Channel Myanmar

2002

Better Luck Tomorrow (2002) 7.0
Better Luck Tomorrow (2002)    Better Luck Tomorrow (2002)IMDb Rating (7.0) / Rotten Tomatoes (81%) Director Justin Lin ရိုက်ကူးခဲ့ပြီး၊ အတိတ်ကာလက ကျောင်းသားလေးတွေ ရင်ဆိုင်နေရတဲ့ စိတ်အခြေအနေတွေ ရည်မှန်းချက်တွေနဲ့ လက်တွေ့အခြေအနေတွေကို ဖော်ပြတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းမှာ အောင်မြင်မှုအတွက် စိတ်နဲ့ ငြိမ်းချမ်းသော ဘဝမှာ အကြမ်းဖက်မှုတွေကို စတင်ခဲ့တဲ့ အပေါ်လွတ်လပ်ချင်တဲ့ ကျောင်းသား Ben (Parry Shen) ရဲ့ ဘဝအမြင်ကနေကြည့်ရပါမယ် ။Ben ဟာ သူ့ရဲ့ အဖွဲ့သားတွေအပါအဝင် Virgil (Jason Tobin) နှင့် Steve (Sheng-Wei Liao) တို့ဟာ အကြမ်းဖက်မှုများအတွင်း ဝင်ရောက်ပြီး မကောင်းမှုတွေပိုလုပ်ဖြစ်လာပါတယ်။ဇာတ်လမ်းက အရင်က ပျော်ရွှင်သော အချိန်များ နဲ့ မတည်တံ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပြီး ရုပ်ရှင်ရဲ့ ပြင်းထန်မှုတွေကို ခံစားရစေပါတယ်။ဒါကအချိန်လွန်ပြီးသွားပေမယ့် ...
movie

Better Luck Tomorrow (2002)

2002
Abandon (2002) 4.8
Abandon (2002)   Abandon (2002)IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin ...
movie

Abandon (2002)

2002
Like Mike (2002) 5.4
Like Mike (2002) Like Mike (2002)IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီးကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC ...
movie

Like Mike (2002)

2002
Two Weeks Notice (2002) 6.2
Two Weeks Notice (2002) " လမ်းခွဲဖို့ နှစ်ပတ် အလို " ----------------------------ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ်ကပရိုဂျူဆာ လုပ်ထားပြီး သူကိုယ်တိုင် မင်းသမီး အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်လဲ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့... ပြည်သူ့အကျိုးပြု ရှေ့နေမိသားစုက ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့် ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်.... ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါ လူစီက ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး...တစ်ရက်မှာတော့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အသင်းတိုက်တစ်ခုကို ဝိန့်ဒ်မိသားစုပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီး ဖြိုဖျက်ကာ ခေတ်မှီအဆောက်အဦးတစ်ခုဆောက်ဖို့ အကြောင်းဖန်လာပါတယ်... ဒီ အသင်းတိုက်ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေအပြင် ပြည်သူလူထု လိုအပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်မို့ မပျက်စီးရအောင် ဝိန့်ဒ်လုပ်ငန်းစုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဝိန့်ဒ်ဂျော်ဂျီဆီ ရောက်သွားတဲ့အခါမှာတော့ ဂျော်ဂျီကလဲ အကြံပေး ရှေ့နေတစ်ဦး ...
movie

Two Weeks Notice (2002)

2002
28 Days Later (2002) 7.6
28 Days Later (2002) ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု ====================================ဒါရိုက်တာ - Danny Boyleထွက်သည့်နှစ် - ၂၀၀၂အဓိက သရုပ်ဆောင်များ - Cillian Murphy, Naomie Harris, Christopher Eccleston28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိနေပါတယ်ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီးLondon မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါဇာတ်လမ်းအကျဉ်းJim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါLondon မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။"Rage virus" ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာJim ...
movie

