Channel Myanmar

2024

Through Rocks and Clouds (2024) Raíz 6.0
Through Rocks and Clouds (2024) Raíz Through Rocks and Clouds (2024) RaízIMDb Rating (6.0) / Rotten Tomatoes (38%) ဒီဇာတ်ကားကတော့ ဆာဘီးယားဇာတ်ကားဖြစ်ပါတယ်။ ဆာဘီးယားနိုင်ငံကအရှေဥရောပက ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နိုင်ငံအစုံကရုပ်ရှင်ဇာတ်ကားတွေကိုမြည်းစမ်းကြည့်ရတာကောင်းပါတယ်။ စလာလာချင်းကတော့ ဘာဇာတ်ကားကြီးလဲပေါ့ တစ်ဖြည်းဖြည်းမှကြည့်ကောင်းလာပြီး ရယ်ရတဲ့ ဇာတ်ကားတစ်ကားပါ။ရယ်မောတာကလူကိုအသက်ရှည်စေတယ်ဆိုရင် ကလိထိုးရယ်ခိုင်းတာမဟုတ်ဘဲ သေချာဇာတ်ကွက်ချပြီးရယ်ရအောင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဒီလိုဇာတ်ကားလေးတွေက စိတ်အပန်းပြေစေပါတယ်။ဒီဇာတ်ကားက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဆုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းမက်ကိုက ဖဲကစားတာကြိုက်တဲ့လူဖြစ်ပြီး သူ့မှာ ဇာရီးဆိုတဲ့ သားချောလေးတစ်ယောက်ရှိပါတယ်။ သူ့အဖေမှာ ဘိလပ်မြေစက်ရုံရှိပေမဲ့ ဒါးဒန်ဆိုတဲ့လူကိုရောင်းပစ်လိုက်ပြီး မက်ကို့ ကိုလည်း တစ်ပြားမှမပေးပါဘူး။ သူ့အဖေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရပါတယ်။မက်ကိုက ရုရှဘက်ကလာတဲ့ ဒီဇယ်တွေကိုမှောင်ခိုဝယ်ဖို့ပိုက်ဆံလိုလို့ သူ့အဖေရဲ့ငယ်ချင်း ဂါဂါ ဆီမှာသွားချေးပါတယ်။ သူ့အဖေရဲ့ ကျေးဇူးရှိတယ်ဆိုပြီး ဂါဂါကချေးလိုက်ပါတယ်။ ဂါဂါ့မှာ မိန်းမယူခိုင်းလို့မရတဲ့ ဂျူနီယာဂါဂါဆိုတဲ့ မြေးတစ်ယောက်ရှိပါတယ်။ဒါးဒန်က ဘူလ်ဂေးရီးယား အကောက်ခွန်အရာရှိတွေနဲ့သိလို့မက်ကိုကရှယ်ယာထည့်ခိုင်းရင်းသွားအကူညီတောင်းတော့ဒါးဒန်က သဘောတူလိုက်ပါတယ်။တကယ် နယ်စပ်ကနေဖြတ်ပြီး ရထားလည်းရောက်ရော မက်ကိုအိပ်ဆေးခပ်ခံရပြီး ဒီဇယ်တွေအတွက် ချေမယ့်ငွေကိုလည်းအလုခံလိုက်ရပါတယ်။ ဒါးဒန်ကမက်ကို့ကိုအကြွေးပြန်တောင်းပါတယ်။မပေးနိုင်ရင် ...
movie

Through Rocks and Clouds (2024) Raíz

2024
Vulcanizadora (2024) 6.2
Vulcanizadora (2024)  Vulcanizadora (2024)IMDb Rating (6.2) / Rotten Tomatoes (98%) "Vulcanizadora" က Joel Potrykus ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုလို ဆိုနိုင်ပြီး ဘဝရဲ့ အဓိပ္ပါယ်၊ လူတွေရဲ့ ဆက်ဆံရေးနဲ့ စိတ်ဒဏ်ရာတွေကို ပြန်တွေးမိအောင် ပုံဖော်ရိုက်ကူးထားပါတယ်။ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Marty (Joshua Burge) နဲ့ Derek (Joel Potrykus) တို သူငယ်ချင်းနှစ်ယောက်က Michigan သစ်တောထဲမှာ ခရီးထွက်လာကြတယ်။Marty က စကားသိပ်မပြောဘဲ တိတ်ဆိတ်နေတတ်သူဖြစ်ပြီး Derek ကတော့ စကားများပြီး စိတ်မငြိမ်တဲ့ သူငယ်ချင်းဖြစ်တယ်။ဒါပေမယ့် သူတိုရဲ့ ခရီးက သာမန် လျှောက်လည်တဲ့ခရီးမဟုတ်ဘဲ ထိတ်လန့်စရာ သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ဖိုအတွက်ဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်းမဟုတ်တဲ့ အမှားတွေဖြစ်လာချိန်မှာတော့ အကျိုးဆက်တွေကို တရားရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.7 GB) ...
movie

