Channel Myanmar

BL

Love Syndrome: The Beginning (2024) 5.7
Love Syndrome: The Beginning (2024) Love Syndrom : The Beginning (2024)၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love Syndrome 3 စီးရီးရဲ့prequelလေးဖြစ်တဲ့ Love Syndrome: The Beginning movieထွက်ရှိလို့လာပါပြီ။အချစ်ကြမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ သင်္ဘောမမတို့အကြိုက် Day-Itt coupleလေးကို တစ်ဖန်ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ အချစ်ကြမ်း အနမ်းလည်းကြမ်း ကြမ်းစရာရှိတာအကုန်ကြမ်းတဲ့ ဒီကားလေးမှာ BDSMလေးတွေလည်း ဝေဝေဆာဆာပါဝင်တာမလို့ ၁၈ ယောက်စုပြီးမှပဲ သိုက်သိုက်ဝန်းဝန်းလေး ကြည့်ရှုခံစားပေးကြပါဦး။လွန်ခဲ့တဲ့ ၆ လက ‌လူချမ်းသာသားသမီးပီပီ အလိုလိုက်ခံထားရပြီး ပျက်စီးနေတဲ့ အစ်တို့သူငယ်ချင်းတစ်သိုက် မလုပ်သင့်တဲ့ အလောင်းအစားတစ်ခုကို လုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ နိုက်ဆိုတဲ့မနူးမနပ်ကောင်လေးကို လှည့်ဖြားပြီးတော့ အစ်ရဲ့သူငယ်ချင်းဂီယာက နိုက်ကို အညွန့်ချိုးမုဒိမ်းကျင့်လိုက်တာပါပဲ။လုပ်ချင်ရာလုပ်ပြီး ဘားမှာသောက်စားပျော်ပါးနေတဲ့ အစ်တစ်ယောက် သူ့ကားကို ဝင်တိုက်မိတဲ့သူနောက် အလျော်တောင်းဖို့လိုက်သွားမိပြီးခါမှ ကျားဂူထဲအောင်းမိမှန်း သိလိုက်ရပါတယ်။သူ့ကားကိုဝင်တိုက်တဲ့သူက နိုက်ရဲ့အစ်ကိုဒေးဖြစ်ပြီးတော့ အစ်တို့ကို လက်စားချေချင်လို့ ကားကိုတမင်ဝင်တိုက်ပြီး အကွက်ဆင်ထားတာမှန်း အသိနောက်ကျသွားတဲ့အစ်တစ်ယောက် နိုက်လိုထပ်တူအဖြစ်မျိုး ကြုံရဖို့ဖြစ်လာပါတော့တယ်။အမုန်းတရားတွေ ရန်ငြိုးတွေ ကလဲ့စားတွေနဲ့ အစပျိုးခဲ့တဲ့ အစ်နဲ့ဒေးကြားကပတ်သက်မှုက ဘယ်လိုခရီးဆက်မလဲဆိုတာ ကြည့်ရှု အဖြေရှာရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Love Syndrome: The Beginning (2024)