28 Days Later (2002)

2002
The Good Thief (2002) 6.5
The Good Thief (2002)   The Good Thief (2002)IMDb Rating (6.5) / Rotten Tomatoes (77%) ဘော့ဆိုတာ အတိတ်က နေ့ရက်ကောင်းတွေကို ကျော်ခဲ့ပြီးတဲ့ အသက်ကြီးကြီး သူခိုးတစ်ယောက်။ ဆေးကလည်းစွဲနေပြီး လောင်းကစားကလည်း မဖြတ်နိုင်ဘူး။သူခိုးပေမယ့် စိတ်ထားလေးက ကောင်းရှာတော့ သူ့ခိုးယက်မှု‌တွေမှာ လူမသတ်ဖူးသလို ကောင်မလေးတစ်‌‌ယောက်ကို‌တောင် ကူညီလိုက်သေးတယ်။သူ ဘာကြံဦးမလဲတောက်လျှောက်စောင့်ကြည့်နေတဲ့ အသိဟောင်းရဲရော်ဂျာကလည်း ရှိသေးတယ်။ အဲ့တာတောင်မှ သူ့သူငယ်ချင်း ရာအို အကြံပေးချက်အရ မွန်တီကာလိုကာစီနိုကို လုယက်ဖို့ ကြံပြန်တယ်။အဲ့လိုကြံ‌နေတာကို ရော်ဂျာသိသွားတော့ ဘော့ကို ဘယ်လိုဖမ်းဖို့ကြိုးစားမလဲ ဘော့ကကော ဘယ်လိုနည်းလမ်းတွေနဲ့ ကာစီနိုကို အလစ်သုတ်သွားမလဲ။နာမည်အတိုင်းပဲ သူခိုးကောင်းတစ်ယောက်က ဉာဏ်နီဉာဏ်နက်တွေ ဘယ်လိုထုတ်သုံးသွားမလဲသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p ...
movie

The Good Thief (2002)

2002
The Crocodile Hunter: Collision Course (2002) 5.4
The Crocodile Hunter: Collision Course (2002)  The Crocodile Hunter: Collision Course (2002)IMDb Rating (5.4) / Rotten Tomatoes (53%) သဘာဝတောရိုင်းတိရိစ္ဆာန်များအပေါ် တန်ဖိုးထားချစ်ခင်မှုနှင့် စွန့်စားခန်းတွေကိုရိုက် ပြသထားတဲ့ ရသစုံရစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။တကယ်ကောင်းတဲ့ရိုက်ကူးမှုတွေနှင့် သဘာဝတွေစီကို ခြေတစ်လှမ်းခြင်းစီ သွားနေတဲ့ Steve Irwin နှင့် ဇနီး Terri Irwin တို့ရဲ့ စွန့်စားခန်းက ရယ်ရမယ့် ဇာတ်လမ်လေးတွေနဲ့ ရောယှက်ပြီး ပရိသတ်ကို ရင်ခုန်ပျော်စေမှာပါ။ရုပ်ရှင်ထဲမှာ CIA ရဲ့ အရေးကြီးဒေတာများပါဝင်သွားတဲ့ ဂြိုဟ်တုတစ်လုံး ကျသွားပြီး ဒေတာတစ်စိတ်တစ်ပိုင်း ကြောင့်ပဲ စတင်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါတော့တယ်။Magda Szubanski က ကြမ်းတမ်းတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ သရုပ်ဆောင်ပီပြင်လှပါတယ်၊Steve ရဲ့သဘာဝတောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရတဲ့ အခက်အခဲများနှင့် သူ၏ "Crikey!" catchphrase များသည် ရုပ်ရှင်ကို ပိုမိုပေါ့ပါးစေစွာကြည့်လို့ကောင်းစေပါတယ်။ဇာတ်လမ်းဇာတ်ကွက်များအပေါ်မှာ အလေးထားမှုနည်းသော်လည်း Steve Irwin ...
movie

The Crocodile Hunter: Collision Course (2002)

2002
People I Know (2002) 5.4
People I Know (2002)  People I Know (2002)IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာကအီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(3.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane
movie

People I Know (2002)

