Channel Myanmar

1997

Air Force One (1997) 6.5
Air Force One (1997) Air Force One (1997)IMDb Rating (6.5) / Rotten Tomatoes (79%)မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးက အမေရိကန်သမ္မတတွေပဲ စီးနင်းရတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကိုပြန်ပေးဆွဲတဲ့ကားအဖြစ်နာမည်ကြီးပါတယ်။ ဘတ်ဂျက် $85 million ပဲသုံးခဲ့ပေမယ့် Box office $315.2 million ပြန်ရရှိတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိ တမ်းတမ်းစွဲကြည့်နေကြရတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. သမ္မတကြီးဂျိန်းမာရှယ်လ်နဲ့မိသားစုဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာတဲ့ခရီးလမ်းတခုရဲ့အလည်ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။ ပြန်ပေးသမားတွေရဲ့ လိုရင်းက ဘာလဲ သမ္မတရဲ့ အစိုးရအဖွဲ့တွေကရော ပြန်ပေးသမားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပါ့မလား သမ္မတကရော ဘယ်လိုတွေစွန့်စားဆုံးဖြတ်သွားမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…(8.4 GB) / (2.9 GB )/ (1.2 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:05:00 Subtitle….Myanmar ...
movie

Air Force One (1997)

1997
4K HEVC
Brother (1997) Brat 7.8
Brother (1997) Brat  Brother (1997)IMDb Rating (7.8) / Rotten Tomatoes (100%) 1997 မှာထွက်ရှိခဲ့တဲ့ Brother ဆိုတဲ့ ရုရှားရုပ်ရှင်ကားလေးကတော့ ဒါရိုက်တာ Aleksei Balabanov ရဲ့ လက်ရာဖြစ်ပြီး၊ရုရှားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ Danila ဆိုတဲ့ စစ်ပြန်လူငယ်လေးတစ်ယောက် လူဆိုးဂိုဏ်းတွေကြားထဲ ရောက်သွားရတဲ့အကြောင်း ရိုက်ကူးထားတာပါ။သူ့အမေတိုက်တွန်းလို့ St. Petersburg မြို့မှာရှိတဲ့ သူ့အစ်ကိုဆီကိုသွားရင်း အစ်ကိုဖြစ်သူက လူမိုက်ဖြစ်နေတာကို သိလိုက်ရပြီး ကူညီရင်းနဲ့ သူပါ အမှောင်လောကထဲ ရောက်မှန်းမသိရောက်သွားပါတယ်။ဒီကားမှာ သရုပ်ဆောင်တွေကလည်း တော်ကြသလို၊ ရုရှားရော့ခ်သီချင်းတွေကလည်း ဇာတ်ရှိန်ကို မြှင့်ပေးထားပါတယ်။၁၉၉၀ ခုနှစ်များက ရုရှားနိုင်ငံရဲ့ အခြေအနေဆိုးတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB rating ကလည်း မြင့်တဲ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (1.9 GB) ...
movie

Brother (1997) Brat

1997
Jackie Brown (1997) 7.5
Jackie Brown (1997) Jackie Brown(1997)IMDb Rating (7.5)/ Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ (၃) ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။Robert De Niro , Samuel L. Jackson , Michael Keaton , Robert Forster , Pam Grier , Bridget Fonda တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့မလို့ အမိုက်စားရုပ်ရှင်လဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ သန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီခွဲပြီး မက္ကဆီကိုကနေ မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …... သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက် ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေပါတယ်...သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမားဟာ အနည်းဆုံး လူဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇက်ရဲ သတ်ဖြတ်တတ်သူပါ … ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် ...
movie

Jackie Brown (1997)

1997
4K HEVC
Alien Resurrection (1997) 6.2
Alien Resurrection (1997)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien Resurrection (1997)

1997
(18+) Desire (1997)
(18+) Desire (1997) ဒီကားလေးကတော့၁၉၉၀ခုနှစ်ကျော်လောက်က ဖီလစ်ပိုင်နိုင်ငံရဲ့ လူငယ်တွေတွေ့ကြုံခံစားခဲ့ရတာတွေကိုပေါ်လွန်အောင်ရိုက်ကူးထားတဲ့ Drama/Romance အမျိုးအစားဇာတ်ကားကောင်းလေးပါနယ်အသီးသီးကနေပြီးတော့ မနီလာမြို့ပေါ်ကိုပြောင်းလာတဲ့ လူငယ်လေးတွေဟာ" စားဝတ်နေရေးအတွက်ရိုးရိုးသားသားလုပ်ကိုင်နေရင်းနဲ့ မရိုးသားတဲ့ မြို့ပေါ်က လူတွေရဲ့ လှည့်ကွက်တွေကြောင့် ဘဝတွေ ပျက်ဆီးရတော့မယ့် အခြေအနေတွေ မိန်းမမြင်တိုင်းစော်ကားချင်နေတဲ့ သူဌေးတွေ ရာထူးတိုးချင်ရင် အပျော်မယ်လာလုပ်ပေးရမယ်ဆိုတဲ့ ပညာရေးကလူကြီးတွေ နဲ့ ကောင်ချောလေးဆိုစားချင်နေတဲ့ သူဌေးကတော်မမကြီးတွေလက်ကနေ ဘယ်လိုတွေရုန်းထွက်ဖို့ကြိုးစားကြလဲဆိုတာကတော့....18+ ခန်းလေးတွေတော်တော်လေးပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူးနော် ဒါမျိုးမှ ကြိုက်တာဆိုတဲ့ ညိုကီတို့အတွက်ကတော့ 90s ကဖီလစ်ပိုင်မလေးတွေရဲ့အလှကိုတဝကြီးခံစားနိုင်ပါပြီ IMDb 6.0 ထိရရှိထားပြီးတော့ Director ကတော့ Joel Lamangan ဖြစ်ပါတယ် File size…3.94GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

