Channel Myanmar

Animation

TO BE HERO X (2025) Tu Bian Ying Xiong X 9.5
TO BE HERO X (2025) Tu Bian Ying Xiong X  TO BE HERO X (2025)IMDb Rating (7.6) Japan x China Collaboration အနေနဲ့ ပွဲထွက်လာခဲ့တဲ့ Donghua Anime စီးရီးတစ်ခု ဖြစ်ပါတယ်။ ရုပ်ထွက်စတိုင်ကလည်း ထူးခြားစွာနဲ့ သာမန် Japan Anime တွေလို မဟုတ်ပဲ LoL:Arcane စတိုင်ဖက် နည်းနည်းရောက်တယ် ဆိုရမှာပေါ့။ ဒါတင်ပဲလားဆိုတော့ ဇာတ်လမ်းကလည်း တစ်မျိုးကွဲထွက်နေတဲ့ကောင်ပါ။ သူ ဇာတ်အိတ်တည်ထားတဲ့လောကကြီးမှာ အရာအားလုံးက Trust Value ဆိုတဲ့ ယုံကြည်မှုတန်ဖိုးနဲ့ တွက်ချက်ပြီး လက်ကောက်ဝတ်တွေမှာ ပေါ်တယ်၊ ဒီလိုအမှတ်တွေ များလာတဲ့အခါကျ သာမန်လူတစ်ယောက်ကနေတောင် Hero တွေ ဖြစ်လာနိုင်ပြီး ဒီလို ယုံကြည်မှုနဲ့ ဖန်တီးထားတဲ့ Hero တွေဆိုတာလည်း စူပါအစွမ်းတွေရ ကမ္ဘာကြီးကို ကယ်တင်နိုင်၊ Hero တွေကြားမှာလည်း အဆင့်သတ်မှတ်ချက်တွေနဲ့ ဘယ်သူက အဆင့်ဘယ်လောက်ဘာညာဆိုတာမျိုး။အဲဒီလိုတွေနဲ့ ယုံကြည်မှုအများဆုံး ...
9.5
TMDb: 9.5/10 2 votes
tv

TO BE HERO X (2025) Tu Bian Ying Xiong X

2025
YAIBA: Samurai Legend (2025) 8
YAIBA: Samurai Legend (2025) YAIBA: Samurai Legend (2025)ဒီanimeကို Studio Witက ကိုင်ပြီး remakeပြန်ထုတ်မယ်သတင်းတက်ကတည်းက စိတ်ဝင်စားမိခဲ့တာပါ။ဘာကြောင့်စိတ်ဝင်စားမိရတာလဲဆိုရင် အရင်အဟောင်းဟာ ကျနော့်အတွက် ပထမဆုံးကြည့်ဖူးခဲ့တဲ့animeဖြစ်ခဲ့တာ‌ရယ်၊ ကျနော်အရမ်းသဘောကျတဲ့ Studio Witလက်ရာနဲ့မြင်တွေ့ရမှာရယ်၊ Detective Conan ရဲ့ဖန်တီးရှင် ဆရာGosho Ayomaရဲ့လက်ရာဖြစ်နေတာရယ်၊ Detective Conan ၊ KiKi deliveryတို့ရဲ့အသံသရုပ်ဆောင် Minami Takayamaကလည်း အဓိကဇာတ်ကောင် Yaibaရဲ့အသံကိုသရုပ်ဆောင်ပေးမှာရယ်တို့ကြောင့်စိတ်ဝင်စားခဲ့တာပါ။အဟောင်းတုန်းကတော့ ကြည့်ခဲ့တာ ကလေးအရွယ်မလို့ ဘာမှနားမလည်ခဲ့ပေမဲ့ မင်းသားရဲ့ မိစ္ဆာဓါးကိုကိုင်တွယ်ပြတဲ့ပုံကိုမြင်ပြီး အရူးထလိုက်တောင်လုပ်ခဲ့တဲ့အထိ နှစ်ခြိုက်ခဲ့ရတာပါ။ (ဘယ်လိုကိုင်တွယ်လဲတော့ spoil သလိုဖြစ်မှာစိုးလို့ မပြောတတ်ဘူးနော်)ဇာတ်လမ်းအကျဉ်းကတော့Yaibaဆိုတဲ့ကောင်လေးဟာ တောထဲမှာ အဖေဖြစ်သူ‌နဲ့အတူ နေထိုင်ကြီးပြင်းပြီး ဓါးရေးလေ့ကျင့်ရာကနေ မတော်တဆမှုတခုဖြစ်ပြီး မြို့ကိုရောက်လာခဲ့ပါတယ်။အဆိုပါမြို့မှာတော့ မင်းသားအဖေကိုလိုက်ပြိုင်နေတဲ့လူကြီးရဲ့အိမ်မှာ သောင်တင်သွားခဲ့ရာကနေ အဆိုပါလူကြီးရဲ့သမီးဖြစ်သူနဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။နောက်တော့ အဆိုပါကောင်မလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ မင်းသားရဲ့မဟာပြိုင်ဖက်ကြီးနဲ့စဆုံပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ကျီစားမှုကနေ ရှေးဟောင်းဓါးတလက်ကိုရရှိသွားပါတော့တယ်။စွမ်းအားကြီးလှတဲ့ အဆိုပါဓါးကို Yaiba တယောက်ထိန်းချုပ်နိုင်မလား။ အထိန်းချုပ်ပဲခံရမလားတော့ စနေညတွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ DrNyan ...
8
TMDb: 8/10 4 votes
tv

YAIBA: Samurai Legend (2025)

