Channel Myanmar

1996

Romeo + Juliet (1996) 6.7
Romeo + Juliet (1996) Romeo + Juliet (1996)IMDb Rating (6.7) / Rotten Tomatoes (72 %)အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့ မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး " Romeo must die "လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ...
movie

Romeo + Juliet (1996)

1996
4K HEVC
Iron Monkey 2 (1996) 4.6
Iron Monkey 2 (1996)  ကျွန်တော်တို့လူငယ်တွေရဲ့ ငယ်ဘဝအသည်းစွဲဖြစ်တဲ့ ကိုယ်ခံပညာရှင် အိုင်ပီမန်း မင်းသားကြီး ဒွန်နီယန်ရဲ့ ငယ်ရွယ်စဉ်ကာလမှာ ရိုက်ကူးခဲ့တဲ့ ကိုယ်ခံပညာအက်ရှင်ဇာတ်ကားလေးပဲဖြစ်လို့ သေချာပေါက် ကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားမှာတော့ တရုတ်ပြည်ကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ကာလမှာ ကျောက်စိမ်းကျားဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟာ လက်နက်တွေကို မှောင်ခိုသွင်းယူပြီးတော့ ဂျပန်တွေနဲ့ လက်ဝါးချင်းရိုက်ကာ အကျင့်ပျက်ခြစားလို့နေပါတယ်။ ဒီအချိန်မှာ သံမဏိမျောက်ဆိုတာကတော့ အားလုံးက ဟိုလေးတကျော်သိကြပြီး မကောင်းမှုတွေကို တိုက်ဖျက်တားဆီးနေတဲ့ ကိုယ်ခံပညာရှင်ဖြစ်ပါတယ်။အဲမြို့ကြီးမှာ စုကျင်နဲ့ ရှောင်ချန်းဆိုတဲ့ လူတွေကို အမျိုးမျိုးပတ်လိမ်ကာ ငွေချူစားနေတဲ့ မိဘမဲ့စုံတွဲဖြစ်ပြီး သူတို့ဟာ တောကတက်လာပြီး အနဖေဖြစ်သူကိုလာရှာတဲ့ တန်ဆိုတဲ့ ကိုယ်ခံပညာရှင်လူရွယ်တစ်ယောက်ကို တစ်ပတ်ရိုက်တာ သေနတ်မှောင်ခိုတင်လာတဲ့ကားကို ဖြတ်လုပါတော့တယ်။ ဒီအချိန်မှာ သံမဏိမျောက်၊ မိဘမဲ့စုံတွဲနဲ့ အဖေလာရှာတဲ့ တန်တို့ ဘယ်လိုဇာတ်ထုပ်နဲ့ ကျောက်စိမ်းကျားတို့ရဲ့ ဒုစရိုက်မှုတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာကို အရသာခံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.1)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre... ...
movie

Iron Monkey 2 (1996)

1996
Jerry Maguire (1996) 7.3
Jerry Maguire (1996) Jerry Maguire (1996)IMDb Rating (7.3) / Rotten Tomatoes (85 %) ဒီကားထဲမှာ မင်းသား Tom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့....အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ..... သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာ အချစ်ရယ် အလုပ်ရယ် ငွေကြေးရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........ နှလုံးသားနဲ့ဦးဏှောက်ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေအတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်... ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင် ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ်ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award ...
movie

Jerry Maguire (1996)

1996
4K HEVC
Trainspotting (1996) 8.1
Trainspotting (1996)  Trainspotting (1996)IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(2.5 GB) / (980 MB) Quality….Blu-Ray 1080p HEVC / 720p Format…. ...
movie

Trainspotting (1996)

1996
Joe’s Apartment (1996) 5.5
Joe’s Apartment (1996) Joe's Apartment (1996) =================ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ ရည်ရွယ် ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေ နေသာ တစ်ချိန်လုံး သူ့အမေဆီကပဲချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခု တည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရ ခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါ တီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာဖြစ်ပြီး နေထိုင် သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက် အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ် တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့ လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား၊ သူတို့ တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက် ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.66 GB) / (986 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Musical Translator.......Alias Encoder..........SWM
movie

Joe’s Apartment (1996)

