Channel Myanmar

Comedy

Sweetpea (2024) 7.6
Sweetpea (2024) IMDB rating 7.2/10အထိရရှိထားတဲ့ Dark comedy, drama စီးရီးစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာ "Miss Peregrine and The peculiar chilchildren"ဇာတ်ကားထဲက အမ်မာဖြစ်တဲ့ Ella Purnell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်း ရီယန်းနန်လူးဝစ်ဟာ လူတွေအားလုံးကိုအကောင်းမမြင်တတ်တဲ့ကောင်မလေးပါ ဒီလိုဖြစ်နေတာကလည်း သူ့အပေါ်မှာကောင်းပေးတဲ့လူမရှိလို့လို့ပြောရမှာပါပဲ သူ့ဘဝတစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့လူတွေမှန်သမျှဟာ သူ့ကိုအရေးမစိုက် ဂရုမပြုဘဲ အနိုင်ကျင့်ဖိနှိပ်ခဲ့ကြတာကြောင့်ပါသူမအားကိုးရတဲ့တစ်ဦးတည်းအဖေဖြစ်သူကိုဆုံးရှုံးရပြီးနောက် သူ့ရဲ့အစ်မရင်းကိုယ်တိုင်ကပါ သူ့ဘက်ကိုမကြည့်ဘဲ သူတို့အဖေပိုင်ဆိုင်တဲ့အိမ်ကြီးကိုရောင်းဖို့လုပ်ပါတယ် ရောင်းဖို့အတွက်အကျိုးဆောင်လုပ်ပေးမယ့်အေးဂျင့်ကလည်း သူမကို ငယ်စဥ်ကတည်းက စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ကျောင်းကအနိုင်ကျင့်သူဖြစ်နေပါတယ် ဒါတင်မကသေးဘဲ ရီယန်းတစ်ယောက်ဟာ အလုပ်မှာလည်းအဆင်မပြေပါ မိမိကို ငဲ့မကြည့်ဘဲအနိုင်ကျင့်ဖိနှိပ်ဖို့ပဲသိတဲ့လူတွေကြောင့် ရီယန်းရဲ့စိတ်ခံစားချက်တွေမထိန်းနိုင်လောက်တဲ့အထိများလွန်းလာပြီး ပေါက်ကွဲထွက်လာတဲ့အခါ..........File size…(898 MB)/(392 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane Season 1 Episode 1 720p  - ...
7.6
TMDb: 7.6/10 41 votes
tv

Sweetpea (2024)

2024
Brewing Love (2024)
Brewing Love (2024) Brewing Love (2024)*********************အပိုင်းသစ် (၉) ရိုမန့်စ်ဘုရင်မဖြစ်တဲ့ Business Proposal ထဲက မင်းသမီး Kim Se-jeong နဲ့Knight Flower ထဲက မင်းသား Lee Jong-won တို့ရဲ့ ရိုမန့်တစ်ဆန်ဆန်ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ -ဇာတ်လမ်းအညွှန်း-ချယ်ယုံးဂျူ (Kim Se-jeong) ဟာ သွက်လက်တက်ကြွပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သော်ငြားခံစားချက်အမှန်ကို အမြဲဖုံးကွယ်ထားတတ်တဲ့သူလေးပေါ့။လက်ရှိမှာတော့ ယမကာကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းအရောင်းဘုရင်မရာထူးကို ရရှိထားသူပီပီ အလုပ်အရမ်းကြိုးစားပေမဲ့လည်းသူမလုပ်ကိုင်တဲ့ဌာနခွဲဟာ ပိတ်သိမ်းခံရမဲ့ ကိန်းစိုက်လာပါတော့တယ်။သူမဟာ ဌာနပိတ်သိမ်းခံရမှာကို ကာကွယ်ဖို့အတွက် ဘီယာအသစ်ရောင်းချဖို့ဆုံးဖြတ်ချက်ချပြီး ဘီယာချက်သူ တစ်ဖြစ်လဲ ဘီယာထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင်ယွန်းမင်ဂျူ (Lee Jong-won) နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။စိတ်ဆတ်ပေမဲ့ တခြားသူရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းအာရုံခံနိုင်တဲ့သူဖြစ်တဲ့ယွန်းမင်ဂျူရှေ့ကို ချယ်ယုံးဂျူတစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ သူ့ဘဝဟာစတင်ပြောင်းလဲလာပါတော့တယ်။ဒီလိုနဲ့ အရောင်းသမလေးနဲ့ ဘီယာချက်တဲ့ကောင်လေးတို့ကြား ဘယ်လိုတွေဆက်ဖြစ်ပြီးချစ်ခြင်းတွေပေါက်ဖွားလာမလဲဆိုတာကို CM Team နဲ့အတူ ရင်ခုန်စွာနဲ့  ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့  Hsu Pyae မှ ရေးသား‌ထားပါတယ်။) Aired: Nov ...