2025
Love, Death & Robots (2019-2025) Complete 8.2
Love, Death & Robots (2019-2025) Complete   Love, Death & Robots (2019-2025)IMDb Rating (8.4) / Rotten Tomatoes (86%) ချစ်ခြင်း၊သေဆုံးခြင်းနဲ့စက်ရုပ်များ...ကမ္ဘာကြီးက ပျက်စီးလာနေပါပြီ...အတ္တတွေ လောဘတွေ ရှေ့တန်းတင်ထားမှတော့ ချစ်ခြင်းမေတ္တာလဲ သေဆုံးခဲ့ချေပေါ့....စိမ်းလန်းတဲ့မျက်ခင်းပြင်တွေ ဖြူစင်တဲ့အပြုံးတွေ ရိုးသားတဲ့ပတ်ဝန်းကျင်တွေ ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာ စက်ရုပ်တွေနဲ့စက်ရုပ်လိုလူတွေပဲရှင်သန်ခဲ့ချေပေါ့...ဒီလိုခမ်းခြောက်တဲ့ကမ္ဘာကြီးဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး ကျွန်တော်တို့ပတ်ဝန်းကျင်မှာကို စတင်ထိတွေ့နေရပါပြီ...လူမှုစံနှုန်းတွေကို အတ္တတွေလောဘတွေကြောင့် ချေနင်းခဲ့ကြတဲ့လူသားတွေအတွက် ကမ္ဘာကြီးကပြန်ပေးမယ့်လက်ဆောင်ကတော့ စက်ရုပ်နှလုံးသားတွေပါပဲ...ဒီလိုအတွေးတွေကို ကြိုပြီးချပြခဲ့တာကတော့ David Fincher နဲ့ Tim Miller တို့ရဲ့ Love, Death & Robots animated short film စီးရီးလေးပါပဲ။Season ၃ ခုထွက်ထားပြီး Season-1 မှာ ၁၈ ပိုင်း၊ Season-2 မှာ ၈ ပိုင်းနဲ့ Season-3 မှာ ၉ ပိုင်း၊ အခု 2025 မှာ ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots (2019-2025) Complete

2019
The Beginning After the End (2025) 8
The Beginning After the End (2025) The Beginning After the End (2025)IMDb Rating (7.3) ဒီစီးရီးကိုသိတဲ့လူတွေကတော့ အတော်ကိုကောင်းပြီးဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းဆိုတာသိကြသလို animeထွက်မယ်သတင်းထွက်ကတည်းက မျှော်နေကြမယ်လည်းထင်ပါတယ်။ ဇာတ်လမ်းကတော့ လိုတိုရှင်းတစ်ခွန်းထဲပြောရရင် zero to heroဇာတ်လမ်းပါ။ဇာတ်လမ်းအကျဉ်းကိုဆက်မပြောခင် ဒီစီးရီးရဲ့သမိုင်းကြောင်းလေးနည်းနည်းပြောပါရစေ။ဒီစီးရီးဟာ ဆရာTurtle Meက web novel(ဝတ္ထု)အနေနဲ့ ၂၀၁၈ ဇူလိုင်လမှာ စတင်‌ရေးသားခဲ့တာဖြစ်ပြီး storyline ရော၊ worldbuildingပိုင်းပါ အရမ်းအားကောင်းတာကြောင့် တဖြည်းဖြည်းနဲ့ fan base ပါ အရမ်းတောင့်လာခဲ့တဲ့စီးရီးပါ။ ဇာတ်လမ်းထဲမှာ မြုတ်ထားတဲ့ဇာတ်ကွက်တွေကလည်း စာဖတ်သူတွေကိုတောက်လျောက်ဆွဲခေါ်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အရမ်းကိုအင်အားကြီးခဲ့တဲ့ဘုရင်ကြီးဟာ သေဆုံးသွားပြီး တခြားကမ္ဘာက သာမန်မိသားစုလေးမှာမွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီကမ္ဘာဟာ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဖြစ်တာမလို့ ဇာတ်လိုက်မင်းသားအတွက် မွေးကတည်းက အထူးအဆန်းဖြစ်လို့နေခဲ့တာပါ။ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဆိုပေမဲ့ အဆိုပါကမ္ဘာက လူတွေဟာ မှော်ပညာကို လူပျို၊ အပျိုဖော်ဝင်ခါအချိန်မှပဲ စတင်သုံးနိုင်ကြပါတယ်။မင်းသားကရော ဘယ်အရွယ်မှာစပြီးမှော်ပညာကိုသုံးနိုင်မလဲ?သုံးရောသုံးနိုင်ပါ့မလား?အရင်ဘုရင်ဘဝမှာရော ဘယ်လိုအကြောင်းကိစ္စနဲ့‌ဆုံတွေ့မိခဲ့ပြီး သေဆုံးခဲ့ရတာလဲ?အရမ်းကိုလူကြိုက်များတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေကရော ဘာဖြစ်မလဲဆိုတာတွေကို ဗုဒ္ဓဟူးညတိုင်း‌ အပိုင်းသစ်ထွက်မှာကို စောင့်ပြီး ကြည့်ရှုခံစားလိုက်ပါစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
8
TMDb: 8/10 3 votes
tv

The Beginning After the End (2025)

