Channel Myanmar

2000

Snatch (2000) 8.3
Snatch (2000) Snatch(2000)IMDb Rating (8.2) / Rotten Tomatoes (74%)Brad Pitt, Jason Statham , Vinnie Jones တို့လို မင်းသားကြီးတွေနဲ့ ဒီရုပ်ရှင်က ဒါရိုက်တာကြီး Guy Ritchie ရဲ့ dark comedy crime film ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.... စိန်တုံးကြီးတစ်တုံးကိုအခြေတည်လို့ လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ် စတဲ့အဖွဲ့ပေါင်းစုံကြားက ဇာတ်ရှုပ်တွေကိုထိုင်ကြည့်ရမှာပါ။ စိန်တုံးကိုလိုက်ကြရင်း လူ့သဘော လူ့မနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်။ File size…(6.9 GB) / (1.9 GB )/ (910 MB) Quality…BluRay  4K HEVC/ 1080p HEVC / ...
movie

Snatch (2000)

2000
4K HEVC
Girlfight (2000) 6.7
Girlfight (2000)  Girlfight (2000)IMDb Rating (6.7) / Rotten Tomatoes (87%) ဒီဇာတ်ကားကတော့ ၂၄နှစ်အတွင်းအကောင်းဆုံး လက်ဝှေ့ဖိုက်တာကားဆိုပြီးသတ်မှတ်ထားတဲ့ဇတ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Karyn Kusama နဲ့အဓိက အမျိုးသမီးသရုပ်ဆောင် Michelle Rodriguezတို့ကိုအနုပညာလမ်းကြောင်းမှာအောင်မြင်ကျော်ကြားလျှောက်လှမ်းနိုင်အောင်စတွန်းတင်ပေးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Karyn Kusama ရဲ့တကယ့်အတွေ့အကြုံတွေကို ထင်ဟပ်ပြသတဲ့ကားလို့လဲဆိုကြပါတယ်။ အမေရိကန်နိုင်ငံကလက်တင်နိုတွေရဲ့ဘဝနဲ့ အလုပ်သမားလူတန်းစားရဲ့ဘဝကို သဘာဝကျကျဖော်ပြပေးနိုင်တယ်လို့လဲဆိုကြပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာဆုရထားတဲ့ ဇာတ်ကားဖြစ်သလို Michelle Rodriguez ကလည်းဒီဇတ်ကားနဲ့ဆုတွေရထားပါတယ်။ဇာတ်လမ်းအကျဥ်းဒိုင်ယာနာဂူးဇ်မန်း(Michelle Rodriguez)ဟာ မိန်းကလေးမဆန်တဲ့မိန်းကလေးဖြစ်ပြီး ကျောင်းစာမှာစိတ်ဝင်စားတာနည်းသလို အတန်းဖော်နဲ့လည်းရန်ဖြစ်လို့ နောက်တစ်ခါဆိုကျောင်းထုတ်ခံရမယ်သတိပေးခံထားရပါတယ်။ သူ့အဖေကလည်း သူ့ကိုပြဿနာအိုးလေးဆိုပြီး မကြည်တဲ့အပြင် သူ့အဖေနဲ့လည်းခဏ ခဏစကားများပါတယ်။သူ့အမေကကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပြီး သူ့မှာတိုင်နီဆိုတဲ့မောင်တစ်ယောက်ရှိပါတယ်။တိုင်နီ့ကို သူ့အဖေက ဂျင်မ်တစ်ခုမှာလက်ဝှေ့ကျင့်ခိုင်းထားပါတယ်။တစ်ရက်သူ့အဖေက ဒိုင်ယာနာကို တိုင်နီ့အတွက်လက်ဝှေ့နည်းပြကိုပိုက်ဆံသွားပေးခိုင်းပါတယ်။ တိုင့်နီကို အနိုင်ကျင့်တဲ့ ရေးဆိုတဲ့ လက်ဝှေ့လေ့ကျင့်နေတဲ့ကောင်လေးကို ဒိုင်ယာနာက ထိုးပစ်လိုက်ပါတယ်။ ဒိုင်ယာနာက လက်ဝှေ့မှာစိတ်ဝင်စားသွားပြီးသူ့ကို လက်ဝှေ့ကျင့်ပေးဖို့ ဆရာဟက်တာ့ကိုပြောတော့ တစ်ချိန်ကို ၁၀ ဒေါ်လာနဲ့သင်ပေးဖို့ သဘောတူလိုက်ပါတယ်။သူ့အဖေဆီက ပိုက်ဆံတောင်းမရတာနဲ့ဒိုင်ယာနာက သူ့အဖေဆီက ပိုက်ဆံခိုးပြီး လက်ဝှေ့လေ့ကျင့်ပါတယ်။အပြန်အလှန်ထိုးတာကိုလေ့ကျင့်တဲ့အခါယောကျာ်းလေးတွေနဲ့ကျင့်ရပါတယ်။ အားကစားခန်းမမှာ ...
movie

