim Min-Suk) ဟာ ထောင်ကလွတ်လာပြီးနောက်ပိုင်း ထောင်ထွက်ဆိုတဲ့အမည်းစက်ရှိသော်လည်း နေ့စဥ်ဘဝကို လုံ့လဝီရိယရှိရှိနေထိုင်ရင်း ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်သင်ကြားနေသူပါ။တစ်နေ့မှာတော့ Hyun Woo-Yong(Lee Hyun-Wook) လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင်ကိုယ်ခံပညာပြိုင်ပွဲတွေကို ဦးစီးပြုလုပ်ပြီး ပျော်ပါးလေ့ရှိသူ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာCha Woo-Sol ရှေ့ကို အမှတ်မထင်ရောက်ရှိလာပြီး မပြိုင်ချင်တဲ့ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့အတွက်ခြိမ်းခြောက်ဖိအားပေးခြင်း ခံလိုက်ရတဲ့အခါမှာတော့ Cha ...
8.9
TMDb: 8.9/10 306 votes
tv

Shark 2: The Storm (2025) [Complete]

2025
Fake Profile S02 (2025) [Complete] 7.319
Fake Profile S02 (2025) [Complete] Fake Profile S02 (2025) *********************** အပိုင်း (၁ မှ ၁၀) စ/ဆုံး365 Days လိုမျိုး ကြမ်းကြမ်းတမ်းတမ်း ကိုလံဘီယာစီးရီးလေးဖြစ်တဲ့ Fake Profile ဟာဆိုရင် S2 ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ အရင် S1 မှာတုန်းက ပရိုဖိုင်အတုနဲ့ ပတ်ပြီးမွှေခဲ့သလိုမျိုးပဲ ယခု S2 မှာလည်း ပရိုဖိုင်အတုကိုသုံးပြီးတော့ ဘယ်လိုအရှုပ်တွေ ဖြစ်လာဦးမလဲ ကြည့်ရှုပေးကြပါဦး။ကာမီလာတစ်ယောက် မီဂဲလ်နဲ့ ကိစ္စတွေ ပြတ်သွားတဲ့နောက်မှာ ဒါဗီနဲ့ အကြောင်းပါပြီး လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ကာမီလာက ဒါဗီနဲ့ လက်ထပ်ခါနီးအချိန်မှာပဲ မီဂဲလ်ဟာ ကာမီလာရဲ့ရှေ့ကို ပြန်ပေါ်လာခဲ့ပြန်ပါတယ်။အဲဒီအပြင် အန်ဂျယ်လာကလည်း ထောင်ထဲကနေ နှစ်မပြည့်သေးဘဲ တရားဝင် လွတ်လာခဲ့ပါတော့တယ်။ကာမီလာတစ်ယောက် မင်္ဂလာဆောင်ခါနီးအချိန်လေးမှာ ဒီလိုမျိုး ဂယက်တွေ ထနေခဲ့တာနဲ့တင် မပြီးသေးပါဘူး၊ သူ့ပတ်ဝန်းကျင်ကလူတွေကြားထဲမှာ ပရိုဖိုင်အတုကို သုံးပြီးတော့ လိင်ဆက်ဆံကာ နှလုံးဖောက်ပြီးသေအောင်လိုက်သတ်နေတဲ့ လူသတ်သမားက ပေါ်လာပြန်ပါသေးတယ်။ဒီလိုနဲ့ ကာမီလာတစ်ယောက် မင်္ဂလာပွဲကို အောင်မြင်အောင် ကျင်းပနိုင်သွားမှာလား .....ပရိုဖိုင်အတုကို သုံးပြီး လိုက်သတ်နေတဲ့ လူသတ်သမားကရော ...
7.319
TMDb: 7.319/10 171 votes
tv

Fake Profile S02 (2025) [Complete]

