Channel Myanmar

Documentary

Ocean with David Attenborough (2025) 8.6
Ocean with David Attenborough (2025) "Ocean with David Attenborough"ကျွန်တော်တို ပင်လယ်သမုဒ္ဒရာတွေရဲ့ လက်ရှိအခြေအနေကို ပိုပြီးပြင်းထန်တဲ့ သတင်းစကားနဲ့ ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဒီရုပ်ရှင်ဟာ ပင်လယ်ပြင်က လှပတဲ့ သက်ရှိတွေကို ပြသထားသလိုပဲ၊ ကျွန်တော်တိုလူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပျက်စီးဆုံးရှုးမှုတွေကိုလည်း မဖုံးကွယ်ဘဲ တည့်ဖော်ပြသွားပါတယ်။ဥပမာအားဖြင့်၊ အစုလိုက်အပြုံလိုက် ရေအောက်ငါးဖမ်းခြင်းနဲ့ သန္တာကျောက်တန်းတွေ ပမာဏကြီးမားစွာ ဖြူဖျော့သွားတာမျိုးတွေကို တွေ့ရပါမယ်။အက်တင်ဘိုရိုးရဲ့ အဓိက သတင်းစကားကတော့ သမုဒ္ဒရာဟာ ကမ္ဘာမြေပေါ်မှာ အရေးအကြီးဆုံးနေရာဖြစ်ပြီး ကျွန်တော်တို ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုအတွက် အသက်သွေးကြောပဲလို ဆိုပါတယ်။ဒါပေမယ့် သူက သမုဒ္ဒရာတွေ ကျန်းမာရေး မကောင်းဘူးဆိုတာကိုလည်း ပြောပြပါတယ်။ကောင်းတဲ့အချက်ကတော့ သူက မျှော်လင့်ချက်ပေးပါတယ်။ ကျွန်တော်တို အခုချက်ချင်း ဆောင်ရွက်နိုင်ရင်၊ သမုဒ္ဒရာတွေဟာ ကျွန်တော်တို ထင်တာထက် ပိုမြန်မြန် ပြန်ကောင်းလာနိုင်တယ်လို ဆိုပါတယ်။ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ File size…1.8 GB / 900 MB Quality…WEB DL 1080p ...
movie

Ocean with David Attenborough (2025)

A New Kind of Wilderness (2024) 7.6
A New Kind of Wilderness (2024)  A New Kind of Wilderness (2024)IMDb Rating (7.6) / Rotten Tomatoes (90%) ဒီနော်ဝေးဒိုကူမန်ထရီမှာတော့ မိသားစုတစ်ခုကို ရိုက်ပြထားတယ်။ ထူးထူးခြားခြား ခေတ်သစ်လူနေမှုဘဝကြီးကနေ ကင်းကွာချင်ခဲ့တဲ့ မိသားစုတစ်စုပေါ့။ဒီစိတ်ကူးကို နော်ဝေးသူ အမေကနေ စခဲ့တယ်။ အင်္ဂလန်သားအဖေနဲ့ နော်ဝေးသူအမေတို့ဟာ နော်ဝေးက ရွာလေးတစ်ရွာမှာ လယ်လေးတစ်လယ်မှာနေပြီး ဓာတ်ပုံဆရာအမေ ဓာတ်ပုံရိုက်လို့ရတဲ့ငွေနဲ့ ကိုယ်တိုင်စိုက်ထားတဲ့ သီးပင်စားပင်တွေနဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေကို အမှီသဟဲပြုပြီး ရှင်သန်ခဲ့ကြတယ်။မောင်နှမလေးယောက်နဲ့ အဖေနဲ့အမေနဲ့ ခြောက်ယောက်ရှိတဲ့မိသားစုလေးပေါ့။ နောက်ပိုင်း ဒီစိတ်ကူးကို စခဲ့တဲ့ သူတို့အမေသေသွားတဲ့အချိန် သူတို့မိသားစုဟာ ဝင်ငွေမလောက်ငှတော့တာကြောင့် လယ်ကိုရောင်းပြီး မြို့ပေါ်ပြန်ပြောင်းရင်း ကြုံလာရတာတွေကို ပြထားတယ်။ဒါတွေကအပေါ်ယံကြောတွေလို့ပဲ ပြောရပါမယ်။ သေသွားတဲ့လူတွေ ရှင်နေသေးတဲ့လူတွေ ကွဲကွာသွားသူတွေ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် မိသားစုဟာ ဘယ်လိုအသက်ဝင်နေလဲ ပြထားတဲ့ ရုပ်ရှင်လို့ အကျဉ်းဖျဉ်းပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2 GB) ...
movie

