Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2009
5.4
My Ex (2009)
နာမည်ကြီးမင်းသား ခန်က မိန်းကလေးတိုင်း ဒိတ်ချင်နေတဲ့သူတစ်ဦးပေါ့သူလိုချင်တဲ့ မိန်းကလေးတိုင်းနဲ့တွဲပြီး တာဝန်မယူဘဲထားပစ်နေကျသူတစ်ယောက်မို့ သူရဲ့ရည်းစားဟောင်းတွေဖြစ်တဲ့ မင်နဲ့ဘိုကိုလည်း ကိုယ်ဝန်ရတာတောင် မယူခဲ့ပါဘူးသူအတည်တွဲပြီး မီဒီယာရှေ့ချပြခဲ့တဲ့ ဖလွိင်ဆိုတဲ့ မင်းသမီးက အဖြစ်ဆိုးနဲ့ကြုံခဲ့ရပြီးနောက်မှာ သူ့ရဲ့မန်နေဂျာ နာမစ်ဆိုသူကလည်း ကမ်းခြေကအိမ်မှာ သေဆုံးတာ တွေ့ခဲ့ရတယ် ခန်ရဲ့ဘေးပတ်လည်ကသူတွေလည်း သေဆုံးခဲ့ရတာကြောင့် ဘာကြောင့်လဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Lei Wutyi Tun
movie
My Ex (2009)
2009
5.3
Street Fighter IV: The Ties That Bind (2009)
Street Fighter IV: The Ties That Bind (2009)IMDb Rating (5.3) ဇာတ်လမ်းအစမှာတော့ ကမ်မီဝှိုက်ပါဝင်တဲ့ Delta Red အဖွဲ့အစည်းဟာအမေဇုန်တောအုပ်ထဲကနေ စွမ်းအင်ထုတ်လွှင့်မှုတွေရဲ့ အရင်းအမြစ်ကို စုံစမ်းနေခဲ့ပါတယ်။ ကမ်မီဝှိုက်ကတော့ ဒါက Shadowlaw (ခ) Shadaloo ရာဇဝတ်အဖွဲ့အစည်း ရဲ့ လက်ချက်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။အားလုံးကတော့ Shadaloo ပြန်ရှင်သန်လာတာကို လက်ခံဖို့ ငြင်းဆန်နေဆဲပါ။တစ်ဘက်မှာတော့ ချွန်းလီ နဲ့ ကပ္ပတိန်ဂိုင်းလ်တို့ Duo က ကမ္ဘာတလွှားက ထိပ်သီးကိုယ်ခံပညာရှင်တွေထူးဆန်းစွာ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ခံပညာရှင်တွေရဲ့ အရေးကိစ္စပေါ်လာတိုင်းမှာမေ့ထားလို့မဖြစ်တဲ့ သိုင်းလောကထိပ်သီးလို့ ဆိုရမယ့် "ရူ" ကို မသမာသူတွေ လက်မဦးခင် ရှာဖွေဖို့ ကြိုးစားလာရပြန်ပါတယ်။ထိုအချိန်မှာ "ရူ"က သူ့ရဲ့အသွေးအသားထဲမှာ ဖြစ်တည်နေတဲ့ အမှောင်စွမ်းအား တစ်ခုဖြစ်တဲ့ "Satsui no Hado" ကိုလက်ခံအရှုံးမပေးလိုက်ဖို့ အသည်းအသန် ကြိုးစားလေ့ကျင့်နေပါတယ်။ ...
movie
Street Fighter IV: The Ties That Bind (2009)
2009
7.2
Crows Zero II (2009) Kurôzu zero II
Crows Zero II (2009)IMDb Rating (7.2) / Rotten Tomatoes (77%) ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် ...