Vulcanizadora (2024)

2024
We Will Not Fade Away (2024) 7.3
We Will Not Fade Away (2024)  We Will Not Fade Away (2024)IMDb Rating (7.3)  ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကားဟာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတဲ့ ဇာတ်ကားတစ်ကားမဟုတ်ပါဘူး။ တကယ်အပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ Documentary အမျိုးအစားဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ထဲမှာဆိုရင် အရှေ့ယူကရိန်းဒေသဖြစ်တဲ့ ဒွန်းဘတ်စ်ဒေသက လူငယ်ငါးဦး (အန်ဒရီ၊ လီရာ၊ လီဇာ၊ အီလီရာ၊ ရတ်စ်လန်) တို့ရဲ့ နေ့စဉ်ဘဝ၊ စစ်အန္တရာယ်အောက်မှာ ဖြတ်သန်းနေရတဲ့ အသက် ၁၅-၁၇ နှစ်အရွယ် လူငယ်တွေကြားက အိပ်မက်နဲ့ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒတို့ကို ဖော်ပြထားပါတယ်။သူတို့ဆီကို မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာစေတဲ့အရာကတော့ ဟိမဝန္တာတောင်တက်ခရီးစဉ်ပဲဖြစ်ပါတယ်။ ပွဲစီစဉ်သူဖြစ်တဲ့ ဗလက်တင်း ချေဟာဘတ်ချို့ဟာ စစ်ဖြစ်နေတဲ့ဒေသက လူငယ်တွေကို စစ်ပွဲအခြေအနေကနေ ကွာဝေးအောင်ဖန်တီးပြီး ငြိမ်းချမ်းမှုတစ်ခုရအောင်၊ စိတ်ကူးအိပ်မက်တွေကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် non-formal education program တစ်ခုအနေနဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ရက်သတ္တပတ်လောက်ပဲကြာတဲ့ခရီးစဉ်ဆိုပေမယ့် သူတို့တွေအတွက် ဘဝရဲ့အဓိပ္ပာယ်ကို သေချာသိမြင်လာပြီး ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေဆီ ရောက်အောင်သွားဖို့ ...
movie

We Will Not Fade Away (2024)

2024
Padre no hay más que uno 4: Campanas de boda (2024) Father There is Only One 4 5.2
Padre no hay más que uno 4: Campanas de boda (2024) Father There is Only One 4  Padre no hay más que uno 4: Campanas de boda (2024)IMDb Rating (5.2) ဒါကတော့ စပိန်ဟာသကားလေးပါ ။ ဒါရိုက်တာ Santiago Segura မှရိုက်ကူးထုတ်လုပ်ထားပြီး အရှေ့မှာထွက်ခဲ့တဲ့ Father There Is Only One (2019), Father There Is Only One 2 (2020), Father There Is Only One 3 (2022) တို့ရဲ့အဆက်ပဲဖြစ်ပါတယ်။ဇာတ်ညွန်းကတော့ ကလေးအများကြီးရှိတဲ့မိသားစုတွေမှာ တစ်နေ့တစ်မျိုးမရိုးရတတ်ပါဘူး။ တစ်ယောက်တည်းတောင် ထိန်းမနိုင်တာ၊ အရွယ်မတူတဲ့ သုံးလေး‌ယောက်လုံးပြိုင်ပြီး ဗရုတ်သုတ်ခပေါင်းစုံဖြစ်လာတော့ အရှုပ်တော်ပုံပေါ်လာတော့တာပါပဲ။နာမည်ကြီးခရေဇီသမီးဖြစ်သူ၊ ဉာဏ်ကြီးရှင်ယောင်ယောင်သားငယ်၊ ကြောင်နဲ့ကြွက်လိုမျိုး အငယ်ဆုံးကလေးနှစ်ယောက်၊ သူသိသူတတ်သမီးလတ်နဲ့ ၁၈ ပြည့်လို့ ယောကျာ်းယူတော့မယ်ဆိုတဲ့ သမီးကြီးတို့အပြင် အသက်ကြီးပေမဲ့ အိမ်မခွဲသေးတဲ့ ...
movie

