Channel Myanmar

Drama

Uppu Puli Kaaram (2024)
Uppu Puli Kaaram (2024) Uppu Puli Kaaram (2024) ချဉ်ငန်စပ် အသိုက်အမြုံလေး Genre – Comedy၅၂၈ မေတ္တာတွေ ၁၅၀၀ ချစ်ခြင်းတွေနဲ့ အမောအပန်းပြေ ရယ်မောစရာလေးတွေနဲ့ ပုံဖော်ထားတဲ့ မိသားစုဟာသ စီးရီးလေး ဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ရိုးရိုးသားသား အေးချမ်းစွာနဲ့ စားသောက်ဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေး ရှိပါတယ်။ ဖခင်ဖြစ်သူက စကားတစ်ခုခုပြောတိုင်း စားစရာသောက်စရာများနဲ့ ဥပမာပေး ခိုင်းနှိုင်းတတ်သူ ဖြစ်ပြီး အကောင်းမြင်စိတ်လေးနဲ့ ရှင်သန်နေသူတစ်ဦး။ မိခင်ဖြစ်သူကတော့ မိသားစုတွေမှာ ထုံးစံအတိုင်း ဖြစ်နေကြ တစ်ခုခုဆို ဆူပူကြိမ်းမောင်းပြောဆိုနေလို့ တစ်မိသားစုက ချစ်ကြောက်ရိုသေ ဖြစ်နေရသူပေါ့။သမီးကြီး ဖြစ်သူကတော့ မိဘတွေ ယောက်ျားအတင်းပေးစားနေပေမဲ့ ခေတ်ဟောင်းအယူကို မုန်းတီးပြီး အမျိုးသမီးထုတွေအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့နေမလေးတစ်ယောက်။ သားဖြစ်သူကတော့ စိတ်သိပ်မပါပေမဲ့လည်း ဖအေဖြစ်သူရဲ့ ဆန္ဒကြောင့် IAS အရာရှိဖြစ်ဖို့ ကြိုးပမ်းနေရသူ။သမီးလတ်ကတော့ Gym မှာ အလုပ်လုပ်တဲ့လူ ဖြစ်ပြီး ရသမျှလခကို မိခင်က ဓားပြတိုက် အပိုင်သိမ်းနေလို့ စိတ်ပျက်လက်ပျက်နဲ့ ထွက်ပေါက် ရှာနေသူတစ်ဦး။ အငယ်ဆုံးမလေးကတော့ ...

Uppu Puli Kaaram (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် (၈၇)  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 MBQuality –WEB-DL ...

Su ji And U ri (2024)

2024
The Brave Yong Soo Jung (2024) 10
The Brave Yong Soo Jung (2024) The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၅၈)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb: 10/10 1 votes
tv

The Brave Yong Soo Jung (2024)

2024
Sunny (2024) 6.5
Sunny (2024)  ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာနေပြီး ဂျပန်နိုင်ငံသား မာဆာဆာကာမိုတိုနဲ့ အိမ်ထောင်ရက်သားကျ၊ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ အမေရိကန်လူမျိုးဆူဇီ ဆာကာမိုတို တစ်နေ့မှာတော့ လေယာဉ်နဲ့ခရီးထွက်သွားတဲ့ အမျိုးသားနဲ့ သားလေးတို့ရဲ့ လေယာဉ်ကပျက်ကျပြီး အလောင်းတွေ ရှာမတွေ့ဖြစ်ခဲ့ပါတယ်အမျိုးသားနဲ့ သားဖြစ်သူကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရလို့ လစ်ဟာနေတဲ့ ဘဝကြီးထဲကို ရုတ်တရက်အမျိုးသားအလုပ်လုပ်တဲ့ ကုမ္ပဏီကဆိုပြီး လူတစ်ဦးရောက်လာကာ အမျိုးသားကိုယ်တိုင်တီထွင်ထားတယ်ဆိုတဲ့"Sunny" အမည်ရ အိမ်သုံးစက်ရုပ်တစ်ရုပ်ကို လက်ဆောင်လာပေးသွားပါတယ်..အရင်ကတည်းက စက်ရုပ်ဆို မုန်းတီးနေတဲ့ ဆူဇီတစ်ယောက်Sunny ရဲ့ ကျောချမ်းစရာ အပြုအမူတွေကိုတွေ့ပြီး စွန့်ပစ်ဖို့လုပ်ပေမဲ့လည်း မရတဲ့အဆုံး ရေခဲသေတ္တာတီထွင်တဲ့အပိုင်းမှာအလုပ်လုပ်တယ်လို့သိထားတဲ့ အမျိုးသားက တီထွင်ထားတဲ့စက်ရုပ်ဆိုတာကြောင့် နောက်ကွယ်က မသိသေးတဲ့အကြောင်းတွေကို ဖော်ထုတ်ဖို့လုပ်ရာက ဘယ်လိုအဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရမလဲ....အိမ်သုံးစက်ရုပ်တွေက တကယ်ပဲ ကြောက်စရာကောင်းတာလား...လူတွေမသိကြသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..အလောင်းရှာမတွေ့သေးတဲ့ သူ့အမျိုးသားနဲ့ သားလေးကရောတကယ်ဆုံးပါးသွားတာ ဖြစ်နိုင်မလား....တကယ့်နောက်ကွယ်က ရန်သူက ဘယ်သူလဲ ဆိုတာကို စုံစမ်းဖော်ထုတ်သွားတဲ့အကြောင်း ရှုစားရမှာ ဖြစ်ပါတယ်ဂျပန်ဆိုတဲ့အတိုင်း မြင့်မားလွန်းတဲ့ နည်းပညာတွေအကြောင်းထည့်သွင်းပြထားတာကို မြင်တွေ့ရမှာဖြစ်ပြီးသူတို့ရဲ့ Culture တွေနဲ့အတူ ...
6.5
TMDb: 6.5/10 6 votes
tv