movie
Crows Zero II (2009) Kurôzu zero II
2009
8.2
Up (2009)
Up (2009)IMDb Rating (8.3) / Rotten Tomatoes (98%) Pixarဆိုတဲ့ animation studio အကြောင်း ပြောကြတဲ့အခါ အများနဲ့မတူတဲ့ storyline, ဇာတ်ကောင်ဖန်တီးမှုပုံစံတွေ၊ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံတွေနဲ့ ကျွန်တော်တို့ ငယ်ဘဝအမှတ်တရအများစုကို ဖန်တီးပေးနိုင်ခဲ့တဲ့ studioတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ဒီstudioကပဲ ထုတ်လိုက်တဲ့Upဆိုတဲ့ Animationဇာတ်ကားကတော့ အတော်များများရင်းနှီးပြီးသားဖြစ်သလို မကြည့်ဖူးတဲ့သူလည်း အတော်ရှားမယ့် animationဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Action နဲ့ comedyကိုရောစပ်ထားပြီးချစ်ခြင်းမေတ္တာတွေ ဒရာမာတွေကိုလည်း ပီပြင်အောင်ဖန်တီးထားတာပါ။ Carlဆိုတဲ့ ကင်းထောက်ကောင်လေးတစ်ယောက်က Ellie ဆိုတဲ့ သဘာဝစူးစမ်းလေ့လာရေးစိတ်ဝင်စားသူနဲ့ အကြောင်းပါခဲ့ပြီး Wild Life Explorerဖြစ်ချင်တဲ့အိပ်မက်ကို အတူအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြီးဆုံး အိပ်မက်ကအမေဇုန်တောထဲမှာ ရှိတဲ့ Paradise Fallဆိုတဲ့ ရေတံခွန်နံဘေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေသွားဖို့ပါ။ဒါပေမဲ့ သူတို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်ခင်Ellie တစ်ယောက်ဆုံးပါးသွားတဲ့နောက် အထီးကျန်နေတဲ့Carlအနေနဲ့ ဇနီးဖြစ်သူ မလုပ်နိုင်ခဲ့တဲ့အရာကို လက်တွေ့ဖြစ်အောင် လုပ်ပေးဖို့ ...
movie
Up (2009)
2009
4K HEVC
6.0
Raging Phoenix (2009)
ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့ရပြီး အခုချိန်ပြန်ကြည့်ရင်လည်း ကောင်းနေဆဲ ၂၀၀၉ ခုနှစ်ထွက်ထိုင်းဇာတ်ကြမ်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး ထူးဆန်းတာတွေလုပ်နေတဲ့ လူဆိုးဂိုဏ်းတစ်ခုဖြစ်တဲ့ ဂျာဂွာဂိုဏ်းကို တိုက်ဖျက်ကြမယ့်လူတစ်စု။ဂျာဂွာဂိုဏ်းကြောင့် ဘ၀ပျက်လောက်အောင် နစ်နာခဲ့ရပြီး လက်စားပြန်ချေဖို့ အချိန်ကောင်းကိုစောင့်နေကြတဲ့သူတို့က ဂျာဂွာဂိုဏ်းပြန်ပေးဆွဲတာခံရတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်လိုက်မိရာကနေ အဲဒီမိန်းကလေးနဲ့ပေါင်းပြီး ဂျာဂွာဂိုဏ်းကို ဘယ်လိုမျိုး လက်စားချေကြမလဲ။ File size…(2.4 GB)/(1.5 GB) Quality….Web-Brip 1080p / 720p Format… mp4 Duration…. 01:52:00 Genre... Action, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Raging Phoenix (2009)
2009
6.5
Fast & Furious (2009) Fast and Furious 4
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
Fast & Furious (2009) Fast and Furious 4
2009
4K HEVC
7.4
A Brand New Life (2009)
ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ 22 ကြိမ်မြောက် တိုကျိုနိုင်ငံတကာ ရုပ်ရှင် ဆုပေးပွဲမှာ အကောင်းဆုံးအာရှရုပ်ရှင်ဆု ရခဲ့တဲ့ A Brand New Life လို အမည်ရတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ် ။နာမည်ကြီး ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့ ဂင်ဆယ်ရွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးဟာ အဖေဖြစ်သူက ခရီးသွားမယ်လို လိမ်ပြောပြီးတော့ မိဘမဲ့ဂေဟာမှာ လာစွန့်ပစ်ခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ။ ခရီးသွားမယ်ဆိုပြီး အဝတ်အစားသစ် ၊ ဖိနပ်သစ်တွေ ဝယ်ပေးပြီးတော့မှ မိဘမဲ့ဂေဟာမှာ မပြောမဆိုနဲ့ ပစ်ထားခံလိုက်ရတဲ့ ၉ နှစ်အရွယ်ကလေးလေး ဂျင်ဟီးအတွက်တော့ မိဘမဲ့ဂေဟာဆိုတဲ့ ပတ်ဝန်းကျင်အသစ်က ဘယ်လိုမှ နေသားကျစရာမကောင်းခဲ့ပါဘူး ။သူ့လိုအရွယ်ကလေးတွေ ၊ စကားပြောကြမ်းတဲ့ ထမင်းချက်အဒေါ်ကြီး ၊ စစ်စတာနှစ်ယောက် နဲ့ ဂေဟာမှူး အကုန်လုံးက သူ့အပေါ် ကောင်းပေးကြပေမဲ့ ဂျင်ဟီးလေးကတော့ သူ့အဖေလာခေါ်မှာကိုပဲ ...
