Channel Myanmar

Fantasy

Super Cube (2025) 8.255
Super Cube (2025) Super Cube (2025) ................. IMDb- 7.1/10, MyAnimeList - 7.2/10March လတုန်းက ထွက်ခဲ့တဲ့ Super Cube ဆိုတဲ့ တရုတ် Donghua လေးကတော့Solo Leveling နဲ့ဇာတ်လမ်း ခပ်ဆင်ဆင်လို့တောင် ပြောရမလားပါပဲ။အက်ရှင်ခန်းတွေကတော့ ရေလည်မိုက်ပြီး ကြမ်းပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ MC ဖြစ်တဲ့ Wang Xiaoxiu နဲ့ Yao ဆိုတဲ့ကောင်မလေးတို့ဟာငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ တစ်ရက်မှာတော့သူငယ်ချင်းတွေ စုဝေးကြ အမှန်ပြောကြေးဂိမ်းဆော့ကြရင်းနဲ့ Yao ကသူကြိုက်နေတဲ့ကောင်လေးက Wang Xiaoxiu ဖြစ်တယ်ဆိုတာ ဝန်ခံလိုက်ပါတယ်။အဲဒီမှာတင် Yaoကို ကြိုက်နေတဲ့ လူဆိုးဂိုဏ်းကကောင်က Wang Xiaoxiu ကိုတံတားပေါ်ခေါ်ထုတ်ပြီး အနိုင်ကျင့်တာ လက်လွန်သွားပြီး Wang Xiaoxiu တစ်ယောက်မြစ်ထဲကို ပြုတ်ကျပါလေရော။ ရေထဲနစ်သွားပြီး သေတော့မယ်ထင်နေတဲ့ Wang Xiaoxiu ကရေထဲမှာ အလင်းရောင်တွေတောက်ပနေတဲ့ စတုရန်းပုံ ကျောက်တုံးလေး ...
8.255
TMDb: 8.255/10 51 votes
tv

Super Cube (2025)

2025
The First Night with the Duke (2025) 8.1

The First Night with the Duke (2025)

2025
Rooftop Prince (2012) [Complete] 7.5
Rooftop Prince (2012) [Complete] Rooftop Prince (2012)********************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် ဘယ်နှခါကြည့်ကြည့် မရိုးရတဲ့နန်းတွင်း အချစ် ဟာသ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Cast တွေအနေနဲ့ကတော့ အားလုံးနဲ့ရင်းနှီးဖြစ်သားဖြစ်တဲ့ Park Yoo Chun,  Han Ji Min, Choi Woo Shik,Lee Tae Sung, Lee Tar Ri နဲ့  Jung Yoo Mi တို့က  အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~အိမ်ရှေ့စံမင်းသားအီဂတ်ဟာ သူရဲ့ ကြင်ယာတော်ဖြစ်သူ ဟွာယောင်းရဲ့ ရုတ်တရက် ဆန်းကြယ်စွာသေဆုံးမှုကြောင့် တပည့်သုံးယောက်နဲ့ အတူ တရားခံကို ရှာပုံတော်ဖွင့်ရာကနေ နှစ် (၃၀၀) ကျော်ခုန်ကူးပြီး ယနေ့ ခေတ်သစ်ဆိုးလ်ကို ရောက်ရှိလာပါတော့တယ်။တစ်ဖက်မှာလည်း ဘတ်ဟာဟာ အဖေဖြစ်သူ နောက်အိမ်ထောင်ပြုပြီးနောက် မိထွေးသားအမိနဲ့အတူနေထိုင်ရင်း တစ်နေ့မှာ ...
7.5
TMDb: 7.5/10 44 votes
tv

Rooftop Prince (2012) [Complete]

2012
Suntiny (2025)
Suntiny (2025) ဖလှယ်ရ ရင်ခုန်သံ (၂၀၂၅)ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ #MaxNat ဆိုပြီး Cutie Pie မှာ ပိုနာမည်ရလာခဲ့တဲ့ Couple လေးတို့ရဲ့ဇာတ်ကားဖြစ်ပါတယ်။ Suntiny စီးရီးဟာ အပိုင်း ၁၀ ပိုင်း ပါဝင်တဲ့ Romance, Supernatural ဖြစ်တာမို့ ဘယ်လိုအကွက်ဆန်းတွေနဲ့ ချိုမြိန်အောင် ဖန်တီးတင်ဆက်ထားမလဲဆိုတာကြည့်ရှုလိုက်ကြရအောင်ပါ ။ဆရာဆန်းနဲ့ နူအာတို့ဟာ မထင်ထားတဲ့ အသေးအဖွဲ နားလည်မှု တစ်ခုကနေ စတင်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ကြီးမားတဲ့ ကွာဟချက်တွေဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာတော့ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် လဲပြီး နိုးထလာခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အပေါ် နားမလည်နိုင်မှုများစွာ အကြောင်းရင်းကို လိုက်ရှာကြည့်တဲ့အခါမှာ တာ့ဆိုတဲ့သူဆီက ရထားတဲ့ ဆပ်ပြာကို သုံးပြီး ရေချိုးမိကြရာမှ လူချင်းလဲမိသွားတာကို သိလာခဲ့ကြပါတယ်။ လက်ရှိခန္ဓာကိုယ်မှာ နေသားမကျတဲ့သူတို့တွေ လူမှုဆက်ဆံရေး နေ့စဉ်ဘဝတွေမှာပါ အခက်အခဲတွေ ကြုံလာကြရပါတယ်။ ဒီလိုနဲ့ မူလခန္ဓာကိုယ်ကို ပြန်ပြောင်းနိုင်ဖို့ နည်းလမ်းတွေ့ရှိအောင် သူတို့ကိုယ်တိုင်ရော သူတို့သူငယ်ချင်းတွေရော ဘယ်လိုဂယက်တွေထပြီး ကြိုးစားကြမလဲဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်။အညွှန်းကိုတော့ Dao Phyo က ...