2025
Family Guy (1999) 7.4
Family Guy (1999) " family guy အရယ်ရဆုံးအပိုင်းများ စုစည်းမှု"==============================family guy က လက်ရှိထွက်ထားတာ ၄၂၄ ပိုင်း ရှိပါပြီ။အကုန်လုံး ထိုင်ကြည့်နေရင်လည်း ဟုန်ပြီး ပျင်းသွားမဲ့အတူတူအရယ်အရဆုံးအပိုင်းတွေကို သေချာ ရှာပြီးတင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းတွေကလည်း အဆက်အစပ် သိပ်မလိုတာကြောင့်အားတဲ့အချိန်တိုင်း ကြည့်ပြီး ခွီလို့ရပါပြီ။Season တွေ အပြည့် အကုန်မပြန်ထားပဲ ကောင်းတဲ့ Episode တွေလောက်ပဲရွေးချယ်တင်ပေးထားပါတယ်။ Family Guy ကိုတော့ မသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။အကုန်လုံးမကြည့်ဖူးကြရင်တောင်မှ Reels တွေမှာ Clips တွေမှာ မြင်ဖူးကြမှာပါ။ဒီဇာတ်လမ်းတွဲကတော့ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ဖြစ်တဲ့ Seth MacFarlane ရဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ Reference တွေ၊ Rac!st Jokes တွေ၊ S*xual Jokes တွေတစ်ပုံတစ်ပင်နဲ့ Random Bullsh!t Go! ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။တော်တော်လေးရယ်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်သလို တော်တော်လေးလည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။"မင်းက ...
7.4
TMDb: 7.4/10 4461 votes
tv

Family Guy (1999)

1999
Sword of the Demon Hunter: Kijin Gentosho (2025) 8.5
Sword of the Demon Hunter: Kijin Gentosho (2025) Sword of the Demon Hunter: Kijin Gentosho (2025) IMDB – 7.6/10, MyAnimeList – 7.6/10“ခေတ်အဆက်ဆက် နှစ်ပေါင်း ၁၇၀ ကြာ ဖြတ်သန်းခဲ့သော မကောင်းဆိုးဝါး နှိမ်နှင်းသူ၏ စွန့်စားခန်းရှည်”ခုလက်ရှိထုတ်လွှင့်နေတဲ့အထဲ တော်တော်ကို Dark & Grim ဖြစ်ပြီး ဟာသဆိုလည်း မပါသလောက်ကို နည်းတယ်နောက်ပြီး ဒိုင်ယာလော့ခ် ဇာတ်ညွန်းတွေမိုက်တယ် ရုပ်ထွက်လည်း ဖိုင်းတယ်ဓားသိုင်း ပါဝါ အက်ရှင်တွေပါတယ် ဝမ်းနည်းကြေကွဲစရာ Deep ဖြစ်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ရော ရှယ်ပါပဲ။ပထမဆုံးအပိုင်းမှာတင် ၁ နာရီလောက်ကြာမြင့်တဲ့ Epic ဆန်ဆန် အစပျိုး ဇာတ်လမ်းတည်ထားတယ်။ဇာတ်လမ်းအကျဉ်း ပြောပြရမယ်ဆို မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ဆိုတဲ့ကလေးမလေးရယ်အစ်ကိုဖြစ်သူ Jinta ရယ် အိမ်ကနေထွက်ပြေးလာတော့ လမ်းမှာ လူကြီးတစ်ယောက်က ကယ်တင်ပေးခဲ့တယ်။သူနေတဲ့ Kadono ရွာကို ခေါ်သွားပြီး မိသားစုအဖြစ် ပျိုးထောင်ပေးခဲ့တာပေါ့။သူ့မှာလည်း Shirayuki ...
8.5
TMDb: 8.5/10 2 votes
tv

Sword of the Demon Hunter: Kijin Gentosho (2025)

2025
My Hero Academia: Vigilantes (2025) 8
My Hero Academia: Vigilantes (2025)  IMDb Rating (8.2) My Hero Academia ရဲ့ Spin-off ဖြစ်တဲ့ Vigilante စီးရီးကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ MHA ပင်မဇာတ်လမ်းကြီး မဖြစ်ခင်အချိန်ကာလကို ဦးတည်ထားတာပါ။ အဲဒါကြောင့် သူတို့ကလွဲပြီး ကျန်တဲ့ All Might တို့ ဘာတို့ Pro Hero ကြီးတွေတော့ ပြန်ပါကြပါသေးတယ်။ အကယ်၍ MHA ကို မကြည့်ဘူးတဲ့ လူတွေအတွက်လည်း ကြည့်ရတာ အဆင်ပြေအောင် တစ်ချက်လောက် ရှင်းပြပါ့မယ်။ဇာတ်လမ်းတည်ထားတဲ့ကမ္ဘာကြီးမှာ လူသားတွေ ၈၀ ရာခိုင်နှုန်းလောက်က Quirk လို့ခေါ်တဲ့ ထူးဆန်းတဲ့အစွမ်းကိုယ်စီ ရှိနေကြပါပြီ။ အသုံးကျတာရှိသလို အသုံးမကျတဲ့အစွမ်းလည်း ရှိတာပေါ့။ ဒီတော့ အစွမ်းထက်တဲ့လူတွေကတော့ Hero ဆိုပြီး လိုင်စင်ယူပြီး လူထုအတွက် အကျိုးပြုသလို တချို့ကျတော့လည်း Villain ဖြစ်သွားကြတာပေါ့လေ။ဒီကားထဲမှာတော့ MC ရဲ့အစွမ်းက သောက်တလွဲပါ ...
8
TMDb: 8/10 1 votes
tv

My Hero Academia: Vigilantes (2025)