2025
The Devil’s Plan 2: Death Room (2025) 205
The Devil’s Plan 2: Death Room (2025) The Devil’s Plan 2: Death Room (2025)*************************************အပိုင်းသစ် (၅ မှ ၉) ဆုကြေးငွေ ဝမ် ၅၀၀ မီလီယမ်ရဖို့အတွက် စိတ်အား ဉာဏ်အားအဖက်ဖက်ကနေထည့်သွင်းစဉ်းစားဖော်ထုတ်ရတဲ့ နည်းဗျူဟာမြင့် game show တစ်ခုဖြစ်တဲ့The Devil Plan ဟာ Season 1 မှာ အောင်မြင်မှုများစွာရခဲ့တာနဲ့အမျှယခုနှစ်မှာတော့ season 2 ထွက်ရှိလာပါပြီ။ဒီ season 2 မှာဆိုရင်တော့ season 1 တုန်းကထက် ပိုမိုပြင်းထန်ပြီး ခေါင်းစားရတဲ့ဂိမ်းတွေပါဝင်လာမှာ ဖြစ်တဲ့အပြင် ထောင်ချောက်ဆင်ထားတဲ့တံခါးဝတွေလည်း ပါလာကာကစားသမားတွေဟာလည်း အပေးအယူလုပ်တာ တိုကင်ပြားတွေ လဲလှယ်တာ ပြိုင်ဘက်ကိုထောင်ချဖမ်းဆီးတာတွေအတွက် ဆုကြေးပါရဦးမှာပါ။ယခုတစ်ခေါက်မှာတော့ Season 1 မှာ ပါဝင်ခဲ့တဲ့သူတွေ မဟုတ်ဘဲ Super Junior အဖွဲ့ဝင်Kyuhyun, EXchange 2 ထဲက ကျွန်တော်တို့ မောင်လေး team ရဲ့ ...
205
TMDb: 205/10 8.7 votes
tv

The Devil’s Plan 2: Death Room (2025)

How to Cheat Death (2025) 9.714
How to Cheat Death (2025)   How to Cheat Death (2025)နက်ဖလစ်ထုတ် ဖိလစ်ပိုင် မီနီစီးရီးစ်အသစ်လေးပါ။လာရာနဲ့ မီဂယ်တို့ဟာ မတူညီတဲ့အသိုင်းအဝိုင်း၊ မတူညီတဲ့ဘ၀တွေ၊ လမ်းကြောင်းတွေဆီကလူငယ်နှစ်ဦးဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆို ဘယ်လိုမှနီးစပ်နိုင်စရာ ဆုံတွေ့နိုင်စရာမရှိတဲ့ သူတို့နှစ်ယောက်ဘ၀တွေဟာတစ်နေ့မှာတော့ထူးဆန်းစွာဆုံဆည်းဖို့ဖြစ်လာပါတော့တယ်။အဲ့ဒါကတော့ မိုးသည်းထန်တဲ့ညတစ်ညမှာ နှစ်ဦးလုံး ပြိုင်တူမိုးကြိုးပစ်ခံလိုက်ရပြီး ဆေးရုံတစ်ခုတည်းကို ရောက်သွားခဲ့ကြတာပါပဲ။ဆေးရုံရှေ့မှာ မတော်တဆဝင်တိုက်မိရင်း လူချင်းမခွာခင် သူတို့မျက်စိရှေ့က လူတစ်ယောက်ကို ကားတိုက်မိလုဆဲဆဲမြင်ကွင်းကိုမြင်မိတဲ့အတွက်ပြိုင်တူကယ်တင်လိုက်နိုင်ရာကနေလူတွေရဲ့သေဆုံးမှုတွေကို မဖြစ်ခင် ကြိုတင်မြင်နိုင်နေတာ သူတို့ကိုယ်သူတို့သတိထားမိသွားပါတော့တယ်။အဲ့ဒီအစွမ်းကိုအသုံးချပြီး လူတွေကိုကယ်တင်ရင်းကနေ အချင်းချင်းသံယောဇဉ်တွယ်လာသလို၊သေဆုံးဖို့ကံပါလာတဲ့ လူတွေကို မသိလိုက်ပဲကယ်တင်မိနေတဲ့လုပ်ရပ်တွေကြောင့် တစ်ဖက်က သဘာ၀တရားကြီးရဲ့အစီအစဉ်ကိုဝင်စွက်သလိုဖြစ်တဲ့အတွက်နောက်ဆက်တွဲအကျိုးဆက်တွေကလည်း သူတို့နောက်ကိုထပ်ချပ်လိုက်လာတော့မှာဖြစ်ပါတယ်။ဒါတွေကို ဆယ်ကျော်သက်လူငယ်လေးတွေပဲရှိသေးတဲ့ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ရှုစားကြည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (500 MB) / (200 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 00:30:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
9.714
TMDb: 9.714/10 7 votes
tv

How to Cheat Death (2025)