Padre no hay más que uno 4: Campanas de boda (2024) Father There is Only One 4

2024
Dismissed (2024) Clasat 6.0
Dismissed (2024) Clasat  Dismissed (2024)အေအိုင်တစ်ခုကို ဖွံ့ဖြိုးထုတ်လုပ်ဖို့လုပ်နေတဲ့ ကော်ပိုရေးရှင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပြီး စံပြ၀န်ထမ်းတစ်ယောက်တည်း သေဆုံးခဲ့ပါတယ်။ဒါပေမဲ့ အမှုက သိပ်မကြာဘူး ပယ်ချခံခဲ့ရပြီးတော့ တိတ်တဆိတ်သာ ပြီးသွားခဲ့ပါတယ်။ဒါကို လက်မခံတဲ့ အလွတ်တမ်းစုံထောက်တစ်ယောက်က ဒီကိစ္စကို စလိုက်ခဲ့ပြီး သေဆုံးသူအဲမီရာရဲ့လူမှုအသိုင်းအဝိုင်းက လူတွေကို အင်တာဗျူးလိုက်လုပ်ရင်း ဒီအမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ဖော်ထုတ်သွားတာကို ကြည့်ရမှာပါ။ဒီမှာဆိုရင် ကမ္ဘာကြီးပေါ်မှာ အေအိုင်ဆော့ဝဲလ်တွေရဲ့ အန္တရာယ်နဲ့ ဒီလိုအေအိုင်မျိုးကို တိုးတက်အောင်လုပ်ဖို့ ၀န်ထမ်းတွေ နေ့စဉ်လုပ်နေရတဲ့ အန္တရာယ်များတဲ့အလုပ်တွေကို သူတဖြည်းဖြည်းသိလာပါတော့တယ်။ဒီဟာတွေက ဘာတွေလဲ ဒီအမှုကိုရော သူနောက်ဆုံးမှာ ဖြေရှင်းသွားနိုင်မလားကို ကြည့်ရှု့ရမှာပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:32:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
movie

Dismissed (2024) Clasat

2024
Along Came Love (2024) Le temps d’aimer 6.5
Along Came Love (2024) Le temps d’aimer  Along Came Love (2024)IMDb Rating (6.5) / Rotten Tomatoes (88%) Madeleine က သားလေးတစ်ယောက်ရှိတဲ့ single mom စာပွဲထိုးတစ်ယောက်ဖြစ်ပြီးတော့ လူချမ်းသာမိသားစုက ကျောင်းသားဖြစ်တဲ့ François နဲ့ ချစ်ကြိုက်ပြီး မကြာခင်မှာပဲ လက်ထပ်ခဲ့ကြတယ်။ဒါပေမဲ့ သူတိုနှစ်ယောက်လုံးမှာ လူ့အသိုင်းအဝိုင်းကနေ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကိုယ်စီ ရှိနေခဲ့ကြတယ်။Madeleine ရဲ့ လျှိဝှက်ချက်က သူအရင်ကချစ်ကြိုက်ခဲ့တဲ့ သူ့သားလေးရဲ့ဖခင်က ဂျာမန်စစ်သားတစ်ယောက်ဖြစ်နေပြီး François ရဲ့ လျှိဝှက်ချက်ကတော့ သူက လိင်တူချင်းချစ်ကြိုက်တဲ့ homosexual တစ်ယောက်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းက ၁၉၄၀ နောက်ပိုင်းကနေ ၁၉၆၀ အတွင်း ခေတ်ကာလကို ရိုက်ကူးထားတာဖြစ်ပြီး Madeleine နဲ့ François တိုရဲ့ ချစ်ခြင်းမေတ္တာ၊လူမှုရေးဖိအားနဲ့ မိသားစုပြဿနာတွေကို ဖော်ပြထားတဲ့ အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (3.1 ...
movie

