Channel Myanmar

Comedy

Going Places (2025) 5.0
Going Places (2025)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Action/Comedy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်..ဒီဇာတ်ကားလေးဟာဆိုရင် ဒါရိုက်တာ Max Chernov ရဲ့ဇာတ်ကားလေးဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာဆိုရင် အထက်တန်းကျောင်းအပြီးတက္ကသိုလ် အသီးသီးတက်ရတော့မယ့် သူငယ်ချင်း ၃ ယောက်တို့တစ်ယောက်တစ်နေရာဆီ မခွဲရခင် အပျော်ခရီးထွက်လာကြချိန်ခရီးလမ်းတစ်နေရာအရောက် ငွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့အတူ အမျိုးသမီးတစ်ယောက်ကို ဝင်တိုက်မိကာ အပျော်ခရီးကနေ အပျက်တွေဖြစ်ကြတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်....သူငယ်ချင်း ၃ ယောက်တို့ရဲ့ ခြေမကိုင်မိ လက်မကိုင်မိ အလွဲလွဲအချော်ချော် ဖြစ်ကြပုံတွေကို နှုတ်ခမ်းကွေးရုံ ပြုံးချင်စဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပြီး အက်ရှင်ခန်းများလည်း ဖြည့်စွက်ကာစိတ်လှုပ်ရှားဖွယ် အသည်းတယားယားဖြစ်အောင် တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကို ရုပ်ရှင်ချစ်သူများ ကြည့်ရှုခံစားနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ..............  File size… (1.06 GB) / (698 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 42m Genre …..Action ,  Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
movie

Going Places (2025)

Iyer In Arabia (2025) 4.6
Iyer In Arabia (2025) Iyer In Arabia 2025 ခေတ်သစ်တိုက်ပွဲ Imdb 4.6ဒီကားမှာတော့ ခုခေတ်ကြုံ‌တွေ့နေကျဖြစ်တဲ့ ရှေးရိုးစွဲအတွေးရှိတဲ့လူကြီးတွေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်တဲ့အတွေးရှိတဲ့လူငယ်တွေကြား ဖြစ်နေကျ ပြဿနာတွေလိုပါပဲ ခေတ်နောက်ပြန်ဆန်တဲ့ အယူအဆရှိသူ ဖခင် ဆရီနီဗာဆာအိုင်ယာနဲ့ သမိုင်းပါမောက္ခဖြစ်ပြီး ဘာသာတရားကို သိပ်မယုံကြည်တဲ့ ဇနီးဂျန်ဆီရာနီတို့အကြောင်းပါ သူတို့ရဲ့သား ရာဟူးလ်ကဒူဘိုင်းမှာအလုပ်လုပ်နေပြီး ဘာသာခြား မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါမှာ ဇာတ်လမ်းက စတင်လာပါတယ်သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရှေးရိုးစွဲအိုင်ယာက ဒီလက်ထပ်ပွဲကို တားဆီးဖို့အတွက် သူ့သားဆီ ခရီးထွက်လာပါတော့တယ်ဒီခရီးစဉ်အတွင်းမှာ အိုင်ယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေကို တွေ့ကြုံရင်း သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်ဒီရုပ်ရှင်ထဲမှာတော့ လူတွေရဲ့ ယုံကြည်မှု ယဉ်ကျေးမှု ကွဲပြားမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ ပြောင်းလဲနိုင်ပုံကိုပါ ပုံဖော်တင်ဆက်ထားပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.5 ...
movie

Iyer In Arabia (2025)