(18+) Desire (1997)

1997
Honey, We Shrunk Ourselves(1997) 5.3
Honey, We Shrunk Ourselves(1997) Honey, We Shrunk Ourselves (1997) ===========================ကလေးတွေကိုချုံ့လိုက်၊ ကလေးလေးကို ကြီးအောင်လုပ်လိုက်နဲ့ အမျိုးမျိုးလွဲနေတဲ့ သိပ္ပံပညာရှင် စလင်စကီ တစ်ယောက်ကတော့ ဒီတစ်ခါမှာ သူတို့ကိုယ်သူတို့ ချုံ့လိုက်မိသွားပါပြီ။Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင် သုံးကားမြောက်ပါပဲ။ အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲ ဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံ တွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သား သမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန် တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။ ကလေးဘဝ အမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်)File Size..........(1.1 GB) / (4.2 ...
movie

Honey, We Shrunk Ourselves(1997)

1997
Spice World (1997)
Spice World (1997) Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။  File size…    3.3 GB /  1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie

Spice World (1997)

1997
Mr. Nice Guy (1997) 6.2
Mr. Nice Guy (1997)  ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle ...
movie

Mr. Nice Guy (1997)

1997
The Saint (1997) 6.2
The Saint (1997) The Saint (1997)မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ "သူတော်စိန်" သည် The Saint ပင် ဖြစ်လေသည်။"The Saint" ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် ...
movie

The Saint (1997)

1997
Anastasia (1997) 7.1
Anastasia (1997) Anastasia (1997) ============= IMDb Rating - 7.1/1020th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာ စတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့ IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့ France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့ စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့ မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့ 20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ် ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်‌ငွေသန်း ၁၄၀ ကျော်အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။" စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက ဘယ်လိုလွတ်လာခဲ့တာလဲ " ...
movie

Anastasia (1997)

1997
Cats Don’t Dance (1997) 6.9
Cats Don’t Dance (1997) Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Cats Don’t Dance (1997)

1997
My Best Friend’s Wedding (1997) 6.3
My Best Friend’s Wedding (1997) My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie

My Best Friend’s Wedding (1997)

1997
Air Bud (1997) 5.3
Air Bud (1997) Air Bud (1997) ==========="ခွေးလေးတွေဆိုတာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေ" ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ကောင်လေးတစ် ယောက်နဲ့ ခွေးလေး တစ်ကောင်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ချစ်စရာ၊ သနားစရာ တွေ့မြင်ကြရမှာပါ။ဂျော့ရှ်ဆိုတဲ့ ကောင်လေးဟာ ဖခင်ဆုံးပြီးတဲ့နောက် မပျော်မရွှင်နဲ့ စိတ်ဓာတ် တွေကျနေသူပေါ့။ ကျောင်းမှာလည်း အဆင်မပြေသလို သူကြိုက်တဲ့ ဘတ် စကတ်ဘောကိုတောင် မကစားတော့ပါဘူး။ တစ်နေ့တော့ ဂျော့ရှ်ကိုစိတ်ဓာတ် တွေတက်ကြွ ပျော်ရွှင်လာစေတဲ့ သူတစ်ဦးပေါ်လာပါတယ်။အဲဒါကတော့ Golden Retriever ခွေးလေးတစ်ကောင်ပါ။ ဘာဒီလို့နာမည်တွင်သွားတဲ့ အာဝုလေးနဲ့ ဂျော့ရှ်တို့ကြားက သံယောဇဉ်ကတော့ ဘတ်စကတ်ဘော သံယောဇဉ်လို့ ပြောရမလိုပါပဲ။ဘာဒီဟာ ဘတ်စကတ်ဘောကစားရာမှာ ဂိုးသွင်းနိုင်တဲ့အထိ ကျွမ်းကျင်လိမ္မာတဲ့ ခွေးလိမ္မာလေးပါ။ ဒီလိုနဲ့ ဘာဒီဟာ ဂျော့ရှ်တို့ရဲ့ကျောင်းဘတ်စကတ်ဘောအသင်းနဲ့ ဘယ်လိုပါ၀င်ပတ်သက်လာမလဲ၊ သူတို့နှစ်ဦး ဘယ်လိုတွေ သံယောဇဉ်နှောင်တွယ် ကြမလဲ၊ ဘာဒီရဲ့ပိုင်ရှင်ဖြစ်သူဆိုတာ ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ချစ်စရာ၊ ရယ်စရာမောစရာ၊ သနားစရာ၊ ရသစုံစုံလင်လင် ကြည့်ရှု ခံစားရမှာပါ။ အဲဒါကြောင့် အာဝုချစ်သူတွေသာမက ချစ်စရာကောင်းတဲ့ ဒရမ်မာ ဇာတ်ကားမျိုး ကြိုက်တတ်တဲ့သူတွေပါ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးအဖြစ် ညွှန်းပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.11 GB) ...
movie

