Channel Myanmar

2011

The Help (2011) 8.1
The Help (2011) The Help (2011)IMDb Rating (8.1) / Rotten Tomatoes (76%)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockett ရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အော်စကာဆုပေးပွဲမှာ တစ်ပြေးခဲ့တဲ့ ရုပ်ရှင်ကားပါ။ The Shawshank Redemption တို့လို Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးဖြစ်ပါတယ်။"မိန်းမငယ်လေး တစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ဒီအိမ်အကူအလုပ်ကိုလုပ်ရလိမ့်မယ်လို့များ ရှင်ကြိုသိခဲ့သလား" "သိခဲ့တာပေါ့၊ကျွန်မ အမေဟာ အိမ်အကူအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ကျွန်မအဖွားဖြစ်သူကလည်း မြေကျွန်တစ်ယောက်ပဲလေ၊ဒီတော့ ကျွန်မသိခဲ့ပါတယ်။" 1963 ခုနှစ် အမေရိကန်နိုင်ငံ Mississippiပြည်နယ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါBig Mama လို့ခေါ်လေ့ရှိကြတဲ့ အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေရဲ့ ဘဝနေထိုင်မှု နဲ့ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုတွေ အကြောင်းပါ လူမည်း အမျိုးသမီးတွေဟာ အထက်တန်းလွှာလူဖြူ ...
movie

The Help (2011)

2011
4K HEVC
The Raid (2011) The Raid: Redemption 7.6
The Raid (2011) The Raid: Redemption The Raid (2011) The Raid: RedemptionIMDb Rating (7.6) / Rotten Tomatoes (87%)အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။ဇာတ်လမ်းကတော့...အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ....အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းကို Khitmarket မှကူးယူဖော်ပြပါသည်။)လူကြိုက်များခဲ့လို့ Sequel အနေနဲ့ The Raid 2 ...
movie

The Raid (2011) The Raid: Redemption

2011
4K HEVC
Arthur Christmas (2011) 7.1
Arthur Christmas (2011) Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ဘီလီယံကို သယ်ပို့ပေးရမှာဆိုပါတော့။ ဒီလိုနဲ့ သယ်ပို့ ရေးလုပ်နေစဉ်မှာ မမျှော်လင့်တဲ့ အကြောင်းတစ်ခုကြောင့် လက်ဆောင်လေးတစ်ခုက ကျန်ခဲ့ပါတယ် အဲ့လက်ဆောင်လေးကို ...
movie

Arthur Christmas (2011)

2011
Kung Fu Panda 2 (2011) 7.2
Kung Fu Panda 2 (2011) Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ….‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်…‘ပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုကဝင်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်…ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်…ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ…အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာလက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကိုသိမ်းပိုက်ဖို့ ကြံစည်နေပါပြီ…ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ…ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကိုဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦးဒီဇာတ်ကားဟာလည်း ပထမကားလိုပဲrating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် File size…   4 GB / 1.5 GB / 913 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mp4 & mkv Audio ... ...
movie

Kung Fu Panda 2 (2011)