Parannu Parannu Parannu Chellan (2025) 5.7
Parannu Parannu Parannu Chellan (2025) Parannu Parannu Parannu Chellan (2025) လွတ်လပ်စွာ ပျံသန်းဖို့အချစ်ဆိုတာ တည်ငြိမ်အေးချမ်းမှုပါတဲ့ဒါပေမဲ့ နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ရာမှာတော့ အချစ်တစ်ခုတည်းမဟုတ်တော့ဘဲ ညှိနှိုင်းစဉ်းစားရမှာတွေ ရှိလာပါတယ်ကမ္ဘာအဝှမ်းမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေးတွေ အမျိုးအစားစုံ ရှိသလိုပဲ အိန္ဒိယမှာလည်း တချို့သောသူတွေက ဒါတွေကို အလေးပေးနေဆဲပါပဲယောက်ျားလေးတစ်ယောက်ဟာ အဆင်ခြင်မဲ့ ရူးမိုက်စွာလုပ်ဆောင်လာတာရှိရင် ဒါဟာအချစ်ကြောင့်ပါပဲတဲ့ ရွာက သာမန်ကောင်လေးတစ်ယောက်က လူငယ်သဘာဝ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတယ်ဒါပေမဲ့ကောင်မလေးတို့က မျိုးရိုးမြင့်ထဲကပါသူတို့အကြောင်းသိသွားတော့ သဘောလုံးဝမတူပါဘူး ကောင်လေးဖြစ်သူကိုအနုနည်းနဲ့ လှောင်ပြောင်သရော်တာတို့ ရှိသလို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ဒုက္ခပေးတာတွေပါရှိလာပါတယ်ကောင်လေးကတော့ သူချစ်တဲ့သူနဲ့ခွဲခွာမှာမဟုတ်သလို အခွင့်ကြုံလာရင်လည်း လက်စားချေဖို့ တွေးတောနေတာပါခံစားချက်တွေ စစ်မှန် နက်ရှိုင်းနေတဲ့ စုံတွဲလေးကတော့ အခက်အခဲတွေကို အံတုကျော်လွှားရင်း သည်းမခံနိုင်လာတဲ့တစ်ရက်ကျ ခိုးရာလိုက်ပြေးဖို့ စီစဉ်ကြပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့အစီအစဉ်ကို ကောင်မလေးဘက်က သိသွားဝာာမို့ သူတို့ကြံစည်ချက်အထမမြောက်ဖို့ ကောင်မလေးရဲ့မိသားစုက လုပ်ဆောင်ပါတော့တယ်ဒီဇာတ်လမ်းလေးက ၉၀ ခုနှစ်များဆီက ကျေးလက်တောရွာ ဓလေ့လေးကို ဇာတ်အိမ်တည်ထားတာပါ အဲဒီခေတ် အဲဒီပတ်ဝန်းကျင်နယ်ပယ်ရဲ့ အချစ်ကိုပုံဖော်ပုံလေးပေါ့လေသူတို့စုံတွဲလေးရဲ့ ဘဝခရီးလမ်း ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ...
movie

Parannu Parannu Parannu Chellan (2025)

The Baby-Sitters Club (1995) 5.7
The Baby-Sitters Club (1995) The Baby-Sitters Club(1995)Imdb 5.7 ရရှိထားပြီး The Baby Sitters Club စာအုပ် Series ကိုမှီငြမ်းရိုက်ကူးထာတာဖြစ်ပါတယ်။2020 နဲ့ 1990 မှာ ဒီနာမည်နဲ့ပဲ Series တွေ ထွက်ထားတာရှိပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ခရက်စတီဟာ Baby-Sitters Club ရဲ့ Founder ဖြစ်ပြီးသူ့သူငယ်ချင်း ၆ယောက်နဲ့အတူ ကျောင်းအားချိန်မှာကလေးထိန်းတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြပါတယ်။သူတို့ကျောင်းပိတ်တော့ တစ်ယောက်နဲ့တစ်ယောက် မခွဲချင်ဘူး၊တစ်နေရာတည်းမှာပဲအတူလုပ်ကြမယ်ဆိုပြီး ကလေးတွေအတွက်Camp တစ်ခုဖွင့်ဖို့ အကြံရလာကြပါတယ်။Campဖွင့်တစ်လျှောက်မှာ သူတို့ရင်ဆိုင်ရတဲ့ကမောက်ကမပြဿနာတွေ၊မိသားစုပြဿနာတွေ၊ဆယ်ကျော်သက်အချစ်ဦးကိစ္စတွေကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့ သူငယ်ချင်း ၇ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမတာတွေ၊သူငယ်ချင်းအစစ်တွေရဲ့ ရသကိုလည်းဟာသလေးနှောရင်း ခံစားရဦးမှာဖြစ်ပါတယ်။ဒီဇာတ်ကားကနေ သူငယ်ချင်းတွေရဲ့ချစ်ခြင်းမေတ္တာတွေသူတို့ရဲ့ပြဿနာဖြေရှင်းပုံတွေကို ခံစားရမယ့်အပြင်ကလေးငယ်တွေရဲ့ အပြုအမူတွေကအပြစ်ကင်းစင်တဲ့အပြုအမူအပြောအဆိုတွေကရီလည်းရီရ ချစ်စရာလည်းကောင်းတာမို့ဒီဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။File size…    2.21 GB /  1.36 GB Quality… Web Rip 1080p / ...
movie