Girlfight (2000)

2000
Screwed (2000) 5.7
Screwed (2000)  Screwed (2000)IMDb Rating (5.7) / Rotten Tomatoes (10%) 2000 ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Screwed ဇာတ်ကားဟာဆိုရင် Comedy/ Crime အမျိုးအစားဖြစ်ပါတယ်။ ကပ်စေးနဲလှတဲ့ မုန့်တိုက်ပိုင်ရှင် Miss Crock ဆီမှာ နှစ်တွေအကြာကြီး အစေခံအနေနဲ့ အလုပ်လုပ်လာရတဲ့ Willard နဲ့ သူ့သူငယ်ချင်း ကြက်ကြော်သည်လေး Rusty တို့က Miss Crock ရဲ့ ခွေးကလေး Muffin ကို ပြန်ပေးဆွဲပြီး ဒေါ်လာတစ်သန်းတောင်းရာကနေ ရှင်းမရတဲ့ အရှုပ်တော်ပုံတွေဖြစ်လာတဲ့အ‌ကြောင်းကို ရယ်မောဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် Miss Crock ရဲ့ သောက်ကျိုးနည်း ကပ်စေးနဲပုံတွေ၊ Willard ရဲ့လုပ်အားအမြတ်ထုတ်ခံရပုံ၊ ဘာပံ့ပိုးထောက်ပံ့မှုမှမရပုံတွေ၊ ဒီအလုပ်ကထွက်ဖို့ ကြိုးစားရင်း Rusty နဲ့အတူ ခွေးကလေးကို ပြန်ပေးဆွဲဖို့ ပလန်ကြတဲ့အခါ အလွဲလွဲ အချော်ချော်ဖြစ်လာတာတွေကို ရယ်ရယ်မောမောကြည့်ရှုရမှာမို့လို့ ဟာသကားကြိုက်သူတွေအတွက် ...
movie

Screwed (2000)

2000
The Adventures of Rocky & Bullwinkle (2000) 4.3
The Adventures of Rocky & Bullwinkle (2000)  The Adventures of Rocky & Bullwinkle (2000)IMDb Rating (4.3) / Rotten Tomatoes (42%) "The Adventures of Rocky & Bullwinkle" သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။)File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N ...
movie

The Adventures of Rocky & Bullwinkle (2000)

2000
Pokémon 3: The Movie (2000) 5.8
Pokémon 3: The Movie (2000)  Pokémon 3: The Movie (2000)IMDb Rating (5.8) / Rotten Tomatoes (20%) ပိုကီမွန် လေ့ကျင့်ပေးတဲ့ trainer ပေါက်စလေး အက်ရှ်နဲ့ သူ့အခင်ဆုံး သူငယ်ချင်း တို့ တစ်ခု အစိမ်းရောင်နယ်မြေကို ခရီးသွားကြတဲ့အခါ ..........သာယာလှတယ်လို့ ဂုဏ်သတင်းကြီးတဲ့ အစိမ်းရောင်နယ်မြေက ကြားထားတာနဲ့ လုံးဝမတူ ပြောင်းလဲနေခဲ့ပါတယ်.......သူ့အမေက အဲ့နယ်မြေထဲကို ခေါ်သွားခံခဲ့ရတဲ့အခါ အက်ရှ်တစ်ယောက်ဘယ်လိုတေွစွန့်စားခရီးထွက်ပြီး ပိုကီမွန်လေးတွေနဲ့ ဖြေရှင်းမယ်ဆိုတာကို  ........ရင်သက်ဖွယ်ကြည့်ရမယ့် ဇာတ်ကားကောင်းပါ။ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ ပိုကီမွန်ကားထဲက တစ်ခုပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ EmmA ဖြစ်ပါတယ်။)File size…(1.5 GB) / (770 MB) Quality….WEB-DL 1080p / 720p Format…. mp4 Genre….Action,Adventure,Animation,Familly,Fantasy Duration….01:13:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by  EmmA 
movie