2002
Aankhen (2002) 7.4
Aankhen (2002) Aankhen (2002)IMDb Rating (7.4) / Rotten Tomatoes (71%) Bollywood Thriller/Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။မင်းသားကြီး Amitabh Bachchan၊ Akshay Kumer၊ Arjun Rampal၊ Paresh Rawal တိုနဲ့ မင်းသမီးချော Sushmita Sen တို့ပါဝင်သရုပ်ဆောင်ထားပြီး (8 Nominations) လည်းရထားပါသေးတယ်။ဇာတ်ကားလေးကတော့ ဘဏ်နေဂျာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ရဂျ်ပွတ် ဟာတစ်နေ့မှာတော့ အလုပ်ကနေထုတ်ခံလိုက်ရပါတယ်။သူ့ဘဝတစ်ခုလုံးကို ဘဏ်မှာပဲမြှပ်နှံထားတဲ့ ရဂျ်ပွတ် ဟာဘဏ်ကိုစိတ်အနာကြီးနာပြီး ပြန်ပြီးလက်စားခြေဖို့ဆုံးဖြတ်လိုက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားပါတော့တယ်။ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာတစ်ခါမှမလုပ်ဖူး မဖြစ်ဖူး မကြုံဖူးတဲ့ပုံမျိုးနဲ့ ဘဏ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီမှာပဲ မျက်မမြင်သုံးယောက်ကိုလိုက်ရှာပြီး အဲဒီမျက်မမြင်သုံးယောက်ကိုလေ့ကျင့်ပေးမယ့်ဆရာမနဲ့ပေါင်းပြီးတော့ ဘဏ်ကိုနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ဒီလိုနဲ့ ဘဏ်ကိုဓားပြတိုက်ရင်း ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေနဲ့ ဘယ်လိုစီစဉ်သွားမလဲဆိုတာကိုကြည့်ရှုရင်းနဲ့သူလေ့ကျင့်ပေးထားတဲ့ မျက်မမြင်သုံးယောက်ကရော သူစီစဉ်သလိုဖြစ်ပါ့မလား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။မင်းသားကြီး Amitabh Bachchan ကိုယ်တိုင်းအဓိကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)File size…(3 GB) / ...
movie

Aankhen (2002)

2002
Dahmer (2002) 5.6
Dahmer (2002)   Dahmer (2002)IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ - ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့်လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီးတစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy ...
movie

Dahmer (2002)

2002
A Walk to Remember (2002) 7.4
A Walk to Remember (2002) A Walk to Remember (2002)IMDb Rating (7.4)“A Walk to Remember” သို့ ပြန်တမ်းတခြင်း …။Nicholas Sparks ရဲ့ဝတ္ထုတွေဘယ်လောက်ထိ နာမည်ကြီးတယ်ဆိုတာ အထူးအထွေမိတ်ဆက်စရာတောင်မလိုတော့ပါဘူး... Romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာ သူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ရုပ်ရှင်ဟာလဲ သူ့ရဲ့စာအုပ်ကိုပဲရိုက်ကူးထားတာဖြစ်ပြီး 2002 ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။ အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ ...
movie

A Walk to Remember (2002)

2002
Paid in Full (2002) 7.0
Paid in Full (2002)  Paid in Full (2002)IMDb Rating (7.0) / Rotten Tomatoes (53%) ဒါလေးကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ crime/ dramaအမျိုးအစားကားပါ။၈၀ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်မှီငြိမ်းရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ်။မူးယစ်ဆေးတွေ ရာဇ၀တ်မှုတွေ ဂိုဏ်းတွေကြီးစိုးတဲ့ လူမည်းရပ်ကွက်ဟာလမ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်း -အေ့စ်က ပင်မင်းမှာအလုပ်လုပ်တဲ့ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူ "မစ်"ရဲ့လွမ်းမိုးမှု ကြောင့် ငွေရလွယ်တဲ့လမ်းကိုလိုက်ပြီး မစ် ခဏထောင်ထဲရောက်နေချိန်မှာ ဟာလမ်ရဲ့မူးယစ်ရာဇာတစ်ဦးဖြစ်လာပါတယ်။နောက်ကျ မစ်ကနေတဆင့် လက်ရဲဇက်ရဲ "ရီကို" နဲ့ပါတွဲမိပြီး ဟာလမ်လမ်းတလျှောက်ကြီးစိုးခဲ့ကြတဲ့အကြောင်းအပြင် ရာဇ၀တ်မှု‌ တွေ သစ္စာဖောက်မှုတွေနဲ့သူတို့သုံး‌ယောက်ရဲ့ဘ၀တွေ ဘယ်လိုအဆုံးသတ်သွားလဲ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။အချိန်ပေးရတန်တဲ့ကားကောင်းလေးမလို့ တင်ဆက် ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)File size…(3.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC ...
movie

Paid in Full (2002)