The Baby-Sitters Club (1995)

Rang De Basanti (2006) 8.3
Rang De Basanti (2006) Rang De Basanti (2006)IMDb Rating (8.1) / Rotten Tomatoes (89%)ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ ...
movie

Rang De Basanti (2006)

2006
Ranganayaka (2024) 3.8
Ranganayaka (2024) Ranganayaka (2024)"ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်" =========================================ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကိုပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1min Subtitle….Myanmar Subtitle ...
movie

Ranganayaka (2024)

Gangers (2025) 6.3
Gangers (2025) Gangers 2025 (ရာမ်ယာလေးပျောက်ဆုံးမှု၏နောက်ကွယ်)အာဆန်ကိုတိုင်ဆိုတဲ့မြို့လေးမှာ မာလိုင်ရာဆန်နဲ့ ကိုတိုင်ရာဆန်တို့ ညီအစ်ကိုနှစ်ယောက်က တစ်မြို့လုံးကို အုပ်စိုးနေပါတယ်။အစ်ကိုဖြစ်သူ မာလိုင်ရာဆန်ကတော့ ကျောင်းကအဖွဲ့ဝင်လိုလို လူ့အဖွဲ့အစည်းခေါင်းဆောင်လိုလိုနဲ့ လူရှေ့လူလုံးပြ ကောင်းချင်ယောင်ဆောင်ပြီး ညီဖြစ်သူ ကိုတိုင်ရာဆန်ကတော့ သတ္တုရေကုမ္ပဏီကို ဗန်းပြပြီးနောက်ကွယ်မှာ တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်နေသူပေါ့။သူတို့ဟာ တရားမဝင်လုပ်ငန်းလုပ်ရာမှာ မာလိုင်ရာဆန်ရဲ့ ကျောင်းအဖွဲ့ဝင်ဖြစ်နေတာကို အခွင့်အရေးယူပြီး ကျောင်းအတွင်းမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။အာဆန်ကိုတိုင်မြို့ရဲ့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ရာမ်ယာဆိုတဲ့ကောင်မလေး ပျောက်ဆုံးသွားရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ရာမ်ယာပျောက်ဆုံးသွားလို့ တိုင်ချက်ဖွင့်ပေမဲ့လည်း ရဲတွေဟာ ဘယ်အမှုကိုမှ မလိုက်ဘဲ မာလိုင်ရာဆန်တို့ ညီအစ်ကိုအတွက်ပဲ အလုပ်လုပ်ခါနေနေတဲ့အတွက် ရာမ်ယာရဲ့ ဆရာမဖြစ်သူ ဆူဂျီသာက အထက် ကော်မရှင်နာရုံးကိုတိုင်ချက်ဖွင့်လိုက်တဲ့အခါမှာ အထက်ကနေ အရာရှိဆာရာဗာနန်ကို ကျောင်းမှာ ကာယဆရာတစ်ယောက်အနေနဲ့ အသွင်ယူစုံစမ်းဖို့ စေလွှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ရာမ်ယာရဲ့ ပျောက်ဆုံးမှုတင်မကဘဲ အာဆန်ကိုတိုင်မြို့ရဲ့ အခြေအနေကို စုံစမ်းဖို့ရောက်လာတဲ့ အရာရှိဆာရာဗာနန်နဲ့ ဆရာမလေး ဆူဂျီသာတို့ တွေ့ဆုံကြပြီး ဒီမြို့လေးရဲ့ နောက်ကွယ်က မကောင်းမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ .......ရာမ်ယာလေးကိုရော ပြန်ပြီး ရှာဖွေတွေ့ရှိသွားမှာလား ...
movie