Brewing Love (2024)

2024
Running Man 8.2
Running Man Running Man အပိုင်းသစ် (730)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Shangri-La Frontier (2023) 8
Shangri-La Frontier (2023) IMDB – 7.5/10, MyAnimeList – 8/10စဖွင့်လိုက်ကတည်းက ပေါက်ကွဲအားအပြည့် Metal စတိုင် Opening သီချင်းနဲ့တင် မိုက်နေတဲ့VR ဂိမ်းအခြေခံ Anime ကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်တယ်ဗျာ။Word of Warcraft တို့ Genshin Impact တို့လိုမျိုး MMORPG ဂိမ်းတွေကို ကြိုက်တဲ့လူဆိုရင်တော့ ဒီ Anime က ပိုကြည့်ကောင်းမှာ အမှန်ပဲ။သူကလည်း နာမည်ကျော်မကျော်တော့ မသိဘူး S1 နဲ့ S2 ထွက်တာ တစ်နှစ်တောင် မခြားဘူးဗျာ စဉ်းစားသာကြည့်ပေတော့။ဇာတ်လမ်းအကျဉ်းလေးက VR ဂိမ်းတွေ မှိုလိုပေါက်ပြီး ကောင်းတာတွေ ရှိသလို စုတ်ပြတ်သတ်ချာတူးလန်နေတာမျိုးလည်း ရှိတာပေါ့။အဲဒီမှာ MC လုပ်တဲ့ကောင်က သောက်တလွဲကောင်၊ ဘာကောင်လဲဆိုတော့ အဲဒီလို စုတ်ပြတ်သတ် ချာတူးလန် အမှိုက်ဂိမ်းတွေကိုပဲ သေချာရွေးဆော့ပြီးဆရာကျအောင် ပြီးဆုံးအောင် ဆော့ပြီး ကျေနပ်နေတဲ့ ငကြောင်။တစ်ရက်ကျ သူ ...
8
TMDb: 8/10 97 votes
tv

Shangri-La Frontier (2023)

2023
BLUE LOCK (2022) 8
BLUE LOCK (2022) IMDB – 8.2/10, MyAnimeList – 8.2/10“ဘောလုံး Anime ဆိုပေမဲ့ ဘောလုံး Anime မဟုတ်ပြန်တဲ့ စီးရီး” ကြားရတာ နားရှုပ်သွားသလား ဒီလိုပါ။ဘောလုံး ဦးစားပေးဆိုပေမဲ့ MC က အစပိုင်း အရည်အချင်းမရှိ အတင်းတွေကြိုးစားအားကစားပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားစရာ တက်ညီလက်ညီအနိုင်ယူ ဖလားရ အဆုံးသတ်၊ ဒီလိုဇာတ်လမ်း မဟုတ်ဘူး။သိတဲ့အတိုင်း Japan Anime ပါ၊ ဇာတ်လမ်းက ဘောလုံးအကြောင်းဆိုပေမဲ့ သူများထက်တော့ ထူးခြားနေရမယ်မဟုတ်လား။ဘာလို့လဲဆိုတော့ ဇာတ်လမ်းအကျဉ်းက Blue Lock ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကသူတို့ ဂျပန်နိုင်ငံအသင်း ကမ္ဘာ့ဖလားကို အနိုင်ယူဖို့ဆိုရင် ဒီလိုမျိုး အစီအစဉ် စီမံကိန်းတွေ လုပ်ဆောင်ရမယ်တဲ့။လူကြီးတွေကို ပြကြည့်တော့ သောက်တလွဲပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းတို့ ရူးနေတာလားပေါ့။ဦးဆောင်နေတဲ့လူကလည်း ရူးကြောင်ကြောင်နဲ့ Ego ဆိုတဲ့လူ။စီမံကိန်းက ဘာလဲဆိုတော့ ဂျပန်နိုင်ငံက အသီးသီး ထူးချွန်နေကြတဲ့ လူငယ်တိုက်စစ်မှူးတွေချည်း အယောက် ၃၀၀ ...
8
TMDb: 8/10 277 votes
tv

BLUE LOCK (2022)

2022
THE ONE PIECE (2024)
THE ONE PIECE (2024) သင်သာ Anime ကို ကြည့်လာတာ ကြာသည်ဖြစ်စေ မကြာသေးခင်ကမှ ကြည့်သည်ဖြစ်စေသင့်ပတ်ဝန်းကျင်က သူတွေ One Piece ကို ကြည့်ဖို့ တိုက်တွန်းတာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ကြားဖူးကြမှာပါ။Peak Fiction, Greatest Anime of All Time, Best Manga, Best World Buildingဒီလို ဂုဏ်သတင်းတွေ အများကြီးနဲ့ ကျော်ကြားတဲ့One Piece ဟာ Oda sensei ရဲ့ Manga ကို Adapt လုပ်လာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပါပြီ။Anime အပြင် Live Action အထိပါ အောင်မြင်တဲ့ ရှားရှားပါးပါး ဇာတ်လမ်းတစ်ခုပါ။ဒီလောက်အကြာကြီး အပိုင်းတွေ အများကြီးနဲ့ ဇာတ်လမ်းတစ်ခုကို လူတွေ ဘာကြောင့် အခုချိန်တွေ ကြိုက်နေကြတာလဲဘာလို့ စိတ်မပျက်ကြသေးတာလဲအဖြေကတော့ ရှင်းပါတယ် အဲဒီလောက်ကို ကောင်းလို့ပါ။ဒီလိုမျိုးအောင်မြင်ပြီး BIG ...