movie
A Brand New Life (2009)
2009
5.5
Ninja (2009)
ဒီဇာတ်ကားကတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။Scott Adkins, Tsuyoshi Ihara, Mika Hijii တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Isaac Florentine ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း….Casey ဆိုတဲ့ အနောက်တိုင်းသားကောင်လေးတစ်ယောက်က အခြေအနေအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးတော့ နင်ဂျစ်စု သိုင်းကို သင်ကြားနေသူတစ်ဦးပါ။သူ့ရဲ့ဆရာဖြစ်သူဟာ သူ ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာနင်ဂျာလက်နက်တွေနဲ့ ဝတ်စုံတွေဟာ Casey နဲ့သာထိုင်တန်တယ်လို့တွေးထားသူပါ။ဒါပေမယ့် Masazuka ဆိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကတော့ သူနဲ့သာ ထိုက်တန်တယ်လို့ ထင်နေခဲ့ပါတယ်။တစ်နေ့မှာတော့ Masazuka ဟာ Casey ကိုတိုက်ခိုက်ခဲ့ပြီး Casey ရဲ့ ပြန်ခုခံမှုကြောင့် Masazuka ဟာ ဒဏ်ရာရသွားခဲ့ပြီး သူ့ဆရာရဲ့ အပြစ်ပေးချင်းကိုပါခံခဲ့ရပါတယ်။အဲ့ဒိနောက် Casey ဟာ အမေရိကန်နိုင်ငံကို အဲ့ဒိဒဏ္ဍာရီလာ လက်နက်တွေကို ယူဆောင်သွားဖို့ဖြစ်လာပြီးMasazuka ဟာလည်း လက်နက်တွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ဘယ်သူက နောက်ဆုံးမှာ ...
movie
Ninja (2009)
2009
5.7
The Assassin Next Door (2009) Kirot
The Assassin Next Door (2009) The Assassin Next Doorဟာ အစ္စရေးလ်ထုတ် အက်ရှင်ကားပါ။သူတို့အစ္စရေးလ်အနေနဲ့ဆိုရင်တော့ ဒီအက်ရှင်ကားက ကြည့်ကောင်းတဲ့ထဲ ကောင်းတဲ့ထဲပါတယ်ပြောရမယ်။အစ္စရေးလ်က ဝေဖန်ရေးသမားတွေတော့ ချီးကျူးကြတယ်။ကမ္ဘာ့ရုပ်ရှင်နဲ့ပြန်ကြည့်ရင်တော့ Heroic Bloodshed ဆန်ဆန် ဒီကားက Heroic Bloddshedကားတွေရဲ့ တန်းကို မှီဖို့ တော်တော်လိုနေသေးတာမို့ Ratingတော့ မကောင်းရှာဘူး။ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို အဓိကထားပြီး ဒီလိုကားရိုက်ပြထားတာတော့ သိပ်တော့မများလှတော့ အမျိုးသမီးကြေးစားလူသတ်သမားရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။သတ်ခန်းဖြတ်ခန်းတွေက သိပ်တော့လည်းမညံ့လှပါဘူး။ဇာတ်ကတော့ သူ့နာမည်အတိုင်း Leonနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမယ်။ယောကျာ်းအနိုင်ကျင့်တာခံနေရတဲ့မိန်းမရယ် သူ့အိမ်ဘေးနားက ကြေးစားလူသတ်သမားမရယ် ပေါင်းမိပြီး သံယောဇဉ်တွယ်ရာက ကြေးစားလူသတ်သမားမကသူ့အိမ်နီးချင်းမိန်းမကို အစစအရာရာကူညီပေးမိရင်း သူပါ အန္တရာယ်တွင်းထဲကျသွားတဲ့ ဇာတ်ပါပဲ။Leonကို Female versionပြောင်းပြီး Pedoဆန်ဆန်အစား Glဆန်ဆန်ပြောင်းလိုက်သလိုလိုပါပဲ ။ အက်ရှင်ပရိသတ်တွေတော့ ကြိုက်ကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.2 GB) / (940 ...
movie
The Assassin Next Door (2009) Kirot
2009
6.3
The Rebound (2009)
The Rebound (2009)Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ...