Gangers (2025)

Jolly O Gymkhana (2025) 5.5
Jolly O Gymkhana (2025) Jolly O Gymkhana 2025 ထူးဆန်းတဲ့ညီအစ်မသုံးဖော်ရဲ့အရှုပ်တော်ပုံIMDb - 7.5/10ဘောလိဝုဒ်အချစ်တော် ယိုဂီဘာဘူရဲ့ indian-tamilဇာတ်ကားလေးထွက်ရှိလာပြီဖြစ်လို့ပရိသတ်ကြီးတို့အတွက်အခုပဲတင်ဆက်ပေးလိုက်ပါပြီ။အမြဲဗရုတ်သုတ်ခ ဟာသဇာတ်ရုပ်နဲ့မြင်နေကြ ယိုဂီဘာဘူကို ဒီတစ်ခါတော့ လိပ်ခေါင်းထွက်နေလို့ တိုင်ပတ်နေတဲ့ ဖာသာအဖြစ် မြင်တွေ့ရမှာပါ။ဖာသာမာတင်လူသာကင်းတစ်ယောက် လိပ်ခေါင်းဝေဒနာနှိပ်စက်လို့ ထိုင်မရထမရ ဆေးရုံပြေးဖို့ ကွတတနဲ့ထွက်လာချိန်မှာဘာဗာနီဆိုတဲ့မိန်းကလေးက လာအကူအညီတောင်းတာခံရပါတယ်။ကိုယ်တိုင် ကွတီးကွတနဲ့မလို့ဖာသာကနားမထောင်ချင်ပေမဲ့ ဘာဗာနီက ဇွတ်အသနားခံနေတာမလို့ ဒီလိုနဲ့ပဲ သူ့ရဲ့ပြဿနာကို နားထောင်ပေးဖို့ဖြစ်လာပါတော့တယ်။ဘာဗာနီတို့ညီအစ်မ 3 ယောက်မှာ ထူးခြားတဲ့စွမ်းရည်ကိုယ်စီရှိကြပြီး အမေဖြစ်သူ ချယ်လာမာနဲ့ အဘိုးဖြစ်သူသန်ဂါဆွာမိနဲ့အတူ ဗယ်လီကာရန်ဆိုတဲ့ဟိုတယ်မှာ ဒံပေါက်ချက်ရောင်းတဲ့အလုပ်လုပ်ကြပါတယ်။ဒီလိုနဲ့တစ်နေ့ လမ်းကြောင်းအပြောင်းအလဲနဲ့ ဟိုတယ်ရှိတဲ့လမ်းက ပျက်သွားတဲ့အတွက် အဘိုးဟိုတယ်လည်း အရှုံးပေါ်ပြီး လမ်းဘေးရောက်ရတော့တာပေါ့။ဒါကိုမကြည့်ရက်တဲ့ ဘာဗာနီတို့ညီအစ်မတွေက ရော့ကတ်ရာဗီဆိုတဲ့ ငွေတိုးချေးစားတဲ့လူဆီကနေ 15 သိန်းချေးပြီးဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့ကြံတော့သူတို့ရဲ့ပထမဆုံး အော်ဒါအကြီးမှာတဲ့သူက အန်ဒါပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်အသစ်စက်စက်လေး အာအဒိုင်ကယ်ရာ့ဂ်ျဒါပေမဲ့ နိုင်ငံရေးသမားတို့ထုံးစံ ကျွေးမွေးလို့ပြီးတော့မှ ဒံပေါက်ဖိုးရှင်းဆိုတော့ လူလည်ကျ အာဏာသုံးဖို့ကြိုးစားရင်း အဘိုးဖြစ်သူ သန်ဂါဆွာမိနဲ့ပြဿနာတက်ကြတော့တာပေါ့။အဲဒီမှာ အဘိုးကြီးလည်း ဆေးရုံရောက်သွားပြီးအသည်းအသန်တွေဖြစ် အရေးပေါ်ခွဲရမလိုတွေဖြစ် တစ်ဖက်ကလည်း အာအဒိုင်ကယ်ရာ့ဂ်ျက အကျင့်ပျက်နိုင်ငံရေးသမားပီပီ ဖြောင့်မတ်တဲ့ရှေ့နေလေး ပိုဂန်ဒရန်ရဲ့ တရားစွဲတာခံရလို့ ပိုဂန်ဒရန်ကိုရှင်းဖို့ပြင်ဆင်နေတာပေါ့။ဒီလိုနဲ့ ဘာဗာနီက ငွေ 25 သိန်းထပ်လိုလာပြန်တော့ ...
movie