THE ONE PIECE (2024)

The Sex Lives of College Girls Season 3 7.3
The Sex Lives of College Girls Season 3 The Sex Lives of College Girls [Season 3]Rating ကောင်းကောင်းနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ ပရမ်းပတာတွေ ဂယက်တွေကို တဝကြီး ပေးစွမ်းမဲ့ စီးရီးက စီစန် 3 ထပ်မံထွက်ရှိလာပါပြီဒီစီစန်မှာတော့ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ သူငယ်ချင်းမ လေးယောက်ဟာ ဒုတိယနှစ်ကျောင်းသူကြီးတွေ ဖြစ်သွားပါပြီ။ ရှေ့စီစန်မှာ ဘဲကိစ္စအရှုပ်အပွေတွေကြောင့် အုပ်စုကွဲမလိုကလည်း ဖြစ်နေသေးတာပါ။ကိုယ်စီပြဿနာတွေနဲ့ သူတို့လေးယောက် ဒီစီစန်မှာရော ဘယ်လိုတွေ ဂယက်ရိုက်ကြဦးမလဲဆိုတာ တစ်ပတ်ကိုတစ်ပိုင်း စောင့်ကြည့်ပေးသွားပါဦး။ File Size – 900 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –37 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Jae JaeEncoder – YK   Episode 1 - Yoteshin ...
7.3
TMDb: 7.3/10 300 votes
tv

The Sex Lives of College Girls Season 3

Iron Family (2024)
Iron Family (2024) Iron Family (2024)******************အပိုင်းသစ် (၂၀)ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ အကြာကြီးနေမှ ဇာတ်ကားသစ်လေးနဲ့ပြန်လာတဲ့ Mr. Queen ထဲက မင်းကြီး Kim Jung-hyun, မမ Park Shin-Hye ရဲ့အမျိုးသားဖြစ်တဲ့ မင်းသား Choi Tae-joon နဲ့အတူ Youth of May ထဲက ဒုတိယမင်းသမီးလေး Keum Sae-rok , Bad Memory Eraser ထဲက မင်းသမီး Yang Hye-Ji တို့ ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ ******************* မျိုးဆက်သုံးဆက်တိုင်အောင် လည်ပတ်နေတဲ့ အီဒါရင်း(Keum Sae-rok)တို့ရဲ့ ချောင်းယောင်းပင်မင်းဆိုင်မိသားစုလေးကတော့ ဘဝကို အေးချမ်းသာယာစွာဖြတ်သန်းနေတဲ့ သာမန်မိသားစုလေးဖြစ်ပါတယ်။ဆောဂန်ဂျူ(Kim Jung-Hyun)ကတော့ ချောင်းယောင်းရပ်ကွက်ရှိ အချမ်းသာဆုံးမိသားစုရဲ့သားဖြစ်ပြီး ဂျီဆွန်းလုပ်ငန်းစုမှာ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေသူပါ။သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၈ နှစ်က တက္ကသိုလ်အတူတူတက်ခဲ့ဖူးကြပြီး ဆောဂန်ဂျူကတော့ စစ်မှုမထမ်းခင် အီဒါရင်းနဲ့အမှတ်တရတွေကို အမြဲတသသလွမ်းဆွတ်နေခဲ့ရသူပေါ့။ဒါပေမဲ့ သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းရတဲ့အချိန်မှာတော့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့် အီဒါရင်းဟာ အမြင်အာရုံတွေဆုံးရှုံးနေခဲ့ပြီးပါပြီ။ဆယ်ကျော်သက်အရွယ်ကတည်းက အမြင်အာရုံချို့ယွင်းလာခဲ့တဲ့ အီဒါရင်းလေးဟာ အလွန်စျေးကြီးတဲ့ အာရုံကြောဆေးထိုးမှသာ အမြင်အာရုံပြန်ရနိုင်မှာမို့လို့သူဌေးသားလေး ဆောဂန်ဂျူက သူအမြဲလွမ်းဆွတ်နေခဲ့ရတဲ့ကောင်မလေးအတွက် ဘယ်လိုကူညီပေးသွားမလဲ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကို ...