Egoist (2023) 7.2
Egoist (2023) အချစ်ဆိုတာဘာလဲ ရယူခြင်းလား ပေးဆပ်ခြင်းလားလိုမေးလာရင်တော့ သေချာပါတယ် အဖြူနဲ့အမဲလို နှစ်ပါတီကွဲနေမှာပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုတော့ ဆက်ဆံရေးတစ်ခုကို အမြဲတမ်း ကိုယ်ကပဲရယူချင်တဲ့ အတ္တတစ်ခုတည်းနဲ့တော့ တည်ဆောက်လိုမရပါဘူး။သိတတ်စအရွယ်ကတည်းက အမြဲနေမကောင်းနေတဲ့အမေက ခိုဆုခဲအတွက် လိုအပ်တဲ့မေတ္တာတွေ အပြည့်အဝမပေးနိုင်ခဲ့ပါဘူး။ အမေဆိုတဲ့ပေါင်းကူးတံတားလေးမရှိတော့ ခိုဆုခဲနဲ့သူ့အဖေကြားမှာလည်း နွေးထွေးမှုဆိုတာက ပျောက်ဆုံးနေတာပေါ့။ ဒီလိုနဲ့ပဲ 14 နှစ်အရွယ်မှာ အမေဆုံးသွားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့sexual orientation ကို ဖုံးပြီးမနေထိုင်ချင်တဲ့ခိုဆုခဲတစ်ယောက် 18 နှစ်မှာ တိုကျိုကိုထွက်သွားခဲ့ပါတယ်။တစ်ချိန်က ရွာဇနပုဒ်က ခပ်စုတ်စုတ်ကောင်လေးက အခုချိန်မှာတော့ မဂ္ဂဇင်းအယ်ဒီတာဖြစ်ပြီး ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနေတဲ့အပြင် သူငယ်ချင်းဂေးတွေနဲ့တူတူ အစွမ်းကုန်ပွင့်လန်းနေတာပေါ့။ အရာရာပြည့်စုံစပြု‌နေပေမဲ့ ချစ်ခြင်းမေတ္တာငတ်နေတဲ့ ခိုဆုခဲရဲ့ဘဝထဲကို ငယ်ငယ်ချောချော တောင့်ဖြောင့်နေတဲ့ အားကစားtrainerလေး ရုတ ဝင်ရောက်လာတဲ့အခါ....ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တဲ့ခိုဆုခဲတစ်ယောက် ရုတဆိုတဲ့ကောင်လေးကို သူ့ဘဝမှာလက်ခံဖိုအတွက် ချစ်တတ်ဖို ဘယ်လိုသင်ယူသွားမလဲ။ ရုတလေးကရော မချစ်တတ်သူကြီးရဲ့ ကျောက်ဆစ်နှလုံးသားကို အရည်ဖျော်ရင်း အားကစားလေ့ကျင့်ပေးရင်းနဲ့ အချစ်သင်ခန်းစာကိုပါ ပိုချပေးသွားနိုင်မလားဆိုတာ ...
movie

Egoist (2023)

Love on Lo (2023)
Love on Lo (2023) Love on Lo (2023)ချစ်ကြိုက်ညားကွဲရှုပ်ထွေးပွေလီတဲ့အချစ်ဇာတ်လမ်းတွေ၊ လင်လုမယားလုအလောင်ကားတွေ ရိုးအီနေသူတွေအတွက် ရိုးရိုးအေးအေးBLကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်းBLဆို ဒူစကူဒူးတွေချည်းမို့ မကြည့်ချင်ပါဘူးဆိုသူတွေအတွက်လည်း ဒူးတာတွေဘူးတာတွေမပါတာမလို့ စိတ်ချလက်ချကြည့်ရှုနိုင်ပါကြောင်းပွန်းတစ်ယောက် နှစ်သစ်ကူးနားနီးခါမှ လမ်းမှာကားပျက်ပြီးတော့ ကားပြင်ဖို့ ၂ ရက်ကြာမှာမို့ နီးစပ်ရာဟိုတယ်တစ်ခုမှာ ဝင်တည်းရဖို့ဖြစ်လာပါတယ်။ ဟိုတယ်က အကောင်းကြီးမဟုတ်ပေမဲ့ နှစ်သစ်ကူးနဲ့အရမ်းနီးနေတဲ့အတွက် ဘယ်မှာမှအခန်းမရလေတော့လည်း မကြိုက်ပေမဲ့အောင့်အီးသည်းခံရင်း ၂ ရက်တည်းဖို့ အခန်းယူလိုက်တာပေါ့။ ဒါပေမဲ့ ဖြစ်ချင်တော့ အခန်းထဲမှာသော့ကျန်ခဲ့တဲ့အပြင် အကောင်းစားဟိုတယ်ကြီးရဲ့ သော့အပိုကလည်းပျောက်နေတော့ သူ့ရဲ့ဘေးအခန်းကကောင်လေး ဂေါ့ဖ်နဲ့ တစ်ခန်းတည်းအတူအိပ်ဖို့ ဖြစ်လာပါတော့တယ်။ဂေါ့ဖ်ကလည်း နှစ်သစ်ရက်ကြီးမှာ အလုပ်ကြမ်းပိုးသူဌေးကောင်းမှုနဲ့ ဒီကမ်းခြေကို လေ့လာဖို့လာရတာဖြစ်ပြီး အတူလာရမယ့်သူငယ်ချင်းက ဂျင်းထည့်လွှတ်လိုက်လို့ ဘုမသိဘမသိ တစ်ယောက်တည်းနှစ်သစ်ကူးပိတ်ရက်ကြီး ကမ်းခြေမှာ ယောင်ချာလည်ဖြစ်နေတဲ့သူပေါ့။ ဒီလိုနဲ့ ပျော်ပျော်နေတတ်တဲ့ဂေါ့ဖ်နဲ့ ပြုံးတောင်မပြုံးတတ်တဲ့ပွန်းတို့နှစ်ယောက် တစ်ခန်းတည်းအတူနေကြရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 543MB | 312MB Format… mp4 Duration…. 1h Subtitle…. Myanmar ...
movie