2025
Go! Go! Loser Ranger! (2024) 7.4
Go! Go! Loser Ranger! (2024)  Go! Go! Loser Ranger! (2009)IMDb Rating (7.0) ဇာတ်လမ်းကိုတော့ ကမ္ဘာ့လေထုထဲကို ဝဲပျံနေတဲ့ဧရာမခံတပ်ကြီးတစ်ခုဝင်ရောက်လာတဲ့ အချိန်ကာလနဲ့ စတင်ထားပါတယ်။ ၎င်းနဲ့အတူ ပါလာတဲ့မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နတ်ဘုရားနဂါးရိန်းဂျားတွေ ဖြစ်တဲ့ Dragon Keepers တွေနဲ့ ရင်ဆိုင်အတွေ့မှာတော့ သူတို့ရဲ့ဘော့စ်တွေပါ လက်စတုံးခဲ့ပြီး ခေါင်းပြတ်သွားတဲ့ မြွေလို ဦးတည်ရာမဲ့နေခဲ့ပါတော့တယ်။အဲဒီအချိန်ကတည်းက ၁၃ နှစ်ကြာတဲ့အထိ မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာကြီးကို ကျူးကျော်ဖို့အစီအစဉ်နဲ့ တနင်္ဂနွေနေ့တိုင်း ကြိုးစားလာခဲ့ကြတာ. Dragon Keepers လို့ အမည်ရတဲ့ ရိန်းဂျားတွေက အပတ်စဉ်နှိမ်နင်းရင်းနဲ့ လူကြိုက်များတဲ့ တနင်္ဂနွေပွဲတော်တစ်ခု ဖြစ်လာခဲ့ပါတယ်။ကမ္ဘာမြေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတဲ့ Dragon Keepers တွေကို အားပေးလာခဲ့ကြတဲ့ပြည်သူတွေကတော့ Dragon Keepers တွေနဲ့ မကောင်းဆိုးဝါးစစ်တပ်ကြားထဲက သဘောတူညီချက်ကိုတော့မသိရှိခဲ့ပါဘူး။ဒါပေမဲ့ တစ်ရက်မှာ ထပ်တလဲလဲ ဟန်ဆောင်ရှုံးနိမ့်ရပြီး ကြည့်ရှုသူတွေရှေ့မှာ ...
7.4
TMDb: 7.4/10 29 votes
tv

Go! Go! Loser Ranger! (2024)

2024
Lazarus (2025) 8
Lazarus (2025)  Lazarus (2025)IMDb Rating (8.4) / Rotten Tomatoes (87%) ခေတ်လွန်ကမ္ဘာတစ်ခုမှာ နာမည်ကျော်ဒေါက်တာတစ်ဦးဟာ လူသားမျိုးနွယ်အတွက်ဆိုပြီး ဈေးလည်းသက်သာပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ Hapna ဆိုတဲ့ အကိုက်အခဲပျောက်ဆေးကို တီထွင်ခဲ့တယ်။ တစ်ကမ္ဘာလုံးကိုလည်း အနှေးနဲ့အမြန် လွှမ်းမိုးသွားပြီး တစ်ဦးမကျန် သောက်သုံးကြတဲ့အဆင့်ရောက်တဲ့အချိန် ဒီဒေါက်တာဟာ ရုတ်တရက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာပေါ့။ဒီလိုနဲ့ အချိန်ကာလ ၃ နှစ်လောက် ကြာလာတဲ့အခါမှ ဆရာသမား ပြန်ပေါ်လာပြီး သူ့ရဲ့ မဟာဂန္ဓဝင်ထောင်ချောက်ကြီးအကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်တော့တယ်။ အဲဒါကတော့ ၃ နှစ်ကြာတဲ့အခါမှ ဒီဆေးက လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းပြီး အဆိပ်အတောက်ဖြစ်နေပါပြီ ဖယ်ရှားတာမျိုးလည်း လုပ်လို့မရတဲ့အပြင် ရက် ၃၀ ကြာတာနဲ့ ပထမအသုတ် စသေမယ်တဲ့။ ဖြေဆေးဖော်ထုတ်ဖို့ဆိုရင်လည်း ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ဖန်တီးမှုဖြစ်နေတာကြောင့် အချိန်ကာလ အရမ်းကြာရှည်သွားပြီး လူသားအားလုံး အကုန်သေမှပဲ ရပါလိမ့်မယ်။ ဒီလိုနဲ့ ကမ္ဘာတွေပျက် လူတွေကဆူပူအုံကြွ ...
8
TMDb: 8/10 1 votes
tv

Lazarus (2025)

2025
Witch Watch(2025) 10
Witch Watch(2025) Witch Watch (2025) IMDB – 6.8/10, MyAnimeList – 7.5/10ဒီ Spring ရာသီမှာ ကျွန်တော့်အတွက် တော်တော်ကို စိတ်အပန်းပြေပြီး ရယ်မောပျော်ရွှင်စေရတဲ့ စီးရီးလေး ဖြစ်ပါတယ်။ Romantic Comedy ဆိုတော့ ဟာသတွေရယ် တခြား Anime တွေကို ပြောင်တာတွေရယ်ပါတဲ့အပြင် အချစ်ရေးလေးလည်း ပါတော့ ပိုပြီး ပြည့်စုံစေတာပေါ့။ အချစ်ရေးဆိုလို့လည်း မင်းသမီးလေးက တစ်ဖက်သတ် မင်းသားကို ဇွတ်ကြူးတာရယ် အကြူးတစ်လိုင်းနဲ့ အခွီလေးပေါ့ဗျာ။ တခြား Anime တွေကိုလည်း လိုက်လိုက် မျက်ခွက်ပြောင်ထားတာများ သိသလောက်ဆို ခုထိ Demon Slayer ရော Hunter X Hunter ရော ခဏခဏ ပါတယ်။ ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်ပြောရမယ်ဆို မင်းသားလေးက ဘီလူးမျိုးဆက် မင်းသမီးလေးက စုန်းမ၊ သူတို့နှစ်ယောက်က ကလေးဘဝကတည်းက ငယ်သူငယ်ချင်း။ ဒါပေမဲ့ တစ်ရက်ကျ စုန်းမဖြစ်ဖို့ လေ့ကျင့်ခန်းဆင်းရမယ်ဆိုပြီး နှစ်ယောက်သား နှစ်နည်းနည်းကြာအောင် ဝေးသွားကြတာပေါ့။ဒီလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကျမှ နှစ်ယောက်သား ...
10
TMDb: 10/10 3 votes
tv