2011
4K HEVC
My Way (2011) 7.6
My Way (2011)   Korean မင်းသား Jang Dong-gun (ဒါရိုက်တာရင်)ရယ် မင်းသား Joe Odagiri ရယ် မင်းသမီး  Fan Bingbing တို့ရယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးတစ်ကားပါပဲ...... ကိုယ့်နိုင်ငံအတွက် စစ်ပွဲကလွဲရင် ဒုတိယကမ္ဘာစစ်တလျောက်လုံး ဘက်ပေါင်းစုံလိုလိုမှာ ၀င်တိုက်ခဲ့ရတဲ့ အိမ်မက်ကိုလက်မလျှော့ခဲ့သူတစ်ယောက်အကြောင်း။ ဂင်ဂျွန်းရှစ်။ ကိုးရီးယားကို ဂျပန်တွေ အုပ်စိုးချိန် ဂျပန်စစ်တပ်အရာရှိကြီးတစ်ယောက်ရဲ့အိမ်က အလုပ်သမားတစ်ယောက်ရဲ့သား။ အပြေးမြန်ပြီး အိုလံပစ်မာရသွန်ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်သူ။ သူနဲ့သက်တူရွယ်တူ ဂျပန်အရာရှိကြီးရဲ့မြေး ဟာဆဲဂါ၀နဲ့ အမြဲတမ်းယှဉ်ပြိုင်နေကြတာကြောင့် ပြိုင်ဖက်တွေဖြစ်လာခဲ့ကြပေမဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဂင်ဂျွန်းရှစ် အရွယ်ကောင်းတုန်းမှာ လန်ချားဆွဲသမားဖြစ်သွားရတယ်။ လက်မလျှော့ခဲ့တဲ့သူ့အတွက် အခွင့်အရေးနောက်ထပ်တစ်ကြိမ် ရောက်လာခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာတော့ သူတိုတွေရဲ့အိပ်မက်ဟာ မှေးမှိန်သွားရတယ်။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တို တစ်ဖန်ပြန်ဆုံချိန်မှာတော့ မာရသွန်ပြေးလမ်း‌ပေါ်မဟုတ်ဘဲ စစ်မြေပြင်ပေါ်မှာ။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တိုဟာ တိုက်ပွဲပေါင်းမြောက်မြားစွာ တိုက်ခိုက်လာရတဲ့အချိန်မှာတော့ သူတိုရဲ့အိပ်မက်က အိုလံပစ်ရွှေတံဆိပ်ဆုမဟုတ်ဘဲ အိမ်ကိုရောက်အောင်ပြေးသွားဖိုပဲ ဖြစ်လာခဲ့တော့ ဂင်ဂျွန်းရှစ်တို အိမ်ပြန်‌ရောက်နိုင်ကြမလား.....(ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ရိုက်ကူးသည်။) File size…(3.6 GB)/(2.5 GB) Quality….Blu-ray 1080p ...
movie

My Way (2011)

2011
The Adjustment Bureau (2011) 7.0
The Adjustment Bureau (2011)  လူတွေရဲ့ ကံကြမ္မာတွေကကိုယ်ပိုင်နဲ့ထိန်းချုပ်ခွင့်ရှိနေတာလား။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာများလား။ကံကြမ္မာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကြားထဲက ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဒီကားမှာ Matt Damon က အမတ်လောင်း David Norrid အဖြစ်သရုပ်ဆောင်ထားတာပါ။ဘဲလေး ကချေသည် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး သူ့ရဲ့ ဘဝပြောင်းလဲသွားမှာလား၊ နောက်ကွယ်က သဘာဝလွန်အဖွဲ့ကရော ပြောင်းလဲခွင့်ပေးမှာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားပါ။သာမန်ကားတွေနဲ့ကွဲထွက်စေတဲ့အချက်ကတော့ အချစ်ရေးနဲ့ သဘာဝလွန်ကိစ္စရပ်တွေကို လက်တွေ့ကျကျ သိပ္ပံနည်းကျအခြအနေတွေနဲ့ဘယ်လိုပေါင်းစပ် တင်ပြထားလဲဆိုတာပါပဲ။ IMDb 7.0 Rotten tomato 71 %တောင် ရထားတဲ့ကားမို့လို့ အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူးရှင့် File size…(2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Crime, Drama, Mystery, Romance, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shocking Pink
movie

The Adjustment Bureau (2011)

2011
Blitz ( 2011 ) 6.1
Blitz ( 2011 )  မင်းသားကြီး  Jason Statham  နဲ့ မင်းသား Paddy Considine တို့ တွဲဖက်ပါဝင်ရိုက်ကူးထားပြီး action ဇာတ်ကားကောင်းများနှစ်သက်သူများအတွက် အထူးကောင်းမွန်ပြီး IMDb Rating 6.2 ရရှိထားတဲ့ဇာတ် ကားတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်ကားရဲ့ နာမည်ဟာ ရဲတွေကို အထူးပစ်မှတ်ထားပြီး လိုက်သတ်တဲ့ လူသတ်သမားရဲ့ နာမည်ဖြစ်ပါတယ်။ ဘရန့် ( jason statham ) ဟာ သူ့ကိုလိုက်လံဖမ်းဆီးခဲ့ပြီး သူ့ကိုဖမ်းမိတဲ့ အချိန်မှာတောင် ခိုင်လုံတဲ့သက်သေအထောက်အထားမပြနိုင်လို့ ပြန်လွတ်ခဲ့ရတဲ့ ဘယ်ရီ ( ဘလစ် ) ကို . ဘရန့် ( jason statham ) က လှလှပပ ဇာတ်သိမ်းပြခဲ့ပုံများ . အထူးသဖြင့် ဘလစ်ဟာ သူ့ကိုဖမ်းဆီးဖူးခဲ့တဲ့ ရဲတွေကိုတစ်ယောက်ချင်းစီ ကလဲ့စားချေလိုက်လံသတ်ဖြတ်မှုတွေဟာ ဒီဇာတ်လမ်းရဲ့ အဓိက ကျောရိုးလည်းဖြစ်လို့နေပါတယ်။2011က ထွက်ရှိခဲ့ပြီး Transporter မင်းသားကြီး Jason ...
movie