Sunny (2024)

2024
My Sweet Mobster (2024)
My Sweet Mobster (2024) My Sweet Mobster (2024) ************************* အပိုင်းသစ် (၁၃)နှလုံးသားပိန်းကြာရွက်ပေါ် ရေအတင်မခံ အသည်းမာတဲ့ ကိုလူကြမ်းကြီးနဲ့ပေါ့ပါးပျော်ရွှင်စွာနေတတ်ကာ ကြင်နာတတ်တဲ့ Youtuber မလေးတို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဇာလမ်းမှာပါဝင်တဲ့ Cast တွေကတော့....ဆောဂျီဟွမ်အဖြစ် “Home Town” “Night in Paradise” တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Uhn Tae Gooဂိုအွန်းဟာအဖြစ် “Work Later, Drink Now” မှာ ယောဂဆရာမနေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Han Sun Hwaဂျန်ဟျွန်းအူ အဖြစ် “Longing for You” “Dali And Cocky Prince” ထဲက Second Lead ဖြစ်တဲ့ Kwon Yul တို့အပြင်Cheer Up ထဲက Main Lead Kim Hyun Jin လည်း ပါဝင်ထားပါသေးတယ်နော်ဇာတ်လမ်းအကျဉ်း ---------------- ဆောဂျီဟွမ်ဟာ အတိတ်တုန်းက လူမိုက်ဂန်းစတားကြီးဖြစ်ခဲ့ပေမဲ့လည်းလက်ရှိမှာ ...

My Sweet Mobster (2024)

2024
Criminal Minds (2024) 8.3
Criminal Minds (2024) Criminal Minds Season 2 အရှေ့ Season မှာ ဆီကာရီးယပ်စ်ဆိုပြီး အတွဲလိုက်လူသတ်သမားတွေကို ကွန်ယက်ထောင်ပြီး အများအပြား သတ်ဖြတ်ခဲ့တဲ့ အီလိုင်းယက်စ်ဗွိုက်ကို ဖမ်းနိုင်ခဲ့ပါပြီ (သူကိုယ်တိုင်ကတော့ ခုချိန်ထိ ဝန်ခံခြင်းမရှိသေးပါဘူး)။ဒါပေမဲ့လည်း FBI လက်ထောက်ဒါရိုက်တာတစ်ယောက် အသက်ပေးဆပ်ခဲ့ရပါတယ် ဒီနောက်ကွယ်မှာလည်း ဖုံးဖိထားတဲ့ ကိစ္စတချို့က ရှိနေတာပါ။ ဗွိုက်ရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်လာတဲ့ ခေါင်းဆောင်ဒေးဗစ်တစ်ယောက်လည်း စိတ်ထဲမှာ ခြောက်လန့်ခံနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အရှေ့ပိုင်းမှာ အနည်းငယ် ပြောပြထားတဲ့ ဂိုးလ်စတားဆိုတဲ့ လူသတ်သမားဟာ လူတွေကို ကြုံရာကျပန်း မျက်လုံးထုတ် သတ်ဖြတ်နေပြီး လွတ်မြောက်နေဆဲ ဖြစ်ကာ ဖမ်းဆီးဖို့အတွက် သဲလွန်စနည်းနည်းလေးတောင် ရှာမရဖြစ်နေပါတယ်။ဒါကြောင့် ဒါရိုက်တာဖြစ်သူဟာ ဗွိုက်ဆီကို ဂိုးလ်စတားကို ဖမ်းဆီးနိုင်ဖို့ သတင်းအချက်အလက်ပေးမယ်ဆို နှစ်အနည်းငယ်လောက်နဲ့ လွှတ်ပေးမယ်ဆိုပြီး အပေးအယူလုပ်တာကို လက်မခံနိုင်ကြတဲ့ BAU အဖွဲ့သားတွေ ဗွိုက်မတိုင်ခင် ဂိုးလ်စတားကို ဖမ်းနိုင်ဖို့ အားထုတ်ရာကနေ ပြန်စတင်ထားပြီး နောက်ပိုင်း ဘယ်လိုတွေဖြစ်ကြမလဲ ဂိုးလ်စတားကို ဖမ်းနိုင်ကြမလား ဗွိုက်ကရော ...
8.3
TMDb: 8.3/10 3617 votes
tv