Pokémon 3: The Movie (2000)

2000
Doraemon: Nobita and the Legend of the Sun King (2000) 7.1
Doraemon: Nobita and the Legend of the Sun King (2000)  Doraemon: Nobita and the Legend of the Sun King (2000)IMDb Rating (7.1) ကျောင်းကပွဲအတွက် နိုဘီတတို့သူငယ်ချင်းတွေ လေ့ကျင့်နေကြတဲ့အချိန်မှာ ခံစားချက်ထည့်လို့ကောင်းဖို့ ဒိုရေမွန်က ဇာတ်ခုံအပြင်အဆင်တွေကို တကယ့်အစစ်အတိုင်း သူ့အိတ်ကပ်ထဲက စက်တစ်ခုကိုသုံးကာ ပြင်ပေးထားပါတယ်။ပြဇာတ်လေ့ကျင့်ပြီးလို့ နားနေကြတုန်းမှာ ကျိုင်းယန့်က အဲဒီစက်ကို လုယူသွားလို့ ဒိုရေမွန်တို့ စက်ကိုပြန်ယူဖို့ အချိန်ပေါက်စက်ကို သုံးရပါတော့တယ်။ အချိန်ပေါက်စက်နဲ့ ကျိုင်းယန့်အိပ်ခန်းထဲကို ညအချိန်ပြောင်းပြီး ဝင်ယူဖို့လုပ်ပေမယ့် နိုဘီတကြောင့် ကျိုင်းယန့်နိုးသွားပြီး မအောင်မြင်ခဲ့ပါဘူး။ဒါ့အပြင် မထင်မှတ်ဘဲ အချိန်ပေါက်စက်ပါ ပျက်စီးသွားပါတော့တယ်။ အချိန်‌ပေါက်စက်က ချို့ယွင်းသွားပြီး မာရာနာတိုင်းပြည်လို့ခေါ်တဲ့ နေရာတစ်ခုနဲ့ သွားချိတ်ဆက်နေမိတာပါ။ ဒီလိုနဲ့ နိုဘီတနဲ့ဒိုရေမွန်တို့ ဝင်ကြည့်မိရင်း ကြုံတွေ့ရမယ့် စွန့်စားခန်းတွေကတော့... (အညွှန်းနဲ့ဘာသာပြန်ကတော့ Benni ဖြစ်ပါတယ်။)File size…(2.6 GB) / (980 MB) Quality….WEB-DL 1080p / 720p Format….mp4 Genre….Adventure,Animation,Family,Fantasy,Science Fiction Duration….01:31:49 Subtitle….Myanmar ...
movie

Doraemon: Nobita and the Legend of the Sun King (2000)

2000
Lost Souls (2000) 4.8
Lost Souls (2000)  Lost Souls (2000)IMDb Rating (4.8) / Rotten Tomatoes (8%) ရုပ်ရှင်အကြောင်းမပြောခင် အခြေခံအကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ပထမတစ်ခုက စာတန်မာရ်နတ် (Satan)ပါ။ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး အဆိုးယုတ်ဆုံးစွမ်းအားတွေရဲ့ အရင်းအမြစ်၊ လူသားတွေကို ဘုရားသခင်ထံမှ ခွဲထုတ်ဖို့ ကြိုးပမ်းသူ၊ လှည့်ဖြားမှုတွေ၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်သူဖြစ်ပါတယ်။တပည့်တပန်းမိစ္ဆာတွေကို ကမ္ဘာမြေပေါ်လွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေတတ်သူဖြစ်ပါတယ်။နောက်တစ်ခုက ခရစ်တော်၏ ရန်သူတော် (Antichrist)ပါ။ သူကတော့ အန္တိမကာလ (End Times)မှာ ပေါ်ထွန်းလာမယ့် ယုတ်မာသော၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လူသားတွေကိုလှည့်စားပြီး ဘုရားသခင်ကိုငြင်းပယ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ဗျာဒိတ်တော်ကျမ်း(Revelation) မှာ Antichrist ကို သားရဲကြီး (The Beast) လို့ ဖော်ပြထားပြီး စာတန်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ မာယာ (Winona Ryder)ဟာ ဘုန်းတော်ကြီးတစ်စုနဲ့အတူ နတ်ဆိုးနှင်ပွဲတစ်ခုမှာပါဝင်ခဲ့ရာကနေ စာတန်မာရ်နတ်ရဲ့ အနာဂတ်အကြံအစည်တွေကို ...
movie