A New Kind of Wilderness (2024)

2024
A Deadly American Marriage (2025) 6.6
A Deadly American Marriage (2025) A Deadly American Marriage (2025)ဒီဇာတ်လမ်းလေးဟာ Netflix ရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ documentary ပဲဖြစ်ပါတယ်။ဒါရိုက်တာ Jenny Popplewell ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ Jason Corbett ကို သူ့ရဲ့နောက်မိန်းမ Molly နဲ့ ယောက္ခထီးဖြစ်သူ Tom Martens တို့ကလုပ်ကြံပြီးသတ်ခဲ့တာကိုအချက်ကျကျပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တကယ့်တရားခွင် အတွင်းက အဖြစ်အပျက်အခြေနေတွေကိုလည်း ရှင်းလင်းစွာရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းJason Corbett ဟာ သူ့နောက်မိန်းမ Molly Martens နဲ့အတူ အမေရိကန်မှာသားသမီးတွေနဲ့ အတူနေပြီးနောက် ၂၀၁၅ ခုနှစ်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့မိန်းမ နဲ့သူ့ယောက္ခထီးကကိုယ့်ကိုယ်ကို့ကာကွယ်တာလို့ဆိုပေမဲ့ Jason ရဲ့ကလေးတွေကတော့ ကြိုတင်စီစဉ်ထားလို့ပြောပါတယ်။တရားရုံးက အမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေပြောင်းလဲခဲ့ပြီး သူတို့နှစ်ဦးက ၂၀၂၄ မှာ ပြန်လွတ်လာကြပါတယ်။ဇာတ်လမ်းတလျှောက်လုံးမှာ မိသာစုတွေရဲ့ နွေးထွေးမှုတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊ တရားခွင်အတွင်းက ကြုံခဲ့ရတဲ့အခက်ခဲတွေနဲ့၊ နှစ်ဖက်စလုံးရဲ့ မိဘဆွေမျိုးတွေက သူတို့ဘက်ကလူကောင်းစားဖို့အတွက် အသားကုန်ကြိုးစားကြတာတွေ့ရမှာပါ။အဆုံးသတ်အနေနဲ့ကတော့ ဇာတ်ကားတစ်ခုလုံးမှာ ဘယ်သူမှန်တယ် ဘယ်သူမှားလဲဆိုတာကို တွေးစရာတွေအများကြီးနဲ့ တစ်ခန်းပြီး တစ်ခန်း အပြီးသတ်အထိ ...
movie

A Deadly American Marriage (2025)

The Unofficial Science of Indiana Jones (2024) 4.6
The Unofficial Science of Indiana Jones (2024)  The Unofficial Science of Indiana Jones (2024)အခုမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ် ။ဂရက် နဲ့မေစီ ဟာ အင်ဒီယားနားဂျုန်းစ် ဇာတ်လမ်းကို လေ့လာပြီး ဇာတ်လမ်းထဲက ထောင်ချောက်တွေ အဆိပ်မြှားတွေကိုလက်တွေ့ ဘယ်လို ရှောင်ထွက်ပြီး ဖြတ်ကျော်နိုင်မလဲဆိုတာတာကို အတူတူဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။မေစီနဲ့ ဂရက်တို့ အဆုံးမှာ အောင်မြင်သွားပါ့မလားဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရီစရာ ပုံစံမျိုးဖြစ်လို့ မိုးအေးတုန်း မိသားစုနဲ့အတူ အပန်းဖြေရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.4 GB) / (690 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary Duration…. 01:08:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu ...
movie

The Unofficial Science of Indiana Jones (2024)