Iron Family (2024)

2024
Based on a True Story (2023) Season 1+2 7.3
Based on a True Story (2023) Season 1+2 Based on a True Story (2023) ===================== IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် (2023)ခုနှစ်ထွက် Comedy, Thriller စီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ Westside Ripper ဆိုတဲ့ ကွင်းဆက်လူသတ် သမားကြီး ခေတ်ထနေဆဲအချိန်ဖြစ်ပါတယ်။ သေဆုံးသူ (၇)ယောက် ထိ ရှိလာတာတောင် ရဲတွေလည်း တရားခံဘယ်သူမှန်း မသိကြသေး ပါဘူး။တင်းနစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ သူ့ဇနီးအေ ဗာတို့ဟာ လောကဓံရိုက်ခတ်မှုကြောင့် ငွေကြေးအခက်ကြုံနေဆဲမှာပဲ ရေစက်လား ဝဋ်ကြွေးလားမသိ၊ အဲဒီကွင်းဆက်လူသတ်သမားကို ဘယ် သူဘယ်ဝါဆိုတာ သိသွားရုံမက လူကောင်လုံးလိုက်ကြီးပါ တွေ့လိုက် ကြရပါတယ်။ "အူမတောင့်မှသီလစောင့်နိုင်တယ်"ဆိုတဲ့စကားပုံအတိုင်း ငွေကြေးအခက်ကြုံနေတဲ့ လင်မယားစုံတွဲဟာ လူသတ်သမားကို ရဲလက် မအပ်ဘဲ လူသတ်သမားကို အကြောင်းပြုပြီး ငွေလမ်းကြောင်းဖန်တီးဖို့ စိတ်ကူးရသွားကြပါလေရော။ ဒီလိုနဲ့ လင်မယားနှစ်ယောက်နဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်တို့ရဲ့ အရှုပ်တော်ပုံကြီး စ‌တင်လေသတည်း ပေါ့ဗျာ။IMDb Rating 7.3/10 ရရှိထားပြီး Herly Quinn: Birds of Prey (2020)ထဲက Victor Zsasz အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris ...
7.3
TMDb: 7.3/10 4700 votes
tv

Based on a True Story (2023) Season 1+2

2023
The Fiery Priest Season 2 (2024)
The Fiery Priest Season 2 (2024) The Fiery Priest Season 2 (2024) *******************************အပိုင်းသစ် 82019 SBS Drama Awardမှာ ဆုပေါင်း ၈ဆုရရှိခဲ့ပြီး...Kim Nam Gilရဲ့ပထမဆုံး Daesangဆုကြီးကို ဆွတ်ခူးရရှိစေခဲ့တဲ့ The Fiery Priestဟာ...2024ခုနှစ်မှာ ပရိသတ်ကြီးရှေ့မှောက်ကို Season2အနေနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။Season2 မှာတော့ Season1 တုန်းက ပါဝင်ခဲ့တဲ့  Kim Nam Gil , Lee Hanee, Kim Sung Kyunတို့အပြင်..BiBi, Sung Joonနဲ့ Seo Hyunwooတို့ကပါ ပါဝင်သွားမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း ----------------ဂင်ဟယ်အီဟာ ဒေါသကြီးပြီး မတရားမှုကို မျက်ကွယ်မပြုနိုင်တဲ့ ဖာသာတစ်ဦးပါ။တစ်နေ့မှာတော့ ဂူဒမ်ဒေသကနေ အစပြုခဲ့တဲ့ မူးယစ်ဆေးမှုကို လိုက်ရင်း....ဘူဆန်မြို့ကို ရောက်လာခဲ့ပါတော့တယ်။ ဘူဆန်မြို့ကြီးမှာ ဖာသာနဲ့အတူ...သူ့ရဲ့အပေါင်းအဖော်တွေက အမှုကို ဘယ်လိုစုံစမ်းရှာဖွေကြမလဲ။ ဒေါသကြီးတဲ့ ဖာသာကရော...ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဟာသလေးနှောပြီး စိတ်လှုပ်ရှားစွာနဲ့...Channel Myanmarနဲ့အတူ အပတ်စဥ် သောကြာ ...

The Fiery Priest Season 2 (2024)

Poppa’s House (2024) 6.5
Poppa’s House (2024) Poppa’s House (2024)2024 ထွက် Sit-com အသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိန်းမဖြစ်သူနဲ့ ပျော်ပျော်ကြီးကွာရှင်းထားတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ ပေါ့ပါတစ်ယောက် အလုပ်မှာ သူ့ကိုလာယှဉ်မဲ့ အမျိုးသမီးအစီအစဉ်တင်ဆက်သူ ရိဒ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာအပြင် အိမ်ကျတော့လည်း အိမ်ထောင်ကျပြီး ကလေးတွေနဲ့ မိသားစုတစ်ခုရှိနေပေမဲ့ ဒါရိုက်တာဖြစ်ချင်တဲ့ အိပ်မက်ကိုလက်မလွှတ်နိုင်သေးတဲ့ သားဖြစ်သူ လမ်းကြောင်းမှားမသွားစေဖို့ ထိန်းကျောင်းသွန်သင်ရတာတွေကို Sit-com ထုံးစံအတိုင်း တဝါးဝါးနဲ့ ကြည့်ရှုကြရမှာပါFile Size – 455MB (Appx;)@EpisodeQuality – 1080p WEB DLDuration –30minute (@Episode)Total Episodes:13EpsSubtitle – Myanmar HardsubFormat – Mp4Genre : ComedyTranslator – TMMTEncoder – YK  Episode 1 - Yoteshin | Gdtot | Userdrive | Megaup | Streamsb Episode 2 - Yoteshin | Gdtot | Userdrive ...
6.5
TMDb: 6.5/10 2 votes
tv