Love on Lo (2023)

2023
After Sundown (2023) 5.7
After Sundown (2023) နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါ ရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရ သူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ်တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့် သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာ အဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလား အတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကို Horror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou တို့ပဲ ...
movie

After Sundown (2023)

2023
Song Lang (2018) 7.7
Song Lang (2018) Song Lang (2018)80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ...အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p ...
movie

Song Lang (2018)

2018
One Summer Night (2016) 5.5
One Summer Night (2016)  ဒါရိုက်တာ Kim Hunရိုက်ကူးပြီး သရုပ်​ဆောင် Kim Tae Hoon,Shin Won Ho, Choi Jae Sung တို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့BL Romance Dramaဖြစ်ပါတယ်..ဇာတ်လမ်းအကျဥ်းက​တော့ မြောက်ကိုရီးယားစစ်တပ်က စစ်သား​တွေဖြစ်တဲ့ယောင်းဂျွန်းနဲ့ ဂျယ်​ဆောင်းတို့ ချစ်ကြိုးသွယ်​နေစဥ်မှာပဲ အထက်လူကြီးကသိသွားခဲ့တာ​ကြောင့် ​ယောင်းဂျွန်းတစ်​ယောက် ​တောင်ပိုင်းကို ​ထွက်​ပြေးလာခဲ့ပါတယ် ​​အဲဒီ​နောက်မှာ ထယ်ဂယူဆိုတဲ့ ​သဝန်အရမ်းတိုတတ်တဲ့ ခပ်ဆိုးဆိုးကောင်​လေးနဲ့ ​တွေ့ပြီး ချစ်မိသွားကြပါတယ် ​ယောင်းဂျွန်းက ထယ်ဂယူဆိုးသမျှ သည်းခံပြီးထယ်ဂယူရှာသမျှ ပြဿနာ​တွေကို လိုက်​ဖြေရှင်း​ပေးရင်း ဒုက္ခ​များခဲ့ပါတယ်နှစ်နှစ်ကြာပြီးတဲ့​နောက်မှာ ဂျယ်​ဆောင်းတစ်​ယောက် ​တောင်ပိုင်းကို ထွက်​ပြေးပြီး ​ယောင်းဂျွန်းကို လိုက်ရှာပါ​တော့တယ် ​ယောင်းဂျွန်းနဲ့ ​တွေ့ပြီး​​နောက်ပိုင်းထယ်ဂယူရဲ့ အထင်လွဲမှု​တွေ ​ဖြစ်​ပေါ်လာခဲ့သလို ယောင်းဂျွန်းမှာလည်းငွေ​ကြေးအခက်အခဲတစ်ချို့ ဖြစ်လာခဲ့ပါတယ် ​ဒီပြဿနာ​တွေကို ​​ယောင်းဂျွန်းတစ်​ယောက် ဘယ်လို​ဖြေရှင်းသွားမလဲဆိုတာကို ​ကြည့်ရှူခံစား​​ပေးကြပါဦး  File size…1.81GB / 771MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Drama ...
movie

One Summer Night (2016)

Passages (2023) 6.9
Passages (2023) Passages (2023)ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။ BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ IMDb Rating 7.0 ရရှိထားပါတယ်။ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။ တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။ တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။ တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  1.2GB | 618MB Format… mp4 Duration…. ...
movie

Passages (2023)