Criminal Minds (2024)

2005
Heart Beat (2024) 5
Heart Beat (2024) Heart Beat (2024) "ကာရန်ညီသော အချစ်" IMDb - 6.8/10Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကို တင်ဆက်ပေးပါရစေ။သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲ မိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။ သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကို သူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့ အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team) File Size – 500MB(Appx;) @Episode Quality – 1080p WEB DL Duration – 22mins(@Episode) Total Episodes: 24Eps (@ Season) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama ~ Mystery Translator – CM Bollywood ...
5
TMDb: 5/10 1 votes
tv

Heart Beat (2024)

2024
Red Swan (2024)
Red Swan (2024) Red Swan (2024) *************** အပိုင်းသစ် (၇+၈)မင်းသားချော Rain နဲ့ "Nothing Uncovered", "18 again"စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသမီး Kim Ha Neul တို့ ပါဝင်ထားတဲ့ "Red Swan"ဇာတ်လမ်းတွဲကတော့ ထွက်ရှိလာပါပြီဇာတ်လမ်းကတော့ဝန်းဆူ(Kim Ha Neul)ဟာ ထိပ်တန်း ဂေါ့ဖ်ကစားသမားတစ်ယောက်ဖြစ်ပြီးပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ်ဒါကြောင့် သူမဟာ ဟွာအင်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်လိုက်ပြီးဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပါတယ်အဲဒီဖောင်ဒေးရှင်းကနေတစ်ဆင့် ပရဟိတအလုပ်တွေလုပ်ပြီးကမ္ဘာတစ်ဝှမ်း ကျော်ကြားမှုတွေ ရရှိခဲ့ပါတယ်ဒိုယွန်း(Rain)ကတော့ ဝန်းဆူရဲ့ ဘော်ဒီဂတ်အသစ်ဖြစ်ပြီးရဲတက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ကိုယ်ခံပညာထူးချွန်သူတစ်ဦးဖြစ်ပါတယ်သူဟာ ဟွာအင်လုပ်ငန်းစုရဲ့ လုံခြုံရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့တာပါဒါကြောင့် သူ့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဝန်းဆူက ဟွာအင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် action, romance ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်Episodes: 10 Aired: Jul 3, ...

Red Swan (2024)

