Channel Myanmar

Crime

Ace (2025) 7.4
Ace (2025) Ace (2025) "နှလုံးလှလူမိုက် ဘို့ကန်နန်"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် နာမည်ကျော်တမီလ်မင်းသားကြီး ဗီဂျေးစည်သူပတီနဲ့ယိုဂီဘာဘူတို့ ပါ၀င်သရုပ်‌ဆောင်ထားတဲ့ ရုပ်ရှင်သစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်က မှုခင်းဇာတ်လမ်းပေမဲ့ အချစ်နဲ့ဟာသပါရောနှောတင်ဆက်ထားတာ ဖြစ်ပါတယ်။ကန်နန်ဟာပြစ်မှုကျူးလွန်ပြီး ထောင်ကျခဲ့ပေမဲ့ တကယ်တမ်းကတော့ စိတ်ထားကောင်းပြီး ကူညီပေးတတ်သူပါ။ အဲဒီစိတ်ကပဲ သူ့ကိုပြစ်မှုကျူးလွန်မိအောင်လုပ်သလို ဖြစ်နေခဲ့တာလို့ ဆိုရမလိုပါပဲ။သူထောင်ကထွက်လာချိန်မှာ‌တော့ ဘ၀သစ်စပြီး ပြဿနာတွေနဲ့ဝေးအောင်နေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာကတော့ သူ့ကို အဲဒီအတိုင်းနေခွင့်မပေးခဲ့ဘဲ ပြဿနာတွေထဲ၀င်ပါမိ‌စေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနေတဲ့နေရာသစ်မှာ ရူကူဆိုတဲ့ မိန်းမချောလေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ စစချင်းမှာ မတည့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိန်းကလေးရဲ့သနားစရာဘ၀ပြဿနာအကြောင်း သိလိုက်ရတဲ့အခါ.... အဲဒီအပြင် မတရားမှုတွေ မကောင်းတဲ့လူတွေနဲ့ ဆုံလာရတဲ့အခါ...ဘ၀အသစ်ပြန်စဖို့ ဆုံးဖြတ်ထားတဲ့ ကန်နန်တစ်ယောက် အရင်လိုဘ၀ထဲပြန်ရောက်ပြီး ပြဿနာတွေထဲ ၀င်ပါရဖို့ ဖြစ်လာပါတော့တယ်။အဲဒီလိုပြဿနာတွေကြားထဲမှာ ကန်နန် ဘာတွေကြုံရဦးမလဲ အရင်လိုထောင်ထဲပြန်၀င်ရဦးမလားဆိုတာကို အချစ်နဲ့ဟာသလေးပါနှောပြီး စိတ်၀င်တစားဆက်လက်ကြည့်ရှုကြရမှာပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.87 GB / 1.45 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Ace (2025)

Mokshapatam (2025) 5.7
Mokshapatam (2025) Mokshapatam (2025)"အိတ်တစ်လုံးဇာတ်လမ်း"မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါသူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ်ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ်တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 14min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mokshapatam (2025)

Foremost by Night (2024)
Foremost by Night (2024) ဒီဇာတ်လမ်းလေးကတော့ Crime/ Drama အမျိုးအစားဖြစ်ပြီး စပိန်နိုင်ငံအတွင်း Francisco Franco အာဏာရစဥ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုတွေကိုအခြေခံထားပြီး အဲဒီကာလမှာသားကောင်ဖြစ်ခဲ့ရတဲ့သူတွေဖြစ်တဲ့ Vera, Egoz နဲ့ Cora ဆိုတဲ့ လူသုံးယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ခိုးယူခံလိုက်ရတဲ့မိမိရဲ့ရင်သွေးကိုရှာဖို့အတွက် နည်းမျိုးစုံကြံစည်ရင်း ရှာဖွေနေတဲ့ Vera ဟာ ခိုးယူမှောင်ခိုကူးခံလိုက်ရတဲ့သားတစ်ဖြစ်လည်း ကလေးမရနိုင်တော့လို့ ကလေးမွေးစားဖြစ်ခဲ့တဲ့ Cora ဆိုသူအမျိုးသမီးရဲ့ မွေးစားသားအဖြစ် Egoz တို့ဟာ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ တွေ့ဆုံကြရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အခုလိုတွေ့ဆုံဖြစ်ကြရင်း Vera က သူရဲ့နောက်ထပ်ဆန္ဒတစ်ခုဖြစ်တဲ့ မှောင်ခိုသမားတွေကို လက်စားချေဖို့ကြိုးစားရမှာပါ။ဒီလိုနဲ့ Vera ရဲ့အကြံအစည်တွေဟာ အောင်မြင်သွားမလား သူတို့သုံးယောက်ကရော ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကြည့်ရှုရင်း စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုရဲ့ နောက်ကွယ်က ဆိုးရွားတဲ့အကြောင်းအရာတချို့ကို တစေ့တစောင်းသိရှိနိုင်မယ့် စပိန်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Mystery, Crime  Subtitle….Myanmar ...
movie