Poppa’s House (2024)

2024
Interior Chinatown (2024) 7
Interior Chinatown (2024) ဒီဇာတ်လမ်းကတော့ အရာမဝင်တဲ့ လူတစ်ယောက်ရဲ့ အရာဝင်ချင်တဲ့ ဇာတ်လမ်းလေးလို့ ဆိုရမယ်။ မိသားစုထဲမှာ မိဘဦးစားပေးခြင်း မခံရတဲ့ မိဘရဲ့ fav child ဖြစ်ခွင့်မရတဲ့ နောက်လူတစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ဝီလစ်ဆိုတဲ့ အမျိုးသားဟာ ငယ်စဉ်ကတိုင် ကွန်ဖူးသိပ်တော်တဲ့ သူ့ရဲ့ အစ်ကိုကို အားကျခဲ့ရတယ်။ သူ့ရဲ့ အစ်ကိုလို လူတိုင်းအထင်ကြီးတဲ့ ကောင်လေးတစ်ယောက် ဖြစ်ဖို့ဟာ သူ့အိပ်မက်ပဲ။ ဒါပေမဲ့ တချို့သောသူတွေအတွက် အိပ်မက်ဆိုတာ အိပ်မက်အဆင့်ကနေ တက်မလာပါဘူး။ ဒီအုပ်စုမှာ ဝီလစ်လည်း ပါသည်ပေါ့။တိုက်ရည်ခိုက်ရည်အပြည့်နဲ့ သူရဲကောင်းကြီး ဖြစ်ဖို့ မွေးဖွားလာပေမဲ့ ကံအကြောင်းမလှစွာ ရွှေ‌နန်းတော်ဆိုတဲ့ ဦးလေးဖြစ်သူရဲ့ တရုတ်တန်းက စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေရပါတယ်။ ဝီလစ်ဟာ သိပ်ကို တိုက်ချင်ခိုက်ချင်တယ်။ စုံထောက်တွေလို အမှုတွေ လိုက်ချင်တယ်။ တစ်နေ့တော့ သူတို့ဆိုင် နောက်ဖေးလမ်းကြားထဲမှာ အမျိုးသမီးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတယ်။ဝီလစ်ဟာ ဒါကို တပ်အပ်မြင်လိုက်တဲ့ မျက်မြင်သက်သေဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ...
7
TMDb: 7/10 21 votes
tv

Interior Chinatown (2024)

2024
Social Savvy Class 101 (2024)
Social Savvy Class 101 (2024) Social Savvy Class 101 (2024) ******************************စ/ဆုံးဒရမ်မာမထွက်ခင် Dating confirmထားတဲ့ အတွဲလေးရဲ့ ရိုမန့်စ်ဒရမ်မာကတော့ ဒီနေ့ထွက်ရှိလာပါပြီ။Castတွေအဖြစ် "Night has come, Twenty-Twenty" ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Kim Woo Seok.."Pyramid Game"ဇာတ်ကားမှ မင်းသမီးချောလေး Kang Na Eonတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း --------------ဂန်ဝူဘင်ဟာ ရုပ်ချော ဉာဏ်ကောင်းပြီး ကျောင်းမှာ ‌‌popularအဖြစ်ဆုံးသူတစ်ယောက်ဖြစ်တဲ့အပြင်...အေဂျင်စီတစ်ခုရဲ့ အိုင်ဒေါ trainee တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြီးပြည့်စုံလွန်းတဲ့သူ့မှာ...လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ ဂင်ဂျီအွန်းကတော့ ကျောင်းမှာ လူမှုဆက်ဆံရေးညံ့တဲ့ကောင်မလေးပါ။တစ်နေ့မှာ သူမဟာ အမည်မသိအဖွဲ့appတစ်ခုဖြစ်တဲ့ "Inssa Time"ရဲ့ မန်နေဂျာဖြစ်လာပြီး...တစ်ကျောင်းလုံးက ကျောင်းသားအားလုံးရဲ့လျှို့ဝှက်ချက်တွေကို အမှတ်မထင် သိလိုက်ရပါတယ်။ဒါကြောင့် ဝူဘင်ရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...ဂျီအွန်းကရော အဲဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးမလား..သူတို့နှစ်ယောက်ကြားက lovelineကရော ဘယ်လို ပေါ်ပေါက်လာပြီး...ဘယ်လိုရိုကြမလဲဆိုတာ...ရင်တဒိတ်ဒိတ်နဲ့ စောင်ကိုက်ရင်းကြည့်ရှုရမယ့် ဒရမ်မာလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကို Htoo Pyae Pyae ...