2023
My Beautiful Man: Eternal (2023) 7.3
My Beautiful Man: Eternal (2023) My Beautiful Man : Eternal (2023)ဒီဇာတ်လမ်းလေးကတော့ 2021မှာ My Beautiful Man ဆိုပြီး Season 1 နဲ့ 2ထွက်ထားတဲ့ ဂျပန်BLဇာတ်လမ်းတွဲ‌လေးရဲ့ နောက်ဆက်တွဲ My Beautiful Man: Eternal ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကနေဘွဲ့ရခါနီးလို့ နာမည်ကြီးဓာတ်ပုံဆရာဆီမှာ လက်ထောက်အဖြစ်စတင်လုပ်ကိုင်နေတဲ့ Hira နဲ့ အနုပညာနယ်ပယ်မှာစတင်နာမည်ရလာ‌နေပြီဖြစ်တဲ့ kiyoiတို့ချစ်သူနှစ်‌ယောက်။Hiraက သူ့အပေါ်မှာအရမ်းချစ်တယ်လို့ယုံကြည်ထားတဲ့ Kiyoi တစ်ယောက်ဟာ Hiraရဲ့ မပိုင်ဆိုင်ရရင်တောင် တည်ရှိနေပေးရုံ‌လေးနဲ့ လုံလောက်တယ်ဆိုတဲ့မြတ်နိုးခြင်းတွေ ချစ်ခြင်းမေတ္တာတွေကို နားလည်မပေးနိုင်ဘဲ သူ့ကိုချစ်တဲ့ Hiraဟာပြောင်းလဲသွားခဲ့ပြီလို့ အထင်လွဲခဲ့ပါတော့တယ်။Kiyoiရဲ့အထင်လွဲမှုတွေကို Hira ရဲ့ချစ်ခြင်းတွေနဲ့ ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 607MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

My Beautiful Man: Eternal (2023)

2023
My Tempo (2022)
My Tempo (2022) My Tempo (2022)2022 ခုနှစ်က ထွက်ရှိထားတဲ့ BL, Romance လူငယ်ကျောင်းသားဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။Hope နဲ့ Seki က ဂစ်တာတစ်လက်တည်းကို လူနှစ်ယောက် လက်လေးဖက်နဲ့တီးတဲ့အပြင် အရည်အချင်းရှိလို့ဆိုပြီး နာမည်ကြီးနေတဲ့ Four Hands အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။Hope ကကျတော့ သီချင်းနုတ်တွေအတိုင်း အတိအကျလိုက်တီးတတ်ပြီးတော့ Seki ကတော့ ခံစားချက်အတိုင်း တီးချင်တာကြောင့် သူတို့နှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဖွဲ့ကွဲသွားတယ်။ ချမ်းသာတဲ့မိသားစုရှိတဲ့ Seki အတွက် ဘာမှပြောင်းလဲမသွားပေမယ့် မိသားစုက မပြည်စုံတဲ့ Hope အတွက်တော့ ပညာသင်ဆုကိုပါ လက်လွှတ်လိုက်ရပြီးတော့ ဒုက္ခရောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ Hope ဆီကို Tawan ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ အဲဒီ Tawan ဆိုတဲ့ကောင်လေးက Producer တစ်ယောက်ဖြစ်ချင်ပေမယ့် လူကြောက်တတ်တော့ စင်ပေါ်ကိုမတက်ဘဲ နောက်ကွယ်ကနေ တခြားသူတွေကို ကူညီပေးတတ်တဲ့သူတစ်ယောက်ပါ။ Hope အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် ဆုံမိသွားတော့ ကူညီတတ်တဲ့ Tawan က Hope ပြန်အဆင်ပြေအောင် သူတတ်နိုင်သမျှ ...
movie

My Tempo (2022)

2022
Red, White & Royal Blue (2023) 7.8
Red, White & Royal Blue (2023) Red, White, and Royal Blue (2023)2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ ...
movie

Red, White & Royal Blue (2023)