Along Came Love (2024) Le temps d’aimer

2024
The Teacher Who Promised the Sea (2024) 7.4
The Teacher Who Promised the Sea (2024)  The Teacher Who Promised the Sea (2024)IMDb Rating (7.4) / Rotten Tomatoes (100%) တစ်ခါတလေကျ ရုပ်ရှင်မှာ ပြဿနာတစ်ခုရှိတယ်။ အဲဒီပြဿနာကို တန်ဖိုးဖြတ်ပုံ စံနှုန်းမတူညီခြင်းလို့ ခေါင်းစဉ်တပ်လည်းရတယ်။ ခံစားပုံခံစားနည်းခြင်းမတူလို့ ခံစားချက်ကွဲသွားတယ်ပြောလည်းရတယ်။ဥပမာဆို ကျွန်တော်က ကျွန်တော်နေတဲ့ မြို့ကလေးကို ရည်းစားစာပေးတဲ့အနေနဲ့ ကျွန်တော်က ဇာတ်လမ်းတစ်ပုဒ် ရိုက်လိုက်တယ်ထား။ ကျွန်တော်ကတော့ ဇာတ်ကောင်ကို အဓိကမထားဘဲ ဒီမြို့ကလေးရဲ့ သမိုင်းကြောင်းနဲ့ ဒီမြို့ကလေးနဲ့ ဒီမြို့သားတွေရဲ့နှလုံးသားနဲ့ကြားက ကွင်းဆက်လိုဖြစ်နေတဲ့ နေရာတွေကို အဓိကရိုက်ပြလိုက်မှာပဲ။ဒီအခါ ဒီမြို့ရဲ့သမိုင်းကို သိကြတဲ့လူတွေအတွက်တော့ ဒီနေရာတွေကို ပြတာက ထိခတ်ချင် ထိခတ်မယ်။ မသိတဲ့လူတွေအတွက်တော့ ဘာတွေလာပြနေတာလဲဆိုပြီး နည်းနည်းဝေးသွားလိမ့်မယ်။ ဘာကြီးလဲလို့ ပြောစရာဖြစ်ချင်ဖြစ်သွားလိမ့်မယ်။တစ်ခါတလေကျ ရုပ်ရှင်မှာ အဲဒီလိုပြဿနာမျိုး ရှိတယ်။ စကားလုံးနဲ့မဟုတ်တဲ့အတွက် ယူသလိုပဲရတဲ့ ပမာဏက ပိုမြင့်မားသွားတတ်တယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုပြဿနာရှိတဲ့ ရုပ်ရှင်မျိုးပဲ။ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဖြစ်ခဲ့တဲ့ ...
movie

The Teacher Who Promised the Sea (2024)

2024
Unspeakable: Beyond The Wall of Sleep (2024) 4.2
Unspeakable: Beyond The Wall of Sleep (2024)  Unspeakable: Beyond The Wall of Sleep (2024)IMDb Rating (4.2) ဇာတ်လမ်း အကျဉ်းကတော့နာမည်ကြီး စိတ်ရောဂါကု ဆရာဝန် တစ်ယောက် ဖြစ်တဲ့ အမ်ဘရို့စ် လန်ဒန် လို့ ခေါ်တဲ့ ဆရာဝန် တစ်ယောက်ကို လူတစ်ကိုယ် စိတ်နှစ်ခု ဖြစ်နေတဲ့ လူနာတစ် ယောက်ကို ကြည့်ရှု့ ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။အဲ့ဒီ လူနာဟာ တစ်ကိုယ် နှစ်စိတ် မကပဲ ခန္ဓာကိုယ် တစ်ခုတည်းမှာ လူ နှစ်ယောက် ရှိနေတာကို သိရှိလိုက်ရပြီးတဲ့နောက် မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို တော့ ဇာတ်ကားထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ့ခင်ဗျ။ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။)File size…(1.2 GB) / (570 MB) Quality….WEB-Rip 1080p HEVC ...
movie

Unspeakable: Beyond The Wall of Sleep (2024)

2024
Suppressed (Aka) Němá tajemství (2024) 7.1
Suppressed (Aka) Němá tajemství (2024)  Suppressed (Aka) Němá tajemství (2024)တိကုဆရာဝန်တစ်ယောက် မြင်းကန်တဲ့ဒဏ်ရာနဲ့ စကားပြောနိုင်စွမ်းရော အသိဉာဏ်ရော ဆုံးရှုံးသွားခဲ့တယ်။ဇနီးဖြစ်သူနဲ့ အမေဖြစ်သူတို့က အဆင်မပြေကြပေမဲ့ ညှိရင်းနှိုင်းရင်း လူနာဖြစ်သူ အဆင်ပြေဖို့နည်းလမ်းတွေရှာခဲ့ကြတာပေါ့။နောက်ထပ်ပေါ်လာတာက မြင်းပိုင်ရှင်ဖြစ်သူ သားမိနှစ်ယောက်၊ သူ့မြင်းကြောင့်ဖြစ်ရတာဆိုပြီး တာဝန်ယူမှုတာဝန်ခံမှုတွေလုပ်ရင်း လူနာကို ကူညီစောင့်ရှောက်ပေးခဲ့တယ်။လူနာ ရုတ်တရက်သေသွားချိန်မှာတော့ တရားခံဘယ်သူလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.3 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery Duration…. 01:42:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo
movie