Foremost by Night (2024)

Neighborhood Watch (2025)
Neighborhood Watch (2025) IMDb - 6.1/10 R-ratedNeighbourhood Watch ဆိုတာ ရပ်ကွက်အတွင်းက ပြည်သူတွေ စုစည်းပြီး ရာဇဝတ်မှုနဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်တွေကတော့: * ရပ်ကွက်တွင်း လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ အသိပညာပေးခြင်း။ * ရပ်ကွက်ကို လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း။ * ရာဇဝတ်မှုနဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သတင်းပို့ခြင်း။ * ရပ်ကွက်အတွင်းမှာ အချင်းချင်းသိကျွမ်းပြီး ကူညီပံ့ပိုးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်း။ * ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်အခု ဇာတ်လမ်းမှာတော့ စိတ္တဇရောဂါသည် ဆိုင်မန် (Jack Quaid) ဟာ မိန်းကလေးတစ်‌ယောက်ကို ပြန်ပေးဆွဲသွားတာ မြင်လိုက်ပြီး ရဲသွားတိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်တောင် မရှိတာတွေ အရှိထင်၊ မြင်၊ ကြားနေတဲ့အတွက် ရဲကလည်း သူ့ကို ...
movie

Neighborhood Watch (2025)

Séance Games: Metaxu (2024)
Séance Games: Metaxu (2024) ဆိုရှယ်မီဒီယာကနာမည်ကျော်ဆယ်လီလေးယောက်ဖြစ်တဲ့ မော်ဂန်, ကာထရီနာ, တွမ်မီနဲ့ စတီဗန်တို့သူငယ်ချင်းလေးယောက်ဟာ Metaxu ဆိုတဲ့ ဝိဥာဥ်များနဲ့ဆက်သွယ်ခြင်းကစားပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပြီး ဆုကြေးငွေ ဒေါ်လာ 1.2 သန်းကိုရရှိဖို့စိတ်အားထက်သန်နေပါတယ်အဲ့ဒါကြောင့် သရဲခြောက်ပြီးကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးတဲ့ဟော်တယ်အဟောင်းကြီးတစ်ခုမှာ နှစ်ညအိပ်သွားရောက်နေထိုင်ပြီး ဝိဥာဥ်တွေခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လုပ်ပါတယ တကယ်လည်း အဲ့ဟော်တယ်ကြီးကကျောချမ်းဖွယ်ဖြစ်ပြီး သူတို့လေးယောက်ဝိဥာဥ်ဆင့်ခေါ်ရာကနေ ငရဲတံခါးကိုဖွင့်မိလိုက်တဲ့အခါ.....ဒီဇာတ်ကားဟာ IMDB rating 3.3/10 ပဲရှိတာကြောင့် အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ အပျင်းပြေကြည့်ရှုနိုင်မှာပါFile size…(1.2 GB)/(717 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane
movie

Séance Games: Metaxu (2024)