Lost Souls (2000)

2000
A Dog’s Will (2000) O Auto da Compadecida 8.6
A Dog’s Will (2000) O Auto da Compadecida A Dog's Will (2000)IMDb Rating (8.6) / Rotten Tomatoes (94%) ဂန္တဝင်ဇာတ်ကားအဖြစ်အသိအမှတ်ပြုခံထားရတဲ့ ဘရာဇီး ဇတ်ကားကောင်း အမေရိကန်ဟောလီဝုဒ်ဇာတ်ကား ကိုးရီးယားဇတ်ကား တရုတ်ဇတ်ကားဘောလီဝုဒ် ဇတ်ကားတွေနဲ့ရိုးနေပြီဆိုရင်တော့တောင်အမေရိကတိုက် ဘရားဇီးနိုင်ငံကဇတ်ကားလေးတစ်ကား ကိုညွှန်းပေးချင်ပါတယ်။ဒီဇတ်ကားက နာမည်ကြီးပြဇာတ်ကိုပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ဇတ်ကောင်တွေရဲ့ သရုပ်ဆောင်တာကသမရိုးကျ ကားတွေနဲ့ကွဲထွက်နေမှာဖြစ်ပါတယ်။ဒါကလည်းဇာတ်ကားရဲ့ဆွဲဆောင်မှုဖြစ်ပါတယ်။ ဟာသဆန်သလို တစ်ချို့နေရာတွေမှာ ကရုဏာသက်ရမှာဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အယူအဆတွေလည်းပါပါတယ်။ အစိုးရကို သရော်ထားတဲ့ အကွက်တွေလည်းပါပါတယ်။ဟာသဆန်တဲ့ ဇတ်ကားဖြစ်ပေမဲ့ တစ်ချို့အခန်းတွေက ဂီတတွေကတော့ ဝမ်းနည်းစရာ ခံစားရစေပါတယ်။ဇတ်လမ်းအကျဥ်းဘရာဇီးလ်နိုင်ငံမြောက်ပိုင်း မြို့လေးတစ်မြို့မှာ ဂျက်ခ်နဲ့ ချီကို သူငယ်ချင်းနှစ်ယောက်က ပေါင်မုန့်ဖိုတစ်ခုမှာဝင်လုပ်ကြပါတယ်။ဂျက်ခ်ကဆင်းရဲပေမဲ့ဥာဏ်ကောင်းတဲ့သူဖြစ်ပါတယ်။မုန့်ဖုတ်သမားယူရီကိုရဲ့ဇနီးဒိုရာမှာခွေးမလေးတစ်ကောင်ရှိပါတယ်။ဒိုရာက နောက်မီးလင်းတတ်သူဖြစ်ပါတယ်။ခွေးမလေး စားရတဲ့ အစာက ဂျက်ခ်တို့စားရတဲ့ အစားအသောက်တွေထက်ကောင်းနေတာပါ။ခွေးမလေးနေမကောင်းဖြစ်လို့ ကတ်သလစ်ဘုန်းတော်ကြီး ဆီဆာရိုကို ကောင်းချီးပေးဖို့ဂျက်ခ်ကိုပြောခိုင်းပါတယ်။ဖာသာက ငြင်းပါတယ်။ ဗိုလ်မှူးရဲ့ခွေးလို့ညာပြောတာနဲ့လုပ်ပေးမယ်ဖြစ်သွားပြန်ပါတယ်။ကောင်းချီးပေးဖို့လာတော့ခွေးကသေနေပြီဖြစ်သလိုဒိုရာကခွေးကိုခရစ်ယာန်ထုံးစံနဲ့မြှုပ်ပေးဖို့တောင်းဆိုပါတယ်။ဗိုလ်မှူးရဲ့ခွေးမဟုတ်လို့မလုပ်ပေးဘူးလို့ဖာသာကပြောလိုက်ပါတယ်။ဂျက်ခ်ကဖာသာကို ခွေးမလေးရဲ့ဆန္ဒအရတရားဝင် ဒီလိုလုပ်ဖို့စာရွက်ပေါ်မှာနှိပ်ထားတွေရှိပြီး ဖာသာအတွက်ရော ဘစ်ရှော့အတွက်ပါငွေတွေပေးဖို့ထားခဲ့တယ်ဆိုတာနဲ့အသုဘကိုလုပ်ပေးဖြစ်သွားပါတယ်။ဗိုလ်မှူးက သူ့သမီးနေမကောင်းလို့ဖာသာကို ကောင်းချီးလာပေးခိုင်းတဲ့အခါ ဂျက်ခ် ဇာတ်လမ်းရှုပ်ထားတာကြောင့် အလွဲတွေဖြစ်ကုန်ပြီး ဗိုလ်မှူးကစိတ်ဆိုးပြီးဂိုဏ်းအုပ် ...
movie