Jolly O Gymkhana (2025)

My Future You (2024) 8.4
My Future You (2024) My Future You (2024)"ငါ့အနာဂတ် မင်း" ================================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရိုရိုချိုချို ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်က လူသန်းပေါင်း ၈ ထောင်ကျော်ထဲမှာ ကိုယ့်ရဲ့ ဝိညာဉ်ဖက်ကိုရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ဒါပေမဲ့ ရှာတွေ့ဖို့အချိန်တန်ရင်တော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာ ဘယ်အချိန်ကိုပဲရောက်နေနေ သူ့အလိုလိုရှာတွေ့စမြဲပါပဲ။လက်စ်ဆိုတဲ့ ကောင်လေးနဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးဟာ အွန်လိုင်းဒိတ်တင်းဆိုက်တစ်ခုမှာတွေ့ပြီး ပုံမှန်စကားပြောဖြစ်နေသူတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ မျက်နှာမမြင်ဖူးဘဲ စကားပြောနေရာကနေ တဖြည်းဖြည်း အဆင့်တက်ကာ ချစ်သူတွေဖြစ်လာကြပါတယ်။အစပိုင်းမှာ ဒီလို ချစ်ကြိုက်ကွဲညားဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ ဇာတ်လမ်းကထင်သလောက်မရိုးရှင်းဘဲ သူတို့နှစ်ယောက်ဟာ ဥက္ကာခဲတစ်ခုကြောင့် ချိတ်ဆက်မိနေတဲ့ အချိန် ၁၅ နှစ်ကွာခြားတဲ့ ကာလနှစ်ခုက ကံကြမ္မာတူလူနှစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။သူတို့တွေ အဖြစ်မှန်ကို ဘယ်လိုသိသွားကြမှာလဲ၊ အချိန်ကာလတွေကို လွန်ဆန်နိုင်မှာလား၊ ဘယ်လိုရှေ့ဆက်ဖို့ကြိုးစားကြမှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size…1.6 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie

My Future You (2024)

Sabrina (1954) 7.6
Sabrina (1954) ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကိုငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။(၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့“Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းကတစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့်ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက်စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။File size…    3.4 GB /  1.4 GB Quality… BluRay 1080p ...
movie

Sabrina (1954)

