Channel Myanmar

1998

Hush (1998) 5.5
Hush (1998)  Hush (1998)၉၀ ခုနှစ်ထွက် Thriller/Mystery ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Jessica Lange, Gwyneth Paltrow, Johnathon Schaech တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Helen တို့ Jackson တို့ စုံတွဲက ခရစ္စမတ်မှာ Jackson ရဲ့ မိခင် ရှိတဲ့ ကျေးလက်က မြင်းမွေးမြူရေးခြံကို သွားလည်ခဲ့ပါတယ်။Jackson ရဲ့ အမေဖြစ်သူက သားဖြစ်သူကို အလွန်အမင်း အဖြစ်သည်းတတ်ပြီး Helen ကိုတော့ ခနဲ့တဲ့တဲ့ စကားတွေပြောတတ်ပါတယ်။Helen ကတော့ ဘာမှအထွေအထူး သဘောမထားပါဘူး။ New York ကို ပြန်ရောက်တဲ့အခါမှာ Helen မှာ ကိုယ်ဝန်ရှိနေတာကြောင့် လက်ထပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။လက်ထပ်ပွဲမှာ Jackson ရဲ့ အဖေဘက်ကအဖွားရောက်လာပြီး Martha ကို သတိထားဖို့ Helen ကို ပြောခဲ့ပါတယ်။လက်ထပ်ပွဲအပြီး New York ...
movie

Hush (1998)

1998
Get Real (1998) 7.5
Get Real (1998)  Get Real (1998)IMDb Rating (7.5) / Rotten Tomatoes (79%) IMDb Rating 7.5/10 အထိ ရရှိထားတဲ့အပြင် EIFF အီဒင်ဘာ့နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာ လူကြိုက်အများဆုံးဆုကို ဆွတ်ခူးရရှိထားတဲ့ အနောက်တိုင်း BL ကားတစ်ကားပဲ ဖြစ်ပါတယ်။LGBT တွေကြားမှာ တကယ့်ကို လူကြိုက်များခဲ့ပြီး ကိုယ့်ဖြစ်တည်မှုကို လူကြားထဲမှာ ထုတ်မပြရဲတာကြောင့် လူတွေကြားမှာ ဟန်ဆောင်နေခဲ့ရတဲ့ ဂေးတစ်ယောက်ရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ဆယ်ကျော်သက်အရွယ် စတီဗင်ဆိုတဲ့ ကောင်လေးက သူ့ကိုယ်သူ ဂေးတစ်ယောက်ဖြစ်နေမှန်း သိနေပေမဲ့လဲ တခြားသူတွေ သူ့ကို အထင်မြင်သေးသွားမှာစိုးလို့ သူ့ဖြစ်တည်မှုကို ဖုန်းကွယ်ရင်း နေထိုင်နေခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။သူ့ရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို သိတဲ့ တစ်ဦးတည်းသောသူက အိမ်နီးချင်းမလေး လင်ဒါပေါ့..ဒီလိုနဲ့ ကျောင်းရဲ့ အားကစားထူးချွန်တဲ့စတား ဂျွန်ကို ချစ်မိသွားခဲ့တဲ့စတီဗင်တစ်ယောက် ဂျွန်ကပါ သူ့လိုခံစားချက်ရှိနေတာကို ...
movie

Get Real (1998)

1998
Twilight (1998) 6.2
Twilight (1998)  Twilight (1998)IMDb Rating (6.2) / Rotten Tomatoes (61%) Old but Gold collection ထဲထည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဝါရင့်မင်းသားကြီး Paul Newman နဲ့ မင်းသမီးကြီး Susan Saradon တို့ ဇာတ်ဆောင်နေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Paramount studio ရဲ့ စပေါက်တဲ့ကားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပင်စင်ယူပြီးဖြစ်တဲ့ ရဲမှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဟယ်ရီရော့စ်ဟာဆိုရင် နာမည်ကြီးမင်းသား ဂျက်ခ်အေးမက်စ်နဲ့အတူနေပါတယ်။တစ်ချိန်က ကြားခံလူတစ်ယောက်မိတ်ဆက်ပေးမှုကြောင့် ဟယ်ရီဟာ ဂျက်စ်ရဲ့သမီး ခိုးရာပါလိုက်တာသွားတာကို မက္ကဆီကိုကနေ ကယ်လာခဲ့ပေးဖူးပါတယ်။ဒီလိုနဲ့ ကျေးဇူးကြွေးကော ရင်းနှီးမှုတွေကြောင့် ဘော်ဒါအရင်းကြီးနှစ်ယောက်ဖြစ်သွားတဲ့ ဂျက်ခ်နဲ့ ဟယ်ရီတို့ဟာ ဆယ်စုနှစ်ကြာအောင် အတူနေဖြစ်သွားကြတာပါ။ဒါပေမဲ့ နောက်ပိုင်းမှာ ဂျက်ခ်က ကင်ဆာဖြစ်ပြီး နာလည်ထူဖို့ ကြိုးစားနေတဲ့အချိန်မှာ သူ့ရဲ့ မိန်းမဖြစ်တဲ့ ကတ်သရင်းရဲ့ တစ်ချိန်ကလူသတ်မှုကြောင့် ပြန်ပေးငွေကို ဟယ်ရီကနေ တစ်ဆင့်ခံပေးပေးဖို့ ဂျက်ခ်က တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် ...
movie