2024
NCIS: Sydney (2023) 7.4
NCIS: Sydney (2023) NCIS: Sydney (2023) IMDb: 5.9/10 Rotten Tomatoes: 73% Genre: Action/Drama/CrimeNCIS: Sydney ဟာ NCIS တွေထဲမှာ နောက်ဆုံးထွက်ထားတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ သူဟာ မှုခင်းစုံထောက်အမျိုးအစားဖြစ်ပြီး တစ်ပိုင်းကိုအမှုတစ်မျိုးကြည့်ရမှာဖြစ်ပါတယ်။ အတော်လေးကြည့်လို့ကောင်းတဲ့ စီးရီးစ်တစ်ခုဖြစ်ပြီး မိသားစုနဲ့လည်းကြည့်လို့ရမှာဖြစ်ပါတယ်။ NCIS ဆိုတာကတော့ "ရေတပ်ဆိုင်ရာပြစ်မှုထောက်လှမ်းရေးအဖွဲ့" ဖြစ်ပါတယ်။ဇာတ်ညွှန်း စစချင်းမှာ အဖွဲ့နှစ်ခုရှိတယ်။ အဲဒါက ဩစတြေးလျ ပြည်နယ်ရဲနဲ့ "NCIS"၊ ဘယ်လိုမှဆက်စပ်စရာအကြောင်းမရှိတဲ့ အဖွဲ့နှစ်ခုပေါ့။ တစ်ခုက ရေတပ်နဲ့ဆိုင်တဲ့ပြစ်မှုထောက်လှမ်းရေး၊ နောက်တစ်ခုက ရဲတပ်ဖွဲ့။ ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတော့ ဇာတ်လမ်းစစချင်း ဆစ်ဒနေဆိပ်ကမ်းမှာ သုံးနိုင်ငံလုံခြုံရေးစာချုပ် ချုပ်ဖို့လုပ်နေတုန်း ရေတပ်တပ်ကြပ်ကြီးတစ်ယောက် ဆုံးသွားခဲ့တယ်။ ဆစ်ဒနေမြို့မှာဖြစ်တာဆိုတော့ ရဲဆာဂျင် ဂျင်မ်ဒမ်ဆေးဦးဆောင်တဲ့ ဩဇီသားလေးများအဖွဲ့က ကိုင်ရတာပေါ့။သူ့အဖွဲ့မှာဘယ်သူတွေပါလဲဆိုတော့ မှုခင်းစစ်ဆရာဝန် ရွိုင်းပန်ရို့စ်၊ လက်ထောက်ရဲ အီဗီကူပါး၊ အသစ်စက်စက် တွဲဖက်မှုခင်းစစ် ကြောင်တောင်တောင်မလေး ဘလူးတို့ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ရေတပ်အမှုဆိုတော့ NCIS ပါဝင်ပါလာခဲ့ပါတယ်။သူတို့အဖွဲ့မှာကျ အထူးအေးဂျင့် မစ်ချဲလ်မက်ကီနဲ့ အေးဂျင့် ဒီရှောင်န်ဂျက်ဆန်တို့ပါဝင်ပါတယ်။ အဲဒီကစလို့ Chemistry မိမိနဲ့ အမှုတွေကိုဘယ်လိုမျိုးလိုက်သွားမလဲဆိုတာကိုကြည့်ရမှာပါ။ဂျင်မ်၊ ဘလူး၊ ဒီရှောင်န် တို့သုံးယောက်ရဲ့ ဟာသတွေကလည်း ဝါးလုံးကွဲမရယ်ရရင်တောင် အတော်လေးကိုသဘောကျဖို့ကောင်းလှပါတယ်။မှုခင်းစုံထောက်တဲ့ဇာတ်လမ်းကိုသဘောကျတဲ့လူဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။အညွှန်းရေးသားသူ ...
7.4
TMDb: 7.4/10 29 votes
tv

NCIS: Sydney (2023)

2023
Lady in the Lake (2024) 6.5
Lady in the Lake (2024)  ၁၉၆၆ ခုနှစ် အမေရိကန်နိုင်ငံ ဘယ်လ်တီမိုးမြို့ရဲ့ကျေးဇူးတော်နေ့မှာကလေးငယ်တစ်ယောက်ပျောက်ဆုံးရာကနေစတင်ပြီးအမျိုးသမီးနှစ်ဦးရဲ့ဘဝတွေ ပတ်သက်ဆက်နွယ်မိကြပုံကိုရိုက်ကူးပြသထားပါတယ်။မင်းသမီး Natalie Portman သရုပ်ဆောင်ပေးထားတဲ့မတ်ဒီဆိုတဲ့အမျိုးသမီးဇာတ်ကောင်ဟာ အတိတ်ကလျှို့ဝှက်ချက်တစ်ခုကိုကြိုးစားဖုံးကွယ်နေတဲ့ ဂျူးအိမ်ထောင်ရှင်မတစ်ဦးဖြစ်သလို စုံစမ်းစစ်ဆေးရေးသတင်းသမားတစ်ဦးဖြစ်ချင်တဲ့အိပ်မက်ရှိသူပါ။တစ်ချိန်တည်းမှာပဲ ကလီယိုဆိုတဲ့လူမည်းအမျိုးသမီးကတော့လူမည်းအခွင့်အရေးအတွက်နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ရင်းမိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသူဖြစ်ပါတယ်။အစပိုင်းမှာ သူတို့နှစ်ဦးရဲ့ဘဝတွေက သီးခြားစီလို့ထင်ရပေမယ့်ကလီယိုရဲ့ထူးဆန်းစွာသေဆုံးမှုကို မတ်ဒီတစ်ယောက်အစွဲအလမ်းကြီးလာတဲ့အခါမှာတော့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့စိတ်ဝမ်းကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်။Lady In The Lake ဟာ မှုခင်း Thriller ဇာတ်လမ်းကောင်းတစ်ခုတင်မကဘဲ အိပ်မက်တွေအတွက် အမျိုးသမီးတွေမထင်မှတ်ဘဲပေးဆပ်လိုက်ရတဲ့တန်ဖိုးတွေအကြောင်းကိုပါရိုက်ကူးပြသထားတာဖြစ်ပါတယ်။  File Size – 802 MB / 377 MBQuality –WEB-DL 1080p 5.1CH , 720pEpisodes -  7 EpsDuration -  55 minSubtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama , MysteryTranslator –JULYEncoder – Min Wai  ( Season ...
6.5
TMDb: 6.5/10 18 votes
tv