Maranamass (2025) 6.6
Maranamass (2025) Maranamass (2025) ငှက်ပျောသီးပဟေဠိIMDb 7.7/10အက်ရှင်အကြမ်းအရမ်း ပရိသတ်တို့အတွက် ဟာသလေး ရောနှော ပါဝင်တဲ့ မလေယာလမ်စကားပြော ဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်မြို့တစ်မြို့မှာ ကွင်းဆက်လူသတ်မှုတွေ ကြုံတွေ့နေရပါတယ် ဒီလူသတ်မှု‌တွေမှာ တူညီတဲ့ ထူးခြားမှုလေးတွေရှိနေလေရဲ့အဲဒါကတော့ အသတ်ခံရသူတွေဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ယောက်ျားကြီးတွေဖြစ်နေတာရယ် နောက်တစ်ချက်ကတော့ လူသတ်သမားက အသတ်ခံရသူ‌ရဲ့ပါးစပ်ထဲ ငှက်ပျောသီးထည့်ခဲ့တာပါရဲတွေအနေနဲ့လည်း သံသယရှိသူတွေကို ဖမ်းဆီးလိုက် မေးမြန်းလိုက် လုပ်နေပေမဲ့ လူမှားဖမ်းမိ‌နေဆဲဖြစ်ပြီး အမှုကိုအစရှာမရ ဖြစ်နေတုန်းပါပဲသတင်းမီဒီယာတွေအနေနဲ့လည်း ဒီအမှုကိုပဲ အလေးပေးဖော်ပြလို့ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီဒီအမှုကို တာဝန်ယူထားရတဲ့ ရဲအရာရှိဆိုရင် စိတ်ပညာရှင်ဆီသွားလို့ ကွင်းဆက်လူသတ်သမားရဲ့ စိတ်နေစိတ်ထားကို လေ့လာရတဲ့အထိပါပဲဒီအချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ် နောက်ထပ်အမှုမှာ လူသတ်သမား ပစ်မှတ်ထားသူက အဘိုးကြီးတစ်ယောက် မဟုတ်နေဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတာပါအဲဒီမိန်းကလေးနဲ့အတူ ညဘက်သွားဘက်စ်ကားပေါ်မှာ သူ့ချစ်သူရယ် အခြားသူတွေရယ်လည်း ပါနေပါတယ် အဲဒီတော့ ကွင်းဆက်လူသတ်သမားကို ရဲတွေကဘယ်လိုဖမ်းဆီးမိမလဲ၊ သူသတ်နေရတဲ့ အကြောင်းရင်းနောက်ကွယ်ကဘာဖြစ်မလဲ၊ ပစ်မှတ်ပြောင်းသွားရ‌တာကရော ဘာကြောင့်လဲ၊ ဒါတွေကိုသိရအောင် ဇာတ်လမ်းလေးကို ကြည့်ရှူခံစားရင်း အ‌ဖြေထုတ်ကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ...
movie

Maranamass (2025)

Donovan’s Reef (1963) 6.7
Donovan’s Reef (1963)  ဟာလီယာကာလိုဟာကျွန်းဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ လူမျိုးပေါင်းစုံစုပေါင်းနေကြပြီး အေးချမ်းသာယာတဲ့ကျွန်းတစ်ကျွန်း။ ကျွန်းပေါ်နိုင်ထိုင်ကြတဲ့သူတွေထဲ အမေရိကန်စစ်ပြန်ကြီးတိုဖြစ်ကြတဲ့ မိုက်ကယ်ဒိုနိုဗန်တိုလည်းပါတယ်။တနေ့မှာတော့ မိုက်ကယ့်မိတ်ဆွေဒေါက်တာရဲ့သမီးဟာ ဘော်စတွန်ကနေ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာတော့ ‌ဒေါက်တာဟာကျွန်းပေါ်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရှိနေပြီဆိုတဲ့အကြောင်း သူ့သမီးကို ဘယ်လိုပြောပြရကောင်းမှန်းမသိလို့ ကလေး ၃ ယောက်ကို သူ့သားသမီးတွေပါလို့ လိမ်ဆင်လုပ်ရာကနေပြီးတော့အစပြုမယ့် သူတိုရဲ့ချစ်ဇာတ်လမ်း။ File size…(3.1 GB)/(1.7 GB) Quality….Blu-Ray  1080p / 720p Format… mp4 Duration…. 01:49:00 Genre... Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Donovan’s Reef (1963)