Twilight (1998)

1998
Thursday (1998) 7.1
Thursday (1998)  Thursday (1998)IMDb Rating (7.1) / Rotten Tomatoes (43%) ရုပ်ရှင်အဖွင့်မှာတော့ ခပ်မိုက်မိုက်ပဲ ဘာမဟုတ်တာလေးနဲ့ လက်ရဲဇက်ရဲသတ်ရဲတဲ့လူတစ်စုနဲ့ စထားပါတယ်။ကေစီဝဲလ်စ်က ဗိသုကာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာမတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနစ်ဆီကနေ ဖုန်းဝင်လာပါတယ်။ နောက်တော့ကေစီ့အိမ်ကို နစ်ခ်ရောက်လာလို့တွေ့ရတာဝမ်းသာနေပါတယ်။ကေစီ့ကားကို နစ်ခ်ကငှါးသွားပြီး အပြင်ခဏထွက်သွားတဲ့အချိန်၊ထားခဲ့တဲ့ခရီးဆောင်သေတ္တာကိုမသင်္ကာတာနဲ့ရိုက်ဖျက်ပြီး အထဲမှာမူးယစ်ဆေးတွေတွေ့တာနဲ့ ကေစီကလက်ဆေးကန်ထဲ သွန်ချဖျက်ဆီးလိုက်ပါတယ်။ပီဇာလာပို့သူယောင်ဆောင်ထားတဲ့သူက ကေ့စီကိုခြိမ်းခြောက်ပြီး ပစ္စည်းဘယ်မှာလဲမေးတော့ လက်ဆေးကန်ထဲသွန်ချလိုက်တာအမှန်ဆိုတာသိသွားပြီး ကေစီ့ကိုသတ်မလို့လုပ်တဲ့အချိန် ကေစီကပြန်ပြီးဖမ်းထားလိုက်ပါတယ်။ကေစီတို့လင်မယားက၊ကလေးမွေးစားဖို့လျှောက်လွှာတင်ထားလို့ အကဲဖြတ်မေးခွန်းတွေမေးဖို့ ဒေါက်တာဂျာဗစ်က ကေစီ့အိမ်ကိုရောက်လာပါတယ်။ နစ်ခ်ရဲ့မိန်းကလေးသူငယ်ချင်းဒါးလတ်စ်ကလည်းရောက်လာပါတယ်။နောက်ထပ်မျှော်လင့်မထားတဲ့သူတွေလည်းရောက်လာပြီး မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ ကေစီ့နောက်ကြောင်းက ဘာဖြစ်မလဲဒါးလတ်စ်နဲ့ မမျှော်လင့်ဘဲရောက်လာတဲ့သူတွေဘာဆက်ဖြစ်မလဲ။ကေစီနဲ့ နစ်ခ်သူငယ်ချင်းနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုတာ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။“ဒီရုပ်ရှင်ကိုကြည့်ရင်း တစ်ခါတုန်းက facebook မှာခင်လို့ စကားပြောဖြစ်တဲ့အမေရိကန်ကောင်လေးတစ်ယောက်ပြောတာကိုအမှတ်ရမိပါတယ်။အကိုကလည်းဆေးမှုနဲ့ထောင်ထဲမှာ။မိဘတွေကလည်းဂိုဏ်းတွေအချင်းချင်းဖိုက်တဲ့ပွဲမှာသေသွားတယ်။လူဖြူမိသားစုကမွေးစားထားတာ မနေချင်လို့ထွက်ပြေးလာတာအခုဦးလေးဆီမှာ။ဦးလေးကလည်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူ။သူ့ဘဝကနေ့တိုင်းသေနတ်ကိုခေါင်းအုံးအောက်ထားပြီးအိပ်ရတဲ့ဘဝ။သူ့မှာမိန်းမရှိတယ်။ မိန်းမက ဟစ်စပန်းနစ်။ တကယ်ဖြစ်ချင်တာကသူနာပြုပါတဲ့။တကယ်တော့အမေရိကန်ပြည်ထောင်စုဟာ အကျင့်ပျက်ခြစားတာတွေရှိနေတဲ့ နိုင်ငံလို့လဲပြောသွားပါသေးတယ်။ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့လာမေးရင်း သူ့အကြောင်းကိုပြောပြသွားတာပါ။”ဒါကြောင့် Thursday ရုပ်ရုပ်ကားဟာလည်း ရုပ်ရှင်ဆိုတာထက် သရုပ်မှန်ဇာတ်ကားတစ်ကားဆိုလည်းမမှားလောက်ပါဘူး။Thomas Jane( ကေစီ)၊Aaron Eckhart(နစ်ခ်)၊ Paulina Porizkova( ...
movie