2024
Oasis : Supersonic 7.8
Oasis : Supersonic Oasis: Supersonic (2016)ဂီတမှတ်တမ်းရုပ်ရှင် Oasis: Supersonic ဟာဆိုရင်အင်္ဂလန်ရဲ့ ဂီတလောကကို လှုပ်ခတ်စေခဲ့တဲ့ Oasis တေးဂီတအဖွဲ့ရဲ့မန်ချက်စတာမြို့မှာ စတင်ဖွဲ့စည်းချိန်ကနေ ၁၉၉၆ ခုနှစ်ရဲ့သမိုင်းဝင် Knebworth ဖျော်ဖြေပွဲတွေအထိကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပုံကို ပုံဖော်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ ဖျော်ဖြေပွဲမှတ်တမ်းတွေ၊ နောက်ကွယ်ကမြင်ကွင်းတွေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ Liam နဲ့ Noel Gallagher တို့အပြင်သူတို့ရဲ့ မိခင် Peggy နဲ့ အစောပိုင်းကာလတွေမှာအရေးပါခဲ့သူတွေရဲ့ အင်တာဗျူးတွေကိုပါ ထည့်သွင်းထားပါတယ်။ဒီရုပ်ရှင်ဟာ Oasis ရဲ့ ပရိသတ်တွေအတွက်ရောဂီတမှတ်တမ်းရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက်ပါမလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။Oasis ရဲ့ အတိတ်ကာလကို ပြန်လည်အမှတ်ရစေပြီးသူတို့ရဲ့ ဂီတအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကိုလည်းခံစားရစေမှာပါ။  File size…    2.8 GB /  1.8MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Documentary/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Oasis : Supersonic

The Bibi Files (2024) 6.5
The Bibi Files (2024) The BiBi Files 2024အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ နိုင်ငံရေးမှတ်တမ်းရုပ်ရှင် documentary ဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကရိုက်ကူးထားတာကတော့ အားလုံးပဲသိကြမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုပဲဖြစ်ပါတယ်။ရိုက်ကူးထားတဲ့အကြောင်းအရာကတော့ အားလုံးပဲသိပ်မစိမ်းတဲ့ လတ်တလောတုန်းကပဲ ဖြစ်ပျက်ခဲ့တဲ့ ဂါဇာကမ်းမြှောင်ဒေသ ဟားမာ့စ်တွေရဲ့အကြမ်းဖက်မှုတွေ ဒီအကြမ်းဖက်မှု မြစ်ဖျားခံလာတဲ့အကြောင်းတွေ.. အားလုံးကဟီးရိုးလို့သတ်မှတ်ထားတဲ့ ဘီဘီခေါ် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုရဲ့ လူတွေမသိကြတဲ့ရှုထောင့်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။နိုင်ငံရေးစိတ်ဝင်စားသူမဟုတ်ရင်တောင်မှ ဗဟုသုတရချင်သူများ သမိုင်းစိတ်ဝင်စားသူများ စသဖြင့် ကြည့်ရှုသင့်တဲ့ documentary ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်။ File size…1.8 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii Thurein Lynn
movie

The Bibi Files (2024)

Pangolin: Kulu’s Journey (2025) 7.5
Pangolin: Kulu’s Journey (2025) "Pangolin: Kulu’s Journey" (2025)IMDb (7.6/10)======================================================================Pangolin: Kulu’s Journey ဇာတ်ကားလေးက အော့စကာဆုရ ဒါရိုက်တာ Pippa Ehrlich ရိုက်ကူးခဲ့တဲ့ သဘာဝမှတ်တမ်းရုပ်ရှင်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ Pippa Ehrlich က My Octopus Teacher ဇာတ်ကားနဲ့ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်အကယ်ဒမီဆုရရှိထားသူပါ။ အခု ၂၀၂၅မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ Pangolin: Kulu’s Journey ရုပ်ရှင်ကားကလည်း သဘာဝမှတ်တမ်းရုပ်ရှင်ကားဖြစ်ပြီး IMDb 7.6 အထိရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ်လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာ စောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။တိရစ္ဆာန်လေးတွေမှာလည်း ...
movie

Pangolin: Kulu’s Journey (2025)