Blitz ( 2011 )

2011
Sunny (2011) 7.7
Sunny (2011)  ဒါကတော့ကလေးဘဝကို ပြန်အမှတ်ရစေမယ့် ကိုရီးယားကားလေးပါအလယ်တန်းကျောင်းတုန်းက အုပ်စုဖွဲ့ပြီး မိုက်ခဲ့တဲ့ သူငယ်ချင်း ခုနှစ်ယောက်က သူတို့ထဲကတစ်ယောက် ကင်ဆာ ရောဂါနဲ့ သေခါနီးအချိန်မှပြန်ဆုံပြီး သူငယ်ချင်းတွေစုံအောင်ပြန်လိုက်စုရင်း ငယ်ဘဝဖြစ်စဉ်တွေကိုပြန်လည် တူးဖော်ကြတဲ့ Drama Comedy ဇာတ်လမ်းလေးပါ။ဒီဇာတ်လမ်းက ပေါ့ပေါ့ပါးပါးဆိုပေမယ့်နောက်ဆုံးမှာ ကြည့်ရင်းနဲ့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့နိုင်တဲ့ ဇာတ်ကားလေးမို့ ကိုရီးယားကားကြိုက်တဲ့သူဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ Drama ဇာတ်ကားလေးတစ်ခုမို့လို့ ညွှန်းပေးပါတယ်ဗျ။ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:04:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby
movie

Sunny (2011)

2011
From Up on Poppy Hill (2011) 7.4
From Up on Poppy Hill (2011) အဖေဖြစ်သူ စစ်ပွဲအတွင်းမှာဆုံးသွားပြီး အမေဖြစ်သူက အဝေးမှာရောက်နေတဲ့အတွက် Umiတို့မောင်နှမတွေကအဘွားအိမ်မှာ အတူနေရင်း Umi က “အစ်မကြီး အမိအရာ”ဆိုတဲ့စကားအတိုင်း ညီမငယ်လေးနဲ့ မောင်ငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရင်းရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီ‌လိုနဲ့ တစ်နေ့ ကျောင်းကန်တင်းမှာ Shun ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အမှတ်မတင် တွေ့ဆုံပြီးနောက် ရင်ခုန်တတ်လာပါတော့တယ်။Shun တို့သူငယ်ချင်းအဖွဲ့က ကျောင်းရဲ့အသင်းတိုက်အဆောက်အဦး ဖြိုချမခံရဖို့အရေး အစွမ်းကုန်ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။တစ်ရက် Umi ရဲ့ညီမလေးကိုအကြောင်းပြုပြီး Shun နဲ့ Umi တို့ ခင်မင်သွားကြပါတော့တယ်။ဒီလိုနဲ့ Shunတို့ရဲ့ အသင်းတိုက်အဆောက်အဦးကြီး ဖြိုချမခံရဖို့အတွက် Umi ကူညီပေးတာတွေ...Shun နဲ့နှစ်ယောက်ကြားက ပြဿနာတွေကို ရင့်ကျက်စွာ ဖြေရှင်းပုံတွေကို လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါစို့ File Size : 1.3 GB, 637 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : ...
movie

From Up on Poppy Hill (2011)

2011
Buddha: The Great Departure (2011) 6.2
Buddha: The Great Departure (2011) IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့်ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ်ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီးစိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့်ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ်ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ်ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသောကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည် File Size :  2.1 GB, 981 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode by : Thit San Khant
movie

Buddha: The Great Departure (2011)

2011
A Monster in Paris (2011) 6.7
A Monster in Paris (2011) ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီးIMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်‌‌ယောက်ကအိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက်စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီးအိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crushပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီးအဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူအဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့ကကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကိုသီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File ...
movie