2025
Scrublands (2023) 7.4
Scrublands (2023) Scrublands (2023) Completed Mini Series ဒီတစ်‌ခါတော့ ဩဇီ Crime Thriller အမျိုးအစား စီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးခေါင်ရေကြီး ရာသီဥတုဖောက်ပြန်တာတွေ အမြဲကြုံတွေ့ရတဲ့ လူဦးရေကျိုးတို့ကျဲတဲနဲ့ ရေးဗားဆန်းဆိုတဲ့ မြို့လေးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစုအလိုက်အပြုံလိုက်လူသတ်မှုဖြစ်ခဲ့တာကနေ ဇာတ်လမ်းစပါတယ်။ သတ်တဲ့တရားခံကလည်း မြို့သားတွေ လေးစားချစ်ခင်တဲ့၊ မြို့အတွက်ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တဲ့ ဖာသာဆွစ်ဖ် ပါတဲ့။ ဘုရားကျောင်းရှေ့မှာ လူ၅ယောက်ကို သူ သေနတ်နဲ့ပစ်သတ်အပြီးမှာပဲ ရဲအရာရှိက သူ့ကိုပစ်သတ်ခဲ့ပါတယ်။ ဖာသာဆွစ်ဖ်ကလည်း ကလေးမုဒိန်းကျင့်တဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး မီဒီယာတွေက ထင်သလိုရေးကြပါတော့တယ်။ ဒီအဖြစ်ဆိုးကြီး ကြုံရပြီး တစ်နှစ်လောက်နေတော့ ဂျာနယ်လစ်မာတင်ဆိုသူက ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းစာအတွက် ဇာတ်လမ်းရေးဖို့ ရေးဗားဆန်းကို ရောက်လာပါတယ်။ အသတ်ခံရတဲ့သူတွေက ကလေးတွေ အမျိုးသမီး‌တွေမပါဘဲ ယောကျာ်းတွေချည်း ဖြစ်နေတာရယ်၊ မြို့သူမြို့သားအချို့ကို အင်တာဗျူးပြီး မတူတဲ့အမြင်တွေရလာတာရယ်ကြောင့် ဖာသာဆွစ်ဖ်အကြောင်းကို ပိုစုံစမ်းဖို့ရာဖြစ်လာပါတယ်။ ဖာသာဆွစ်ဖ်နဲ့ သေသွားတဲ့သူတွေ ...
7.4
TMDb: 7.4/10 5 votes
tv

Scrublands (2023)

2023
Ayyana Mane (2025) 8
Ayyana Mane (2025) Ayyana Mane (2025) ကျိန်စာလေလား သို့မဟုတ်...IMDb - 7.6/10ဒီတစ်ခါမှာတော့ CM Bollywood ပရိသတ်တို့အတွက် mystery thriller အမျိုးအစား မီနီစီးရီးလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျာဂျီတစ်ယောက် အာယာနာစံအိမ်ကြီးကို လက်ထပ်ဖို့အတွက် ရောက်လာပါတယ်။ ဒီမိသားစုက အရှင်ကွန်ဒါယာကို ကိုးကွယ်တာဖြစ်ပြီး ချွေးမသစ်လေးကို ကြိုဆိုဖို့အတွက် ပူဇော်ပွဲတွေပြင်ရဆင်ရနဲ့ အလုပ်များနေကြတာပေါ့။ဒီလိုနဲ့ ဂျာဂျီတစ်ယောက် အိမ်ထဲဝင်ဝင်ချင်းပဲ အကောင်းတိုင်းရှိနေတဲ့ သတို့သား ဒွတ်ရှ်ယန်တာရဲ့အဖေက ကောက်ခါငင်ခါ နှလုံးဖောက်ပြီးဆုံးသွားပါသတဲ့။ ဒီလိုနဲ့ မင်္ဂလာအိမ်ကနေ နာရေးအိမ်ဘဝပြောင်းပြီး ညီအစ်ကိုတွေလည်း ဒေါသနဲ့ ရန်ဖြစ် ထိုးကြိတ်ကြရင်းပေါ့။ဒါပေမဲ့ ဂျာဂျီအတွက် ထူးဆန်းနေတာက အဘိုးကြီးရဲ့နာရေးကို ဘယ်သူ့ကိုမှမခေါ်ဘဲ မိသားစုဝင်တွေပဲ ပြင်ဆင်နေကြတာပါပဲ။ဒီလိုနဲ့ သိချင်စိတ်ကိုတားမရလို့ ဒွတ်ရှ်ယန်တာရဲ့ အစ်ကိုတွေရဲ့ဇနီးတွေအကြောင်းမေးရာက အာယာနာမိသားစုက ချွေးမတွေအကုန် သေသွားပြီဆိုတဲ့အကြောင်း သိလိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)File Size – 300 MB (Appx;)@EpisodeQuality ...
8
TMDb: 8/10 1 votes
tv