The Unofficial Science of Die Hard (2024) 5.9
The Unofficial Science of Die Hard (2024) The Unofficial Science of Die Hard (2024)TV programmmeDie Hard ဇာတ်ကားတွေက ကျွန်တော်တို့ အတော်များများရဲ့ ရင်ထဲက လက်ခံထားတဲ့ အက်ရှင် ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ၁၉၈၈ မှာထွက်ရှိခဲ့ပေမဲ့လည်း ဒီနေ့ထက်ထိ ပြန်ကြည့်လို့ကောင်းနေဆဲပါပဲ။အကြမ်းစား အလန်းစား ချခန်းတွေ ဖောက်ခွဲတဲ့ ပြကွက်တွေနဲ့အတူ စိန်ခေါ်မှုများတာကတော့ စတန့်လုပ်တာပါပဲ။ Die Hard လိုအက်ရှင်ကားမှာလည်းပဲ လှပတဲ့ စတန့်ပြကွက်များစွာပါပါတယ်။ဆိုတော့ ဒီတီဗီရှိုးက အဲဒီစတန့်ပြကွက်တွေဟာ အပြင်မှာတကယ်လုပ်လို့ရမလား လုပ်ရင်ရောဘယ်လောက်အောင်မြင်နိုင်ခြေရှိမလဲဆိုတာ ခရစ်စ်နဲ့ပေါလ်တို့က အတူလေ့လာထားကြတာပါ။ခေါင်မိုးပေါ်က ခုန်ချပြီး မှန်ကိုသေနတ်နဲ့ပစ်ခွဲပြီး ပြတင်းပေါက်ကို ပြန်ဝင်တဲ့အခန်းတွေ မှန်ကွဲစတွေပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်တာတွေ အစရှိသဖြင့်ပေါ့။ဒီရှိုးလေးထဲမှာ အစရှိတာတွေကို ခေတ်မီ သိပ္ပံရှုထောင့်ကနေ သေချာစမ်းစစ်လေ့လာပြီး လက်တွေ့တွေလုပ်ပြခဲ့တာကြောင့် စိတ်ဝင်စားစရာကောင်းပြီးဗဟုသုတအနည်းငယ် ရရှိစေမှာပါ။ Die Hardဇာတ်လမ်းတွေကို အရူးအမူးကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ သူတို့အက်ရှင်တွေ စတန့်ခန်းတွေကို ဘယ်လို လုပ်ဆောင် ရိုက်ကူးခဲ့လဲဆိုတာ ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်မယ့် တီဗီပရိုဂရမ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။ File size…1.4 ...
movie

The Unofficial Science of Die Hard (2024)

Schmeichel (2025) 7.3
Schmeichel (2025)  မန်ယူနိုက်တက်ပရိသတ်တွေအတွက် ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုပြန်တွေးကြည့်လိုက်ရင် အသင်းရဲ့နောက်ဆုံးခံစစ်စည်းရိုးဖြစ်တဲ့ ပီတာရှမိုက်ကယ် ကိုလည်း ပြန်အမှတ်ရမိကြမှာပါ။ဒီ ၂၀၂၅ ခုနှစ်ထွက် documentary လေးကတော့ပီတာရှမိုက်ကယ် ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒိန်းမတ်က ကလပ်လေးကနေ ဆာအဲလက်စ် ရဲ့တော်ကောက်ခံရပြီး ယူနိုက်တက်အသင်းရဲ့ ကပ်ပတိန်ဖြစ်လာခဲ့သူရဲ့ ငယ်ဘဝဟာလည်း ချောချောမွေ့မွေ့ဖြတ်သန်းခဲ့ရတာတော့မဟုတ်ပါဘူး။ဂိုးသမားအဖြစ် ကစားလို့ရတဲ့လုပ်ခ လစာက နှစ်ပဲနဲ့တစ်ပြားမို့ ငယ်စဉ်တုန်းက ရရာအလုပ်ဝင်လုပ်ပြီးဂိုးသမားဘဝကို ဆက်လျှောက်ခဲ့ရသူပါ။ဒီဇာတ်ကားလေးမှာတော့ ပီတာရှမိုက်ကယ် ရဲ့ ငယ်ဘဝကနေစလို့ ဘောလုံးဘဝကနေအနားယူပြီး သားသမီးမြေးတွေနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့အထိ ဘဝတစ်လျှောက်လုံးကို ပြန်ပြောပြတဲ့ စကားပြောပုံစံနဲ့ ရိုက်ကူးထားတာမို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရပုံကို ပြည့်ပြည့်စုံစုံ သိခွင့်ရမှာပါ။အဲဒီအပြင် မန်ယူနိုက်တက်မှာ ဖြတ်သန်းခဲ့စဉ်က အကြောင်းအရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့ သာမန်မသိနိုင်တဲ့ မန်ယူနိုက်တက်ရဲ့ သမိုင်းကြောင်းတွေအသင်းတွင်းအဖြစ်အပျက်တွေနဲ့ ယူနိုက်တက်ရဲ့ သရဲနီဒီအန်အေ စစ်စစ် ဆိုတာ ဘာလဲဆိုတာကို ကြက်သီးထလောက်စရာ မြင်တွေ့ခွင့်ရမှာပါ။သရဲနီတပ်မှူးကြီးရဲ့ ဘဝဇာတ်ကြောင်းနဲ့ မန်ယူနိုက်တက်ရဲ့အတိတ်တလျှောက်သမိုင်းအစဉ်အလာကို ပြန်လည်ခံစားနိုင်ဖို့အတွက် ပရိသတ်ကြီးတို့အတွက် ဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားလေးကို ...
movie