Witch Watch(2025)

2025
Asterix & Obelix: The Big Fight (2025) 8.071
Asterix & Obelix: The Big Fight (2025) Astérix & Obélix: The Big Fight (2025)IMDb 8/10နောက်ဆုံး 2023 ခုနှစ်က ထွက်ရှိခဲ့ပြီး ဘောလုံးနတ်ဘုရားကြီး ဇလာတန် အီဗရာဟီမိုဗစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့Astérix & Obélix ဇာတ်ကားရဲ့ animated series လေးဖြစ်ပါတယ်။ စုစုပေါင်း ဇာတ်ကား၅ကားထွက်ရှိခဲ့ပြီးဖြစ်ပြီး အခုကတော့ အသစ်စက်စက် animated version အနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂေါလ်ရွာလေးဟာ ခေတ်မီယဉ်ကျေးမှုတွေ နောက်ကျတဲ့ အေးချမ်းတဲ့ ရွာလေးပဲဖြစ်ပါတယ်။ ရွာလေးမှာ ခေါင်းဆောင်ဖြစ်သူက ဘုန်းတော်ကြီး ပါနိုအားမစ်စ်နဲ့အတူ ရပ်ရေးရွာရေး သာယာဝပြောရေးကိုဦးဆောင်လုပ်ကိုင်ပါတယ်။ ဘုန်းတော်ကြီး ပါနိုအားမစ်စ်ကတော့ မလှမ်းမကမ်းက ဂျူးလိယက်စီဆာ တန်ခိုးထွားလာပြီး သူတို့ဂေါလ်ရွာလေးကို ကျူးကျော်သိမ်းပိုက်မှာကို စိုးရိမ်နေပြီး သောက်သုံးလိုက်သူကို အစွမ်းတွေပေးမယ့်မှော်ဆေးရည်တစ်မျိုးကို ဖော်စပ်ဖို့လုပ်နေပေမဲ့ ပါဝင်ပစ္စည်းတစ်ခုလိုနေလို့ မအောင်မြင်ဘဲရှိနေပါတယ်။ တစ်နေ့မှာတော့ အက်စ်တဲရစ်နဲ့ အိုဘယ်လိစ်တို့ သူငယ်ချင်း၂ယောက် မတော်တဆ ပါဝင်ပစ္စည်းကို ရှာတွေ့ပြီးသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် Astérix & ...
8.071
TMDb: 8.071/10 42 votes
tv

Asterix & Obelix: The Big Fight (2025)

2025
One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
Jurassic World: Chaos Theory (2024) S1+S2 7.4
Jurassic World: Chaos Theory (2024) S1+S2 Jurassic World: Chaos Theory (2024)IMDb Rating (7.5) / Rotten Tomatoes (100%) ဒီဇာတ်လမ်းတွဲလေးကတော့ Jurassic Park ပျက်စီးသွားပြီးနောက်ပိုင်းကို ရိုက်ပြတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ.....Jurassic Park ပျက်စီးသွားတဲ့အချိန် ဒိုင်နိုဆောတွေပြည့်နှက်နေတဲ့ ကျွန်းပေါ်မှာ ကျန်ခဲ့လို့ အားလုံးက ‌‌သေပြီဆိုပြီး ယူဆထားတဲ့ Nublar Six ဆိုတဲ့ ဆယ်ကျော်သက်လေး ၆ယောက်ကတော့ မယုံနိုင်လောက်အောင်ပဲ အသက်ရှင်သန်နိုင်ခဲ့ပါတယ်......အဲဒီအချိန်မှာ လူတွေကလည်း ဒိုင်နိုဆောတွေနဲ့ အတူယှဉ်တွဲနေထိုင်နေကြပြီး သူတို့ကိုတော့ DPW လို့ခေါ်တဲ့ ကမ္ဘာဦးသားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး ဌာနကနေ တာဝန်ယူကြီးကြပ်ပေးထားပါတယ်......Nublar Six အဖွဲ့ထဲက ဘရွတ်ကလင်းဆိုတဲ့တစ်ယောက်ကတော့ ကျွန်းပေါ်မှာ ရှင်သန်အောင်နေနိုင်ခဲ့ပြီးမှ မြို့ပေါ်မှာ ဒိုင်နိုဆောကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်......သူတို့၆ယောက်လည်း တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝနဲ့ ရှင်သန်နေတုန်းမှာပဲ သူတို့ထဲက ဘန်ဂျမင်ဆိုတဲ့ တစ်ယောက်က ဘရွတ်ကလင်း သေဆုံးရတာ သွေးရိုးသားရိုးတိုက်ဆိုင်မှုမဟုတ်ဘဲ လုပ်ကြံခံရတာပါလို့ သံသယဝင်ရင်းစုံစမ်းရာမှ လူတစ်ယောက်က ...
7.4
TMDb: 7.4/10 32 votes
tv