Suntiny (2025)

2025
Blood Curse (2023) Teluh Darah 7.2
Blood Curse (2023) Teluh Darah  Blood Curse (2023)IMDb Rating (7.3) ဝူလန်ဟာခေတ်ပညာတတ်လှပသွက်လက်တဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူတို့မိသားစုဟာ ငွေကြေးပြည့်စုံရုံတင်မကပဲအချင်းချင်း ချစ်ခင်လေးစားကြသလို လက်အောက်ငယ်သားတွေကိုလည်း စာနာထောက်ထားတတ်ကြတဲ့သူတွေပါ။အစစအရာရာပြည့်စုံနေတဲ့ သူတို့ဘ၀ဟာ သူတို့ဖခင်ရဲ့အသိနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားရာကစပြီး ထူးဆန်းတဲ့အဖြစ်တွေကြုံလာရသလို သူတို့ဖခင်ကိုယ်တိုင်ပါ ကျန်းမာရေးစတင်ထိခိုက်လာခဲ့ပါတယ်။ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကိုစုံစမ်းရင်း သူတို့ကြုံနေရတဲ့ ပြဿနာတွေဟာ သဘာ၀လွန်အင်အားစုတွေနဲ့ပတ်သက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။အဲ့ဒီမှာပဲ သူတို့မိသားစုလိုပဲ ဒီလိုအောက်လမ်းတိုက်ခိုက်မှုတွေရဲ့သားကောင်ဖြစ်ခဲ့တဲ့ အယ်ဆာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ဆုံဆည်းခဲ့ပြီးသူတို့နှစ်ဦးဟာနက်နဲရှုပ်ထွေးတဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ကြိုးစားရင်း၊အန္တရာယ်တွေကိုအတူရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားရိုးရာ မှော်ပညာကိုအခြေခံထားပြီး မိသားစုဒရာမာတွေ၊ တစ်ဦးနဲ့တစ်ဦးအကောက်ဉာဏ်နဲ့လှည့်စားမှုတွေ၊ လှည့်ကွက်တွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ခန့်ခန့်နဲ့ရောစပ်ပြထားတာဖြစ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မထတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်ကားမျိုးပါ။အောက်လမ်းဇာတ်ကားတို့ထုံးစံ မသတီစရာတွေ၊ စိတ်မသက်မသာဖြစ်စရာပြကွက်နဲ့သွေးထွက်သံယိုတွေတော့ ဖောဖောသီသီပါဝင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (650 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy, Horror, Thriller Duration…. 00:45:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by ...
7.2
TMDb: 7.2/10 22 votes
tv

Blood Curse (2023) Teluh Darah

2023
YAIBA: Samurai Legend (2025) 8
YAIBA: Samurai Legend (2025) YAIBA: Samurai Legend (2025)ဒီanimeကို Studio Witက ကိုင်ပြီး remakeပြန်ထုတ်မယ်သတင်းတက်ကတည်းက စိတ်ဝင်စားမိခဲ့တာပါ။ဘာကြောင့်စိတ်ဝင်စားမိရတာလဲဆိုရင် အရင်အဟောင်းဟာ ကျနော့်အတွက် ပထမဆုံးကြည့်ဖူးခဲ့တဲ့animeဖြစ်ခဲ့တာ‌ရယ်၊ ကျနော်အရမ်းသဘောကျတဲ့ Studio Witလက်ရာနဲ့မြင်တွေ့ရမှာရယ်၊ Detective Conan ရဲ့ဖန်တီးရှင် ဆရာGosho Ayomaရဲ့လက်ရာဖြစ်နေတာရယ်၊ Detective Conan ၊ KiKi deliveryတို့ရဲ့အသံသရုပ်ဆောင် Minami Takayamaကလည်း အဓိကဇာတ်ကောင် Yaibaရဲ့အသံကိုသရုပ်ဆောင်ပေးမှာရယ်တို့ကြောင့်စိတ်ဝင်စားခဲ့တာပါ။အဟောင်းတုန်းကတော့ ကြည့်ခဲ့တာ ကလေးအရွယ်မလို့ ဘာမှနားမလည်ခဲ့ပေမဲ့ မင်းသားရဲ့ မိစ္ဆာဓါးကိုကိုင်တွယ်ပြတဲ့ပုံကိုမြင်ပြီး အရူးထလိုက်တောင်လုပ်ခဲ့တဲ့အထိ နှစ်ခြိုက်ခဲ့ရတာပါ။ (ဘယ်လိုကိုင်တွယ်လဲတော့ spoil သလိုဖြစ်မှာစိုးလို့ မပြောတတ်ဘူးနော်)ဇာတ်လမ်းအကျဉ်းကတော့Yaibaဆိုတဲ့ကောင်လေးဟာ တောထဲမှာ အဖေဖြစ်သူ‌နဲ့အတူ နေထိုင်ကြီးပြင်းပြီး ဓါးရေးလေ့ကျင့်ရာကနေ မတော်တဆမှုတခုဖြစ်ပြီး မြို့ကိုရောက်လာခဲ့ပါတယ်။အဆိုပါမြို့မှာတော့ မင်းသားအဖေကိုလိုက်ပြိုင်နေတဲ့လူကြီးရဲ့အိမ်မှာ သောင်တင်သွားခဲ့ရာကနေ အဆိုပါလူကြီးရဲ့သမီးဖြစ်သူနဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။နောက်တော့ အဆိုပါကောင်မလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ မင်းသားရဲ့မဟာပြိုင်ဖက်ကြီးနဲ့စဆုံပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ကျီစားမှုကနေ ရှေးဟောင်းဓါးတလက်ကိုရရှိသွားပါတော့တယ်။စွမ်းအားကြီးလှတဲ့ အဆိုပါဓါးကို Yaiba တယောက်ထိန်းချုပ်နိုင်မလား။ အထိန်းချုပ်ပဲခံရမလားတော့ စနေညတွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ DrNyan ...
8
TMDb: 8/10 4 votes
tv