A Dog’s Will (2000) O Auto da Compadecida

2000
Versus (2000) 6.3
Versus (2000)  Versus (2000)IMDb Rating (6.3) / Rotten Tomatoes (75%) ဒီဇာတ်ကားမှာတော့ ကမ္ဘာနဲ့ တခြားတစ်ဖက်ကို ချိတ်ဆက်ထားတဲ့ပေါ်တယ် တံခါး 666 ခုရှိပါတယ်။အဲ့ဒါတွေကို လူသားတွေ မသိအောင် တားမြစ်ထားပါတယ်။ဂျပန်နိုင်ငံက ပြန်လည်ရှင်သန်ခြင်းတောအုပ်ထဲမှာ 444 ခုမြောက် ပေါ်တယ်တံခါး ရှိနေပါတယ်။ဒါပေမဲ့လည်း အဲ့ဒီ့ တံခါးတွေ ရှိနေတာကို သတိထားမိတဲ့ လူအချို့လည်း ရှိကြပါတယ်။သူတို့တွေက အဲ့ဒီတံခါးတွေကို ဖြတ်ပြီး အမှောင်ထုရဲ့ စွမ်းအားကို ရယူဖို့ ကြိုးစားပါတော့တယ်။အဲ့ဒီ့အထဲမှာ မင်းသားနဲ့ ဗီလိန်တို့လည်း ပါဝင်ပါတယ်။ဘယ်သူက အမှောင်ထုရဲ့ စွမ်းအားကို ရရှိသွားမလည်းဆိုတာ ပြီးတော့ ပြန်လည်ရှင်သန်ခြင်းတောအုပ်ဆိုတဲ့ အတိုင်း ဘယ်လိုအရာတွေ ‌စောင့်ကြိုနေကြမလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။)File size…(3.3 GB) / (1.7 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Adventure,Fantasy,Horror,Thriller Duration….02:01:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double ...
movie

Versus (2000)

2000
The Man Who Cried (2000) 6.1
The Man Who Cried (2000) The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie

The Man Who Cried (2000)

2000
The Dish (2000) 7.2
The Dish (2000)  The Dish (2000)IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind.ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး ‌နီးလ် အမ်စ‌ထရောင်းပြောခဲ့သလို "လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ"ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ...
movie

The Dish (2000)

2000
Gossip (2000) 5.9
Gossip (2000)  Gossip (2000)IMDb Rating (5.9) / Rotten Tomatoes (28%) 2000 ခုနှစ် ဝန်းကျင် ရုပ်ရှင်တွေက ရသတစ်မျိုးပေးစွမ်းနိုင်လို့ ပရိသတ်တွေအကြိုက်ဖြစ်နေခဲ့တာပါ။ယခု ရုပ်ရှင် Gossip က 2000 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller/Mystery ကားကောင်း တစ်ကား ဖြစ်ပါတယ်။Casting အနေနဲ့လည်း James Marsden, Kate Hudson, Lena Headey တို့လို စတားတွေ ပါဝင်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားတစ်စု အပျော်အနေနဲ့ အတင်းအဖျင်း ကောလဟာလ တစ်ခုကို ဖန်တီးခဲ့ရာက အပျက်တွေ ဖြစ်ကုန်တဲ့ အကြောင်းပါပဲ။Derrick, Jones နဲ့ Travis တို့ သုံးယောက် က သူငယ်ချင်းတွေပါ။ Derrick က ဆော်ကြည် ချမ်းသာပြီး လူသိများတယ်၊ သူငယ်ချင်း နှစ်ယောက်ကို သူ့အိမ်မှာ အလကား ပေးနေထားတာပါ။တစ်ရက် ...
movie