A Monster in Paris (2011)

2011
The Caller (2011) 6.0
The Caller (2011)  The Caller (2011)IMDb Rating (6.0) / Rotten Tomatoes (29%) မေရီဟာ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်နဲ့တရားရင်ဆိုင်ကွာရှင်းပြီးကာစ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ဖြစ်ပြီး။ကိစ္စတွေ ရှင်းပြီးပြီးချင်း တိုက်ခန်းတွဲဟောင်းကြီးတစ်ခုမှာ ရရာအခန်းတစ်ခန်းကိုငှားနေခဲ့ပါတယ်။အဲ့ဒီအခန်းကိုရောက်ပြီး မကြာမှီမှာပဲ အမည်မသိထူးဆန်းတဲ့ မိန်းမတစ်ယောက်ဆီက ဖုန်းခေါ်ဆိုမှုတွေကို သူ စပြီး လက်ခံရရှိလာပါတော့တယ်။အဲ့ဒီအမျိုးသမီးဟာ ''ဘော်ဘီရှိလား ဘော်ဘီနဲ့စကားပြောချင်လို့'' ဆိုတဲ့ မေးခွန်းကိုတွင်တွင်မေးပြီး မေရီက ဒီတိုက်ခန်းကို သူအခုမှပြောင်းလာတာဖြစ်ပြီး ဘော်ဘီဆိုတာကိုမသိသလို ဘော်ဘီဆိုတာလည်းမရှိကြောင်းပြောပေမယ့်လက်မခံပါဘူး။တစ်ခါတစ်လေဆိုရင် ဘော်ဘီကို မနေ့ညကတောင် ပြူတင်းပေါက်မှာ ရပ်နေတာတွေ့လိုက်သေးတယ်ဆိုတာမျိုးလည်းပြောတတ်ပါသေးတယ်။မေရီက မယုံသင်္ကာပြန်မေးစမ်းတဲ့အခါမှာလည်း သူနေတဲ့လိပ်စာ အခန်းအစရှိတာတွေမှန်သမျှ ကွက်တိမှန်နေတတ်ပါသေးတယ်။တစ်နေ့တော့ စကားစပ်မိရင်း စပ်မိရင်း သိလိုက်ရတာက အဲ့ဒီအမျိုးသမီးဟာ အသက် ၄၀ အရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က သူနေတဲ့တိုက်ခန်းမှာနေသွားခဲ့ဖူးတယ်ဆိုတာပါပဲ။သူ့အနီးဝန်းကျင်မှာစုံစမ်းခဲ့မိတော့ အဲ့ဒီအမျိုးသမီးရဲ့နာမည်အပြည့်အစုံနဲ့ဇာတ်ကြောင်းကိုပါသိခွင့်ရခဲ့ပြီး ဒီတိုက်ခန်းထဲမှာပဲဖုန်းကြိုးနဲ့ဆွဲကြိုးချပြီးသတ်သေသွားခဲ့တာကိုပါ ထိတ်လန့်ဖွယ်သိရှိခဲ့ရပါတော့တယ်။သူနဲ့နေ့တိုင်းဖုန်းပြောတတ်တဲ့ မိန်းမဟာ သူနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်း ၁၉၇၀ ကျော်ကာလမှာ သက်ရှိထင်ရှားရှိနေဆဲလား?ဒါမှမဟုတ် တစ်ချိန်က ဒီတိုက်ခန်းထဲမှာပဲ ...
movie

The Caller (2011)

2011
Singham (2011) 6.8
Singham (2011) ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီး ဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ်ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်က သူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့ အဲဒီရဲကို လာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ်ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့ လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့် နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်...ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားက ဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့ဘာသာပြန်ကတော့ May Thu ဖြစ်ပြီးအညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ် File size… 4.2 GB / 1.8 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by May Thu
movie

Singham (2011)