Nonnas (2025) 7.0
Nonnas (2025)  ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ခေါ်တာပါ။ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်းလာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီးအီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲအီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစုဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုး‌ကြောင့်ချစ်ရတဲ့ မိသားစုဝင်‌တွေအနားမှာမရှိကြတော့တဲ့သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင်တစ်ခုဖြစ်စေဖို့ပါပဲ။ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက်ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခုပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာအဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာအသေအချာပါပဲ။  File size…  (1.18GB) / ( 730 MB) Quality… WEB-DL  1080p HEVC  /720p Format…mkv ...
movie

Nonnas (2025)

The Dad Quest (2025) Lo mejor del mundo 5.4
The Dad Quest (2025) Lo mejor del mundo   The Dad Quest (2025)ရှိးထုတ်လုပ်ရေးလောကမှာ အောင်မြင်တဲ့ ပရိုကျူဆာ ဂယ်လို တစ်ယောက် မိသားစု ရေးရာ ဆက်ဆံရေးမှာတော့ကွာရှင်းထားတဲ့ သူ့မိန်းမနဲ့ သူတိုရဲ့ တစ်ဉီးတည်းသော သားလေးအတွက် အကောင်းဆုံးဖြစ်အောင် ညှိယူနေကြပါတယ်။ဒါပေမဲ့လည်း အလုပ်ကိုရူးသွပ်သူ ဂယ်လိုတစ်ယောက် အလုပ်နဲ့ သူ့သားနဲ့ ယှဉ်လာရင် သူ့သားကို အကောင်းဆုံးဂရုစိုက်မိတွေတော့ မပေးနိုင်သေးပါဘူး။တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ကံကြမ္မာ အပြောင်းအလဲ တွေနဲ့ သူ့ရဲ့ တစ်ဉီးတည်းသော သားလေးဟာ သူ့ရဲ့ သွေးသားရင်းဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းတစ်ခု ရုတ်တရက် ပေါ်လာတဲ့အခါ..ဂယ်လိုနဲ့ သူ့သားရဲ့ သွားကြမယ့် ခရီးစဉ်ကို ကြည်နူးဖွယ် စိတ်လှုပ်ရှားဖွယ် ဟာသမြောက်ဖွယ် ကြည့်ရူရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။) File size… (1.2 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, ...
movie

The Dad Quest (2025) Lo mejor del mundo

2025
Chaurya Paatam (2025) 7.6
Chaurya Paatam (2025) Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်)တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင်ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)File size… 1.8 GB / 900 MB Quality…WEB ...
movie

Chaurya Paatam (2025)

Harriet the Spy (1996) 6
Harriet the Spy (1996) ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။၁၁ နှစ်ပဲ ရှိသေးတဲ့ ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ဂေါ်လီဟာ အကြောင်းတခုခုကြောင့် အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက်လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ဒီထဲမှာ ဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကိုပြသပေးနိုင်ပါတယ်။ မိသားစု သားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။File size…    3.7 GB /  1.13 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h ...
movie

Harriet the Spy (1996)

Mystery, Alaska (1999)
Mystery, Alaska (1999) ရေခဲပြင်ဟော်ကီအားကစားကို စိတ်ဝင်စားသူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် Mystery, Alaska တစ်မြို့လုံးနီးပါး ဟော်ကီအားကစားကို ချစ်မြတ်နိုးကြတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ရေခဲပြင်ပေါ်မှ Mystery မြို့သားများ။ Mystery မြို့ရဲ့ Hockey အသင်းအနေနဲ့ နာမည်ကြီး Hockey အသင်း New York Rangers ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အကြောင်းဖန်လာတဲ့အခါ...Sports comedy-drama အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်လေးထဲမှာတော့ ဟော်ကီအားကစားကို အသားပေးထားပြီး အချစ်၊သံယောဇဉ်၊ဟာသနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ အဓိကအနေနဲ့ Mystery မြို့သားတွေရဲ့ မြို့ကိုမြတ်နိုးတွယ်တာမှုတွေကို ဟော်ကီအားကစားနဲ့အတူ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအနိမ့်အမြင့်၊ အတက်အကျတွေကလည်း ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ဆွဲခေါ်နိုင်တာကြောင့် ဟော်ကီအားကစားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။File size… (2.2 GB) / (1.2 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan ...
movie