Lady in the Lake (2024)

2024
Never Enough (2024)
Never Enough (2024) ၃ ပွင့်ဆိုင် နှလုံးသား (၂၀၂၄)JJ , Parisနဲ့ Bowတို့လို ရှယ်castတွေချည်းသုံးထားတဲ့ Ch3 ရဲ့ ၃ ပွင့်ဆိုင် နှလုံးသား ဇာတ်လမ်းကောင်းပါ့မလားက အသာထား cast ကြည့်ရရုံနဲ့တင် တန်နေပြီဆိုတော့ JJ comebackမျှော်နေသူတွေ stay tunedပါဒုက္ခအမျိုးမျိုးကြားကနေ တဝမ်ရဲ့အဘွားဆီမှာ အတူလာခိုလှုံဖြစ်ကြပြီး အဘွားရဲ့မေတ္တာနဲ့ အတူတကွကြီးပြင်းခဲ့ကြတဲ့ တဝမ် ရှင်းနဲ့ မာနဆိုတဲ့ သူငယ်ချင်း ၃ ယောက် အရွယ်ရောက်လာတော့ တဝမ်ဆိုတဲ့ကောင်မလေးကိုပဲ မျှော်ကြည့်နေခဲ့ရတဲ့ မာနနဲ့ရှင်းတို့က ၅၂၈ စည်းကိုကျော်လို့ ခံစားချက်မှာ အရောင်လေးတွေကိုယ်စီစွန်းလာကြတဲ့အခါ... တစ်ဖက်ကလည်း ညီအစ်ကိုရင်းထက် ပိုရင်းတဲ့သူငယ်ချင်းတွေလည်းဖြစ်နေပြန်တော့ ဒီသူငယ်ချင်း ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းက ဘာတွေဆက်ဖြစ်မလဲ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao, တို့ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File ...

Never Enough (2024)

2024
As Beautiful As You (2024)
As Beautiful As You (2024) As Beautiful As You ဆိုတဲ့ဇာတ်ကားလေးကို CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ကလေးမျက်နှာနဲ့ မင်းသမီးလေး ထန်စုန်ယွင်နဲ့ မင်းသားချောလေး ရွှခိုင်တို ပါဝင် သရုပ်ဆောင်ထားတဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်နည်းပညာပိုင်းကျွမ်းကျင်ရှိသူ ကျီရှင်းက သူ့ စီးပွားရေးမှာ စွန့်စားချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် လက်ရှိအလုပ်ကနေ ထွက်လာပြီး မောင်လေးနဲ့အတူ လုပ်ငန်းတစ်ခုကို စတင်ခဲ့ကြတယ်ဒါပေမဲ့ အစမှာပဲ လုပ်ငန်းတစ်ခုလုံး ဆုံးရှုးရတော့မလို ဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့အချိန် တုန်းယန်နည်းပညာလုပ်ငန်း ဥက္ကဋ္ဌ ဟန်ထင်ရဲ့ ထောက်ပံ့မှုကို ရရှိခဲ့ပါတယ် ဟန်ထင်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျီရှင်းတို လုပ်ငန်း ပြန်နလန်ထူလာနိုင်ခဲ့ပေမဲ့ ကျီရှင်း တစ်ယောက် ၇ နှစ်ကြာ တွဲလာတဲ့ ချစ်သူနဲ့ လမ်းခွဲဖိုပါဖြစ်ခဲ့တယ်ဘဝရဲ့အခက်အခဲတွေနဲ့ အချစ်ကြောင့် နာကျင်မှုတွေကြားမှာ ကျီရှင်း တစ်ယောက် ဘယ်လိုရုန်းကန်ရမလဲ လုပ်ငန်းပါတနာတွေအဖြစ်ကနေ ခံစားချက်တွေ အရောင်ပြောင်းလာတဲ့ ကျီရှင်း နဲ့ ဟန်ထင်တို အခက်အခဲ အတားအဆီးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာရယ်စီးပွါးရေးလောကကို ပုံဖော်ထားတဲ့ ဇာတ်အိမ်ချိုချိုလေးနဲ့ ဒီဇာတ်ကားလေးကတော့ ကြည့်ကိုကြည့်သင့်တဲ့စာရင်းထဲပါနေတာမို CM ချစ်ပရိသတ်တို ဘဝအမောပြေ ဒီကားလေးကြည့်လိုက်ကြနော်~=================================Quality ...