1996
Indian (1996) 8.1
Indian (1996) Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Indian (1996)

1996
The Apartment (1996) L’appartement 7.5
The Apartment (1996) L’appartement The Apartment (1996) L'appartementIMDb Rating (7.3) / Rotten Tomatoes (86%)မမ Monica Bellucci  နဲ့ Irreversible (2002) မှာအတွဲညီခဲ့တဲ့ မင်းသား Vincent Cassel တို့ရဲ့ ပထမအကြိမ်ဆုံတွေ့ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မက်စ်ဟာ ပြင်သစ်သား တစ်ဦးဖြစ်ပြီး အနည်းငယ်ပွေရှုပ်တတ်တဲ့ စရိုက်ရှိပေမယ့် အခုချိန်မှာတော့ စေ့စပ်ထားပြီးပါပြီ။ တစ်နေ့ အလုပ်ကိစ္စနဲ့ တိုကျိုကိုသွားမယ့်လမ်းမှာ တစ်ချိန်က အချစ်ဆုံး အချစ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ လီဆာလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို အတွေ့မှာတော့ သူဟာ အားလုံးကိုမေ့လျော့ပြီး အဲ့ဒီအမျိုးသမီးကို နောက်ယောင်ခံလိုက်ပါတော့တယ်။ အဲ့ဒီအမျိုးသမီး ရဲ့ တိုက်ခန်းမှာ ပုန်းအောင်းနေပြီး သူရောက်အလာထွက်တွေ့ချိန်မှာတော့ အဲ့ဒီအမျိုးသမီးဟာ လီဆာ မဟုတ်ပဲ ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့ အဲလက်စ် ဆိုတဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အချစ်နယ်ကျွံမိခဲ့ကြတယ်။ တကယ်တမ်း သူတို့မသိသေးတာက အဲလက်စ်ဟာ မက်စ်ရဲ့ ...
movie

The Apartment (1996) L’appartement

1996
Hellraiser: Bloodline (1996) 5.1
Hellraiser: Bloodline (1996) Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

Hellraiser: Bloodline (1996)

1996
Police Story 4: First Strike 6.6
Police Story 4: First Strike  ဒီကားလေးမှာတော့ ဂျက်ကီချန်းတစ်ယောက်ဟာ စီအိုင်အေနဲ့အလုပ်တွဲလုပ်ရပြီး နျူးကလီးယား လက်နက်မှောင်ခိုရောင်းချမှုနဲ့ ပါဝင်ပတ်သက်နေနိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ နာတာရှာကို ဟောင်ကောင်ကနေ ယူကရိန်းကိုသွားတဲ့ခရီးစဉ်မှာ လိုက်ပါစောင့်ကြည့်ဖို့ ရိုးရှင်းတဲ့တာဝန်ပေးလိုက်ပါတယ်။ယူကရိန်းရောက်ပြီး ဂျက်ကီရဲ့တာဝန်ပြီးသွားပေမယ့် ယူကရိန်းစစ်တပ်က နာတာရှာကိုဖမ်းသွားရာကနေ ဂျက်ကီတစ်ယောက် သူမကို လိုက်ကယ်ရင်းနဲ့ နာတာရှာဟာ အမည်မသိ အာရှအမေရိကန်အမျိုးသားတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေကြောင်း သိလိုက်ရပါတယ်။ဒီလိုနဲ့ ဂျက်ကီတစ်ယောက် စီအိုင်အေ ရှရုားတို့ပါဝင်ပတ်သက်နေတဲ့အမှုကို မဆီမဆိုင်ရောပါသွားရာကနေ အမည်မသိအာရှအမေရိကန်က ဘယ်သူလဲ နျူးကလီးယားလက်နက်ကို မသမာသူလက်ထဲမရောက်အောင်၊ နိုင်ငံရေးလှည့်ကွက်ကြားက မသမာသူက ဘယ်သူလဲဆိုတာ သိအောင်ဖော်ထုတ်ဖို့ အမှုကို ကြိုးစားဖြေရှင်းမယ့် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(2.9 GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Police Story 4: First Strike