Jurassic World: Chaos Theory (2024) S1+S2

2024
Common Side Effects (2025) 8.7
Common Side Effects (2025) Common Side Effects (2025)IMDb Rating (8.7) / Rotten Tomatoes (100%) ကျွန်တော်တို့ လက်တွေ့ဘဝမှာ ကြုံတွေ့နေရတာကို အမှန်တကယ်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်..ရောဂါ ထူပြောလှတဲ့ ကမ္ဘာကြီးမှာ ဆေးဝါးတွေကလည်း များပြားလို့နေပါတယ်......ဒါပေမဲ့ ရောဂါအရှင်းပျောက်စေတဲ့ ဆေးဝါးမျိုးကတော့ အင်မတန်ကို ရှားပါးလှပါတယ်..ဘာကြောင့်များပါလဲ.. တကယ်တော့ ရောဂါထူပြောနေမှကို ချမ်းသာကြွယ်ဝမဲ့သူတွေက ဒုနဲ့ဒေး ရှိနေလို့ပါ..ရောဂါကို ရေရှည်စွဲကုပြီး သူတို့ထုတ်တဲ့ ဆေးဝါးကို သေတပန်သက်တဆုံး မီဝဲသွားစေချင်တဲ့သူတွေကြောင့် ဒီလို ရောဂါအရှင်းပျောက်မဲ့ ဆေးဝါးတွေပေါ်လာဖို့ဆိုတာ အလှမ်းဝေးနေပါသေးတယ်..ဒီကားလေးထဲမှာတော့ အဲဒီလို ဆေးကုမ္ပဏီတွေကို ဆန့်ကျင်နေတဲ့ လူတစ်ယောက်က ရောဂါအားလုံးနီးပါးပျောက်စေတဲ့ မှိုတစ်မျိုးကို ရှာတွေ့သွားခဲ့ပါတယ်..အဲဒီလို ရှာတွေ့သွားတာကို ဆေးဝါးကုမ္ပဏီတွေဘက်က ဘယ်လိုလိုက်လံတားဆီးမလဲ..သူကရော ဘယ်လိုကျော်လွှားမလဲဆိုတာမျိုး ကြည့်ရှုရမှာပဲဖြစ်ပါတယ်.. File size…(393 MB)/(183 MB) Quality….Webrip 1080p / 720p Format… mkv / mp4 Duration….00:52:00 Genre...Animation, Comedy  Subtitle….Myanmar Subtitle ...
8.7
TMDb: 8.7/10 18 votes
tv

Common Side Effects (2025)

2025
YAIBA: Samurai Legend (2025) Shin Samurai-den YAIBA
YAIBA: Samurai Legend (2025) Shin Samurai-den YAIBA  YAIBA: Samurai Legend (2025) ဒီanimeကို Studio Witက ကိုင်ပြီး remakeပြန်ထုတ်မယ်သတင်းတက်ကတည်းက စိတ်ဝင်စားမိခဲ့တာပါ။ဘာကြောင့်စိတ်ဝင်စားမိရတာလဲဆိုရင် အရင်အဟောင်းဟာ ကျနော့်အတွက် ပထမဆုံးကြည့်ဖူးခဲ့တဲ့animeဖြစ်ခဲ့တာ‌ရယ်၊ ကျနော်အရမ်းသဘောကျတဲ့ Studio Witလက်ရာနဲ့မြင်တွေ့ရမှာရယ်၊ Detective Conan ရဲ့ဖန်တီးရှင် ဆရာGosho Ayomaရဲ့လက်ရာဖြစ်နေတာရယ်၊ Detective Conan ၊ KiKi deliveryတို့ရဲ့အသံသရုပ်ဆောင် Minami Takayamaကလည်း အဓိကဇာတ်ကောင် Yaibaရဲ့အသံကိုသရုပ်ဆောင်ပေးမှာရယ်တို့ကြောင့်စိတ်ဝင်စားခဲ့တာပါ။အဟောင်းတုန်းကတော့ ကြည့်ခဲ့တာ ကလေးအရွယ်မလို့ ဘာမှနားမလည်ခဲ့ပေမဲ့ မင်းသားရဲ့ မိစ္ဆာဓါးကိုကိုင်တွယ်ပြတဲ့ပုံကိုမြင်ပြီး အရူးထလိုက်တောင်လုပ်ခဲ့တဲ့အထိ နှစ်ခြိုက်ခဲ့ရတာပါ။ (ဘယ်လိုကိုင်တွယ်လဲတော့ spoil သလိုဖြစ်မှာစိုးလို့ မပြောတတ်ဘူးနော်)ဇာတ်လမ်းအကျဉ်းကတော့Yaibaဆိုတဲ့ကောင်လေးဟာ တောထဲမှာ အဖေဖြစ်သူ‌နဲ့အတူ နေထိုင်ကြီးပြင်းပြီး ဓါးရေးလေ့ကျင့်ရာကနေ မတော်တဆမှုတခုဖြစ်ပြီး မြို့ကိုရောက်လာခဲ့ပါတယ်။အဆိုပါမြို့မှာတော့ မင်းသားအဖေကိုလိုက်ပြိုင်နေတဲ့လူကြီးရဲ့အိမ်မှာ သောင်တင်သွားခဲ့ရာကနေ အဆိုပါလူကြီးရဲ့သမီးဖြစ်သူနဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။နောက်တော့ အဆိုပါကောင်မလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ မင်းသားရဲ့မဟာပြိုင်ဖက်ကြီးနဲ့စဆုံပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ကျီစားမှုကနေ ရှေးဟောင်းဓါးတလက်ကိုရရှိသွားပါတော့တယ်။စွမ်းအားကြီးလှတဲ့ အဆိုပါဓါးကို Yaiba တယောက်ထိန်းချုပ်နိုင်မလား။ အထိန်းချုပ်ပဲခံရမလားတော့ စနေညတွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ DrNyan ...