As Beautiful As You (2024)

2024
Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024) 10
Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024)  ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ် လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။ မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ ကြည့်ကြည့်လိုက်ပါ။ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာ ထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ် ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီး မြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ် မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာ ထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီး ဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေ အာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဥပဒေကို လိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်. တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လို အကူညီတောင်းတာကို လုပ်ပေးရင်းနဲ့ ...
10
TMDb: 10/10 2 votes
tv

Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024)

2021
24 Season 1+2 (2001) 7.785
24 Season 1+2 (2001) ဒီစီးရီးကတော့ မသိသူမရှိလောက်အောင် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး မသေခင်ကြည့်သွားသင့်တဲ့ စီးရီးတစ်ခုဆိုလည်းမမှားပါဘူး။ နိုင်ငံရေး၊အက်ရှင်၊ဒရာမာ အစုံပါတဲ့ 24 Series ဟာ 2001 တစ်ခုကနေ စတင်ထွက်ရှိခဲ့ပြီး စုစုပေါင်း Season 9 ခုရှိပါတယ်။ 24 ဆိုတဲ့အတိုင်း Season တစ်ခုကို 24 ပိုင်းပါလို့ တစ်ဝကြီးကြည့်ရမှာဖြစ်ပြီး Season တစ်ခုနဲ့တစ်ခု ဖြစ်စဉ်တွေကွဲပြားပါတယ်။ဒီစီးရီးမှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးအေးဂျင့် ဂျက်ခ်ဘောင်ဝါက နိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ပြုလာတဲ့ အကြမ်းဖက်သမားမျိုးစုံကို တစ်ရက်(၂၄ နာရီ)အတွင်း တိုက်ခိုက်ချေမှုန်းပုံကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဒီစီးရီးရဲ့ထူးခြားချက်ကတော့ သူတို့ရဲ့ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီဆောင်ရွက်တဲ့ပုံစံအတိုင်း ၁ ပိုင်းကို တစ်နာရီ စုစုပေါင်း ၂၄နာရီအတွင်းအဖြစ်အပျက်တွေကို ရိုက်ပြထားတာပါ။ဇာတ်လမ်းဇာတ်အိမ် အသွားအလာအလွန်ကောင်းပြီး လှည့်ကွက်မျိုးစုံနဲ့ ပျင်းစရာအခိုက်အတန့် တစ်ခုမှမပါဘဲ ရသအစုံပေးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ၂၄နာရီအတွင်း နာရီသံတစ်ချက်ချက်အကြားက စိတ်လှုပ်ရှားစရာတွေကို ကြည့်ရှုခံစားကြပါဦး။File size…(3 GB)/(880 MB) Quality….Webrip 1080p / ...
7.785
TMDb: 7.785/10 1459 votes
tv

24 Season 1+2 (2001)

2001
Club Friday Season 16 : Hot Love Issue, Love You To Death (2024)
Club Friday Season 16 : Hot Love Issue, Love You To Death (2024) သေရာပါမဲ့အချစ် (၂၀၂၄)ဒီတစ်ခါမှာတော့ Club friday ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ပဟေဠိ အဖြေညှိဖို့ "သေရာပါမဲ့အချစ်" လာပါပြီ။Foon တစ်ယောက် တစ်နေ့မှာ Club friday က ဖြစ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ ကြားလိုက်ရာက သူ့ဘဝကို ပြန်စဉ်းစားဖို့ လုပ်ရပါတော့တယ်။ ဇာတ်လမ်းရှင် အဲမိန်းကလေးက ကျောင်းသူဘဝက ခရက်ရှ်နဲ့ ရေစက်ဆုံပြီး လက်ထပ်တဲ့အထိ ခရီးဆက်ခဲ့သူပါတဲ့။ လက်ထပ်ပြီးတဲ့အထိ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံအဖြစ် ကံအကောင်းဆုံးဆိုတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ရသူပေါ့။ ဖြစ်ရပ်တစ်ခုလုံးမှာ သူမဘဝအကြောင်းအရာနဲ့ တစ်ပိုင်းတစ်စ တိုက်ဆိုင်မှုတွေရှိနေပြီး ထူးထူးဆန်းဆန်း ပြောပြနေတဲ့ မိန်းကလေးအသံကိုလည်း သူရင်းနှီးနေပြန်ပါတယ်။ သေချာဆန်းစစ်ကြည့်ပြီးတဲ့အခါမှာ ဒီမိန်းကလေးအသံဟာ သူ့ခင်ပွန်းရဲ့ အပျော်မယားဆိုတာ သိလိုက်ရတာပါပဲ။ဒီလိုနဲ့ Club friday ကနေတဆင့် အသံရှင်မိန်းကလေးရဲ့ သူပါဝင်သော ဇာတ်လမ်းတစ်ခုကို နားထောင်ရင်း သူမသိခဲ့တဲ့ သူ့ဘဝတစ်ဖက်ခြမ်းအကြောင်းကို တစ်ခုချင်း အဖြေရှာရပါတော့တယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Kim, Laris M တို့ ...