Ayyana Mane (2025)

2025
Black, White & Gray – Love Kills (2025)
Black, White & Gray – Love Kills (2025) Black, White & Gray - Love Kills (2025)"မသဲကွဲခြင်းများ" ============================================စိတ်ကူးယဉ်ဇာတ်လမ်းကိုမှ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ဖန်တီးထားတဲ့ ဟင်ဒီစကားပြော မှုခင်း Mockumentary လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက အိန္ဒိယမှာ လူသဝာ်မှုတစ်ခုဖြစ်သွားတယ်။ လူလေးယောက်သေခဲ့တဲ့ ကွင်းဆက်လူသဝာ်မှုပေါ့။ဒါပေမဲ့ အဲဒီကွင်းဆက်မှုရဲ့ သံသယတရားခံက လွတ်နေတယ်။နောက် ၂ နှစ် ကြာတဲ့အချိန်မှာ အဲဒီအမှုကို နိုင်ငံခြားသားသတင်းထောက်တစ်ယောက်က စိတ်ဝင်စားသွားတယ်။ အဲဒီအမှုနဲ့ပတ်သက်တဲ့သူတွေကို အင်တာဗျူးပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖိုလုပ်တယ်။ အဲဒီကနေ ဒီဇာတ်လမ်းတွဲဖြစ်လာတယ်။ဒီဇာတ်လမ်းတွဲက Pseudo documentary ဆိုပေမဲ့ ဇာတ်လမ်းချိတ်ဆက်ထားပုံတွေက ပရိသတ်ကို စကြည့်မိတာနဲ့ ဆုံးတဲ့ထိကြည့်ချင်အောင် ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ဒီအမှုမှာ တကယ်ကျူးလွန်ခဲ့တဲ့သူက တကယ်ပဲ သံသယတရားခံကောင်လေးလား၊ အမှန်နဲ့ အမှားဆိုတာ အဖြူမည်းသက်သက်ပဲလား၊ ဒီအမှုတွဲတွေက ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းတွဲထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB ...

Black, White & Gray – Love Kills (2025)

2025
Endless Protection (2025)
Endless Protection (2025) အသက်မပြည့်သေးသူတွေရဲ့ တရားရေးအမှုတွေကို အဓိကထားတဲ့အမှုစစ်အရာရှိလင်ကျစ်ထောင်နဲ့ လက်ထောက်ပိုင်အန်းယွီတို့ကအတူလက်တွဲကာ စစ်ဆေးရေးအဖွဲ့တည် ထောင်ခဲ့ပြီး ကလေးတွေအတွက် လူ့မိစ္ဆာတွေကို တိုက်ခိုက်ခဲ့ကြတယ်။ဒီခရီးလမ်းက သည်းထိပ်ရင်ဖိုမှုတွေနဲ့ စတင်ခဲ့ပြီးတော့ ပေးဆပ်ခြင်းတွေနဲ့ အဆုံးသတ်ခဲ့တယ်။ကလေး တွေရဲ့အမှုတွေကို ဆရာတပည့်အမှုစစ်နှစ်ယောက်ကလက်တွဲညီညီနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖို့ ကောင်းစွာ စောင့်ကြည့်ရမှာပါပိုင်အန်းယွီအဖြစ် မတွေ့ရတာကြာပြီဖြစ်တဲ့ သုံးဟွာသိကျွင်းကို မတူညီတဲ့ ကာရိုက်တာသစ်တစ်ခုနဲ့ မြင်တွေ့ရမှာပါ။လင်ကျစ်ထောင်အဖြစ် Ren Su Xi က ပါဝင်ထားဝာာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်==========================================Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Thriller, Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Minnie Reviewed By Encoded by LK======================================Ep 1 (720p) ...