MMA Cop (2025) 4.4
MMA Cop (2025)  MMA Cop (2025)သတင်းထောက်မချောချောလေးတစ်ယောက်က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေ၊ မိန်းကလေးတွေကို လိင်လုပ်သားအဖြစ် ကုန်ကူးတဲ့သူတွေနဲ့ကလေးလေးတွေကိုရောင်းဝယ်ဖောက်ကားတဲ့ ယူကေနိုင်ငံရဲ့ ထိပ်တန်းလူတွေအကြောင်းကိုလိုက်စုံစမ်းနေတာပါ။အဲ့လိုနဲ့ သတင်းထောက်မလေးကို အကောင်ကြီးကြီးတွေက လူတွေလွှတ်ပြီးလုပ်ကြံခိုင်းပါတော့တယ်။သတင်းထောက်မလေးက ခပ်ကြမ်းကြမ်းတမ်းတမ်းစုံထောက်တစ်ယောက်နဲ့ တွေ့သွားပြီးတော့ ဘယ်လိုမျိုး ဖော်ထုတ်သွားမလဲဆိုတာကို ရိုက်ပြသွားတာပါ။ *ဇာတ်ကား‌ထဲက အသုံးအနှုန်းတွေနဲ့ 18+ အခန်းတွေလဲပါတာကြောင့် သတိထားကြည့်ရှုသင့်ပါတယ်။* (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.2 GB) / (630 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Thriller Duration…. 01:32:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat
movie

MMA Cop (2025)

2025
Irish Ashes (2025) 5.5
Irish Ashes (2025) ဇာတ်လမ်းအကျဉ်းကတော့ ..နိုင်ငံရပ်ခြားရောက်နေတဲ့ထရစ်စတန်ဟာသူ့အမေဆုံးသွားတဲ့အတွက်မွေးရပ်မြို့ကိုပြန်လာပြီး အသုဘကိစ္စအဝဝကိုဆောင်ရွက်ရင်းနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကယ်လီတို့ဆီသတင်းမေးရင်းအလည်သွားခဲ့တယ်။ငယ်ငယ်တုန်းကကယ်လီနဲ့ဇာတ်လမ်းတွေရှိခဲ့တယ်ဆိုပေမယ့်အခုကတော့ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ။အသုဘမှာကယ်လီရဲ့အဖေမလာဖြစ်တာကိုမေးရင်းနဲ့ နိုင်ငံခြားမပြန်ခင်ညီမဖြစ်သူကေတီကိုတွေ့ချင်တဲ့အတွက်ကြောင့်ကယ်လီရဲ့အဖေကိုမေးကြည့်တယ်။ကေတီနာမည်ကိုကြားလိုက်တာနဲ့ ရုပ်ပျက်ဆင်းပျက်သွားတဲ့အတွက် ပထွေးဖြစ်သူဘရန်ဒန်ကိုပဲမေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ကယ်လီအဖေကလည်း ပထွေးနဲ့ခပ်ကင်းကင်းနေဖို့နဲ့ ဒီမှာဆက်မနေဖို့ကိုပဲတိုက်တွန်းနေတယ်။ဘရန်ဒန်ကိုမေးတော့လည်း ကေတီကထွက်သွားတာလချီနေပြီးအဆက်အသွယ်မရဘူးပဲပြောလွတ်လိုက်လို့စိတ်ပျက်နေတုန်းမှာကယ်လီကလာတွေ့ပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်။ကေတီကကိုယ်ကိုယ်ကိုသတ်သေသွားကြောင်းနဲ့ ပထွေးဖြစ်သူရဲ့လက်ချက်မကင်းဆိုတာသိလိုက်တဲ့အခါမှာ....File Size… (953 MB) / ( 478 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 19m Genre …..Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie

Irish Ashes (2025)

Straw Dogs (1971) 7.4
Straw Dogs (1971)  Straw Dogs(1971)ကို ကြည့်ပြီး နည်းနည်းတော့မှောင်သွားတယ်။Rating ကို တစ်ချက်ရှိး ******Rating (4.5/5)လူတွေရဲ့ ရုပ်ရင်းကြမ်းတမ်းမှုတွေ အကြမ်းဖက်မှုတွေဟာလောကကြီးမှာ ဒီလိုပဲ ရှိနေတတ်တယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားလေးကောင်းတစ်ခုပါ။ ကျွန်မတို့ရော အကြမ်းဖက်မှုနဲ့ ကြုံလာခဲ့ရင်အေမီလိုပျော့ညံ့သွားမလားDavid Sumner (Dustin Hoffman) နဲ့ သူ့ဇနီး Amy တို့ဟာ ဆူညံပြီး အလုပ်များလှတဲ့ မြိုပြဘဝကနေ ထွက်ပြေးပြီး ကျေးလက်မှာ အေးချမ်းစွာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်အသစ်လေးဟာ ရက်စက်တဲ့ ဒေသခံများရဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ နဂိုကတည်းမှာ ပျော့ညံ့တတ်တဲ့ David အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူတွေလက်ကနေ သူ့မိန်းကို ကာကွယ်နိုင်မှာလားဆိုတာကတော့....... File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Crime, Drama, Thriller Subtitle….Myanmar ...
movie