Social Savvy Class 101 (2024)

2024
Rurouni Kenshin (2023) 8.3
Rurouni Kenshin (2023) IMDb 9.2/10​လေလွင့်ဆာမူရိုင်းကြီးအ​ကြောင်းက​တော့ လူတိုင်းနီးပါးသိပြီးကြ​လောက်ပြီဖြစ်လို့အညွှန်းကိုမ​ရေးခင် ဇာတ်အိမ်အ​ခြေတည်ရာ​ခေတ်ကိုအကြမ်းဖြင်း​ပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝက​နေအနားယူပြီး အသွား​ပြောင်းပြန်ဓါးကိုကိုင်ကာ ​လျှောက်သွား​နေတာက မဲဂျီ​ခေတ်ပါ။မဲဂျီ​ခေတ်ဟာ ၁၈၆၈က​နေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှု​တော်လှန်​ရေးနဲ့​စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်​ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီ​ခေတ်မတိုင် အဲဒို​ခေတ်က​တော့ ၁၆၀၃က​နေ ၁၈၆၈အထိနှစ်​ပေါင်း ၂၆၀​လောက်ကြာခဲ့ပြီး အဲဒို​ခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ​တော့ ရှိုနန်တို့ရဲ့အာဏာ​လျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ အ​နောက်တိုင်း ပညာရပ်နဲ့ယဥ်​ကျေးမှု​တွေလည်း အကြီးအကျယ်​နေရာယူခဲ့ပြီး ရိုးရာယဥ်​ကျေးမှုနဲ့ဆာမူရိုင်း​တွေအ​ပေါ်မှာပါ အကြီးအကျယ် သက်​ရောက်မှုရှိခဲ့တာ​ကြောင့်ဆိုင်ဂို တာခါမိုလိဦး​ဆောင်တဲ့ ဆာမူရိုင်း​တွေဟာ ဘုရင့်​တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်​ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)​လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်​ကောင်စဖြစ်တဲ့​ခေတ်က​တော့ မဲဂျီ​ခေတ်အကူးအ​ပြောင်းကာလ အဲဒို​ခေတ်ပြီးဆုံးခါနီးဘခုမဆွတ်​ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီ​ခေတ်အ​ပြောင်းအ​ခြေအ​နေပါ။ဇာတ်လမ်းအကျဥ်းက​တော့ ဘခုမဆွတ်​ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီး​တွေပါထ​စေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်​ယောက်ဇာတ်မြုတ်ပြီး​နောက်ပိုင်းအ​ခြေအ​နေ​တွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်း​​ရေးလိုက်ပါတယ်။  File Size –  286MB  @EpisodeQuality –  1080pDuration – 24 minute (@Episode)Total Episodes: ...
8.3
TMDb: 8.3/10 94 votes
tv

Rurouni Kenshin (2023)

2023
Dragon Ball DAIMA (2024) 9
Dragon Ball DAIMA (2024) IMDb 8.5/10 IGN 7/10ဒီစီးရီးကတော့ ဆရာAkira Toriyamaမကွယ်လွန်ခင် နောက်ဆုံးကိုင်ပေးသွားခဲ့တဲ့ ပရောဂျက်မလို့မထွက်ခင်ကတည်းက မျှော်နေမိတယ်လို့ပြောရင်လည်းမမှားပါဘူး။နည်းနည်းသောက်ကြီးသောက်ကျယ်ပြောရရင်တော့ Dragon Ballရဲ့သမိုင်းကြောင်းက အတော်ကိုကြီးပါတယ်။Animeဆိုတာပေါ်တာကြာပြီဖြစ်ပေမဲ့ တကမ္ဘာလုံးမှာပါ animeတွေလူစသိခဲ့တာက Dragon Ballကြောင့်ပါ။ပြီးတော့ Dragon Ballဟာ တရုတ်ဂန္ဓဝင်ဝတ္ထု Journey to the west ကို အခြေခံထားတာဖြစ်တဲ့အပြင်အရမ်းကိုပေါက်သွားခဲ့တာမလို့ တရုတ်ပြည်မကရုပ်ရှင်အဖွဲ့တဖွဲ့ဟာငါတို့ဆီကနေဇာတ်လမ်းယူထားတဲ့ကာတွန်းတောင်ပေါက်နေတာဆိုတော့ ငါတို့လည်းဘာလို့မရိုက်နိုင်ရမှာလဲဆိုပြီးအာရှမှာအရမ်းပေါက်ခဲ့တဲ့Journey to the west ဂန္ဓဝင်စီးရီးပေါ်လာခဲ့တာပါ။ဒီစီးရီးရဲ့ဇာတ်လမ်းက အစပဲရှိသေးတော့ အကျဉ်းကိုတိုတိုပဲ ‌ပြောပြပါတော့မယ်။မိစ္ဆာဘုရင်တပါးပေါ်လာပြီး Gokuတို့ဟာ အန္တရာယ်ပေးနိုင်တဲ့သူတွေအဖြစ်ကြောက်ရွံ့ပြီးDragon Ballတွေကိုစုစည်းကာ Gokuတို့ကို အသက်ငယ်သွားအောင်ဆုတောင်းခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်လာတာပါ။ကျန်တာတော့ တပတ်တခါအသစ်ထွက်မှမျှော်တော့နော်။  File Size :  600 MB Quality : WEB-DL 1080p Running Time : 23min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
9
TMDb: 9/10 5 votes
tv