Suppressed (Aka) Němá tajemství (2024)

2024
Hotii de Subiecte (2024) High School Thieves 6.4
Hotii de Subiecte (2024) High School Thieves  High School Thieves (2024)IMDb Rating (6.4) ဒီဇာတ်ကား လေးက တော့ ဆိုဖီယာ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း လေးဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ဆိုဖီယာ ဆိုတဲ့ ကောင်မလေး တစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်နေ့မှာ ဆွစ်ဇာလန် မှာ ရှိတဲ့ ကောလိပ် တစ်ခုက လက်ခံ ကြောင်း စာတစ် စောင် ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ကောလိပ်တက်ဖို့ ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေတာ ကြောင့် အမေ ဖြစ်သူက ဘိုးဘွားပိုင် အိမ်ကို ရောင်းပြီး သူ့သမီးလေးကို ကောလိပ်ပို့ဖို့ ကြိုးစားပါတော့တယ်။တချိန်ထဲမှာပဲ ဆိုဖီယာဟာ သူ သဘောကျရတဲ့ ကောင် လေးက သူ့စီမှာ ရှိတဲ့ နောက်ဆုံးစာမေးပွဲ ရဲ့ မေးခွန်း တွေ ကို ရောင်း ပေးပါဆိုပြီး ကမ်းလှမ်း လာတဲ့ ...
movie

Hotii de Subiecte (2024) High School Thieves

2024
Mananambal (2024) 6.1
Mananambal (2024) Mananambal (2024)IMDb Rating (6.1) နာမည်ကြီး vlogger တွေဖြစ်တဲ့ ယောက်ျားလေး သူငယ်ချင်းလေးယောက် content ရဖိုအတွက် ‌အင်တာနက်ပေါ်မှာ ရောဂါတွေကိုကုပေးလို ကုစားသူဆိုပြီး ရေပန်းစားနေတဲ့ စုန်းမရှိတဲ့ရွာကို ခရီးထွက်ခဲ့ကြတယ်။သူတိုက သူတိုရဲ့ channel နာမည်ကြီးအောင် အဲဒီစုန်းမကို အင်တာဗျူးလုပ်ဖိုရည်ရွယ်ချက်နဲ့ လာခဲ့တာပဲဖြစ်ပါတယ်။ရွာကိုရောက်တော့ စုန်းမကြီးရဲ့ သမီးဖြစ်သူ မိန်းမလှလေးနဲ့တွေ့ပြီး ခင်မင်ရင်းနှီးရင်း သူငယ်ချင်းတွေအကုန် ကြိတ်ကြိုက်နေခဲ့ကြတယ်။ဒါပေမဲ့ စုန်းအတတ်က ရောဂါကပ်ဆိုးတွေကို ကုစားပေးနိုင်သလို အမှားလုပ်မိရင် ကျိန်စာတိုက်အပြစ်ပေးနိုင်တာကြောင့် သူတိုသူငယ်ချင်းလေးယောက် ဘယ်လိုဆိုးရွားတဲ့အကျိုးဆက်တွေကို ခံရမလဲ၊ အမှားတွေကိုပြန်ပြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ကျောတချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(4.8 GB) / (1.3 GB) / (580 MB) Quality….WEB-DL 4K HEVC / 1080p HEVC ...
movie

Mananambal (2024)