YAIBA: Samurai Legend (2025)

2025
The All-devouring Whale: Homecoming (2025) 8.7
The All-devouring Whale: Homecoming (2025) The All-devouring Whale: Homecoming (2025)IMDB – 7.3/10, MyAnimeList – 7.8/10Japan Anime တွေချည်းပဲ တင်ဆက်ပေးနေလို့ ရိုးနေပြီလား၊ စိတ်မပူနဲ့အခု နာမည်ကြီးနေတဲ့ တရုတ် Ongoing Donghua လေးပါ ကြည့်စေရမယ်မှတ်။သူက မသိရင် တရုတ်ရှေးသိုင်းကားနဲ့ Pokemon စတိုင် ရောသမမွှေထားတာမျိုးလေး။ဘာလို့လဲဆိုတာတော့ အညွန်းကျမှ ဆက်ဖတ်ကြည့်။ Art style လေးတွေကAnime တွေလောက် မဟုတ်ပေမဲ့ ကြည့်ရတာတော့ တော်တော်အဆင်ပြေတယ်ရယ်။ဇာတ်ကောင်လေးတွေ ဇာတ်လမ်းလေးတွေလည်း ဆန်းဆန်းပြားပြားနဲ့ ကြည့်ရတာမျက်စိပဒေသာ ဖြစ်ချက်။ကဲ ဇာတ်လမ်းအညွန်းပြောပြမယ် သူက ရှေးခေတ်တရုတ်ပြည်ကို အခြေခံထားတယ်အဲဒီမှာ သာမန်သိုင်းကားတွေထဲကလို သိုင်းပညာအစား လူတိုင်းလူတိုင်းကPokemon ထဲကလို အကောင်လေးတွေကို လိုက်ဖမ်း၊ ပြီးရင် လေ့ကျင့်ပေး၊အကောင်နဲ့အတူတူ ပါဝါတွေတက် သူများနဲ့ချ၊ ဂျွတ်လာအောင်လုပ် ဒီလိုနဲ့ ဂိုဏ်းတွေကိုအဆင့်သတ်မှတ်ချက်အလိုက် ခွဲပေးထားတာမျိုး။ အကောင်လေးတွေကလည်းPokemon ထဲကလို တဖြည်းဖြည်းနဲ့ ...
8.7
TMDb: 8.7/10 14 votes
tv

The All-devouring Whale: Homecoming (2025)

2025
Ronja the Robber’s Daughter (2024-2025) Season 1+2 [ Complete ] 7
Ronja the Robber’s Daughter (2024-2025) Season 1+2 [ Complete ]  Season 1  ++  အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံးSeason 2  ++ အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဓားပြသမီးရွန်ယာဟာ ၁၉၈၁ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ဆွီဒင်စာရေးဆရာ Astrid Lindgren ရဲ့ကလေးပုံပြင်စာအုပ်ကိုLive-Action တီဗီစီးရီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။စကန်ဒီနေးဗီးယားအလယ်ခေတ်အစောပိုင်းမှာ မားတစ်ဓားပြအဖွဲ့ဟာတောအုပ်ကြီးထဲက မားတစ်ခံတပ်မှာစခန်းချနေထိုင်လျက်ရှိပါတယ်။မိုးကြိုးမုန်တိုင်းတိုက်တဲ့တစ်ညမှာ ဓားပြခေါင်းဆောင်မားတစ်ရဲ့သမီးလေးမွေးဖွားခဲ့ပြီး ရွန်ယာလို့နာမည်ပေးခဲ့ပါတယ်။အဲဒီညမှာပဲ မိုးကြိုးပစ်လို့ မားတစ်ခံတပ်ကြီးက နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအရွယ်ရောက်လာတဲ့ရွန်ယာကိုဓားပြကြီးမားတစ်ဟာ အရိပ်တကြည့်ကြည့်နဲ့ချစ်မဝခင်မှာပဲနှစ်ခြမ်းဖြစ်နေတဲ့ခံတပ်ရဲ့မြောက်ဘက်ခြမ်းကို မားတစ်ရဲ့ကမ္ဘာ့ရန်ဘက် ဘော်ကာဓားပြတွေက ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ အက်ကွဲကြောင်းတစ်ခုပဲခြားတဲ့ခံတပ်ကြီးထဲမှာရွန်ယာဟာ တခြားတစ်ယောက်တည်းသောကလေးဖြစ်တဲ့ဘော်ကာရဲ့သားဘိခ်နဲ့ခင်မင်သွားခဲ့ပါတယ်။ရွန်ယာနဲ့ဘိခ်ဟာ မိသားစုတွေရဲ့အမုန်းတရားတွေအပြင်တောအုပ်ထဲက လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေကိုလည်းရင်ဆိုင်ကျော်လွှားကြရမှာဖြစ်ပါတယ်။  File Size – 1.06 GB / 492 MBQuality –WEB-DL 1080p HEVC  , ...
7
TMDb: 7/10 17 votes
tv