Thursday (1998)

1998
Senseless (1998) 6.0
Senseless (1998)  Senseless (1998)1998မှာထွက်ရှိခဲ့တဲ့ Underrated Gem တစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ပါရစေ။တက္ကသိုလ်ကျောင်းသားလေး ဒဲရယ်ဟာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ရုန်းကန်လှုပ်ရှားနေရသူပါ။တစ်ဖက်မှာလည်း မိခင်နဲ့ညီငယ်ညီမငယ်လေးများကို ပြန်ကြည့်နေရသူတစ်ယောက်ပါ။ရုန်းကန်နေရသူ ဒဲရယ်တစ်ယောက် ပိုက်ဆံရဖို့အရေး ဒို့အရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံရရင်ပြီးရောဆိုပြီး ဘာအလုပ်မှမရွေးဘဲ အလုပ်ပေါင်းစုံကိုလုပ်ကိုင်ရာကနေတစ်နေ့မှာတော့ ထူးဆန်းတဲ့အလုပ်တစ်ခုကိုရှာတွေ့မိသွားပါတော့တယ်။စီးပွားရေးမေဂျာယူထားတဲ့ ဒဲရယ်ဟာ စမိုက်ဘိတ်စ်ကုမ္ပဏီမှာလည်း အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ကို စိတ်ကူးယဉ်နေရသူလည်းဖြစ်ပါတယ်။အမြဲတမ်းဝန်ထမ်းဖြစ်မှသာ ဖခင်ဖြစ်သူက တာဝန်မယူချင်လို့စွန့်ပစ်သွားခဲ့တဲ့သူ့ရဲ့မိသားစုကို စောင့်ရှောက်နိုင်မှာမို့လို့ပါ။တစ်ဖက်လည်း အလုပ်ပေါင်းများစွာနဲ့တစ်ဖက် ကိုယ့်စရိတ်ကိုရှာသုံးရင်း ဒဲရယ်ရဲ့မလျှော့သောဇွဲနဲ့အတူ တစ်ဖက်မှာလည်း စမိုက်ဘိတ်စ်မှာ အမြဲတမ်းဝန်ထမ်းဖြစ်ချင်တယ်ဆိုရင်အားကစားကလပ်တွေလူမှုရေးကလပ်တွေမှာ အသင်းဝင်ထားဖို့ကလည်း လိုအပ်တဲ့အတွက်ကြောင့် ဖတ်ဖတ်မောဖြစ်ရတဲ့ပုံတွေကို ဟာသနှောပြီးရိုက်ကူးထားတဲ့အတွက်ကြောင့်ဘဝအမောပြေချင်သူများအဖို့ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.3 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:33:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated ...
movie

Senseless (1998)

1998
Simon Birch (1998) 6.8
Simon Birch (1998) Simon Birch (1998)IMDb Rating (6.8) / Rotten Tomatoes (44%) 1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ “ Simon Birch “ ရုပ်ရှင်ဟာဆိုရင်ဖြင့် ဂန္တဝင်စာရေးဆရာကြီး “ John Irving “ ရေးသားထုတ်ဝေခဲ့သော စာအုပ် တစ်အုပ်ဖြစ်တဲ့ 1989ခုနှစ်ထုတ် “ A Prayer For Owen Meany “ ဆိုတဲ့ဝတ္ထုစာအုပ်ကို ပြန်လည်အသက်သွင်းထားခဲ့တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျိုး နဲ့ ဆိုင်မွန်ဘာ့ချ်တို့ဟာ လူတောမတိုးသော်ငြား စွယ်တော်ရွက်ကလေးလို အမြဲတူယှဉ်မခွဲမခွာဖြင့် အရမ်းကိုချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။ဆိုင်မွန်ကတော့ မွေးရာပါလူကောင်ပိစိလေးအဖြစ်မွေးလာခဲ့လို့ ကျန်းမာရေးလည်းချူချာရှာသလို မြို့ထဲကလူတွေကလည်း သူ့ရဲ့အရွယ်အစားကြောင့် သူ့ကိုလူထူးလူဆန်းလို့ပဲ မြင်နေကြတာကို အသက်ငယ်ငယ်လေးနဲ့ခါးစည်းခံနေရသူတစ်ယောက်ပါ။ဂျိုးဟာလည်း မြို့ထဲကလူတွေဆီကနေ အဖေမပေါ်ဘဲမွေးတဲ့ကောင်ဆိုပြီး နောက်ပြောင်ခံနေရသူတစ်ယောက်ပါ။ ဒါကြောင့် မထုံတတ်သေး လူတောမတိုးတဲ့သူငယ်ချင်းနှစ်ယောက် ဘယ်လိုတောင်အတွဲညီညီနဲ့ရောသမမွှေကြမလဲဆိုတာကို ကြည်နူးစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Mark Steven Johnson ရဲ့ပွဲဦးထွက်လက်ရာလည်းဖြစ်သလို ...
movie