Dragon Ball DAIMA (2024)

2024
The Franchise (2024) Season 1 6.4
The Franchise (2024) Season 1  အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး  လူတော်တော်များများဟာ စူပါဟီးရိုးရုပ်ရှင်တွေကို သဘောကျတတ်ကြပါတယ် ။ ဒါပေမဲ့ အဲဒီရုပ်ရှင်တွေ ဖြစ်လာဖို နောက်ကွယ်ကပေးဆပ်မှုတွေကတော့ တစ်ခါတလေမှာ အမေ့လျော့ခံဖြစ်နေတတ်ကြပါတယ် ။ဒီတစ်ခေါက် The Franchise လိုခေါ်တဲ့ စီးရီးသစ်မှာတော့ဘက်ပေါင်းစုံက ပြဿနာအမျိုးမျိုးတက်နေတဲ့ Tecto :The Eye of Storm ဆိုတဲ့ စူပါဟီးရိုးရုပ်ရှင်ကို ထုတ်လုပ်ဖိုကြိုးစားကြတဲ့ အဖွဲသားတွေအကြောင်းကို ဟာသဇာတ်နှောရင်းရိုက်ကူးပြထားတာဖြစ်ပါတယ် ။အချင်းချင်း မျက်နှာကြောမတည့်ကြတဲ့ သရုပ်ဆောင်တွေ ၊လောကကြီးနဲ့ ကင်းကွာနေတဲ့ ဒါရိုက်တာ ၊ ဒါ့အပြင် ပြိုင်ဘက်ရုပ်ရှင်တစ်ကားကပါ ဝင်ရှုပ်လာတဲ့အခါ လက်ထောက်ဒါရိုက်တာဒန်နီရယ်တစ်ယောက် ဘယ်လိုစခန်းသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ဒါဆိုရင်တောင် Tecto : The Eye of Storm ရုပ်ရှင်ကြီးအောင်မြင်စွာ အဆုံးသတ်သွားမလားဆိုတာကိုတော့CM နဲ့ အတူတူ စောင့်ကြည့်လိုက်ရအောင်နော် ...
6.4
TMDb: 6.4/10 16 votes
tv

The Franchise (2024) Season 1

2024
Where’s Wanda? (2024) Season 1 6.2
Where’s Wanda? (2024) Season 1  ဂျာမန်စကားပြော ဟာသစီးရီးလေးကို တင်ဆက်လိုက်ပါတယ်..ဆွန်ဒါရှိုင်းဆိုတဲ့ မြို့သေးသေးလေးမှာ Dedo Klatt နဲ့ Carlota Klatt တို့ ဇနီးမောင်နှံ၊ ခပ်ဆိုးဆိုးသမီးလေး Wanda Klatt နဲ့ မောင်ဖြစ်သူ Ole Klatt တို့ သာမန်လူလတ်တန်းစား မိသားစုတစ်စု ရှိပါတယ်..Nuppelwocken ဆိုတဲ့ သူတို့အရပ်က ဟောလိုးဝင်းဆန်ဆန် ပွဲတော်ရက်မှာပဲ Wanda တစ်ယောက် အစအနမရှိအောင် ပျောက်သွားခဲ့တယ်..ဒီလိုနဲ့ သတင်းစာရှင်းလင်းပွဲ၊ တီဗွီအစီအစဉ်တွေနဲ့ ဒရာမာတွေခင်းခဲ့ပေမယ့် အကြောင်းမထူးလာပါဘူး..ဒါ့အပြင် အချက်အလက်များအရ ပျောက်ဆုံးတဲ့ရက် ၁၀၀ ကျော်သွားရင် ပျောက်ဆုံးသူကို ပြန်တွေ့နိုင်ချေ ၁၀% အောက်ရောက်သွားမယ်ဆိုတဲ့ စကားကိုယုံပြီး ရက် ၁၀၀ မပြည့်ခင် ရက် ၃၀ အလို၇၀ ရက်မြောက်မှာ သူတို့လင်မယားက Wanda အင်္ကျီရှာတွေ့တဲ့နေရာဝန်းကျင်ပတ်လည်က အိမ်ပေါင်းခြောက်ဆယ်ကျော်ကို သူတို့ကိုယ်တိုင် လျှို့ဝှက်ထောက်လှမ်းစုံစမ်းဖို့ ကြိုးစားတဲ့အခါမှာတော့သူများမိသားစုတွေရဲ့ လျှို့ဝှက်ချက်တွေသိလာရပြီး ဘယ်လိုအရှုပ်အထွေးတွေထဲ ပတ်သက်မိမလဲဆိုတာကို ...
6.2
TMDb: 6.2/10 9 votes
tv