Endless Protection (2025)

2025
Chernobyl (2019) 8.684
Chernobyl (2019) Chernobyl (2019)ဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~~~~~~~လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင်ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပ္ပံပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ ...
8.684
TMDb: 8.684/10 6798 votes
tv

Chernobyl (2019)

2019
Destiny (2024) 8.4
Destiny (2024) Destiny (2024)***********************အပိုင်းသစ် (၁ မှ ၉) စ/ဆုံး ပျော်ရွှင်မှုဆိုတာကို တောင့်တခဲ့တဲ့ကောင်မလေးတစ်ယောက်…..ပျော်ရွှင်မှုဟာ ရောက်လာခဲ့ပေမဲ့လည်း တစ်သက်တာ မတည်မြဲခဲ့တဲ့အခါမှာ ဘဝကိုဘယ်လိုခံစားချက်တွေနဲ့ ဆက်ပြီး ဖြတ်သန်းမလဲ...ခါနာဒဲဆိုတဲ့ကောင်မလေးဟာ အလယ်တန်း တတိယနှစ်ရောက်လာတဲ့အချိန်မှာ အဖေဖြစ်သူဟာမိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ သေဆုံးမှုအပြီးမှာ အမေဖြစ်သူနဲ့အမေ့ဇာတိ နာဂိုနိုမြို့ကို ပြောင်းရွေ့နေထိုင်ကာ ဘဝကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ခါနာဒဲဟာ ဆုံးပါးသွားတဲ့သူမရဲ့အဖေလို အမှုစစ်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့အတွက် တက္ကသိုလ်မှာဥပဒေမေဂျာယူခဲ့ကာ ဘဝအတွက် သူငယ်ချင်းအဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝဖော်ပြနိုင်တဲ့ သူငယ်ချင်းလေးယောက်နဲ့ဆုံတွေ့ခဲ့ရတာ သူမရဲ့ဘဝဟာ ပန်းခင်းသဖွယ် သာယာပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။သို့သော်လည်း သူမအဖေရဲ့ သေဆုံးမှုမှာ သူငယ်ချင်းမိဘတွေ ပါဝင်နေတယ်ဆိုတာ သိလာခဲ့တဲ့နောက်မှာသူတို့ သူငယ်ချင်းဆက်ဆံရေးဟာ ဆုံးခန်းတိုင်ခဲ့ကြပါတယ်။ အချိန်ကာလကြာလာပြီးနောက် ခါနာဒဲဟာအမှုစစ်ဖြစ်လာခဲ့ပြီးနောက် အဖေဖြစ်သူ သေဆုံးမှုနဲ့ ဆက်စပ်တဲ့အမှုတွေကို တွေ့ရှိလာရချိန် သူ့အဖေအမှုကိစ္စရဲ့ အမှန်တရားကို ရှာဖွေဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်။ဒီအမှန်တရားနောက်ကွယ်မှာ သူငယ်ချင်းမိဘတွေက တကယ်ပဲ ပါဝင်ပတ်သတ်နေသလား..သူငယ်ချင်းဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်သွားမလဲ...ခါနာဒဲကရော နောက်ဆုံးမှာ အေးချမ်းတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာ ဖြစ်တာမို့ ...
8.4
TMDb: 8.4/10 8 votes
tv

Destiny (2024)

2024
Vagabond (2019) 8.262
Vagabond (2019) Vagabond 2019 *************စ/ဆုံးကျွန်တော်တို့တွေ အခုအချိန်အထိ S2 လာဖို့ တသသ မျှော်လင့်နေရတဲ့ စီးရီးတွေထဲက တစ်ခုဖြစ်တဲ့Vagabond ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...4K Quality ထိ Update တင်ဆက်ထားတာမလို့ ပြန်လည်ခံစားလိုက်ကြပါဦးဗျာ...ဇာတ်လမ်းအကျဉ်း -------------အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်...သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်...သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်ပြီးသေဆုံးသွားခဲ့တယ်...ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာမော်ရိုကိုကို သူလိုက်သွားခဲ့တယ်...သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်...အဲဒီနောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်လိုက်ပါဦး...ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်...မင်းသားဖြစ်တဲ့ အီဆွန်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...ပရိသတ်အချစ်တော် မင်းသမီး ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်...Drama: Vagabond Genres: Action, Thriller, Mystery, Crime Country: South Korea Episodes: 16 Aired: Sep 20, 2019 ...
8.262
TMDb: 8.262/10 463 votes
tv

Vagabond (2019)

2019