Simon Birch (1998)

1998
Disturbing Behavior (1998) 5.7
Disturbing Behavior (1998)  Disturbing Behavior (1998)IMDb Rating (5.7) / Rotten Tomatoes (35%) စတီဗန်တို့မိသားစုဟာ အစ်ကိုအကြီးဆုံးဖြစ်တဲ့"အာလန်"သေဆုံးပြီးနောက်မှာ ခရစ်ဒယ်ဘေးကျွန်းသို့ မိသားစုလိုက်ပြောင်းလာကြပါတယ်။အဲ့ကအထက်တန်းကျောင်းမှာတက်ရင်း ဂါဗင်,ရေချယ်တို့နဲ့သူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ အဲ့ဒီအထက်တန်းကျောင်းက ကျောင်းသားတွေဟာဝါသနာတူရာစုပြီးအုပ်စုတွေကွဲနေကြပါတယ်။အဲ့လိုအုပ်စုတွေအများကြီးရှိတဲ့အထဲကမှ "အပြာရောင်ဖဲပြား"ဆိုတဲ့ စာတော်ပြီးထူးချွန်ထက်မြက်တဲ့အဖွဲ့ကသူတွေဟာ အရင်ကနဲ့မတူဘဲပြောင်းလဲလာပါတယ်။ ဂါဗင်ကိုယ်တိုင်ကလည်း အပြာရောင်ဖဲပြားအဖွဲ့ဝင်"အန်ဒီ"က မယ်ရီဂျိုးဆိုတဲ့အတန်းဖော်ကောင်မလေးကိုသတ်ပစ်တာကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပါတယ်။ဒါပေမဲ့ ရဲအရာရှိကော့ခ်စ်က အားလုံးကိုဖုံးကွယ်ပေးခဲ့တာကြောင့် သက်သေလည်းမရှိဘဲနှုတ်ပိတ်နေခဲ့ရပါတယ်။ ဂါဗင်ဟာ အဲ့အဖွဲ့ဝင်တွေကို မကောင်းတဲ့အမှောင်စွမ်းအင်တစ်ခုခုကထိန်းချုပ်စေခိုင်းနေတယ်လို့သံသယဝင်မိတယ်လို့ သူငယ်ချင်းတွေကိုပြောပြပေမဲ့ ဘယ်သူကမှမယုံခဲ့ကြပါဘူး။နောက်တော့ သူကိုယ်တိုင်အဲ့အဖွဲ့ဝင်ဖြစ်သွားပြီး အပြုအမူတွေပြောင်းလဲလာတော့မှ စတိဗ်နဲ့ရေချယ်တို့နှစ်ယောက် နောက်ကွယ်ကလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(1.8 GB) / (840 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Science Fiction Duration….01:24:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Rubyjane
movie

Disturbing Behavior (1998)

1998
Legionnaire (1998) 5.5
Legionnaire (1998)  Legionnaire (1998)IMDb Rating (5.5) / Rotten Tomatoes (29%) အက်ရှင်မင်းသား Van Damme အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဒရမ်မာကားဖြစ်တဲ့ Légionnaire ဟာဆိုရင် ၁၉၂၀ ပြည့်နှစ်လောက်က မြောက်အာဖရိကမှာရှိတဲ့ ပြင်သစ်နိုင်ငံခြားတပ်ရင်းရဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို အဓိကထားထားတဲ့ သမိုင်းနောက်ခံစစ်ကားဖြစ်ပါတယ်။နေရာအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် Légion လို့ခေါ်တဲ့ နိုင်ငံခြားတပ်ရင်းထဲရောက်လာကြသူတွေအနေနဲ့ နောက်ခံဇာတ်လမ်းတွေမတူညီကြပါဘူး။ သို့ပေမယ့် ဒီနေရာကိုရောက်လာချိန်မှာတော့ ညီအစ်ကိုတွေလို့ခံယူပြီး သစ္စာစောင့်သိသူတွေဖြစ်လာကြပါတယ်။ဒီဇာတ်ကားဟာဆိုရင် အက်ရှင်ကားဆိုပေမယ့် ဂုဏ်သိက္ခာ၊ သစ္စာဖောက်မှု၊ ရှင်သန်ရေးနဲ့ မိတ်ဆွေတွေကြားက သံယောဇဉ်တွေကို မီးမောင်းထိုးပြထားပါတယ်။ Van Damme ရဲ့ ပုံမှန်အက်ရှင်ကားတွေနဲ့မတူညီဘဲ ကွဲထွက်နေတဲ့ဇာတ်ကားတစ်ကားဆိုရင်လည်းမမှားပါဘူး။ဒီတော့ ပြင်သစ်နိုင်ငံခြားတပ်ရင်းတပ်သား(Légionnaire) တွေရဲ့ဘဝတွေက ဘယ်လိုမျိုးရှိတာလဲ။ မော်ရိုကိုမှာရှိတဲ့ Rif လူမျိုးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားကြမှာလဲ....ဒါတွေအပြင် လူတွေကြားထဲကသံယောဇဉ် အစရှိတာတွေကို သေချာလေးခံစားချင်ရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(1.9 GB) / ...
movie