2023
[18+] Sisid (2022) 6.1
[18+] Sisid (2022) အဏ္ဏဝါဇီဝပညာရှင် ဂျေဆင်နဲ့သူ့ဇနီးတို့ဟာ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ ပိုလာ,မင်ဒိုရိုကို ငါးဘေးမဲ့ဇုန် တည်ထောင်ထိန်းသိမ်းဖို့တာဝန် နဲ့အတူလာခဲ့ကြပါတယ်၊ ဂျေဆင်ရဲ့ ဇနီးဖြစ်တဲ့ကင်ဆာဝေဒနာသည် အက်ဘီမှာတော့တစ်ခြားရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမရှိတော့တဲ့တစ်နေ့မှာ သူချစ်ရတဲ့ခင်ပွန်းသည်ကိုစိတ်ချလက်ချထားခဲ့နိုင်တဲ့အဖော်တစ်ယောက်ရှာဖွေပေးခဲ့ချင်တာပါပဲ။ မြို့တော်ဝန်က ဂျေဆင်ရဲ့လက်ထောက်အဖြစ် ဒင်းနစ်ဆိုတဲ့မြို့ခံကောင်လေးတစ်ယောက်ကို တာဝန်ချထားပေးခဲ့ပါတယ်။ ဂျေဆင်နဲ့ဒင်းနစ်ဟာ ပင်လယ်ထဲကိုခရီးထွက် ရေအောက်ကိုအတူတူငုပ်ကြရင်း တစ်ယောက်အပေါ်တစ်ယောက်အကြည့်တွေ၊ မတော်တဆအထိအတွေ့တွေကို သာယာမိရာကနေ မရှောင်နိုင်ပဲရှေ့ဆက်တိုး အချစ်နယ်ကျွံမိကြပါတော့တယ်။ တကယ်တော့ ဒင်းနစ်စ်မှာလဲသက်တူရွယ်တူကောင်မလေးရှိပြီး အဲ့ဒီကောင်မလေးကိုယ်ဝန်ရှိကြောင်းသိရ၊ လက်ထပ်ဖို့ အတင်းပူဆာလာတဲ့အခါမှာ..။ဆိုင်သူကိုယ်စီနဲ့ သူတို့ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ကြမလဲ? မဆိုင်သူတွေမနစ်နာရမယ့်လမ်းကို ဘယ်လိုရွေးချယ်ကြမလဲ? သူတို့တွေရဲ့ အချစ်ဟာပျော်စရာဇာတ်သိမ်းလေးတွေ့ကြုံရပါ့မလား?Palitan ကိုရိုက်ခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်အကောင်းဆုံးဒါရိုက်တာဆုရှင် Brillante Mendoza ရဲ့လက်ရာပါပဲ။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းသလို သူ့ကားတွေထုံးစံ ရုပ်ရှင်ဆန်တဲ့ဒိုင်ယာလော့တွေ ကြီးကြီးကျယ်ကျယ် ဘာညာမရောင်းပဲ ရှင်းရှင်းလေးနဲ့ပြေပြေပြစ်ပြစ်တင်ဆက်ထားပါတယ်။သာယာလှပတဲ့နယ်မြို့လေးနဲ့ ရေအောက်က သန္တာကျောက်တန်းတွေ ကျွန်းတွေရဲ့အလှအပကို Cinematography အမိုက်စားတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ BL ဘက်ကိုနွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီးတွေဘက်ကိုလဲ အသားပေးမှုမလျော့တာကြောင့် လင်းတဲ့အခန်းတွေလင်းပေမယ့် မှောင်တဲ့အခန်းတွေလဲတော်တော်မှောင်ပါတယ်။ File size…(2.2 GB) / (1 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:55:48 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated ...
movie

[18+] Sisid (2022)