Where’s Wanda? (2024) Season 1

2024
Dan Da Dan (2024) 8.774
Dan Da Dan (2024) IMDB – 8.8/10, MyAnimeList – 8.7/10ဒန်တန့်တန်လေး မထွက်ခင်ကတည်းက နာမည်ကြီး Manga ကိုAnime လုပ်မှာဆိုပြီး Hype ခဲ့ကြတာ အခု တကယ်ထွက်လာတော့လည်းCritic တွေကြား Fan တွေကြား အပိုင်း ၁ နဲ့တင် ပွဲခံနေကြပါပြီ။ကျွန်တော်လည်း Manga မဖတ်ဖူးပါဘူး ဒါပေမဲ့ အပိုင်း ၁ ကြည့်လိုက်တာတော့ ချက်ချင်းကြွေမိသွားပါတယ်။ဇာတ်လမ်းကလည်း အစကတည်းက ဝုန်းဒိုင်းကြဲ လာ ဖြစ်ချင်ရာဖြစ်မယ်ဆိုပြီး သောင်းကျန်းထားတာရယ်။- ဘဲက ဖြတ်သွားလို့ဆိုပြီး ကြွေကွဲလူငယ်ဖြစ်နေတဲ့ Ayase Momo ဆိုတဲ့ စွာတေးလန်မလေးရယ်- အတန်းထဲမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ အူစကူ မှန်ကြောင်လေး Ken Takakura ရယ်ကောင်မလေးက သရဲယုံတယ် ကောင်လေးက ဂြိုလ်သားယုံတယ်အဲဒါ ၂ ယောက်သား ရန်ဖြစ်ပြီး စိန်ခေါ်တယ် “သရဲမယုံတဲ့ကောင် သရဲခြောက်တယ်ဆိုတဲ့ နေရာသွား”“ဂြိုလ်သားမယုံတဲ့နင် ဂြိုလ်သား ...
8.774
TMDb: 8.774/10 31 votes
tv

Dan Da Dan (2024)

2024
U-Prince: The Badass Baker (2016)
U-Prince: The Badass Baker (2016) စားဖိုမှူးလေး ကျွန်မချစ်သူ (၂၀၁၆) / U-Prince: The Badass Baker (2016) **************************************************************စ/ဆုံး ဒီတစ်ခါမှာတော့ U-Prince ရဲ့ ၄ခုမြောက်စီးရီးဖြစ်တဲ့ The Badass Baker ကိုတင်ဆက်ပေးလိုက်ပါတယ်။အချက်အပြုတ်ဌာနရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဒက်ရှ်၊ သူဟာ မိခင်ရဲ့ သွေးအပြည့်ပါလာသူဖြစ်ပြီး...အချက်အပြုတ်ပိုင်းမှာ မိခင်ဖြစ်သူလိုပဲ ဝါသနာပါလွန်းသူဖြစ်တဲ့အတွက် မေဂျာယူတဲ့အခါမှာတော့...အချက်အပြုတ်ဌာနကိုရွေးချယ်ခဲ့သူတစ်ယောက်ပေါ့။ အခြေအနေတွေကြောင့် နေစရာတိုက်ခန်းရှာရင်းနဲ့...တီရက်စ်တို့ကွန်ဒိုမှာ အခန်းငှားစရာတစ်ခန်းရှိနေတာရယ် အဲဒီအခန်းမှာ ဒက်ရှ်ရဲ့အကြိုက်ဆုံးအချက်ကတော့...အရမ်းကိုလှတဲ့မီးဖိုချောင်ရှိနေတဲ့အကြောင်းပြချက်နဲ့ တီရက်စ်တို့ရဲ့ကွန်ဒိုမှာ ငှားနေဖြစ်သွားပါတယ်။ဒီလိုနေတဲ့အခါမှာ သူတစ်ယောက်တည်းတစ်ခန်းမဟုတ်ဘဲ ရီနီဆိုတဲ့ကောင်မလေးနဲ့ ...တစ်ခန်းကို နှစ်ယောက်မျှသုံးရဖို့ဖြစ်လာပါတယ်။ ရီနီဆိုတာကတော့ စာရေးဆရာမလေးဖြစ်ပြီးတော့...ညစ်ပတ်တဲ့နေရာမှာလည်း ဆရာတစ်ဆူလိုပါပဲ။ ကျောင်းစာက တစ်ဖက် စာမူအပ်ဖို့ကတစ်ဖက်နဲ့ ...အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ဝေးစွ ရေတောင် မချိုးဘဲ ညစ်တီးညစ်ပတ်နေထိုင်သူဖြစ်ပြီး...အိမ်မှာလည်း အမှိုက်တွေနဲ့ပြည့်တဲအထိကို ဖြစ်နေပါတယ်။ ဒီလိုနဲ့ အသန့်ကြိုက်တဲ့ ကိုကို စားဖိုမှူးဒက်ရှ်နဲ့ ...ညစ်ပတ်လွန်းတဲ့ စာရေးဆရာမလေးရီနီတို့ ...အခန်းတစ်ခုကို မျှပြီး သုံးဖို့အကြောင်းဖန်လာခဲ့ရာကနေ...ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်...Drama: ...

U-Prince: The Badass Baker (2016)