Legionnaire (1998)

1998
Dead Man on Campus (1998) 6.0
Dead Man on Campus (1998)  Dead Man on Campus (1998)ဒီဇာတ်လမ်းမှာ ထူးချွန်ကျောင်းသား Josh နဲ့ အမြဲတမ်း ပါတီပွဲလုပ် ဆေးသုံးပြီး အလေလိုက်နေတဲ့ Cooper တိုနှစ်ယောက်က ကောလိပ်အဆောင်မှာ အခန်းဖော်တွေဖြစ်လာကြတယ်။Cooper ရဲ့ အတတ်ဆိုးတွေကြောင့် အပျော်အပါးမက်မိပြီး တစ်ခါမှမကျဖူးတဲ့ စာမေးပွဲတွေအကုန် ကျသွားတဲ့ Josh နဲ့ စာမေးပွဲကို လာတောင်မဖြေတဲ့ Cooper တိုနှစ်ယောက်လုံး ရုတ်တရက်ကြီးမားတဲ့ ပြဿနာကိုယ်စီပေါ်လာပါတော့တယ်။ဒါပေမဲ့ Josh နဲ့ Cooper တို စာမေးပွဲမအောင်လို သူတိုဘဝကြီးပျက်ဆီးလုနီးပါးအချိန်မှာပဲ တွေ့ရှိလိုက်ရတဲ့ ကောလိပ်စည်းမျဉ်းတစ်ခုကတော့ ကိုယ်နဲ့အတူအိပ်တဲ့ အခန်းဖော်‌တစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေရင် ကျန်တဲ့အခန်းဖော်သူငယ်ချင်းကို နှစ်သိမ့်အားပေးဆုအနေနဲ့ စာမေးပွဲတွေအကုန်အအောင်ပေးရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ Josh နဲ့ Cooper တို သူငယ်ချင်းနှစ်ယောက် သူတိုစာမေးပွဲတွေ အလိုလိုအောင်သွားတောင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အခန်းဖော်ရဖိုအတွက် နည်းဗျူဟာမျိုးစုံနဲ့ ဘယ်လိုတွေ ပူးပေါင်းကြံစည်ကြမလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာ တစ်လွဲမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal ...
movie

Dead Man on Campus (1998)

1998
Dangerous Beauty (1998) 7.1
Dangerous Beauty (1998)  Dangerous Beauty (1998)IMDb Rating (7.1) / Rotten Tomatoes (70%) ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ဟာအပျော်အပါး၊အနုပညာ၊ကဗျာ စာပေတွေနဲ့မွေ့လျော်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။အဲဒီမြို့က ဗရော်နီကာဆိုတဲ့ မိန်းမငယ်လေးဟာလည်း ချစ်ရသူနဲ့ အသိုင်းအဝိုင်းကွာခြားမှုကြောင့် မပေါင်းစပ်နိုင်ကြောင်း သိရှိပြီးနောက်မှာ မိသားစုအတွက် ပြည့်တန်ဆာအဖြစ်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ချောမောပြီးထက်မြတ်လှတဲ့ ဗရော်နီကာဟာ သူ၏ချောမောမှု ဉာဏ်ရွှင်မှု အပြုအစုကောင်းမှုတွေကြောင့် ဗင်းနစ်မြို့ရဲ့ထိပ်တန်းအမျိုးသားတွေရဲ့ အသည်းစွဲဖြစ်လာခဲ့ရပါတယ်။ဗရော်နီကာတစ်ယောက် ပြည့်တန်ဆာဖြစ်လာပြီး နောက်ပိုင်းမှာရော ချစ်ရသူရဲ့အချစ်တွေကို ထိန်းသိမ်းထားနိုင်ဦးမှာလား ?သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကရော ဘယ်လိုရှေ့ဆက်သွားမှာလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, Romance Duration…. 01:51:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eunice
movie

Dangerous Beauty (1998)