Schmeichel (2025)

Emergency (2025) 5.1
Emergency (2025) Emergency (2025) "အရေးပေါ်အခြေအနေ"အခုတစ်ခါမှာ မင်းသမီး ကန်ဂနားရာနော့ ကိုယ်တိုင်ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ သမိုင်းအထုပ္ပတ္တိဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အင်ဒီရာဂန္ဒီရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတာပါအင်ဒီရာဟာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး နေရူရဲ့သမီးဖြစ်ပါတယ်အိန္ဒိယပြည်သူတွေက အစောပိုင်းမှာ သူ့ရဲ့လုပ်ရပ်တချိုကြောင့် တစ်တိုင်းပြည်လုံးချစ်ကြတဲ့ အမျိုးသမီးသူရဲကောင်းအဖြစ် မြင်ခဲ့ကြပြီး၁၉၆၆ မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ်ကို ပါကစ္စတန်လက်အောက်မှ လွတ်မြောက်ရေးမှာ ကူညီခဲ့ပါတယ်၁၉၇၅ မှာတော့ တိုင်းပြည်မငြိမ်သက်တာကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်လိုက်တဲ့နောက်မှာ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ စည်းမျဉ်းတွေက ပြည်သူတွေမုန်းစရာဖြစ်လာပါတယ်အိန္ဒိယပြည်သူတွေ ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတဲ့ ဒီအမျိုးသမီးရဲ့ ငယ်ဘဝကနေ လုပ်ကြံခံရတဲ့အထိ အဖြစ်အပျက်တိုကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2 GB / 977 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Emergency (2025)

Diddy: The Making of a Bad Boy (2025) 5.3
Diddy: The Making of a Bad Boy (2025)  Diddy: The Making of a Bad Boy (2025)IMDb Rating (5.3) ဒီနှစ်တွေမှာ အရမ်း Trending ဖြစ်နေတဲ့ Diddy အကြောင်းကို Documentary တစ်ခုအနေနဲ့ဖော်ပြပေးထားတာပါ။သူ့သူငယ်ချင်းမိတ်ဆွေတွေကနေတဆင့် Diddy ရဲ့ကလေးဘဝအကြောင်းတွေ, သူ အရမ်းအောင်မြင်လာပုံတွေနဲ့ သူ့အမည် Sean Comb ကနေ Puffyဖြစ်လာပုံ, အဲဒီကနေမှ Diddy ဖြစ်လာပုံတွေကို မေးမြန်းဖြေကြားထားတာ‌တွေကို စုပေါင်းတင်ဆက်ပေးထားတာပါ။ဒီတော့Diddyဆိုတာဘာလဲ?ဘယ်သူလဲ?သူ့ဘဝမှာဘာတွေဖြစ်ခဲ့လဲဆိုတာတွေကိုသိချင်ရင်တော့ ဒီ Documentary လေးကိုပဲကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။)File size…(1.5 GB) / (680 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:39:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mastero
movie