[18+] My Father, Myself (2022)
[18+] My Father, Myself (2022) My Father, Myself (2022)မက်သရူးရဲ့ဖခင်ဟာလယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲမလိုသူတွေရဲ့လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ရှေ့နေ၊အရင်းနှီးဆုံးမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ရောဘတ်ရဲ့စောင့်ရှောက်မှုအောက်ကိုမက်သရူးရောက်ရှိခဲ့ပါတယ်။ ရောဘတ်ရဲ့ဇနီး၊ သမီးဖြစ်သူတို့ကလည်း မက်သရူးကိုအရင်းအချာနဲ့မခြားနွေးနွေးထွေးထွေးကြိုဆိုစောင့်ရှောက်ခဲ့ကြသလို ပျိုးထောင်မှုကောင်းတွေရရှိခဲ့တဲ့အတွက် မက်သရူးဟာ ပညာရေးမှာပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ် ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။ဒီအချိန်မှာပဲအရွယ်ရောက်ခံစားချက်တွေပြောင်းလဲလာပြီဖြစ်တဲ့အတွက် ရောဘတ်ရဲ့သမီးငယ် မီကာက သူ့ကိုချစ်တဲ့ အကြောင်း၊ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်းပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့မိသားစုတစ်ခုအနေနဲ့ရော ပတ်ဝန်းကျင်တစ်ခုလုံးကပါ သူ့ကိုမွေးစားသားလို့သိထားကြတဲ့အတွက်ပါ အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိပြေပြစ်ချောမောနေတဲ့ အခြေအနေတစ်ခုကိုမက်သရူးရော မွေးစားဖခင်ဖြစ်သူ ရောဘတ်ကိုယ်တိုင်ကပါ အင်တင်တင်ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက် မုန်တိုင်းတစ်ခုအစပျိုးလာပါတော့တယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေဘယ်ကစအမြစ်တည်လာခဲ့လဲဆိုတာ ဆက်လက်ရှုစားကြပါ။trailer ထွက်ရှိချိန်မှာ LGBT+ အသိုင်းအဝိုင်းအပေါ်မကောင်းတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီးဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပေမယ့် ဒါရိုက်တာကတော့ ဒါဟာသူ့မွေးရပ်မြေမှာတကယ်ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဇာတ်လမ်းတိုင်းဟာ အပြုသဘောဖြစ်နေစရာမလိုဘူးလို့ဆိုခဲ့ပါတယ်။ အငြင်းပွားမှုတွေရှိနေခဲ့ပေမယ့်လည်း Metro Manila Film Festival မှာ ဆန်ကာတင်ဆုခုနှစ်ခုဝင်ခဲ့ပြီး ဆု ၃ ခုဆွတ်ခူးခဲ့ပါသေးတယ်။ဒီဇာတ်လမ်းကိုကြည့်တဲ့အခါ ဆရာမဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္တုကိုအမှတ်ရစရာဖြစ်ပါလိမ့်မယ်။ ဘယ်နေရာတွေမှာတိုက်ဆိုင်တူညီနေမလဲဆိုတာတော့ ကိုယ်တိုင်အဖြေရှာကြစေချင်ပါတယ်။ File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:43:23 ...
movie

[18+] My Father, Myself (2022)

Bangkok Love Story (2007) 5.8
Bangkok Love Story (2007) Bangkok Love Story (2007)ထိုင်းရုပ်ရှင်တွေထဲ Thai queer Film တွေရဲ့ နေရာယူမှုကလည်း တော်တော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ 1985ထွက်ခဲ့တဲ့ The Last Songဟာ ပထမဆုံး ထိုင်း queer Film ဖြစ်ခဲ့ပြီး သူ့အနီးအနား ခုနှစ်တွေမှာ Tortured Love (1987)နဲ့ I Am a Man (1987)တို့ဆက်လက်ထွက်ရှိခဲ့ပြီး ဒီသုံးကားကို Thai queer cinemaရဲ့ first waveလို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းတော့ New Wave ခေတ် ၂၀၀၀ဝန်းကျင်လောက်မှ ထပ်ထုတ်ခဲ့ကြပုံပါပဲ။ ကြားထဲသိပ်မတွေ့ရတော့ဘူး။ ဒီဘက်နှစ်တွေမတိုင်ခင်အထိလည်း အရမ်းအများကြီးထုတ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ Bangkok Love Storyဟာ ၂၀၀၀ကျော်ဝန်းကျင်က သိပ်အများကြီးမရှိခဲ့တဲ့ ထိုင်း Queer Filmကားကောင်းတွေထဲက တစ်ကားပါပဲ။ ဒါပေမဲ့လွယ်လွယ်နဲ့ ထုတ်ခဲ့ရတာတော့မဟုတ်ပါဘူး။ Pre-productionကာလမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်ခြင်းခံခဲ့ရသလို ဆင်ဆာနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ခဲ့တယ်။ ယောက်ျားချင်းကြိုက်တဲ့ကားပေမဲ့ ကနွဲ့ကလျတွေမပါဘဲ ခပ်ကြမ်းကြမ်း၂ပွေ ကြိုက်တဲ့ကားဖြစ်နေတာ့ သရုပ်ဆောင်၂ယောက်က ...
movie

Bangkok Love Story (2007)

2007
Oh! My Assistant: The Movie (2023)
Oh! My Assistant: The Movie (2023) Oh! My Assistant : The Movie (2022)ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ .....၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB ...
movie

Oh! My Assistant: The Movie (2023)