1998
Black Cat, White Cat (1998) 8.0
Black Cat, White Cat (1998)  Black Cat, White Cat (1998)IMDb Rating (8.0) / Rotten Tomatoes (82%) ဒီဇာတ်ကားကတော့ ဆာဘီးယားဇာတ်ကားဖြစ်ပါတယ်။ ဆာဘီးယားနိုင်ငံကအရှေဥရောပက ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နိုင်ငံအစုံကရုပ်ရှင်ဇတ်ကားတွေကိုမြည်းစမ်းကြည့်ရတာကောင်းပါတယ်။စလာလာချင်းကတော့ ဘာဇာတ်ကားကြီးလဲပေါ့ တစ်ဖြည်းဖြည်းမှကြည့်ကောင်းလာပြီး ရယ်ရတဲ့ ဇာတ်ကားတစ်ကားပါ။ရယ်မောတာကလူကိုအသက်ရှည်စေတယ်ဆိုရင် ကလိထိုးရယ်ခိုင်းတာမဟုတ်ဘဲ သေချာဇာတ်ကွက်ချပြီးရယ်ရအောင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဒီလိုဇာတ်ကားလေးတွေက စိတ်အပန်းပြေစေပါတယ်။ဒီဇတ်ကားက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဆုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းမက်ကိုက ဖဲကစားတာကြိုက်တဲ့လူဖြစ်ပြီး သူ့မှာ ဇာရီးဆိုတဲ့ သားချောလေးတစ်ယောက်ရှိပါတယ် ။သူ့အဖေမှာ ဘိလပ်မြေစက်ရုံရှိပေမဲ့ ဒါးဒန်ဆိုတဲ့လူကိုရောင်းပစ်လိုက်ပြီး မက်ကို့ကိုလည်း တစ်ပြားမှမပေးပါဘူး။သူ့အဖေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရပါတယ်။မက်ကိုက ရုရှဘက်ကလာတဲ့ ဒီဇယ်တွေကိုမှောင်ခိုဝယ်ဖို့ပိုက်ဆံလိုလို့ သူ့အဖေရဲ့ငယ်ချင်း ဂါဂါ ဆီမှာသွားချေးပါတယ်။သူ့အဖေရဲ့ ကျေးဇူးရှိတယ်ဆိုပြီး ဂါဂါကချေးလိုက်ပါတယ်။ဂါဂါ့မှာ မိန်းမယူခိုင်းလို့မရတဲ့ ဂျူနီယာဂါဂါဆိုတဲ့ မြေးတစ်ယောက်ရှိပါတယ်။ဒါးဒန်က ဘူလ်ဂေးရီးယား အကောက်ခွန်အရာရှိတွေနဲ့သိလို့မက်ကိုကရှယ်ယာထည့်ခိုင်းရင်းသွားအကူညီတောင်းတော့ဒါးဒန်က သဘောတူလိုက်ပါတယ် ။တကယ် နယ်စပ်ကနေဖြတ်ပြီး ရထားလည်းရောက်ရော မက်ကိုအိပ်ဆေးခပ်ခံရပြီး ဒီဇယ်တွေအတွက် ချေမယ့်ငွေကိုလည်းအလုခံလိုက်ရပါတယ်။ဒါးဒန်ကမက်ကို့ကိုအကြွေးပြန်တောင်းပါတယ်။မပေးနိုင်ရင် မက်ကို့သားနဲ့ သူ့ညီမ အက်ဖရိုဒစ်တာ လက်ထပ်ပေးရမယ်အတင်းသဘောတူခိုင်းတာနဲ့ လက်ထပ်ပွဲကိုအမြန်စီစဥ်ကြပါတယ်။အက်ဖရိုဒစ်တာက ပုလွန်းသေးလွန်းတယ်ဆိုပြီး ...
movie

Black Cat, White Cat (1998)

1998
Pi (1998) 7.3
Pi (1998)  Pi (1998)IMDb Rating (7.3) / Rotten Tomatoes (88%) ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDbမှာလည်းမခေလှတဲ့ သိပ္ပံဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Psychological Thriller တွေကိုကြိုက်တတ်သူတွေအနေနဲ့တော့လက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးထဲမှာတော့ Max လို့ခေါ်တဲ့သင်္ချာပညာရှင်တစ်ယောက်ကိုဦးတည်ထားပါတယ်။ သူဟာ သင်္ချာကိန်းတစ်ခုကိုရှင်းရင်း ကွန်ပြူတာမှာ ကိန်းဂဏန်းစဉ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ဆရာကိုမေးကြည့်တဲ့အခါ သူ့ဆရာကလည်း တိုက်တိုက်ဆိုင်ဆိုင် ကိန်းလုံးရေ ၂၁၆လုံးရှိတာလားလို့မေးလိုက်ပြန်ပါတယ်။ ဒါနဲ့ပဲ Max တစ်ယောက်ခေါင်းစားနေတုန်း ဂျူးဘာသာရေးသမားတစ်ယောက်က ဟီဘရူးဘာသာနဲ့ပတ်သက်ပြီးလာပြောပြရာကနေ ကိန်းလုံးရေ ၂၁၆လုံးအကြောင်းထပ်ပါလာပြန်ပါတယ်။ဆိုတော့ Max အနေနဲ့ဒီအကြောင်းကိုတအားသိချင်လာပေမဲ့ သူ့ဆရာကတော့ ကွန်ပြူတာကြောင်တာပါလို့အကြောင်းပြပြီး သူ့ကိုတားမြစ်ပါတော့တယ်။ အဘိုးကြီးကလည်းမူမမှန်တာကြောင့် Max အနေနဲ့ဒီအရာကိုမသိသိအောင်စုံစမ်းပါတော့တယ်။ဆိုတော့ဒီကိန်းတန်း ၂၁၆လုံးကဘာတွေလဲ…ဘာရဲ့အဓိပ္ပာယ်ဖြစ်မလဲ…သိပ္ပံနဲ့ဘာသာရေးကိုပါယှဉ်တွဲပြသထားတဲ့ဒီဇာတ်ကားလေးကတော့ တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းပြီး ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ဖို့အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(3.1 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:25:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L
movie