2024
4K HEVC
Detektif Jaga Jarak (2024) 9.2
Detektif Jaga Jarak (2024)  Detektif Jaga Jarak (2024)IMDb Rating (9.2) ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသော အယ်လ်မွန်တစ်ယောက် အခန်းငှားခမပေးနိုင်၍ အိမ်ပေါ်ကနေဆင်းခဲ့ရပါတယ်။ရည်စားဖြစ်သူကောင်မလေးကလည်း အိမ်ကနေ ယောက်ျားအတင်းပေးစားနေပြီဖြစ်သည့်အတွင်း အချိန်သုံးလအတွင်း တောင်းရမ်းလက်ထပ်ရန် ဖြစ်လာပါတော့တယ်။ရည်းစားလေးအားအရမ်းချစ်ပြီး လက်လွတ်အဆုံးရှုံးမခံနိုင်တယ့်အတွက် သုံးလအတွင်း မိန်းမတင်တောင်းရန် ပိုက်ဆံရှာရပါတော့မည်။ ဒီလိုအခြေအနေတွေကပဲ သူ့ကို စုံထောက်တစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။သူ့အနေနဲ့ ဘယ်လိုစုံထောက်မျိုးလုပ်မှာလဲ၊ ဒီအချိန်သုံးလအတွင်းမှာ လိုအပ်တဲ့ငွေကြေးကို ရှာဖွေနိုင်ပါ့မလား။ ဇာတ်အိမ်ဇာတ်လမ်းအခိုင်အမာနဲ့ကြည့်ရမယ့် Comedy Drama အင်ဒိုနီးရှား ဇာတ်ကားလေးဖြစ်ပါတယ်။စုံထောက်ကားဖြစ်သည့်အတွက်လည်း plot twist တွေအများကြီးပါတယ့် ကားလေးဖြစ်ပါတယ်။ IMDb ကလည်း 9.2/10 ရထားတာမလို့ ကြည့်ပျော်တဲ့ကားလေးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။)File size…(1.7 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:12:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT
movie

Detektif Jaga Jarak (2024)

2024
Escape (2024) 5.7
Escape (2024)  Escape (2024)IMDb Rating (5.7) ဒီ စပိန်ကားပြောဇာတ်ကားဟာ လူ့အသိုင်းအဝိုင်းရဲ့ ရတာမလို လိုတာမရတာတွေ၊ ရုပ်ရှင်ထဲမှာ သုံးသွားတဲ့ စကားလုံးအရဆိုရင် Paradox ဝိရောဓိအယူအဆကို တင်ပြသွားတဲ့ စိတ်ပညာ ဇာတ်ကားတစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ ယာဉ်တိုက်မှုတစ်ခုအတွင်းမှာ ကိုယ်ဝန်သည်ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ အန်နေး (Mario Casas) ဟာ စိတ်ထောင်းကိုယ်ကြေဖြစ်နေပြီး ထောင်ကျခံချင်နေတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ထောင်ကျချင်လွန်းလို့ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ လူတွေကို လိုက်နှောက်ယှက်တယ်၊ နောက်ဆုံးထောင်ထဲအထိဖောက်ဝင်ခဲ့ပါတယ်။ ပြစ်မှုတွေကြောင့် ထောင်ကျပြန်တော့လည်း ထောင်သက်ရှည်အောင် ထောင်ဖောက်ပြေးပြန်ပါတယ်။တစ်ချက်တစ်ချက် ထဖောက်တဲ့ ဟာသတွေကလည်း အပန်းပြေစေပါလိမ့်မယ်။ သူ့ရဲ့အမေ၊ ညီမတို့ကတောင် အော့ကြောလန်ရတဲ့၊ လူ့အဖွဲ့အစည်းကို အမျိုးမျိုး နှောက်ယှက်နေတဲ့ အန်နေးတစ်ယောက် ဘယ်လိုအဆုံးသတ်ရမလဲ (သနားရမလား၊ စက်ဆုပ်ရွံရှာရမလား) ဆိုတာကိုတော့ ရှုစားကြည့်ကြပါ။အန်နေးအဖြစ် သရုပ်ဆောင်တဲ့ Mario Casas ကို Bird box: Barcelona မှာ ...
movie

Escape (2024)