Ronja the Robber’s Daughter (2024-2025) Season 1+2 [ Complete ]

2024
The Haunted Palace (2025) [Complete] 8.7
The Haunted Palace (2025) [Complete] The Haunted Palace (2025) **************************အပိုင်း (၁ မှ ၁၆) စ/ဆုံးPoster စထွက်လာကတည်းက စိတ်ဝင်စားမှုတွေကို ရရှိထားပြီးတော့ အကြာကြီးနေမှ ကေဒရာမာချစ်သူတွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတဲ့ Rom-com , Fantasy အမျိုးအစားဖြစ်တဲ့ နန်းတွင်းကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးထဲမှာတော့ BTOB ရဲ့အဖွဲ့ဝင် Yook Sung-Jae, 25-21 ကားထဲမှ ဂိုယူရင် အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင် အလှလေး Bona နဲ့ Flower of Evil မှ မင်းသားကြီး Kim Ji-Hoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် Cast နဲ့တင် ပစ်ရက်စရာမရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း *************Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ .. ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon ...
8.7
TMDb: 8.7/10 796 votes
tv

The Haunted Palace (2025) [Complete]

2025
Mr. Queen(2020)
Mr. Queen(2020) Mr. Queen (2020) Ep (1-20) စဆုံး4K Quality Update ထည့်ထားပါပြီ။အပြင်ပန်းက နူးညံ့သိမ်မွေ့ပြီး ပျော်ပျော်နေတတ်တဲ့ ဂျိုဆွန်း​​ခေတ်မင်း​ကြီး Cheoljong (Kim Jung-Hyun) ဟာ ရုပ်ပြဘုရင်လိုဖြစ်နေပေမယ့် တကယ်တမ်းကျတော့ သန်မာတဲ့ပုံစံကို ဖုံးကွယ်ထားတဲ့ လျို့ဝှက်ချက်ပေါင်းများစွာနဲ့ ဘုရင်တစ်ယောက်ဖြစ်ပါတယ်။မင်းကြီး Cheoljong ကို ရုပ်ပြဘုရင်သက်သက်ဖြစ်​နေရတဲ့အကြောင်းရင်းကတော့ ဘုရင်မ Sunwon (Bae Jong-Ok)ကြောင့်ဖြစ်ပါတယ်။ သူမက​နတ်ရွာစံသွားတဲ့ဘုရင် Sunho ရဲ့မိဖုရားတော်ဖြစ်ပြီးတိုင်းပြည်ရဲ့အခွင့်အာဏာတွေကိုကိုင်တွယ်ထားတဲ့သူဖြစ်ပါတယ်။တစ်ရက်မှာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့် ဒီဘက်ခေတ်သမ္မတအိမ်ပြာတော်မှာ စားဖိုမှူးလုပ်​နေတဲ့ Jang Bong-Hwan ဆိုတဲ့ကောင်လေးရဲ့ဝိညာဥ်က ဂျိုဆွန်းခေတ်မိဖုရား Kim So-Young (Shin Hye-Sun) ကိုယ်ထဲကိုရောက်သွားခဲ့ပါတယ်။ဒီတော့ယောက်ျားစိတ်ပေါက်နေတဲ့မိဖုရားနဲ့လျှို့ဝှက်ချက်များတဲ့မင်းကြီးတို့ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး ရယ်ရဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.....ဘာသာပြန်သူများကတော့ Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်....Quality – WEB-DL 4K HEVC/ 1080p/ 720p Duration – 60Min ...