2002
They (2002) 4.8
They (2002)   They (2002) ကလေးဘဝ တုန်းက ခြောက်အိပ်မက် မက်ခဲ့ဖူးတဲ့ ကလေးတွေရှိကြမှာပါ။ဒီရုပ်ရှင်ဟာ ဒီလို ခြောက်အိပ်မက်မက်ခဲ့တဲ့ ကလေးတွေ အသက်ကြီးလာတဲ့ အချိန်မှာ ငယ်ဘဝ ရဲ့ အရိပ်ဆိုးကြီးတွေ ပြန်ခြောက်လှန့်လာတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဓိက ဇာတ်ကောင် ဂျူလီယာဆို တဲ့ ကောင်မလေးဟာတစ်နေ့မှာတော့ သူ့လိုပဲ ငယ်ဘဝတုန်းက ခြောက်အိပ်မက်တွေ ခံစားခဲ့ရတဲ့ သူငယ်ချင်းဟောင်း ဘီလီ နဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ဘီလီ ရဲ့ပြောချက်အရ သူတို့လို ခြောက်အိပ်မက် မက်ခဲ့တဲ့ ကလေးတွေကို အမှတ်အသားလုပ်ပြီး အမှောင်ထဲပြန်ခေါ်သွားချင်နေတဲ့ အရာ တွေရှိတယ်လို့ဆို ပါတယ်။ဘီလီက အဲဒီအရာတွေဟာ အမှောင်ထဲမှာပဲ နေပြီး အလင်းကို ကြောက်တယ်လို့ ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ဘီလီ သေဆုံးသွားပြီးမကြာခင်မှာပဲ ဂျူလီယာကိုယ်တိုင် ခြောက်အိပ်မက်တွေ ပြန်မက်လာပြီး သူ့လို လူမျိုးတွေနဲ့လည်း မိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။ ...
movie

They (2002)

2002
The Crime of Padre Amaro (2002) 6.7
The Crime of Padre Amaro (2002)  The Crime of Padre Amaro (2002)IMDb Rating (6.7) / Rotten Tomatoes (63%) နာမည်ကျော် ဝတ္ထုတစ်ပုဒ်ကို အခြေခံ၍ ရိုက်ကူးထားသောဤ ဇာတ်ကားသည် ဘာသာရေးတရားနှင့် လူ့သဘာဝတို့ကြား ပွတ်တိုက်မှုကိုပုံဖော်ထားသောဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ဖာသာအမာရိုသည် ခရစ်ယန်ဘုန်းကြီးငယ်တစ်ဦးအဖြစ် မြို့သစ်တစ်မြို့သို့ တာဝန်အရလာရင်း ဘာသာရေးစည်းကမ်းများနှင့်သွေးသားဆန္ဒအားပြိုင်မှု ဘာသာရေးအဖြစ်အရေခြုံထားသောအကျင့်ပျက်မှုများကိုမြင်လာရသည်။ထိုစဉ်အမီလီယာဟုခေါ်သော မြို့ခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားတဲ့အခါမှာတော့ ဘယ်လိုဖြစ်ရပ်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဘာသာတရားနှင့်ဆက်နွှယ်ပြီးလူ့သဘာဝကိုစူးစမ်းကြည့်သောဇာတ်လမ်းတစ်ပုဒ်အနေဖြင့် တော်တော်လဲပေါက်ခဲ့သလိုတော်တော်လဲအငြင်းပွါးစရာဖြစ်ခဲ့ပါတယ်။ကြည့်ရှူရင်းတော့ ကြည့်ရှူသူတွေရင်ထဲမှာတစ်ခုခုတော့ကျန်ရှိခဲ့မှာသေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Meteor ဖြစ်ပါတယ်။)File size…(2.7 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Meteor
movie

The Crime of Padre Amaro (2002)

2002
The Dangerous Lives of Altar Boys (2002) 6.9
The Dangerous Lives of Altar Boys (2002)  The Dangerous Lives of Altar Boys (2002)IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသား၊ မင်းသမီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ဇာတ်ကားကြည့်ရင်း ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.7 GB) ...
movie

The Dangerous Lives of Altar Boys (2002)

2002
Deathwatch (2002) 5.9
Deathwatch (2002)  Deathwatch (2002)IMDb Rating (5.9) ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ကွဲ၍ ဂျာမန်ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန်တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာပါတယ်။ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှောင့်ယှက်နေတဲ့ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.6 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller, War Duration….01:35:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice
movie

Deathwatch (2002)