Pi (1998)

1998
BASEketball (1998) 6.5
BASEketball (1998)  BASEketball (1998)IMDb Rating (6.5) / Rotten Tomatoes (41%) အမေရိကန်နိုင်ငံမှာ baseball ပြိုင်ပွဲအလွန်နာမည်ကြီးခဲ့တဲ့ကာလပေါ့။ အဲ့ဒီအချိန်မှာအားကစားဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အချိန်။ Baseball World Series ရဲ့ပြိုင်ပွဲတစ်ခုကို Joe Cooper နဲ့ Doug Remer တို့သူငယ်ချင်းနှစ်ယောက်ဟာ လာရောက်ကြည့်ရှု့နေခဲ့ပါတယ်။အဲ့ဒီ့နေ့မှပဲ Reggie Jackson ကလည်းမှော်ဝင်နေသလိုကိုကောင်းရော။ တစ်ပွဲတည်း home run သုံးခါရိုက်ခဲ့တယ်။ ကံကောင်းချင်တော့ နောက်ဆုံးရိုက်ချက်ဟာ Coop ဆီကိုကျလာခဲ့တယ်။ငယ်ရွယ်တဲ့ Coop ဟာ တစ်နေ့ငါလည်းသူ့လိုအားကစားသမားကြီးဖြစ်ရမယ်ပေါ့။ တကယ်တမ်းကြီးလာတဲ့အခါ Coop နဲ့ Remer တို့နှစ်ယောက်သား ဘာမှအလုပ်မယ်မယ်ရရမရှိ။အလေလိုက်ကောင်းနေခဲ့ပါတယ်။ Remer ကကျောင်းတုန်းက Crush လေး ပါတီပွဲလုပ်တယ်ဆိုလို့ အဖော်ဆွယ်ပြီး Coop ကိုပါခေါ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ လူကုံထံအသိုင်းဝိုင်းကြားမှာမလို့ ဘယ်သူမှသူတို့ကို အဖက်မလုပ်ချင်ခဲ့ပါဘူး။ဒါနဲ့ပဲပျင်းလို့ Basketball လေးဆော့နေတုန်း သူ့crush လေးရဲ့ဘဲက နှစ်ယောက်ချင်းကစားဖို့ ...
movie

BASEketball (1998)

1998
Paulie (1998) 6.5
Paulie (1998)  Paulie (1998)IMDb Rating (6.5) / Rotten Tomatoes (62%) DreamWorks ဆိုကတည်းကကို ကြည့်သင့်နေပါပြီ။ ၁၉၉၈လောက်က vibe မျိူးကို သတိရနေတဲ့လူတွေအတွက်ဒီကားက ၁၀/၁၀ပါ။ဇာတ်လမ်းအကျဉ်းပေါ်လီဆိုတဲ့ စကားပြောတတ်တဲ့ငှက်ကလေးဟာ သူချစ်ရတဲ့ပိုင်ရှင် မာရီနဲ့ ကွဲသွားခဲ့ပါတယ်။နှစ်အတော်အတန်ကြာပြီးတဲ့အခါ သူမာရီ့ဆီကိုပြန်သွားနိုင်ဖို့ ကြိုးစားပါတော့တယ်။အဲ့တော့ သူမာရီဆီရောက်သွားနိုင်မှာလား သူ လမ်းမှာဘယ်လိုလူမျိုးတွေနဲ့ ဘယ်လိုအခက်အခဲတွေတွေ့ရမှာလဲ။မာရီကရော သူ့ကိုမှတ်မိပါ့မလားဆိုတာ ကြည့်မှာဖြစ်ပါတယ်။ကြည့်နေတဲ့လူပါ ဇာတ်ကားမြောပါသွားမယ့်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (2.3 GB) / (1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Adventure, Comedy, Drama, Family Duration…. 01:31:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw
movie

Paulie (1998)