Mystery, Alaska (1999)

Muppets from Space (1999)
Muppets from Space (1999) IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie

Muppets from Space (1999)

Real Estate Sisters (2024) 4.2
Real Estate Sisters (2024) Real Estate Sisters (2024) အိမ်ခြံမြေအကျိုးဆောင် ညီအစ်မဘဝဒီဇာတ်ကား‌လေးကတော့ လူတိုင်းရဲ့ မတူညီ ရုန်းကန်လှုပ်ရှားရတဲ့ ဘဝလေးတွေကို ဟာသလေးနှော ဖော်ပြထားတဲ့ တောင်အာဖရိက ပရီတိုရီယာက အိမ်ခြံမြေအကျိုးဆောင် ကိုယ်စားလှယ်တွေအနေနဲ့ အလုပ်လုပ်နေတဲ့ ညီအစ်မနှစ်ယောက် ဇာတ်ကြောင်းလေးပါသူတို့ရဲ့အိပ်မက်ကတော့ အထက်တန်းစားလူတွေရဲ့ ဈေးကွက်မှာ ကျင်လည်လုပ်ကိုင်လို့ အောင်မြင်ချင်တာပါတဲ့ ဒါပေမဲ့လည်း ဘဝဆိုတာက ဆန္ဒနဲ့ထပ်တူမကျနိုင်နေတာမို့ မက်မောဖွယ်လည်းမရှိသလို ကြာရှည်လည်းမခံတဲ့နေရာမှာပဲ တဝဲလည်လည် ဖြစ်နေကြပါတယ်အိပ်မက်ကိုအလျှော့မပေး၊ ဝီရိယရှိရှိလုပ်ကိုင်နေသူတို့အဖို့ အခွင့်အလမ်းဟာပေါ်ပေါက်စမြဲပါပဲတဲ့ သူတို့ညီအစ်မအတွက်လည်း ကံကြမ္မာအလှည့်အပြောင်း ဖြစ်လာပုံပါပဲအဲဒါ‌ကတော့ ဈေးကြီးပြီး သာမန်လူတွေ အနားမသီနိုင်တဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးရောင်းဖို့ သူတို့လက်ထဲရောက်ရှိလာတာပါပဲသူတို့ညီအစ်မ စောင့်မျှော်နေခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ငွေရေးကြေးရေးအပြောင်းအလဲကြီးဟာ နောက်ဆုံးတော့ရောက်ရှိလာခဲ့ပါပြီသူတို့ရဲ့ရွှေရောင်တောက်ပတဲ့အနာဂတ်က မမျှော်လင့်တဲ့မှောင်မိုက်ဘဝ အတွေ့အကြုံဖြစ်လာရတာမို့ ကြာရှည်မခံသလိုပါပဲ အကြောင်းရင်းကတော့ သူတို့ရောင်းမယ့်အိမ်ကြီးထဲ အလောင်းတစ်ခု တွေ့တာပါနောက်ဆက်တွဲပြဿနာတွေတက်မှာ ကြောက်လို့ဆိုပြီးသက်ဆိုင်ရာကိုချက်ချင်း အကြောင်းကြားရမယ့်အစား သူတို့ဘာသာကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားလိုက်တဲ့အခါမှာတော့ ........................................................သူတို့ညီအစ်မရဲ့ အလောင်းဖျောက်မှုနဲ့ တလွဲလုပ်မှုလေးတွေကို စိတ်လှုပ်ရှားစွာနဲ့ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောတွေ့မြင်ရမှာမို့ ကြည့်ရှုခံစားကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ...
movie

Real Estate Sisters (2024)