Straw Dogs (1971)

Combustion (2013) 5.6
Combustion (2013) မီခဲလ်ဟာ နာမည်ကျော်ရတနာတိုက်ပိုင်ရှင် ဂျူလီယာဆိုတဲ့ကောင်မလေးနဲ့စေ့စပ်တော့မယ့် လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သူတို့ရဲ့စေ့စပ်ပါတီပွဲမှာပဲ အစားအသောက်တည်ခင်းတဲ့ ဝန်ထမ်းကောင်မလေး အာရီကိုမတော်တဆတွေ့ဆုံပြီး ချစ်ကျွမ်းဝင်သွားခဲ့မိပါတယ်။သိရခက်တဲ့၊ ပဟေဠိဆန်တဲ့ မိန်းမလှလေးအာရီရဲ့ဖြားယောင်းမှုတွေနောက်မှာ မီခဲလ်တစ်ယောက် ကောက်ကောက်ပါပြီး ရတနာတိုက်ပိုင်ရှင် ဇနီးလောင်းကိုပါစွန့်ပစ်လိုက်မိတဲ့အထိပါပဲ။အဲ့ဒီကနေ အာရီရဲ့ဆွဲဆောင်မှုနဲ့အတူ သူတို့ရဲ့လောကဖြစ်တဲ့ တရားမဝင်ကားပြိုင်ပွဲတွေ၊ အချင်းချင်းတစ်ပတ်ရိုက်ဖျံကျမှုတွေ၊ လျှို့ဝှက်အကြံအစည်တွေနဲ့အတူ သပွတ်အူလောကထဲကို မီခဲလ်နစ်ဝင်သွားမိပါတော့တယ်။စပိန် Thriller တို့ထုံးစံ အကွေ့အကောက်၊အလှည့်အပတ်တွေပေါင်းစုံကိုမှ ပြိုင်ကားလှလှတွေ၊ မိန်းမချောလေးတွေနဲ့ရောသမမွှေထားတဲ့ ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။ File size…(1.8 GB )/ (970 MB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Combustion (2013)

Do the Mæth (2025) Na plech 6.6
Do the Mæth (2025) Na plech  Do the Mæth (2025)IMDb Rating (6.6) ယခုပြင်သစ် ရုပ်ရှင်ဇာတ်ကားလေးကတော့ လုပ်သားပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ လူ့အဖွဲ့အစည်းတွေကြားက မတူညီတဲ့ ဆက်ဆံရေးတွေကို မီးမောင်းထိုးဖော်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရေရေရာရာ အလုပ်တစ်ခု ရဖို့ကြိုးစားနေတဲ့ မာရက်က တစ်ရက်မှာတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ်။ကုမ္ပဏီက မာရက်ကို ဘိုဟီးမီးမြောက်ပိုင်းဘက်မှာ တာဝန်ထမ်းဆောင်ဖို့စေလွှတ်ပါတယ်။သူမသိလိုက်တာတော့ အဲဒီနေရာက ဆေးသမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ပြည့်နက်နေတဲ့ နေရာဖြစ်လို့ ဘယ်သူမှကြာကြာ အလုပ်မလုပ်နိုင်တဲ့နေရာ ဖြစ်နေပါတယ်။အလုပ်မှာလဲ ထင်ထားတာနဲ့တခြား အကုန်တစ်လွဲတွေဖြစ်နေပြီး ကုမ္ပဏီကပေးထားတဲ့တိုက်ခန်းဆိုတာကလည်း ဆေးသမားတွေပျော်စံရာ ဗိမာန်ကြီးတစ်ခု ဖြစ်နေပါတယ်။ဒီလိုနဲ့ မာရက်တစ်ယောက် ကုမ္ပဏီကဖိအားတွေနဲ့ ဆေးသမားတွေအပြည့်နဲ့ နေရတဲ့တိုက်ခန်းမှာ ဘယ်လိုသမာဓိအားကောင်းကောင်းနဲ့ အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းနေနိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဟာသခန်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ။အဖော်အချွတ်ခန်းများစွာ ပါဝင်ပြီး ကြမ်းတမ်းသော စကားလုံးများပါဝင်မှုတို့ကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်တော့ မသင့်လျော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Brian ဖြစ်ပါတယ်။)File size…(2.8 GB) / (1.1 GB) Quality….WEB-DL 1080p ...
movie