2002
Frozen Stiff (2002) 8.3
Frozen Stiff (2002)  Frozen Stiff (2002)IMDb Rating (8.3) Frozen Stiff ဆိုတဲ့ရုပ်ရှင်ကားက အစမှာတော့ ရိုးရိုး ခရီးစဉ်လေးထင်ရပေမယ့် Jason London နဲ့ Elizabeth Berkley တို့အတွက်တော့ဟာသနဲ့ စွန့်စားခန်းတွေအပြည့်ဖြစ်လာတဲ့ ရင်ခုန်စရာ ခရီးစဉ်တစ်ခုပါပဲ။ဒါရိုက်တာ Gary Griffith က ရိုက်ကူးထားပြီး အက်ရှင်၊ ဟာသနဲ့ စိတ်လှုပ်ရှားမှုတွေ ကြောင့် သင့်ကိုသဘောကျစေမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ဇာတ်လမ်းအရ သူတို့စတဲ့ ခရီးစဉ်က ရိုးရိုး မီးရထားခရီးပါ။ ဒါပေမယ့် ခရီးစဉ်အစပိုင်းမှာပဲ ဟာသအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုကို ဖြစ်လာပါတော့တယ်။လူတိုင်းကလည်း အမျိုးမျိုးတွေဖြစ်လာတဲ့အခါ Jason London က သူ့ရဲ့ အမိုက်စား စွန့်စားခန်းကိုပဲ အက်ရှင်အပြည့်ဖြည့်ပြီးတော့ ရိုက်ကူးဖော်ပြထားပုံက ကြည့်ရှုသူတွေအတွက် လုံးဝ ရယ်နေစေရပါတယ်။Elizabeth Berkley ကလည်း တခန်းချင်းစီမှာ သရုပ်ဆောင်ချက်တွေ ထက်ထက်မြတ်မြတ်မို့ ...
movie

Frozen Stiff (2002)

2002
Stealing Harvard (2002) 5.1
Stealing Harvard (2002)    Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့်သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့်Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)File size…(2.1 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Drama Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone
movie

Stealing Harvard (2002)

2002
My Little Eye (2002) 5.5
My Little Eye (2002)  My Little Eye (2002)IMDb Rating (5.5) / Rotten Tomatoes (70%)Awards - 3 wins and 4 nominations ဒီကားကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ Slasher Horror/ Thriller အမျိုးအစားကားလေးပါ။ဇာတ်လမ်းအစကတော့ လူငါးယောက်ကို လူသူအလှမ်းဝေးတဲ့နေရာမှာရှိတဲ့ အိမ်အိုကြီးထဲ ခြောက်လနေနိုင်ရင် ဒေါ်လာတစ်သိန်းစီပေးမယ်ဆိုပြီး ကမ်းလှမ်းတာကနေစထားတယ်။အိမ်အနှံ့မှာလဲ ၀က်ဘ်ဆိုဒ်ဇာတ်လမ်းအတွက်ဆိုပြီး ရေချိုးခန်းပါမချန် ‌‌‌‌‌‌‌‌‌‌‌‌‌‌ကင်မရာတွေတပ်ဆင်ထားတယ်။ခြောက်လလောက်နေပြီးမှ နောက်ဆုံးအပတ်ရောက်တဲ့အခါမှာ ထိတ်လန့်စရာတွေနဲ့ သူတို့ရဲ့အတိတ်ကဖြစ်ရပ်တွေက ခြောက်လှန့်ဖို့ရောက်ရှိလာပါတယ်။အကုန်လုံးကတော့ ပိုက်ဆံမပေးချင်လို့ ကုမ္ပဏီကဇာတ်လမ်းထွင်တာလို့ ကောက်ချက်ချထားပေမဲ့ တကယ်ရောဟုတ်ပါ့မလားအချင်းချင်းကြားထဲမှာကတောက်ကဆတွေဖြစ်လာပြီး စိတ်၀မ်းကွဲလာကြတဲ့အခါ နောက်ဆုံးရက်အထိ အတူတောင့်ခံနိုင်ကြပါ့မလား စိတ်၀င်တစားကြည့်ရှုရမှာပါ။(ကိုယ်လုံးတီးဇာတ်၀င်ခန်းတချို့နဲ့ လိင်ဆက်ဆံခန်းတချို့ပါ၀င်လို့ သတိချပ်ကြည့်ရှုစေလိုပါတယ်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)File size…(2.6 GB) / (1.7 ...
movie

My Little Eye (2002)

2002
Treasure Planet (2002) 7.1
Treasure Planet (2002) ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ်မူရင်းဇာတ်လမ်းကတော့ "Treasure Island" တဲ့ခင်ဗျ... ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက "Treasure Planet" ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာRating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့... ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါအသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု... ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ...
movie

Treasure Planet (2002)

2002