Diddy: The Making of a Bad Boy (2025)

2025
[18+] Climax (2024) 7.4
[18+] Climax (2024)  Climax (2024) ဒီနှစ်ထဲမှာ Pantaxa laiya လက်ထွက်မင်းသမီးအသစ်တွေ၊ တစ်ခြားနည်းလမ်းအမျိုးမျိုးနဲ့ရောက်လာခဲ့တဲ့ အသစ်ကလေးတွေပေါင်းစုံနဲ့ပါ Vivamax အတွက်မြိုင်ဆိုင်ခဲ့တဲ့နှစ်ပါ။အရင်ရင်းနီးဖူးခဲ့တဲ့ မင်းသမီးတစ်ချို့လည်းအနားယူသွားကြသလို အသစ်တွေထဲက ထိပ်တန်းရောက်လာသူတွေလည်းရှိပါတယ်။အခု Climax ကတော့ တစ်နှစ်တာထွက်ခဲ့သမျှ ဇာတ်ကားတွေထဲက အအောင်မြင်ဆုံးဇာတ်ကားတွေရဲ့ဇာတ်ဝင်ခန်းတွေကို First time,Solo, Threesome, Group , Girl/Girl စသဖြင့် အမျိုးအစားတွေခွဲပြီးတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။အစီအစဉ်တင်ဆက်သူအဖြစ် မမ Robb Guinto နဲ့ Pantaxa laiya ထွက် Apple Dy တို့ကသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုပါ ဖလှယ်ပါဝင်သွားကြမှာဖြစ်ပါတယ်။ဒီထဲက ဇာတ်ဝင်ခန်းတွေကိုကြည့်ပြီး တစ်ကားလုံးအပြည့်အစုံကြည့်ချင်စိတ်ပေါ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဆီမှာ တစ်ကားမကျန်တင်ဆက်ပေးထားတဲ့အတွက် ရှာဖွေကြည့်ရှုနိုင်ပါတယ်။ အားပေးကြပါဦး။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:10:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias 
movie

[18+] Climax (2024)

2024
Preparations for a Miracle (2024) 8.2
Preparations for a Miracle (2024)  Preparations for a Miracle (2024)IMDb Rating (8.2) "Preparation for a miracle" က Tobias Nölle ရိုက်ကူးခဲ့တဲ့ contemporary science fiction ဖြစ်ပြီး IMDB 8.2/10 ရရှိထားတဲ့ ဂျာမဏီဘာသာစကား အခြေစိုက် Switzerland နဲ့ Germany တွဲဖက်ထုတ်လုပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။Science fiction နဲ့ documentary ပုံစံ ‌နှစ်ခုရောထားပြီး ထူးခြားတဲ့ ဇာတ်ကြောင်းပြောကြားမှု၊ Visual ကောင်းကောင်းနဲ့ အဓိက theme တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နည်းပညာအပေါ် လေးနက်တဲ့ထင်ဟပ်မှုတွေဖြစ်ပေါ်အောင် ရိုက်ကူးတင်ပြထားပါတယ်။Plot summary:အနာဂတ်က လူသားသွင်ပြင်ပုံသဏ္ဌာန်နဲ့ Android တစ်ခုက ဘုရင်ကြီးရဲ့အသံကိုဖမ်းဖို့ 2022 ခုနှစ်ကို အချိန်ခရီးသွားလာခဲ့တယ်။သူ့ရဲ့မစ်ရှင်ကတော့ သူတို့စက်‌တွေရဲ့ ဖြစ်တည်မှုမေးခွန်းတွေအားလုံးအတွက် အဖြေကို ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်တဲ့ လူသားဘုရင်ကြီးရဲ့ လှပတဲ့အသံကို သွင်းယူပြီး အနာဂတ်ကို ...
movie

Preparations for a Miracle (2024)