Do the Mæth (2025) Na plech

2025
A Stolen Life (2025) 6.1
A Stolen Life (2025) 2002 ခုနှစ် ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့မှာ ကွင်းဆက်လူသတ်မှုဖြစ်ခဲ့ပါတယ်။ လောင်းကစားသမား စွန်းရှင်းဝမ့် အသတ်ခံရပြီ တုန်းဟူဈေးထိန်းသိမ်းရေးဌာန ယာယီဌာနမှူး ကျူးကျစ်ဟုန်နဲ့ သူ့သွေးသောက်ညီလေး ကျိုးလျန့်တို့ အသတ်ခံခဲ့ရပါတယ်။ အမှု ၃ ခုလုံး လူသတ်ပုံ အတူတူ ဖြစ်နေပါတယ်။သံသယသက်သေအားလုံးက ကျူးကျစ်ဟုန်နဲ့ ကျိုးလျန့်တို့ရဲ့ သွေးသောက်အစ်ကိုကြီး ကျန်းစစ်မင်ကိုပဲ ရည်ညွှန်းနေပါတယ်။ ရဲတပ်ဖွဲ့က ကျန်းစစ်မင်ကို ဖမ်းဆီးတဲ့အချိန်မှာ ကျန်းစစ်မင်ကို လူသတ်သမားက လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ အရေးပေါ်ချိန်မှာ ရဲတပ်ဖွဲ့က တရားခံအစစ်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီအမှုကို ဒီမှာပဲ ပြီးလို့ရပြီလို့ ထင်ထားပေမဲ့ အကျိုးအကြောင်းတွေက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ကျန်းစစ်မင်နဲ့ ဇနီးဖြစ်သူ ဝူယန့်တို့ရဲ့ ကံကြမ္မာမုန်တိုင်းက စတင်တိုက်ခတ်နေပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ တိုက်ဆိုင်မှုတွေနဲ့ လှည့်ကွက်တွေကို ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် မှုခင်း အိမ်ထောင်ရေး မိသားစုရေး စတဲ့ ရသစုံကို ခံစားရမဲ့ ရုပ်ရှင်ကောင်းလေးဖြစ်လို့ ကြည့်သင့်ပါတယ်။ Filesize : 1.33 GB / 784 MB Quality : WEB-DL 1080p HEVC , 720p ...
movie

A Stolen Life (2025)

Inside Man: Most Wanted (2019) 5.8
Inside Man: Most Wanted (2019)  ဘရန်စတူးဝဒ် က FBI မှာ အလုပ်လုပ်နေတဲ့ ဓားစာခံညှိနှိုင်းရေးအရာရှိဖြစ်ပြီး ဓားစာခံညှိနှိုင်းရေးနဲ့ပတ်သတ်တဲ့ အတန်းတွေကိုလည်း ပို့ချနေသူပါ။ရမ်မီ ကတော့ နယူးယောက်ရဲတပ်ဖွဲ့မှာလုပ်ကိုင်နေတဲ့ ဓားစာခံညှိနှိုင်းရေးမှူးဖြစ်ပြီး ဓားစာခံခေါ်ထားတဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ ညှိနှိုင်းရာမှာ ကျွမ်းကျင်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ အမေရိကရဲ့ ဗဟိုဘဏ်ကြီးကို ဓားပြတစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အထဲမှာ ဓားစာခံတွေကိုပါ ထိန်းသိမ်းထားလိုက်ပါတော့တယ်။နိုင်ငံနဲ့ဆိုင်တဲ့ အမှုဖြစ်သွားလို့ နယူးယောက်ရဲတပ်ဖွဲ့နဲ့တင်မပြီးတော့ဘဲ FBI က အေးဂျင့် စတူးဝဒ် တို့ပါ ရောက်လာရပါတယ်။ဒီဘဏ်ဓားပြတွေကရော ဘယ်သူတွေလဲ၊ သူတို့ရည်ရွယ်ချက်က ဘာလဲ၊ ဘာကြောင့် ဗဟိုဘဏ်ကိုမှ ဓားပြတိုက်ရသလဲ။အေးဂျင့်စတူးဝဒ် နဲ့ စုံထောက် ဘရန်တို့ရော ဓားစာခံတွေကို အန္တရာယ်မဖြစ်စေဖို့ ဓားပြတွေနဲ့ ညှိနှိုင်းနိုင်ပါ့မလား။ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size… (1.74 GB) / ( 1.00 GB) Quality… WEB-DL 1080p HEVC /720p Format…mkv ...
movie