YAIBA: Samurai Legend (2025) Shin Samurai-den YAIBA

2025
Toilet-Bound Hanako-kun (2020-2025) Jibaku Shounen Hanako-kun 8.6
Toilet-Bound Hanako-kun (2020-2025) Jibaku Shounen Hanako-kun  Toilet-Bound Hanako-kun (2020-2025)IMDb Rating (7.5) ဒီ anime စီးရီးလေးကတော့ 2020 ခုနှစ်ကထွက်ရှိထားပြီးတော့ လက်ရှိအချိန်အထိ ongoing ဆက်လက်ထွက်ရှိနေဆဲ စီးရီးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရက်ရှီရိုနဲနဲဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ အချစ်ရေးမှာကံဆိုးနေပြီး ကျောင်းမှာလည်း ကြုံရင်ကြုံသလို body shaming လုပ်ခံနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူတို့တက်နေတဲ့ကျောင်းကလည်း သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ ထူးဆန်းအံ့ဖွယ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒီထူးဆန်းဖွယ်တွေထဲကမှ " သန့်စင်ခန်းထဲကဟာနာကို" ဆိုတဲ့ ဝိဉာဉ်ကတော့ လူသိများတဲ့အံ့ဖွယ်ပေါ့။ဟာနာကိုသာ သူ့ကိုဆင့်ခေါ်သူတိုင်းကို ဆုတောင်းတစ်ခုဖြည့်ပေးပြီး သူတို့ဆီကနေလည်း တန်ဖိုးရှိတာတစ်ခုခုကိုပြန်ယူတယ်။ ဒီလိုနဲ့ ရက်ရှီရိုသာ အချစ်ရေးမှာ ကံကောင်းစေဖို့ ဟာနာကိုဆီကိုသွားပြီး ဆုတောင်းပြည့်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ လိုချင်တာကိုပဲသိပြီး ပြန်ပေးရမှာကိုမသိတဲ့ ရက်ရှီရိုသာ မမျှော်လင့်ထားတဲ့နောက်ဆက်တွဲတွေကို ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Htet Aung Lwin - Nang Nount Wo Noon ဖြစ်ပါတယ်။)File size…(500 MB) Quality….WEB-DL 1080p Format…. mp4 Genre….Action & Adventure,Animation,Comedy,Mystery Duration….00;25;24 Subtitle….Myanmar ...
8.6
TMDb: 8.6/10 735 votes
tv

Toilet-Bound Hanako-kun (2020-2025) Jibaku Shounen Hanako-kun

2020
Blue Box (2024) 8.1
Blue Box (2024)  Blue Box (2024)IMDb Rating (7.9) လူသားတွေအတွက် မဖြစ်မနေရှင်သန်ဖို့ အောက်စီဂျင်လိုတယ်ဆိုရင်… ကျွန်တော့်အတွက် မမ ရှိမှဖြစ်လိမ့်မယ်… အပင်လေးတွေ နေရောင်မြင်ရမှ အသက်ဆက်နိုင်မယ်ဆိုရင်… ကျွန်တော် မမကို မြင်ရမှ ဖြစ်လိ့မ်မယ်… သူများတွေဟာ နေ့သစ်တစ်ရက်ကို ဘယ်လိုအစပြုသလဲ မသိရပေမဲ့ ကျွန်တော်ကတော့ မနက်အရုဏ်လင်းတာနဲ့ အားကစားရုံထဲကိုပြေး အဲဒီမှာ တစ်ချက်ခုန်လိုက်တာနဲ့ ပုခုံးဂုတ်ဝဲနဲ့ ပုံကျနေတဲ့ ဆံနွယ်လေးတွေ၊ ပစ်သွင်းရမယ့် ကျင်းထဲကို အာရုံစိုက်ကြည့်နေတဲ့ ဝိုင်းစက်ရွှန်းလဲ့တဲ့ မျက်လုံး၊ ပစ်လွှတ်လိုက်တဲ့ ဖြူနုသွယ်လျတဲ့ လက်ချောင်းပိုင်ရှင် မမကို တွေ့လိုက်ရမှ နေ့သစ်တစ်ရက်တာ ပြီးပြည့်စုံစေတယ်။ ဟုတ်ပါတယ်… သူဆိုတာ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အထက်တန်း ဒုတိယနှစ် ဘတ်စကတ်ဘောသမား Chinatsu-Senpai ကို ပြောချင်တာ။ ကျွန်တော်က ပထမနှစ် ကြက်တောင်သမား လူသစ်လေးတစ်ယောက်၊ အားကစားရုံနဲ့ အိမ်နဲ့နီးတဲ့အတွက် အရင်ကတည်းက Senpai ကို ကြည့်ပြီး သဘောကျနေခဲ့တဲ့ ...
8.1
TMDb: 8.1/10 33 votes
tv

Blue Box (2024)