Mr. Queen(2020)

2020
A Terrified Teacher at Ghoul School! (2024) 5.5
A Terrified Teacher at Ghoul School! (2024) ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် Fantasy, School life Anime လေးပဲဖြစ်ပါတယ်။ဒီကားမှာတော့ MC က ကျောင်းဆရာဖြစ်ချင်တဲ့ သူတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာဖြစ်တဲ့ အချိန်မှာကျောင်းသားလူမိုက်တွေ အနိုင်ကျင့်ခံရလို့ ကျောင်းကနေ ထွက်ပြေးပြီး တစ်နှစ်လောက် အိမ်ထဲမှာ ပုန်းနေခဲ့ပါတယ်အဲဒီလိုနဲ့ မိဘတွေရဲ့ အသိ ကျောင်းအုပ်တစ်ယောက်က သူ့ကို ကျောင်းဆရာအဖြစ်ခန့်လိုက်တဲ့ အခါမှာတော့သူက Hyakki ဆိုတဲ့ ကျောင်းရှိတဲ့ ကျွန်းကို စိတ်လှုပ်ရှားစွာနဲ့ ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ ကျောင်းကို ရောက်ပြီး သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာပြီဆိုပြီး ကြည်နူးနေတဲ့ အချိန်မှာပဲသူရောက်နေတဲ့ ကျောင်းက သာမန်မဟုတ်ဘဲ Youkai(ဂျပန်ဒဏ္ဍာရီလာ မကောင်းဆိုးဝါးများ) တွေရဲ့ ကျောင်းဖြစ်နေပါတယ်အဲဒီ အခါမှာ အလယ်တန်းကျောင်းသားတွေကိုတောင် ကြောက်တတ်တဲ့ MC တစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲYoukai တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်မှာလားဒီကျောင်းအုပ်ကရော သူ့ကို ဘာလို့ ဒီကျောင်းမှာ ...
5.5
TMDb: 5.5/10 2 votes
tv

A Terrified Teacher at Ghoul School! (2024)

2024
Star Wars: Tales of the Underworld (2025) 7.718
Star Wars: Tales of the Underworld (2025)  Star Wars: Tales of the Underworld (2025)IMDb Rating (7.2) / Rotten Tomatoes (100%) ဒီ စတားဝေါ ကာတွန်းစီးရီးက အင်ပါယာအာဏာရပြီးခေတ်၊ ဂျဒိုင်းတွေ အမဲလိုက်ခံရတဲ့ခေတ်ကိုအခြေခံထားတာပါ။ကောင့် ဒူကူရဲ့ လက်စွဲတော် လုပ်ကြံရေးသမား ဗန့်ထရက်စ်နဲ့ ဂျဒိုင်းလူငယ်တစ်ယောက်တို့ စွန့်စားခန်းဖွင့်ကြပုံတွေ၊ သေနတ်သမား သူငယ်ချင်းနှစ်ယောက်ရဲ့ ဇာတ်လမ်းတွေ ပါဝင်ပါတယ်။Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ ...
7.718
TMDb: 7.718/10 55 votes
tv

Star Wars: Tales of the Underworld (2025)

2025
SurrealEstate (2021) Season 01 + 02 + 03 7.1
SurrealEstate (2021) Season 01 + 02 + 03 SurrealEstate (2021 - Present) S01 Complete ~ IMDb - 7.1/10, Rotten Tomatoes - 79% ~ 2021 မှာ စထုတ်လွှင့်ခဲ့ပြီး ဒီနှစ်မှာလည်း Season 2 ပြသနေဆဲ ဇာတ်လမ်းတွဲကောင်းပါပဲ။ ကောင်းတယ်ဆိုတာက ခင်ဗျား ဘယ်လိုအမျိုးအစားနဲ့ ယှဉ်လဲအပေါ်မူတည်ပါတယ်။ Sherlock တို့၊ Breaking Bad တို့လို တကယ့်ပါဖက်ရှင်နစ်ဖြစ်နေတဲ့ စီးရီးတွေနဲ့ ယှဉ်ရင်တော့ကောင်းတယ်ပြောဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ Supernatural တို့လို စီးရီးတွေနဲ့ ယှဉ်ရင်တော့ ကောင်းတယ်ပြောရပါမယ်။ Supernaturalကို ထည့်ပြောရတဲ့အကြောင်းရင်းကလည်း ဒီစီးရီးက Supernaturalဆန်နေလို့ပါပဲ။ သရဲလိုက်ရှာ သရဲဇစ်မြစ်ရှာ သရဲသတ် ဒါတွေပေါ့။ သရဲသတ်တယ်ဆိုတာထက် သရဲရဲ့မပြီးသတ်သေးတဲ့ကိစ္စတွေကို ရှင်းပေးပြီး နောက်ဘဝကူးနိုင်အောင် ကူညီပေးတယ်လို့ပါပြောရမလားပဲ။ ဒါပေမဲ့ မတူတာက သူက ပလိန်းကြီး လိုက်ရှာလိုက်ဖမ်း လိုက်သတ်နေတာတော့မဟုတ်ဘူး။ မင်းသားအလုပ်က အိမ်ပွဲစား။ အိမ်ပွဲစားဆိုပေမဲ့ ...
7.1
TMDb: 7.1/10 52 votes
tv