movie
The Rebound (2009)
2009
5.6
The Stepfather (2009)
The Stepfather (2009)မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်... ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့..ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်..ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ ...
movie
The Stepfather (2009)
2009
6.9
Triangle (2009)
Triangle (2009)IMDb Rating (6.9) /Rotten Tomatoes (80%)Triangle (2009) ဇာတ်ကားမှာ horror film queen ကြီးဖြစ်တဲ့ Melissa Suzanne George ခေါင်းဆောင်ပါဝင်ထားပါတယ်။ဗြိတိန်ထုတ်လုပ်ရေးက ထွက်ရှိလာတဲ့ကားဆိုပေမဲ့ အဘော့အဲအော့ဝါးအား နဲ့ အဂိန်း ဆိုတဲ့ ဗြိတိသျှ အသံထွက်တွေတော့ ကြားရဖို့မရှိပါဘူး။ဒါပေမဲ့ Australian မင်းသားလေး Liam Hemsworth ရဲ့ နုပျိုတဲ့ ရုပ်သွင်ကိုတော့ မြင်ရဖို့ရှိတယ်ဗျ။စိတ္တဇအသားပေး လူသတ်နဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားဖြစ်တာနဲ့အညီ ဟိုရောက်ဒီရောက်ဇာတ်ကွက်တွေကို တကွဲတပြား ပြသနေပြီးမှဟိုတစ်စ ဒီတစ်စ ဆက်စပ်ယူရတဲ့ ဇာတ်လမ်းမျိုးပါ။ကြည့်နေဆဲနဲ့ ကြည့်ပြီးအသွားမှာ လူကြီးမင်းတို့ကို တွေးစရာတွေ တပုံတပင် ပေးသွားဖို့လည်းရှိပါတယ်။ဇာတ်လမ်းရဲ့ကျောရိုးက အပျော်စီးရွက်လှေတစ်စင်းပေါ် လိုက်ပါလာတဲ့လူတစ်စု ပင်လယ်ပြင်မှာ မိုးကြိုးမုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးကြပါလေရော။လုံးဝ မှောက်ခုံကြီးဖြစ်နေတဲ့ ရွက်လှေဗိုက်ပေါ်က လူတစ်စုဟာ အနားမှာ ဘွားခနဲပေါ်လာတဲ့ သင်္ဘောကြီးပေါ်ကို တက်လိုက်ကြတယ်ဆိုပါစို့။သင်္ဘောပေါ်မှာ လူတစ်ယောက်မှ မပါလာပါဘူး။ဒါပေမဲ့ စားစရာတွေ ...
movie
Triangle (2009)
2009
8.4
3 Idiots (2009)
IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie
3 Idiots (2009)
2009
4K HEVC
5.5
Bride Wars (2009)
IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie
Bride Wars (2009)
2009
6.5
Daybreakers (2009)
Daybreakers (2009) IMDB: 6.4Rotten Tomatoes: 69%Metacritic: 57%Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့်လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။သွေးသောက်၊ အသက်ရှည်တာကလွဲရင်ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှသွေးဟာလည်းရှားပါးလာပါတယ်။အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက်ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်းလူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawkeလိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoeမစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့ကအားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv ...
movie
Daybreakers (2009)
2009
4K HEVC
6.1
Push (2009)
Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie
Push (2009)
2009
4K HEVC
6.8
The Proposal (2009)
The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
The Proposal (2009)
2009
6.8
Mulan: Rise of a Warrior (2009)
တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။...နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်...ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲတရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်...တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်...တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါသူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်...ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ10th Changchun Film Festival : Actress Award300th Hundred Flowers Award : Best Picture Award & Best Actress Award19th Shanghai Film Critics Award : Best Actress AwardVietnam DAN Movie Awards : Favorite Actress Awardစတဲ့ဆုတို့ကို ...
movie
Mulan: Rise of a Warrior (2009)
2009
7.7
The Hangover (2009)
The Hangover (2009)IMDb Rating (7.7) / Rotten Tomatoes (79%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် ...
movie
The Hangover (2009)
2009
6.7
4bia 2 (Phobia 2) 2009
Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက်အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကိုရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက်ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီးဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ဈေးချိုချိုနဲ့ရောင်းနေရင်းမြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The Endသရဲကားလည်းကြိုက်တယ် အချိန်အကြာကြီးဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size… 2.5 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Horror Subtitle…. Myanmar ...
movie
4bia 2 (Phobia 2) 2009
2009
1
2
3
Last
Next