2024
I Have a Crush at Work (2025) Kono Kaisha ni Suki na Hito ga Imasu 8.2
I Have a Crush at Work (2025) Kono Kaisha ni Suki na Hito ga Imasu  I Have a Crush at Work (2025)IMDb Rating (7.1) ဒီစာကိုဖတ်နေတဲ့ ခင်ဗျားကရုံးမှာ ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရည်းစားထားဖူးပါသလား။ရည်းစားထားနေတာကို ရုံးကလူတွေသိပြီးတော့ အတင်းပြောမှာကိုရောကြောက်ဖူးလား။ဒီနှစ်ခုလုံးကို ဟုတ်တယ် ဖြေမိနေရင်တော့ ဒီ Anime လေးကိုကြည့်သင့်ပါတယ်။ရုံးမှာ တိတ်တိတ်ပုန်းရည်းစားထားရတာ ဘယ်လောက်ခက်လဲ ဆိုတာကို ထားဖူးတဲ့သူတိုင်းသိပါတယ်။ဖုံးဖို့ကြိုးစားလေး ပိုပေါ့်ဖို့လွယ်လေးပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း မင်းသားနဲ့ မင်းသမီးက မတူနဲ့ ဌာန နှစ်ခုကနေ ချစ်ကြိုက်မိပြီးတော့ ရုံးကသူတွေ မသိအောင် ကြိတ်ပုန်းခုတ်ရင်း ဖုံးဖိပါတော့တယ်။သူတို့တွေ ဒီလိုဘယ်လောက်ကြာကြာ ဖုံးနိုင်မလဲ။ဘာအခက်အခဲတွေ ကြုံမလဲဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှူလိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)File size…(300 MB) Quality….WEB-DL 1080p Format…. mp4 Genre….Animation,Comedy Duration….00:24:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Nikobaby EP 01 - UsersDrive / Yoteshin / GDot / ...
8.2
TMDb: 8.2/10 9 votes
tv

I Have a Crush at Work (2025) Kono Kaisha ni Suki na Hito ga Imasu

2025
Devil May Cry (2025) 8
Devil May Cry (2025) Season 1အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဗီဒီယိုဂိမ်းနှစ်သက်တဲ့သူတိုင်း ကစားဖူး မြင်ဖူးကြမဲ့ နာမည်ကြီး ဂိမ်းတစ်ခုကို နက်ဖလစ်ကနေ ကာတွန်းစီးရီးအနေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းပြီး ခပ်ကြမ်းကြမ်းမို့ ဂိမ်းပရိသတ်တွေရော သာမန်ပရိသတ်တွေရော အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်းလူ့လောကနဲ့ ငရဲကို ကွမ်တမ်တံတိုင်းတစ်ခုနဲ့ ခြားထားတဲ့ အခြေအနေမှာ ငရဲက နတ်ဆိုးတွေဟာ အဲဒီတံတိုင်းကို ဖျက်ဆီးဖို့ ကြိုးစားလာပါတယ်။ ဒီတံတိုင်းကို ဖြိုနိုင်ဖို့အတွက် ငရဲသူရဲကောင်း စပါဒါရဲ့ဓားနဲ့ အဆောင်တစ်ခုလိုအပ်ပါတယ်။အဲဒီမှာပဲ နတ်ဆိုးမုဆိုးဖြစ်တဲ့ ဒန်ထေဟာ အဆောင်တစ်ခြမ်းကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တဲ့အတွက် နတ်ဆိုး‌တွေက သူ့ရဲ့အဆောင်ကို လုယူဖို့ ကြိုးစားလာပါတယ်။ ဒီတော့ နတ်ဆိုးကာကွယ်ရေး ဒါ့ကွန်အဖွဲ့နဲ့ ဒန်ထေတို့ နတ်ဆိုးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီစီးရီးမှာ မြင်ရပါလိမ့်မယ်။အဓိကဗီလိန်ကိုရော ဒန်ထေရဲ့ နောက်ကြောင်းကိုရော ...
8
TMDb: 8/10 5 votes
tv

Devil May Cry (2025)

2025
Even Given the Worthless “Appraiser” Class, I’m Actually the Strongest (2025) 7.5
Even Given the Worthless “Appraiser” Class, I’m Actually the Strongest (2025) Even Given the Worthless "Appraiser" Class, I'm Actually the Strongest (2025)IMDb Rating (5.9) ဒီကောင်ကတော့ ဇာတ်လမ်းအစက Solo Leveling နဲ့တောင် ခပ်ဆင်ဆင်ရယ်။ မင်းသားက Low Common ဆိုတဲ့ ဟိုအောက်ဆုံးအဆင့်က Appraiser ဆိုတဲ့ အကဲဖြတ်သမားတစ်ယောက်။ဘာတွေလုပ်ရလဲဆိုတော့ သူများသတ်ပြီးတဲ့အကောင်တွေကို ရှင်းလင်းရေးလုပ် ဘယ်ပစ္စည်းဘယ်လောက်တန်တာ ဘယ်အဆင့်ရှိတာ တန်ဖိုးဖြတ် သုံးသပ်ပေးရတာပေါ့၊ သူ့ကို အမှိုက်ကောက်သမားလို့တောင် နာမည်ပြောင် ပေးထားပြီး ဘယ်သူကမှ အဖတ်မလုပ်ကြတဲ့ အနှိမ်ခံကောင်လေး။အဲဒီမှာ သူ့ကို အောက်ကြေးနဲ့ လိုသုံးပုံစံခေါ်ခေါ်ခိုင်းနေတဲ့ စုံတွဲတစ်တွဲရှိတယ် ဓားသမားနဲ့ မှော်ဆရာမတစ်ယောက်ပေါ့။ အဲဒါ ၃ ယောက်သား Dungeon တစ်ခုဝင်ရာကနေ ဟိုစုံတွဲနှစ်ယောက် ဖင်ယားလိုက်တော့ အကုန်သေဖို့ ဖြစ်လာတဲ့အချိန်မှာ သေမယ့်သေတော့ ဟိုကောင်လေး မင်းပဲသေလိုက် ငါတို့ကတော့ ပြေးပြီဆိုပြီး ...
7.5
TMDb: 7.5/10 11 votes
tv

Even Given the Worthless “Appraiser” Class, I’m Actually the Strongest (2025)

2025