SurrealEstate (2021) Season 01 + 02 + 03

2021
Heavenly Ever After (2025) [Complete] 8.8
Heavenly Ever After (2025) [Complete] Heavenly Ever After (2025)**************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Heavenly Ever After ကတော့ ဘဝဇာတ်ကြောင်းဇာတ်လမ်းတွဲကိုမှ ခါတိုင်းဇာတ်လမ်းတွဲပုံစံတွေနဲ့မတူဘဲfantasy, comedy တို့နဲ့ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ အသစ်လေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်‌ရေးအဖွဲ့က My Liberation Notes, The Light in Your Eyes,Behind Your Touch စတဲ့ လက်ရာမြောက် ဇာတ်လမ်းတွဲတွေကို ရေးသားရိုက်ကူးခဲ့တဲ့သူတွေဖြစ်လို့လက်ရာဟောင်းတွေ ကြည့်လိုက်တာနဲ့တင် ဒီဇာတ်ကားအသစ်လေးရဲ့ လက်ရာကိုလည်း မျှော်လင့်လို့ရမှာသေချာပါတယ်။Cast တွေကို ကြည့်မယ်ဆိုရင်လည်း တကယ့်ထိပ်တန်းတွေဖြစ်တဲ့ မင်းသမီးကြီး Kim Hye Ja နဲ့မင်းသမီး Han Ji Min၊ မင်းသား Son Suk Ku တို့က အဓိကပါဝင်ထားမို့ ကြည့်ပြီး နောင်တမရ‌စေမဲ့ ကားပါပဲ။-ဇာတ်လမ်းအကျဉ်း-အီဟယ်ဆုဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူရဲ့ "မင်းက အသက်၂၀ကျော်တုန်းကလည်း ...
8.8
TMDb: 8.8/10 394 votes
tv

Heavenly Ever After (2025) [Complete]

2025
Love in Pavilion (2025) 10
Love in Pavilion (2025) ဒီတစ်ခါမှာတော့ မင်းသမီး Liu Shi Shi နဲ့မင်းသား Zhang Yun Longရဲ့ စိတ်ကူးယဉ်သိုင်းကားလေးကို CM ကတင်ဆက်ပေးလိုက်ရပါတယ်နော်။ပရိတ်သတ်တို့နဲ့ရင်းနှီးမဲ့ တစ်ခြားမင်းသား၊မင်းသမီးချောလေးတွေပါဝင်ထားတာမလို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော်ဇာတ်လမ်းအကျဉ်းမွေးဖွားလာထဲက ကြီးလေးတဲ့တာဝန်ဝတ္တရားတွေကိုသယ်ပိုးထားဖို့ကံပါလာတဲ့ အိမ်တော်နှစ်ခုရဲ့အဓိကမဏ္ဍိုင်ဖြစ်ကြတဲ့" တုန်းဖန်းဟွိုင်ကျူ"နဲ့ "ဝမ့်ချွမ်ဟုန်ယဲ့ "လူသားမျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်ပဋိပက္ခဖြစ်စဉ်မှာ တွေ့ဆုံဖို့အကြောင်းဖန်လာတဲ့သူတို့နှစ်ဦး... ၇လပိုင်း၇ရက်နေ့ ဟွိုင်မြစ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ကံကြမ္မာကြိုးစလေးနှစ်ခုဟာ ယှက်နွယ်ခဲ့ပါတော့တယ်...ဒီလိုနဲ့ မျိုးနွယ်နှစ်ခုအကြား အရှုပ်အထွေးကိုဖြေရှင်းဖို့အတွက် တုန်းဖန်းအိမ်တော်ခေါင်းဆာင် တုန်းဖန်းဟွိုင်ကျူးနဲ့ ဝမ့်ချွမ်အိမ်တော်ခေါင်းဆောင် ဝမ့်ချွမ်ဟုန်ယဲ့တို့အတူပူးပေါင်းဖြေရှင်းရပါတော့တယ်။ကံကြမ္မာကြိုးစလေးဟာဘယ်လိုထုံးဖွဲ့ပြီး နောင်လာနောက်သားတွေအထိရာဇဝင်တွင်မဲ့ သူတို့နှစ်ဦးရဲ့ကြည်နူးဖွယ်ချစ်တေးကဗျာတစ်ပုဒ် ဘယ်လိုပေါ်ပေါက်လာမလဲလောကရဲ့ခါးသက်မှုတွေကြားမှာ သူတို့နှစ်ဦးရဲ့အချစ်ပုံပြင်လေးကရောချိုမြိန်နိုင်ပါ့မလားဆိုတာ.... =================================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hanni Honey Encoded by LK======================================Ep 1 (720p) -GDToT/ ...
10
TMDb: 10/10 1 votes
tv

Love in Pavilion (2025)

2025
Delicious in Dungeon (2024) 8.545
Delicious in Dungeon (2024) Delicious in Dungeon (2024) IMDB – 8/10, MyAnimeList – 8.6/10၂၀၂၄ ခုနှစ်ရဲ့ အကောင်းဆုံး Anime ဆိုပြီး ရိုက်ရှာရင် ဘယ်လိုသတ်မှတ်ချက်မှာနေနေဒီဆရာသမားက Top 5 အတွင်း ဝင်ကိုဝင်နေတယ် နောက်ပြီး Rating တွေကိုလည်းကြည့်လိုက်ဦး။ ဝင်ရအောင် သူက ဘာတွေထူးခြားနေလို့လဲ၊ Dungeon ဝင်တာတွေParty ဖွဲ့တာတွေ စွန့်စားသူတွေ Isekai တွေဆိုတာ Anime လောကမှာကောင်းတာရှားပြီး မှိုလိုပေါက်နေတဲ့ ပေါကား Genre သာသာပေါ့။ ဒါပေမဲ့ကြည့်လိုက်တော့ ဝိုး… တကယ်ထူးခြားတာဗျို့။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးကျွန်တော် အရင်စပြောပြမယ်ဗျာ။ လျှို့ဝှက်နက်နဲပြီး ဆန်းကြယ်တဲ့ မြေအောက်Dungeon ကြီး တစ်ခုထဲမှာ MC တို့ ပါတီတစ်ဖွဲ့ နဂါးတစ်ကောင်ကိုချရင်း မနိုင်လို့ပြန်ဆုတ်လာကြတယ် ဒါပေမဲ့ MC ရဲ့ ညီမဖြစ်သူကိုတော့ ဟိုနဂါးက စားသွားရော။အဲဒီမှာ MC ...
8.545
TMDb: 8.545/10 222 votes
tv