1998
On Board (Aka) Gemide (1998) 7.9
On Board (Aka) Gemide (1998)  On Board (Aka) Gemide (1998)IMDb Rating (7.9) / Rotten Tomatoes (90%) တူရကီ နိုင်ငံ independent ရုပ်ရှင်ကားတစ်ကောင်းဖြစ်ပါတယ်။သာမာန် သင်္ဘောသား လူလေးယောက်က သူတိုအခြေအနေ အကြောင်းပြချက်အရ ပြစ်မှု ကျူးလွန်သူတွေ ဖြစ်လာကြတဲ့အခါ သင်္ဘောပေါ်မှာက အရာရာ အမိန့်နာခံ အဆင်ပြေနေခဲ့ပါတယ်။ဆိုတော့ သင်္ဘောပေါ်က သူတို ဘဝကြီးက ပျင်းစရာကောင်းနေခဲ့ပါတယ်။ သူတိုဟာ ပေါ့ သောက်နေကြရင်း ကမ်းစပ်ဘက် စျေးဝယ်သွားတဲ့သူတို့ သူငယ်ချင်း ဘောက်ဇာ ပြန်လာဖို ထပ်ခါထပ်ခါ ပြောနေကြ အကြောင်းအရာကို ပြောကာ စောင့်နေကြရင်း ဘောက်ဇာတစ်ယောက် ပြန်လာတော့ ‌ရေစိုအဝတ်တွေနဲ့ ဘာစားစရာမှ မပါပဲ ရောက်လာခဲ့ပါတယ်။ဓါးမြတိုက်ခံရတယ်လို သူတို သူငယ်ချင်းက ပြောတဲ့အခါမှာတော့..တူရကီ ဘာသာ စကားပြော နဲ့ ဇာတ်လမ်းကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။) File size… ...
movie

On Board (Aka) Gemide (1998)

1998
Little Voice (1998) 7.0
Little Voice (1998)  Little Voice (1998)IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းအယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ "ရေးဆေး"ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ "အယ်လ်ဗီ"ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။အနုပညာလောကက အေးဂျင့်ပီပီ "ရေးဆေး"ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ...
movie

Little Voice (1998)

1998
Knock Off (1998) 4.9
Knock Off (1998)  Knock Off (1998)အက်ရှင်မင်းသား Van Damme နဲ့ Rob Schneider တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟောင်ကောင်မှာ ပစ္စည်းအတုတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တဲ့ Ray..သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Tommy နဲ့အတူတူ အထည်အတုတွေနောက်ကွယ်က ပုန်းကွယ်နေတဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ထင်မှတ်မထားတဲ့ plot twist တွေ၊ နောက်ကွယ်ကသရုပ်မှန်တွေနဲ့ သူငယ်ချင်းမိတ်ဆွေ သံယောဇဉ်တွေကိုလည်း အသေအချာထည့်သွင်းသရုပ်ဖော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့တွေ့သွားတဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ ? ပါဝင်ပတ်သက်နေကြသူတွေရဲ့ တကယ့်မျက်နှာအစစ်ကရော ဘာတွေလဲ ?ဇာတ်လမ်းနာမည်အတိုင်းပဲ တစ်ကားလုံးမှာ အတုအယောင်တွေနဲ့ ပြည့်နှက်နေတာကို ခံစားရမှာဖြစ်ပါတယ်။ဟောင်ကောင်အက်ရှင်ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (5 GB) / (1.6 GB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Action ,Crime, Thriller Duration…. 01:30:50 Subtitle…. ...
movie

Knock Off (1998)

1998
Desperate Measures (1998) 6.1
Desperate Measures (1998)    Desperate Measures (1998)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ action ဇာတ်ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Michael Keaton နဲ့ Andy Garcia တို့အဓိကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ ဖရန့်ကော်နာဟာရဲတပ်သားတစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သားလေးကသွေးကင်ဆာရောဂါခံစားနေရပါတယ်။ရိုးတွင်ခြင်ဆီအစားထိုးနိုင်မှအသက်ရှင်သန်ခွင့်ရမှာပါ...ဒီတော့ဖရန့်ကော်နာကရိုးတွင်ခြင်ဆီအစားထိုးဖို့သင့်တော်တဲ့သူကိုလိုက်ရှာရင်းနဲ့ တစ်ယောက်ထဲသောသင့်တော်တဲ့သူကိုတွေ့သွားပါတယ်။သူကတော့ပီတာမက်ကိပ်ဆိုတဲ့ထောင်သားပဲဖြစ်ပါတယ်။ပီတာမက်ကိပ်ကလူသတ်မှုနဲ့ထောင်ကျထားတာဖြစ်ပြီးထောင်ထဲမှာပါလူထပ်သတ်လို့သီးသန့်ခွဲထားရသူပါ။ဒီတော့ဖရန့်ကော်နာရဲ့သားလေးကိုပီတာမက်ကိပ်ကခြင်ဆီလှူဒါန်းပေးမလား...ဘယ်လိုတွေဉာဏ်နီဉာဏ်နက်ထုတ်မလဲဆိုတာဆက်လက်ရှုစားပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.6 GB) / (1.1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Action, Crime, Drama, Thriller Duration…. 01:41:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie

Desperate Measures (1998)

1998