2024
Stealing Jokes (2024) 4.0
Stealing Jokes (2024)  Stealing Jokes (2024)ဟာသလောကရဲ့နောက်ကွယ်ကဖြစ်ရပ်တွေ၊ ဟာသတွေ ခိုးယူခံရခြင်းတွေနဲ့ပတ်သက်ပြီး အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူရွှင်တော်တွေရဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။လူရွှင်တော် Jake Burman နဲ့ သူ့သူငယ်ချင်းတွေက ပထမဆုံးဖျော်ဖြေရေးပွဲမှာ ပိုက်ဆံမရတာကြောင့် ပိုက်ဆံကို လုယက်ခဲ့ကြတယ်။လုလို့ရလာတဲ့ပိုက်ဆံတွေနဲ့ ခရီးထွက်လာတဲ့လမ်းမှာ ကောင်မလေးနှစ်ယောက်နဲ့ တွေ့ခဲ့ပြီး ပိုက်ဆံတွေအကုန်လုံး ဓားပြတိုက်ခံလိုက်ရတယ်။သူတို့လုယက်ခဲ့တဲ့ပိုက်ဆံတွေက လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေတွေဖြစ်နေတဲ့အခါမှာ ဂိုဏ်းစတားအဖွဲ့က သူတို့နောက်ကို လိုက်နေခဲ့တာကြောင့် လုလာတဲ့ပိုက်ဆံတွေကို ပြန်ဆပ်နိုင်ဖို့ ဖျော်ဖြေပွဲတစ်ခုကိုလုယက်ဖို့ စီစဉ်ခဲ့ကြတယ်။သူတို့စီစဉ်ထားသလို အောင်မြင်စွာ လုယက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာပဲ ကြည့်ရှုလိုက်ရအောင်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.9 GB) / (880 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Comedy Duration…. 01:29:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su ...
movie

Stealing Jokes (2024)

2024
Heretics (2024) 4.1
Heretics (2024)  Heretics (2024)Horror, footage အမျိုးအစားကြိုက်ကြတဲ့ CM ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2024 မှာထွက်ရှိခဲ့တဲ့ Heretics ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းသူငယ်ချင်းတွေဖြစ်ကြတဲ့ဆယ်ကျော်သက်အုပ်စုတစ်စုဟာ အတူတူသောက်စားရင်း ဂိမ်းတွေဆော့နေကြပါတယ်။အဲ့အချိန်မှာပဲ သူတို့ထဲကတစ်ယောက်က အဲ့နားမှာရှိနေတဲ့ စွန့်ပစ်ထားတဲ့အိမ်ကြီးဆီကို ဘယ်သူသွားရဲလဲဆိုပြီး စိန်ခေါ်ပါတယ်။အဲ့ဒီအိမ်ကြီးမှာလဲ မကောင်းတဲ့ ပါးစပ်ရာဇ၀င်တွေအမျိုးမျိုးရှိ‌လို့နေပါတယ်။ သွားချင်တဲ့သူကများနေတော့ သူတို့အားလုံး အိမ်ကြီးရှိရာကိုသွားကြပါတယ်။ ‌အိမ်ကြီးဆီရောက်သွားတဲ့အခါ ကောလဟာလတွေဟာ တကယ်ပဲလား ? ဒါမှမဟုတ် အပြောသက်သက်ပဲလား ? သူတို့ဘာတွေကြုံတွေရမလဲဆိုတာကို footage ရုပ်ရှင်အနေနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (2 GB) / (870 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Horror Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe
movie

Heretics (2024)

2024
One of Those Days When Hemme Dies (2024) 6.4
One of Those Days When Hemme Dies (2024)  One of Those Days When Hemme Dies (2024)IMDb Rating (6.4) Thrillerသာ ပြောထားတာ ဇာတ်ကားလေးက ကြည့်ရတာ မိုက်တယ်။ Drama လို့ပြောရင် ပိုမှန်မယ့် ကားမျိူးပါ။ဒီကားမှာ အဓိက ဇာတ်ဆောင်က Hemmes မဟုတ်ပဲ Eryüp ဆိုတဲ့လူပါ။Izmir မှာအလုပ်လုပ်ပြီး ပိုက်ဆံတွေရှုံးသွားတော့ ခရမ်းချဉ်သီးစိုက်ခင်းမှာအလုပ်လာလုပ်ရတယ်။ အဲ့ Hemmes ဆိုတဲ့လူက အလိုလိုနေရင်း ပြသာနာရှာလို့ အစက ဇာတ်ကောင်က သတ်မလို့ပေါ့ဗျာ။ဒါပေမယ့် အဲ့တရက်တာမှာ မသတ်ဖြစ်ပဲ တရပ်ကွက်လုံးထဲ ပတ်သွားနေပြီး ပတ်ခိုင်းခံလိုက်ရပါတယ်ဗျာ။အေးအေးဆေးဆေးနဲ့ Life of pi တို့လိုမျိုး vibe မျိူးပေးပါတယ်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(1.6 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:22:40 Subtitle….Myanmar ...
movie