Gossip (2000)

2000
Brother 2 (2000) Brat 2 7.6
Brother 2 (2000) Brat 2 Brother 2 (2000)IMDb Rating (7.6) / Rotten Tomatoes (80%) ရုရှားရာဇ၀တ်မှုမြောက်ရုပ်ရှင်ဖြစ်ပြီး Brother (1997) ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။သူငယ်ချင်းရဲ့ အစ်ကိုဖြစ်သူ ဟော်ကီကစားသမားတစ်ဦးက အမေရိကန်မှာ မတရားပြုမူခံရကြောင်း သိလိုက်ရတဲ့ စစ်သားဟောင်း Danila ရဲ့ ဇာတ်လမ်းကို နောက်ဆက်တွဲဖော်ပြလိုက်တာပါ။Danila က သူ့သူငယ်ချင်းတွေနဲ့အတူ အမေရိကကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူက လူဆိုးဂိုဏ်းတွေ၊ အကျင့်ပျက် စီးပွားရေးသမားတွေနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်။ရုရှားနှင့် အမေရိကကြား ခြားနားချက်ကို ပြသပါတယ်။ ပစ်ခတ်မှုတွေ တိုက်ပွဲတွေအပါအဝင် အက်ရှင်ဇာတ်ကွက်များစွာ ပါရှိပါတယ်။Danila က ရန်သူတွေကို အနိုင်ယူဖို့ သူရဲ့ စွမ်းရည်ကို အသုံးပြုတယ် ထက်မြက်ပြီး သန်မာတယ်။ဒီဇာတ်ကားမှာ ခင်မင်ရင်းနှီးမှုနဲ့ သစ္စာစောင့်သိမှုကို ပြသတဲ့ စိတ်ခံစားမှုအပိုင်းတွေလည်း ပါဝင်ပါတယ်။Danila က သူ့သူငယ်ချင်းတွေကို ကူညီပေးပြီး အန္တရာယ်ဖြစ်ပါစေ ...
movie

Brother 2 (2000) Brat 2

2000
Werckmeister Harmonies (2000) Werckmeister harmóniák 8.0
Werckmeister Harmonies (2000) Werckmeister harmóniák  Werckmeister Harmonies (2000)IMDb Rating (8.0) / Rotten Tomatoes (98%) ၂၀၀၀ ပြည့်နှစ်ထွက် ဟန်​ဂေရီ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Béla Tarr ရဲ့ Masterpiece လို့ နာမည်ကြီးပါတယ်။ Drama, Mystery အမျိုးအစားဖြစ်ပါတယ်။ဒါရိုက်တာ Béla Tarr ဟာ ရိုက်ချက်အရှည်ကြီးတွေရိုက်တတ်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်း တစ်ဆက်တည်းရိုက်ချက် အရှည်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ရုပ်ရှင်တစ်ကားလုံးမှာမှ ရိုက်ချက် ၃၉ ခုပဲရှိခဲ့တာပါ။ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးပြီးတော့ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်တွေဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ IMDB 8.0 အထိရရှိထားပါတယ်။ဇာတ်လမ်းကတော့..မနှစ်မြို့စရာတွေ အပြည့်နဲ့ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မြို့ကိုရောက်ရှိလာအပြီး လူ့စိတ်သဘောတွေ ချယ်လှယ်ခံရပုံ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုလဲရပုံ မြို့ကြီးတစ်ခုလုံးကပ်စိုက်ရပုံ ကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (13.6 GB) / (3.9 GB) ...
movie

Werckmeister Harmonies (2000) Werckmeister harmóniák

2000
4K HEVC
Wonder Boys (2000) 7.2
Wonder Boys (2000)  Wonder Boys (2000)IMDb Rating (7.2) / Rotten Tomatoes (81%) ဒီဇာတ်ကားလေးကတော့ Cast ကမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။အဓိကဇာတ်ဆောင်အနေနဲ့ Spider man မင်းသား Tobey Maguire နဲ့ Ant manသရုပ်ဆောင် Michael Douglas ကသရုပ်ဆောင်ထားပြီး Iron man မင်းသား Robert Downey Juniorကဇာတ်ပို့အနေနဲ့အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ဂရက်ဒီဟာသူ့လူမှုရေးအရှုပ်အရှင်းတွေကြားထဲ ဂျိမ်းစ်လီးရားဆိုတဲ့ တပည့်လေးတစ်ယောက်နဲ့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)File size…(2.2 GB) / (1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:51:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon
movie