Air Bud (1997)

1997
Starship Troopers (1997) 7.6
Starship Troopers (1997) Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie

Starship Troopers (1997)

1997
George of the Jungle (1997) 5.5
George of the Jungle (1997) George of the Jungle (1997)ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie ...
movie

George of the Jungle (1997)

1997
Fools Rush In (1997) 6.1
Fools Rush In (1997) Fools Rush In (1997)ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။အို... အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။မင်းသားကြီးကတော့ Matthew Perry ပါ။ ...
movie

Fools Rush In (1997)

1997
Yes Boss (1997) 6.7
Yes Boss (1997) Yes Boss (1997) *************** ဒီဇာတ်ကားလေးကတော့ ဘောဝုဒ်ရဲ့ Kingလို့တင်စားကြတဲ့ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီးကြီး ဂျူဟီးချောင်လာတို့ရဲ့ Romance/Dramaအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.7အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ရာဟူးလ်ရဲ့သူဋ္ဌေးဆစ်ဒါးသ်ဟာ တရားဝင်မိန်းမရှိသူဖြစ်သော်လည်း ဆီမာဆိုတဲ့ မိန်းကလေးကိုသဘောကျကာ ချဥ်းကပ်နိုင်ဖို့အတွက် ရာဟူလ်းကို အခကြေးပေးကာ အကူအညီတောင်းပါတယ်။ ဒါပေမဲ့ ရာဟူးလ်ဟာ ဆီမာကို နှစ်သက်စွဲလမ်းကာ ချစ်မိသွားပြီး သူ့ရဲ့အလုပ်နဲ့ နှလုံးသားနှစ်ခုထဲက တစ်ခုကို ရွေးချယ်မှရတော့မယ့် အခြေအနေ ဆိုက်ရောက်လာတဲ့အခါ ...ရာဟူးလ်တစ်ယောက် သူ့ရဲ့အချစ်ကို ရွေးချယ်နိုင်မှာလား ... ဘယ်လို အခက်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ... ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ Darama/Romanceအပြင် ဟာသတွေပါ ရောနှောထည့်သွင်းထားပြီး ပျင်းစရာလုံးဝမကောင်းတဲ့ ကားကောင်းလေး တစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.34GB / 1.23GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Yes Boss (1997)

1997
[18+] Downfall (1997) 6.4
[18+] Downfall (1997) [18+] Downfall (2022)~ IMDb - 6.5/10, MyDramaList - 6.7/10 ~(ထုံးစံအတိုင်းပါပဲ။ ခေတ်ဟောင်းက ကိုရီးယားကားဆိုတော့ အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရပြေအောင် ချဲ့ကုတ်ပေးလိုက်ပါတယ်)Penthhouse ထဲက ဂျင်နီအမေရဲ့ ငယ်စဉ်ရွယ်စဉ်က ကားအလန်းတစ်ကားပါ။ တစ်ချိန်တစ်ခါဆီက ကိုရီးယားရဲ့ ပြည့်တန်လောကကို ပုံဖော်ထားတဲ့ကားပါပဲ။ ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖြစ်တည်မှုအစကနေ ဖြစ်တည်မှုအဆုံးအထိ ပြသထားတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။လွတ်မြောက်ဖို့ကြိုးစားရခြင်းတွေ... ဒီဘဝကို ပျော်မွေ့သွားခြင်းတွေ... အဖြူတွေအမဲတွေ ဒွန်တွဲနေတဲ့အကြောင်းတွေကို မျက်ဝါးထင်ထင်မြင်ကြရပါလိမ့်မယ်။ ကိုရီးယားပြည့်တန်ဆာလောကအကြောင်း ဆရာကင်ကီဒွပ်ကြီး သရုပ်ဖော်တာကို ကျွန်တော်တို့ခဏခဏကြည့်ဖူးခဲ့ပြီးပြီမလား။ ဒါကတော့ အရသာအသစ်ပေါ့။ ဘာလို့ဆို ကင်ကီဒွပ်ကားတွေမှာ ဖြစ်သွားတဲ့ မိန်းကလေးတွေရဲ့ ပျော်မွေ့သွားခြင်းကို မတွေ့ရပေမဲ့ ဒီမှာတော့ တွေ့ရသလောက်ရှိတာကိုး။ မင်းသမီးဟောင်းကြီးရဲ့ မြင်ကွင်းအသစ်တွေကို ရှုစားရင်း လေ့လာကြသင့်တဲ့ကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie

[18+] Downfall (1997)

1997