Semantic Error: The Movie (2022) 7.2
Semantic Error: The Movie (2022) Semantic Error: The Movie (2022)(1080p ရပါပြီ)Semantic Error ဆိုတဲ့ စီးရီးလေးကို ကြည့်ဖူးတဲ့သူတွေကတော့ ဒီဇာတ်လမ်းလေးနဲ့ အကျွမ်းတဝင်ရှိကြမှာပါ။ ဒီမူဗွီလေးကတော့ စီးရီးအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ မူဗွီလေး။ကွန်ပြူတာသိပ္ပံမေဂျာက အမှန်တရားရဲ့ဘက်တော်သားလေးချူဆန်းဝူက ဖြောင့်မတ်ပြီး အေးတိအေးစက်နိုင်သူလေးပါ။ ဘယ်လောက်အသည်းမာလဲဆိုရင် ချူဆန်းဝူတစ်ယောက် ကျောင်းမှာ အဖွဲ့လိုက် Presentationလုပ်ဖို့ဖြစ်လာတဲ့အချိန် သူတစ်ယောက်တည်းပဲ ဒိုင်ခံလုပ်ရလို့ အခြားအဖွဲ့ဝင်တွေနာမည်ကို လူသိရှင်ကြားဖျက်ပြီး သူ့နာမည်ကိုသာ Presentationမှာရေးခဲ့တဲ့အထိပါပဲ။ချူဆန်းဝူမသိလိုက်ဝာာကတော့ သူ့လုပ်ရပ်ကြောင့် စီနီယာကျောင်းသားဖြစ်သူ ဂျန်ဂျယ်‌ယောင်းရဲ့ ပညာရေးမှတ်တိုင်က ထင်သလိုမဖြစ်တော့ဘဲ တိုင်ပတ်သွားပါတော့တယ်။ဂျန်ဂျယ်ယောင်းကတော့ ဒီဇိုင်းမေဂျာက လူချစ်လူခင်ပေါများပြီး ဆန်းဝူနဲ့ဆန့်ကျင်ဘက်စတိုင်ရှိတဲ့သူပါ။ နိုင်ငံခြားပညာတော်သင်သွားမယ့် ဂျန်ဂျယ်ယောင်းဟာ ဆန်းဝူကြောင့် သူ့ရဲ့မဟာစီမံကိန်းကြီးပျက်ရလို့ ပြဿနာရှင်းဖို့ ဆန်းဝူကို မရမက စရှာပါတော့တယ်။ဒီလိုနဲ့ စရိုက်မတူတဲ့ သူတို့နှစ်ယောက် အတူတူတွဲလုပ်ဖို့အကြောင်းဖန်လာပြီး အစအနောက်သန်တဲ့ဂျန်ဂျယ်ယောင်းနဲ့ ရေခဲတုံးလေးချူဆန်းဝူတို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်လေးတစ်မျိုး စတင်ရစ်ပတ်ချည်‌နှောင်လာတဲ့အခါမှာတော့ ...ရည်းစားမရှိတဲ့ CMပရိသတ်ကြီးတို့ကပဲ စောင်ကိုက်ပြီး ဆက်လက်ရှုစားပေးကြပါဦးနော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Khine ...
movie

Semantic Error: The Movie (2022)

2022
Two and One (2022) 7.5
Two and One (2022) (18+) Two and One (2022)BL ဇာတ်လမ်းတွေထဲမှာ ဖိလစ်ပိုင်ဇာတ်လမ်းတွေက တစ်မျိုးတစ်ဖုံ ထူးခြားနေတတ်ပါတယ်။ ဒီဇာတ်လမ်းကလည်း ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ပါပဲ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ချစ်သူနှစ်ယောက်ကြားမှာ တတိယလူပေါ်လာတဲ့အကြောင်းပါပဲ။ ဒါပေမဲ့ ဒီချစ်သူနှစ်ယောက်ကပဲ တတိယလူကို အသာတကြည်လက်ခံခဲ့ကြတာပါ။ ချစ်သူနှစ်ယောက်လုံးက အပေါ်ထပ်တွေချည်း ဖြစ်နေတဲ့အခါ ကြားခံအစားထိုးဖို့ အောက်ထပ်တစ်ထပ်ကို ရှာဖွေပါတော့တယ်။ သဘောတူညီထားတာကတော့ ကုတင်ပေါ််ကိစ္စ ဖြစ်တဲ့အချိန်မှာ တတိယလူကို အသုံးချကြမယ်ပေါ့။ ဒါပေမဲ့ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါမှာတော့ .... ချစ်သူနှစ်ဦးကြားမှာ အက်ကြောင်းတွေ ထလာရပါတော့တယ်။ ဒါကို သူတို့တွေ ဖြေရှင်းနိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Phantom ပဲ ဖြစ်ပါတယ်။Genre..... Adult, BL, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 649MB | 284MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Two and One (2022)