2011
Hellraiser: Revelations (2011)
Hellraiser: Revelations (2011) Hellraiser: Revelations (2011)Hellraiser Revelations ကတော့ မိသားစုကြောင့် စိတ်ဒုက္ခရောက်နေတဲ့လူငယ်လေးနှစ်ယောက် စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း ဒီဘဝအလွန်က သာယာမှုကို ရှာဖွေဖို့ အခွင့်အရေးကြုံလာပါတယ်။သေတ္တာကို ဖွင့်လိုက်တော့ Cenobite တွေ ရောက်လာတယ် ခေါ်သွားတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ခေါ်လိုက်တာဖြစ်ပေမဲ့ နှစ်ယောက်လုံးက မိသားစုဆီ ပြန်ရောက်မလာကြလို့ မိသားစုနှစ်ခုလုံး စိတ်ဒုက္ခရောက်နေကြရပါတယ်။သူတို့ပျောက်သွားတဲ့အချိန်မှာ ဗီဒီယို ရိုက်ထားတာရှိတော့ အဲဒီဗီဒီယိုကနေ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်တာကို သိကြပေမဲ့ ဘာကြောင့်ရယ်ဆိုတာကိုတော့ အဖြေမထုတ်နိုင်ကြပါဘူး။သူတို့မိသားစုနှစ်စု ညစာစားနေတဲ့အချိန် ပျောက်သွားတဲ့ ကောင်လေးထဲက တစ်ယောက် ပြန်ရောက်လာတဲ့အချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 785MB Quality - 1080p, 720p Format - mp4 Duration - 1H 15Min Genre - Horror Subtitle - Myanmar Subtitle ...
movie

Hellraiser: Revelations (2011)

2011
Crazy, Stupid, Love. (2011) 7.4
Crazy, Stupid, Love. (2011) Crazy, Stupid, Love. (2011)IMDb Rating (7.4) / Rotten Tomatoes (79 %)Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိ အောင်မြင်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ... ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်.. ပြီးတော့.. ...
movie

Crazy, Stupid, Love. (2011)

2011
4K HEVC
Diary of a Wimpy Kid: Rodrick Rules (2011) 6.6
Diary of a Wimpy Kid: Rodrick Rules (2011) Diary of a Wimpy Kid: Rodrick Rules (2011)~ IMDb - 6.6/10, Rotten Tomatoes - 48% ~ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.7GB, ...
movie

Diary of a Wimpy Kid: Rodrick Rules (2011)

2011
The Hidden Face (2011) 7.4
The Hidden Face (2011) ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖာဘီယာဆိုတဲ့ မိန်းမလှလေးဟာ သူ့တို့ဆီမှာအရက်လာသောက်ရင်း အမူးလွန်ငိုကြွေးနေတဲ့သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။အချိန်တိုအတွင်းမှာ သံယောဇဉ်ကြီးမိရာကနေ သိလိုက်ရတာကအဲ့ဒီလူဟာ အေဒရီယန်ဆိုတဲ့ ဂီတမှူးတစ်ယောက်။သူ့ အတူနေရည်းစားက သူ့နဲ့ ရှေ့မဆက်နိုင်တော့ပါဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားရာကနေပျောက်နေတယ်။ရဲတွေကပါ လိုက်ပြီး အမှုဖွင့်စုံစမ်းကြရာကနေ ရက်ကြာလာတော့ အေဒရီယန်ကိုပါ သံသယတရားခံအဖြစ် သတ်မှတ်ထားကြတဲ့ အခြေအနေ။ဖာဘီယာဟာ အေဒရီယန်တို့ အိမ်မှာလိုက်နေဖြစ်တယ်။သူ တစ်ယောက်တည်းရှိချိန်ဆိုရင် အိမ်ထဲက ထူးခြားတဲ့အသံတွေကြားရတယ်။လျှပ်စစ်မီးတွေ ပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ..။အေဒရီယန်ရဲ့ရည်းစားဟာ တကယ်ပဲ သူ့ဟာသူ အိမ်က ထွက်သွားတာလား?ဒီပျောက်ဆုံးမှုမှာ အေဒရီယန်ကိုယ်တိုင်ရော ရိုးသားရဲ့လား?သူတစ်ယောက်တည်းရှိချိန်တွေမှာ ကြားနေရတဲ့အသံတွေ ထူးခြားဖြစ်စဉ်တွေရဲ့ တရားခံက ဘယ်သူလဲ?အစကနေ အဆုံးထိ သိချင်စိတ်နဲ့ ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ဥရောပကားတွေထုံးစံလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။  File Size :  1.5 GB, 596 MB Quality : Blu-Ray 1080p / 720p Running Time : 1hr ...
movie

The Hidden Face (2011)

2011