Inside Man: Most Wanted (2019)

Angry Rescue (2025) 6
Angry Rescue (2025) အမည်မသိ သတ္တဝါတစ်ကောင်က သယ်လာတဲ့ အကျိုးကျေးဇူးနဲ့အတူ လူ့အသက်အန္တရာယ်အကြောင်းကို အခြေခံရိုက်ကူးပုံဖော် ထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးမှာ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ လူတွေက အိုမင်းမှုကိုနှောင့်နှေးစေဖို့ ရှာရင်း... အမည်မသိသတ္တဝါကို ရှာတွေ့ခဲ့တာပေါ့... တစ်ချိန်တည်းမှာပါပဲ ဒီသတ္တဝါကလေ လူသားတွေကိုလည်း အသက်အိုးအိမ်ဖျက်စီးနိုင်တယ်တဲ့...တစ်ဖက်မှာလည်း လုံခြုံရေးအဖွဲ့က လုံရှောင်ဟူကတော့ ဒီအရေးကြောင့် ဇနီးသည်ကို ဆုံးရှုံးခဲ့တဲ့အပြင်... ဒီအမှုရဲ့ နောက်ကွယ်ကြိုးကိုင်သူအဖြစ်ပါ ဝရမ်းထုတ်ခံထားရပြန်တာမို့... သူ့ကို ယုံကြည်ပေးတဲ့ မိတ်ဆွေတွေရှိနေခဲ့တာကြောင့် အမှန်တရားကို ဖော်ထုတ်ဖို့ခက်ခဲခဲ့ပါတယ်...တစ်ဖက်မှာလည်း သူ့ညီအစ်ကိုရဲ့ ညီမလေးက ပြန်ပေးဆွဲခံထားရသေးတော့ သူတို့မှာ ကြံရာမရဖြစ်ပေမယ့်လည်း... ယုံကြည်ချက်တစ်ခုအတွက် ကြိုးစားခဲ့ကြတာပေါ့... ကဲ ရှောင်ဟူတစ်ယောက် နာမည်ကိုပြန်သန့်စင်နိုင်မှာလား... ပြန်ပေးသမားလက်ထဲက သူငယ်ချင်းညီမလေးကိုရောကယ်တင်နိုင်မှာလား... ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ဇာတ်ကားလေး ကြည့်လိုက်ပါတော့နော် Filesize : 1.38 GB / 766 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Crime Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Angry Rescue (2025)

The River of Fury (2025) 6
The River of Fury (2025) မိုးအေးအေးနဲ့ တွေးစရာတွေများတဲ့ရာသီဥတုမှာ ကြည့်လို့ အရမ်းလိုက်ဖက်မယ့်ဇာတ်ကားလေးCMမှတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၈ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ မိုးတွေရွာတဲ့အခါတိုင်း မိန်းကလေးတစ်ယောက် သတ်ခံရတဲ့သတင်းဆိုးတွေတက်လာခဲ့ပါတယ်။ နွေရာသီတစ်ခုထဲမှာတင် လူသတ်မှု(၅)မှုတိတိဖြစ်ခဲ့ပါတယ်။သဲလွန်စတွေမလုံလောက်တာကြောင့် ဒီကွင်းဆက် လူသတ်မှုဟာတရားခံမပေါ်ပဲဖြစ်နေခဲ့ပါတယ်။ နှစ်တွေတော်တော်ကြာတဲ့အချိန်မှ ဒီကွင်းဆက်လူသတ်မှုလိုမျိုးလုပ်နည်း လုပ်ဟန်တွေပြန်ပေါ်လာခဲ့ပါတယ်။တကယ်ပဲ ကွင်းဆက်လူသတ်သမားပြန်ပေါ်လာပြီးတော့ လူတွေထပ်သတ်ပြန်ပြီလား။ ရှုပ်ထွေးမှုတွေနဲ့သံသယပေါင်းများစွာတွေနဲ့ ဒီအမှုရဲ့နောက်ကွယ်က အမှန်တရားဟာဘယ်လိုဖြစ်နေမလဲဆိုတာကို မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ တင်ဆက်သွားမယ့် မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.07 GB / 629 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime, Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The River of Fury (2025)