2022
Oh! Boarding House (2022) 6.3
Oh! Boarding House (2022) ကိုယ့်အိမ်ပိုင်ရှင်လေးOh My Broading HouseIMDb Rating 6.3ချစ်ရင်ဖွ င့်ပြောပါ မဖုံးကွယ်ထားပါနဲ့ လက်နှေးရင် ခွက်ဆေးရမယ်ဆိုတဲ့စကားကြားဖူးကြမယ်ထင်ပါတယ်ဒီBLကားလေးကလည်းဒီလိုပါပဲ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ဆယ်ဝန်းဆိုတဲ့ ခပ်အူတူတူကောင်လေးဟာ အာမခံကြေးတွေအကုန်အလိမ်ခံလိုက်ရပါတယ်ကံဆိုးမသွားရာမိုးလိုက်လိုရွာသလို အဲ့အချိန်မှာပဲ အလုပ်ပါအထုတ်ခံခဲ့ရပါတယ် အိမ်ပြန်လာတော့လည်း သူ့အမေကဒီအတိုင်းမထားဘဲ အငှားအိမ်ကိုဦးစီးခိုင်းလိုက်ပြန်ပါရောအငှားအိမ်မှာကြိတ်မှိတ်နေတုန်း ချွဲစုဆိုတဲ့ PEဆရာလေးပြောင်းလာပါတော့တယ် အသက်ကယ်တင်ပေးခဲ့သလိုဖြစ်သွားတော့ ပြန်ပေးဆပ်ဖိုလိုက်လုပ်ပေးရင် ဘာတွေဆက်ဖြစ်မလဲဆယ်ဝန်းမှာ သူ့ကိုတဖက်သတ်ကြိုက်နေတဲ့ ဂျူနီယာကောင်လေးလည်းရှိပါတယ် သူကဘွန်းဒေါ့ပါ ဖွင့်မပြောရဲဘဲ ဘေးကနေတိတ်တိတ်လေးပဲ ကာကွယ်ကူညီပေးနေခဲ့ပါတယ်သူကလည်းအငှားအိမ်ကိုပြောင်းလာသောအခါ ဘာတွေဆက်ဖြစ်မလဲ သုံးပွင့်ဆိုင်လေးမှာ ဘယ်တစ်ပွင့်က ကြွေလွင့်ရမလဲ စောင့်ကြည့်ပေးပါနော်မင်းသားလေးတွေလည်းအရမ်းချောပါတယ်နော် မိုက်မှမိုက်ပါ😍( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(1.7GB) / (900MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:45:00 Type__BL, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Oh! Boarding House (2022)

Mr. Heart (2020) 5.5
Mr. Heart (2020) ဂျင်ဝန်ဟာ မီဟာတက္ကသိုလ်ရဲ့ မာရသွန် ချန်ပီယံတစ်ယောက်ပါ ဒါပေမယ့်လည်း သူ့ရဲ့​စံချိန်တွေက တဖြေးဖြေးနဲ့ ကျနေတာကြောင့် နည်းပြကြီးက စိုးရိမ်ပူပန်နေခဲ့ပါတယ်တစ်ရက်မှာတော့ ဆန်းဟာဆိုတဲ့ ဂျူနီယာကောင်လေးကို ဂျင်ဝန်ရဲ့ Pacemaker လုပ်ပေးဖို့ နည်းပြက ခေါ်ထားလိုက်ပါတယ်အတွေ့အကြုံလည်းမရှိ အသက်အရွယ်လည်းငယ်တဲ့ဆန်းဟာကို ဂျင်ဝန်ကလက်မခံခဲ့ပါဘူးဒါပေမယ့် ဆန်းဟာရဲ့ကူညီမှုနဲ့ တက္ကသိုလ်မာရသွန်ပွဲမှာ သူအနိုင်ရရှိသွားတဲ့ခါမှာတော့ ဆန်းဟာကို သူ့ရဲ့ pacemaker အဖြစ်လက်ခံခဲ့ပါတယ်အချင်းချင်းရင်းနှီးလာတဲ့အခါမှာ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ )File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt
movie

Mr. Heart (2020)

No Regret (2006) 6.9
No Regret (2006) No Regret (2006)နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။ မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့် ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။ သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းက ပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ? သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့ အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ...
movie

No Regret (2006)

2006