2024
The Lion King at the Hollywood Bowl (2025) 7.0
The Lion King at the Hollywood Bowl (2025) The Lion King at the Hollywood Bowl (2025) ============================IMDb rating - 7/10ငယ်ငယ်တုန်းက ကျွန်တော်အပါအဝင် လူကြီးလူငယ်မ‌ရွေးကြိုက်ခဲ့ကြတဲ့၊ အခုအချိန်ထိ ကြိုက်နေဆဲဖြစ်ကြတဲ့ The Lion King (1994) ကာတွန်းရုပ်ရှင်လေးကို အခုအခါမှာတော့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အနေနဲ့ Hollywood Bowl ပြဇာတ်ရုံကြီးမှာ သီချင်းတွေနဲ့ သီဆိုကျင်းပခဲ့ပြီးပါပြီ။ရုပ်ရှင်ထဲမှာ ပါဝင်အသံသရုပ်ဆောင်ပေးခဲ့ကြတဲ့ လူဟောင်းတွေကိုလည်း အများကြီးပြန်မြင်တွေ့ရမှာဖြစ်ပြီး ၎င်းရုပ်ရှင်သီချင်း‌ တွေကို ထုတ်လုပ်ဖန်တီးပုံအဆင့်ဆင့်ကိုပါ မြင်တွေ့ရမှာရယ်၊ ငယ်ငယ်က The Lion King ရုပ်ရှင်ထဲ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းတွေကိုပါ စင်မြင့်ထက်မှာ ဖျော်ဖြေထားတာကိုပါ တွေ့ရမှာဆိုတော့ အရမ်းအရမ်းကို ကျေနပ်အားရစေမှာပါ။ ဒီ concert film ကြီးကို ထိုင်ကြည့်နေရုံနဲ့တင် အပြင်မှာ တကယ်ရောက်သွားသလို ခံစားချက်ပါ ရရှိမှာဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 8m Subtitle….Myanmar Subtitle (Hard ...
movie

The Lion King at the Hollywood Bowl (2025)

Stripped: Nashville (2024) 4.9
Stripped: Nashville (2024) Stripped Nashville (2024) ကဲ ဒီတစ်ခါမှာတော့ ညီကိုတို အကြိုက် stripper ချောချောလေးတွေကို အင်တာဗျူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ။Strippers တွေ အဖော်အချွတ်မယ်တွေ ဆိုတာနဲ့ ကျွန်တော်တို အများစု အတွေးထဲမှာ ပေါ်လာမှာက မလုံတလုံတွေ ဝတ်ထားတဲ့ အကမယ်တွေ တိုင်ကိုပတ်ပြီး ကနေတဲ့ မိန်းကလေးတွေပဲ ဖြစ်ပါတယ် ၊ ပြီးရင်တော့ သူတိုရဲ့ နောက်ကြောင်းပေါ့ ၊ ဘာလို ဒီဘဝ အခြေအနေကို ရောက်လာသလဲ ၊ ဘာတွေက တွန်းပိုလိုက်တာလဲပေါ့။ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ဒါတွေအကုန်လုံးကို ကြည့်ရှုခံစား သိရှိနိူင်မှာ ဖြစ်ပါတယ် ။တစ်ချိုက ကျွန်တော်တို ထင်တာနဲ့လည်း လွဲကောင်းလွဲနိုင်နေပါသေးတယ် ၊ ဒီလောကထဲကို ဝါသနာပါလို ဝင်လာတဲ့ သူတွေလည်း ရှိသလို အခြေအနေတချိုက တွန်းပိုလို ရောက်လာတာတွေလည်း ရှိပါတယ် ။ ဒီ မှတ်တမ်းထဲမှာတော့ အလာရီယာ၊ ဖရာရီ၊ ဒီဗိုင်း ၊ ကေတန် ၊ ဆေဒီ ၊ ဘယ်လီ ၊ မာရီ ဆိုတဲ့ ဒီလောကထဲမှာ ကျင်လည်နေတဲ့ ...
movie

Stripped: Nashville (2024)