Delicious in Dungeon (2024)

2024
Feel Good To Die (2018) 6.4
Feel Good To Die (2018) Feel Good To Die (2018)စ/ဆုံးဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~~ဘဲ့ဂျင်ဆန်း(Kang Ji Hwan) ဟာ ကုမ္ပဏီရဲ့ မာကတ်တင်းဌာနအဖွဲမှူးတစ်ယောက်ဖြစ်ပါတယ်...သူဟာ ထက်မြက်တယ်...စေ့စပ်တယ်... အကွက်စေ့တယ်.... သိပ်တော်တဲ့သူလို့ဆိုရပေမယ့် အတ္တကြီးသူမို့ လက်အောက်ငယ်သားတွေဆို အမှားလုပ်ရင် စာနာစိတ်တစ်ချက်တောင်မထားဘဲ ရက်ရက်စက်စက် ပြောဆိုတတ်တယ်.. အပြစ်ပေးတဲ့နေရာမှာလည်း အားမနာတတ်သလို ခေါင်းဆောင်ကောင်းဆိုတာထက် ခေါင်းရှောင်ကောင်းတဲ့သူဆိုရင်လည်းမမှားဘူး...ဒါ့ကြောင့် သူ့ကိုသေပါစေဆိုပြီး အချိန်ပြည့် ကျိန်ဆိုရလောက်အောင် လူမုန်းများလှတယ်...အဲ့ဒီလိုမုန်းတဲ့သူတွေထဲမှာ ဘဲဂျင်ဆန်းရဲ့အဖွဲ့ကလက်ထောက်မန်နေဂျာ မလေး ဖြစ်တဲ့လီရူဒါ (Baek Jin Hee) လည်းအပါအဝင်ပေါ့... ဒီလိုနဲ့ တစ်နေ့တော့ ဘဲ့ဂျင်ဆန်း နဲ့ လီရူဒါတို့ အတွက် မယုံကြည်နိုင်စရာအဖြစ်အပျက်ကြီး စပါတော့တယ်...ဒီအဖြစ်အပျက်ဟာ ၂ယောက်လုံးအတွက် သွေးပျက်စရာဖြစ်သလို ရှောင်လွဲလို့လည်းမရတဲ့အခြေအနေကြီးပါပဲ.... ဒီဇာတ်လမ်းတွဲဟာ သမရိုးကျဇာတ်လမ်းတွဲမဟုတ်ပါဘူး....Time Loop လိုမျိုး ဆန်းကျယ်တာတွေပါသလို.... လူတွေရဲ့ စိတ်နေစိတ်ထားတွေ ၊ လူ့ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်စဉ် နေထိုင်သင့်တာတွေကို စိတ်ဝင်စားစရာ ပညာသားပါပါ ပြသပေးထားပါတယ်... ရယ်လည်းရယ်ရသလို ဘာဆက်ဖြစ်မလဲ ရင်ခုန်ရတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါကုန်... Quality – HD-TV 1080p/ 720P Duration – 60min (@Episode) Subtitle – Myanmar Hardsub Format ...
6.4
TMDb: 6.4/10 7 votes
tv

Feel Good To Die (2018)

2018
Asterix & Obelix: The Big Fight (2025) 8.071
Asterix & Obelix: The Big Fight (2025) Astérix & Obélix: The Big Fight (2025)IMDb 8/10နောက်ဆုံး 2023 ခုနှစ်က ထွက်ရှိခဲ့ပြီး ဘောလုံးနတ်ဘုရားကြီး ဇလာတန် အီဗရာဟီမိုဗစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့Astérix & Obélix ဇာတ်ကားရဲ့ animated series လေးဖြစ်ပါတယ်။ စုစုပေါင်း ဇာတ်ကား၅ကားထွက်ရှိခဲ့ပြီးဖြစ်ပြီး အခုကတော့ အသစ်စက်စက် animated version အနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂေါလ်ရွာလေးဟာ ခေတ်မီယဉ်ကျေးမှုတွေ နောက်ကျတဲ့ အေးချမ်းတဲ့ ရွာလေးပဲဖြစ်ပါတယ်။ ရွာလေးမှာ ခေါင်းဆောင်ဖြစ်သူက ဘုန်းတော်ကြီး ပါနိုအားမစ်စ်နဲ့အတူ ရပ်ရေးရွာရေး သာယာဝပြောရေးကိုဦးဆောင်လုပ်ကိုင်ပါတယ်။ ဘုန်းတော်ကြီး ပါနိုအားမစ်စ်ကတော့ မလှမ်းမကမ်းက ဂျူးလိယက်စီဆာ တန်ခိုးထွားလာပြီး သူတို့ဂေါလ်ရွာလေးကို ကျူးကျော်သိမ်းပိုက်မှာကို စိုးရိမ်နေပြီး သောက်သုံးလိုက်သူကို အစွမ်းတွေပေးမယ့်မှော်ဆေးရည်တစ်မျိုးကို ဖော်စပ်ဖို့လုပ်နေပေမဲ့ ပါဝင်ပစ္စည်းတစ်ခုလိုနေလို့ မအောင်မြင်ဘဲရှိနေပါတယ်။ တစ်နေ့မှာတော့ အက်စ်တဲရစ်နဲ့ အိုဘယ်လိစ်တို့ သူငယ်ချင်း၂ယောက် မတော်တဆ ပါဝင်ပစ္စည်းကို ရှာတွေ့ပြီးသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် Astérix & ...
8.071
TMDb: 8.071/10 42 votes
tv