One of Those Days When Hemme Dies (2024)

2024
Azzamine (2024) 7.0
Azzamine (2024)  Azzamine (2024)IMDb Rating (7.0) Jasmine က ဘာသာရေးကိုင်းရှိင်းမှုမရှိတဲ့ အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦးဖြစ်ပြီး မိဘတွေရဲ့ ပေးစားမှုကြောင့် Azzam ဆိုတဲ့ ဘာသာရေးအလွန်ကိုင်းရှိင်းတဲ့ ကောင်လေးနဲ့ မိတ်ဆက်အောင်သွယ်ပေးခံခဲ့ရတယ်။ဒါပေမဲ့ Jasmine က ဆန့်ကျင်ဘက်စရိုက်တွေကြောင့် Azzam ကို မြင်မြင်ချင်း ကြည့်မရဖြစ်ပြီး Azzam ဆီကနေ ရှောင်ဖယ်ငြင်းဆိုဖို ဆက်တိုက်ကြိုးစားခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Azzam ရဲ့ စိတ်ကောင်းရှိမှု၊ စိတ်ထားနူးညံ့မှုနဲ့ စိတ်ရှည်မှုတွေကို မြင်လာရပြီး Jasmine တစ်ယောက် တွေဝေရင်း ခံစားချက်တွေ ယိမ်းယိုင်လာပါတော့တယ်။ပြဿနာက Jasmine မှာ သူ့အဖေသဘောမတူပေမဲ့ လေးနှစ်ကြာတွဲနေခဲ့တဲ့ Deka ဆိုတဲ့ ရည်းစားလည်းရှိတာကြောင့် Azzam နဲ့ Deka ကြား ဒွိဟတွေဖြစ်ပြီး Jasmine ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.6 ...
movie

Azzamine (2024)

2024
Maharani (2024) 7.4
Maharani (2024) Maharani (2024)"မဟာရာနီ" ======================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးရဲ့ နမူနာဟာဆိုရင် ယူကျုပေါ်မှာ ကြည့်ရှုသူ ၁ သန်းခွဲတောင် ရရှိခဲ့တာပါ။ကီနာဆယ်ရီဆိုတဲ့ ရွာလေးတစ်ရွာမှာ တော်တော်လေး ဘရုတ်ကျတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။သူတိုညီအစ်ကိုနှစ်ယောက်မှာ အကြီးကောင်က အမြဲတမ်း ရည်းစားပူမိနေပြီး အငယ်ကောင်ကတော့ ရွာထဲက မိန်းကလးတိုင်းနဲ့ ပတ်ရှုပ်နေတဲ့ ပလေးဘွိင်းဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတိုညီအစ်ကိုဟာ ကိစ္စတစ်ခုကြောင့် လူတစ်ယောက်နဲ့ ပြဿနာတက်ရာကနေ တစ်ရွာလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်တဲ့ထိ ကိစ္စတွေ ကြီးကျယ်ကုန်ပါတယ်။သူတိုတွေ ဘယ်လိုပြဿနာတွေဖြစ်ကြတာလဲ၊ ညီအစ်ကိုနှစ်ယောက် ဘယ်လိုတလွဲတွေလုပ်ကြတာလဲ၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.19 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maharani (2024)

2024
After Us, the Flood (2024) Jälkeemme vedenpaisumus 5.8
After Us, the Flood (2024) Jälkeemme vedenpaisumus  After Us, the Flood (2024)ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ Finland နိုင်ငံကနေ ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံ(Sci-fi ) ကားလေးပဲ ဖြစ်ပါတယ်။ကမ္ဘာကြီးက ရာသီဥတု အပြောင်းအလဲကြောင့် ပျက်စီးလုဆဲဆဲဖြစ်နေပြီး ထက်မြက်ပြီး တော်တဲ့ သိပ္ပံပညာရှင်က ဒါကို ကယ်တင်ဖို့ အတိတ်ကိုပြန်သွားပြီး ဘယ်လိုတွေ လုပ်မလဲ။ရာသီဥတုပျက်စီးရတာက ဘယ်သူ့ကြောင့်လဲ ပြန်လာရမဲ့အချိန် အောင်မြင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးတွေကိုလဲ ရိုက်ပြထားသေးတာမလို့ သိပ္ပံချည်းသပ်သပ်မဟုတ်ပဲ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:37:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by ...
movie

After Us, the Flood (2024) Jälkeemme vedenpaisumus

2024