Drug Bust Storm (2025) 5.9
Drug Bust Storm (2025) CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းရုပ်ရှင်တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ရှောင်းရော့လန်ဟာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ စစ်ဆင်ရေးတစ်ခုမှာ ရန်သူ့ထောင်ချောက်ထဲရောက်သွားပြီး အန္တရာယ်ကြားက ပြန်လာနိုင်ခဲ့ပေမဲ့ ဦးခေါင်းကို ထိမိပြီး အတိတ်မေ့သွားပါတယ်။လျိုယုံကလည်း မူးယစ်ဂိုဏ်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အတိတ်မေ့နေတဲ့ ရှောင်းရော့လန်ကို စိတ်ထဲမှာ သူနဲ့စိမ်းနေသလို ခံစားရပါတယ်။ တိတ်တဆိတ်စမ်းသပ်ပြီးနောက် အခုရှောင်းရော့လန်ဟာ မူးယစ်ဂိုဏ်းချုပ်ချိန်ချန်ရဲ့ မွေးစားညီမလေး ဖန်းဖန်းက ဟန်ဆောင်ထားမှန်း သိလိုက်ရပါတယ်။ရန်သူ့လက်က တပ်ဖွဲ့ထဲအထိကို ဝင်ရောက်လာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ...... ရှောင်းရော့လန်အစစ်ကရော ဘယ်မှာ ရှိနေသလဲ...... နောက်ဆုံး မူးယစ်ဂိုဏ်းကို အပြတ်ရှင်းလိုက်ဖို့ ရည်မှန်းချက်ကို အောင်မြင်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.87 GB / 943 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime  Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Drug Bust Storm (2025)

The Prophecy (1995) 6.4
The Prophecy (1995)  The Prophecy (1995)IMDb Rating (6.4) / Rotten Tomatoes (46%) အယ်လ်အေမြို့က စုံထောက် သောမတ်စ်ဒက်ဂတ် သူလက်ရှိကိုင်နေရတဲ့ အမှုကြောင့် ဒွိဟတွေ အကြီးအကျယ် ဝင်နေရတယ်။ခက်တာက ဒီဒွိဟဟာ အမှုထောက်လှမ်းရေးမှာတင် မကဘူး၊ သူ့ကိုးကွယ်ယုံကြည်မှုအပိုင်းနဲ့ပါ ပတ်သက်နေတာပဲ။ဒက်ဂတ်က ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် ခံယူဖို့ ကြိုးစားပေးမဲ့ မအောင်မြင်ခဲ့တဲ့နောက် ဘုရားသခင်အပေါ် သူ့သက်ဝင်ယုံကြည်မှုအပေါ် မေးခွန်းထုတ်လာတဲ့သူ။အဲဒီလိုလူအတွက် သူ့ရဲစခန်း-ရင်ခွဲခန်းထဲက အလောင်းကောင်ဟာ သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းစေတော့မယ့်အရာ ဖြစ်နေတယ်။အကြောင်းကတော့ ဒီအလောင်းဟာ ကောင်းကင်ဘုံက သက်ဆင်းလာတဲ့ နတ်တမန်တစ်ယောက်လို့ ယုံကြည်စရာ အကြောင်းအချက်တွေကို သူတို့မြင်လာရတာမို့ပဲ။ဒီလိုနဲ့ အမှုကို ဆက်ထောက်လှမ်းရင်း ဒီသေသူ့လက်စွဲ သမ္မာကျမ်းစာထဲက စာတစ်ပိုဒ်မှာ ဘုရားသခင်ရဲ့ သစ္စာတော်ခံတွေနဲ့ လူတွေကိုမလိုလားတဲ့ တခြားနတ်တမန်တွေကြား လူသားတွေကို အကြောင်းပြုပြီးဒုတိယမြောက် ကောင်းကင်ဘုံစစ်ကြီး ဖြစ်နေတယ်လို့ ဆိုထားတာနဲ့ ကိုက်ညီနေတဲ့ အဖြစ်တွေကို ဒက်ဂတ် လက်တွေ့မြင်လာရတဲ့နောက်လူသားတစ်ရပ်လုံးရဲ့ကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ...
movie