1996
(18+) Kama Sutra: A Tale of Love (1996) 6.0
(18+) Kama Sutra: A Tale of Love (1996) သောက်စားပျော်ပါးပြီး တိုင်းရေးပြည်ရေးကို ဂရုမထားတဲ့ ဘုရင်တပါးရယ် ကာမစူတြာ လို့ခေါ်တဲ့ ကျမ်းကြီးတစ်ကျမ်းရယ်....ကာမစူတြာဆိုတဲ့ နာမည်ကျော် ကျမ်းကြီးတစ်အုပ် အဲဒီကျမ်းကြီးက အချစ်နဲ့ပက်သက်လာရင် လူတယောက်ရဲ့သဘောမနော ချစ်နည်းချစ်ဟန် စသည့် ပညာတွေပေးတဲ့စာအုပ်ဖြစ်ပါတယ်တာရာ ကတော့ မဟာသွေးမဟာနွယ်တစ်ယောက်ဖြစ်ပြီး ကာမစူတြာကျမ်းကြီးကိုသင်ခွင့်ရသူဖြစ်ပါတယ် သူ့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အစေခံမလေးတစ်ယောင်ရှိပါတယ် သူ့နာမည်က မာယာမာယာက ကာမစူတြာကို သင်ချင်ပေမဲ့သင်ခွင့်မရပါဘူးတနေ့ အဆိုပါဘုရင်နဲ့ တာရာ လက်ထပ်ဖို့အကြောင်းရှိလာပါတယ် ငယ်ငယ်ကတည်းက အပြိုင်ဆိုင်အားကြီးတဲ့ တာရာနဲ့ မာယာ နှစ်ယောက်လုံးက ညှို့အားကောင်းပြီး တခမ်းတနားတွေနဲ့ DS fans တွေ အကြိုက်သေချာတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.1GB / 942MB Quality…1080p BluRay /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Kama Sutra: A Tale of Love (1996)

1996
Mission: Impossible (1996) 7.1
Mission: Impossible (1996) Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie

Mission: Impossible (1996)

1996
4K HEVC
[18+] Striptease (1996)
[18+] Striptease (1996) Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie

[18+] Striptease (1996)

1996
Chaahat (1996) 5.5
Chaahat (1996) Chaahat (1996) **************** ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်း ရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီး တစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာ ဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့ တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေး ပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီး ရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ? ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ? မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.21GB/ 1.47GB Quality…1080p NF  WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard ...
movie

Chaahat (1996)

1996
The Cable Guy (1996) 6.1
The Cable Guy (1996) The Cable Guy (1996)~ IMDb - 6.1/10, RT - 55%, Meta - 56% ~လူတွေဆိုတာ မွေးရာပါ အထီးကျန်ဆန်တဲ့ သတ္တဝါတွေပါတဲ့။ အဲဒါကြောင့် လူတွေက အထီးကျန်မနေရအောင် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဘဝထဲမှာ ရှိနေအောင် ကြိုးစားကြတယ်။The Greatest Showman ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never Enough ထဲက စာသားလေးလိုပဲပေါ့။ တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ အစွမ်းရှိရင်တောင် ဝေမျှစရာလူမရှိရင် ဘယ်အရာကမှ မတင်းတိမ်နိုင်ဘူးလေ။ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ ကေဘယ်သမားလေးက လောကမှာ အရာရာကို လိုချင်တာရနိုင်နေတဲ့ အစွမ်းရှိနေပေမဲ့ ဝေမျှခံစားနိုင်တဲ့သူ မရှိတဲ့အတွက် သူ့ဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူနဲ့ဝေမျှခံစားပေးဖို့လူတစ်ယောက်ပါပဲ။ခုခေတ်လို အင်တာနက်တွေခေတ်မစားခင်က တီဗီဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး ဖျော်ဖြေရေးစနစ်ကြီးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ တီဗီလိုင်းတွေဆိုတာ ခုခေတ် Netflix ...
movie

The Cable Guy (1996)

1996
Temptress Moon (1996) 6.7
Temptress Moon (1996) Temptress Moon (1996)~ IMDb - 6.7/10, Rotten Tomatoes - 62% ~Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ ...
movie

Temptress Moon (1996)

1996
The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
Jingle All the Way (1996) 5.7
Jingle All the Way (1996) Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie

Jingle All the Way (1996)

1996
2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996
Lost and Found (1996) 7.2
Lost and Found (1996) Lost and Found (1996)~ IMDb - 7.2/10, Rotten Tomatoes - 76% ~နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ...
movie

Lost and Found (1996)

1996
Matilda (1996) 6.9
Matilda (1996) Matilda (1996)Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ ...
movie

Matilda (1996)

1996