Club Friday Season 16 : Hot Love Issue, Love You To Death (2024)

2024
Century of Love (2024)
Century of Love (2024) မေတ္တာအခြေပြု အချစ်ရာစု (၂၀၂၄)အချစ်ကို ယုံကြည်ပြီး ကိုးကွယ်လွန်းတဲ့ ဆန် တစ်ယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဆုံးပါးသွားတဲ့ ချစ်သူကောင်မလေး ဝပ်ဒ် ပြန်လည်မွေးဖွားလာစေဖို့စောင့်ဆိုင်းနေသူပါ။ရောင်စဉ်ငါးသွယ်ကျောက်ရဲ့စွမ်းအင်နဲ့ သူ့အသက်ကိုပါလောင်းကြေးထပ်ပြီး သူ့ကောင်မလေး ဝပ်ဒ်ကိုပြန်လည်ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။ဆန်က ရာစုနှစ်တစ်ခုအတွင်းမှာနေထိုင်ရင်း သူ့ကောင်မလေး ဝပ်ဒ်ကို ရှာနေတဲ့အချိန်မှာ Vee ဆိုတဲ့ ရွှတ်နောက်နောက်နဲ့ ချစ်စရာကောင်လေးနဲ့ဆုံခဲ့ပါတယ်။ တကယ်တော့ Vee ဆိုတဲ့ကောင်လေးက သူရာစုနှစ်နဲ့ချီမျှော်နေခဲ့ရတဲ့ ချစ်သူဖြစ်နေခဲ့တယ် ဆိုတာကို ဆန်တစ်ယောက် လက်ခံနိုင်ပါ့မလား???အညွှန်းကိုတော့ Kim က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kim, SuMyat, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kim, SuMyat, Mary, Char Ou Encoder ..... ...

Century of Love (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
The Rebound (2024)
The Rebound (2024) အချစ်၏ တန်ပြန်သဘောတရား (၂၀၂၄)ဆင်းရဲတွင်းကနေ လွတ်မြောက်ပြီး ပညာသင်ဆုရဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသားလေး Zen (ဇန်)တစ်ယောက် တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ပဲ သူတို့ပါဝင်ကစားနေတဲ့ ဘတ်စကတ်ဘောအသင်းက စီနီယာတစ်ယောက် ဆေးစွဲနေပါတယ်ဆိုပြီး Lin (လင်) ဆိုတဲ့ကျောင်းသားသတင်းထောက်လေးကနေတဆင့် သတင်းပျံ့သွားခဲ့လေတော့ ကျောင်းက သူတို့ဘတ်စကတ်ဘောကလပ်ကို ဖျက်သိမ်းဖို့အတွက် ကြေညာခဲ့ပါတယ်။ သူ့ဝါသနာကို လက်မလျှော့ချင်တာကြောင့် Zen (ဇန်)တစ်ယောက် ရာသီပွဲစဉ်ပထမပွဲမတိုင်ခင်မှာ ဝင်ကစားနိုင်ဖို့ အသင်းဖော်သစ်တွေနဲ့ နည်းပြအသစ်တွေရှာပြီး အသင်းသစ်ထပ်ဖွဲ့ဖို့ကြိုးစားရပါတော့တယ်။ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ Ryu(ရူ)နဲ့ Zen (ဇန်) တို့ကြားက မတူကွဲပြားချက်တွေကိုနောက်ထားပြီး ဘတ်စကတ်ဘော ကစားဖို့အတွက် သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ သူတို့ကြားကဆက်ဆံရေးက သူငယ်ချင်းအဆင့်ထက်ကျော်‌လွန်နေပေမဲ့ အလွတ်တမ်း ဘတ်စကတ်ဘောကစားသမား Ryu (ရူ) တစ်ယောက် အသင်းခေါင်းဆောင် Zen ( ဇန်) အပေါ် သူ့ခံစားချက်တွေ ဝန်ခံလိုက်ဖို့ တွန့်ဆုတ်နေတဲ့အခါမှာတော့....အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြားသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ KIM က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ KIM, Mary, Su Myat, Dao Phyo ...