Asterix & Obelix: The Big Fight (2025)

2025
JL50 (2020) 6.3
JL50 (2020) JL 50 Season 1 (2020) အချိန်၏ နက်နဲသော လျှို့ဝှက်ချက်များအားလှန်လှောရှာဖွေခြင်း Imdb 7.3လူသားတွေက အတိတ်ကို ပြန်သွားနိုင်ဖို့ ဒါမှမဟုတ် အနာဂတ်ကို ကြိုတင်မြင်နိုင်ဖို့ အမြဲတမ်း အိပ်မက်မက်ကြပါတယ်အချိန်ခရီးသွားခြင်းရဲ့ သီအိုရီတွေ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေစာအုပ်တွေ အများကြီး ထွက်ရှိခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာကတော့ လျှို့ဝှက်နက်နဲနေဆဲပါ JL 50 Season 1 က အဲဒီမေးခွန်းကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်လမ်းအဖြစ် ပြောင်းလဲတင်ဆက်ထားပါတယ် နှစ်ပေါင်း ၃၅ နှစ်ကြာ ပျောက်ဆုံးနေတဲ့ လေယာဉ်တစ်စီးက ဘယ်လိုလုပ် ရုတ်တရက် ပြန်ပေါ်လာတာလဲ အချိန်ခရီးသွားမှုတွေကြောင့်လား ဒါမှမဟုတ် လူသားတွေရဲ့ မသိသေးတဲ့ နည်းပညာတွေကြောင့်လား ဒီစီးရီးကို ကြည့်ပြီး အချိန်ခရီးသွားခြင်းရဲ့ ဖြစ်နိုင်ခြေတွေနဲ့ မဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ကြည်ရှုသူတို့ကိုယ်တိုင် စဉ်းစားသုံးသပ်ပြီး လိုက်ပါစီးမျောလိုက်ပါဦးရှင်။အနောက်ဘင်္ဂလားပြည်နယ်ရဲ့ တောနက်နက်ထဲမှာ လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့တယ် ပထမတော့ သာမန်လေယာဉ်ပျက်ကျမှုလို့ ...
6.3
TMDb: 6.3/10 20 votes
tv

JL50 (2020)

2020
Ranma1/2 (2024) 8.4
Ranma1/2 (2024) Ranma ½ (2024) IMDB – 7.9/10, MyAnimeList – 8/10အသစ်အသစ်တွေ ဘယ်လောက်ထွက်ထွက် Retro vibe နဲ့ရှေးဟောင်းလေးတွေကောင်းရင် ဘယ်သူမှ မမှီနိုင်ဘူးဆိုတာ ဒါကသက်သေပါပဲ။အဲဒီလိုပြောလို့ ရှေးခေတ်တုန်း ထွက်ထားတဲ့ကောင် မဟုတ်ပါဘူးအောက်တိုဘာ ၂၀၂၄ ကမှ ထွက်ရှိထားတာပါ ဒါပေမဲ့လည်း အသစ်မဟုတ်ပြန်ပါဘူး။နားရှုပ်သွားပြီထင်တယ် ဒီလိုပါ၊ မူရင်း Manga ကိုတော့ နာမည်ကျော် Inuyasha တို့Urusei Yatsura တို့ကို ရေးသားခဲ့တဲ့ ဆရာမ Rumiko Takahashi ပဲ ၁၉၈၇ ခုနှစ်မှာ ဖန်တီးထားတာပါ။နောက်ပြီးတော့ အဲဒါကိုပဲ ၁၉၈၉ ခုနှစ်မှာ Anime အဖြစ် အသက်သွင်းခဲ့ကြပါသေးတယ်ကျွန်တော်တို့တောင် မမွေးသေးဘူးပေါ့ ပြောရမယ်ဆို။ဒီလိုနဲ့ အခု နှစ်တွေအများကြီးကြာမှ နာမည်ကျော် စတူဒီယို MAPPA ကနေပြန်လည်မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။မူရင်း Anime ထက်ကောင်းမကောင်းဆိုတာတော့ အပေါ်က Rating တွေသာ ...
8.4
TMDb: 8.4/10 107 votes
tv

Ranma1/2 (2024)

2024