Channel Myanmar

Supernatural

Mad Sad Bad (2014)
Mad Sad Bad (2014) Mad Sad Bad (2014) ******************Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့...ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ...သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း --------------"ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့...လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့...ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်""ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ...ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ...ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်""နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း...ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ ...တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်"ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ...အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်...ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ်File Size : 2.39GB / 852MB Quality : WEB-DL 1080p / 720p Duration : 1 hr. 57 min. Genre : ...
movie

Mad Sad Bad (2014)

Spellbound (2011) 7.0
Spellbound (2011) Spellbound (2011) ****************** ရိုမန့်စ်သက်သက် ဟာသသက်သက် သရဲကားသက်သက်တွေမဟုတ်ဘဲ သရဲကားကိုမှ ရိုမန့်စ်လည်းပါ ဟာသလေး‌လည်းနှောထားတဲ့ ဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေရှိပါသလား။ဒါဆိုရင်တော့ ဒီတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ထားတဲ့ spellbound ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေဖြစ်တဲ့ Lee Min Ki နဲ့ Son Ye Jin တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ********************* လမ်းဘေးမျက်လှည့်ဆရာဖြစ်တဲ့မာဂျိုဂူ(အီမင်ဂီ)တစ်ယောက် တစ်နေ့ လမ်းပေါ်မှာမျက်လှည့်ပြနေရင်း ဂန်ယောရီ(ဆုန်းယယ်ဂျင်)လို့ခေါ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။လူတွေနဲ့လည်းစကားမပြော ရောရောထွေးထွေးမနေဘဲ သီးသန့်ဆန်တဲ့ယောရီက ဂျိုဂူရဲ့ ကြောက်မက်ဖွယ်ရာမျက်လှည့်ရှိုး‌အတွက် စိတ်ကူးစိတ်သန်းတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပြီး နှစ်ယောက်သား မျက်လှည့်ရှိုးတွေကို အတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။အလုပ်အတူတွဲလုပ်တာကြာပေမဲ့လည်း အရင်လိုသီးသန့်ဆန်နေဆဲဖြစ်တာကြောင့် ဂျိုဂူတစ်ယောက် ယောရီနဲ့ရင်းနှီးရအောင် ကြိုးစားပါတော့တယ်။ဒါပေမဲ့ ယောရီမှာ သူမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ကြီးရှိနေတာကိုသိလိုက်ရတဲ့အခါ....အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်မလဲ....နှစ်ယောက်သားရဲ့ရိုမန့်စ်ကရော ဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ Spellbound ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ..(အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်)File size…1.57GB / 692MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Horror, Comedy, Romance, Supernatural Subtitle….Myanmar Subtitle (Hard ...
movie

Spellbound (2011)

2011
Handsome Guys (2024) 6.9
Handsome Guys (2024) Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်‌ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie

Handsome Guys (2024)

The Sin (2024)
The Sin (2024) The Sin (2024)**************ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ‌ Exhuma ထက်ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae,Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအညွှန်း-သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က ‌audition တစ်ခုမှာ အောင်သွားပြီးအကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက်ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ကျောင်းကို ‌‌ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီးစိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲမတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့....အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေလူဆိုးဂိုဏ်းတွေ ...
movie

The Sin (2024)

Love You My Arrogance (2020) 7.5
Love You My Arrogance (2020) ကျေးရွာတွေဆီ ခရီးထွက် video တွေရိုက်ပြီး Youtube Channel ပေါ်တင်ရင်း နာမည်ရလာတဲ့ အိုက်ဆန် တစ်ယောက် Fanတွေ အများရှိပေမယ့် ဘယ် Fan နဲ့မှ အရောတဝင်မနေ မာနကြီးသလိုလုပ်နေတာကြောင့် လူမုန်းများလာခဲ့ပါတယ်သူဘယ်သူနဲ့မှ အရောတဝင်မလုပ်ရတာကတော့ သူ့မှာ ထူးခြားတဲ့အစွမ်းရှိနေလို့ပါ အဲ့ဒါကတော့ သူများတွေ စိတ်ထဲကတွေးနေတာကို ကြားနေရတာပါပဲ Fan တွေကြားထဲရောက်သွားရင် လူတွေအများကြီးရဲ့အတွေးတွေကို ကြားနေရပြီး ခေါင်းအရမ်းမူးတာကြောင့် အရောတဝင်မနေဖြစ်တော့တာပေါ့ဒီလိုနဲ့ တနေ့ သူခရီးထွက်လာတဲ့ လမ်းမှာ အန်နာဆိုတဲ့ ကောင်မလေးနဲ့ တွေခဲ့တယ် တစ်ခြားသူတွေ အတွေးကို အကုန်ကြားနေရတဲ့သူ အန်နာရဲ့အတွေးကိုတော့ ဘယ်လိုပဲကြိုးစားနားထောင်နားထောင် သူမကြားရပါဘူး အန်နာဆိုတာလည်း တက်သစ်စ စာရေးဆရာမတစ်ယောက် ကုန်ကြမ်းတွေစုဖို့အတွက် နယ်လှည့်ပြီး လူတွေအကြောင်း လေ့လာနေသူတစ်ယောက်ပေါ့ အဲ့အချိန်မှာ အိုက်ဆန်နဲ့တွေ့ပြီး ကုန်ကြမ်းရပြီဆိုပြီး အနောက်က တကောက်ကောက် လိုက်ကပ်နေတဲ့နောက်...သူတို့ရဲ့ ထူးဆန်းလှတဲ့ တွေ့ဆုံမှု့ကနေ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှူ့ခံစားလိုက်ပါ ...
movie

Love You My Arrogance (2020)

2020