The Rebound (2024)

2024
Emperor of Ocean Park (2024) 7.25
Emperor of Ocean Park (2024)  ဒီ series ဟာ ရဲ့ Stephen L Carter ရဲ့ Emperor ofOcean Park ၀တ္ထုကို ရုပ်ရှင် series အဖြစ် ပြန်လည်ရိုက်ထူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင် series မှာ အော်စကာဆုရှင် Forest Whitaker,Henry Simons တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ်။Drama/Mystery အမျိုးအစားဖြစ်လို့ လျှို့ဝှက်နက်နဲတဲ့ဇာတ်လမ်းကြိုက်သူများအတွက် ကြည့်လို့ကောင်းမဲ့Series တစ်ခုပါ။ဒီ series မှာတော့ Forest Whitaker ကို အမေရိကန်တရားရုံးချုပ် ရဲ့ တရားသူကြီးချုပ်အဖြစ်တွေ့ရမှာဖြစ်ပါတယ်။တရားသူကြီးဟာ "ဂုဏ်သိက္ခာ တာဝန်ဝတ္တရား တရားမျှတမှု"ဆိုတဲ့ စကားသုံးခွန်းကို လက်ကိုင်ထားခဲ့ပါတယ်။တစ်နေ့မှာတော့ တရားသူကြီးဟာ ရုတ်တရက်သေဆုံးသွားခဲ့ပြီးသူ့သေဆုံးမှုရဲ့နောက်ကွယ်မှာ မသင်္ကာစရာကိစ္စတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။နောက်ကွယ်က ပဟေဠိတွေက ဘာတွေဖြစ်မလဲ..အမေရိကန်ရဲ့ ရှုပ်ထွေးတဲ့နိုင်ငံရေးနဲ့ နောက်ကွယ်ကလက်မည်းကြီးတွေအကြောင်းကို နိုင်ငံရေး၊ လျှို့ဝှက်နက်နဲမှုတွေနဲ့ တင်ဆက်ပြသထားတာဖြစ်လို့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့series ကောင်း တစ်ခုပါပဲ။  File Size – 735 MB / ...
7.25
TMDb: 7.25/10 4 votes
tv

Emperor of Ocean Park (2024)

2024
Master of the House (2024)
Master of the House (2024) အိမ်ကြီးရှင် (၂၀၂၄)ဝါရင့်သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းရဲ့အရှုပ်အထွေးကို တစ်ဆင့်ချင်းအဖြေရှာရမယ့် Netflix ဇာတ်လမ်းတွဲသစ် "အိမ်ကြီးရှင်"ဒီဇာတ်ကားလေးမှာတော့ အလောင်ကားတို့ထုံးစံအတိုင်း လူချမ်းသာအသိုင်းအဝိုင်း ဒိတ်ဒိတ်ကြဲမိသားစုကြီးတစ်ခုရဲ့ လောဘရမ္မက် ငမ်းငမ်းတက်ပုံကို ရှုစားရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ကျိကျိတက်ချမ်းသာတဲ့ ဘီလီယံနာစိန်သူဌေးကြီးဖြစ်တဲ့ ထေဝါကျောက်မျက်လုပ်ငန်းပိုင်ရှင် ခွန်ရွန်ဂရိုဖ်တစ်ယောက် ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ဆက်ခံသူလည်းမရွေးထား သေတမ်းစာအကြောင်းအရာကိုလည်း တိတိပပမသိရသေးတဲ့ သားနှစ်ယောက်ဖြစ်တဲ့ မာဝင်နဲ့ဖူဖတ်နဲ့ သူတို့ရဲ့မိသားစုတွေ တစ်ဖက်က သူဌေးကြီးရဲ့အသည်းစွဲလေးဖြစ်တဲ့ ဇနီးအသစ်စက်စက်လေး ခိုင်မွခ် တစ်ဖက်က ရမယ့်အမွေကလည်း ဆယ်ဘီလီယံတန်ကြေးရှိတဲ့ကျောက်မျက်လုပ်ငန်းကြီးဖြစ်နေတဲ့အခါ လောဘကိုရှေ့တန်းတင်လို့ ဒီလူတစ်စုကြားက အညှာအတာမဲ့ တိုက်ခိုက်မှုတွေ အရှုပ်အရှင်းတွေကို ဘယ်လိုမြင်ရမလဲဆိုတာ ရှုစားကြရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char ...

Master of the House (2024)

2024