Wonder Boys (2000)

2000
The Million Dollar Hotel (2000) 5.7
The Million Dollar Hotel (2000)   The Million Dollar Hotel (2000)IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းလော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါသူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက်ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။“ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ...
movie

The Million Dollar Hotel (2000)

2000
State and Main (2000) 6.7
State and Main (2000)  State and Main (2000)IMDb Rating (6.7) / Rotten Tomatoes (85%) ဒါရိုက်တာ David Mamet မှ ရိုက်ကူးထားတဲ့ ဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို ရောက်လာခဲ့တယ် ရုပ်ရှင်အဖွဲ့သားတစ်ဦးက ဒေသခံတွေ နှင့် သူတို့ရဲ့ ထူးဆန်းတဲ့ ပြဿနာတွေကြားမှာ နှောက်ယှက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ဒီဇာတ်ကားက ရယ်စရာ ဒိုင်ယာလော့တွေနဲ့ ပြည့်နေတာပါပဲ။ ဒီဇာတ်ကားမှာ William H. Macy၊ Alec Baldwin နဲ့ Philip Seymour Hoffman တို့ ပါဝင်ပါတယ်။သူတို့အားလုံးဟာ ဖျော်ဖြေမှုကောင်းကောင်းနဲ့တင်ဆက်နိုင်ပါတယ်၊ Macy က ရုန်းကန်နေရတဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ထားပြီး Baldwin က ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Hoffman သည် ပြည်တွင်းပြဇာတ်ရေးဆရာအဖြစ် သရုပ်ဆောင်ထားကြတယ်။ဒီဇာတ်ကားက ဟောလိဝုဒ်မှာ ရယ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးမှုနောက်ကွယ်က ရူးသွပ်မှုတွေကို ...
movie

State and Main (2000)

2000
My Dog Skip (2000) 7.0
My Dog Skip (2000) My Dog Skip (2000)IMDb Rating (7.0) / Rotten Tomatoes (73%) ဖြစ်ရပ်မှန်ကို အခြေခံပြီး Emotional ဆန်ဆန် ရိုက်ထားတဲ့ ကားလေးဆိုရင်ရော ကြိုက်ကြလားဗျ။ဝေဖန်ရေးသမားတွေရဲ့ပါးစပ်ဖျားကမချ ဖြစ်ခဲ့ရတဲ့ ဆုပေါင်းများစွာရရှိခဲ့တဲ့ ဒီကားလေးကတော့ Forrest Gump တို့လို vibe မျိုးရတာကြောင့် ကြည့်သင့်တဲ့ကားတွေထဲက တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။စစ်ပွဲကာလအတွင်း 1942ခုနှစ်ရဲ့ နွေရာသီအချိန် ဝီလီဆိုတဲ့ကောင်လေးက ခွေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ မိဘတွေဆီက ရခဲ့ပါတယ်။အိမ်နီးချင်းဖြစ်သူ ဘေ့စ်ဘော ချန်ပီယံ ဒေ့ဂျန်ကင် စစ်မှုထမ်းရမှာကြောင့် ဘေ့စ်ဘောသင်ပေးမည့်သူနှင့် သူငယ်ချင်း မရှိလို့ဆိုပြီး ဝီလီတစ်ယောက် စိတ်ညစ်နေသတဲ့။ခွေးလေးနာမည်က "စကစ်" ပါ ပြီးတော့ ဝီလီကိုလဲ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေလာအောင် ကူညီပေးရင်းနဲ့ ဝီလီဘဝမှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်) File size… (2.1 GB) / (1.2 GB) Quality….Blu-Ray ...
movie

My Dog Skip (2000)

2000
Supernova (2000) 4.8
Supernova (2000)  Supernova (2000)ဒီတစ်ခါတော့သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီးစွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဇတ်လမ်းအကျဥ်းဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက ...
movie

Supernova (2000)

2000