The Prophecy (1995)

1995
The Accountant² (2025) The Accountant 2 7.0
The Accountant² (2025) The Accountant 2  The Accountant² (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O'Connor ပါပဲ။ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ဇာတ်လမ်းအကျဉ်းရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. ...
movie

The Accountant² (2025) The Accountant 2

2025
4K HEVC
Drishyam 2 (2022) Hindi Version 8.2
Drishyam 2 (2022) Hindi Version Drishyam 2 (2022)IMDb Rating (8.2) / Rotten Tomatoes (70%)ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Drishyam (2015) ရဲ့အဆက်  Drishyam-2 လာပါပြီ။ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါဇာတ်လမ်းအညွှန်းကတော့Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူးလက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး။Drishyam ဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 )  ...
movie

Drishyam 2 (2022) Hindi Version

2022
4K HEVC
Drishyam (2015) Hindi Version 8.2
Drishyam (2015) Hindi Version Drishyam (2015) Hindi VersionIMDb Rating (8.2) / Rotten Tomatoes (78%)လေးတန်းအောင်ဇာတ်ကားလို့ ပြောတာနဲ့ မသိတဲ့လူမရှိတဲ့ အဂျေးရဲ့ Old but Gold ‌ဇာတ်ကားလေးကို အသစ်တစ်ဖန်မွမ်းမံပြီး ပြန်လည်တင်ဆက်ပေးထားပါတယ် အတန်းပညာတွေမသင်ယူခဲ့ရပေမဲ့ မိသားစုကို ပညာနဲ့မဟုတ်ဘဲ သင်ညာနဲ့ ကာကွယ်သွားပုံတွေက ထိုင်ရာကမထ ကြည့်ချင်စိတ်ပေါက်အောင် လုပ်ပေးနိုင်မှာ အမှန်ပါပဲ ရုံတင်ချိန်တုန်းကလည်း 197 ကုဋေထိရရှိခဲ့တဲ့ ဝက်ဝက်ကွဲပေါက်ကားလေးကို ပြန်လည်ခံစား ကြည့်ရှုလိုက်ပါဦးရှင်ဗီဂျေးဆိုတာက ဇာတ်ကားတွေကြည့်ရတာ အလွန်နှစ်သက်တဲ့လူပေါ့ ရပ်ကွက်ထဲက လူတစ်ယောက် အခက်အခဲရှိရင် သူ့ဆီပဲ အကူအညီသွားတောင်းကြပါတယ် ဗီဂျေးက ဇာတ်ကားတွေကြည့်ပြီး ဇာတ်ကားထဲကအတိုင်း ဖြေရှင်းချက်ပေးလိုက်ရင် အဆင်ပြေသွားတာက များပါတယ် ဒီလိုအဆင်ပြေပြေ ဖြတ်သန်းနေကြတဲ့ သူတို့မိသားစုဘဝထဲ ကံဆိုးမိုးမှောင်ကျရောက်လာတဲ့နေ့မှာတော့ ပုံမှန်နဲ့မတူ မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့တာပေါ့ ဒီမိုးကြောင့် အိမ်ပြန်မအိပ်ဖြစ်တဲ့ရက်ကျမှ အိမ်မှာကျန်နေခဲ့တဲ့မိသားစုက လူသတ်မှုကို ပူးပေါင်းကျူးလွန်မိပါတယ် သတ်လိုက်မိတဲ့လူကလည်း ကြမ်းပေ့ ...
movie

Drishyam (2015) Hindi Version

4K HEVC