Amy (2015) 7.8
Amy (2015) "Amy Winehouse"ရိုးရှင်းမှုနဲ့ အင်အားကြီးမားမှုတို့ ပေါင်းစပ်ထားတဲ့ နာမည်တစ်ခုက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စေဖို့သာမန်မိသားစုလေးတစ်စုကနေ Amy Winehouse ကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။Documentary Film တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့အင်တာဗျူးတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ အင်တာဗျူးတွေ၊ဗီဒီယိုမှတ်တမ်းတွေ၊ တီဗီအစီအစဉ်တွေကနေတစ်ဆင့် Amy ရဲ့ ဘဝဖြစ်စဉ်ကို နောက်ခံစကား‌ပြောပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ဂျက်ဇ်ဂီတကို ခုံမင်တဲ့ Amy ရဲ့ ငယ်ဘဝဟာ တီးဝိုင်းအဖွဲ့တွေထက် တစ်ကိုယ်တော်ဖျော်ဖြေရေးသမားတွေရဲ့သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး မန်နေဂျာဖြစ်လာခဲ့သူ Nicky Shymansky ရဲ့တိုက်တွန်းမှုကြောင့်ပဲ သီချင်းတွေကို စတင်ရေးသားဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်သီးသန့်ကိုပဲ သီချင်းအဖြစ်ဖန်တီးတတ်သူ Amy ဟာ ငယ်ရွယ်တဲ့အချိန်မှာပဲ ကိုယ်ဆိုမယ့်သီချင်းကို ကိုယ်တိုင်ရေးစပ်နိုင်တဲ့ Musical Genius တစ်​ယောက်ဖြစ်နေခဲ့ပါပြီ။စကားပြောပွင့်လင်းပြီး ချိုသာတဲ့အပြုံးနဲ့ လူတွေကို ရင်ဖွင့်ဆက်ဆံတတ်တဲ့ Amy ဟာသူ့ရဲ့ ...
movie

Amy (2015)

Diddy: Monster’s Fall (2025) 4.7
Diddy: Monster’s Fall (2025)  Diddy: Monster's Fall (2025)IMDb Rating (4.7) အထူးသဖြင့် ၉၀ရာစု နဲ့ ၂၀ရာစု အတွင်း နှစ်ပေါင်းများစွာနာမည်ယူထားနိုင်ထားတဲ့ ဂီတလောကရဲ့စွယ်စုံရ Diddy (သို့) Puff Diddy (သို့) P.Diddy စသဖြင့် နာမည်ပြောင်များစွာဖြင့်လူသိများတဲ့ အနုပညာရှင်ကြီးဟာ အောက်ခြေကနေ တက်လာခဲ့ရပြီး ကျိကျိတက်ချမ်းသာလာတာတောင် မရောင့်ရဲနိုင်ဘဲ အာဏာတွေ ပါဝါတွေကို ရူးသွပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရန်ပုံငွေအတွက် ပရဟိတဘာညာအတွက်ဆိုပြီးအကြောင်းပြကာ သာမန်လူတွေအနားမကပ်နိုင်တဲ့ ဒိတ်ဒိတ်ကြဲတွေကိုသာဖိတ်တဲ့ ပါတီကြီးတွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။သူနဲ့ နီးစပ်ရာလူတွေကတော့ Diddyဟာ သူ့ကိုယ်သူ “Party King”ဆိုပြီး သတ်မှတ်ထားပါတယ်တဲ့။သာမန်လူတွေအဖို့ Diddy တစ်ယောက် ပါတီပွဲတွေကျင်းပတာဟာ အပျော်အပါးအတွက်သာ ရန်ပုံငွေအတွက်သာလို့ တွေးကြပေမယ့် တကယ်တမ်းမှာတော့ အပျော်ကနေအပျက်ဆိုသလိုပဲ ပါတီကိုစီစဉ်သူ Diddy နဲ့ သူ့ရဲ့အပေါင်းအပါတွေအတွက်ကတော့ အပျော်အတွက် ကျင်းပတယ်လို့ဆိုနိုင်ပေမယ့် ပါတီရဲ့အဓိကရည်ရွယ်ချက်ကိုမသိသူတွေအတွက်ကတော့ အပျက်ဖြစ်သွားနိုင်ပါတယ်။ပါတီကိုနှစ်မျိုးနှစ်စားခွဲခြားထားပါတယ် ပထမတစ်သုတ်ကတော့ ဒိတ်ဒိတ်ကြဲတွေကိုဖိတ်ပြီး ပါတီဆင်နွှဲကြပါတယ်။ ဒိတ်ဒိတ်ကြဲတွေပြန်သွားရင်တော့ Afterparty ...
movie

Diddy: Monster’s Fall (2025)

2025
Soil Without Land (2019) 6

Soil Without Land (2019)